← Chapters

ရောင်စင် သုံးသွယ် သဘာဝ ကောင်းချီး။

Vol. 21 Ch. 289

ရောင်စင် သုံးသွယ် သဘာဝ ကောင်းချီး။

Vol. 21 Ch. 289

နတ်ဆိုး မျောက်ဝံနက် နှင့် အနက်ရောင် သွေးမိစ္ဆာ ကျားရဲ တို့၏ ကြမ်းကြုတ်သော အရှိန်အဝါ တို့ကြောင့်၊ လင်းယွန် အနီးသို့ မည်သည့် နတ်ဆိုး သားရဲမျှ မလာရဲ ကြတော့ပေ။

ထို့ကြောင့် တင်ပျဉ်ခွေ ထိုင်ချ လိုက်ကာ၊ ဝိညာဉ် ကျောက်စိမ်း နှစ်တုံးကို ထုတ်ယူပြီး ဓားသုတ္တန်ကို စတင် ဖြန့်ချီ လိုက်၏။

ဒါဇင် နှင့် ချီသော ပုံရိပ်များ သစ်တောများအတွင်းမှ တဖွဲဖွဲ လှုပ်ရှားလာ ကြသည်။

သူတို့က မြူများ အတွင်း တိုးဝင် နေလျက်မှပတ်ဝန်းကျင် အား သတိ မပြတ် ရဲကြချေ။ ရံဖန် ရံခါတွင်၊ နတ်ဆိုး သားရဲ များနှင့် ကျင့်ကြံသူ များ၏ အလောင်း များကို မြေပြင် ပေါ်တွင် တွေ့မြင် နိုင်သည်။

ဓားဧကရာဇ် ဆေးပင်သို့၊ သွားရာ လမ်းတွင်၊ အရိုး များဖြင့် ခင်းထားသည်။

လင်းယန်က လင်းကျူရှန် နောက်မှ ကပ်လိုက် နေလျက်မှ၊ ရှုပ်ထွေးသော အကြည့်ဖြင့်၊ နောက်သို့ ပြန်ပြန် ကြည့်နေ တက်၏။ သို့သော် ထူထပ် နေသော မြူခိုးများ အတွင်း၊ လင်းယွန်၏ ပုံရိပ်ကို သူမ မမြင် ခဲ့ပေ။

နတ်ဆိုး သားရဲ များနှင့်၊ မဟာမိတ် အဖွဲ့များကြား၊ တိုက်ပွဲများ နေရာ တိုင်းတွင်၊ တွေ့မြင် ရနိုင်သည်။ ခဏ အကြာတွင် လင်းယန်က သည်းမခံ နိုင်တော့ ဟန်ဖြင့်၊ အံကြိတ်ကာ၊

" အစ်မကြီး၊ ဇောင်ယွန်းရှန် အဆင်ပြေ ပါ့မလား။ "

အကောင်းနှင့် အဆိုးအား၊ မည်သို့ ခွဲခြား ရမည်ကို၊ သိထားသည် ဖြစ်ရာ၊ ယခု အချိန်၌ သူမ စိတ်မချမ်း မသာ ဖြစ်နေ မိ၏။

သူမ၏ နှုတ်မစောင့် စည်းမှုကြောင့်၊ ရှားဖန်မှပစ်မှတ် ထားခြင်း ကနေ ကယ်တင်ခဲ့ သူမှာ၊ လင်းယွန် ဖြစ်သည်။

လင်းယွန်သာ မရှိလျှင် သူမ ဘာဖြစ်လာ မည်ကို မသိနိုင်ပေ၊ ထို့ပြင်ယခု တစ်ဖန် နတ်ဆိုး မျောက်ဝံနက် လက်မှ ထပ်မံ ကယ်တင်ခဲ့ ပြန်သည်။

နောက်ဆုံးတွင်၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ နှစ်ကောင်ကို ကိုယ်တိုင်ပင် ရင်ဆိုင်သွား ခဲ့သည်။

