အဲဒါ မဖြစ်နိုင်ဘူး။
Vol. 21 Ch. 291
“သွား ရအောင်၊ ဒါပေမယ့် သတိတော့ ထားပါ၊ ကျွန်းပေါ်မှာ ရှိတဲ့ ဓား ရည်ရွယ်ချက်က ကြောက်စရာ ကောင်းလွန်းတယ်။ ”
လင်းကျူရှန်က လူတိုင်းအား သတိ ပေးလာ ခဲ့သည်။ သူမ၏ မျက်လုံး များကို မှေးစင်းလျက်၊ ကျွန်းဆီသို့ မျှော်ကြည့် လိုက်၏။
လင်းယွန်က ရေလယ်ကျွန်းအား ငြိမ်သက်စွာ စိုက်ကြည့်နေ ခဲ့သည်။
ရှုပ်ထွေးသော တိုက်ပွဲ များတွင်၊ လူတိုင်းက အချင်းချင်း တိုက်ခိုက်ရန် ကြံစည် ကြ မည်ကို၊ သူ သိထားပြီး၊ နတ်ဆိုး သားရဲ များကို၊ မည်သူမျှ မိုက်မဲစွာ တိုက်ခိုက်မည် မဟုတ်ပေ။
" ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားရည်ရွယ်ချက် ကြီးလဲ။ "
လင်းယွန်က ကျွန်းပေါ်သို့၊ ခုန်တက် ခြေချ လိုက်သည်နှင့်၊ လေထုထဲရှိ ဓား ရည်ရွယ်ချက်မှာ မည်မျှ အစွမ်းထက် ကြောင်းကို သိရှိ လိုက်ရသည်။
အဖြူရောင် ဓား 'ရူရ်' များက လေထု အတွင်း ပေါင်းစပ် လာကာ၊ အစွမ်း ထက်သော 'ဓား ရည်ရွယ်ချက်' ကို၊ ဖန်တီး ထား၏။
နတ်ဆိုး သားရဲ များနှင့် နှိုင်းယှဉ် ပါက၊ လူသား ကျင့်ကြံသူ များ၏၊ ခန္ဓာကိုယ်မှာ ပျော့ပြောင်း လှသည် ဖြစ်ရာ၊ ထို လေထု၏ တိုက်စား နိုင်မှုကို ကာကွယ်ရန်၊ မူလ စွမ်းအင် များအား ထုတ်ဖော်လျက်၊ ကာကွယ်ရေး အလွှာ တစ်လွှာ အဖြစ်၊ ဖွဲ့စည်းထား ရလေသည်။
အချိန် အနည်းငယ် အတွင်း၊ လူသား ကျင့်ကြံ သူများနှင့်၊ နတ်ဆိုး သားရဲ များကြား၊ ရှုပ်ထွေး ပွေလီသော၊ တိုက်ပွဲများ နေရာ အနှံ့ ပျံ့ကျဲ လာတော့သည်။
အခင်းအကျင်းသည် ရက်စက် ကြမ်းကြုတ်ပြီး၊ ကံမကောင်း လှသည့် ကျင့်ကြံ သူများမှာ၊ ကိုယ်လက် အင်္ဂါ မဆုံ တော့သော သေခြင်း မျိုးဖြင့်၊ အသတ်ခံ ရလေ့ ရှိသည်။
ဓား ရည်ရွယ်ချက် များဖြင့်၊ ပြည့်နှက် နေသော၊ အဖြူရောင် ဆေးပင် လေးသည်၊ မည်သူ့ကို မဆို ဆွဲဆောင် နိုင်လွန်း ပေ၏။
ဆေးပင်ကို ရယူရန် ကြိုးပမ်း လာကြသည့် အရှုပ် အထွေး များကြားတွင်၊ လူတိုင်း ကိုယ်စီ အကြံ အစည်များ၊ ရှိနေကြ သော်လည်း၊ နတ်ဆိုး သားရဲ များနှင့် တွေ့ဆုံ ခဲ့ရ ပြီးနောက်၊ တိုက်ပွဲများ အတွင်း ရှင်သန်ရန် အပြင်းအထန် ရုန်းကန် ရပေသည်။
