ကစားပွဲ
Vol. 21 Ch. 285
"ငါ အကောင်းဆုံး လုပ်ပေး ပါ့မယ်"
မျက်လုံးများ ထဲတွင် မည်သည့် အမူ အရာမျှ ရှိမနေ ခဲ့ဘဲ၊ လင်းယွန်က ပြန်ဖြေ လာခဲ့၏။
'' ဟမ့် ..... ''
ဂူဘီရွှမ်က လင်းယွန်၏ အဖြေကို မကျေမနပ်ဖြစ်သွားသည်။ ၎င်းသည် စိတ်ပါ လက်ပါ တုံ့ပြန် မှုမျိုး မဟုတ်ပေ။ ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲမှာ ပြင်းထန်ပြီး၊ ရက်စက်လှလေသည်။
လင်းကျူရှန်က၊
"အစ်ကို ဇောင်၊ မင်း သတိ လက်လွတ် နေလို့ မရဖူးလေ၊ ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲက ကြောက်စရာ ကောင်းလွန်းတယ်၊ ပြီးတော့ အဲဒီ အချိန်မှာ ငါ့ အမိန့်ကို မင်းနားထောင် နိုင်မယ်လို့၊ မျှော်လင့် ပါတယ်။ ”
လင်းယွန်မှာ သန်မာလှ သည်ကို သူတို့ သိထား သော်လည်း၊ သူ၏ ကျင့်ကြံမှုက နက်နဲ သိုင်း နယ်ပယ်၏ စတုတ္ထ အဆင့် တွင်သာ ရှိပေ သေးသည်။
ထို့ကြောင့် သူတို့ နှစ်ယောက် ပေါင်းစည်း ထား သည်ထက်၊ ပို၍ အစွမ်း ထက်ရန်၊ နည်းလမ်း မရှိပေ။
ဓားဧကရာဇ် ဆေးပင်၏ တိုက်ပွဲ အတွက်သာ မဟုတ် ပါလျှင်၊ လင်းယွန်ကို သူတို့နှင့် ပူးပေါင်းခွင့် ပေးမည် မဟုတ်ပေ။
" မင်း အမိန့်ကို နားထောင် ဖို့လား "
လင်းယွန်က မျက်နှာဖုံး အောက်တွင်၊ သံသယများ တောက်လောင် သွား၏။
" အစ်ကို ဇောင်၊ ငါ မင်းကို မလာခင်က၊ ဒီအကြောင်းကို ပြောဖို့ မေ့သွားတယ်၊ မစ်ရှင်မှာ မိန်းကလေး လင်းရဲ့ အမိန့်ကို နားထောင်ဖို့ ကြိုပြီး သဘောတူ ထားပြီး သားပါ။ ”
ချန်လင်းက ပြုံးကာ သတိဝင် ပေးခဲ့သည်။
" ဘာလဲ ငါ့အစ်မ ပြောတာကို နားထောင် ရတာ အဆင် မပြေဖူးလား၊ သေမျိုး အဆင့် သုံးဆယ်ကိုး ကို၊ ထည့်မပြော ရင်တောင်၊ အစ်မ လင်းက နက်နဲ သိုင်းပညာ နယ်ပယ် ပဉ္စမ အဆင့် အထွတ် အထိပ်မှာ ရှိတယ် .... ''
'' စီနီယာ အစ်ကိုကြီး ဂူတောင် အဲဒါနဲ့ ပတ်သက်ပြီး၊ ဘာမှ စောဒက တက်ခွင့် မရှိဘူး၊ မင်းလို ကြုံရာ ကျပန်း တစ်ယောက်က … ”
လင်းယန်၏ စကား မဆုံးခင် လင်းယွန်က အေးစက်စွာ လှည့်ကြည့် လာ သည်ကြောင့်၊ ကျောရိုး တစ်လျှောက် အေးစိမ့် သွားပြီး၊ ပါးစပ် ပိတ်ကာ၊ ချက်ချင်း နောက်ဆုတ် သွားမိသည်။
ယခင် အချိန်၌ သူမကို သည်လို ရိုက်နှက် မှုမျိုး ဘယ်သူမှ မပြုမူ ခဲ့ဖူးချေ။ ထိုသို့သော ဒေါသနှင့် အရှက် တရားမျိုးကို ထပ်မံ မခံစား လိုတော့ သည်ဖြစ်ရာ၊ အံကြိတ်လျက် လင်းကျူရှန်ဘေး တိုးကပ် လိုက်ရ၏။
