ဇောင်ယွန်းရှန်က ဘယ်သူလဲ။
Vol. 21 Ch. 292
မိုးကောင်းကင်အား နောက်ခံ ပြုလျက် ရွှေရောင် အလင်းတန်းကြီး သဖွယ်၊ လျင်မြန်စွာ ရွေလျားသွား ပြီးနောက်၊ အားလုံးကို ဖြတ်ကျော်လျက်၊ ဓားဧကရာဇ် ဆေးပင်နှင့် မီတာ တစ်ထောင် အကွာ၌ မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက်လာ ခဲ့သည်၊
၎င်းအချင်း အရာက ရယ်မော နေသော ဂူယွမ်ဖေးကို ထိတ်လန့် သွားစေ တော့၏။ သူနှင့် ရင်ဘောင်တန်း ရောက်ရှိ လာသော လင်းယွန်ကို တစ်ချက် လှည့်ကြည့် လိုက်၏။
သူတင် မက ရှားဖန်၊ ဝေဟန်ဆောင်း၊ နီတန်နှင့် ဟန်ဖန်း တို့ကပင်၊ " ဒါ မဖြစ် နိုင်ဘူး " ဟု သံပြိုင် ရေရွတ် လိုက်ကြသည်။
လူတိုင်းကို ကျော်တက် လာသော လင်းယွန်ကြောင့်၊ ပြေးလွှားနေသော လူအုပ်ကြီးမှာ၊ အံ့သြ သွားကုန်၏။
ရှေ့ဆုံးမှ ဦးဆောင် ပြေးလွှား နေသော ဂူယွမ်ဖေး သည်ပင် ထိတ်လန့် သွား၏။ သို့သော်လက်ရှိ အချိန်၌ သူက ဦးဆောင် နေဆဲ ဖြစ်ရာ၊ သူ့ကိုယ်သူ ယုံကြည်ရန် မှတခြား အခြား မရှိချေ။
'' မင်းက ငါ့ရဲ့ ဓားဧကရာဇ် ဆေးပင်ကို လုယူရဲတယ်လား၊ မင်း သေချင် နေတာပဲ။ "
ဂူယွမ်ဖေးက သူ၏ ဓားကြီးကို လွှဲလိုက်သည်။ တဟုတ်ချင်း မှာပင် ဓားပြားကြီး ထံမှထွက်ပေါ် လာသော စွမ်းအင်များက ဓားဧကရာဇ် ဆေးပင်၏ ဖိအား ကိုပင် ချိုးဖျက်ပစ်လိုက်၏။
"ဒါ ဒါ... တိမ်ခွဲ ဓား။ "
ထိုဓားချက်ကို မြင်လိုက် သည်နှင့် လူအများက အော်ပာစ် လာကြသည်။
ဂူယွမ်ဖေးသည် ထိပ်တန်း နှစ်ဆယ် အတွင်း၊ အဆင့် သတ်မှတ် ခံရပြီး၊ ပေါက်ကွဲ စွမ်းအားပြင်းထန်သော နည်းစနစ် များ၏ စွမ်းအားကြောင့်၊ ကျော်ကြား ခဲ့ခြင်း ဖြစ်သည်။
တိမ်ခွဲဓား နည်းစနစ်ကို လက်ခံ ရယူ နိုင်သည့် သူမှာ၊ ပြင်ပ တပည့်များ အတွင်း များများ စားစား မရှိချေ။
နီတန်၊ ဟန်ဖန်း၊ ရှားဖန်၊ ဝေဟန်ဆောင်း စသည့် မည်သူ မဆို သူ့ဓားကို ရင်ဆိုင်ရန်၊ ယုံကြည်ချက် ရှိမည် မဟုတ်နိုင်။
ဂူယွမ်ဖေးနှင့် ရင်ဆိုင် ရမည် ဆိုပါက၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ သို့မဟုတ် ဂူယွမ်ဖေး ပင်ပန်း နွမ်းနယ် လာမည့် အချိန်ကို စိတ်ရှည် လက်ရှည် စောင့်ဆိုင်းကာ၊ အခွင့် အရေးကို အမိအရ ဆုပ်ကိုင်ခြင်း၊ စသည့် နည်းလမ်း မျိုးဖြင့် စတင် ရပေမည်။
