← Chapters

မြူထဲတွင် သတ်ဖြတ်ခြင်း။

Vol. 21 Ch. 288

မြူထဲတွင် သတ်ဖြတ်ခြင်း။

Vol. 21 Ch. 288

“အဆိပ်မြူတွေ အားနည်း သွားပြီ၊ ဖြတ်ကျော်ဖို့ ပြင်ထားပါ။ ”

ဓား ဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲမှာ နောက်ဆုံး၌ စတင် လာခဲ့ လေပြီ။

မြူများ လုံးဝ မပျောက် ကွယ်ခင် မှာပင်၊ သစ်တော အတွင်းရှိ လူအုပ်ကြီးမှာ စတင် လှုပ်ရှား လာတော့သည်။

တောအုပ် အတွင်းမှ ဖြတ်သန်း လာကြသော၊ ခြေသံများက အလင်းတန်း ဆီသို့၊ ဦးတည် နေကြသည်။

“ ဘယ်လောက် တောင်များ စိတ်မရှည် လိုက်ကြလဲ …”

လင်းယွန်က ဖြတ်ကျော် သွားနေသည့် လူတိုင်းကို ကြည့်ကာ၊ မှတ်ချက်ပေး လိုက်သည်။

အဆိပ်မြူများ လုံးဝ အရှင်း ပျောက်ကွယ် သွားခြင်း မရှိ သေးသည် ဖြစ်ရာ၊ မြူများအတွင်း ပုန်းအောင်း နေကြသော နတ်ဆိုးသားရဲ များ၏ ရန်ကို စိုးရိမ် နေရ ပေမည်။

ထို့ပြင် ၎င်းအဆိပ်ငွေ့ များကို ခန္ဓာကိုယ် ထဲသို့၊ အလွန် အကျွံ စုပ်ယူ မိခြင်းဖြင့်၊ အန္တရာယ် ရှိလေသည်။

" ဓားဧကရာဇ် ဆေးပင်ရဲ့ သွေးဆောင်မှုကို ဘယ်သူက တွန်းလှန် နိုင်မှာလဲ။ "

လင်းကျူရှန်က သက်ပြင်းချ လိုက်ပြီး၊ ဆက်ရှင်းပြ လိုက်၏။

“ ဒါက ဓား ရည်ရွယ်ချက်ကို ပိုမို သန့်စင် စေတယ်၊ ဓားတာအို အပေါ် ထိုးထွင်း သိမြင် ဖို့တောင် ကူညီပေး နိုင်ပါတယ်၊ ကံကောင်းရင် မင်းရဲ့ ကျင့်ကြံမှုမှာ၊ အောင်မြင်မှု အချို့ ရယူနိုင် လိမ့်မယ်"

လင်းကျူရှန် စကားမှာ မှန်၏။ လင်းယွန်သည်ပင် ဓားဧကရာဇ် ဆေးပင်၏ သွေးဆောင် မှုကို ခုခံနိုင်စွမ်း မရှိပေ။

ဓားတိမ်ယံ အမြုတေကို သန့်စင် ပြီးနောက်၊ ဓားသုတ္တန်၏ ပိတ်ဆို့ မှုများ၊ ပြေလျော့ သွား သည်ကို သူ ခံစား နိုင်သည်။

၎င်းကို ဓားဧကရာဇ် ဆေးပင် နှင့် ပေါင်းစပ် သန့်စင်မည် ဆိုပါက၊ သူ၏ ဓားသုတ္တန်မှာ အောင်မြင်မှု တစ်ခု ရရှိ နိုင်မည်ဟု၊ ယုံကြည် မိသည်။

ထိုနောက်တွင်၊ ချူဟောင်းယူ၊ ဂျင်းဖိန်၊ ယီရှုနှင့် ထိပ်တန်း ဆယ်ယောက်လုံး သူ့နောက်သို့ လိုက်လာ လျှင်ပင်၊ ကြောက်ရွံ့ စရာရှိ တော့မည် မဟုတ်ပေ။