“ အချိန် ကျရင် ငါတို့ သိရ မှာပါ ”
လင်းယွန်က အတိအကျ မဟုတ်သော အဖြေ မျိုးဖြင့် တုန့်ပြန် လိုက်၏။ လင်းကျူရှန်မှာ သူ့ကို အမိန့်ပေး နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု သူ ထင်မိသည်။
၎င်းတို့နှင့် အထက်အောက် ဆက်ဆံရေး မျိုး မဟုတ်ဘဲ၊ ပူးပေါင်း ဆောင်ရွက်သော အဆင့်မျိုး တွင်သာ ဖြစ်သည်။
" အစ်ကို ဇောင်... အရမ်း အဝေးကြီး စဉ်းစား မနေ ပါနဲ့၊ တိုက်ပွဲ ဖြစ်လာတဲ့ အခါ၊ မင်း ဒါကို လိုက်နာ နိုင်မယ်လို့ ငါ မျှော်လင့် ပါတယ်။ ”
လင်းကျူရှန်က လင်းယွန်ကို လေးလေး နက်နက် တစ်ချက် ကြည့်လိုက်ပြီး၊ ခရီး ဆက်ရန် လူတိုင်းအား လက်ဝှေ့ယမ်း အချက်ပြ လိုက်သည်။
" မောက်မာ လိုက်တာ။ "
ထျန်းဖိန်မှာ မဝံ့မရဲ ရေရွတ် လိုက်ပြီး ဂူဘီရွှမ်နောက်၊ ပြေးလိုက် သွား၏။
လင်းယန်က သူမ၏ ဒေါသကို ထိန်း လိုက်ကာ၊ လင်းယွင်အား ပြင်းစွာသော နာကြည်းမှု များဖြင့်၊ ကြည့်လိုက် ပြီးနောက်၊ လှည့်ထွက် သွား၏။
" ဒီအတွက် တောင်းပန် ပါတယ် အစ်ကို ဇောင်။ "
ချန်လင်းက ဝင်ရောက် တောင်းပန် လိုက်သည်။ လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့ နှစ်ဦး စလုံးသည် လင်းယွန်၏ ခွန်အားကို မသိကြ သောကြောင့်၊ မောက်မာ သည်ဟုသာ မြင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွန်၏ ခွန်အား အရ၊ လင်းကျူရှန်ကို အပြည့်အဝ ငြင်းပယ် နိုင်စွမ်း ရှိကြောင်း၊ သူ သိသည်။
" ငါတို့ ဓားဧကရာဇ် ဆေးပင်ကို ရရှိနိုင် သရွေ့တော့ ကောင်းပါတယ်"
ဟု လင်းယွန်က ဆိုသည်။
ဓားဧကရာဇ် ဆေးပင်၏ တည်နေရာ အတိအကျကို မသိ ရခင်၊ သူ၏ အထောက် အထားကို မဖော်ပြ လိုပေ။ သို့မဟုတ်ပါက တစ်ယောက်တည်း သွားရ ပေလိမ့်မည်။
သုံးရက် အကြာတွင် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ ပို၍ ပြင်းထန် လာ၏။
သန်မာသော တပည့် များက ပထမ နေ့ ကတည်းက၊ ဒုတိယ အကျော့သို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီ သွားကြပြီး၊ အခွင့် အရေးကို ကံတရား အပေါ်သာ၊ တင်ထားမိ ကြသော တပည့် အများ စုမှာ၊ ဖယ်ထုတ် ခံခဲ့ ရသည်။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် စည်းမျဉ်း စည်းကမ်း မရှိ သဖြင့်၊ သတ်ဖြတ် ခြင်းကို ခွင့်ပြု ထား၏။ ထို့ကြောင့် မည်သူ မဆို ခွန်အား မရှိဘဲ၊ ဝေးဝေး ရောက်ရှိရန်၊ မဖြစ် နိုင်ပေ။