ဂူယွမ်ဖေး၏ ဓားသည် လင်းယွန်ထံ ဦးတည်ခဲ့ပြီး၊ လင်းယွန်ကို ရှောင်တိမ်းရန် အချိန်ပင် မပေး ခဲ့ပေ။
" သူ့ ကို သတ်။ "
ရှားဖန်နှင့် ဝေဟန်ဆောင်းတို့ နှစ်ယောက်စလုံး၏ မျက်လုံးများ ထဲတွင် ကောက်ကျစ်သော အရိပ် အယောင်များ ပြည့်နှက် လာ၏။
ရှားရှား ပါးပါး အခွင့် အရေး ပေမို့၊ လွတ်ထွက် သွားမည် ဆိုးကာ၊ သူတို့ နှစ်ယောက် လေထဲသို့ ခုန်တက် လိုက် ကြသည်။
ထို့နောက်တွင် တိမ်ခွဲဓား ဖြင့် ပိတ်ဆို့ ခံထား ရသော လင်းယွန်ကို အံ့အားသင့်စွာ သတ်ပစ်ရန် ကြံရွယ် လိုက်ပြီး၊ ထိုးနှက် လိုက်သည်။
" သူ့ကို အသက်ရှင်ခွင့် မပေးနဲ့။ "
နီဖန်း နှင့် ဟန်ဖန်း တို့သည်လည်း နှစ်ဦး နှစ်ဖက် သဘော တူညီမှု ရယူလိုက် ကြပြီး၊ လင်းယွန် သတ်ပွဲ အတွင်း ပြေးဝင်လာ ကြသည်။
ဂူယွမ်ဖေးမှာ တစ်ဦးတည်း ဖြစ်ပြီး၊ လင်းယွန်တွင် မဟာမိတ် အဖွဲ့ သုံးဖွဲ့ ရှိသည်။
ထို့ကြောင့် လင်းယွန်သာ ဓားဧကရာဇ် ဆေးပင်ကို ရယူသွား နိုင်ပါလျှင်၊ ကိုင်တွယ်ရ ပိုမို ခက်ခဲမည် ဖြစ်သည်၊ ဂူယွမ်ဖေးမှ ယခု ကဲ့သို့ စတင် တိုက်ခိုက် လိုက်ခြင်းဖြင့်၊ အကောင်းဆုံးသော အခွင့် အရေးကို ရရှိ လာခဲ့သည်။
ရှားဖန်နှင့် ဝေဟန်ဆောင်း တို့က လေထဲ၌ ခုန်ဝဲ နေစဉ်တွင်၊ သူတို့၏ ဓားများကို ဆွဲထုတ်ကာ တိုက်ခိုက် မှုကိုယ်စီ ထုတ်လွှတ် လိုက် ကြသည်။
တစ်ချိန်တည်းမှာပင် ဓားရေကန် ကျွန်းပေါ်ရှိ အသန်မာ ဆုံးသော တပည့် ငါးယောက်က လင်းယွန်အား ဝိုင်းဖွဲ့ တိုက်ခိုက် လာကြ လေပြီ။
ထိုတိုက်ပွဲကို ကြည့်ကာ လင်းကျူရှန်နှင့် သူ့အဖွဲ့က စိုးရိမ်သွား ခဲ့သည်။
" သူက ဒီပွဲမှာ ဘုံရန်သူ ဖြစ်သွားပြီ။ "
ဂူဘီရွှမ်က သက်ပြင်းချ လိုက်၏။ အစောပိုင်းအချိန်၌ လင်းယွန်မှ လူအုပ်ကို ကျော်တက်သွားပုံကြောင့် လူတိုင်း၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင် သွားခဲ့သည်။
" အစ်မ၊ တစ်ခုခုတော့ စဉ်းစားပါ။ "
လင်းယန်က စိုးရိမ်တကြီး အော်ဟစ် လိုက်သည်။
သို့သော် လင်းကျူရှန်က တုန့်ပြန်ချင်း မရှိဘဲ၊ ငြိမ်သက် နေခဲ့သည်။ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို လေ့ကျင့် နိုင်ခဲ့လျှင်ပင်၊ ဇောင်ယွန်းရှန် အဆင့်သို့ ရောက်ရှိရန် နည်းလမ်း မရှိပေ။
အကြောင်း တစ်ခုခုကြောင့် သူ့မှာ၊ ဇောင်ယွန်းရှန် အပေါ် ယုံကြည်မှု ရှိမိသည်။ သည်လူသည် သူ့ကိုယ်သူ လွယ်လွယ်ဖြင့် အန္တရာယ် ကျရောက် စေမည် မဟုတ်ဟု ခံစားနေရပြီး၊ သူ့ ခွန်အားကို ဖုံးကွယ် နေသူ အဖြစ် ယူဆ ထားမိ၏။