နတ်ဆိုးသားရဲ များ၏ ခုခံ ကာကွယ်မှု များမှာ ထိတ်လန့် စရာ ကောင်းလွန်း လှပြီး၊ သူတို့ခံစစ်ကို ထိုးဖောက်ရန် ကြိုးစားရ ခြင်းမှာ ထင်သလောက် မလွယ်ကူချေ။
ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲ ပြင်းထန် နေချိန်မှာပင်၊ ကောင်းကင်မှ ဒုတိယအကြိမ် ရောင်စင် သုံးသွယ် ကောင်းချီး လက္ခဏာ များ၊ ထပ်မံ ကျဆင်း လာပြန်သည်။
ကောင်းချီ လက္ခဏာ များဖြင့်၊ လွှမ်းခြုံ ခံရ ပါက၊ ၎င်းတို့၏ ကျင့်ကြံခြင်း လမ်း၌ တိုးတက် လာစေပြီး၊ အကျိုး သက်ရောက်မှု များမှာ၊ ဆေးလုံး များထက် သာလွန် လေသည်။
တိုက်ပွဲတွင် ကျင့်ကြံ သူများ ပိုမို ပါဝင် လာသည် နှင့်အမျှ၊ ကျွန်းအတွင်း တိုက်ပွဲမှာ များစွာ ရှုပ်ထွေး လာ ခဲ့သည်။
နတ်ဆိုး သားရဲ များ အတွက်မူ တဖြည်းဖြည်း ဖိနှိပ် ခံလာ ကြရကာ၊ သူတို့၏ ခွန်အားကို အဆုံးထိ တွန်းပို့ ခံလိုက် ရသည်။
တစ်ချို့ သားရဲ များက အဆိပ်များ မှုတ်ထုတ်လိုက် ကြပြီး၊ တစ်ချို့က မီးများကို မှုတ်ထုတ် လာကြ၏၊ မျက်လုံးများ မှတဆင့် ရေခဲ ဓားများကို ပစ်လွှတ် လာကြသော သားရဲ များပင်၊ ရှိလာ ကြသည်။
နောက်ဆုံး ကျန်ရစ်ခဲ့သော နတ်ဆိုး သားရဲ များမှာ၊ တူညီသော အဆင့် အတွင်း၊ ဘုရင် အဆင့် ခွန်အားကို ပိုင်ဆိုင်ထား ကြသော သားရဲများ ဖြစ်ကြ ပေ၏။ အစွမ်းထက်ရုံ သာမက ဉာဏ်ရည်လည်း မြင့်သည်။
မကြာမီမှာပင် ကျွန်း တစ်ခုလုံး သွေးများဖြင့်၊ ဖုံးလွှမ်း သွားသော မြင်ကွင်းကို၊ ဓား ဧကရာဇ် ဆေးပင်က ဂုဏ်ယူ ဝံ့ကြွားစွာ ရပ်ကြည့် နေခဲ့သည်။ သူ၏ ဖြစ်တည်မှုမှာ ကောင်းကင်သို့ ထိုးချိန် ထားသော ဓား တစ်လက်နှင့် တူ၏။
“ ဒီနတ်ဆိုး ကောင်တွေက တကယ် ကြောက်စရာ ကောင်း လိုက်တာ။ ”
ဂူဘီရွှမ်နှင့် လင်းကျူရှန် တို့က 'သံမဏိ ကျောရိုး နွားမိစ္ဆာ သားရဲ'နှင့် ဆက်ဆံ ရာတွင် ခက်ခက် ခဲခဲ ရင်ဆိုင် နေရသည်။
၎င်းသားရဲတွင် အားကောင်းသော ခုခံ ကာကွယ်မှု အဖြစ်၊ မာကျောသည့် အရေပြားကို ပိုင်ဆိုင် ထားသည်။
ကျင့်ကြံသူ များ၏ ဓားများက 'သံမဏိ ကျောရိုး နွားမိစ္ဆာ' များ၏ အရေပြား ပေါ်တွင်၊ အဖြူရောင် အစင်းရာ များ အဖြစ်သာ၊ ကျန်ရှိ ခဲ့လေသည်။