ပြိုင်ပွဲ အတွင်း ကျန်ရှိ ခဲ့သော တပည့် များမှာ၊ ဓားမြှုပ်နှံ ထားသော တောင်ထိပ်နှင့် နီးကပ် လာသည် နှင့်အမျှ၊ ပတ်ဝန်းကျင်ကို ပိုမို သတိထား လာ မိကြသည်။
ထို့အပြင် ဖယ်ထုတ် ခံရသည့် တပည့် အရေ အတွက် မှာလည်း လျော့နည်း လာ၏။
သစ်တော အတွင်း၌ ငြိမ်သက် နေခဲ့ သော်လည်း၊ အပြင် ဘက်ရှိ စောင့်ကြည့်ရေး စဉ်မြင့် ပေါ်တွင်၊ လှုပ်လှုပ် ရွရွ ဖြစ်နေ ကြပြီ ဖြစ်သည်။
မျက်ကွယ်ရာ အရပ်၌ သုံးရက် ဆိုသော အချိန် ကာလသည် များသော အားဖြင့်၊ ရက် သုံးဆယ်ခန့် ကြာညောင်း လှသည်ဟု၊ ထင်မိ ကြသည်။
အကြီးအကဲ များက၊ စစ်တုရင် ကစား နေစဉ် တပည့်များမှာ ကျောက်ဖျာများ ပေါ်၌ ကျင့်ကြံ နေကြ၏။
ဤနေရာ၌ ဝိညာဉ် စွမ်းအင်များ ပေါကြွယ်ဝ လွန်းပြီး၊ ရတနာ နယ်မြေ များထက် မည်သည့် အရာမျှ ယုတ်ညံ့မည် မဟုတ်ပေ။ သည်နေရာတွင် ကျင့်ကြံ ခြင်းဖြင့် ပို၍ ထိရောက် နိုင်၏။
သို့သော် မည်သူ မဆို ဝရုန်း သုန်းကား နိုင်သော လေထု အတွင်း၊ ကျင့်ကြံ ရာ၌ ချင့်ချိန် ရပေမည်။
လျိုဖန်း၊ ဘိုင်တင်း တို့နှင့် အတူ ထိုင်နေ ခဲ့သော အကြီးအကဲ တစ်ဦးက၊
“ သုံးရက် ရှိပြီ ဆိုတော့၊ ဓားဧကရာဇ် ဆေးပင် အကြောင်းကို ပြိုင်ပွဲမှာ ပါဝင်တဲ့ သူတိုင်း၊ သိပြီး ပြီလို့ ထင်ပါတယ်၊ ပထမဆုံး ဆေးပင်ကို ဘယ်သူ ရနိုင် မယ်လို့ ထင်လဲ။ ''
" သိသာ ပါတယ် ချူဟောင်းယူ ပဲပေါ့၊ သူ့လို သေမျိုး အဆင့်၊ ပထမ နေရာက လူတစ်ယောက်ကို၊ ဘယ်သူက တားဆီး နိုင်မှာလဲ။ "
ဘိုင်တင်းက ပြန်ဖြေ ပေးလိုက်သည်။
"ဂျင်းဖိန်နဲ့ ယီရှု ကိုလည်း မမေ့ပါနဲ့၊ သူတို့ရဲ့ ခွန်အား တွေကို ဖုံးကွယ် ထား ကြတယ်။ ”
“ ဘယ်အရာမှ မသေချာ ပါဘူး၊ ဓားဧကရာဇ်ဆေးပင် အတွက် သွားရာ လမ်းက အန္တရာယ် ရှိလွန်းတယ်၊ သူတို့ သုံးဦးသာ တစ်နေရာထဲ တွေ့ဆုံ မိရင်၊ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာ လိမ့်မယ်။ "
“ ဒီလို တိုက်ဆိုင်မှု တွေက ဘယ်လို ဖြစ်နိုင် ပါ့မလဲ၊ ဒါပေမယ့် အကြီးအကဲ ဘိုင်တင်းရဲ့ အမြင်ကို ငါ သဘောတူ ပါတယ်၊ ပထမဆုံး ဓား ဧကရာဇ် ဆေးပင်ကို ချူဟောင်းယူက သေချာပေါက် ရရှိ သွား လိမ့်မယ်။
လျိုဖန်းက လက်ဖက်ရည် ခွက်ကို ချလိုက်၏။ မျက်လုံး များကို မှေးကျဉ်း လျက်ဖြင့် ပြုံးရယ် လိုက်ကာ၊
“ ငါတော့ မထင်ပါဘူး၊ ဘယ်သူ ပြောနိုင် မှာလဲ၊ ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို လင်းယွန် မရနိုင် ဖူးလို့။ ”
"လင်းယွန် ...."
