← Chapters

သစ်တော အတွင်း ပဋိပက္ခ ။

Vol. 21 Ch. 286

သစ်တော အတွင်း ပဋိပက္ခ ။

Vol. 21 Ch. 286

“ဓားဧကရာဇ် ဆေးပင်ရဲ့ သတ်မှတ် နေရာက၊ ရှေ့ဆို ရောက်ပြီ။ ”

လင်းကျူရှန်က ရှေ့တူရှုသို့ ကြည့်ကာ၊ ရေရွတ် လိုက် သည်ကြောင့်၊ လူတိုင်း၏ အာရုံ စိုက်မှုမှာ လက်ရှိ အခြေ အနေများ အပေါ်၊ ပြန်လည် ရောက်ရှိ သွားလေသည်။

ရှေ့မှာလား ....။

လင်းယွန်က ရှေ့သို့ လှမ်းတက် လာပြီး၊ လင်းကျူရှန်နှင့် ယှဉ်ရပ် လိုက်၏။

ရိပ်ခနဲ သူ့ဘေးသို့ ရောက်ရှိ လာသော လင်းယွန်ကို ကြည့်ကာ၊ ဂူဘီရွှမ်က ထိတ်လန့် သွားသည်။

လင်းယွန်၏ မျက်နှာဖုံး အောက်ရှိ မျက်ခုံးများမှာ စုကျုံ့ သွားပြီး၊ တောအုပ် အတွင်း၊ မျှော်ကြည့် လိုက်လေသည်။

သူ့ မြင်ကွင်း အတွင်း၌ မီးခိုးရောင် မြူများ ရစ်သိုင်း နေသော ရေကန်ကြီး တစ်ကန်အား၊ ဝိုးတိုး ဝါးတား တွေ့ မြင်လိုက် ရ၏။

" ဒါ က ..."

“ ဒါက ဓားရေကန် လို့ ခေါ်တယ်၊ ဓားဧကရာဇ် ဆေးပင်က၊ ဒီရေကန်ရဲ့ အလယ် တည့်တည့် မှာပဲ။ ”

လင်းကျူရှန်က လေးနက်သော အမူအရာဖြင့် ပြောကြား လိုက်သည်။

“ မြူတွေ ထဲမှာ နည်းနည်း ထူးဆန်း တာတွေ ရှိတယ်။ ”

လင်းယွန်က မီးခိုးရောင် မြူများကို ညွှန်ပြပြီး၊ ပြောလိုက်၏။

လင်းကျူရှန်က အံသြ သွားသော အမူ အရာဖြင့်၊ လင်းယွန်ကို ပြန်လှည့် ကြည့် လိုက်သည်။

ဤနေရာသို့ တစ်ကြိမ် မျှပင်၊ မရောက် ဖူးသော လင်းယွန်မှာ၊ အဆိပ်မြူများ အကြောင်းကို၊ မည်သို့ ခန့်မှန်း နိုင်ခဲ့ သည်အား၊ သူမ မသိချေ။

" ဓားဧကရာဇ် ဆေးပင်က မိုင်တစ်ရာ ပတ်လည် အတွင်းက စွမ်းအင် မျိုးစုံကို ဝါးမျို လိမ့်မယ်၊ ဝိညာဉ် စွမ်းအင်တွေ အပြင်၊ ပတ်ဝန်း ကျင်မှာ ရှိတဲ့ ...၊ အဆိပ် အတောက် တွေကို စုပ်ယူ လိုက် တာကြောင့်၊ ကြာလာတာ နဲ့အမျှ ဒီမီးခိုးရောင် မြူတွေ ဖြစ်လာ ခဲ့တာပဲ။ ”

ဂူဘီရွှမ်က ရှင်းပြ လိုက်သည်။ သူကပင်၊

“ ဒီမြူတွေက အရမ်း ကြောက်စရာ ကောင်းတယ်၊ ခရမ်းရောင် နန်းတော် နယ်ပယ်က ကျင့်ကြံသူ တွေတောင် ...၊ မြူတွေ ကြားမှာ အကြာကြီး နေခဲ့ မိရင်၊ သေဆုံး သွား လိမ့်မယ်။ ”

" ဒါက ကြောက်စရာ ကောင်းလွန်း ပါတယ် "

မဟာမိတ် သုံးဖွဲ့၏ အဖွဲ့ဝင် တပည့် များမှာ ကျောရိုး တစ်လျှောက် အေးစက် သွားကာ၊ အသက်ရှူ ကြပ်သွား ကြ၏။