" သွားရအောင်၊ အဆိပ်ပြင်းတဲ့ အခိုး အငွေ့တွေက ပတ်ဝန်းကျင်မှာ ရှိနေသေး ပေမယ့်၊ ငါတို့ရဲ့ ကျင့်ကြံမှု အရ အဟန့် အတား မဖြစ်သင့်တော့ဘူး။ ”

ဟု ချန်လင်းက အချိန်ကို မဖြုန်းတီး လိုတော့ ဟန်ဖြင့် စိတ်လှုပ်ရှားစွာ ပြောသည်။

ဂူဘီရွှမ်က လင်းယွန်ကို လှည့်ကြည့် လိုက်ပြီး၊

"အစ်ကို ဇောင် မင်း ဘယ်လို ထင်လဲ"

ဟု မေးလိုက်သည်။

လင်းကျူရှန် အပါအဝင် လူတိုင်းက လင်းယွန်ကို လှည့်ကြည့် လိုက် ကြ၏။ ရုတ်တရက် လင်းယွန်၏ ဖြစ်တည် မှုမှာ၊ အဖွဲ့၏ အမြင့်ပိုင်းနေရာသို့၊ ရောက်ရှိ သွားလေပြီ။

" သွားကြ တာပေါ့။ "

အားလုံးက စိတ်မရှည် တော့ သည်ကို လင်းယွန်က သိထား၏။

အဆိပ်ပြင်းသော အခိုး အငွေ့များ ကြားတွင် သူက အန္တရာယ် ကင်းနိုင်ကြောင်း၊ ယုံကြည်သည် ဖြစ်ရာ၊ လင်းကျူရှန် တို့၏ ဆုံးဖြတ်ချက်ကို ငြင်းဆန်ရန် အကြောင်း ပြချက် မရှိချေ။

"သွား ရအောင် "

လင်းကျူရှန်က သူမ၏ လက်ကို ဝှေ့ယမ်းကာ၊ အဖွဲ့ဝင် တိုင်းကို အဆိပ် ပြင်းသော မြူခိုးများ ထဲသို့၊ တိုးဝင်ရန် အချက်ပြ လိုက်သည်။

ကျင့်ကြံသူများ သာမက၊ နတ်ဆိုး သားရဲများ သည်လည်း၊ ဓား ဧကရာဇ် ဆေးပင် ထံသို့တိုးဝင်လာ ကြသည်။

သိပ်မကြာခင် မှာပင်၊ ကျင့်ကြံသူ များနှင့် နတ်ဆိုး သားရဲ များကြား၊ တိုက်ပွဲကြီး ဖြစ်ပွားလာ တော့၏။ တိုက်ပွဲ အတွင်း သွေး ရနံ့များ ပျံ့နှံ့ လာပြီး၊ အလောင်းပေါ် အလောင်းဆင့် လာခဲ့သည်။

ဤမြင်ကွင်းသည် လူတိုင်း၏ နှလုံးသား အတွင်း နက်ရှိုင်းစွာ ထိတ်လန့် သွားစေ သော်လည်း၊ ဆက်လက် တိုးဝင် နေကြ ဆဲပေပင်။

လင်းကျူရှန်၏ အဖွဲ့က လမ်း တစ်လျှောက်၊ နတ်ဆိုး သားရဲ များစွာကို ကြုံတွေ့ ခဲ့ရ သော်လည်း၊ အဖွဲ့ အတွင်း အသေ အပျောက် တစ်စုံ တစ်ရာ ကိုမျှ မရှိခဲ့ပေ။

နတ်ဆိုး သားရဲ များ၏ ဟန့်တား လာမှု များကြောင့် သွားလာ နေသော အဟုန်မှာ များစွာ နှေးကွေး သွားခြင်းသာ ရှိလေသည်။