ထိုနာမည်ကို ကြားလိုက် ရသော အခါတွင်၊ဘိုင်တင်း၏ နှလုံးသားမှာ တုန်ခါ သွား၏။ တခြားသော အကြီးအကဲများ သည်လည်း တိတ်သွား ကြသည်။
ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် ဝမ်နင်ကို သတ်ပြီးနောက်၊ လင်းယွင်နှင့် ဘိုင်တင်းမှာ၊ ပြဿနာအချို့ ရှိနေကြောင်း လူတိုင်း သိထား ကြ၏။
သည့်အတွက် ဘိုင်တင်းမှာ ပြင်းစွာသော ဒုက္ခကို ခံခဲ့ရပြီး၊ ယခု အချိန်ထိ ဒေါသများ ကျန်ရှိ နေသေးသည်။
“ သူ ပထမအကျော့ ကနေ လွတ်မြောက် နိုင် ခဲ့ရင်...၊ ဒါဟာ အထင်ကြီး စရာ ဖြစ်နေ ပါပြီ၊ ထိပ်ဆုံး အဆင့် ဆယ်ဦးကို စော်ကား ခဲ့တဲ့ နောက်တော့၊ သူ ရှင်သန် နိုင်မယ့် နည်းလမ်း မရှိပါဘူး၊ သူ့အသက် အတွက် ပြေးလွှားပုန်းအောင်း နေရတဲ့ သူက၊ ဓား ဧကရာဇ် ဆေးပင်ကို ဘယ်လို လုပ် လုယူ နိုင်မလဲ။ ''
ဘိုင်တင်းသည် လင်းယွန်နှင့် ပတ်သတ်၍ နာကြည်း မှုဖြင့်၊ သတ်ပစ်ရန် ရည်ရွယ်ချက် သာရှိပြီး၊ နှစ်သက် အထင် ကြီးခြင်း မရှိပေ။
အကြီးအကဲ များစွာ ရှိသည့်တိုင်၊ ရန်လိုသော အငွေ့ အသက် များကို ဖုံးကွယ် မထား ခဲ့ဘဲ၊ တောအုပ် အတွင်း ငုံ့ကြည့် လိုက်သည်။
“ ဒါဆို ငါတို့က ဘာလို့ မလောင်း ရတာလဲ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀၀၀)နဲ့၊ ကစား ကြစို့၊ ငါက လင်းယွန်နဲ့ အတူ ရှိနေမယ်၊ မင်က ချူဟောင်းယူ မဟုတ်လား။ ''
လျိုဖန်းက ပြုံးကာ၊ ကစားပွဲကို စတင်ရန် အကြံပြု လိုက်၏။
“ ကောင်းပြီ၊ ဝိညာဉ် ကျောက်စိမ်း (၁၀၀၀)ကို ငါသဘော တူတယ်။ ”
- ဟု ဘိုင်တင်းက ပြုံးကာ၊ ပြန်လည် တုန့်ပြန် လိုက်၏။
သူ့အပြုံးတွင် ကောက်ကျစ်သော အတွေးများ ရှိနေ ခဲ့ပြီး၊ လင်းယွန်မှာ ဓားဧကရာဇ် ဆေးပင် အတွက် ပေါ်လာ ရဲမည် မဟုတ်ဟု သူ ယုံကြည်သည်။
ပေါ်လာဝံ့သော် သာ၍ ကောင်းသော အဆုံးသတ်ကို ချူဟောင်းယူက ယူဆောင်ပေး ပေလိမ့်မည်။
“ဒါဆို သဘောတူ လိုက်ရအောင် ”