လင်းကျူရှန်တို့ နှစ်ယောက် လုံးတွင် ဓား ရည်ရွယ်ချက်များ ပိုင်ဆိုင် ထား၍သာ၊ သို့မဟုတ် ပါလျှင်၊ သည်ထက် ပို၍ ခက်ခဲ သွားပေမည်။
လင်းယွန်က လင်းကျူရှန် တို့ထံ ခြေလှမ်း ကျဲကျဲ လှမ်းကာ၊ လက်သီးဖြင့် ထိုးချ လိုက်၏။ သူ၏ လက်သီးတွင် သူတော်စင် ဂီတ သံများ လိုက်ပါ သွားကာ၊ သံမဏိ ကျောရိုး နွားမိစ္ဆာကို လွင့်စင် သွားစေသည်။
" ကျေးဇူး တင်ပါတယ် အစ်ကို ဇောင်။ "
လင်းကျူရှန်က သက်ပြင်းကို မှုတ်ထုတ် လိုက်သည်။
" အစ်ကို ဇောင်၊ ငါတို့က နည်းနည်း နုံအ နေပုံပဲ၊ နတ်ဆိုး သားရဲ တွေကို ဖြတ်ပြီး၊ လမ်းကြောင်း ဖွင့်ဖို့ ကြိုးစား ရတာ အရမ်း ခက်ခဲ လွန်းတယ်။ ”
ဟု ဂူဘီရွှမ်က ခါးသီးသော အပြုံးဖြင့် ဆိုသည်။
" စိတ်မပူပါနဲ့၊ နတ်ဆိုး သားရဲ တွေက အရေ အတွက် အရ အားသာချက် ရှိနိုင် ပေမယ့်၊ ဒီအတိုင်း ဆက်သွားရင်၊ မကြာခင် အခြေ အနေတွေ ပြောင်းသွား ပါလိမ့်မယ်။ ”
လင်းယွန်က ပြန်လည် နှစ်သိမ့် လိုက်သည်။
" သူတို့ ပြန်ဆုတ် သွားလိမ့် မယ်လို့ မင်းပြော
နေတာလား။"
ဂူဘီရွှမ်၏ မျက်လုံးများ ပြန်မေး မိ၏။
“ ဒီနတ်ဆိုး သားရဲတွေက ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်တယ်၊ လူတွေထက် နိမ့်ပါးခြင်း မရှိဘူး၊ ဓားဧကရာဇ် ဆေးပင်က ဆွဲဆောင်မှု ရှိကောင်း ရှိနိုင် ပေမယ့်၊ သူတို့အသက်က ပိုအရေး ကြီးတာ ကိုတော့ သိထားပုံပါပဲ။ ”
လင်းယွန် ခေါင်းညိတ် ပြလိုက်သည်။
" အစ်မ .... "
လင်းယန်က ရုတ်တရက် လှမ်းခေါ် လိုက်သည်ကြောင့်၊ အားလုံးက လှည့်ကြည့် လိုက်သော အခါတွင်၊ မျက်နှာများ ပြောင်းလဲ သွားကြသည်။
ရှားဖန်နှင့် ဝေဟန်ဆောင်း တို့က 'ကြက်သွေးရောင် မီးလျှံကျား'ကို သူတို့ဆီ ရည်ရွယ်ချက် ရှိရှိ ခေါ်ဆောင် လာခဲ့ ကြသည်။
လင်းကျူရှန်၏ မဟာမိတ် သုံးဖွဲ့ အတွင်းရှိ တပည့် အများ အပြားမှာ၊ တိုက်ပွဲတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိ ထားသည်။
ထိုအချိန်တွင် ရှားဖန်နှင့် ဝေဟန်ဆောင်း တို့က၊ ဆဋ္ဌမ အဆင့် ဘုရင် သားရဲကို လင်းယန် ဆီသို့၊ ရယ်မောလျက် ကျုံးသွင်း ခေါ်ဆောင်လာ၏။
" သေစမ်း "