လမ်းတစ်လျှောက်တွင် နတ်ဆိုး သားရဲ များနှင့်၊ တိုက်ပွဲ ဖြစ်ပွား နေသော၊ မဟာမိတ် အဖွဲ့ များစွာကို တွေ့နိုင်၏။

လင်းယွန် ကြောင့်သာ မဟုတ် ပါက၊ ထိုအဖွဲ့ များ အထဲမှ တစ်ဖွဲ့ ဖြစ်မည်ကို၊ သူတို့ သိထားပြီး ဖြစ်သည်။ အသေ အပျောက် စာရင်းပင် ထွက်လာ နိုင် ပေမည်။ ဓားရေကန်နှင့် အလွန် နီးကပ်စွာ ကပ်နိုင်ခဲ့ ကြသည်မှာ လင်းယွန်၏ ကျေးဇူးကြောင့် ပေပင်။

လင်းကျူရှန် သည်လည်း စိုးရိမ်စိတ် များဖြင့်မျက်ဝန်း များကို ပိတ်ချ လိုက်၏။ သိပ်မကြာခင် မှာပင် သူမက ခေါင်းယမ်း လိုက်ပြီး။

" ဇောင်ယွန်းရှန်က မောက်မာ ပုံရတယ်၊ ဒါပေမယ့် သူက မဖြစ်နိုင်တဲ့ အရာကို လုပ်မယ့် လူတော့ မဟုတ်လောက် ပါဘူး၊ သူ လှုပ်ရှား ပြီဆို တည်းက၊ နတ်ဆိုး သားရဲ နှစ်ကောင်ကို ကိုင်တွယ်ဖို့၊ ယုံကြည်မှု ရှိနေလို့ပဲ ဖြစ်ရမယ် .....။ ''

'' ပြီးတော့၊ သူက အဲ့ဒီ နတ်ဆိုး သားရဲ နှစ်ကောင်ကို မတိုက်ခိုက် နိုင်ရင်တောင်...၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်း နဲ့၊ အလွယ် တကူ လွတ်မြောက် နိုင် ပါတယ်။ ”

သို့သော် လင်းကျူရှန်က လင်းယွန် အမြန် လိုက်လာ နိုင်မည်ဟု၊ မျှော်လင့်လျက် လည်ပြန် နောက်သို့ လှည့်ကြည့် နေမိ သေးသည်။

ဓားရေကန် အနီးသို့ ချဉ်းကပ် မိသော အခါ၊ တိုက်ပွဲ များ၏ ပြင်းထန်မှုမှာ အဆင့်သစ် တစ်ခုတိုင် ရောက်ရှိ နေသည်ကို တွေ့မြင် လိုက်ရသည်။

အစွမ်းထက်သော ရောင်ဝါ အချို့ကိုပင် ခံစား နိုင်ခဲ့ပြီး၊ ၎င်းတို့ ထဲမှ အများ အပြားသည်၊ သေမျိုး အဆင့် ထိပ်တန်း (၃၀)မှ ဖြစ်၏။

လင်းကျူရှန်၊ ဂူဘီရွှမ်နှင့် ချန်လင်း တို့က အချင်းချင်း ပြန်ကြည့် လိုက်မိသည်။ သူတို့မှာ နုံချာ လွန်းပေ၏။

မဟာမိတ်အဖွဲ့ ဖွဲ့ခြင်းဖြင့်၊ ဓားဧကရာဇ် ဆေးပင် အတွက် ဝင်ရောက် ယှဉ်ပြိုင် နိုင်မည်ဟု၊ ထင်ထားခဲ့ ကြသည်မှာ၊ မိုက်မဲ မှုသာ ဖြစ်သည်။

သူတို့ အဖွဲ့တွင် လင်းယွန် မရှိပါက၊ ဓားရေကန် အနီးသို့၊ ချဉ်းကပ် နိုင်လျှင်ပင်၊ ပြဿနာ ရှိလာ ပေလိမ့်မည်။

