ကတိ တည်ခြင်း။
Vol. 21 Ch. 293
''ဇောင်ယွန်းရှန် ဆိုတာ ဘယ်သူလဲ။ ''
မဟာမိတ် အဖွဲ့အစည်း အသီးသီးရှိ ခေါင်းဆောင် များနှင့် အကြီးအကဲများ အားလုံးက အံသြသွား ကုန်သည်။
သည်နာမည်ကို သူတို့ တစ်ကြိမ် မျှပင်၊ မကြား ဖူးခဲ့ပေ။ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အတွက်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅,၀၀၀) ဖြင့်၊ ကစားပွဲ တစ်ခု ပြုလုပ် ထားသည်။
သို့သော် နောက်ဆုံးတွင် အနိုင်ရ သူမှာ၊ သူတို့ မျှော်လင့် ထားသော ချူဟောင်းယူ၊ ယီရှု၊ ဂျင်းဖိန်နှင့် လင်းယွန်တို့ မဟုတ်ပေ။
လူတိုင်း၏ အမြင်ကို ကျော်လွန် သွားသော ထိုတပည့်ကို၊ ဤနေရာရှိ တစ်စုံ တစ်ယောက်မျှ မသိ ခဲ့ခြင်း ဖြစ်သည်။
" ...ဇောင်ယွန်းရှန်ကို မင်းသိလား။"
" ငါ သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။"
“ သူက အဆင့် သတ်မှတ် ချက်ကို၊ လျစ်လျူရှု ထားတဲ့၊ သူတွေ ထဲက တစ်ယောက် ဖြစ်နိုင်မယ်၊ သူတို့ အားလုံးက အရူးတွေလို ကျင့်ကြံခြင်း အပေါ်၊ နစ်မြုပ် နေကြတာ မဟုတ်လား၊ ခရီးကြမ်းတွေ ထွက်နေ တာပဲ ဖြစ်ဖြစ်၊ 'အသင်္ချေ ဓားရင်ပြင်' မှာပဲ ဖြစ်ဖြစ်၊ ကျင့်ကြံ နေခဲ့တာ ဖြစ်မယ်။ ''
“ မင်းပြောတာ ဖြစ်နိုင်ချေ ရှိတယ်၊ ပြင်ပ တပည့်ပေါင်း ထောင်သောင်းချီ ရှိနေတာပဲ၊ သူတို့ထဲမှာ ပညာရှင် မရှိ နိုင်ဖူးလို့၊ ဘယ်သူမှ အာမ မခံ နိုင်ပါဘူး။”
“ ဒါပေမယ့် ရလဒ် ကိုကတော့ အံ့သြ နေတုန်း ပါပဲ။ ”
အားလုံးက ဇောင်ယွန်းရှန် အကြောင်းကို၊ ပိုမို သိရှိရန် ကြိုးစား လာကြသည်။
ချူဟောင်းယူကို ယုံကြည်မှု ရှိသော ဘိုင်တင်းက မည်းမှောင်သော အမူ အယာဖြင့်၊ အစီရင် ခံရန် ရောက်လာသော အကြီးအကဲကို ကြည့်ကာ၊
“ မင်း အမှား မလုပ်ခဲ့တာ သေချာလား၊ ဓားဧကရာဇ် ဆေးပင်ရဲ့ ဖိအားက အရမ်းကြောက်စရာ ကောင်းတယ်၊ ချူဟောင်းယူထက် အရင်၊ တစ်ယောက် ယောက်က၊ အဲဒါကို ဘယ်လို ယူနိုင် မှာလဲ"
အမေး ခံရသော သင်းထောက်က ကြောက်ရွံ့ တုန်လှုပ် လာသည်။ ဘိုင်တင်း၏ ဒေါသ အရှိန်ကြောင့် ကြီးမားသော ဖိအားကို ခံစား လိုက်ရပြီး၊