“ စိတ်ဝင် စားစရာပဲ …”
လင်းယွန်မှာမူ အခြားသူ များနှင့် မတူဘဲ မျက်နှာဖုံး အောက်၌ ငြိမ်သက် နေမိသည်။ ထို့နောက် ဓားသမားကို ဦးစွာ ကိုင်တွယ်ရန် ဆုံးဖြတ် လိုက်၏။
ယခု အချိန်၌ ကျားနဂါး လက်သီးကို အသုံးပြု လိုစိတ် မရှိ သေးသည်မှာ၊ နှမျောစရာ ပေပင်။ သို့ မဟုတ် ပါလျှင်၊ ဂူယွမ်ဖေးအား 'လွှမ်းမိုး ချုပ်ကိုင် နိုင်စွမ်း' ဆိုသော၊ စစ်မှန်သည့် အဓိပ္ပါယ်ကို ပြသ မိပေမည်။
" မရှောင် ဖူး လား"
လင်းယွန်က ရှောင်ရှား သွားတော့မည့် အမူအယာ မပြ သောကြောင့်၊ ဂူယွမ်ဖေးက ရယ်မော လိုက်သည်။
ဤတိုက်ခိုက် မှုကို ရှောင်ရှားရန် ကြိုးစား လာ လိမ့်မည်ဟု မျှော်လင့် နေမိ သော်လည်း၊ သေမင်းကို ဖိတ်ခေါ် လိုပါက သူကိုယ် သူသာ အပြစ်တင် ရပေမည်။
" ဘာလို့ ရှောင်ရ မှာလဲ။ ''
လင်းယွန်က သူ့လက်ကို မြှောက်လိုက်ပြီး လက်ညှိုးကို တောက်ထုတ် လိုက်၏။
လက်ချောင်း များမှ ဓား အလင်းများ ပြေးထွက် လာပြီး၊ ပြင်းထန်သော စွမ်းအား၏ ရိုက်ခတ်မှု အောက်တွင် ဂူယွမ်ဖေးမှာ ဖြူဖျော့ သွားသည်။ သူ့ ဓားကို ထိန်းချုပ် နိုင်မှု ဆုံးရှုံး သွား သည်ဟု၊ ခံစားလိုက် ရပြီး ခြေလှမ်း များစွာ နောက်ပြန် ဆုတ်လိုက် ရ၏။
" ဒီလောက် လွယ် တာ လား။ "
ကျွန်းပေါ်ရှိ လူတိုင်း ပါးစပ် ဟောင်းလောင်း ပွင့် သွားကြသည်။ သူတို့ ပြောနေသည့် အကြောင်းမှာ၊ သေမျိုးအဆင့် (၁၈)၌ ရှိသော ဂူယွမ်ဖေး အကြောင်းပင်။
သို့သော် ထိုသို့သော အထက်တန်းစား တစ်ယောက်သည် အမည်မဲ့ သိုင်းသမား တစ်ယောက်၏ အသာအယာ တွန်းထုတ်ခြင်း ခံလိုက် ရသည်။
လက်ညိုး တစ်ချက်ဖြင့် နောက်ဆုတ်သွား စေခြင်း။ ၎င်းထက် ပို၍ ချဲ့ကား စရာ မရှိ တော့ပေ။
ဂူယွမ်ဖေး၏ လွှမ်းမိုး ချုပ်ကိုင် နိုင်စွမ်းသော 'တိမ်ဖြတ်ဓား' သည်၊ လင်းယွန်၏ ခရမ်းရောင် ဓားအလင်း ရှေ့တွင်၊ ကြောင်ပေါက် ကလေး တစ်ကောင် ကဲ့သို့ ထင်ရ စေသည်။
ဂူယွမ်ဖေးအား နောက်ဆုတ် သွားစေ ပြီးနောက်၊ လင်းယွန်က ကျန်သူ များကို လှည့်ကြည့် လိုက်ပြီး၊ သူ့မျက်နှာမှာ လေးနက် သွား၏။ သူက ရှားဖန်နှင့် ဝေဟန်ဆောင်း အပေါ် စတင် ဒေါသ ထွက်လာ ခဲ့သည်။