“ မင်းတို့ အဲဒါ အတွက် စိတ်ပူ မနေနဲ့၊ ဓားဧကရာဇ် ဆေးပင် မွေးဖွား လာရင်၊ အဲ့ဒီ မြူတွေ မရှိတော့ ပါဘူး၊ ''

'' ဒီဖြစ်စဉ်က ဆယ့်နှစ် နာရီကြာ ဝါးမျို နေပြီးမှ ပြီးဆုံး သွား လိမ့်မယ်၊ ”

လင်းကျူရှန်က ပြုံးကာ ဆိုလိုက်သည်။

" ဓားဧကရာဇ် ဆေးပင်ကို ဘယ်အချိန် မွေးဖွား နိုင်မယ်လို့ မင်းထင်လဲ "

အဆိပ်ခိုး ဝေနေသော မီးခိုးရောင် မြူများကိုကြည့်ကာ၊ လင်းယွန်က ချန်လင်းအား မေးလိုက်သည်။

“ ဓားဧကရာဇ် ဆေးပင် တွေက တစ်လ တစ်ကြိမ်ပဲ မွေးဖွား နိုင်တယ်၊ ကြည့်ရတာ နေမ၀င်ခင် မွေးဖွား လာပါ လိမ့်မယ်။ ”

( နေမဝင် ခင်လား။ )

လင်းယွန်က ကောင်းကင်ကို မော့ကြည့် လိုက်ရာ၊ တောက်ပ နေသော နေရောင် ခြည်များအရ၊ နေမွန်းတည့် ချိန်ပင် မရောက်ရှိ သေးကြောင်း သိလိုက် ရသည်။

နေဝင်ချိန် အထိ စောင့်ဆိုင်း ရမည် ဖြစ်ကာ၊ သစ်ပင် တစ်ပင် အောက်တွင် သွားရောက် ထိုင်ချ လိုက်ပြီး၊ ဓားတိမ်ယံ အမြုတေကိုထုတ်ယူ လိုက်၏။

လင်းယွန်၌ လင်းကျူရှန် ပေးခဲ့သော ဓားတိမ်ယံ အမြုတေ အပါအဝင် သားရဲ အမြုတေ ငါးခု ရှိသည်။

ထို့ကြောင့် ၎င်းကို ဓားဧကရာဇ် ဆေးပင်နှင့် တွဲဘက် သန့်စင်ခြင်း မပြုမီ၊ ရလာဒ် များကို သိရှိရန်၊ စမ်းသုံး ကြည့်လို ခဲ့၏။

လက်ဖဝါး များကို တွဲလျက် ဓားသုတ္တန်အား ဖြန့်ကျက်ရန် မျက်လုံးမှိတ် လိုက်၏။ သူ့ခန္ဓာကိုယ် အတွင်း၊ မူလ စွမ်းအင်များ လှည့်ပတ် လာသည်နှင့်၊ ဓားတိမ်ယံ အမြုတေရှိ၊ ဝိညာဉ် စွမ်းအင် များကို၊ လျင်မြန်စွာ စုပ်ယူ တော့သည်။

ဓားတိမ်ယံ အမြုတေမှ ဝိညာဉ် စွမ်းအင်များ ခန္ဓာကိုယ် ထဲသို့၊ စိမ့်ဝင် လာချိန်တွင်၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ တုန်ခါ သွားသည်။ သူက စီးဝင် လာသော ဝိညာဉ် စွမ်းအင် များကို လောဘ ကြီးစွာ စုပ်ယူ လိုက်၏။

တစ်ချိန်တည်းမှာပင်၊ သတ္တမ အဆင့် အထွတ် အထိပ်၌ ပိတ်မိ နေသော၊ ဓားသုတ္တန်၏ အတား အဆီးမှာ အနည်းငယ် ဖြေလျော့ သွားသည်။

သားရဲ အမြုတေ၏ ရလာဒ် များက လင်းယွန် မျက်နှာအား ပြောင်းလဲ သွားစေ ခဲ့၏။

ဓားသုတ္တန်ကို ဤမျှလောက် ဂနာမငြိမ် အခြေအနေ မျိုးဖြင့် မခံစား ခဲ့ရ ဖူးပေ။ ရွှေခေတ်က ဆင်းသက် လာသော သည်နည်းစနစ် အတွက်၊ ဓားတိမ်ယံ အမြုတေမှာ ခံတွင်း လိုက်စေ ပုံရ၏။