" တကယ်တော့ ဇောင်ယွန်းရှန်ရဲ့ နာမည်က တစ်ခုခုပဲ၊ သူက လင်းကျူရှန်ရဲ့ မဟာမိတ် အဖွဲ့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တွေတောင် ရှိပုံရတယ်။ ”
“ ဆက်ပြီး မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကို စောင့်ကြည့် ထား၊ ဟား ဟား ... ဒါက ပိုစိတ်ဝင် စားစရာ ကောင်းလာပြီ။ "
လျိုဖန်းက ပြုံးကာ၊ အမိန့်ပေး လိုက်ပြီးနောက်၊ မျက်လုံးများ မှိတ်ထား လိုက်သည်။ ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို ရရှိခဲ့ သူမှာ မည်သူမျှ မကြား ထားဖူးသော သူ တစ်ဦး ဖြစ်နေသည့် အတွက်၊ သူလည်း အံ့သြမိ၏။
သို့သော် ၎င်းသည် သတင်းကောင်း တစ်ပုဒ်လည်း ဖြစ်နေသည်။ ချူဟောင်းယူ မဟုတ် သရွေ့ ဘယ်သူ မဆို အဆင်ပြေ၏။ အနည်းဆုံးတော့ ဘိုင်တင်း ပြုံးနိုင် တော့မည်် မဟုတ်ပေ။
“ အခု လောင်းကြေးတွေ ဘာလုပ်မလဲ၊ အတိအကျ ပြောရရင် ငါတို့ အားလုံး ရှုံးသွားတာပဲ။ ”
“ အောင်နိုင်သူ မရှိလို့၊ အဲဒါကို ထည့်မတွက် ပါနဲ့။ ”
" မှန်တယ်၊ အောင်နိုင်သူ မရှိတာကြောင့်၊ ငါတို့ လောင်းကြေးတွေ ပြန်ယူ ရအောင်။ ”
အကြီးအကဲ တချို့က လောင်းကြေး များကို ပြန်ယူ ချင်သော်လည်း၊ လျိုဖန်းက ရုတ်တရက် ရယ်မော လိုက်ပြီး၊
“အောင်နိုင်သူ မရှိဘူးလို့ ဘယ်သူ ပြောတာလဲ၊ ဇောင်ယွန်းရှန်က ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို သိမ်းယူ နိုင်ခဲ့ တာပဲ၊ ဒုတိယတန်းစား ဝိညာဉ် ကျောက်စိမ်း (၅၀,၀၀၀)က သူ့ကိုပေးရမှာပဲ မဟုတ်လား။ "
“ စိတ်ပျက် စရာပဲ။ ”
ဘိုင်တင်းက လှောင်ပြောင် ရေရွတ် လိုက်ပြီး၊
" ဇောင်ယွန်းရှန်က ဘယ်က လာတယ် ဆိုတာ ဘယ်သူ သိလဲ၊ ဒါက မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲရဲ့ ပထမ အကျော့ လေးပဲ မဟုတ်လား၊ ဒုတိယ အကြော့မှာ သူ ရှင်သန် နိုင်မလား ဆိုတာ မသေချာ ပါဘူး၊ သူ့ကို ပေးမ လို့လား ...၊ လူသေကို ပေးနေ တာနဲ့ အတူတူ ပဲပေါ့၊ လူအိုကြီးလျို မင်းခေါင်းက နှစ်လုံး ရှိနေ တာပဲ ဖြစ်ရမယ်။ ''
" ဟုတ်တယ်၊ ဒီ ဇောင်ယွန်းရှန်ကို ဘယ်သူ သိလဲ၊ ပထမ အကြော့မှာ ကံကောင်း ခဲ့ရုံ လေးပါ။ ''
