← Chapters

စတင် လာလေပြီ။

Vol. 21 Ch. 287

စတင် လာလေပြီ။

Vol. 21 Ch. 287

စူးရှသော အသံများ နှင့်အတူ၊ ပုံရိပ် တစ်ရိပ်မှာ ရိပ်ခနဲ ရွေ့လျား လာ၏၊ ထိုပုံရိပ်မှာ အံ့ဩစရာ အမြန် နှုန်းဖြင့်၊ ရှားဖန် ထံသို့ ပြေးဝင် လာတော့သည်။

ရှားဖန်က ၎င်းကို မတုံ့ပြန် မီတွင် လက်သီး တစ်ချက် ထိမှန်ခံ လိုက်ရသည်။ ထိုလက်သီး၏ အလေး ချိန်မှာ ကီလို ငါးသောင်း ပါ၀င်ပြီး၊ အိုးတစ်လုံး၏ ခွန်အားဖြင့် ညီမျှ လှပေ၏။

ရှားဖန်၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားသည်။ သည်လူက ဤမျှ ရဲရင့် နေလိမ့် မည်ဟု သူ မထင်ထား မိပေ။

ထို့ပြင် အဆိုပါ မျက်နှာဖုံး ရှင်၏ လက်သီးမှာ ကြောက်စရာ ကောင်း လောက်အောင် ပြင်းထန် လှ၏။

မမျှော်လင့် ထားခဲ့သည့် အခြေ အနေကြောင့်၊သူ၏ မူလ စွမ်းအင်ကို လျင်မြန်စွာ လှည့်ပတ် လိုက်ပြီး၊ လက်သီး တစ်ချက် ထုတ်ကာ၊ ခုခံ လိုက်ရသည်။

လက်သီး နှစ်လုံး တိုက်မိ သွားသော အခါတွင်၊ တောအုပ် တစ်ခု လုံးအား ဖုံးလွှမ်း သွားစေမည့်၊ မိုးခြိမ်း သံများ ကျယ်လောင်စွာ ထွက်ပေါ် လာ၏။

သစ်ပင်များမှ ကြွေကျ နေသော အရွက်များပင်၊ ပြာများ အဖြစ်သို့ ပြောင်းလဲ သွားသည်။

ရှားဖန်၏ မျက်နှာမှာ နာကျင် မှုကြောင့် ရှုံ့တွ သွား၏။ သို့သော် အံကြိတ် လိုက်ပြီး၊ ပြန်လည် တိုက်ခိုက် အနေဖြင့်၊ နောက်ထပ် လက်သီး တစ်လုံးကို ထိုးထုတ် လိုက် ပြန်သည်။

သူ၏ မူလ စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော ဤလက်သီးတွင်၊ နီရဲရဲ အလင်းများ ဖြာထွက် နေ၏။

၎င်းသည် ဓားနန်းတော်ရှိ ကျော်ကြား လှသော၊ နက်နဲ အဆင့် 'တိမ်မီးတောက် လက်သီး' နည်းစနစ် ဖြစ်လေသည်။

ရိုးရှင်းသော လက်သီး ချက်ဟု ထင်ရ သော်လည်း၊ ရှားဖန်၏ သိပ်သည်းသော မူလ စွမ်းအင် များနှင့် ပေါင်းစပ် ပြီးနောက်၊ ကြောက်စရာ ကောင်းသော အဟုန်ကို ဖြစ်ပေါ် လာစေသည်။

ရှားဖန်မှာ အဆင့် နှစ်ဆယ့်ကိုးတွင် ရပ်တည် နိုင်သော၊ အကြောင်း ပြချက် ရှိ၏။ နက်နဲ အဆင့် ဓား နည်းစနစ် အပြင်၊ 'တိမ်မီးတောက် လက်သီး' ကိုလည်း၊ အဆင့်မြင့် ကျွမ်းကျင်မှု အထိ ဆုပ်ကိုင် ထားနိုင် ခဲ့ခြင်း ဖြစ်သည်။

" ဇောင် ယွန်း ရှန် သတိထား ... "

လင်းကျူရှန်က အော်ဟစ် သတိပေး လိုက်သည်။ သူနှင့် အခြား သူများက ရှားဖန်၏ 'တိမ်မီးတောက် လက်သီး' ကို၊ မြင်လိုက် ရသော အခါတွင်၊ များစွာ စိုးထိတ်သွား ခဲ့သည်။