“အစ်ကို ဇောင်မှာ ဝှက်ဖဲ တစ်ချပ် ရှိရမယ်လို့ ငါခံစား ရတယ်၊ သူက 'အနက်ရောင် သွေးမိစ္ဆာ ကျားရဲ' ကို၊ မြှူဆွယ် ဖို့တောင် ကြိုးစား ရဲတယ်။ ”

ဂူဘီရွှမ်က ပြီးခဲ့သည် များကို ပြန်သုံး သပ်ကာ၊ သူ့ အမြင်ကို ထုတ်ဖော် လိုက်၏။

ချန်လင်းက လင်းယန်ကို ကြည့်ပြီး ပြုံးလိုက်ကာ၊

“ မစိုးရိမ်ပါနဲ့ ဂျူနီယာ ညီမလေးလင်း၊ ငါ့အမြင် အရတော့ နတ်ဆိုး သားရဲ နှစ်ကောင်ရဲ့ 'ဓားတိမ်ယံ အမြုတေ'က၊ သူ့ အာရုံကို စွဲဆောင် ထား တာကြောင့်၊ သူက ငါတို့ကို ရည်ရွယ်ချက် ရှိရှိ ထွက်သွား ခိုင်းတာပဲ ဖြစ်ရမယ်။ ”

" မင်း ဘာကို ပြောနေတာလဲ ...။ "

လင်းယန်က မျက်ခုံး နှစ်ဖက်ကို စုကျုံလိုက်ပြီး၊ ချန်လင်း စကားကို သဘော မတွေ့ ဟန်ဖြင့်၊ မျက်နှာ တည့်တည့်အား စိုက်ကြည့်ကာ၊

'' မင်း ဘာလို့ ဒီလောက် အဆိုး မြင်နေ ရတာလဲ၊ သူက ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ နှစ်ကောင်ကို၊ အဝေး ခေါ်သွား ပေးခဲ့ တာတောင်၊ မင်း မျက်လုံး ထဲမှာ တစ်ကိုယ်ကောင်း ဆန်သူ အဖြစ် မြင်နေ တာလား၊ ဒါဆို ဘာလို့ မင်းတစ်ယောက်တည်း နတ်ဆိုး သားရဲ နှစ်ကောင်ကို တားဖို့ မကြိုးစား ရတာလဲ၊ ဇောင်ယွန်းရှန်က ဒီလို လူမျိုးလို့ ငါမယုံဘူး။ "

ချန်လင်း၏ မျက်နှာမှာ ခါးသီးသော အပြုံးများဖြင့် ပျက်ယွင်း သွား၏။ လင်းယန် စိတ်ပူနေ သည်ကြောင့် သက်သာရာ သက်သာကြောင်း ပြေားမိခြင်း ဖြစ်သည်။

ထို့ပြင် လင်းယန်မှာ လမ်း တစ်လျှောက် ဇောင်ယွန်းရှန် အား၊ မကောင်း မြင်နေ ခဲ့ခြင်းပင်၊ မဟုတ် သည်လော။

ဤသို့ ရုတ်တရက် အမြင် ပြောင်းလဲ သွားလိမ့် မည်ဟု မထင်ထား မိပေ။

သို့သော် ဗြောင်ကျကျ ထုတ်ဖော် မဝေဖန် ရဲသော ချန်လင်းက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊

“ ငါ ပြောတာ အဲ့ဒီလို မဟုတ် ပါဘူး၊ ငါသာ... ဟမ် ... ဟိုမှာ... ။"

ချန်လင်း ရုတ်တရက် အော်ပြီး၊ နောက်သို့ လက်ညိုး ထိုးပြ လိုက်သည်။ မျက်နှာဖုံး စွပ်ထားသော လူငယ် တစ်ဦးမှာ၊ မြူများ အတွင်းမှ ဖြည်းညင်းစွာ လှမ်းထွက် လာခဲ့ လေသည်။

