သန့်စင်ခြင်း။
Vol. 21 Ch. 294
" ငါ .... ငါလိုချင် တာပေါ့၊ ဒီလို ရတနာ မျိုးကို ဘယ်သူက မလိုချင် ရှိမှာလဲ။ ”
ချန်လင်းက ဝမ်းသာ အားရ ပြန်ဖြေ လာသည်။ လင်းကျူရှန်နှင့် ဂူဘီရွှမ် တို့က အချင်းချင်း ပြန်ကြည့် လိုက်ကြ ပြီးနောက်၊ လင်းယွန်အား လေးစား စွာဖြင့် လှမ်းကြည့် လိုက်ကြ၏။
ရေလယ်ကျွန်း ပေါ်ရှိ ကျင့်ကြံ သူများ၊ အားလုံးက ရှုပ်ထွေးသော အကြည့်ဖြင့်၊ လင်းယွန်ကို ကြည့်နေ မိသည်။
လင်းယွန် ယူဆောင် သွားသော ဓားဧကရာဇ် ဆေးပင်ကို၊ မည်သူ ကမျှ စွန့်လွှတ် လိုသော ဆန္ဒ မရှိ ကြပေ။
သူတို့ အတွက် သည်ခရီးကို လွယ်ကူစွာ လျှောက်လှမ်း လာရ ခြင်းမျိုး မဟုတ် သည့်အပြင်၊ လမ်းခရီး၌ မိတ်ဆွေများ ကိုပင် ဆုံးရှုံး ထားခဲ့ ရသည်။
သို့သော် ပြသ ခဲ့သော ခွန်အား အရ လင်းယွန်ကို ဆန့်ကျင်ရန် မည်သူမျှ သတ္တိ မရှိ ခဲ့ချေ။ ထို့ကြောင့် မကျေ မနပ် ဖြစ်နေ ကြ သော်လည်း၊ ပါးစပ် ပိတ်ထား ရန်သာ တက်နိုင် ကြလေသည်။
လင်းယွန် အနေနှင့်မူ ဓားဧကရာဇ် ဆေးပင်ကို ရရှိပြီး ဖြစ်သောကြောင့်၊ သည်နေရာ၌ ဆက်နေရန် အကြောင်း မရှိနိုင်။
" မီးမဟာမိတ် အဖွဲ့ရဲ့ တပည့်တွေ နားထောင်ကြ ......၊ ဇောင် ယွန်း ရှန် ကို တား ..... ''
အာလုံး လက်လျော့ ထား ချိန်မှာပင်၊ ရှားဖန်၏ အသံမှာ ကျယ်လောင်စွာ ဟိန်းထွက် လာလေသည်။
လင်းယွန် ကြောင့် ဒဏ်ရာ ရရှိ ထားသော်လည်၊ ဓားဧကရာဇ် ဆေးပင်နှင့် အတူ၊ ထွက်ခွာ သွားတော့မည့်၊ လင်းယွန်ကို မြင်တွေ့ လိုခြင်း၊ မရှိပေ။
ထို့ကြောင့် လင်းယွန်ကို တိုက်ခိုက်ရန် 'မီးမဟာမိတ်' အဖွဲ့ကို အသုံး ချကာ၊ လူတိုင်းအား လှုံ့ဆော်ရန် ကြိုးစား လိုက်ခြင်း ဖြစ်သည်။
ဂူယွမ်ဖေး၊ ဟန်ဖန်းနှင့် အခြား သူများက ရှားဖန်ကို ကြည့်ပြီး အံ့သြသွား ကြသည်။ ရူးသွပ် သွားပြီ လားဟုပင်၊ တွေးထင် လိုက်မိ၏။
လင်းယွန်ကို ဝိုင်းရံ တိုက်ခိုက်ရန် လူတိုင်းကို စွဲဆောင် နိုင်ခဲ့မည် ဆိုလျှင်ပင်၊ ဓားဧကရာဇ် ဆေးပင်ကို ရရှိရန်၊ အခွင့် အရေး မရှိ သောကြောင့်၊ လှုပ်ရှားရန် မဝံ့ကြပေ။
" သေစမ်း သူ ပဲလား။ ”
လင်းယန်က ရှားဖန်ကို ရွံရှာ စွာဖြင့် ကြည့်လိုက်ကာ၊ ကျိန်ဆဲ လိုက်သည်။
လင်းယွန်မှ သူ့ အသက်ကို နှမြော ပေးခဲ့ သော်လည်း၊ ဒုက္ခ ပေးရန် ကြိုးစား လာသည်။
တစ်ဖက်တွင် လင်းယွန်က မျက်နှာဖုံး အောက်တွင် ပြုံးနေ ခဲ့၏။ အခြေအနေ တွေက စိတ်ဝင် စားစရာ ဖြစ်လာ လေပြီ။