'တိမ်မီးတောက် လက်သီး'သည်၊ ထူးခြားသော နက်နဲ အဆင့်၊ နည်းစနစ် တစ်ခု ဖြစ်ကာ၊ အဆင့်မြင့် ကျွမ်းကျင်မှု ကို ရရှိရန်၊ ခက်ခဲ လှပေသည်။

လင်းကျူရှန်၊ ဂူဘီရွှမ်နှင့် ချန်လင်း တို့မှာ အစောပိုင်း အချိန်၌ပင် ဤလက်သီးဖြင့် အကြိမ်ကြိမ် ဖိနှိမ့် ခံထား ရသည် ဖြစ်ရာ၊ ၎င်း၏ စွမ်းအားမှာ မည်မျှ ပြင်းထန် ကြောင်းကို သိထား ကြ၏။

ထို့ကြောင့် ရှားဖန်က ယင်းကို ထုတ်ဖော် တိုက်ခိုက် လာ သည်နှင့်၊ လင်းယွန် အတွက် စိတ်မပူ ပင်ပဲ၊ မနေနိုင် တော့ပေ။

" ဘယ်လို နုံအ မှုမျိုးလဲ၊ တိမ်မီးတောက်လက်သီးကို ရှောင်လွှဲဖို့ နည်းလမ်း ရှိမယ် ထင်လား ... ဟမ် ။ ”

ရှားဖန်က ရယ်မော လိုက်၏၊ ထိုစက္ကန့်ပိုင်း အတွင်း၊ 'တိမ်မီးတောက် လက်သီး'မှ ဖန်တီး ထားသော၊ အဟုန်မှာ ပတ်ဝန်းကျင် အပူချိန်ကို တိုးမြင့် လာစေ ခဲ့သည်။

တိမ်မီးတောက် လက်သီး နည်းစနစ်သည် အလွန် ကြောက်စရာ ကောင်းပေ၏၊ ၎င်းအား ထုတ်ဖော် လိုက်သည်နှင့်၊ တောက်လောင် နေသော မီးတောင်ကြီး တစ်လုံး ကဲ့သို့၊ ဖိအားများ သက်ရောက် စေမည် ဖြစ်သည်။

အထွတ် အထိပ် ကျွမ်းကျင်မှု အဆင့်သို့၊ ရောက်ရှိ သွားသော အခါတွင်၊ တိမ်များကို ချိတ်ဆက် နိုင်မည် ဖြစ်၏။

ယင်းအချိန်၌ ဤလက်သီးကို၊ နက်နဲ သိုင်းနယ်ပယ်၏ ဆဋ္ဌမ အဆင့်ရှိ၊ သိုင်းသမား များပင်၊ ထိပ်တိုက် တွေ့ဝံ့မည် မဟုတ်ပေ၊

သို့သော် မျက်နှာဖုံး အောက်ရှိ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိပေ။ သူက ရှားဖန်၏ တိုက်ခိုက် လာမှုကို ဆင်ခြင် နေမိ၏။

'ကျား- နဂါး လက်သီး' ကို အသုံး မပြုဘဲ၊ အဆိုပါ တိုက်ခိုက် မှုကို ကိုင်တွယ် ဖြေရှင်းရန်၊ သူ့ အတွက် အတော်ပင် အခက်အခဲ ရှိနိုင်မည်။

သို့သော် ကျား- နဂါး လက်သီးကို ဖော်ထုတ် လိုက်ပါက၊ သူ့၏ သရုပ်မှန်ကို ထုတ်ဖော် လိုက်ရာ ရောက်ပေမည်။

နောက်ဆုံးတွင် 'ဒရာကိုဖီ ခန္ဓာ' ကို တွန်းအားပေး လေ့ကျင့်ရန်၊ ၎င်းအား အခွင့်အရေး တစ်ခု အဖြစ် သတ်မှတ် လိုက်၏။ အလွန်ဆုံး နံရိုး အနည်းငယ် ကျိုးသွား ရုံသာ ရှိပေ လိမ့်မည်။