ဇောင်ယွန်းရှန်ကို မြင်လိုက် ရသည်နှင့်၊ လင်းကျူရှန်နှင့် အခြားသော သူများက ရွှင်မြူး ရိပ်များ ထွက်ပေါ် လာ တော့သည်။

" ဘယ်လောက် ကြာသေး လို့လဲ၊ သူက ငါတို့ကို မှီလာပြီ …။ ”

ချန်လင်းက အံသြစွာ ရေရွတ် လိုက်၏။

" ဒီလောက် မြန်တာလား "

ဂူဘီရွှမ် ကလည်း စိတ်လှုပ်ရှား သွား၏။

အနီးသို့ ရောက်လာသော လင်းယွန်ကို ကြည့်ကာ၊ လင်းကျူရှန်က၊

" မင်းက နတ်ဆိုး သားရဲ တွေကို လှည့်စားလိုက်တာလား"

ဟု မေးလိုက်၏။

တကယ်တော့ လင်းယွန်မှာ နတ်ဆိုး သားရဲ နှစ်ကောင်ကို မြန်မြန် ဆန်ဆန် သတ်ပစ်ဖို့ ဆိုသည်မှာ၊ သူမ အတွက် လက်ခံ နိုင်စရာ မရှိချေ။

၎င်းတို့ ပြောနေ ကြသော ထိုအကြောင်း အရာ များမှာ၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ နှစ်ကောင် ဖြစ်သောကြောင့် လူတိုင်းက ထိတ်လန့်သွား ကြသည်။

သူတို့သာ ဆိုပါက၊ နတ်ဆိုး သားရဲ နှစ်ကောင်ကို ဟန့်တား လှည့်ဖြား နိုင်လိမ့် လိမ့်မည်ဟု၊ မည်သူမျှ မယုံကြည် ခဲ့ပေ။

အားလုံး၏ မျက်နှာ ပေါ်ရှိ ထိတ်လန့်မှု များကို ကြည့်ကာ၊ လင်းယွန်က ပြုံးလိုက်၏၊ ထို့နောက်၊

“ဟုတ်တယ်၊ ဒီနတ်ဆိုး သားရဲ နှစ်ကောင်ကို ငါတို့ စိတ်ပူ နေစရာ မလို တော့ဘူး။”

" ဇောင်ယွန်းရှန် ဒီခရီးမှာ ငါ့ အပြုအမူတွေ အတွက် တောင်းပန် ပါတယ်"

လင်းယန်က သူမ အစ်မနှင့် ယှဉ်ရပ် နေရာမှ တိုးညှင်းသော လေသံဖြင့်၊ တောင်းပန် လိုက်၏။

သူမ လေသံတွင် ကူကယ်ရာ မဲ့သော ခံစားချက် များ ပါဝင် နေပြီး၊ လင်းယွန်ကို တည်ငြိမ်စွာ ကြည့်ရန်၊ နှုတ်ခမ်း ကိုက်လျက်၊ ခေါင်းမော့ လိုက်သည်။

လင်းကျူရှန်က သူ့ ဘေးနားရှိ လင်းယန်ကို အံသြစွာ လှည့်ကြည့် လိုက်၏။

သူ့ ညီမလေးကို သူသာ အသိဆုံး ပေပင်။အဖေနှင့် အဘိုးမှာ လင်းယန်ကို ငယ်ငယ် ကတည်း ကပင်၊ ရတနာ တစ်ပါးလို ပစား ပေး ထားသည် ဖြစ်ရာ၊ လင်းယန်မှာ ရင်သီးသော စကားလုံး များဖြင့်၊ အချိန်ပြည့် မောက်မာ နေသူ ဖြစ်သည်။

သူမကို မည်မျှ မစော်ကား ရဲခဲ့ပေ။ ထို့ကြောင့်ပင် သူမ၏ အမှားအတွက် တစ်ကြိမ် တစ်ခါ မျှပင်၊ တောင်းပန် ခြင်းကို မပြုမူ ဖူးသော မိန်းမဆိုးလေး တစ်ယောက် ဖြစ်၏။

