← Chapters

ရှုပ်ထွေးသော တိုက်ပွဲ

Vol. 21 Ch. 290

ရှုပ်ထွေးသော တိုက်ပွဲ

Vol. 21 Ch. 290

ရုတ်တရက် ဆီနှင်းများ ကဲ့သို့ ကောင်းကင်မှ ရောင်စင် သုံးသွယ် ဆင်းသက် လာချိန် မှာပင်၊ တုန်ယင် လာသော ဓားသံများ ဆူညံလာ လေသည်။

ရောင်စင် သုံးသွယ် ဖြာဆင်း လာသော သဘာဝ ကောင်းချီး မှသည်၊ အံ့မခန်း အလှတရားများကို ထင်ရှားစွာ တွေ့မြင် ရသည်။

စင်မြင့်ပေါ်ရှိ တပည့် များနှင့်၊ အကြီးအကဲ များက တိုက်ပွဲ စတင် နေပြီကို၊ သိလိုက် ရသောကြောင့်၊ အသက်ရှူ ကြပ်သွား ကြသည်။

သိပ်မကြာခင်မှာပင်၊ ဓားဧကရာဇ် ဆေးပင်ကို ရိတ်သိမ်း နိုင်မည့်၊ သူများ ထွက်ပေါ် လာပေ တော့မည်။

“ နောက်ဆုံးတော့ တိုက်ပွဲ စနေပြီ၊ သာမာန် အချိန်တွေ မှာဆို နတ်ဆိုး သားရဲ တွေပဲ ရှိတာကြောင့်၊ တိုက်ပွဲက ဘယ်လောက် အထိ၊ ရက်စက် ကြမ်းကြုတ် နိုင်မလဲ ဆိုတာ၊ စိတ်ကူး မယဉ် နိုင်ဘူး။ ”

“ နတ်ဆိုး သားရဲ တွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်း ပုံတွေနဲ့ ယှဉ်ရင်၊ လူသား ကျင့်ကြံ သူတွေက အများကြီး အားနည်းတယ်၊ ဓားဧကရာဇ် ဆေးပင် ကနေ၊ ထွက်လာတဲ့ ဓား ရည်ရွယ်ချက်ကို၊ သူတို့ ခုခံနိုင်ပါ့ မလားလို့၊ ငါ စိုးရိမ် မိပါတယ်။ "

“ ဟုတ်တယ် ဂရု မစိုက်ရင် ဒဏ်ရာတွေ ဖုံးလွှမ်းသွား လိမ့်မယ်။ ”

" ဘယ်သူက ထူးထူး ခြားခြား စွမ်းဆောင် နိုင်မယ် ထင်လဲ။ "

" အဲဒါက ရှင်းပါတယ်၊ ချူဟောင်းယူ ပဲပေါ့၊ သဘာဝ အတိုင်း ပထမ နေရာကို ရယူ သွားလိမ့်မယ်၊ သေမျိုး ပထမ အဆင့်ကို ဘယ်သူက ယှဉ်နိုင် မှာလဲ။ ”

ဘိုင်တင်းက ပြုံးကာ၊ လျိုဖန်းအား လှောင်ပြောင်သော မျက်ဝန်း များဖြင့်၊ လှည့်ကြည့် လိုက်သည်။

“အကြီးအကဲ လျိုဖန်း၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁,၀၀၀)က၊ နည်ပါးတဲ့ ပမာဏ မဟုတ်ဘူး၊ မင်း အခု အချိန်မှာ နောက်ဆုတ် နိုင်ပါတယ်။"

" မှန်တယ်... ၊ ဘာလို့ ခေါင်းမာ နေရ တာလဲ အကြီးအကဲလျို၊ ကံကြမ္မာကို ထည့်တွက် နိုင်ပေမယ့်၊ ခွန်အား အပေါ် မှာလည်း၊ မူတည် နေပါ သေးတယ်။ ”