ထို့နောက် 'တိမ်မီးတောက် လက်သီး' အား၊ ရင်ဆိုင်ရန် အတွက်၊ ဒရာကိုဖီ ခန္ဓာ နည်းစနစ်ကို ထုတ်ဖော်ကာ၊ 'လေးနက်သော ခြေလှမ်းခုနစ်လှမ်း' တို့ကို၊ ပေါင်းစပ် လိုက်သည်။

ရှားဖန်၏ မျက်ဝန်းများမှာ လင်းယွန်၏ အားနည်းချက်ကို ထုတ်ဖော်ဖို့ရန် စောင့်မျှော်နေသော မြွေပွေး တစ်ကောင် ကဲ့သို့ ပေပင်။

" စီနီယာ အစ်ကို ရှား၊ သူ့ကို သတ်လိုက်။ "

“ နက်နဲ စတုတ္ထ အဆင့် ဖားငယ်လေး တစ်ကောင်က၊ စီနီယာ အစ်ကိုရှားရဲ့ လက်သီး ရှေ့မှာ သူ့ ခွန်အားကို ပြဝံ့ တယ်လား၊ ဒီလူမိုက်က သေခြင်း တရားကို စွဲဆောင် နေတာပဲ။ ”

“ ဘယ်လောက် ကြာကြာ ခံနိုင်မလဲ ဆိုတာ ကြည့်ရအောင်။”

လေဟာနယ်ကို ထိုးခွဲလာ နေသော ရှားဖန်၏ လက်သီးမှာ ပို၍ပင် ပြင်းထန် လာခဲ့ သည်ကြောင့်၊ 'မီးမဟာမိတ်' အဖွဲ့၏ အဖွဲ့ဝင် တပည့် များက၊ စိတ် လှုပ်ရှားစွာ အော်ဟစ် လိုက်ကြသည်။

လင်းကျူရှန်နှင့် အခြား သူများက လင်းယွန်မှာ၊ အခြေ အနေ မကောင်း လှကြောင်း၊ မြင်လိုက်ရ သည်နှင့်၊ မျက်မှောင်ကြုတ် လိုက်ကြ၏။

သူတို့က ကူညီချင် ခဲ့သော်လည်း၊ ဝေဟန်ဆောင်းက သူတို့ကို ပြုံးရယ်ပြီး၊ ကြည့်နေသည် ကြောင့်၊ မလှုပ်ရှား ဝံ့ကြပေ။ သူ၏ ကြည့်များ အရ လင်းကျူရှန် တို့အပေါ် တိုက်ခိုက်ရန် အခွင့် အရေးအား စောင့်မျှော် နေ သကဲ့သို့ ပေပင်။

" ဒီလူက ဘာအတွက် ထင်ပေါ်ဖို့ ကြိုးစား နေရ တာလဲ ...။ "

လင်းယန်က ရှားဖိန်နှင့် တိုက်ခိုက် နေသော လင်းယွန်ကို၊ ရှုပ်ထွေးသော အကြည့်ဖြင့်၊ လှမ်းကြည့်ကာ ရေရွတ် လိုက်သည်။

" မင်းရဲ့ အဆုံး သတ်ဘဲ။ "

လင်းယွန်နှင့် နီးကပ် လာသည် နှင့်အမျှ ရှားဖန်၏ လက်သီး၌ မီးတောက်များ ပို၍ ဖုံးလွှမ်း လာသည်။ မီးတောက် များကြောင့်၊ ပတ်ဝန်းကျင်၌ တဖျစ်ဖျစ် မြည်သံများ ဆူညံလာလေပြီ။

အဆိုပါ လက်သီးက လူတိုင်း လက်လှမ်း မမီနိုင်သော ကြောက်မက်ဖွယ် အရှိန် အဟုန်ကို ပြသ လာခဲ့သည်။

ရလာဒ် အနေဖြင့်၊ လင်းယွန်ကို အပိုင်းပိုင်း ကွဲထွက် သွား စေနိုင် မည်ဟု၊ လူတိုင်းက တွေးမြင် ထားမိ သည်ဖြစ်ရာ၊ မကြည့် ရက်တော့ ဟန်ဖြင့်၊ မျက်လုံးများ မှိတ်လိုက် ကြ၏။

သို့သော် သူတို့ မျက်လုံး များကို မှိတ်ထားလျက်မှ၊ ပြန်ဖွင့် ကြည့် လိုက်သော အခါတွင်၊ ရှားဖန်၏ နောက်ကွယ်ရှိ ပုံရိပ် သည်သာ ပျက်စီး သွားကြောင်း၊ တွေ့လိုက် ရသည်။