သို့သော် ယခု အချိန်၌ ထိုသို့သော မိန်းမငယ် လေးသည်၊ အပြင်လူ တစ်ယောက်ကို တကယ်ပင် တောင်းပန် လာခဲ့သည်။ ၎င်းမှာ ရှားပါးသော မြင်ကွင်းမျိုး ဖြစ်ပေ၏။

တစ်ဖက်တွင် လင်းယွန်မှာ သဘောထား ကြီးမြတ်သော လူငယ် တစ်ယောက် မဟုတ် သော်လည်း၊ ယဉ်ကျေးသော မည်သူ့ကို မဆို ပါးရိုက် ခြင်းဖြင့်၊ တုန့်ပြန် မည် မဟုတ်ပေ။

အငြိုး အတေးများ ဖွဲ့တည် ထားခြင်းထက်၊ ချက်ချင်းပင် ဓားဆွဲ ဖြေရှင်း မည့်သူ ဖြစ်သည်။

“ အဆင်ပြေ ပါတယ်၊ ငါ မျက်နှာဖုံး ဝတ်ထားရ တာက၊ အကြောင်းရင်း တစ်ခု ကြောင့်ပါ၊ မင်းငါ့ မျက်နှာဖုံးကို ဖယ်ဖို့ မကြိုးစားရင် ..၊ ငါ တုံ့ပြန်မှာ မဟုတ်ပါဘူး။ "

" အကြောင်း အရင်း ရှိတယ် ဟုတ်လား၊ ဒါဆို မင်း... မင်းက လင်းယွန် လား၊ မင်းတို့ နှစ်ယောက်လုံးက ဓားသေတ္တာ ဆောင်ထား တာခြင်း တူတယ်"

လင်းယန်က တောင်းပန် ပြီးနောက်၊ လင်းယွန်၏ သက်တောင့် သက်သာ တုန့်ပြန် လာမှု များကြောင့်၊ စိတ်လက် ပေါ့ပါး စွာဖြင့်၊ သူမ ပြုမူ နေကျ၊ အထိန်း အကွပ် မဲ့သော စရိုက်များ ပြန်ထွက် ပေါ်လာ ခဲ့သည်။

“ အို ဟုတ်သား၊ ဂျူနီယာ ညီမလင်း ပြောတာ မှန်တယ်၊ ကြည့်စမ်း ....၊ ဓားသေတ္တာ ပုံစံ ချင်းလည်း တူနေတယ်။ "

ချန်လင်းက ပြုံးလျက် လင်းယန် စကားကို ထောက်ခံ လိုက်၏။

" နင် ...... "

လင်းယန်က ချန်လင်းဘက် လှည့်ပြီး၊ ရန်လိုဟန်ဖြင့် မျက်လုံး ပြူးပြ လိုက်သည်။

“ ထား လိုက်တော့၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ နှစ်ကောင်ကို မင်းဘယ်လို ကိုင်တွယ် ခဲ့လဲ။ ”

သူမ အမူ အရာနှင့် စကားကြောင့်၊ ချန်လင်း တစ်ယောက် စွံ့အ သွား၏၊ လင်းယန်သည် တကယ်ပင် တုံ့နှေးခြင်း မရှိ လက်စားချေ တက်သူ တစ်ယောက် ဖြစ်သည်။

လင်းကျူရှန်က သူမ ညီမ၏ အကျင့် စရိုက်ကို နားလည် ထားသူ ပီပီ၊ စကား ဝိုင်းကို ပြုံးကာ ဝင်ထိန်း လိုက်၏။

“အစ်ကို ဇောင်၊ အဲဒါကို စိတ်ထဲ မထား ပါနဲ့၊ ငါ့ ညီမက ဟာသ တစ်ပုဒ် ပြောတယ် လို့ပဲ မှတ်ယူ ရအောင်၊ သူက အရင်တုန်းက ကျန်းလဲ့နဲ့ ပြဿနာ အချို့ ရှိခဲ့ ဖူးတယ်၊ ဒါကြောင့် လင်းယွန်ကို ရိုသေ လေးစား နေတာပါ။ ''