“ ဒါက ပထမ အကျော့ ပဲလေ၊ ငါတို့က သူ့ကို ဘာလို့ ပေးရမှာလဲ"
" ဟား ဟား ဟား၊ အကြီးအကဲ လျိုက လင်းယွန်ရဲ့ အရိပ် အယောင် ကိုတောင် မမြင်ရလို့ ရူးသွပ် သွားတာ နေမယ်။ "
" မှန်တယ်၊ လင်းယွန်က အနိုင်ရ ခဲ့တာမှ မဟုတ်တာ၊ သူ အနိုင် ရတာ ဆိုရင်တော့ ငါတို့က၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တွေကို သဘာဝ အတိုင်း ပေးရမှာပဲ၊ ဒါပေမယ့် အခုက ဇောင်ယွန်းရှန်လေ။ ”
အကြီးအကဲ များက ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း များကို မပေးလို သည်မှာ သဘာဝ ကျပေသည်။
၎င်းမှာ သေးငယ်သော ပမာဏ မဟုတ်ပေ။ ဘိုင်တင်းက ဦးဆောင်လာ သည်နှင့် အမျှ၊ ကျန်သော အကြီး အကဲ များမှာ၊ ငြင်းဆန်ရန် ရဲရင့်လာ ကြသည်။
“ လူအိုကြီး မင်းမျက်နှာက တော်တော် ထူတာပဲ၊ ငါတို့ ဆက်ပြီး စောင့် ကြည့်မယ်”
- ဟု လျိုဖန်းက ပြတ်သားစွာ ဖြေကြား ခဲ့သည်။
ဘိုင်တင်းက လျိုဖန်းကို ကြည့်ပြီး ဒေါသထွက်လာ ပြီးနောက်၊
" ကောင်းပြီ ငါတို့ စောင့်နေမယ်၊ ငါ မင်းကို ကြောက်လိမ့်မယ် ထင်လား၊ ဒီ ဇောင်ယွန်းရှန်က မဟာမိတ် ပြည်ထောင်စု တိုက်ပွဲမှာ ဘာမှ မဟုတ်သလို၊ လင်းယွန်လည်း အလားတူ ပါပဲ၊ ချူဟောင်းယူနဲ့ ထိပ်တန်း ဆယ်ယောက်က ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ပြီးတဲ့ အခါ၊ သူတို့နဲ့ လင်းယွန်ကြား ခွန်အား ကွာဟ ချက်ကို ထုတ်ပြ လာကြ လိမ့်မယ်။ ''
ဓားဧကရာဇ် ဆေးပင်ကို ကျင့်ကြံမှုနှင့် နားလည် နိုင်စွမ်းအား တိုးမြင့်ရန်၊ 'ဓားတိမ်ယံ အမြုတေ'ဖြင့်၊ ပေါင်းစပ် နိုင်သည်။
ယခု အချိန်၌ ဓားဧကရာဇ် ဆေးပင် အတွက်တိုက်ပွဲမှာ၊ ပြီးဆုံး သွား သဖြင့်၊ ၎င်းဆေးပင်သည် ဒုတိယ အကျော့ တိုက်ပွဲ၏ သော့ချက် ဖြစ်လာ ပေမည်။
ဘိုင်တင်းက ချူဟောင်းယူ အပေါ် ပြင်းထန်သော၊ ယုံကြည် မှုကို၊ ပြသ မိခဲ့ ခြင်းကြောင့်၊ သူ့ကိုယ်သူ အရှက် ရနေ မိသည်။
“ အို၊ ပထမ အကျော့က အရေး မကြီးပါဘူး၊ လင်းယွန်က ဓားသင်္ချိုင်း တောင်ကုန်းမှာ သေဆုံး ခဲ့ရင်ကို ငါက အောင်နိုင်သူ ဖြစ်နေဆဲ ပါပဲ။ "