“ ချူဟောင်းယူမှာ အကောင်း ဆုံးသော အခွင့် အရေးတွေ ရှိတယ်၊ သူ မဟုတ် ရင်တောင်၊ ယီရှု ဒါမှ မဟုတ်၊ ဂျင်းဖိန်ပဲ ဖြစ်ရမယ်၊ ဓားဧကရာဇ် ဆေးပင်ရဲ့ တိုက်ပွဲက ရက်စက် ကြမ်းကြုတ် လွန်းတယ်၊ ဘာလှည့်ကွက် ကိုမှ သုံးလို့ မရနိုင်ဘူး။ ”

" အကြီးအကဲ လျိုဖန်း၊ ပေါ်မလာ ရဲတဲ့ သူအပေါ်၊ မင်းဘာလို့ မျှော်လင့်ချက် ထားနေ ရတာလဲ။ "

ဘိုင်တင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည့်၊ အကြီးအကဲများ အားလုံးက ပြုံးရွှင်စွာ ဆိုလာ ကြသည်။

“ မင်းတို့ တွေက တော်တော်ကို ယုံကြည်မှု ရှိနေပုံ ရတယ်၊ ဒီလောက် ယုံကြည်ချက် ရှိနေမှတော့၊ ငါတို့က ဘာလို့ အလောင်း အစား မလုပ် ရတာလဲ။ ”

လျိုဖန်းက ပြုံးလျက် ပြန်ဖြေ လိုက်သည်။

နောက်ပြန် ဆုတ်သွားမည့် အရိပ် အယောင်များ၊ လျိုဖန်းက မပြသခဲ့ သည်ကြောင့်၊ ဘိုင်တင်းနှင့် အဖွဲ့မှာ အနည်းငယ် ဒေါသ ထွက်လာ ကြသည်။

" ဒါဆိုလည်း ဆက်သွား ကြတာပေါ့၊ ပထမဆုံး ဓားဧကရာဇ် ဆေးပင် ရဖို့ အတွက်၊ ချူဟောင်းယူနဲ့ ၊ ဒုတိယတန်းစား ဝိညာဉ်ကျောက်စိမ်း (၅၀၀) တင်မယ်။”

“ ဟီး ဟီး၊ အကြီးအကဲ လျိုဖန်းက ငါတို့ကို ဝိညာဉ် ကျောက်စိမ်းတွေ အခမဲ့ ပေးချင် နေတာပဲ၊ လက်လွတ် ခံလို့ ဘယ်ရ မလဲ၊ ငါ ယီရှု အတွက် လောင်းကြေး ထပ် လိုက်မယ်၊ ဒုတိယ တန်းစား ဝိညာဉ် ကျောက်စိမ်း (၈၀၀)။ ”

" ငါက ဂျင်းဖိန်ကို လောင်းကြေးထပ် မယ်။ ”

အကြီးအကဲများ အားလုံးက ကစားပွဲ ပေါ်အာရုံ ရောက်လာ ကြသည်ကြောင့်၊ အကြီးအကဲ ဘိုင်တင်းက လှောင်ပြုံးဖြင့်၊

“ အဟိုး ...လူအိုကြီးလျို နောက်မှ မင်း ပြုံးနိုင် ဦးမလား ကြည့်ရ သေးတာပေါ့၊ အခု ကစားပွဲက ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅၀၀၀) လောက် ဖြစ်နေပြီ။ ”

ဘိုင်တင်း၏ စကားများက ဗုံးတစ်လုံး ကဲ့သို့၊ ရုတ်တရက် ပေါက်ကွဲ သွား၏။ ကစား လောင်းကြေးသည်၊ တပည့် အားလုံးကို ထိတ်လန့် သွားစေ လောက်သော၊ ပမာဏ တစ်ခုသို့၊ ရောက်ရှိ သွား ခဲ့သည်။

လင်းယွန်သည် အသက်နှင့် သေခြင်း အတွက်မစ်ရှင်များ ဆောင်ရွက် ရာတွင်ပင်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၂၀၀)သာ၊ ရရှိခဲ့သည်၊ ယခုမူ အကြီးအကဲများ ကြား၊ ကစား ပွဲမှာ ဝိညာဉ် ကျောက်စိမ်း ( ၅၀၀၀) အထိ ရှိလာခဲ့သည်။