( ငါ့ကို လေးစားတဲ့ သူ တစ်ယောက် ရှိနေတာ၊ ငါက စိတ်ရှုပ် စရာလား။ )

လင်းယွန်က သဘောကျ စွာဖြင့်၊ ပြုံးလိုက်ပြီး၊ “ ငါ နားလည် ပေးနိုင် ပါတယ် ” ဟု ပြန်ဖြေ လိုက်သည်။

" အထက်တန်းစား ပြည်နယ်က လင်းယွန်ကို အခုထိ လိုက်ရှာ နေတုန်းပဲ၊ ဓားဧကရာဇ် ဆေးပင် အတွက် သူပေါ် လာရင်၊ သေမျိုး အဆင့် ထိပ်ဆုံး ဆယ်ယောက်က၊ ချက်ချင်း ဝိုင်းတိုက် လိမ့်မယ်၊ ဒါကြောင့် ဓားသင်္ချိုင်းဂူ ထဲကို ဝင်ဖို့၊ တစ်နေ ရာရာမှာ ပုန်းအောင်း စောင့်ဆိုင်း နေရမယ်လို့၊ ငါ ထင်မိတယ်။”

ဂူဘီရွှမ်က လင်းယွန်နှင့် ပတ်သတ်သော သူ့အမြင်ကို ထုတ်ပြော လိုက်၏။

လင်းယွန်က လင်းယွန် အကြောင်းကို ဆက်မပြော လိုတော့ဘဲ၊ ဓားရေကန်အား လှမ်း ကြည့်ကာ၊

“ဒီမှာ လူ တော်တော် များတယ်…”

ဟု ဆိုလိုက်သည်။

မြူများ အတွင်းရှိ အားကောင်းသည့် အရိပ် အယောင် များစွာကို ခံစား လိုက်ရပြီး၊ ရှားဖန်ထက် သန်မာသူ အများ အပြားလည်း ရှိနေသည်။

ရုတ်တရက် လင်းကျူရှန်က အတောက်ပဆုံး အပြုံးဖြင့်၊

"အစ်ကို ဇောင်၊ ဟိုမှာကြည့်.... "

ဟု ညွှန်ပြ လာ၏။

လင်းယွန်က သူမ လမ်းကြောင်း အတိုင်း လှမ်းကြည့် လိုက်ရာ၊ ဓားရောင်ခြည် ခုနစ်သွယ်ကို မျှော်ကြည့် နေသော လူတစ်စုကို တွေ့လိုက် ရသည်။

ထိုလူစုကို ဦးဆောင် သူမှာ ခရမ်းရောင် ၀တ်စုံကို ဝတ်ဆင် ထားလျက်၊ သန်မာသော ခန္ဓာကိုယ်အား၊ ပိုင်ဆိုင် ထားသည့် လူငယ် တစ်ယောက် ဖြစ်၏။

“ အဲ့ဒါက 'ခရမ်းတိမ်' မဟာမိတ် အဖွဲ့ရဲ့ နီတန်ပဲ၊ သူရဲ့ အဆင့် သတ်မှတ် ချက်က နှစ်ဆယ့်သုံးမှာ၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ထဲက၊ နက်နဲ ပဉ္စမ အဆင့်ကို ရောက်ထားပြီး နေပြီ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ သည်လူ၌ အထင်ကြီး လောက်စရာ၊ အရည် အချင်းများ ရှိသော်လည်း၊ သူနှင့် မဆိုင်ချေ။

“ မြောက်ဘက်မှာ ရှိတဲ့ တစ်ယောက်က ... ဟန်ဖန်း၊ သေမျိုး အဆင့် (၂၆) ပဲ၊ သူက ကြမ်းတမ်းတဲ့ စရိုက် ရှိတယ်။ ''