“ သေချာရဲ့လား၊ ပါးရိုက် ခံရလို့ မင်းမျက်နှာ ပျက်ယွင်း သွားမှာကို ငါ ကြောက်မိတယ်"
လျိုဖန်းက ပြုံးကာ ဆိုလိုက်သည်။
“ ဒါဆို စောင့်ကြည့် ရအောင်၊ ထိပ်ဆုံး ဆယ်ယောက် ထဲက လူတိုင်းကို စော်ကား ပြီးတဲ့နောက်၊ သူ ဘာလုပ် နိုင်မလဲ သိချင် ပါသေးတယ်၊ ဓားဧကရာဇ် ဆေးပင် မရှိဘဲ၊ ဘယ်လို အခြေခံ မျိုးနဲ့ ယှဉ်ပြိုင် မှာလဲ၊ ဒုတိယ အကျော့ မှာတောင် အောင်နိုင် ပါ့မလား ဆိုတာ ... မေးခွန်း ထုတ်ချင် စရာပါ ။ ”
အကြီးအကဲ များက ငြင်းခုံ နေကြ သကဲ့သို့၊ အခြား တစ်ဖက်ရှိ မဟာမိတ် ခေါင်းဆောင်များ အသီးသီး ကလည်း၊ သူတို့၏ အမြင်များဖြင့်၊ စူးစမ်း ဆွေးနွေးလာ ကြသည်။
" ဒီ ဇောင်ယွန်းရှန်က ဘယ်သူလဲ။ "
ဝမ်ယန်၏ မျက်နှာမှာ တင်းမာ နေသော ကြောင့်၊ သူ့ ပတ်ဝန်းကျင်တွင် မည်သူမျှ စကား မပြောရဲ တော့ချေ။
တစ်ဖက်တွင် ရှင်းယန်က ဓားမြှုပ်နှံ ထားသော တောင်ကုန်းကို အဓိပ္ပါယ် ရှိစွာ၊ ငုံ့ ကြည့်နေသည်။ ထိုအချိန်တွင် မိုချန်မှာ၊ အသည်း ပြတ် မတက် ခံစား နေရ၏။
အကြီးအကဲ များက အလောင်း အစားကို ပြန်အမ်းရန် ဆန္ဒ မရှိ သောကြောင့်၊ ကစားပွဲ ဒိုင်မှာ အနိုင်ရပြီး၊ ငွေများ ဆုံးရှုံး သွားသည်။
မိုချန်က ရှင်းယန်၏ ဝိညာဉ် ကျောက်စိမ်းများ အတွက် စိတ်ထိခိုက် မိ၏။ ရှင်ယန်မှ တုန့်ပြန်ခြင်း မရှိ သည်ကြောင့်၊ သူက လေးသံ တိုးတိုးဖြင့်၊
" စီနီယာ အစ်မ၊ အရမ်းကြီး ခက်ခက် ခဲခဲ မလုပ်ပါနဲ့။ "
" မိုချန်၊ မင်းသတိထား မိလား၊ ဒီနာမည်က နည်းနည်းတော့ ထူးခြားနေ သလိုပဲ။ "
ရှင်းယန်က ပြုံးပြီး မေးလိုက်သည်။
'' ဒီနာမည်ကို အရင်က မကြားဖူး ပါဘူး။ ”
မိုချန်းက ခေါင်းကုတ်ကာ ပြန်ဖြေ လိုက်၏။
" ဟုတ်လား .....၊ ဒါဆို မင်း မသိဖူးပေါ့။ ''
ရှင်းယန်က ပြုံးလိုက်ပြီး၊ အတွေးထဲ နစ်မျော သွား တော့သည်။
ဓားရေကန်တွင် လူတိုင်းက စကား တစ်ခွန်းမှ မဆိုဝံ့ တော့ဘဲ ထိတ်လန့် နေသည်။
ဇောင်ယွန်ရှန်က ဓား ဧကရာဇ် ဆေးပင်ကို အလွယ်တကူ ယူနိုင် လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။