သို့သော် ၎င်းတို့မှာ အကြီး အကဲများ ဖြစ်ပေရာ၊ တပည့် များမှ နှိုင်းယှဥ် နိုင်သော သူများ မဟုတ်ပေ။

ရတနာ တောင်ကုန်း မဟာမိတ် အဖွဲ့ဝင် တိုင်းက၊ အကြီးအကဲ များ၏ လောင်းကြေး များကြောင့် ထိတ်လန့် သွား ကြသည်။

မိုချန်က ပြုံးပြီး၊

“ ဒီမှာ စီနီယာ အစ်မ ရှင်းယန်ရဲ့ ပထမတန်း ဝိညာဉ် ကျောက်စိမ်း (၅၀၀၀)ကို ရူးသွပ် နေပြီလို့ ထင်ထား ခဲ့တာ၊ အကြီးအကဲ တွေရဲ့ လောင်းကြေး ကြားမှပဲ .....။ ”

“ အကြီးအကဲ လျိုဖန်းက ငါတို့နဲ့ တူညီတဲ့အမြင်ကို မျှဝေထား ပုံပါပဲ၊ သူက ဂျူနီယာမောင်လေး အပေါ် ယုံကြည်မှု ရှိနေတယ်”

ဟု ရှင်းယန်က ပြုံးကာ၊ ဆိုလိုက်သည်။

လူတိုင်းက သက်ပြင်း မောကို ချလိုက် ကြပြီး၊ ပြုံးလျက်၊ စကား မဆိုကြ တော့ပေ။

အခြား တစ်ဖက်တွင်၊ ဝမ်ယန်နှင့် အထက်တန်းစား ပြည်နယ်မှ အဖွဲ့ဝင် တိုင်းက ဓားသင်္ချိုင်း တောင်ကုန်ထံ၊ ယုံကြည်မှု အပြည့်ဖြင့် ကြည့်ရှု နေခဲ့ ကြသည်။

ပြိုင်ပွဲ စသည့် အချိန်မှ စလို့၊ လင်းယွန်က အရိပ် အယောင် မျှပင်၊ ထွက်ပေါ် လာခြင်း၊ မခဲ့ရှိ လေရာ၊ ရှင်းယန်၏ ယုံကြည်မှုမှာ မည်သည့် နေရာမှ၊ ရရှိ သွားမှန်း သူတို့ မသိခဲ့ ကြချေ။

“ စီနီယာ အစ်ကို ဝမ်၊ ရှင်းယန် ကတော့ လက်မလျှော့ သေးဘူး၊ လင်းယွန် ပေါ်လာ မယ်လို့ တကယ်ပဲ ထင်နေ ကြတယ်။ ''

“ လူမိုက် တွေ၊ လင်းယွန်ကို ဘယ်လို ပစ်မှတ် ထားခဲလဲ ဆိုတာ၊ သူတို့ မသိကြဘူး။”

“ ဓားဧကရာဇ် ဆေးပင် နောက်ကို လိုက်သွား ပါစေလို့၊ မျှော်လင့် မိတယ်၊ မဟုတ်ရင် ကစားပွဲက အဓိပ္ပါယ် မရှိ တော့ဘူး”

ဟု ဝမ်ယန်က လှောင်ပြောင် ရေရွတ် လိုက်သည်။

လျိုဖန်းနှင့် ဘိုင်တင်းတို့ ကြားက ကစား ပွဲသည်၊ စင်မြင့် ပေါ်ရှိ လေထုကို အဆင့်သစ် တစ်ခုသို့၊ ယူဆောင် လာ ခဲ့သည်။

ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို မည်သူ ရရှိ နိုင်မည်ကို လူတိုင်းက မှန်းဆ လာကြ၏။

သံသယ ဖြစ်စရာ မရှိဘဲ၊ ဝိညာဉ် ကျောက်စိမ်း များ၏ (၇၀%) မှာ၊ ချူဟောင်းယူ အပေါ်တွင် ရှိနေ ခဲ့ပြီး၊ ယီရှုနှင့် ဂျင်းဖန်မှာ ဒုတိယ နေရာက လိုက်ပေသည်။