၎င်းသည် သားရဲ အမြုတေရှိ ဓား ရည်ရွယ်ချက် ကြောင့် ဖြစ်နိုင် ပေမည်။

ဓားတိမ်ယံ အမြုတေတွင် ထိုကဲ့သို့သော အကျိုး သက်ရောက် မှုများ ရှိပြီးသား ဖြစ်ရာ၊ ဓားဧကရာဇ် ဆေးပင်နှင့် တွဲဘက် သန့်စင် ရပါက၊ အောင်မြင်မှု တစ်ခုအား ဖန်တီး နိုင်မည် ဖြစ်သည်။

တစ်ချိန်တည်း မှာပင် ဝိညာဉ် စွမ်းအင်နှင့် ရောနှော နေသော ဓား ရည်ရွယ်ချက်ကို ခရမ်းရောင် ပန်းက အကုန် အစင် စုပ်ယူ နေသည်။

“ သူက ဒီမှာ ကျင့်ကြံနေတာ လား …”

လင်းကျူရှန်နှင့် စကား စမြည် ပြောနေ ကြသော အခြား သူများက၊ ဓားတိမ်ယံ အမြုတေကို စုပ်ယူကာ၊ ကျင့်ကြံမှု အတွင်း နစ်မြုပ် သွားသည့် လင်းယွန်ကြောင့်၊ အံ့သြသွား ကြသည်။

လင်းယန်က ချန်လင်းကို တစ်ချက် ကြည့်လိုက်ပြီး၊

" မတူ ကွဲပြားသော တပ်ပေါင်းစု အဖွဲ့က၊ သူ့လို လူကို အရေးပါသူ တစ်ယောက်လို ဆက်ဆံ နေတာလား.... ၊ ဒီမှာ နတ်ဆိုး သားရဲတွေ အများကြီး ရှိတယ် ဆိုတာ ... မသိကြ ဖူးလား၊ လမ်းတလျှောက်လုံး သူက တစ်ကြိမ်မှ မကူညီ ခဲ့ဖူးတဲ့ အပြင်၊ အခု ငါတို့က သူ့ကိုတောင် ကာကွယ်ပေး နေရပြီ။ ”

လမ်း တစ်လျှောက်တွင် လင်းယန်၏ ရန်လိုစွာ ချောင်းမြောင်း စောင့်ကြည့် နေခဲ့သောကြောင့်၊ ချန်လင်း စိတ်၌ ကောင်းမွန်သော အမြင် မရှိချေ။ လင်းယွန်၏ ပါးရိုက် ချက်မှာ မလုံလောက် ခဲ့ခြင်း ဖြစ်ပေမည်။

လင်းကျူရှန်က စကားသံကြောင့် လင်းယန်ကို ပြန်ကြည့်ကာ၊

“ သတိထားပါ၊ အဆိပ်မြူတွေ ပျောက်ကွယ် သွားတဲ့ အခါ ဆက်သွား ကြမယ်၊ ငါတို့က ဒီလို အရေးကြီးတဲ့ အခိုက် အတန့်မှာ သတိလက်လွတ် ပြုမူ မနေပါနဲ့။ ''

လင်းယန်က သူ့အစ်မကို ကြောက်နေ ရသည် ဖြစ်ရာ၊ စကား တစ်ခွန်းမှ ထပ်မပြော ဝံ့တော့ဘဲ၊ တိတ်ဆိတ် သွား၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာ ပြီးနောက်၊ မွန်းတည့် ချိန်ကို ကျော်လွန်လာ ခဲ့သည်။ တောတွင်း လေထု သည်လည်း ငြိမ်သက်စ ပြုလာ၏၊ နတ်ဆိုး သားရဲ များ၏ ဟောက်သံ များကိုပင် ရံဖန်ရံခါ ကြားလာ ရသည်။

အချိန်ကြာ လာသည် နှင့်အမျှ၊ နတ်ဆိုး သားရဲ များနှင့် မဟာမိတ် အဖွဲ့များက၊ ဓားရေကန် အနီး ပို၍ ချဉ်းကပ် လာကြ၏။

ဓားဧကရာဇ် ဆေးပင်၏ သွေးဆောင်မှုကိုမည်သူမျှ မလွန်ဆန် နိုင်သည် ဖြစ်ရာ၊ မဟာမိတ် ပြည်နယ် အသီးသီးမှာ ၎င်းအတွက် တိုက်ပွဲဝင် ကြမည် ဖြစ်သည်။

'' ဝှစ်........''