ရှားဖန်နှင့် ဝေဟန်ဆောင်းတို့ အတွက်မူ၊ ဂူယွမ်ဖေးကို လက်ညိုး တစ်ချောင်းဖြင့်၊ မောင်းထုတ်ခဲ့ ပုံကို မြင်လိုက်ရ သည်နှင့်၊ သူတို့၏ မျက်နှာများ ဖြူဖျော့သွား ကုန်သည်။
သို့သော် ယခု အချိန်၌ သူတို့၏ တိုက်ခိုက်မှုများကို ပြန်ရုတ် သိမ်းရန် အချိန်နှောင်း သွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် အံကြိတ်လျက် ဆက်သွား ရုံသာ တက်နိုင် ခဲ့သည်။
" ထွက် သွား ..... "
လင်းယွန်က မောင်းထုတ် လိုက်ပြီး၊ ခြေတစ်လှမ်း ရှေ့သို့ နင်းလိုက်၏။
မူလ စွမ်းအင်နှင့် ဓား အလင်းတို့ ပေါင်းစပ် ထားသည့်၊ ခြေဆောင့် ချက်ကြောင့်၊ မြေပြင် တစ်ခုလုံး တုန်လှုပ် သွားပြီး၊ ရေလယ် ကျွန်းကို ဖုံးအုပ် ထားသော အလင်းတန်း များပင်၊ အေးခဲ သွားသော ဖြစ်စဉ် တစ်ခု ဖြစ်ပွားလာ ခဲ့သည်။
ရှားဖန်နှင့် ဝေဟန်ဆောင်း တို့မှာ လင်းယွန် အနား မရောင်ခင် တွင်ပင်၊ သဏ္ဍာန်မဲ့ စွမ်းအားလှိုင်း တစ်ခုက ရင်ဘက်သို့ လာရောက် ရိုက်ပုတ်ခြင်း ခံလိုက်ရ၏၊
ထို့နောက်တွင် နှုတ်ခမ်း ထောင့်တွင် သွေးများ စီးကျ လာလျက်၊ ပြန်လည် လွင့်ထွက် ကုန်တော့သည်။
သူတို့၏ မျက်နှာ များက ထိတ်လန့်မှု ကြောင့်၊ ဖြူဖျော့ သွား၏။ ၎င်းတို့က တိုက်ခိုက်ရန်အတွက် လည့်ပတ် ထားသော စွမ်းအင် စီးကြောင်းကို ရုတ်တရက် ရပ်တန့် လိုက် ရသဖြင့်၊ အတွင်း အင်္ဂါ များအား ဒဏ်ရာ ရရှိ သွားလေသည်။
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်ပြီးနောက်၊ ခြေလှမ်း သုံးလှမ်းခန့် ဆုတ်ခွာ ပြီးမှသာ၊ သူတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ် နိုင်ခဲ့သည်။
ဂူယွမ်ဖေးကို လက်ညိုး တစ်ချောင်းဖြင့်ဒဏ်ရာ ရစေပြီး၊ ရှားဖန်နှင့် ဝေဟန်ဆောင်းအား အရှိန်အဝါ ဖြင့်ပင် နောက်ဆုတ် သွားစေ ခဲ့သည်။
သူ ပြသခဲ့သော ခွန်အား အရ လင်းယွန်ကို လူအုပ်ကြီးက အမြင် သစ်ဖြင့်၊ ပြန်ကြည့် လိုက်မိသည်။
" အတူ တူ သွား ... "
ဂူယွမ်ဖေးက ဝေဟန်ဆောင်း တို့ကို လှမ်း သတိပေး လိုက်သည်။
“ သတ် ..... ”
နီတန်နှင့် ဟန်ဖေးတို့က သွားများကို ကြိတ်ကာ၊ တူညီသော ဆုံးဖြတ် ချက်ကို ချ လိုက်၏။ မည်သူ ကမျှ ဓားဧကရာဇ် ဆေးပင်ကို အလွယ်တကူ စွန့်လွှတ်ရန် ဆန္ဒ မရှိခဲ့ ကြပေ။
ရှားဖန်နှင့် ဝေဟန်ဆောင်း တို့သည်လည်း၊ နှုတ်ခမ်းမှ သွေးစ များကို သုတ်လိုက်ပြီး၊ မဆိုင်း မတွ၊ အပြင်းထန် ဆုံးသော လှုပ်ရှား မှုကို ထုတ်ဖော် လိုက်ကြသည်။