လင်းယွန် အတွက်မူ မည်သူမျှ၊ သူ့ ခွန်အား အပေါ် သံသယ မ၀င်မိ ကြဘဲ၊ ပြိုင်ဆိုင်ရန် ခွန်အား ရှိကြောင်း၊ အသိအမှတ် ပြုထားမိ သော်လည်း၊ ထိပ်တန်း ဆယ်ယောက်ကို စော်ကား ပြီးနောက်၊ ပထမ အချီ၌ ထွက်ပေါ်လာ ရဲမည် မဟုတ်ဟု၊ ယူဆ ထားမိ ကြသည်။

ပုန်းအောင်း နေရာမှ အမှန်တကယ် ထွက်ပေါ်လာ ရဲပါက၊ ထိပ်တန်း ဆယ်ယောက်၏၊ ဝိုင်းဖွဲ့ တိုက်ခိုက် ခြင်းကို၊ ခံရ ပေမည်။

လူတော်တော် များများက သက်ပြင်းချ လိုက်ကြသည်။ ဤသည်မှာ ဂုဏ်သတင်း မြင့်မား လွန်းခြင်း၏ အကျိုးဆက် ပေပင်။

အကယ်၍ (A) အဆင့်၊ မစ်ရှင် လေးခုကို အတင်း အဓမ္မ မယူ ခဲ့ပါက၊ ထိပ်တန်း ဆယ်ယောက်ကို စော်ကား ခဲ့ခြင်း မမည်ရာ၊ လိပ်တစ်ကောင် ကဲ့သို့ ယခု အချိန်၌ ပုန်းနေရန် မလို အပ်လှပေ။

ဓားရေကန် အနီးတွင် လင်းကျူရှင်နှင့် အဖွဲ့ဝင်များက 'သဘာဝ ကောင်းချီး' ကို၊ စိတ် လှုပ်ရှားစွာ ကြည့်နေ ကြသည်။

ထွက်ပေါ် လာသော အလင်းများက၊ ရေကန် အလယ်ရှိ ကျွန်းငယ်လေး တစ်ခု လုံးအား တုန်လှုပ်သွား စေ၏။

ရုတ်တရက် ကျွန်းငယ်လေး၏ မြေပြင်မှာ ပင့်ကူ မျှဉ်များ ကဲ့သို့၊ အက်ကြောင်းများ ပြန့်ကျဲ လာသည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော လေဟာနယ် လှိုင်းတွန့် များနှင့် အတူ၊ ကျောက်ဖြူရောင် အဆင်းဖြင့်၊ အပင် တစ်ပင်က၊ မြေ မျက်နှာ ပြင်မှ တိုးထွက် လာလေသည်။

ထိုအပင် ထွက်ပေါ် လာချိန်၌၊ လူတိုင်း၏ ဓား ရည်ရွယ်ချက် များ၊ ရုတ်တရက် ပွက်ပွက် ဆူလာ၏။

အမြင့် တစ်မီတာ ခွဲခန့် ရှိသော၊ ဆေးပင်လေး တစ်ပင်သာ ဖြစ် သော်လည်း၊ အရာ အားလုံးကို အုပ်မိုး ထားသော ဓားတစ်လက် ကဲ့သို့၊ ခံစားလာ မိစေသည်။

“ အဲဒါ ဓားဧကရာဇ် ဆေးပင်လား”

မေးမြန်းသံ နှင့်အတူ လင်းယွန်က စူစမ်းလိုသော အကြည့်ဖြင့်၊ ဓားဧကရာဇ် ဆေးပင်ကို ကြည့် လိုက်၏။

သူတင် မက၊ ပတ်ဝန်းကျင်ရှိ သိုင်းသမားများ သည်လည်း မျက်တောင် မခတ် စိုက်ကြည့်လာ ကြသည်။ ကျောက်ဖြူရောင် အပင်ငယ် လေးသည် ဤကမ္ဘာနှင့် မသက်ဆိုင်သော တစ်စုံတစ်ရာ ကဲ့သို့၊ မြင့်မြတ် ခမ်းနားလွန်း ပေသည်။