သူ့ မျက်ဝန်း များ၌ ရက်စက်သော အငွေ့ အသက်များ ထင်ဟပ် လာပြီး၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း နှင့်အတူ ရွှေကျီးကန်း တံဆိပ်ကို ထုတ်ဖော် လိုက်သည်။
မူလ စွမ်းအင်ကို နောက်ကျော၌ ထွက်ပေါ် လာသော ရွှေကျီးကန်း တံဆိပ်ဖြင့် ပေါင်းထည့် လိုက်ပြီး၊ လက်များကို ဆန့်ထုတ်ကာ၊ ကောင်းကင်သို့ ပျံတက် သွား၏။
တုန်လှုပ် ခြောက်ခြား နေသော အကြည့်များ အောက်တွင်ပင် ရှားဖန်အား၊ လက်သီးဖြင့် ထိုးချ ပစ်လိုက်သည်။
“ မ ဟုတ် ဘူး .....။ ”
ရှားဖန်၏ မျက်နှာမှာ နီရဲသွားပြီး၊ အော်ဟစ် ဟန့်တား လိုက်၏။ အဆိုပါ လက်သီးကို ဟန့်တား နိုင်ရန် သူ့၌ နည်းလမ်း မရှိချေ။
ခရမ်းရောင် မီးများ တောက်လောင် နေသောလက်သီးသည်၊ လေဟာနယ် ခုခံမှုကို ထိုးခွဲ သွားသော ဓားတစ်လက် ကဲ့သို့၊ မြည်သံ ပြုလာကာ၊ ရှားဖန်၏ ရင်ဘတ်အား ထိမှန် သွား လာ၏။
စွမ်းအင် ပေါက်ကွဲ မှုကြောင့်၊ ထိမှန် ခံရသော နေရာတွင် ကြီးမားသော အပေါက် တစ်ခု ဖြစ်ပေါ် လာပြီး၊ ရှားဖန်အား ချက်ချင်း အသက်မဲ့ သွားစေ တော့သည်။
“ ဒီ …......”
" နေဦး.....''
'' သူ.... ဒီအတိုင်း သေသွား ပြီလား။ "
“ ဒါက ....''
'' အဲ့ဒါ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ပဲ၊ တကယ်ပဲ သူက ရွှေကျီးကန်း တံဆိပ်ကို ဖန်တီး နိုင်တာကိုး။ ”
ဂူယွမ်ဖေး အပါအဝင် လူအုပ်ကြီးမှာ၊ ကြောက်ရွံ့ တုန်လှုပ်သွား ကြသည်။ကြောက်ရွံ့ စိတ်များကြောင့်၊ လင်းယွန်ကို မော့ မကြည့် ဝံ့ကြပေ။
ဓားဧကရာဇ် ဆေးပင် အတွက် အကြံ အစည်ကို၊ အတွေးထဲ ပင်လျှင်၊ လုံးဝ စွန့်လွှတ် လိုက် တော့သည်။
အရာ အားလုံး မြန်ဆန် လွန်းလှပြီး၊ ရှားဖန်သည် မျက်စိ တစ်မှိတ် အတွင်း မှာပင် သေဆုံး သွားခဲ့ပြီ။ ဤရလဒ်ကြောင့် လူတိုင်းကို စကား လုံးများ မဲ့သွား စေ၏။
အစောပိုင်း ကာလ၌ လင်းယွန်က မည်သူ့ ကိုမျှ မသတ်ခဲ့ သည်ကြောင့်၊ ၎င်းတို့ကို မျှော်လင့်ချက် ပေးသည့် အနေ အထား မျိုးသို့ ရောက်ရှိ သွားကာ၊ ထိတ်လန့် ရုံသာ ရှိခဲ့ ပေသည်။ ယခုမူ။
“ စီနီယာ အစ်ကို ဇောင်၊ ငါတို့ မင်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ အားလုံးကို ရှားဖန်က ညွှန်ကြား ခဲ့လို့ပါ ...။ ”
" အကြီးတန်း အစ်ကို ဇောင်၊ ကျေးဇူးပြုပြီး ငါတို့ကို အထင်မလွဲပါနဲ့။ "