လင်းကျူရှန်နှင့် ဂူဘီရွှမ် တို့က ဒေါသတကြီး ကျိန်ဆဲ လိုက်၏။ သူတို့က လင်းယန်နှင့် အဖွဲ့သား များအား၊ သွားရောက် ကယ်တင်ရန် မလှုပ်ရှား နိုင်ခင် မှာပင်၊ သံမဏိ နွားမိစ္ဆာက ရုတ်တရက် ပြေးဝင် တိုက်ခိုက်လာ ပြန်၏။
" မင်းတို့ နှစ်ယောက် သံမဏိ ကျောရိုး နွားမိစ္ဆာကို ကိုင်တွယ် ထားလိုက်၊ ငါသွား ပြီးတော့ ကူညီလိုက်မယ်။ "
လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာပြီး ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ သူ့ ထွက်သွားရာ လမ်းတစ်လျှောက် နောက်ဆက်တွဲ ပုံရိပ်များကိုသာ ချန်ထား ခဲ့လေသည်။
ခြေလှမ်း ခုနစ်လှမ်း လှမ်းယူ ပြီးနောက်၊ လင်းယန်နှင့် ထျန်းဖိန် တို့ ရှေ့၌ ပြန်လည် ထွက်ပေါ် လာ၏။
ထို မတိုင်မီ ကြက်သွေးရောင် မီးလျှံကျားက သူ့ အမွေး များတွင်၊ မီးလျှံများ တောက်ပလာပြီး၊ ဆင်းသက် လာစဉ်၊ ကြီးမားလွန်း သဖြင့် လင်းယန်နှင့် အဖွဲ့သားများ အပေါ်၊ မီးလျှံ အရိပ်ကြီး တစ်ရိပ်လို၊ အုပ်မိုး ဖုံးလွှမ်း သွားသည်။
ပြန်လည် ရှောင်ထွက် သွားသော ဝေဟန်ဆောင်းနှင့် ရှားဖန်က ဤမြင်ကွင်းကို ပြန်လှည့် ကြည့်ကာ၊ ရယ်မော လိုက်ကြ၏။
" သွားကြ ရအောင်၊ ဒီကြက်သွေးရောင် မီးလျှံကျားက သူတို့ကို ကိုင်တွယ်ဖို့ လုံလောက်ပြီ၊ သူတို့က ငါတို့နဲ့ တိုက်ခိုက် ချင်တာလား ... နုအ လွန်းတယ်။ ”
ရှားဖန်က လှောင်ပြောင် ပြောဆိုသည်။
“ ဒီနေရာမှာ ငါတို့ရဲ့ အသန်မာဆုံး ပြိုင်ဘက်က ဂူယွမ်ဖေးပဲ၊ သူရဲ့ တိမ်ခွဲဓားက ကြောက်စရာ ကောင်းလွန်းတယ်။ ”
ဟု ဝေဟန်ဆောင်းက ဆို၏။
“ သူအတွက် စိတ်မပူပါနဲ့၊ သူက တစ်ယောက် တည်းမို့ ဓားဧကရာဇ် ဆေးပင်ကို ရခဲ့ ရင်တောင်၊ ကာကွယ် နိုင်စွမ်း မရှိပါဘူး၊ ငါတို့ရဲ့ ပြိုင်ဘက် အစစ် အမှန် တွေက နီတန်နဲ့ ဟန်ဖန်းပဲ …။ ”
ရှားဖန် စကား မဆုံးခင် မှာပင် အသည်းခိုက် မတက်၊ နာကျင်စွာ အော်ဟစ် လိုက်သော အသံ တစ်သံ ထွက်ပေါ် လာသည် ကြောင့်၊ ချာခနဲ လှည့်ကြည့် လိုက်ကြသည်။
မြေပြင်တွင် ကြက်သွေးရောင် မီးလျှံကျားမှာ နာကျင်စွာ လူးလှိမ့် နေသည်ကို တွေ့လိုက်ရ၏။
" ဇောင် ယွန်း ရှန် "
ရှားဖန်နှင့် ဝေဟန်ဆောင်းတို့ နှစ်ယောက်စလုံးက၊ လင်းယန် ရှေ့တွင် ရပ်နေသည့် လင်းယွန်ကို အံသြစွာ ကြည့်လိုက် ကြသည်။
" သူပဲ လား။ "