လျိုဖန်းက ခေါင်းညိတ် ရယ်မော လိုက်သည်။ သူသည်လည်း လင်းယွန်ကို ယုံကြည် မိ၏။
ဓားဧကရာဇ် ဆေးပင်၏ အံ့ဖွယ်ကောင်းသော အကျိုး သက်ရောက်မှု များကို သိရှိ ရပါက၊ လင်းယွန်မှာ စွန့်လွှတ်မည်မဟုတ်ကြောင်း သူ သိသည်။
ဓားဧကရာဇ် ဆေးပင် မဆိုနှင့်၊ ကြယ်ငါးပွင့် အဆင့် မစ်ရှင် များကိုပင်၊ လုယူ ဝံ့သူ ဖြစ်သည်။
ဘိုင်တင်းနှင့် လျိုဖန်း အကြား ကစားပွဲသည် အလွန် လျင်မြန်စွာ၊ ပျံ့နှံ့ သွားခဲ့ တော့၏။
ပထမ အကျော့တွင် တပည့်များကို ဖယ်ရှားခြင်း သာမက၊ ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ခိုက် ခြင်းသည်လည်း အပါအဝင် ဖြစ်သည်။
ထို့ကြောင့် ဓားဧကရာဇ် ဆေးပင်များ ပေါက်ရောက် နိုင်သော ဒေသ များတွင် သွေးစီး မည်မှာ မေးခွန်း ထုတ်စရာ မလိုချေ။
ဓားဧကရာဇ် ဆေးပင်ကို ဓားတိမ်ယံ အမြုတေနှင့် ပေါင်းစပ် သန့်စင် ပါက၊ ပြီးပြည့်စုံသော အကျိုး ကျေးဇူးများ ရရှိမည် ဖြစ်ရာ၊ မည်သူ မဆို ခံနိုင်ရည် မရှိသော သွေးဆောင်မှု တစ်ခု ဖြစ်သည်။
တောအုပ် ပြင်ပ ကျောက်ဖျာများ ပေါ်ရှိ၊ ပြင်ပ တပည့်များ သည်လည်း၊ စိတ်လှုပ်ရှား စွာဖြင့်၊ စတင် ဆွေးနွေး လာကြပြီး၊ တစ်စုံ တစ်ဦးက ပြိုင်ပွဲ ဝင်များ အတွက်၊ လောင်းကြေး ဖွင့်ရန် အထိပင် ကြိုးစား လာခဲ့သည်။
“ ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ဘယ်သူရ မလဲ ဆိုတာ လာလောင်း ကြပါ။ ”
" အဲဒါက သိသာ မနေ ဖူးလား၊ ချူဟောင်းယူက လွဲပြီး၊ ဘယ်သူ ရှိမှာလဲ၊ ငါသူ့ကို လောင်းကြေး ထပ်လိုက်မယ်။ "
“ ချူဟောင်းယူ အတွက် နှုန်းထားက အရမ်းမြင့်တော့ အနိုင် ရလာဒ်က အရမ်း နည်းတယ်၊ သူ့ကို လောင်းဖို့ အဓိပ္ပါယ် မရှိဘူး၊ ဂျင်းဖိန်နဲ့ ယီရှုကို လောင်းကြေး ထပ်ချင် ပါတယ်။”
“အခြား သူတွေ ကရော၊ မရနိုင် ဖူးလို့၊ ဘယ်သူ ပြောနိုင် မှာလဲ။ ”