မီးမဟာမိတ် အဖွဲ့၏ တပည့်များ အားလုံး ဒူးထောက်ကာ၊ ကရုဏာကို တောင်းခံ လိုက်ကြသည်။
ထို့နောက် လင်းယွန်က တောင်းပန် သံများအား လစ်လျူရှုကာ၊ ဝေဟန်ဆောင်းကို လှည့်ကြည့် လိုက်၏။
အကြည့်ကို လက်ခံ ရရှိ မိသော ဝေဟန်ဆောင်းက၊ ကျောပြင်မှ ချွေးများ ရွှဲရွှဲ စိုလာပြီး၊ ချက်ချင်း သတိ အနေ အထားဖြင့် ခေါင်းငုံ့ ထားလိုက်သည်။
လင်းယွန်၏ အကြည့်က ဘာကို ဆိုလို သည်ကို သူ သိ၏။ ခြေတစ်လှမ်း မျှ နောက်ကျ သွားခြင်းက သူ့ကို ၊ အသက် ရှင်ခွင့် ရရှိ သွားစေ ခဲ့သည်။
အကယ်၍ သူသာ ခြေတစ်လှမ်း နောက်ကျခြင်း မရှိ ခဲ့ပါက၊ ယခု အချိန်တွင် ရှားဖန် ကဲ့သို့ပင် သေဆုံး သွားပေ ရလိမ့်မည်။
“ ပုရွက်ဆိတ် တောင်မှ အသက်ရှင် ချင်ကြတယ်၊ တချို့ လူတွေက ကိုယ့်ကိုကိုယ် ပိုမတွက် မိတာ ကံကောင်း ပါတယ်၊ မင်းကို ငါ မသတ် ပါဘူး၊ ဒါပေမယ့် ငါ မလုပ် ဖူးလို့တော့ မထင်နဲ့၊ ယင်ကောင် တွေကို ငါမုန်းတယ်။ ”
လက်းယွန်က သတိ ပေးပြီး၊ လှည့်ထွက် သွားတော့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက ရိုသေလေးစားသော မျက်လုံး များဖြင့်၊ ချက်ချင်း ကြည့်လိုက် ကြ၏။
" သူက သေမျိုး အဆင့်က ထိပ်တန်း ဆယ်ယောက်နဲ့ ယှဉ်နိုင်မှာ သေချာတယ်။ "
ဂူယွမ်ဖေးက လင်းယွန်၏ နောက်ကျောကို ကြည့်ပြီး အံကြိတ် လိုက်ကာ၊
"သေချာပေါက် ဘီလူး တစ်ကောင်ပဲ၊ ဒါပေမယ့် ဘယ်အချိန် ထဲက ဂိုဏ်းမှာ သူ့လို လူတွေ ရှိနေ ရတာလဲ။ "
ဥပမာတစ်ခု အနေဖြင့်၊ ရှားဖန်၏ သေဆုံး ခြင်းကို သင်ခန်းစာ ယူကာ၊ လင်းယွန် နှင့် ပတ်သက်ပြီး၊ မည်သူမျှ စိတ်ကူး မယဉ်ဝံ့ ကြပေ။
လူရှင်းသော နေရာသို့ အရောက်တွင် လင်းယွန်က ဓားဧကရာဇ် ဆေးပင်ကို ထုတ်ယူ လိုက်သည်။
ဓားဧကရာဇ် ဆေးပင်မှ ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ ထုတ်လွှတ် လာ သောကြောင့်၊ လူတိုင်းကို သက်တောင့် သက်သာ ဖြစ်လာစေ၏။
“ ဒါက ဓားဧကရာဇ် ဆေးပင်လား၊ ဓား ရည်ရွယ်ချက် မရှိ ခဲ့ရင်တောင်၊ ဒီအပင်လေးကို ရတနာ တစ်ပါး အဖြစ် ယူဆ နိုင်တုန်း ပါပဲ။”
ချန်လင်းက ဓားဧကရာဇ် ဆေးပင်ကို စိုက်ကြည့်ပြီး၊ အိပ်မက် မက်နေ သကဲ့သို့ ခံစား နေ မိသည်။ လင်းကျူရှန် နှင့် ဂူဘီရွှမ် တို့သည်လည်း စိတ်လှုပ်ရှား စွာဖြင့်၊ အပင်ကို ငေးကြည့် လာကြ၏။