လင်းကျူရှန်က မိတ်ဆက် ပေးခဲ့သည်။ ထို့နောက် သူမက တောင်ဘက်သို့ မျက်နှာ မူလိုက်ကာ၊

“ သူကတော့ 'အသူရာ' မဟာမိတ် အဖွဲ့က ဂူယွမ်ဖေး၊ အဆင့် (၁၉)၊ လက်ရှိ အချိန်ထိတော့ ဒီနေရာမှာ အသန်မာ ဆုံးပဲ၊ သူ တစ်ယောက်တည်း ရှိနေတာ ကံကောင်းတယ်။ ”

“ အသူရာ မဟာမိတ် အဖွဲ့က မဟာမိတ်ပြည်ထောင်စု တိုက်ပွဲကို လူလေးဦးပဲ၊ စေလွှတ် ခဲ့တယ်၊ သူတို့ လေးယောက် လုံးက မတူညီတဲ့၊ 'ဓား ဧကရာဇ် ဆေးပင်' တွေရဲ့ လမ်းကြောင်း လေးခုဆီ၊ ပို့လွှတ် ခံထား ရတယ်။ ”

ဟု ဂူဘီရွှမ်က ဝင်ရောက် ရှင်းပြ လိုက်သည်။

သူတို့ စကားစမြည် ပြောနေ ကြစဉ်၊ ဂူယွမ်ဖေးက သူ့ အကြည့်ကို လူအုပ် အပေါ် ဝေ့ဝဲလိုက်၏။ စူးရှသော မျက်ဝန်း များကြောင့်၊ အကြည့်ခံ ရသည့် လူတိုင်း၏ နှလုံးသားကို တင်းကြပ် သွားစေသည်။

ဤနေရာ၌ လူ သုံးဆယ်ခန့် ရှိပြီး၊ မည်သူမျှ သူ့ အကြည့်ဖြင့် ရင်မဆိုင်ရဲ ကြချေ။ ဂူယွမ်ဖေးက မလှမ်း မကမ်းရှိ လင်းကျူရှန်တို့ အဖွဲ့ကို တစ်ချက်သာ လှမ်းကြည့် သွားသည်။

ဂူယွမ်ဖေး အကြည့်များ ပြန်လှည့် သွားသည်နှင့်၊ လင်းကျူရှန်က သူ့ စကားကို ပြန်ဆက် လိုက်၏။

“ လောလောဆယ် ငါသိထား တာတော့ သူတို့တွေပဲ၊ လူအုပ် ထဲမှာ ပုန်းအောင်း နေတဲ့၊ သူတွေလည်း အများကြီး ရှိနေ သေးတယ်။ ”

မုန်တိုင်း မတိုက်ခင် ငြိမ်သက် နေခဲ့သည်။ အကယ်၍သာ တိုက်ပွဲ တစ်ပွဲ စတင် လာမည် ဆိုပါက၊ ကြီးမားသော တိုက်ပွဲ အဖြစ်သို့၊ချက်ချင်း ရောက်ရှိ သွားနိုင်မည်။

မည်သူ မဆို ဓားဧကရာဇ် ဆေးပင်ကို ရရှိရန် လွယ်ကူမည် မဟုတ်ပေ။

လင်းကျူရှန်က ရေကန်၏ အလယ် ဗဟိုကို လှမ်းကြည့် လိုက်ပြီး၊

“ ဓားဧကရာဇ် ဆေးပင် ဖွားမြင်တဲ့ အခါ၊ရောင်စင် သုံးသွယ် ဆင်းသက် လာလိမ့် မယ်လို့ ကြားဖူး ထားတယ်၊ ဒါကြောင့် ဓားဧကရာဇ် ဆေးပင်ကို မရနိုင် ရင်တောင် ...၊ မြင့်မြတ်တဲ့ ရောင်စင် တွေနဲ့ ထိတွေ့ခွင့် ရတာ ကိုက ကောင်းမွန်တဲ့ ကံပဲ မဟုတ်လား။ ”