" ဟီးဟီး ဒါဆို နှုန်းထားတွေ များနေရင် ဘယ်လို လုပ်မလဲ၊ အိုး လင်းယွန်ရဲ့ နှုန်းကို ကြည့်စမ်း၊ (1:10) တောင်ပဲ၊ ဒါပေမယ့် မင်း လောင်းကြေး ထပ် ဖို့တောင် သတ္တိရှိ ရဲ့လား"
ဆိုလိုသည်မှာ လင်းယွန်သည် ဓားဧကရာဇ် ဆေးပင်ကို ရနိုင်ချေ ဆယ်ပုံ တစ်ပုံသာ ရှိပြီး၊ သူသာ ရရှိ သွားပါက၊ လောင်းကြေး ထပ်ထား သူမှာ၊ ဆယ်ဆ ရရှိ နိုင်ပေမည်။
" ဘယ်သူက လောင်းရဲ မှာလဲ၊ သူ့ကို သုံးရက် လုံးလုံး မတွေ့မိဘူး၊ ထိပ်ဆုံး ဆယ်ယောက်က တစ်ချိန်လုံး သူကို အမဲလိုက် နေမှတော့ ...၊ သူပေါ် လာဖို့ သတ္တိ ရှိရင်တောင်၊ ဓားဧကရာဇ် ဆေးပင်ကို လက်လွှတ် ရလိမ့်မယ်။ ”
ရတနာ တောင်ကုန်း အဖွဲ့ဝင်၊ တပည့် များ၏၊ မျက်နှာ များမှာ မည်းမှောင် သွား ကြသည်။ မိုချန်က၊
“ဒီလူတွေ အရမ်း လွန်နေပြီ၊ ငါသူတို့နဲ့ သွားပြောမယ်၊ ဂျူနီယာ လင်းကို ကျိန်ဆဲ နေတာတွေ ရပ်သင့်တယ်။ ”
“ ဒါက သူတို့ ပါးစပ်နဲ့ သူတို့ မိုလို့၊ ပြောချင်တာကို ပြောပါစေ၊ လောင်းကြေး အတွက် ဒိုင် သမားက ဘယ်သူလဲ၊ ငါ့ကိုယ်စား ဝိညာဉ်ကျောက်စိမ်း (၅၀,၀၀၀)ကို တင်ထား လိုက်ပါ"
ရှင်းယန်က ပြုံးကာ ဆို လိုက်သည်။
မိုချန်၏ မျက်နှာမှာ ပျက်ယွင်း သွား၏၊ထို့နောက် သူက၊
'' စီနီယာ အစ်မ၊ အဲဒါ လုပ်ဖို့ လိုသေး လို့လား။ ”
“ ငါ့ ဂျူနီယာ မောင်လေးကို ငါယုံတယ်”
ရှင်းယန်က ထက်မြက်သော အပြုံးဖြင့်၊ ပြန်ဖြေ၏။
နောက်ဆုံတွင်၊ မိုးချန်က လင်းယွန် ပေါ်သို့ ဝိညာဉ် ကျောက်စိမ်း (၅၀,၀၀၀)ကို ကူကယ်ရာ မဲ့စွာ လောင်းကြေး ထပ်လိုက် ရသည်။
၎င်းသည် လူတိုင်းကို ထိတ်လန့် သွားစေသော ပမာဏ တစ်ခု ဖြစ်သည်။
လင်းယွန် အပေါ် လောင်းကြေး ထပ် လိုက်သော၊ ရှင်းယန်၏ သတင်းကို ကြားလိုက်သည်နှင့်၊ ဝမ်ယန်က တစ်ချက် လှည့်ကြည့် လိုက်ပြီး၊
“ မင်း အိပ်မက် မက်နေ တာပဲ ဖြစ်ရမယ်၊ ချူဟောင်းယူ အတွက် ဝိညာဉ် ကျောက်စိမ်း (၁၀၀,၀၀၀) ထည့်လိုက်ပါ၊ ဒီရှင်းယန်ကို အရာအားလုံး ဆုံးရှုံး အောင်လုပ် ...''