လူငါးယောက်က သူ့ထံ ထပ်မံ တိုးဝင် လာသည်ကို မြင်သော အခါတွင်၊ လင်းယွန်မှာ ကူကယ် ရာမဲ့စွာ ခံစားလိုက် ရ၏။
အကယ်၍ သူက မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ပြ လိုပါက၊ ထိုအမှိုက် များအား ကျားနဂါး လက်သီး တစ်ချက် တည်းဖြင့်၊ အလွယ်တကူ သတ်ပစ် နိုင်သည်။ သို့သော် ခရမ်းရောင် 'ပန်း' ပွင့် ဖို့ရန်တော့ လိုပေမည်။
မျက်လုံးများကို မှိတ်ထား လိုက်ပြီး၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းကို ပွင့်လန်းလာ စေမိသည်။ မူလ စွမ်းအင် များက ခန္ဓာကိုယ် ထဲ၌ ပေါက်ကွဲ တော့မည့်၊ မီးတောင် တစ်လုံးလို ပွက်ပွက်ဆူ လာသည်။
ထို့နောက်တွင် ဓားသုတ္တန်၏ သတ္ထမ အဆင့်၊ အထွတ် အထိပ် ခွန်အားကို ထိန်းချုပ် မထား တော့ဘဲ၊ လွှတ်ထုတ် လိုက်၏။
မျက်လုံးများ ပြန်ဖွင့် လိုက်သည်နှင့်၊ မျက်ဝန်းထဲ၌ မီးလျှံများ စူးရှစွာ တောက်လောင်နေ၏။ သူ၏ မျက်လုံး များရှိ အေးစက်သော အလင်းရောင် များက၊ လူငါးယောက်ကို တုန်လှုပ် စေသည်။
ထို မျက်လုံးများ ဆီမှ၊ သဏ္ဍာန်မဲ့ လှိုင်း တစ်ခုက သူတို့ တစ်ကိုယ် လုံးအား၊ ထွင်းဖောက် သွား ပြီးနောက်၊ ပြန်လည် ဆုတ်ခွာ သွား သကဲ့သို့၊ ခံစား လိုက်ရသည်။
အဆုံး မရှိသော ဓား ရည်ရွယ်ချက် များဖြင့် တောက်လောင် နေသော လက်သီးချက် တစ်ချက်ကို လင်းယွန်က ပစ်ထုတ် လိုက်သည်။
ငါးယောက်လုံး၏ မျက်လုံး ထဲတွင် ဓားအလင်း များက၊ နဂါး တစ်ကောင် ကဲ့သို့၊ ဟုန်းခနဲ့ ပြေးဝင် လာ၏။
လျင်မြန် လွန်းသော အရှိန်ကြောင့်၊ အချိန်မီ မတုံ့ပြန် နိုင် လိုက်ဘဲ၊ ငါးယောက်လုံး လေထဲ ၌ပင် ပြန်လည် ကန်ထွက်သွား ခဲ့သည်။
မြေပြင်ပေါ်သို့ လဲကျသွား ပြီးနောက်၊ ဒူးတစ်ဖက် ထောက်လျက် မတ်တပ် ပြန်ရပ်ရန် ၊ ရုန်းကန် လိုက်ရ၏။
“ မင်းတို့ တွေက ဂိုဏ်းရဲ့ အထက်တန်းစား တွေပဲ၊ ငါ့ရဲ့ အောက်စည်းကို ဖြတ်ကျော်ဖို့ မကြိုးစား ပါနဲ့၊ ထပ်လုပ်ရင် ငါသတ်ရ လိမ့်မယ်။ ”
လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းကာ လူတိုင်း၏ အံသြသော အကြည့်များ အောက်တွင်၊ မတ်တပ် ပြန်ရပ်ရန် ရုန်းကန် နေဆဲ ဖြစ်သော၊ တပည့် ငါးယောက်ကို လစ်လျူရှုပြီး၊ ဓားဧကရာဇ် ဆေးပင် ဘက်သို့၊ ဦးတည် သွားတော့သည်။