ရုတ်တရက် ဆိုသလိုပင်၊ လင်းယန် ထံသို့၊ လက်သည်းများ ဆန့်ထိုးလျက်၊ ကောင်းကင်မှ ကြီးမားသော အနက်ရောင် မျောက်ဝံကြီးတစ်ကောင် ဆင်းသက် လာ၏။

ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲ များကို သတ်ပြီးနောက်၊ သတိ လက်လွတ် အနားယူ နေခဲ့သော၊ ကျန်အဖွဲ့သား များမှာ၊ ထိုမြင်ကွင်းကြောင့် စိုးထိတ်သွား ကြ၏။

"လင်း ယန် ..... "

'' သ တိ ထား ....''

လင်းကျူရှန်မှာ နဖူးမှ ချွေးများကို သုတ်လျက်၊ အမောဖြေ နေရာမှ ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။ လင်းယန်ကို ကူညီ လိုခဲ့ သော်လည်း၊ ဟန့်တားရန် အချိန်နှောင်း နေပြီ ဖြစ်သည်။

သို့သော် ရုတ်တရက် ဖြစ်ပေါ် လာသောအတွေးကြောင့်၊ ချက်ချင်းပင် လင်းယွန်ကို လှည့်ကြည့် လိုက်မိသည်။ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ ဇောင်ယွန်းရှန် သာလျှင်၊ ဤအရေးကို အချိန်မီ ဟန့်တား နိုင်မည်။

သူမ လှည့်ကြည့် လိုက်စဉ်၊ လင်းယွန်မှာ ခြေတစ်လှမ်း၊ စတင် လှမ်းယူ နေပြီ ဖြစ်သည်။ ပြင်းထန်သော မီးတောင်ကြီး တစ်လုံး ကဲ့သို့ သူ့ ခန္ဓာကိုယ် အတွင်းမှ၊ မူလ စွမ်းအင်များ လှိုင်းထ လာ၏။

'' ဘန်း.......''

ရိပ်ခနဲ ပြေးဝင် သွားပြီး၊ လင်းယွန်က လက်သီး တစ်ချက် ထိုးပစ် လိုက်သည်။ မျောက်ဝံနှင့် သူ၏ လက်သီး တို့ကြား ပြင်းစွာသော၊ ရုန်းရင်း ဆန်ခတ် မှုများ ဖြစ်ပွား လာပြီး၊ စွမ်းအင် အတက် အကျ လှိုင်းများကြောင့်၊ လင်းယန် အပါ အဝင် အနီးပတ်ဝန်းကျင်ရှိ လူတိုင်းကို၊ လွင့်စင် သွားစေ ခဲ့သည်။

" နက်နဲ နယ်မြေရဲ့ ဆဋ္ဌမ အဆင့် .... နတ်ဆိုးသားရဲ။ "

လင်းယန်၏ မျက်နှာမှာ ကြောက်ရွံ့မှု များနှင့် အတူ ဖြူဖျော့ သွား၏။

လင်းယွန်၏ လက်သီးက မျောက်ဝံကို ဟန့်တား နိုင်လိုက် လေသည်။

မျောက်ဝံက နှောက်ယှက် ခံလိုက်ရ သည်ကြောင့်၊ ၎င်း၏ ဆိုးရွားသော အငွေ့ အသက် များကို ထုတ်လွှတ် လိုက်ရာ၊ မြေပြင် တစ်လျှောက် တုန်ယင် သွား၏။

ထိုသားရဲသည် ဆဌမ အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်ရုံ သာမက၊ 'ဓားတိမ်ယံ အမြုတေ' ကိုပင်၊ ဖွဲ့စည်း ထားနိုင်သော သားရဲ တစ်ကောင်လည်း ဖြစ်လေသည်။

“ ဒါ …...... ”

လင်းကျူရှန် တို့၏ မျက်နှာများ ပြောင်းလဲ သွား၏၊ လင်းယွန်က ကံကောင်း လှစွာဖြင့်၊ အဆိုပါ နတ်ဆိုး သားရဲကို ထိန်းထား နိုင်ခဲ့သည်။