မျက်နှာဖုံး အောက်တွင် လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားကာ၊ အခွင့် အရေးကို အသုံးချရန် စိတ်လှုပ်ရှား နေမိ၏။

'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း— ခြေတစ်လှမ်း လက်သီး ခုနစ်ချက်' ကို ထုတ်ဖော် လိုက်၏။

ရွှေကျီးကန်း တံဆိပ်မှာ သူ့ နောက်ကျော၌ ထွက်ပေါ်လာ ခဲ့ပြီး၊ ရုတ်တရက် ခြေတစ်လှမ်း တိုးလိုက် သည်နှင့်၊ ထိုစက္ကန့်ပိုင်း အတွင်း နောက်ဆက်တွဲ ပုံရိပ် ခုနစ် ခုကို ဖန်တီး လိုက်သည် ။

လက်သီးတစ်ချက် စီတွင် အိုးတစ်လုံး၏ အလေးချိန်နှင့် ညီမျှသော ခွန်အားများ ပါ၀င်ပြီး၊ 'သူတော်စင် ဂီတသံ' ခုနစ်သံ တွဲလျက်ထွက်ပေါ် လာသည်။

ရှားဖန်က သူ့ လက်သီးကို လင်းယွန် အပေါ် မပစ်ထုတ် နိုင်ခင်၊ 'သူတော်စင် ဂီတ သံစဉ်' များက၊ တိမ်မီးတောက် အရှိန်အဝါကို စုတ်ဖြဲ ပစ်လိုက်၏။

နောက် တစ်စက္ကန့် မှာပင် ဆက်လက် တိုးဝင် နိုင်စွမ်း မရှိ တော့သော ရှားဖန်မှာ၊ လွင့်စင် သွားသည်။ 'တိမ်မီးတောက် လက်သီး' သည် ၎င်း၏ အစွမ်းကို ထုတ်ဖော် ပြသရန် အခွင့် အရေးပင် မရှိခဲ့ပေ။

ထိမှန် ခံလိုက် ရသော လက်သီးကို ခံနိုင်ရည် ရှိအောင်၊ ရှားဖန်က ကြိုးစား ခဲ့သော်လည်း၊ လည်ချောင်း တစ်လျှောက်၊ ပူနွေး ပျစ်တွဲသော သွေးများ ပျို့တက်လာ ခြင်းကိုမူ၊ မတားဆီး လိုက်နိုင်။

ထိုအဖြစ် အပျက် များကြောင့် ရပ်ကြည့် နေသော လူအုပ် ကြီးမှာ အံ့သြသွား ကြ၏။ ကစားပွဲကို ဤမျှ မြန်ဆန်စွာ ပြောင်းလဲ သွား လိန့်မည်ဟု မထင်ထား မိချေ။

" ဘယ်လောက်တောင် မြန်လိုက်လဲ "

“ ဒါက လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ပဲ။ ”

" တိမ်မီးတောက် လက်သီးကို အထွတ် အထိပ် အထိ ထုတ်ဖော် ချိန်တောင် မရလိုက်ဘူး၊ ဒီဇောင်ယွန်းရှန် ဘယ်လို လုပ်လိုက် တာလဲ။ "

လင်းကျူရှန်နှင့် အခြား သူများ၏ မျက်လုံးများတွင်၊ ထိတ်လန့် မှုများ ထွက်ပေါ် လာ ကြသည်။

ဓားနန်းတော်တွင် လူ အနည်းငယ် သည်သာ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို၊ ကျင့်ကြံနိုင် ခဲ့ပြီး၊ 'အလယ် အလတ် ကျွမ်းကျင်မှု အဆင့်' သို့၊ တက်လှမ်း နိုင် သူများမှာ၊ နည်းပါး လှပေသည်။

ထို့ကြောင့် လင်းယွန် ကဲ့သို့ 'အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်'ထိ၊ ဆုပ်ကိုင်ထား နိုင်သော လူများကို၊ သူတို့ မမြင်ဖူး ကြပေ။

ရွေ့လျားမှု နည်းစနစ် အပြင်၊ သူ၏ လက်သီး နောက်ကွယ်ရှိ စွမ်းအားများ မှာလည်း၊ မရိုးရှင်း လှကြောင်းကို ခန့်မှန်း နိုင်ခဲ့သည်။