အပင်ကို တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ လူတိုင်း၏ ခန္ဓာကိုယ် ထဲရှိ၊ ဓား ရည်ရွယ်ချက် များကို ထိန်းချုပ်ရ ခက်ခဲ သွားစေ ခဲ့သည်။ အခြားသော ကျင့်ကြံ သူများ အတွက်မူ ပြင်းထန်သော တုံ့ပြန်မှု မျိုး ရှိလာမည် မဟုတ်ပေ။

သို့သော် ဓား ရည်ရွယ်ချက်ကို နားလည် ထားသော ကျင့်ကြံသူ များမှာမူ၊ 'ဓား ဧကရာဇ် ဆေးပင်' ထံမှ၊ ဆာလောင် မှုကို ခံနိုင်ရည် မရှိတော့ ဟန်ဖြင့်၊ နာကျင်လာ ကြသည်။

ရပ်ကြည့်နေသော လူအုပ်ကြီးရှိ မည်သူမျှ မလှုပ်ရှား ရဲသေးချေ။

လင်းယွန် သည်လည်း သူ၏ မျက်နှာဖုံးအောက်မှ ငြိမ်သက်စွာ ကြည့်နေ မိ၏။

ရေလယ်ကျွန်းသည် မြင်နေရ သလောက်၊ ငြိမ်သက်ပုံ မပေါ်ကြောင်း၊ သူ သိသည်၊ လှိုင်းထ နေသော၊ ဓား ရည်ရွယ်ချက်မှာ၊ ထိုမျှ မရိုးရှင်းနိုင်။

ဂူယွမ်ဖေး ကဲ့သို့သော သန်မာ သူများ ပင်လျှင်၊ ရူးသွပ်စွာ မပြုမူ ဝံ့ချေ။

လူသားကျင့်ကြံသူတိုင်း တွေဝေနေ ချိန်မှာပင်၊ နတ်ဆိုး သားရဲ များ၏ ဟောက်သံများ ဆက်တိုက် ထွက်ပေါ် လာ၏။

ဆဋ္ဌမအဆင့် နတ်ဆိုးသားရဲ အချို့နှင့် တွေ့ဆုံ ကြသူ များမှာ၊ ကံကောင်း နိုင်ခြင်း၊ မရှိ ကြချေ။ ထိုနတ်ဆိုး သားရဲ များမှာ၊ ၎င်းတို့အား သတ်၍ ကျွန်းပေါ်သို့ ဦးတည် ဆင်းသက် လာကြခြင်း ဖြစ်သည်။

ကျွန်းပေါ်သို့ သားရဲ အုပ်ကြီး ဆင်းသက် လိုက်သော အခါတွင်၊ ကြီးမားသည့် စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက၊ နတ်ဆိုး သားရဲ များအား၊ တွန်းထုတ် လိုက်၏။

သို့သော် ငြားလည်း၊ နတ်ဆိုး သားရဲ များသည် ဓားဧကရာဇ် ဆေးပင် ထံသို့၊ ချဉ်းကပ်ရန် ကြိုးစား နေကြဆဲ ဖြစ်သည်။

နတ်ဆိုး သားရဲ များစွာ ရုတ်တရက် ထွက်ပေါ်လာ ခြင်းကြောင့်၊ မဟာမိတ် အဖွဲ့ အသီးသီးရှိ၊ ခေါင်းဆောင် များ၏ အမူအယာ များအား၊ ပြောင်လဲ သွား စေသည်။

ထိုသားရဲ များက၊ ကျင့်ကြံသူ များထက်၊ ကြံ့ခိုင်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထား ပေ၏။