ကြမ်းတမ်းသော ခြေသံ များကြောင့်၊ လင်းကျူရှန် အပါ အဝင် စောလျင်စွာ၊ ရောက်ရှိ နေသော၊ မဟာမိတ် အဖွဲ့များ စွာက သတိကြီး စွာဖြင့်၊ လှည့်ကြည့် လိုက်သည်။

သူတို့ လှည့်ကြည့် လိုက်သည်နှင့် လူတစ်စု ချဉ်းကပ် လာ သည်ကို တွေ့လိုက် ရ၏။

ထိုအဖွဲ့ကို ဦးဆောင် လာသူမှာ သိပ်သည်းသော အရှိန်အဝါ များကို ထုတ်ဖော် ထား သည်ကြောင့်၊ လူအုပ်အား စိတ် မသက်မသာ ဖြစ်လာ စေသည်။

" မီးတောက် မဟာမိတ် အဖွဲ့ရဲ့ ရှားဖန်"

ဂူဘီရွှန်၏ မျက်နှာမှာ နစ်မြုပ် သွား၏။ ရှားဖန်မှာ အဆင့် နှစ်ဆယ့်ကိုးတွင် ရပ်တည် ထားနိုင်ပြီး၊ ကိုင်တွယ်ရ ခက်ခဲ ပေသည်။ မဟာမိတ် အဖွဲ့ သုံးခု မပေါင်းစည်း မီကပင် ၎င်းတို့ကို များစွာ ဒုက္ခပေး ခဲ့သည်။

အထက် အဆင့် သုံးဆယ်သည် မြင့်မားသော သတ်မှတ်ချက် တစ်ခု ဖြစ်ပြီး၊ အဆင့် သုံးဆယ် နှင့်အောက် ....၊ သုံးဆယ့်တစ် မှစကာ၊ ကြီးမားသော ကွာခြားချက် များရှိလာ ပေမည်။

ရှားဖန်သည် သေမျိုး အဆင့် နှစ်ဆယ်ကိုးတွင် ရပ်တည် နေနိုင် သောကြောင့်၊ သဘာဝအတိုင်း သန်မာလှ၏။

လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့ လက်တွဲ ခဲ့လျှင်ပင်၊ ရှားဖန်ကို ရင်ဆိုင် ရာ၌ အခက် အခဲ ရှိပေမည်။ သို့မဟုတ်ပါက၊ ချန်လင်းကို သူတို့နှင့် ပူးပေါင်း ဖို့ရန် ဖိတ်ကြား မိမည် မဟုတ်ပေ။

သူတို့ အဖွဲ့ များကြား ဆက်ဆံရေး ကောင်းများ ပိုင်ဆိုင် ထားခြင်း မရှိခဲ့ လေရာ၊ ဓားသင်္ချိုင်း တောင်ကုန်း၌ ပြန်လည် တွေ့ဆုံ ရခြင်းမှာ ပို၍ပင် ဆိုးရွားလာ စေမည်။

အဆိပ်မြူများ လွင့်ပါးလာ သည်နှင့်၊ ရေကန် ပတ်ပတ်လည်ရှိ တောအုပ်များ အတွင်းတွင်၊ မဟာမိတ် အဖွဲ့ပေါင်း များစွာ၊ စခန်း ချနေ ကြသည်ကို၊ တွေ့မြင် လိုက်ရသည်။

ထို့ကြောင်ပင် တစ်စုံ တစ်ယောက် ချဉ်းကပ်လာ သည်ကို သိလိုက် ရသည်နှင့်၊ သူတို့၏ မျက်လုံးများတွင် အေးစက်သော အငွေ့ အသက်များ တဖျပ်ဖျပ် တောက်ပ လာကာ၊ အာရုံ စူးစိုက် လာမိ ကြသည်။

ဤနေရာ၌ လူတိုင်းက တောတွင်း စည်းမျဉ်း များကို အကြမ်းဖျင်း ကျင့်သုံး လာနေ ကြပေပြီ။ မည်သူ မဆို အားနည်းချက်ကို ထုတ်ဖော် ပြသ မိပါက၊ ဝံပုလွေ များ၏ ဝိုင်းဖွဲ့ ခံရ သကဲ့သို့ ကပ်ဘေးများ ရရှိ သွားနိုင်၏။