'' သူ့မှာ တကယ်ပဲ ... နက်နဲ စတုတ္ထ အဆင့်၊ ခွန်အားမျိုး ရှိနေ တာလား။ ''

လင်းယွန်ကို သတ်ပစ်ရန် ရှားဖန်အား အော်ဟစ် အားပေး နေသော၊ 'မီးမဟာမိတ်' အဖွဲ့ဝင် များ၏၊ မျက်နှာများ ပျက်ယွင်း သွားလေသည်။ သူတို့၏ အံ့အားသင့် မှုများကို မကွယ်ဝှက် နိုင်ခဲ့ချေ။

" မင်း ဘယ်သူလဲ။ "

ရှားဖန်က ပျို့တက် လာသော သွေးများကို ပြန်မြိုချ လိုက်ပြီး၊ လင်းယွန်ကို မေးလိုက်သည်။ ယခု အချိန်၌ မျက်နှာဖုံး ရှင်၏ လက်သီးကို၊ လျှော့မတွက် ရဲတော့ပေ။

ဓားသင်္ချိုင်း တောင်ကုန်းတွင် စည်းမျဉ်းများ မရှိ သောကြောင့်၊ အရာ အားလုံးကို ခွန်အားဖြင့်၊ ဆုံးဖြတ် ရပေမည်။ လင်းယွန်မှ ပြသ ခဲ့သော ခွန်အား အရ၊ သူတို့၏ လေးစားမှုကို ရထိုက် ပေ၏။

" ဇောင် ယွန်း ရှန်။ "

ရှားဖန်နှင့် ဝေဟန်ဆောင်း တို့က အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ သူတို့ မျက်လုံး များတွင်၊ ဒွိဟ အတွေးများ ဝင်ရောက် လာ၏။

သူတို့ တင်မက 'မီးမဟာမိတ်' နှင့် 'ရေဆန်' မဟာမိတ် အဖွဲ့သားများ အားလုံး၊ အဆိုပါ နာမည်ကို မကြားဖူး ကြချေ။

သူတို့ အကြည့်များက လင်းယွန်ထံ ပြန်လှည့် သွားကြပြီး၊

" ဇောင်ယွန်းရှန် ..... ၊ မင်း နာမည်ကို ငါ တစ်ခါမှ မကြား ဖူးဘူး၊ မင်းက လင်းကျူရှန်တို့ မဟာမိတ် သုံးဖွဲ့ရဲ့၊ အဖွဲ့ဝင် မဟုတ် ဖူးလို့ ငါ ယုံကြည်တယ်၊ ဒါဆို မင်း ... ငါတို့ရဲ့ ကိစ္စ တွေမှာ၊ ဘာလို့ ဝင်စွက် နေရ တာလဲ။ "

“ ငါမင်းတို့ရဲ့ ပြဿနာတွေကို စိတ်မဝင်စားဘူး၊ ဒါပေမယ့် 'ဓား ဧကရာဇ် ဆေးပင်' နဲ့၊ ပါတ်သတ် ရင်တော့ ....၊ ငါ ကတိ ပေးထား ပြီးသား မိုလို့၊ သဘာဝ အတိုင်း အကောင်းဆုံး လုပ်သွား မှာပါ၊ ငါ့ရဲ့ အထောက် အထားနဲ့ ပတ်သက်ပြီး၊ မင်းစိုးရိမ် နေစရာ မလိုပါဘူး။ ”

လင်းယွန်က ထီမထင် ဟန်ဖြင့်၊ ရှားဖန်ကို စိုက်ကြည့်ကာ ပြန်ဖြေ လိုက်သည်။

'' ဘယ်လို မာန မျိုးလဲ။ ''

' မီးမဟာမိတ်' အဖွဲ့ဝင် တပည့်များက တုန်လှုပ်သွား ကြ၏။

တစ်ယောက် ယောက်က သူ့ အပေါ် မောက်မာစွာ ပြုမူ လာချိန်တွင်၊ ရှားဖန်မှာ ဓားဆွဲရန် စိတ်ကူး ရှိပုံ မရ သည်ကြောင့်၊ သူတို့ အံ့သြ သွားမိသည်။