အဖော်မဲ့ကြယ် မဟာမိတ် အဖွဲ့တွင်။
စီနီယာ တပည့် တစ်ယောက်က၊
" ယီရှုကို ငါတို့ လောင်းမှာလား ... "
" ချူဟောင်းယူကိုပဲ လောင်းပါ၊ ယီရှုက ပထမ အကျော့မှာ သူရဲ့ ဝှက်ဖဲ တွေကို များများ စားစား ဖော်ပြမှာ မဟုတ်ဘူး၊ ငါတို့ကို ပိုက်ဆံ ပေးချင် နေတဲ့၊ ရှင်းယန်ရဲ့ ဆန္ဒကို အလဟသ မဖြစ်ပါ စေနဲ့ ”
ဟု ဖန်းချောင်းက ပြုံးလျက်၊ ဆုံးဖြတ်ချက် ချပေး လိုက်သည်။
မဟာမိတ်- ပြည်ထောင်စုများ ကြားတွင် အလားတူ အဖြစ် အပျက်များ ဖြစ်ပွား နေပြီး၊ ဓားဧကရာဇ် ဆေးပင် အပေါ်၊ လူတိုင်း၏ အာရုံစိုက် မှုမှာ၊ မကြုံ စဖူး ထူးကဲ လှပေ၏။
ဓားသင်္ချိုင်း တောင်ကုန်း နယ်မြေ အတွင်း၊ ရောက်ရှိ နေသူ တိုင်းမှာ၊ ဓားဧကရာဇ် ဆေးပင် အတွက်၊ သက်ဆိုင်ရာ နယ်မြေ များသို့၊ တဖြည်းဖြည်း ချဉ်းကပ် လာကြသည်။
လင်းကျူရှန်၏ အဖွဲ့မှာ ပိုမို ခက်ခဲသော ပြိုင်ဘက် များနှင့် ရင်ဆိုင် ရနိုင်မည် ဖြစ်ရာ၊ သတိကြီး စွာဖြင့်၊ ဓားဧကရာဇ် ဆေးပင် ထံသို့၊ ချဉ်းကပ်လာ နေစဉ်တွင်၊ ရုတ်တရက် ကောင်းကင် ပေါ်မှ လူသုံးယောက် ခုန်ဆင်း လာ၏။
ထိုသူ သုံးယောက်က လင်းကျူရှန်တို့ အဖွဲ့အား၊ တစ်ချက်သာ လှည့်ကြည့် လိုက်ပြီး၊ လျင်မြန်စွာ ဆက်လက် ပြေးလွှား သွား ကြသည်။
“ အဲ့ဒါ အထက်တန်းစား ပြည်နယ်ကပဲ၊ သူတို့က တကယ်ကို စိတ်အနှောက် အယှက် ဖြစ်စေတယ်၊ နေရာတိုင်း လိုလိုမှာ လင်းယွန်ကို ရှာနေကြတာ။ ”
“ ဒါပေမယ့် သူတို့ ပုံစံကြည့် ရတာ၊ တိုးတက်မှု မရှိ ပါဘူး။ ”
“ လင်းယွန် အတွက် ဆုကြေးက များပေမယ့်၊ သူ့ သတင်းကို ခုထိ မရ သေးဘူး၊ ကြည့်ရတာ ပုန်းနေ ပုံပဲ၊ ပထမ အကျော့ အတွင်း၊ သူ ပေါ်လာမှာ မဟုတ်ဖူးလို့၊ ငါ ထင်မိတယ်။ ”
'အပြာရောင် မှော်အလင်းစု' နှင့် 'လမီးလျှံ' မဟာမိတ် အဖွဲ့၏ အဖွဲ့ဝင်များ အချင်းချင်း၊ ပေါ့ပေါ့ ပါးပါး စကား စမြည်များ၊ ပြောဆို လာ ကြသည်။
လင်းယွန် အတွက် ထုတ်ပြန် ခဲ့သော ဆုကြေးများကို၊ လူတိုင်း သိရှိ ထား၏။
ထျန်းဖိန်က လင်းယွန်ကို ခိုးကြည့် လိုက်ပြီး၊ တိုးညှင်းသော လေသံဖြင့်၊
"လင်းယန်၊ သူက လင်းယွန် ဖြစ်နိုင် မလား ... မင်းဘယ်လို ထင်လဲ။ "
" သူ လား ....''