အရင်းအမြစ် များကို လုယူ ဖို့ရန် တက်နိုင်သမျှ ကြိုးစားလာ ကြပေမည်။ ဤနေရာတွင် သဒ္ဓါတရား ရှိခြင်းသည် ကိုယ့်ဒုက္ခ ကိုယ်ရှာ ခြင်းသာ ဖြစ်၏။

“ ဟား ဟား ဟား၊ တိုက်ဆိုင် လိုက်တာ ဂျူနီယာလင်း၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အတွင်းမှာ၊ တူညီတဲ့ ဒေသကို အပို့ ခံရလို့ ကံကောင်း လိုက်တာ၊ ငါတို့ ပြန်တွေ့ ရတဲ့အတွက် ဝမ်းသာပါတယ်”

လင်းကျူရှန်ကို စူးရှစွာ စိုက်ကြည့် လိုက်ပြီး၊ ရှားဖန်က ပြုံးလိုက်၏။

လင်းကျူရှန်သည် ပြင်ပ တပည့်များ ကြားတွင် ကျော်ကြားသော မိန်းကလေး တစ်ဦး ဖြစ်ပြီး၊ ရှင်းယန်ထက် အနည်းငယ်သာ နိမ့်ကျသူ ဖြစ်သည်။

မျိုးရိုး အဆင့်အတန်း ကြောင့်သာ မဟုတ်ပါလျှင်၊ ယခု အချိန်၌ လူအတော် များများမှာ ၊ သူ့ အနားသို့ ချဉ်းကပ်လာ ကြပေ လိမ့်မည်။

“ ဘယ်လောက် အရှက် ကင်းမဲ့ လိုက်လဲ၊ မင်းက ငါတို့ နောက်ကို ကြွက်တစ်ကောင်လို တိတ်တိတ်လေး လိုက်နေ ခဲ့တာလား၊ မင်းလို လူတစ်ယောက်က ငါ့အစ်မနား ကပ်ဖို့ အိပ်မက် မက် မနေနဲ့၊ မင်းရုပ်မင်း မြင်အောင် ပြန်ကြည့်စမ်း။ ''

လင်းယန်က အကြောက် အရွံ့ မရှိ ဝင်ရောက် လှောင်ပြောင် လိုက်၏။

သူမ၏ စကားကြောင့်၊ ရှားဖန် မျက်လုံးများ မှတစ်ဆင့် လူသတ် လိုသော ရောင်ဝါများ ဖျတ်ခနဲ လင်းလက် သွားလေသည်။

ဤနေရာသည် သတ်ဖြတ် ခြင်းအား ခွင့်ပြု ထားသည့် ဓားကတောင်ထိပ် ဖြစ်၏။ တောတွင်း ဥပဒေကို ကျင့်သုံး ခဲ့ကြပြီး အားနည်း သူများ အတွက် ရှင်သန်ရာ နေရာ မဟုတ်ပေ။

ရှားဖန်က ရုတ်တရက် သူ့လက်ကို လင်းယန် ဆီသို့ ဆန့်ထုတ် လိုက်ပြီး၊ အေးစက်သော လူသတ် ရောင်ဝါ နှင့်အတူ လှုပ်ရှား လာခဲ့ လေသည်။

သူ့လုပ်ရပ်က လင်းယန်၏ မျက်နှာကို ပျက်ယွင်း သွားစေကာ၊ ချက်ချင်း ပြန်ဆုတ် လိုက်သော်လည်း၊ ရှားဖန်က ထပ်မံ တိုက်ခိုက် လာသည်ကြောင့်၊ လင်းကျူရှန်နှင့် ဂူဘီရွှမ်က ဝင်ရောက် ဟန့်တား လိုက်ရ လေသည်။

" အချိန် ကောင်းပဲ "

ရှားဖန်က ပြုံးလိုက်သည်။ သူတို့ နှစ်ယောက်ဖြင့် ရင်ဆိုင် ရာ၌ ထိတ်လန့်ခြင်း မရှိချေ။

သူတို့ သုံးဦး စလုံးသည် ဆယ်ကြိမ် တိုင်တိုင် ထိပ်တိုက် တွေ့ဆုံ ထားဖူးပြီ ဖြစ်ရာ၊ လင်းကျူရှန်တို့ နှစ်ယောက်မှာ သူ့ပြိုင်ဘက် မဟုတ် သည်ကို သူ သိထားသည်။