ဂူယွမ်ဖေး၊ ရှားဖန်နှင့် တခြား သူများ ကပင်၊ ဓားမုန်တိုင်းကို လျင်မြန်စွာ ဖြတ်ကျော် ရယူ နေသော၊ ဇောင်ယွန်းရှန်ကို ငေးကြည့် နေမိ၏။
ဓားမုန်တိုင်းကြောင့် လင်းယွန်မှာ ဒဏ်ရာ ကြီးကြီး မားမား ရနိုင် ပေမည်၊ ထို့ကြောင့် ၎င်းအခွင့် အရေး ကို ဆုပ်ကိုင်ကာ၊ သူတို့၏ အရှက်တရား များအား ဆေးကြော ပစ်ရန်၊ စိတ်ကူး နေကြ မိကြခြင်း ဖြစ်သည်။
ဤမျှ များပြားသော မျက်လုံးများ အောက်တွင်၊ အရှက်ခွဲ ခံရ ခြင်းကို၊ မည်သူ မဆို လက်မခံ လို ကြပေ။ အထူးသဖြင့် လင်းယွန်၏ ပြောင်ပြောင် တင်းတင်း ခြိမ်းခြောက် ခဲ့သော စကားများ ပေပင်။
သို့သော် ယခုမူ သူတို့၏ စိတ်ကူးများ အားလုံး ကွဲအက် သွား၏။ လင်းယွန်က ဓား ဧကရာဇ် ဆေးပင်ကြောင့် ဒဏ်ရာ ရရှိခြင်း မရှိ သည်သာမက၊ သူ၏ ကျင့်ကြံမှု မှာလည်း ခြေလှမ်း တိုင်းတွင်၊ တိုးလာ နေခဲ့သည်။
အတား အဆီးကို ဖြတ်ကာ၊ ပဉ္စမမြောက် လေးနက်သော သွေးပြန် ကြောကို သူအလို ရှိတိုင်း၊ အချိန် မရွေး ဖန်တီး နိုင်တော့မည့် အရိပ် အယောင်များ ပြသ လာလေပြီ။
( ဒီကောင် ဘယ်သူလဲ။ )
ဂူယွမ်ဖေးက ဒေါသများ တောက်လောင် လာကာ၊ မြေပြင်ကို လက်သီးဖြင့်၊ ထိုးချ လိုက်၏။
"အစ်ကိုကြီး ဇောင် ယွန်း ရှန် ... ရသွားပြီ။ "
လင်းယန်သည် ခေတ္တမျှ မှင်တက် နေရာမှ ပျော်ရွှင် သွားပြီးနောက်၊ အော်ပြော လိုက်သည်။
လူတိုင်း၏ ထိတ်လန့်မှု များနှင့် နှိုင်းယှဉ် ပါက၊ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှား မှုကြောင့်၊ နီရဲ နေသည်။
လင်းကျူရှန်က သူမကိုယ် သူမ တည်ငြိမ်အောင် ထိန်းထား လိုက်ပြီး၊ သူ့ထံ ပြုံးရွှင်စွာ လျှောက်လှမ်း လာသော၊ လင်းယန်ကို အပြုံးဖြင့်သာ ကြည့်လိုက် မိ၏။
ဂူဘီရွှမ်နှင့် ချန်လင်းတို့ နှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ် မိကြ၏၊ လင်းယန်နှင့် နှိုင်းယှဉ် ကြည့်လျှင် သူတို့မှာ၊ ထိတ်လန့် နေဆဲ ဖြစ်သည်။
လင်းယွန်က ဓားမုန်တိုင်း အတွင်းရှိ ဓား ရည်ရွယ်ချက် ကြောင့်၊ ဒဏ်ရာများ ဖုံးလွှမ်းသွား လိမ့်မည်ဟု၊ သူတို့ မျှော်လင့်ထား ကြသော်လည်း၊ လင်းယွန်မှာ ဒဏ်ရာ မရရှိ ခဲ့သည့် အပြင်၊ ကျင့်ကြံ မှုပင် တိုးလာ ခဲ့၏။