( ဂိုဏ်းရဲ့ အထက်တန်းစားတွေ တဲ့လား...။)
ဂူယွမ်ဖေးနှင့် ကျန်သော တပည့် လေးယောက် တို့က မြေပြင် ပေါ်တွင်၊ ဒူးတစ်ဖက် ထောက်လျက် ဖြင့်၊ နှလုံးသား ထဲ၌ ခါးသီးမှုများ ခံစား လိုက်ရ လေသည်။
လင်းယွန်၏ စကားလုံး များက၊ သူတို့ကို လှောင်ပြောင် နေသလိုပင်။ သူတို့အား အထက်တန်းစား များ အဖြစ် သတ်မှတ် လာပါလျှင်၊ ဇောင်ယွန်းရှန်အား မည်သို့ သတ်မှတ် ရမည်နည်း။
မယုံနိုင် လောက်အောင်ပင် သန်မာ လွန်းသောဇောင်ယွန်းရှန်ကို လူတိုင်းက လှမ်းကြည့် လိုက်ကြသည်။
လင်းယွန်မှာမူ မီတာ တစ်ထောင် အကွာရှိ ဓား ဧကရာဇ် ဆေးပင်ကို လေးနက်သော အမူ အရာဖြင့် လှမ်းကြည့် နေခဲ့သည်။
အကွာ အဝေးမှာ နီးကပ် နေပြီ ဖြစ်သော်လည်း၊ လွယ်ကူသော ခရီး ဖြစ်လာ နိုင်မည်ဟု မထင်မိချေ။
တစ်ချိန်တည်းမှာပင် အခြားသော နေရာခြောက်ခု တွင်လည်း၊ လင်းယွန် ကဲ့သို့ ခက်ခဲသော အခြေအနေ များကို ကြုံနေ ရသူများ ရှိသည်။
သူတို့ အားလုံးက ထိတ်လန့် နေပုံ ရပြီး၊ ရှေ့သို့ ဆက်လက် လျှောက်လှမ်းရန်၊ ၎င်းတို့၏ ကျင့်ကြံမှု၊ ဓား ရည်ရွယ်ချက် သို့မဟုတ်၊ ရုပ်ခန္ဓာများ အပေါ် အားကိုး လာကြသည်။
“ ဆေးဖက်ဝင် အပင် တစ်ပင်က ကိုယ့်ကိုကိုယ် ဧကရာဇ်လို့ ခေါ်ဝံ့သလား၊ မင်း ဘာလုပ် နိုင်လဲ ငါကြည့်မယ်။ "
လင်းယွန်က ဓားဧကရာဇ် ဆေးပင်ကို ကြည့်ကာ၊ လက်မခံလို ဟန်ဖြင့် ကြိမ်းဝါး လိုက်၏။ ဒရာကိုဖီ ခန္ဓာကိုယ်သို့ ပြောင်းလဲ လိုက်ပြီး၊ မူလ စွမ်းအင် အလွှာကို လွှမ်းခြုံ လိုက်သည်။
မီတာ တစ်ထောင် အကွာ၌ ဖြစ်ပေါ် နေသော ဓားမုန်တိုင်းက ရိုင်းစိုင်းသော သားရဲ တစ်ကောင် နှင့်တူ၏၊ လင်းယွန်က မီတာ ငါးရာ အကွာ အဝေးသို့ ထပ်မံ တိုးကပ်လာ သည်နှင့် ဓားမုန်တိုင်းမှာ တကယ်ပင် ပြင်းထန်လှ ပေသည်။
ဒရာကိုဖီ ခန္ဓာကိုယ် ဖြင့်ပင် လင်းယွန် အတွက် ခက်ခဲ နေ၏၊ ခြေလှမ်းတိုင်း သူ့သွေးများ တဖြောက်ဖြောက် စီးကျ လာသည်။
သူတင်မက၊ တခြားသော လမ်းကြောင်းခြောက်ခုရှိ သူများ မှာလည်း၊ ပြင်းထန်စွာ ရုန်းကန် နေရသည်။
ချူဟောင်းယူ ၊ ဂျင်းဖိန်၊ ယီရှုတို့က၊ ဓားဧကရာဇ် ဆေးပင်မှ ထုတ်လွှတ် ထားသော ဓားမုန်တိုင်း၏ ဖိအားကို ကြီးစွာ ခံစား နေရသည်။
လင်းယွန်က လေးနက်သော အတွေး များဖြင့် ဓားဧကရာဇ် ဆေးပင်ကို ကြည့်လိုက်သည်။ သူသာ ဆက်သွား နေလျှင် ဒဏ်ရာကြီးကြီးမားမား ခံစား ရမည်ကို သူသိသည်။