သို့မဟုတ် ပါလျှင်၊ သူတို့ အဖွဲ့ အတွင်းမှ လူမည်မျှ သေဆုံးသွား မည်ကို မခန့်မှန်း နိုင်ချေ။

သက်မောချ၍ မဆုံးခင် မှာပင်၊ နောက်ထပ် ကြီးမားသော ပုံရိပ်ကြီး တစ်ရိပ်၊ မြူထဲမှ ခုန်ထွက်လာ ပြန်သည်။

၎င်းမှာ နက်နဲ ဆဋ္ဌမ အဆင့် အရှိန်အဝါကိုထုတ်ဖော် ထားသော၊ ကျားရဲ တစ်ကောင် ဖြစ်သည်။

" နောက် တစ် ကောင် ....."

ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ နှစ်ကောင်ကို တစ်ပြိုင် နက်တည်း၊ ကြုံတွေ့ ရသော အဖြစ် အပျက် မျိုးမှာ၊ ရှားပါး လှပြီး၊ ထိုသို့ တွေ့ဆုံ ရသော သူတို့၏ ကံဆိုးမှု ကိုသာ အပြစ်တင် ရပေ တော့မည်။

လင်းယန်က လင်းကျူရှန်ကို လှည့်ကြည့် လိုက်ပြီး၊

" လင်းကျူရှန် အဖွဲ့ကို ခေါ်ပြီး .... ထွက်သွား နှင့်ပါ၊ လုံးဝ နောက်ပြန် မလှည့်နဲ့၊ ဒီသားရဲ နှစ်ကောင်ကို ငါ ထိန်းထားမယ်။ ”

အနက်ရောင် သွေးမိစ္ဆာကျား ၏ အာရုံကို စွဲဆောင်ရန်၊ ခရမ်းရောင် ဓားအလင်းကို လက်ညိုးမှ တစ်ဆင့် ထုတ်လွှတ် လိုက်၏။

လင်းကျူရှန်က လင်းယွန်ကို စူးရှစွာ တစ်ချက် ကြည့်လိုက်ပြီး၊

" ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ "

ဟု သတိပေး လိုက်ကာ၊ ပြတ်သားစွာ လှည့်ထွက် သွား လေသည်။

“ အစ်မ … အဲဒါ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ နှစ်ကောင်လေ။ ”

လင်းယန်က စိုးရိမ် တကြီး ဝင်ပြော လာသည်။

" သွားရအောင်၊ တခြားသူ အပေါ်၊ မစိုးရိမ်ခင် မင်းကိုယ်မင်း ဂရုစိုက် သင့်တယ်၊ အစ်ကို ဇောင်က ဒီနတ်ဆိုး သားရဲ နှစ်ကောင်ကို မသတ် နိုင် ရင်တောင်၊ အနည်းဆုံးတော့ ထွက်ပြေး နိုင်ပါ သေးတယ်၊ သူ့ကိုယ်သူ အန္တရာယ် ဖြစ်စေမဲ့ အပြုအမူ မျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။ ''

လင်းကျူရှန်က မထွက်ခွာမီ လင်းယွန်ကို ထပ်မံ လှည့်ကြည့် လိုက်ပြန်သည်။

“ သူတို့ တကယ် ထွက်သွား ကြတာပဲ …”

လင်းယွန်က မျက်နှာဖုံး အောက်၌ ပြုံးရယ်လိုက်သည်။ ထို့နောက်တွင်၊ ၎င်းတို့ နှင့်အတူ ကွယ်ဝှက် ထားခဲ့သော၊ ခွန်အား အစစ်အမှန်ကို ထုတ်ဖော် လိုက်တော့၏။