သည်ရလာဒ် မျိုးဖြင့် ဇောင်ယွန်းရှန်ကို မည်သူမျှ ဟန့်တား ရဲမည် မဟုတ်ပေ။
သူတို့၏ အကူ အညီကို လမ်း တစ်လျှောက်လုံးတွင် လင်းယွန်က လိုအပ်ခြင်း မရှိ ခဲ့ပေ။ ဤအခြေအနေ မျိုး၌ ဓား ဧကရာဇ် ဆေးပင်ကို သူတို့နှင့် မျှဝေရန် တောင်းဆိုခွင့် မရှိနိုင်။
ရွေးချယ် စရာ ရှိပါလျှင်၊ မည်သူ မဆို တန်ဖိုးကြီး လွန်းသော အရာကို ဝေမျှမည် မဟုတ်ပေ။
လင်းယန်က လင်းကျူရှန်၏ အင်္ကျီ လက်ကို ဆွဲရမ်း လိုက်ပြီး၊
'' အစ်မကြီး ကြည့်ပါဦး၊ သူ ရလာပြီ။ "
- ဟု ဝမ်းသာ အားရ ဆိုလိုက်၏။ သို့သော် လင်းကျူရှန်က လှုပ်ရှား မလာ ခဲ့ပေ။
သူမတင် မက၊ ဂူဘီရွှမ်နှင့် ချန်လင်းတို့ သည်လည်း လှုပ်ရှား မလာ သည်ကြောင့်၊ တစ်ခုခု လွဲချော် နေသည်ကို ခံစားလိုက် ရပြီး၊ လင်းယန်က မျက်မှောင်ကြုတ် သွားကာ၊ “ဘာဖြစ် နေကြ တာလဲ” ဟု မေးယူ လိုက်သည်။
" လက်ရှိ အခြေ အနေကို မင်း မြင်တယ် မဟုတ်လား၊ ဇောင်ယွန်ရှန်ရဲ့ ခွန်အား အရ၊ ငါတို့ အကူ အညီကို မလိုဘူး၊ သူ အလို ရှိရင်၊ အချိန် မရွေး ထွက်သွား နိုင်တယ်၊ သူ့ကို ဟန့်တား နိုင်တဲ့သူ မရှိဘူး၊ အခု ငါတို့ သူ့ဆီ သွားမိရင်၊ ဝေစုကို ရဖို့ ကြိုးစား နေတာလို့ သူ ထင်လိမ့်မယ်၊”
ချန်လင်းက စိတ် မသက် သာဟန်ဖြင့် ပြုံးလျက် ရှင်းပြ လာသည်။ လင်းကျူရှန်နှင့် ဂူဘီရွှမ် တို့ သည်လည်း တိတ်ဆိတ် နေခြင်းဖြင့်၊ သူနှင့် အမြင် တူကြောင်း ပြသလာ ခဲ့၏။
" မဟုတ်တာ၊ အစ်ကိုဇောင်က သဘာဝ အတိုင်း မျှဝေ ပေးပါ လိမ့်မယ်၊ သူက အဲ့ဒီလို လူ မဟုတ် ပါဘူး။ ”
- ဟု လင်းယန်က ပြန်ဖြေ ရှင်းသည်။
သုံးယောက်သား ရှင်းယန် စကားကို လစ်လျူရှုကာ၊ ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးပြီး၊ ခေါင်းယမ်း လိုက်ကြ၏။
လူ အများက ဓားဧကရာဇ် ဆေးပင် အတွက်၊ သူတို့၏ အသက်ကိုပင် စွန့်နိုင် ကြပြီး၊ ထိုသို့သော ရူးသွပ်မှု မျိုး၏ နေက်ကွယ်ရှိ အကျိုး ဆက်ကို လင်းယန် သိနိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် လင်းယွန်က 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ သူတို့ ရှေ့သို့ ပြန်လည် ရောက်ရှိ လာပြီး၊