ထိပ်ဆုံး ဆယ်ယောက် မဟုတ် ပါလျှင်၊ ရှားဖန်ကို ရိုင်းပျ ရဲမည် မဟုတ်ပေ။

ထို့နောက် လူတိုင်းက ပတ်ဝန်းကျင်ရှိ တင်းကြပ်သော လေထုကို ခံစား လိုက်ရပြီး၊ ရှားဖန်၏ မျက်လုံး များတွင်၊ လူသတ် လိုသော အငွေ့ အသက်များ တောက်ပလာ ခြင်းကို၊ စိတ်လှုပ်ရှား စွာဖြင့်၊ စောင့်ကြည့် နေခဲ့ကြသည်။

လင်းကျူရှန်သည် ဂူဘီရွှမ်၊ ချန်လင်း တို့နှင့် အတူ၊ လင်းယွန် အနားသို့ တိုးလာ ခဲ့၏။

သူမ လှုပ်ရှား လာသည်နှင့်၊ 'ရေဆန်' မဟာမိတ် အဖွဲ့မှ ဝေဟန်ဆောင်း သည်လည်း ရှားဖန် အနီး လှမ်းတက် သွားသည်။ သူက ရှားဖန်၏ ပခုံးကို ညင်သာစွာ ပုတ်ပြီး၊ ပြုံးပြ လိုက်ကာ၊

" မင်းက ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ... ၊ ငါတို့နဲ့ မဆိုင် ပါဘူး၊ ဒါပေမယ့် အရာရာ တိုင်းကို အလွယ် တကူ ကတိ မပေး မိပါ စေနဲ့၊ မဟုတ်ရင် မင်း အသက် ဆုံးရှုံး တက်တာကြောင့်၊ သတိထား သင့်တယ်။ ”

သူ့ စကားတွင် ပြတ်သားသော ခြိမ်းခြောက် မှုများ ပါရှိသည်။ ဝေဟန်ဆောင်းမှာ သေမျိုး အဆင့် (၂၈)တွင်၊ ရပ်တည် ထားနိုင် သောကြောင့်၊ ရှားဖန်ထက် ပို၍ သန်မာ ပေ၏။

လင်းယွန်က မျက်နှာဖုံး အောက်မှ လှောင်ရယ် လိုက်ပြီး၊

“ ငှက်တွေက အစာ အတွက် သေကြတယ်၊ လူတွေက စည်းစိမ် အတွက် သေတယ်၊ ဓားသင်္ချိုင်း တောင်ကုန်း အတွင်းမှာ သေခြင်း တရားက၊ သဘာဝ အတိုင်း ရှိနေ မှာပါ၊ ဒါပေမယ့် ... ဘယ်သူ သေမလဲ ဆိုတာတော့ ....။ ''

" ကောင်းပြီ ငါတို့ စောင့်နေမယ်။ "

ပတ်ဝန်းကျင်တွင် မဟာမိတ် အဖွဲ့များ၊ များစွာ ရှိနေ သောကြောင့်၊ ဝေဟန်ဆောင်းနှင့် ရှားဖန် တို့က၊ သူတို့၏ ဝှက်ဖဲ များကို ထုတ်ဖော်ရန် ဆန္ဒ မရှိ ကြချေ။

ဓားဧကရာဇ်ဆေးပင် မထွက် ပေါ်မီ၊ တစ်စုံ တစ်ရာ မှားယွင်း သွားပါက၊ ဒုက္ခ ဖြစ်ပေ လိမ့်မည်။

လင်းယွန်ကို မောင်းထုတ်ရန် နည်းလမ်း မရှိသည်အား သိလိုက် ရသဖြင့်၊ မြူများ ပျောက်ကွယ် သွားမည့် အချိန်ကို၊ စောင့်ဆိုင်းရန် အခြား တစ်နေရာသို့၊ ပြောင်းရွေ့ သွားလိုက် ကြ၏။

" အစ်ကိုဝေ၊ ငါတို့ ဓားဧကရာဇ် ဆေးပင်ကို ရပြီးရင်၊ အဲဒီ ကောင်ကို သတ်ပစ် ရအောင်။ "

သူ့ ရင်ဘတ်မှာ ယခု အချိန်ထိ နာကျင် နေဆဲ ဖြစ်သည် ကြောင့်၊ ရှားဖန်က လင်းယွန် အပေါ် မေ့ပျောက် ထား လိုခြင်း မရှိခဲ့ချေ။