အနက်ရောင် သွေးမိစ္ဆာ ကျားရဲနှင့် နတ်ဆိုးမျောက်ဝံနက် တို့ကို ဒေါသ ထွက်စေ ပြီးနောက်၊ ကောင်းကင်သို့ ပျံတက် သွားလိုက်သည်။

“ အရမ်း ကောင်းတယ်၊ လာခဲ့ ...။ ''

ဒရာကိုဖီ ခန္ဓာကို အသက် သွင်းကာ၊ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်သည်နှင့်၊ မျက်ဝန်းများ၌ စူးရှသော 'ခရမ်းရောင် အလင်း'များ၊ထွက်ပေါ်လာ လေသည်။

'' ဟား ဟား ဟား မင်းတို့ နှစ်ကောင်က ငါ့ကိုစိတ်မပျက် စေဖူးလို့ မျှော်လင့် မိပါတယ်။''

အေးစက်သော ရယ်သံဖြင့်၊ သူ့ ထံသို့ ဦးတည် ပြေးလာ နေသည့်၊ သားရဲ နှစ်ကောင်ကို ပြန်ကြည့် လိုက်သည်။

သည်နှစ်ကောင်သည် သူနှင့် အမြန်ချင်း ပြိုင်ဖို့ရန် စဉ်းစား နေကြ သည်လော။

'' မလုံလောက်ဘူး၊ သနားစရာ ကောင်းလိုက်တဲ့ သားရဲ လေးတွေ။ ''

လင်းယွန်က မြေပြင်ပေါ်သို့ ဆင်းသက် လိုက်ပြီး ရှေ့ခြေ တစ်လှမ်း တိုးကာ၊ 'ကျားနဂါးအရှိန်အဝါ' ကို ထုတ်လွှတ် လိုက်၏။

အဟုန် သုံးခု ထိပ်တိုက် တွေ့ဆုံ သွား ပြီးနောက်၊ 'ကျားနဂါး အရှိန်အဝါ' သည် ပြေးဝင်လာသော နတ်ဆိုး သားရဲ နှစ်ကောင်၏ 'နတ်ဆိုး ရောင်ဝါ' များကို ချေမှုန်းပစ် လိုက်သည်။

တစ်ဆက်တည်း မှာပင်၊ ထာဝရနတ် ဘုရား တံဆိပ်ကို ဖန်တီးကာ၊ လက်ဖဝါးများ မှတဆင့် တွန်းထုတ် လိုက်၏။

ရွှေရောင် အလင်းတန်း တစ်စမှာ ကောင်းကင်သို့ ထိုးတက် သွားပြီး၊ ကွဲကြေ သွားသော အကာ အကွယ် အရှိန်အဝါ မရှိ တော့သည့်၊ နတ်ဆိုး သားရဲ နှစ်ကောင်ကို အတား အဆီး မရှိ၊ ထိမှန်သွား၏။

"ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား "

လင်းယွန်က ဟောက်သံ ပြုလိုက်၏။ လင်းကျူရှန်နှင့် အဖွဲ့ သည်သာ ဤနေရာ၌ ရှိနေ ခဲ့ပါက၊ အံ့အားသင့် သွားမည် ဖြစ်သည်။

လင်းယွန်မှာ နတ်ဆိုး သားရဲ နှစ်ကောင်နှင့် ရင်ဆိုင် ရာ၌၊ ဆိုးရွားသော အနေ အထားတွင် ရှိမနေ ခဲ့ဘဲ၊ ၎င်းတို့ ကိုပင် နှိမ်နင်း နိုင်ခဲ့သည်။

ကမ္ဘာဦး သားရဲ၏ အသွင်အပြင် ဖြစ်သော၊ 'ဒရာကိုဖီ ခန္ဓာ'ကို၊ ထုတ်ဖော် လိုက် ပြီးနောက်၊ 'ကျားနဂါး လက်သီး' စွမ်းအားမှာ၊ အဆပေါင်း များစွာ၊ မြင့်တက် လာသည်။