ဝေဟန်ဆောင်း မျက်နှာမှာ ပျက်ယွင်း မည်းမှောင် သွား၏။
" ငါတို့ သူ့ကို အရင် ဖြေရှင်း ကြမလား"
အချင်းချင်း အကြည့်များ ဖလှယ် လိုက်ကြ ပြီးနောက်၊ ရှားဖန်၏ မျက်လုံး များတွင် အေးစက်သော အလင်းရောင်များ တောက်ပ သွားသည်။
သို့သော် ထိုအခိုက် အတန့်တွင် တိုက်ပွဲ ဝင်နေသော နတ်ဆိုး သားရဲ များမှာ၊ ရုတ်တရက် ပြန်လည် ဆုတ်ခွာသွား ကြ၏။
ရုတ်ခြည်း မြင်ကွင်းကြောင့်၊ တိုက်ခိုက် နေကြသော လူအုပ် ကြီးမှာ၊ သတိ အနေ ထားဖြင့် နောက်ပြန်ဆုတ် လိုက်ပြီး၊ အံ့အား သင့်စွာ စောင့်ကြည့် မိသည်။
သို့သော် ဂူယွန်ဖေး ကမူ ရှေ့ဆုံးမှ ဦးဆောင်ကာ၊ ဆုတ်ခွာ သွားသော သားရဲ အုပ်နောက် လိုက်ပါ သွား၏၊ သူ သွား လမ်း တစ်လျှောက်တွင်၊ လက်လှမ်းမှီ သူတိုင်းကို ဓားဖြင့်၊ ခုတ်ပိုင်း ရှင်းလင်း နေခဲ့သည်။
သူ့လုပ်ရပ် များက နတ်ဆိုး သားရဲ များထက်၊ ပို၍ ရက်စက် ပေ၏။ နီတန်နှင့် ဟန်ဖန်းက ဒုတိယ လိုက်သည်။
" သွားကြ ရအောင် "
ရှားဖန်နှင့် ဝေဟန်ဆောင်း တို့က ထိုသူ သုံးယောက်၏ လုပ်ရပ် များကို မြင်လိုက် ရသည်နှင့်၊ မျက်နှာများ ပြောင်းလဲ သွားကာ၊ ရေရွတ်သည်။
လင်းယွန်ကို ဂရု မစိုက် တော့ဘဲ၊ ဓားဧကရာဇ် ဆေးပင် ထံသို့ ဦးတည် လိုက်၏။
ရုတ်တရက် ပြောင်းလဲ သွားမှုကြောင့်၊ လင်းကျူရှန်၊ ဂူဘီရွှမ်နှင့် ချန်လင်း တို့က ကျန်အဖွဲ့ဝင် များထံ သွားရောက် ပူးပေါင်း နိုင်ခဲ့သည်။
"အစ်ကို ဇောင်၊ မင်းပြောတာ တကယ် မှန်တယ်။ "
လင်းကျူရှန်က သားရဲများ ဆုတ်ခွာ သွား သောကြောင့်၊ ဓားဧကရာဇ် ဆေးပင် ဆီသို့၊ အတား အဆီး မရှိ ပြေးသွား နေသော ဂူယွမ်ဖေး တို့ကို ကြည့်ကာ၊ လင်းယွန်ဘက် ပြန်လှည့် လာပြီး၊ “အခု ငါတို့ ဘာလုပ် သင့်လဲ ” ဟု မေးလာ၏။
ဂူဘီရွှမ်က ရှားဖန်နှင့် ဝေဟန်ဆောင်း တို့ကို အေးစက်စွာ ကြည့်လိုက်ကာ၊
" အဲဒီ လူယုတ်မာ နှစ်ယောက် ကြောင့်သာ မဟုတ်ရင်၊ အစ်ကို ဇောင်က ရှေ့ဆုံး ရောက်နေမှာ သေချာတယ်။ "
" စိတ်မပူပါနဲ့၊ ဓားဧကရာဇ် ဆေးပင်ကို ဘယ်သူက ရမလဲ ဆိုတာ မသေချာ သေးပါဘူး။ ”
ဟု လင်းယွန်က ဆိုလိုက်ပြီး၊ ဂူဘီရွှမ်တို့ အဖွဲ့အား ပြန်ဝေ့ ကြည့်ကာ၊