“ လာ ငါနဲ့ အတူ ထွက်သွားတာ...၊ ပိုအဆင်ပြေ လိမ့်မယ်၊ မဟုတ်ရင် မင်းတို့ ဝေစုကို ကာကွယ် နိုင်မှာ မဟုတ်ဘူး။ "
လင်းယွန်မှာ ရိုးစင်းသော လူငယ် တစ်ယောက် ဖြစ်ပြီး၊ ခြုံပုတ်ထဲတွင် ပုန်းအောင်း ရိုက်နှက်ခြင်း မျိုးကို မကြိုက်ပေ။
သူ့ စကားကြောင့် လင်းကျူရှန်၊ ဂူဘီရွှမ်နှင့်ချန်လင်းတို့က အံ့အားသင့် သွားခဲ့သည်။ နားကြားများ မှားနေ သလား ဟုပင် တွေးမိသွား၏။
တစ်ဖက်တွင် လင်းယွန်က လင်းကျူရှန် တို့၏ မျက်နှာ များကို မြင်ရသော အခါတွင်၊ နားမလည် နိုင်ဟန်ဖြင့်၊ မျက်ခုံးပင့် လိုက်မိသည်။
"တွေ့လား၊ အစ်ကိုဇောင်က ဓားဧကရာဇ် ဆေးပင်ကို ဝေမျှ ပေးလိမ့် မယ်လို့ .. ငါပြော တယ် မဟုတ်လား၊ မင်းက ငါ့ကို မယုံသေး ဖူးလား။ ”
လင်းယန်က မျက်ခုံးပင့်ကာ၊ တောက်ပစွာ ပြုံးလိုက်၏။
လင်းယွန် သည်လည်း ယခုမှပင် လင်းကျူရှန် တို့၏ မျက်နှာ ပေါ်ရှိ အမူအယာ များကို နားလည် သွားပြီး၊ ပြုံးပြ လိုက်၏။ သူတို့ အနေဖြင့် ထိုသို့ ထည့်သွင်း စဉ်းစား ကြခြင်းကို သူ မအံ့သြ မိပေ။
လမ်းတစ်လျှောက်တွင် ကြေနပ်စရာ ကောင်းသော အချိန် အချို့ ရှိခဲ့ သည်ကြောင့်၊ ပေးထားသော ကတိ အတိုင်း၊ လုပ်ဆောင် ပေးရ မည်မှာ သူ့ ပုံစံပင် ဖြစ်လေသည်။
အဖွဲ့ထဲသို့ လင်းယွန်ကို ခေါ်ဆောင် လာ သူမှာ ချန်လင်း ဖြစ်ပြီး၊ သူကပင် လင်းကျူရှန်တို့ကိုယ်စား ရှေ့တစ်လှမ်း တိုးလိုက်ကာ၊
" အစ်ကို ဇောင်၊ မင်း ငါတို့ကို တကယ်ပဲ ...၊ဓားဧကရာဇ် ဆေးပင် မျှဝေပေး မှာလား။ "
" မင်း ဆန္ဒ မရှိရင် ငါက အတင်းအကြပ် ပေးမှာ မဟုတ်ပါဘူး"
လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်၏။
" ငါ .... ငါလိုချင် တာပေါ့၊ ဒီလို ရတနာ မျိုးကို ဘယ်သူက မလိုချင် ရှိမှာလဲ။ ”
ချန်လင်းက ဝမ်းသာ အားရ ပြန်ဖြေ လာသည်။
လင်းကျူရှန်နှင့် ဂူဘီရွှမ် တို့က အချင်းချင်း ပြန်ကြည့် လိုက်ကြ ပြီးနောက်၊ လင်းယွန်အား လေးစား စွာဖြင့် လှမ်းကြည့် လိုက်ကြ၏။
***