သို့သော် ကုန်ဆုံး သွားသော သူ၏ မူလ စွမ်းအင် များမှာ၊ အကြောင်း တစ်ခုခု ကြောင့်၊ လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုး လာခဲ့သည်။
ဆေးလုံးများ သို့မဟုတ် ဝိညာဉ် ကျောက်စိမ်း များ၏ အကူ အညီ မပါဘဲ၊ ကုန်ဆုံးသွားသော မူလစွမ်းအင်များ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ ကြောင်းကို သိလိုက် ရသဖြင့် အံ့သြသွားသည်။
ဓားသုတ္တန်မှာ ဓားမုန်တိုင်း အတွင်းရှိ ဓားရည်ရွယ်ချက် များကို စုပ်ယူ နေခဲ့ခြင်း ဖြစ်ပေမည်။
ဓားဧကရာဇ် ဆေးပင်မှ ထွက်လာသော ဓားရည်ချက်သည် စွမ်းအင် ပုံသဏ္ဍာန် အဖြစ် လေးပြင်းများ နှင့်အတူ ရောနှောကာ၊ မုန်တိုင်းငယ် အသွင် ဖြစ်တည် နေခြင်း ဖြစ်သည်။
၎င်းကို သတိထား မိပြီး၊ လင်းယွန်က ကြေနပ်စွာ ကြိတ်ရယ်လျက် ဓားသုတ္တန်ကို ဖြန့်ချီ လိုက်၏။
အကန့်အသတ်မဲ့ ဓား ရည်ရွယ်ချက် များက သူ့ ဒါန်တမ်တွင် ရှိနေသော ခရမ်းရောင် ပန်းထဲသို့ စီးဝင် လာပြီး၊ ကုန်ဆုံး နေသော မူလ စွမ်းအင် များကို ပြန်လည် ဖြည့်တင်း လိုက်သည်။
တစ်ချိန်တည်း မှာပင် ဓားမုန်တိုင်းက၊ အားပျော့ လာခဲ့သည်။
လင်းယွန်က သူ၏ ပျော်ရွှင်မှုကို မျိုသိပ်ရန် ကြိုးစားလိုက် သော်လည်း၊ နှုတ်ခမ်း ပေါ်၌ အပြုံး တစ်ပွင် ထွက်ပေါ် လာခဲ့သည်။
ရုတ်တရက် ကျန်ရှိ နေသော မီတာ ငါးရာ ခရီးမှာ လွယ်ကူ သွားတော့၏။ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်ခြင်းဖြင့်၊ နက်နဲ စတုတ္ထ အဆင့်၏ ပိတ်ဆို့ မှုများ ကျိုးသွား သကဲ့သို့၊ အဆင့် ချိုးဖြတ် တော့မည့် အရိပ် အယောင်များ ပြသ လာသည်။
ဓားမုန်တိုင်း၏ အတား အဆီး ဖိအားကို အခက် အခဲ မရှိ ဖြတ်ကျော် နိုင်ပြီးနောက်၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဓားဧကရာဇ် ဆေးပင် ရှေ့သို့ လျှောက်လှမ်း လာနိုင် ခဲ့သည်။
နောက်တစ်စက္ကန့်တွင်၊ ရေလယ်ကျွန်း ပတ်ဝန်းကျင်ရှိ ဓားမုန်တိုင်းမှာ ပျောက်ကွယ် သွား၏။
ထိုအချိန်တွင် ချူဟောင်းယူနှင့် အခြားသော သူများ မှာလည်း၊ ခါးသီးစွာ လျှောက်လှမ်း နေရဆဲ ဖြစ်သည်။
ရောင်ခြည် ခုနစ်ခု အနက် တစ်ခု ပျောက်ကွယ် သွားသည်ကို တွေ့လိုက်သော အခါ ၊ တောအုပ် အပြင်ဘက် ကျောက်ဖျာ ပေါ်ရှိ လူအုပ် ကြီးမှာ စိတ်လှုပ်ရှား ကုန်၏။