" ဓားဧကရာဇ် ဆေးပင်ကို ရဖို့ ဆိုရင်၊ အားလုံးက ငါနဲ့ အတူ လက်တွဲ ကြမယ်လို့ မျှော်လင့် ထားတယ်၊ ငါ မင်းတို့ကို မျှဝေ ပေး မှာပါ။ ''
ဓားဧကရာဇ်ပင်ကို ခူးဆွတ်ရန် ခက်ခဲ နေခဲ့ သည်လော။ မဟုတ်ပေ။
၎င်းဆေးပင်အား ကျင့်ကြံသူ တိုင်းက၊ မျက်စိကျ နေခဲ့သည် ဖြစ်ရာ၊ သွားရောက် ယူငင် ဖို့ရန် ခက်ခဲ နေခြင်း ဖြစ်သည်။
လင်းယွန် တစ်ဦးတည်း ခွန်အားဖြင့်၊ ရယူ နိုင် သော်လည်း၊ ထိုသို့ လုပ်ယူ မိပါက၊ သူ မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ပြ ရပေမည်။
ထို့ကြောင့် လင်းကျူရှန်နှင့် သူ့ အဖွဲ့က ကူညီ ခဲ့ပါမူ၊ ဆန့်ကျင်ဘက် ရလာဒ် ဖြစ်လာ နိုင်မည် ဖြစ်သည်။
" စိတ်ချပါ အစ်ကို ဇောင်၊ ဓားဧကရာဇ် ဆေးပင်ကို ရဖို့၊ ငါမင်းနဲ့ အတူ ရှိနေမှာ သေချာပါတယ်။ "
လင်းကျူရှန်က စိတ်လှုပ်ရှား စွာဖြင့်၊ ကတိပေး လိုက်၏။
" ငါလဲ အတူတူပဲ။"
ဂူဘီရွှမ်နှင့် ချန်လင်းတို့ နှစ်ယောက် စလုံးက မဆိုင်း မတွဘဲ ပြန်ဖြေ လာ၏။ လင်းယွန်ကြောင့်သာ မဟုတ် ပါလျှင်၊ သည်လူအုပ် အတွင်း ရပ်တည် ဖို့ရန် မလွယ်ကူ သည့်အပြင်၊ ၎င်းတို့ အတွက် ပိုမို ကောင်းမွန်သော ရွေးချယ် စရာ နည်းလမ်း မရှိပေ။
" သဘောတူ တယ်။ "
လင်းယွန်က ပြုံးလိုက် သည်။ ထို့နောက် ရွှေကျီးကန်း တံဆိပ်ကို ထုတ်ဖော်ကာ၊ ဓား ဧကရာဇ် ဆေးပင်သို့ ဦးတည် ပျံသန်းသွား တော့သည်။
" ဘယ်လို အမြန်နှုန်း မျိုးလဲ။ ''
လင်းကျူရှန်က ထိတ်လန့် တကြား အော်ဟစ် လိုက်သည် ။ ထို့နောက် သူမ လက်ကို ဝှေ့ယမ်း လိုက်ပြီး၊
"အစ်ကို ဇောင် အတွက် လမ်းဖွင့် ကြ ... "
- ဟု အမိန့်ပေး လိုက် သည်၊ မဟာမိတ် သုံးဖွဲ့က၊ ချက်ချင်း လှုပ်ရှား လိုက် ကြ၏။
ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲမှာ အထွတ် အထိပ်သို့၊ ပြန်လည် ရောက်ရှိ သွားပြန်သည်။
လင်းယွန်က 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ မယုံနိုင် လောက်အောင် လျင်မြန် လွန်း ခဲ့ပြီး၊ လမ်းတစ်လျှောက် ဟန့်တား မှုပေါင်း များစွာကို ရှောင်တိမ်း လာခဲ့သည်။
ရုတ်တရက် စွမ်းအင် လှိုင်းများ၊ သူ့ ထံ ဦးတည်ကာ၊ တဟုန်ထိုး ပြေးဝင် လာသည်ကြောင့်၊ အဆိုပါ စွမ်းအင် လှိုင်း များကို ဖြိုခွဲရန် လင်းယွန်က လက်သီးဖြင့်၊ လှည့်ထိုး လိုက်၏။