“ အဲဒါကို စိတ်မပူ ပါနဲ့၊ ဓားသင်္ချိုင်းတောင်ကုန်းကို မသွားမီ သူ့ အသက်ကို ယူဖို့ ငါ အာမခံ ပါတယ်၊ သူ့လို လူ တစ်ယောက်ကတကယ်ပဲ ထင်ပေါ် မယ် ထင်နေ တာလား။ ”

ဝေဟန်ဆောင်းက လင်းယွန်ကို မရုမစိုက် ဟန်ဖြင့်၊ ပြန်ဖြေ လိုက်သည်။

" ဇောင်ယွန်းရှန်...၊ အခု သူတို့ နှစ်ယောက်ကို မင်း စော်ကားမိပြီ။ "

ဟန်ဝေဆောင်းတို့ နှစ်ယောက်၏ အကြည့် များကို သတိထား မိသွားကာ၊ လင်းကျူရှန်က စိုးရိမ်သော လေသံဖြင့် ညည်းညူ လိုက်၏။

“ ဒါဆိုလည်း စော်ကားမိ ပါစေ၊ ကတိပေး ပြီးတဲ့နောက်၊ ငါတက်နိုင် သမျှ ကူညီ ပါ့မယ်။ ''

သူ့လေသံတွင် ထိတ်လန့်ခြင်း အရိပ် အယောင်မျှ မရှိဘဲ၊ လင်းယွန်က ပြန်ဖြေသည်။

“ ဒါပေမယ့် သူတို့က ထိပ်တန်း အဆင့် (၃၀) ထဲမှာ ရှိနေ တယ်လေ၊ နင့်ရဲ့ ဆုံးဖြတ် ချက်က နည်းနည်းတော့ ပေါ့တန် လွန်းတယ်၊ မထင် ဖူးလား။ ''

လင်းယန်က မကျေမနပ် ဖြစ်နေသော လေသံဖြင့်၊ ဝေဖန် လိုက်၏။ နောက်ဆုံးတွင်၊ သူမ၏ အစ်မမှာ လင်းယွန် အတွက် စိုးရိမ်မှုအား ပြသ လာလေပြီ။ ဤသည်ကို သကောင့်သားက အထာကိုင် နေခဲ့၏။

( ဟမ် .... ထိပ်တန်း အဆင့် သုံးဆယ် ဟုတ်လား။ )

သေမျိုး အဆင့် တစ်ဆယ်၌ ရပ်တည် နိုင်သော ကျန်းလဲ့ကိုပင်၊ ဒူးထောက် ခိုင်းခဲ့ သည် ဖြစ်ရာ၊ ထိပ်တန်း သုံးဆယ် အတွင်းသာ ရှိသော၊ သည်လူပြက် နှစ်ယောက်ကို စိုးထိတ် နေစရာ မရှိပေ။

ထိပ်ဆုံး ဆယ်ယောက်လုံး တပြိုင်နက်တည်း ဝိုင်းဖွဲ့ တိုက်ခိုက် လာခြင်းမျိုး မဟုတ်ပါက၊ မည်သူ့ကိုမျှ ကြောက်ရွံ့ နေစရာ မလိုချေ။

'' တိတ် စမ်း။"

လင်းကျူရှန်က လင်းယန်ကို စိုက်ကြည့်ကာ ဟန့်တား လိုက်သည်။ သူမ ကပင်၊

" အစ်ကို ဇောင်ကြောင့်သာ မဟုတ်ရင်၊ ရှားဖန်က မင်းကို လွှတ်လိမ့် မယ်လို့ ထင်နေလား၊ မင်းဘာလို့ ဒီလောက် မြန်မြန် မေ့ပစ်ရ တာလဲ။ "

"အစ်ကို ဇောင်ရဲ့ ခွန်အားက ငါ့ အမြင် တွေကို ပွင့်စေ ပါတယ်၊ မင်းရဲ့ စတုတ္ထ အဆင့် ခွန်အားနဲ့ ရှားဖန်ကို နောက်ပြန် ဆုတ်ဖို့ တွန်းအား ပေးနိုင်တာ၊ အံ့သြ စရာပဲ။ "