ဆိုလို သည်မှာ တစ်စုံ တစ်ယောက်သည် ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို ခူးဆွတ် နိုင်ခဲ့လေပြီ။
“ဟားဟား၊ ရလဒ် ထွက်လာတော့ မယ်၊ ဒါက ချူဟောင်းယူ ဆိုတာ သေချာပြီ၊ သူက လွဲပြီး ဘယ်သူက ယူနိုင် မှာလဲ။ "
ဘိုင်တင်းက ရယ်လျက် ဆိုလိုက်၏။ အခြားသော အကြီးအကဲ များက၊ လျိုဖန်းအား ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅,၀၀၀) ကုန်ဆုံး တော့မည့် အရေးကို တွေးတော လာမိ သွားသော အခါ၊ ပြုံးလိုက် ကြသည်။
လင်းယွန်က ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို၊ ရရှိ နိုင်စရာ နည်းလမ်း မရှိချေ။
ဓားသင်္ချိုင်း တောအုပ်၏ ကောင်းကင် ပေါ်တွင်၊ ဓားငှက်ကို စီးနင်း ထားသော၊ သင်းထောက် တစ်ယောက်က ကျောက်ဖျာ ကြီးပေါ် ဆင်းသက် လာပြီး၊ အကြီးအကဲများ ဆီသို့ ချက်ချင်း ပြေးသွား ခဲ့သည်။
" ရလဒ် သိပြီလား"
မဟာမိတ် ပြည်နယ် အသီးသီးမှ ခေါင်းဆောင် များက အကြီးအကဲများ ထိုင် နေရာ ကျောက်ဖျာ ကြီးကို လှမ်းကြည့်ကာ၊ စိတ်လှုပ်ရှား ကုန်သည်။
'' ဘယ်သူ ရမယ် ထင်လဲ။ ''
" ဘယ်သူရှိ မလဲ ချူဟောင်းယူ ပဲပေါ။ ''
ဝမ်ယန်က ပေါ့ပေါ့ ပါးပါးဖြင့် ဆိုလိုက်သည်။
“ ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ရရှိတဲ့၊ သူ ထွက်ပေါ် လာပါပြီ။ ”
-ဟု ဓားငှက် ပေါ်မှ ဆင်းသက် လာသော အကြီး အကဲက သတင်းပို့ လာ၏။
" ဆက် ပြော ။ "
ဘိုင်တင်းက လက်ဖက်ရည် တစ်ငုံ သောက်ပြီး၊ မေးဆက်ပြ လိုက်သည်။
" ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ရရှိ တဲ့သူက၊ ဇောင်ယွန်းရှန်ပါ။ ''
ဘိုင်တင်း လက်ထဲရှိ ရေနွေးခွက်မှာ မြေပြင် ပေါ်သို့ လွတ်ကျ သွား တော့သည်။
( ချူဟောင်းယူ မဟုတ် ဖူးလား၊ ပြင်ပ တပည့်တွေ ထဲမှာ၊ ဇောင်ယွန်းရှန် နာမည်နဲ့ လူတစ်ယောက်က၊ ဘယ် အချိန်က ရှိနေ ရတာလဲ။ )
ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ရရှိသူမှာ ချူဟောင်းယူ၊ ယီရှု နှင့် ဂျင်းဖိန်တို့ မဟုတ်ဘဲ၊ မည်သူမျှ မကြား ဖူးသော သူ တစ်ယောက် ဖြစ်နေ ခဲ့သည်။
မဟာမိတ် အဖွဲ့ အစည်း အသီးသီးမှ ခေါင်းဆောင်များ နှင့်အတူ၊ အကြီး အကဲများ အားလုံးက စိတ်ပျက် သွားခဲ့ ရသည်။
'' ဒါနဲ့ ဇောင်ယွန်းရှန်က ဘယ်သူလဲ။ ''
***