“ ဒီနတ်ဆိုးတွေ ဘယ်လောက် တောင်၊ အစွမ်း ထက်တယ် ဆိုတာ၊ မင်းတို့ မြင်ပြီ မဟုတ်လား၊ ငါတို့ ထဲက ဘယ်သူ မဆို၊ သူတို့ ထဲကို တစ်ယောက်တည်း သွားနိုင်တဲ့ နည်းလမ်း မရှိပါဘူး၊ ငါတို့ အချင်းချင်းသာ တိုက်နေရင်၊ ဓားဧကရာဇ် ဆေးပင်က သူတို့ လက်ထဲ ရောက်သွား လိမ့်မယ်၊ ဒါကြောင့် သူတို့ကို အရင် ဖယ်ရှားဖို့ အားလုံး လက်တွဲ ကြရအောင်၊ ''

ဂူယွမ်ဖေးက သူ့ရှေ့က မြင်ကွင်း ကြောင့်၊ အံ့အားသင့် သွားကာ၊ ရုတ်တရက် ပြုံးပြီး ဆိုလိုက်၏။

သန်မာလှ သော်လည်း နောက်ဆုံးတွင်၊ ဂူယွမ်ဖေးမှာ တစ်ယောက်တည်း ဖြစ်လေသည်။ ဤနတ်ဆိုး သားရဲ များ၏ အရေ အတွက် အရ၊ သူ့ သည်ပင် ဒုက္ခ ဖြစ်နိုင်မည်။

“ ငါလည်း သဘောတူတယ်၊ ဘာပဲ ဖြစ်ဖြစ် ဒီသားရဲ ကောင်တွေက ဓားဧကရာဇ် ဆေးပင်ကို ရယူ သွားဖို့ကို ခွင့်မပြု နိုင်ပါဘူး။ ”

ဟု နီတန်က သူ့အမြင်ကို ထုတ်ဖော် လိုက်သည်။

" ဟဲဟဲ၊ အစ်ကိုဝေနဲ့ ငါက အစ်ကိုနီ ပြောပြီး သားမို့ သဘော မတူစရာ မရှိပါဘူး"

ရှားဖန် နှင့် ဝေဟန်ဆောင်း တို့က အကြည့်ချင်း ဖလှယ် လိုက်ပြီးနောက်၊ သဘော တူ လိုက် ကြသည်။

ဓားဧကရာဇ် ဆေးပင်ကို မရ ယူမီ၊ နတ်ဆိုး သားရဲ များကို ဖယ်ရှား ရန်မှာ၊ ၎င်းတို့ အတွက် ကောင်းမွန်သော အကြံပင် ဖြစ်သည်။

မည်သို့ပင် ဆိုစေ ကာမူ သူတို့ နှစ်ယောက်ပေါင်း ခွန်အား အရ၊ ဂူယွမ်ဖေးကို ရင်ဆိုင်ရ လျှင်ပင်၊ စိုးရွံ့စရာ မရှိချေ။

ဟန်ဖန်းက၊ “ ငါလည်း ဆန့်ကျင်စရာ မရှိပါဘူး၊ '' ဟု ဆိုလာ၏။

လင်းကျူရှန်၏ အဖွဲ့မှ လွဲ၍၊ ပတ်ဝန်းကျင်ရှိ မဟာမိတ် အဖွဲ့များ အသီးသီးက၊ အကြံပြုချက်ကို သဘောတူခဲ့ ကြသည်။

"အစ်ကိုဇောင်၊ မင်းဘယ်လို ထင်လဲ"

လင်းကျူရှန်က လင်းယွန်ကို လှည့်မေး လာ၏။

လင်းယွင်က မျက်နှာဖုံး အောက်တွင် ကောက်ကျစ်သော အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်သည်။

ဤ ဂူယွမ်ဖေးသည် နတ်ဆိုး သားရဲ များကို အသုံး ပြု၍၊ မဟာမိတ် အဖွဲ့ဝင် တိုင်းအား၊ အားနည်း သွားစေရန် ရည်ရွယ် နေ၏။

ဓားဧကရာဇ် ဆေးပင်ကို သူ့အတွက်၊ အပိုင် မှတ်ယူထား လေပြီ။

“ အဆင်ပြေ ပါတယ်၊ လောလောဆယ် တော့ သူနဲ့ သဘောတူ ထားလိုက်၊ ဒီ နတ်ဆိုး သားရဲတွေက တကယ်လည်း၊ ငါတို့ လမ်းမှာ ပိတ်နေ ကြတာပဲ။ ”