ဂူဘီရွှမ်က လက်ကောက် ဝတ်ရှိ ဝတ်ရုံစကို ရုတ်သိမ်းကာ၊ ဆိုလိုက်သည်။

" အစ်ကို ဇောင်ရဲ့ ခွန်အားက ပြဿနာ မရှိ ပါဖူးလို့ ငါပြောခဲ့ သားပဲ၊ သူက ငါတို့ အဖွဲ့ကို ပိုအား ကောင်းစေ လိမ့်မယ်။ "

ဟု ချန်လင်းက ရယ်မောလျက် ဆိုလိုက်သည်။

လင်းယွန်၏ ခွန်အားကို မည်သူမျှ သံသယ မရှိကြ တော့ပေ။

လင်းယန်က တောင်းပန်ချင် သော်လည်း၊ လင်းယွန်က သူအား ပါးရိုက်ခဲ့ သည်ကို ပြန်သတိ ရသော အခါတွင်၊ စိတ် မသက်သာ ဟန်ဖြင့် တွန့်ဆုတ် သွား၏။

သစ်ပင်များ အကွယ်မှ ပုန်းအောင်း စောင့်ကြည့် နေကြသော၊ တခြား မဟာမိတ် အဖွဲ့များက စိတ်ပျက် သွားသည်။

သူတို့က အခြေအနေကို အခွင့်ကောင်း ယူနိုင် မည်ဟု အစပိုင်းတွင် ထင်ခဲ့ကြ သော်လည်း၊ ဇောင်ယွန်းရှန် အမည်ရှိ မြင်းနက် တစ်ကောင် ကြောင့်၊ အခွင့် အရေးများ ပျောက်ကွယ် သွားရသည်။

ဇောင်ယွန်းရှန်၏ ခွန်အားက သူတို့ အားလုံးကို အံ့ဩ သွားမိ စေ၏။

မည်သည့် အချိန်မှ စ၍ ပြင်ပ တပည့်များ ကြားတွင် ဤသို့သော ပညာရှင် များ ရှိလာ ခဲ့လေ သနည်း။

အဆိပ်ပြင်းသော မြူမှုန်များ လျင်မြန်စွာ ပါးလျ ပျောက်ကွယ် သွားပြီးနောက်၊ ရုတ်တရက် တောက်ပသော ဓားအလင်း တစ်စ၊ ရေကန်၏ အလယ် ဗဟို ထံပါး မှနေ၍၊ ထွက်ပေါ် လာပြီး၊ ဆယ်မိုင် အချင်းဝက် အတွင်းရှိ၊ လူတိုင်း၏ အာရုံကို စွဲဆောင်သွား လေသည်။

တောက်ပသော ဓား ရောင်ခြည် ခုနစ်သွယ်က၊ တောအုပ် အတွင်မှ တိုးထွက် သွားကာ၊ မိုးကုတ် စက်ဝိုင်း သို့တိုင်၊ ဖြာထွက် သွားကုန်၏။

" ဓားဧကရာဇ် ဆေးပင် မွေးဖွား တော့မယ်။ ''

ကောင်းကင်ပေါ် ထိုးတက် လာသော အလင်းတန်း ခုနစ်သွယ်ကို မြင်လိုက်ရ သောကြောင့်၊ 'ဓားသင်္ချိုင်း တောင်ကုန်း' ပြင်ပ ကျောက်ဖျာများ ပေါ်ရှိ၊ တပည့်များနှင့် အကြီးအကဲ များက စိတ်လှုပ်ရှား သွားကြသည်။

နောက်ဆုံးတွင်၊ ၎င်းတို့ အားလုံး စောင့်မျှော် နေသည့် အချိန်သို့ ရောက်ရှိ လာခဲ့ လေပြီ။ ဓားဧကရာဇ် ဆေးပင်ကို ဦးစွာ ရယူ နိုင်မည့် သူအား ကစားပွဲများ ထားရှိခဲ့ ကြသည် မဟုတ်ပါလော။

လင်းကျူရှန် နှင့် အခြား သူများ မှာလည်း စိတ်လှုပ်ရှား စွာဖြင့် မျက်လုံးများ ဝင်းပသွား ကြသည်။

“ အဆိပ်မြူတွေ အားနည်း သွားပြီ၊ ဖြတ်ကျော်ဖို့ ပြင်ထားပါ။ ”

ဓား ဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲမှာ နောက်ဆုံး၌ စတင် လာခဲ့ လေပြီ။

***

All Chapters