ဓားရေကန် အလယ် ဗဟိုမှ ထွက်လာသည့်၊ ထက်ရှသော ဓား တစ်လက်ကို လင်းယွန်က စိုက်ကြည့် လိုက်သည်။

( ဘယ်လောက်တောင် သန့်စင် လိုက်တဲ့၊ ဓား ရည်ရွယ်ချက်လဲ။ )

" အစ်ကို ဇောင် ဟိုမှာ ကြည့်။ "

လင်းယန်က ညွှန်ပြ လိုက်သည်။ လင်းယွန်က လှည့်ကြည့် လိုက်ရာ၊ ရှားဖန်နှင့် ဝေဟန်ဆောင်းတို့ ချဉ်းကပ်လာ သည်ကို တွေ့လိုက် ရသည်။

သူတို့ တစ်ကိုယ် လုံးတွင် သွေးများ ရွဲနစ်နေ ခဲ့ပြီး၊ လမ်းခရီး၌ မချောမွေ့ ခဲ့သည်ကို ပြောနိုင်သည်။

နှစ်ယောက်သား လင်းယွန်ကို မျက်လုံးများမှေးစင်းလျက် အေးစက်သော အကြည့်များဖြင့် ပြန်ကြည့် လာကြ၏။

“ သူတို့ကို လျစ်လျူရှု ထား လိုက်ပါ။ ”

လင်းယွန်က ရယ်မော လိုက်သည်။ သူတို့အား အနှောက် အယှက် ပေးမည် မဟုတ် သော်လည်း၊ ၎င်းတို့ နှစ်ဦးမှာ သေမင်းကို ဖိတ်ခေါ် လိုပါက၊ အပြစ် မတင် နိုင်ပေ။

ဖြာထွက်နေသော ဓား ရည်ရွယ်ချက် ကြောင့်၊ ကန်လယ်ရှိ ရေ မျက်နှာပြင် တစ်လျှောက်၊ လှိုင်းထ လာချိန် မှာပင်၊ ကျင့်ကြံ သူများ ထပ်မံ ရောက်ရှိ လာသည်။

လေထု သည်လည်း ပိုမို တင်းကြပ် လာ၏။ လူတိုင်းက သဘာဝ ကောင်းချီး ပေးလာမည့် အချိန်ကို စောင့်မျှော် နေခဲ့ ကြလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား ပြီးနောက်၊ မီးခိုးရောင် အဆိပ်မြူများ လုံးလုံး လျားလျား ပျောက်ကွယ် သွားကုန်၏။

ရုတ်တရက် ကန်ရေပြင်မှာ တုန်ခါ လာပြီး၊ လှိုင်းခုံး များဖြင့်၊ မျောပါ လာသော ဓား ရည်ရွယ်ချက်များ နှင့်အတူ၊ ဝိညာဉ် စွမ်းအင်ကို ခံစား လိုက်ရ သည်ကြောင့်၊ လူအုပ်ကြီး၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။

အဖိုးတန် ဓားတစ်လက် မြေပြင်မှ လွတ်ထွက် တော့မည်ဟု ခံစားလိုက် ရပြီး၊ လူတိုင်း၏ လက်နက်များ တုန်ခါ လာ၏။ ဓားသေတ္တာထဲက ပန်းသင်္ချိုင်းဓား ပင်လျှင်၊ သူ့ ဆန္ဒ များကို ပြသသည့် အနေဖြင့်၊ တုန်ယင်လာ ခဲ့သည်။

" ဓား ဧကရာဇ် ဆေးပင် မွေးဖွား တော့မယ်။ "

ထိုအခိုက် အတန့်ကို စောင့်မျှော် နေသော လူအုပ်ကြီးမှာ အသက် အောင့်ထားမိ ကြသည်။

ရုတ်တရက် ဆီနှင်းများ ကဲ့သို့ ကောင်းကင်မှ ရောင်စင် သုံးသွယ် ဆင်းသက် လာချိန် မှာပင်၊ တုန်ယင် လာသော ဓားသံများ ဆူညံလာ လေသည်။

***

All Chapters