သို့သော် နတ်ဆိုး သားရဲ နှစ်ကောင်မှာ၊ လင်းယွန် စိတ်ကူး ထားသည်ထက် ပို၍ သန်မာ လှပေ၏။

ဓားတိမ်ယံ အမြုတေကို ဖွဲ့စည်း.ပြီးနောက်၊ နတ်ဆိုး သားရဲ များ၏ သွေး မျိုးဆက်မှာ အသွင် ပြောင်းသွား ခဲ့သည်။ သည်အတိုင်းသာ ဆက်သွား နေမည် ဆိုပါလျှင်၊ နေဝင်ချိန် ထိတိုင် သူတို့ကို သတ်နိုင်မည် မဟုတ်ပေ။

သူတို့နှင့် ဝေးရာသို့ လွယ်ကူစွာ ထွက်ပြေး နိုင် သော်လည်း၊ ဓားတိမ်ယံ အမြုတေကို အလွယ် တကူ လက်မလွတ် လိုသေးပေ။

" ... ဆိုတော့ မြန်မြန် အဆုံး သတ်ရအောင် "

လင်းယွန်၏ ဒါန်တမ် အတွင်းရှိ ခရမ်းရောင်ပန်းမှာ ပွင့်လာ၏။ ခဏချင်း မှာပင်၊ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထွက်ပေါ် လာလေသည်။

ဤဒေသ တစ်ခု လုံးကို ခရမ်းရောင် ပန်းပွင့် များဖြင့် ဖုံးအုပ် ထားသည်ဟု ခံစားလိုက် ရပြီး၊ အေးစက်သော အကြည့်များ အောက်တွင် လေထု သည်ပင် လေးလံ သွား၏။

အရှိန်အဝါများ ပြောင်းလဲ သွားသော လင်းယွန်ကို ကြည့်ကာ၊ နတ်ဆိုး သားရဲ နှစ်ကောင်က အနည်းငယ် ညိမ်သက် သွားသည်။

.သူတို့ နှလုံးသားမှ အန္တရာယ် အငွေ့ အသက်များ ခံစား လိုက်ရ သည်ကြောင့်၊ မဆိုင်းမတွ လှည့်ပြေး လိုက်ကြသည်။

" မင်းတို့ လွတ်မြောက် နိုင်မယ်လို့ ထင်လား၊ ဟား ဟား ဟား။ "

လင်းယွန်က ရယ်မော လိုက်ပြီး၊

" သေ ... ''

တောက်ပသော ခရမ်းရောင် ဓားနှစ်လက်ကလေထုကို ဖြတ်သန်းလျက်၊ နတ်ဆိုး သားရဲ နှစ်ကောင် ထံသို့ ပြေးဝင် သွား လေသည်။

အဆိုပါ တိုက်ခိုက်မှုကို ထုတ်ဖော် လိုက်သည်နှင့်၊ ခရမ်းရောင် ပန်းမှာ ပွင့်အာလာ ပြီးနောက် မူလ စွမ်းအင်များ အားလုံး ကုန်ဆုံး သွား၏။

ခရမ်းရောင် ဓားနှစ်လက်၏ လေခွင်း သံများ ကျယ်လောင် လာလျက်၊ ကတိုက် ကရိုက် ထွက်ပြေး နေသော သားရဲ နှစ်ကောင်၏ ခုခံ ကာကွယ်မှု အလွှာကို ထိုးဖောက် ဝင်ရောက် သွားတော့သည်။

ထို့နောက်တွင် မျောက်ဝံနက်နှင့်၊ အနက်ရောင် သွေးမိစ္ဆာ ကျားရဲ တို့မှာ မြေပြင် ပေါ်သို့ ပြုတ်ကျ သေဆုံး ကုန်၏။

မူလ စွမ်းအင်များ ကုန်ဆုံးသွား သဖြင့်၊ လင်းယွန်က ထွက်သက်ကို ရှည်လျားစွာ မှုတ်ထုတ် လိုက်သည်။