တိုက်ပွဲ အခြေ အနေကို ကြည့်လိုက် ပြီးနောက်၊ ချန်လင်းက ကူညီရန် တိုက်ပွဲ အတွင်း ပြေးဝင် သွားခဲ့သည်။

ချန်လင်း ဝင်ရောက် လိုက် သည်နှင့် တိုက်ပွဲအဟုန်မှာ ရုတ်တရက် ဟန်ချက်ညီ သွားပြန်သည်။ သို့သော် ရှားဖန်က သူတို့ သုံးဦးကို အလွယ်တကူ ကိုင်တွယ် နိုင်ဆဲ ပေပင်။

ရှားဖန်က လက်သီးကို နောက်ပြန် ထိုးချလိုက်ကာ ချန်လင်းကို တိုက်ပွဲ အတွင်းမှ တွန်းထုတ် လိုက်၏။

ရှားဖန်က အာရုံ ပြောင်းသွား သည်ကြောင့်လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့မှာ စိတ် သက်သာရာ ရသွား စေခဲ့သည်။ သူတို့က ဓားများ ဆွဲယူခြင်း မရှိဘဲ၊ ရှားဖန်ကို ရင်ဆိုင် ရသည့် အချိန်၌ ဖိအားများ ခံစား နေရ လေသည်။

သေမျိုး အဆင့် (၂၉) မှာ၊ ဂုဏ် သတင်းနှင့် အမှန် တကယ် ထိုက်တန် လှပေ၏။ သူသည်သာ လေးလေး နက်နက် တိုက်ခိုက်မည် ဆိုပါက၊ လှုပ်ရှားမှု တစ်စုံ တစ်ရာထက် မပိုနိုင်။

“ မင်းတို့တွေ ရုတ်တရတ် ဘာလို့ ဒီလောက် ရဲတင်း လာရ တာလဲလို့ ငါ တွေးနေ မိတာ၊သေမျိုးအဆင့် လေးဆယ့်ရှစ်က အမှိုက်တစ်စကို ခေါ်ယူ ထားနိုင် ခဲ့တာကိုး ...''

ရှားဖန်က ချန်လင်းကို အထင်အမြင် သေးစွာဖြင့် ပြုံးကြည့် လိုက်၏။

“ငါတို့ မဟာမိတ် သုံးဖွဲ့ လုံးကို ရင်ဆိုင်ဖို့ မင်း မှာ ယုံကြည်မှု ရှိသေး ရဲ့လား ရှားဖန်။ "

ရှားဖန်မှာ သန်မာ လှသော်လည်း၊ သူတို့ သုံးယောက် စုဖွဲ့ခြင်းဖြင့် ကြောက်ရွံ့ စရာ မရှိချေ။ ထို့ကြောင့်ပင် လင်းကျူရှန်က ရဲဝံ့စွာ မေးလိုက်ခြင်း ဖြစ်သည်။

“ သူက ငါ့ကို စော်ကား လိုက်တဲ့နောက်၊ ငါ ကိုယ်တိုင် သူ့ကို ပါးရိုက် ရလိမ့်မယ်၊ မဟုတ်ရင် ဒီကနေ ထွက်သွားပါ၊ ဒီနေရာကို ငါယူ လိုက်မယ်”

ဟု ရှားဖန်က အေးစက်စွာ ခြိမ်းခြောက် လာ၏။

" လင်းမျိုးနွယ်ရဲ့ တိုက်ရိုက် ဆင်းသက် လာတဲ့ သူကို ...၊ ပါးရိုက်ဖို့ မင်းက သတ္တိ ရှိလား၊ မင်းရဲ့ သေမင်းကို ဖိတ်ခေါ်ချင် နေတာပဲ။ ”

လင်းယန်၏ မျက်နှာမှာ မည်းမှောင် သွားပြီး၊ဝင်ရောက် အော်ဟစ် လိုက်၏။

" ဟား ဟား ဟား၊ မင်းပါးစပ်က တကယ်ကို ထက်ရှ ပါပေတယ်၊ ဒါပေမယ့် ငါတို့က အခုဓားသင်္ချိုင်း တောင်ကုန်း ထဲမှာ ရှိနေတဲ့ အတွက် မင်းကို သနားမိ ပါတယ်၊ စည်းမျဉ်းတွေနဲ့ ဝေးတဲ့ အရပ် ပေမို့၊ အစ်ကိုဝေ ရပ်မနေ ပါနဲ့တော့ ထွက်လာ ခဲ့ပါ။ "