လင်းယန်က လင်းယွန်ကို အထင်အမြင် သေးစွာဖြင့်၊ လှည့်ကြည့်ကာ ရယ်မော လိုက်၏။
“ မင်းစိတ်ရော မှန်သေး ရဲ့လား၊ သူက ဘယ်သူ မိုလို့ ... လင်းယွန်နဲ့ ယှဉ်နိုင် ရတာလဲ၊ ဝမ်နင်ကို သတ်ပြီး၊ အနီရောင် ဖီးနစ်ကို အသံ မြည်စေ ခဲ့တယ်၊ သူ့လို ကြီးကျယ် ခမ်းနားတဲ့ ပါရမီရှင် မျိုးက၊ ဒီလူနဲ့ နှိုင်းယှဉ် စရာ မရှိပါဘူး။ ”
လင်းယန်၏ လေသံတွင် လင်းယွန်ကို ရိုသေ လေးစား ခြင်းများ ပြည့်နှက် နေသည်။
ဤလူငယ်သည် ပြင်ပ တပည့်များ ကြားတွင် လျင်မြန်စွာ သန်မာ လာသည်မှာ၊ အံ့သြစရာ မဟုတ်ပေ။ သခင့်ဓားဖြင့် ယီလျူယွင်ကို သတ်ပြစ်ပြီး၊ ဝမ်ယန် မျက်နှာကို ဖြတ်ရိုက် ခဲ့သည်။
လွန်ခဲ့သည့် နှစ်လက အနီးရောင် ဖီးနစ် ကိုပင် ဆင့်ခေါ်ကာ၊ သေမျိုး အဆင့် ထိပ်ဆုံး ဆယ်ယောက် အား၊ အရှက် ရစေ ပြန်၏။
ထိုသို့သော ဖြစ်ရပ်များကို ဖန်တီး ထားသော လင်းယွန်၏ ဖြစ်တည်မှုကို လူအများက အသိ အမှတ်ပြု၊ စိတ်ဝင်စား ကြသည်မှာ သဘာဝ ပေပင်။
သူမ၏ အသံသည် ထျန်းဖိန်နှင့် မတူဘဲ ကျယ်လောင် လွန်းပြီး၊ မဟာမိတ် အဖွဲ့ သုံးဖွဲ့ရှိ အဖွဲ့ဝင် တိုင်းအား ကြားလိုက် ရစေသည်။
စကားဝိုင်း၏ ရည်ရွယ်ချက် များကို နားလည် သွားပြီနောက်၊ လူတိုင်းက ထျန်းဖိန်အား အရူး တစ်ယောက် ကဲ့သို့ လည်ပြန် စိုက်ကြည့် လာ ကြသည်။
ဇောင်ယွန်းရှန်သည် လင်းယွန်နှင့် ယှဉ်နိုင်သော၊ ဆယ်ပုံ တစ်ပုံ မျှပင် မပိုင်ဆိုင် ထားပေ။ ထို့ကြောင့် လင်းယွန် ဖြစ်နိုင် စရာ မရှိ။
ထျန်းဖိန်က ရှက်ရွံ့သွားပြီး၊ သွားဖြဲ ရယ်ပြလိုက် လေသည်။
“ ဓားဧကရာဇ် ဆေးပင်ရဲ့ သတ်မှတ် နေရာက၊ ရှေ့ဆို ရောက်ပြီ။ ”
လင်းကျူရှန်က ရှေ့တူရှုသို့ ကြည့်ကာ၊ ရေရွတ် လိုက် သည်ကြောင့်၊ လူတိုင်း၏ အာရုံ စိုက်မှုမှာ လက်ရှိ အခြေ အနေများ အပေါ်၊ ပြန်လည် ရောက်ရှိ သွားလေသည်။
***