ဆဋ္ဌမအဆင့် နတ်ဆိုး သားရဲများကို သတ်ရန်မှာ ထင်သလောက် မလွယ်ကူ ခဲ့ပေ။

ခဏ အကြာတွင် လက်ဖဝါး ပေါ်ရှိ တိမ်လွှာ ပုံစံ သုံးခု ပါရှိသော၊ သားရဲ အမြုတေ နှစ်ခုအား၊ ပြုံးရွှင်စွာ ကြည့်နေ မိလေသည်။

" အခု ငါ့မှာ ရှိပြီးသား နှစ်ခုနဲ့ ပေါင်းပြီးရင်၊ ဓားတိမ်လွှာ အမြုတေ လေးခု ပြန်ဖြစ် သွားပြီ ... ဆယ်ခုလောက် ဆို ..ဓားဧကရာဇ် ဆေးပင်နဲ့ တွဲပြီး သန့်စင်လိုက် တာနဲ့၊ ဓားသုတ္တန်မှာ အောင်မြင်မှု တစ်ခု ရနိုင် လိမ့်မယ်လို့ ယုံကြည်တယ်။"

ဓားတိမ်ယံ အမြုတေ များကို တင်းကျပ်စွာ ဆုပ်ကိုင် ထားသော လင်းယွန်၏ မျက်ဝန်းများ၌ မျှော်လင့်ချက် များနှင့် ပြည့်နေ ခဲ့သည်။

မည်သည့် အခြေ အနေ မျိုး၌ ဖြစ်စေ ဓားဧကရာဇ် ဆေးပင်ကို ရယူ ရပေမည်။

ဓားသုတ္တန်သည် အဋ္ဌမ အဆင့်သို့ ရောက်သော အခါတွင်၊ ကြီးမားသော ပြောင်းလဲ မှုကို တွေ့ကြုံ ရမည် ဖြစ်ကာ၊ ထိုအချိန်တွင် ဓားသင်္ချိုင်း တောင်ကုန်း အတွင်း မည်သူ့ ကိုမျှ ကြောက်ရွံ့နေစရာ မလို တော့ပေ။

“ သူတို့ နောက် မလိုက်ခင်၊ ငါ့ရဲ့ မူလ စွမ်းအင် ကို အရင် ပြန်ဖြည့် ရအောင်၊ နောက်ထပ် ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲကို တွေ့ဆုံတဲ့ အထိတော့ ...၊ သူတို့ ကံဆိုးမှာ မဟုတ် လောက်ပါဘူး။ ''

လင်းယွန်က ပြုံးကာ ရေရွတ် လိုက်သည်။

ဆဌမအဆင့် နတ်ဆိုး သားရဲ များသည် အစွမ်းထက် သော်လည်း၊ ၎င်းတို့မှာ ရှားပါး ပေသည်။ နောက်ထပ် ဆဋ္ဌမ အဆင့် နတ်ဆိုးသားရဲ တစ်ကောင် မဟုတ် သရွေ့၊ လင်းကျူရှန် နှင့် သူမ၏ အဖွဲ့မှာ၊ ၎င်းတို့ကို သတ်နိုင် ပေမည်။

နတ်ဆိုး မျောက်ဝံနက် နှင့် အနက်ရောင် သွေးမိစ္ဆာ ကျားရဲ တို့၏ ကြမ်းကြုတ်သောအရှိန်အဝါ တို့ကြောင့်၊ လင်းယွန် အနီးသို့ မည်သည့် နတ်ဆိုး သားရဲမျှ မလာရဲ ကြတော့ပေ။

ထို့ကြောင့် တင်ပျဉ်ခွေ ထိုင်ချ လိုက်ကာ၊ ဝိညာဉ် ကျောက်စိမ်း နှစ်တုံးကို ထုတ်ယူပြီး ဓားသုတ္တန်ကို စတင် ဖြန့်ချီ လိုက်၏။

***

All Chapters