ရှားဖန် စကားဆုံး သည်နှင့် ၊ သစ်ပင် အကွယ်မှ၊ ပျင်းရိ နေသော အမူ အယာဖြင့်၊ လူငယ် တစ်ယောက် ထွက်ပေါ် လာခဲ့ လေသည်။

'' အစ်ကိုဝေ ဆိုတာ .... ၊ သေမျိုး အဆင့် နှစ်ဆယ့်ရှစ်၊ ရေဆန် မဟာမိတ်ရဲ့၊ ဝေဟန်ဆောင်းလား။ ''

အေးစက်သော အမူ အရာဖြင့်၊ ရေဆန် မဟာမိတ် အဖွဲ့၏ ဝေဟန်ဆောင်းက လင်းကျူရှန်တို့ အဖွဲ့ကို လှမ်းကြည့် လာခဲ့သည်။

" သေစမ်း သူတို့ နှစ်ယောက် ဘယ်လိုလုပ် ပေါင်းစည်း သွားတာလဲ"

ဂူဘီရွှမ်က ထိတ်လန့် သွားတော့၏။ ဓားဧကရာဇ် ဆေးပင် အတွက် ရှားဖန်မှာ ဝေဟန်ဆောင်းဖြင့် မဟာမိတ် ဖွဲ့ ထား လိမ့် မည်ဟု မထင်ခဲ့ပေ။

" ကောင်းပြီ ...၊ ငါတို့ ဒီနေရာကို စွန့်လွှတ် လိုက်ပါမယ်"

လင်းကျူရှန်က လေးနက်သော လေသံဖြင့်၊ ပြတ်သားစွာ ဆုံးဖြတ်ပေး လိုက်သည်။

" အခု ထွက်သွားချင်လား တောင်းပန် ပါတယ်၊ ဒါပေမယ့် အရမ်း နောက်ကျ သွားပြီ။ ''

ရှားဖန်ကလင်းယန်ကို လက်ညှိုးထိုးပြပြီး၊

" မင်းရဲ့ ညီမလေးကို ထားခဲ့ လိုက်ပါ၊ မဟုတ်ရင် မင်းတို့ တစ်ယောက်မှ ဒီကနေ ထွက်သွားခွင့် ရမှာ မဟုတ်ဘူး။ "

ရှားဖန်၏ တဖျပ်ဖျပ် လက်လာသော မျက်ဝန်း များကြောင့်၊ လင်းယန်မှာ ထိတ်လန့် သွား၏။ သူ အမှား လုပ်မိကြောင်း၊ သိလိုက် ရသည်။

အခြားသော မဟာမိတ် အဖွဲ့ဝင် များသည်လည်း မျက်ဝန်း တောက်ပလျက်၊ အမှောင်ထဲမှ ကြည့်လာ ကြ၏၊ အချို့သော မဟာမိတ် အဖွဲ့များက အေးစက်သော အရိပ်အယောင် များပင် ပြသလာ လေသည်။

“လင်းကျူရှန် အဖွဲ့တော့ သွားပြီ၊ "

“ ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲက မစ သေးပါဘူး၊ ရှားဖန်နဲ့ ဝေဟန်ဆောင်းကို ရန်စ မိနေပြီ၊ ဘယ်လောက်တောင် မိုက်မဲလှတဲ့ လုပ်ရပ်လဲ၊ လာ သူတို့ အနား သွားကြည့် ရအောင်။''

“ အဟီး၊ ကျားနဲ့ ဝံပုလွေ တွေရဲ့ တိုက်ပွဲမှာ ကောင်းမွန်တဲ့ ပြဇာတ် တစ်ပုဒ် ဖြစ်လာ မယ်လို့ မျှော်လင့် မိတယ်။ ”

သစ်တော အတွင်း အားကောင်းသော စွမ်းအင် အတက် အကျလှိုင်း များစွာ ရှိခဲ့ပြီး၊ ၎င်းတို့သည် သဘာဝ အတိုင်း အုပ်စုဖွဲ့ရန် စောင့်မျှော်နေ သူများ ဖြစ်၏။

လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့ အပေါ်တွင် ကောင်းမွန်သော အမြင်များ ရှိမနေ တော့ သည်မှာ သေချာ လေသည်။