ယင်းတိုက်ခိုက် မှုများမှာ 'ခရမ်းရောင် တိမ်' မဟာမိတ် အဖွဲ့မှ လာခြင်း ဖြစ်သည်။
လင်းယွင်က နီတန်ကို ကျော်ဖြတ် သွား သည်ကို မြင်လိုက် ရသည်နှင့်၊ သူတို့က တိုက်ခိုက် လိုက်ကြခြင်း၊ ဖြစ်၏။
“ဒီလူ …”
ခရမ်းရောင်တိမ် မဟာမိတ် အဖွဲ့ရှိ အဖွဲ့ဝင် လေးယောက်က၊ လင်းယွန်မှာ သူတို့၏ တိုက်ခိုက်မှု များကို၊ ဤကဲ့သို့ လွယ်ကူစွာ ကိုင်တွယ် ဖြေရှင်း ခဲ့သည်အား၊ မြင်လိုက် ရသော အခါတွင်၊ မျက်နှာများ ပြောင်းလဲ သွားသည်။
" မင်းတို့က ကစားချင် တာလား၊ ကောင်းပြီ ကစား ကြတာပေါ့။ "
လင်းယွန်၏ မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ လာသည်။ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ထိုလေးယောက်ထံ ပြေးဝင် သွားပြီး၊ လက်သီး များဖြင့် ထိုးပစ် လိုက်၏။
" မင်းက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။ "
သူတို့ လေးဦးမှာ၊ နက်နဲ နယ်မြေ၏၊ စတုတ္ထ အဆင့်၊ အထွတ် အထိပ်တွင်၊ ရှိပြီး ခရမ်းရောင်တိမ် မဟာမိတ် အဖွဲ့၌ ထိပ်တန်း သိုင်းသမားများ ဖြစ်သည်။
ထို့ကြောင့်ပင် လင်းယွန်က တိုက်ခိုက်ရန် ပြေးဝင်လာ သည်ကို တွေ့လိုက် ရသည်နှင့်၊ အပြင်းထန် ဆုံးသော လှုပ်ရှားမှု များအား၊ ထုတ်ဖော်ကာ ချက်ချင်း တုန့်ပြန် လိုက်၏။
သို့သော်လည်း ၎င်းတို့၏ တိုက်ပွဲမှာ၊ စက္ကန့်ပိုင်း မျှသာ ကြာမြင့် ခဲ့ပြီးနောက်၊ ရလာဒ် ထွက်ပေါ်လာ တော့သည်။
လင်းယွန်၏ လက်သီးက သူတို့၏ ခန္ဓာကိုယ် များတွင် လွှမ်းခြုံ ကာကွယ် ထားသော၊ မူလ စွမ်းအင် အလွှာကို ကွဲအက် သွားစေ၏။ ပြီးနောက် လက်သီးချက် ထိမှန် သွားကြကာ၊ မြေပြင် ပေါ်သို့ လဲကျ သွားကုန်၏၊ သူတို့ ခန္ဓာကိုယ် အနှံ့ ပြတ်ရှ ရာများ ဖုံးလွှမ်းသွား ခဲ့သည်။
" အိုး ... ချီးထဲ မှပဲ။ "
" သူက ဘယ်သူလဲ။ "
" သူ့ နာမည်က ဇောင်ယွန်းရှန် ၊ ငါတို့ တစ်ခါမှ မကြားဖူး ထားတဲ့ လူ တစ်ယောက်ပဲ။ "
လင်ယွန်က ခရမ်းရောင်တိမ် မဟာမိတ် အဖွဲ့၏ အထက်တန်းစား လေးယောက်ကို လက်သီးဖြင့်၊ ထိုးလိုက် သည်ကို မြင်သော အခါတွင်၊ လူအများက တုန်လှုပ်သွား ကြသည်။