'' အပြာရောင် မှော် အလင်းစု မဟာမိတ် အဖွဲ့ကလည်း သဘောတူ ပါတယ်”

ဟု လင်းကျူရှန်က အော်ဟစ် သဘောတူ လိုက်၏။

" ဒါဆို စလိုက် ကြရအောင်။ "

ဂူယွမ်ဖေးက လောဆော် လိုက်သည်။

သူ့နှလုံးသား ထဲတွင် လှောင်ရယ် လိုက်ပြီး၊ နောက်ကျော၌ သိုင်းလွယ် ထားသော ဓားရှည်ကို ဆွဲထုတ်လျက်၊ နတ်ဆိုး သားရဲများ ဆီသို့၊ ညွှန်ပြ လိုက်သည်။

အနက်ရောင် ဓားမီးတောက် တစ်စ ပြေးထွက် သွားပြီး၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲ တစ်ကောင်ကို ထိမှန် သွားကာ၊ နှစ်ပိုင်း ကွဲသွား စေခဲ့၏။

" ဒီဓား နည်းစနစ်က နည်းနည်းတော့ ကြောက်စရာ ကောင်းပုံ ရတယ်။ "

လင်းယွန်က သူ့ အကြည့်ကို အာရုံ စိုက်ပြီး၊ ဂူယွမ်ဖေး၏ ဓားနည်းစနစ် အပေါ် သုံးသပ် လိုက်၏။ ၎င်း ဓား နည်းစနစ်သည် ကျား-နဂါး လက်သီး ကဲ့သို့ ကြမ်းကြုတ် ပုံရသည်။

ပစ်မှတ်ထား ခံရသူ၊ မည်သူ မဆို တူညီသော ကျင့်ကြံမှု အဆင့်၌ ရှိပါက၊ ကန့်သတ်ခံ ရပေမည်။

ဂူယွမ်ဖေး၏ တိုက်ခိုက်မှုသည် ရေလယ် ကျွန်းပေါ်၌၊ တိုက်ပွဲ များ၏ အစကို ပျိုးပေး လိုက်ခြင်း၊ ဖြစ်ပေ၏။

“ စလိုက် ကြရအောင်၊ ဒါပေမယ့် သတိတော့ ထားပါ၊ ကျွန်းပေါ်မှာ ရှိတဲ့ ဓား ရည်ရွယ်ချက်က ကြောက်စရာ ကောင်းလွန်းတယ်။ ”

ဟု လင်းကျူရှန်က လူတိုင်းအား သတိ ပေးလာ ခဲ့သည်။

သူမ၏ မျက်လုံး များကို မှေးစင်းလျက်၊ ကျွန်းဆီ မျှော်ကြည့် လိုက်၏၊ ယခု အချိန်၌ စတင်ခြင်း မပြုပါက၊ အပြစ်တင် ခံရ မည်ကို သူမ သိသည်။

“ အစ်ကိုဇောင်၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း နဲ့ဆို၊ မင်းက ဓားဧကရာဇ် ဆေးပင်ကို ဖမ်းဆုပ်ဖို့ အခွင့် အရေး ရှိလာ မှာပါ။ ''

ဟု ဂူဘီရွှမ်က တိုးဖွဖွ ဆိုလိုက်သည်။

" ငါတို့ အစီအတိုင်း သွားရအောင်။ "

လင်းယွန် ပြန်လည် ငြိမ်သက် သွားတော့သည်။ ရှုပ်ထွေးသော တိုက်ပွဲ များတွင်၊ လူတိုင်းက အချင်းချင်း တိုက်ခိုက်ရန် ကြံစည် ကြ မည်ကို၊ သူ သိထားပြီး၊ နတ်ဆိုး သားရဲ များကို၊ မည်သူမျှ မိုက်မဲစွာ တိုက်ခိုက်မည် မဟုတ်ကြောင်း သူသိသည်။

ကစားပွဲကား... ယခု စတင် လေပြီ။

***

All Chapters