ပတ်ဝန်းကျင်ရှိ စွမ်းအင် အတက် အကျ များကို သတိပြု မိလိုက် သည်နှင့်၊ လင်းကျူရှန်၏ အဖွဲ့မှာ ကြောက်ရွံ့စ ပြုလာ ကြသည်။

ဂူဘီရွှမ်က သူ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ၊ မဟာမိတ် အဖွဲ့များ အနက်မှ ထက်ဝက် ကျော်ခန့်က၊ လာနေ သည်ကို တွေ့လိုက် ရသည်။

ဤအကျပ် အတည်းကို ကျော်ဖြတ်ရန် လွယ်ကူမည် မဟုတ်ကြောင်း သူ သိ၏။

" ရှားဖန် တွန်းမပို့ ချင်နဲ့၊ မင်းကို ဒီနေရာ ပေးထား ပြီးသားကို မင်းက ဘာထပ် လိုချင် သေးတာလဲ။ "

လင်းကျူရှန်က အံကြိတ်လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ ပါးစပ်ပိတ်ထား၊ မင်းတို့ ဒီကနေ ထွက်သွား ချင်ရင်၊ မင်း ညီမလေးကို ငါ ပါးရိုက်ဖို့ ထားခဲ့ရ လိမ့်မယ်၊ မဟုတ်ရင် ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲ ဝင်ဖို့ အိပ်မက်တောင် မမက်ပါနဲ့။ ''

ဝေဟန်ဆောင်းက ကူညီပေး ခြင်းဖြင့် အခြေအနေ တစ်ခုလုံးမှာ ရှားဖန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့သည်။

" ငါတို့က ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲ ဝင်ခွင့်ရှိ မရှိကို မင်းက ဆုံးဖြတ် ရမဲ့ သူ မဟုတ် ပါဘူး။"

ရုတ်တရက် ခက်ခဲသော အခြေ အနေ အတွင်း၊ လင်းကျူရှန်တို့ အဖွဲ့မှာ ကြံရာ မရ ဖြစ်နေစဉ်၊ အေးစက် ပြတ်သားသော အသံ တစ်သံ ထွက်ပေါ် လာသည်။

" ဘယ်သူလဲ ..."

ရှားဖန်က မျက်မှောင်ကြုတ် လိုက်ပြီး၊ စကားသံ နောက်ကို လိုက်ကာ ကြည့်မိ သွား၏။

တိုက်ပွဲနှင့် အနည်းငယ် လှမ်းသော သစ်ပင်ကြီး တစ်ပင် အောက်တွင်၊ မျက်နှာ ဖုံးစွပ် ထားသော အမျိုးသား တစ်ဦး ထိုင်နေ သည်ကို တွေ့လိုက် ရသည်။

လွှမ်းမိုး နိုင်လွန်းသော အသံမှာ ထိုမျက်နှာဖုံး ရှင်ထံမှ ထွက်ပေါ် လာခြင်း ဖြစ်နိုင်သည်။ ရှားဖန်က ရှုပ်ထွေးစွာ ကြည့် နေစဉ်တွင် အသံရှင်က ရွှင်မြူး နေသော မျက်ဝန်း များဖြင့် ပြန်ကြည့် လာ၏။

သို့သော် ထိုမျက်နှာဖုံး တပ်ထားသော လူငယ်မှာ ရုတ်တရက် အဆိုပါ သစ်ပင်ကြီး အောက်မှ ပျောက်ကွယ် သွားသည်။

'' ................ ''

( မြင့်မြတ်သော ဂီတ သံစဉ်)

( ဒါ ... ဘာသံလဲ...။ )

စူးရှသော အသံများ ထွက်လာပြီး၊ ရိပ်ခနဲ ပုံရိပ် တစ်ရိပ် လေထဲ ရွေ့လျား လာ၏၊ ထိုပုံရိပ်မှာ အံ့ဩစရာ အမြန်နှုန်းဖြင့်၊ ရှားဖန်ထံသို့ ပြေးဝင် လာတော့သည်။

ရှားဖန်က ၎င်းကို မတုံ့ပြန် မီတွင် လက်သီး တစ်ချက် ထိမှန်ခံ လိုက်ရသည်။

ထိုလက်သီး၏ အလေး ချိန်မှာ ကီလို ငါးသောင်း ပါ၀င်ပြီး၊ အိုးတစ်လုံး၏ ခွန်အားဖြင့် ညီမျှ လှပေသည်။

***

All Chapters