၎င်းတို့ လေးဦးသည် စတုတ္ထအဆင့် အထွတ် အထိပ်တွင် ရှိနေခဲ့ သော်လည်း၊ လင်းယွန်၏ လက်သီးဖြင့် ထိုးသတ်ခြင်း ခံခဲ့ရသည်။
" သူ့ကို တားလိုက် "
လင်းယွန်းကို ဟန့်တားရန် 'ခရမ်းရောင် တိမ်' မဟာမိတ် အဖွဲ့၏၊ ကျန်ရှိ နေသော အဖွဲ့ဝင် များအား၊ နီတန်က အမိန့်ပေး လိုက်သည်။
လင်းယွန်ကို တားထား နိုင်မှ သာလျှင်၊ သူ့အတွက် အခွင့် အရေး ပိုရှိ နိုင်ပေမည်။
ဟန်ဖန်း သည်လည်း လေးနက်သော အမူ အရာကို ထုတ်ဖော် လိုက်ပြီး၊
“ ရေဆန် မဟာမိတ် အဖွဲ့က တပည့်တွေ .... သူ့ကို တားလိုက်၊ ဓားဧကရာဇ် ဆေးပင် အနား လုံးဝ ကပ်မလာ စေနဲ့ ။ ''
" မီး မဟာမိတ် အဖွဲ့ဝင်တွေ ... ။ "
ရှားဖန်နှင့် ဝေဟန်ဆောင်းတို့ နှစ်ယောက် လုံးက ပျက်ယွင်းသော အမူ အရာဖြင့်၊ အသီးသီး အော်ဟစ် အမိန့် ပေးခဲ့ ကြသည်။
ချက်ချင်းပင် လင်းယွန်မှာ လူအုပ် ကြီး၏၊ ဘုံရန်သူ ဖြစ်သွား ခဲ့လေပြီ။
" အိပ်မက် မက်မနေနဲ့။ "
လင်းကျူရှန်နှင့် ဂူဘီရွှမ် တို့က၊ လင်းယွန်ကို နှောက်ယှက်ရန် ကြိုးစားလာ ကြသော၊ မဟာမိတ် အဖွဲ့ အသီးသီးကို တားဆီးရန်၊ ၎င်းတို့၏ မဟာမိတ် အဖွဲ့ဝင် များအား၊ အမိန့်ပေး လိုက်၏။
တစ်ဖက်တွင် ဂူယွမ်ဖေးက ကောက်ကျစ်သော အပြုံးဖြင့် လင်းယွန်ကို ငဲ့ကြည့် လိုက်သည်။
အားလုံး၏ အာရုံမှာ လင်းယွန် ထံသို့၊ ရောက်ရှိသွား ကြသည့် အတွက်၊ သူ့အား မည်သူမျှ ဟန့်တားရန် သတိ မရ ကြတော့ချေ။
“ ဘယ်လို နုံအ မှုမျိုးလဲ။ ”
လင်ယွန်းက မျက်ဝန်းထောင့် ဆီမှ ဂူယွမ်ဖေးအား သတိပြု မိသွားကာ၊ လှောင်ပြောင် လိုက်၏။
ထို့နောက် ရွှေရောင် အရှိန်အဝါ များကို ထုတ်လွှတ် လိုက်ပြီး၊ ကောင်းကင်သို့ ပျံတက် လိုက်တော့သည်။
မိုးကောင်းကင်အား နောက်ခံ ပြုလျက် ရွှေရောင် အလင်းတန်းကြီး သဖွယ်၊ လျင်မြန်စွာ ရွေလျားသွား ပြီးနောက်၊ အားလုံးကို ဖြတ်ကျော်လျက်၊ ဓားဧကရာဇ် ဆေးပင်နှင့် မီတာ တစ်ထောင် အကွာ၌ မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက်လာ ခဲ့သည်၊
၎င်းအချင်း အရာက ရယ်မော နေသော ဂူယွမ်ဖေးကို ထိတ်လန့် သွားစေ တော့၏။
သူတင် မက ရှားဖန်၊ ဝေဟန်ဆောင်း၊ နီတန်နှင့် ဟန်ဖန်း တို့ကပင်၊ " ဒါ မဖြစ် နိုင်ဘူး " ဟု သံပြိုင် ရေရွတ်လိုက် လေသည်။
***