ယခု အချိန်ထိ လင်းယွန်က သူတို့အား ဤသို့ ဝေမျှ လိမ့်မည်ဟု မယုံကြည် ရဲသေးချေ။
“ တကယ်ပဲ၊ ဒါက ဒုက္ခ အားလုံးနဲ့ ထိုက်တန် ပါတယ်။ ”
လင်းယွန်က ဓားဧကရာဇ် ဆေးပင်ကို ကိုင်လိုက်ပြီး အရွက်များကို ဆွတ်ယူ လိုက်ကာ ဝေမျှပေး လိုက်သည်။
" ကျေးဇူးတင် ပါတယ် စီနီယာ အစ်ကိုကြီး ဇောင်။ "
“ အစ်ကို ဇောင်ကို ကူညီပေး မပေး နိုင်လို့ တကယ့်ကို ရှက်မိ ပါတယ်၊ ငါတို့က မကူညီ နိုင်တဲ့ အပြင်၊ ဝန်ထုတ် ဝန်ပိုး ဖြစ်မိစေ ပါပြီ။ ''
" အစ်ကို ဇောင်၊ ငါ လင်းကျူရှန်... ၊ မင်းကို တစ်ကြိမ် အကျွေးတင် သွားပြီ။ "
လင်းကျူရှန်၊ ဂူဘီရွှမ်နှင့် ချန်လင်း တို့က ကျေးဇူးတင် ရှိကြောင်း၊ အထူးသဖြင့် လင်းကျူရှန်က ဖော်ပြခဲ့သည်။ လင်းယွန်ကို ပြောလိုက်သော အခါတွင်၊ သူမ၏ ခံစားချက်များမှာ ရိုးသား နေ၏။
" မဟာချင် အင်ပါယာ ကြီးက လင်းမျိုးနွယ် စုရဲ့ မျက်နှာသာ ပေးမှုကို ဘယ်သူက ငြင်းဆန် နိုင်မှာလဲ။ "
လင်းယွန်က ပြုံးက ပြန်ဖြေ လိုက်သည်။ ထိုစကားကို ကြား သည်နှင့် လင်းကျူရှန်မှာ ပြုံးလိုက်မိ၏။
လမ်းတစ်လျှောက် ဇောင်ယွန်းရှန်၏ အပြုအမူ များပေါ် အခြေ ခံ၍၊ လင်းယွန်မှာ ကျင့်ကြံမှု အပေါ်၊ ရူးသွပ် နေသူ တစ်ဦးသာ ဖြစ်ပြီး၊ လင်း မိသားစုမှ ဆင်းသက်လာ သူတစ်ဦး အဖြစ်၊ သူမ၏ အထောက် အထားကို ဂရုစိုက်မည် မဟုတ်ဟု ယူဆထား မိသည်။
သို့သော် ဆန့်ကျင်ဘက် အနေဖြင့်၊ ဇောင်ယွန်းရှန်မှာ ကျင့်ဝတ် များကို နားလည် ကျင့်သုံးသော၊ အထက်တန်းစား လူယဉ်ကျေး တစ်ယောက် ဖြစ်ကြောင်း၊ သူမ သိလိုက် ရသည်။
လင်းယန်က ဓားဧကရာဇ် ဆေးပင်ကို သိပ်စိတ်မ၀င် စားပေ။ သူမက ပြုံးပြီး၊
" အစ်ကိုကြီး ဇောင်၊ မင်း ... ငါတို့နဲ့ အတူ ဓားသင်္ချိုင်းဂူ ထဲကို လိုက်မှာလား။ "
“ အဲလို မလုပ် ရအောင်၊ မင်းကို ဒုက္ခ ပေးမိ မှာကို ငါ ကြောက်မိတယ်။ "
လင်းယွန်က သူ မည်သူ မည်ဝါ ဖြစ်သည်ကို မထုတ်ဖော် ချင်သော်လည်း၊ သူ့၌ ရန်သူများ ရှိနေ ပေသည်။
သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်နှင့် ရင်ဆိုင် ရမည် ဖြစ်ကာ၊ ၎င်းတို့ အားလုံးတွင် ကြောက်စရာ ကောင်းသော ဝှက်ဖဲများ ရှိနိုင်၏။ တိုက်ပွဲ အတွင်း လင်းကျူရှန် တို့အား ကြားမညှပ် စေလိုပေ။
အထူးသဖြင့် ထိပ်ဆုံး သုံးနေရာ စာရင်းဝင် သူများကို လျှော့တွက်လို့ မရနိုင်။ သို့သော် လင်းယွန်မှာ စိုးရွံ့မှု မရှိဘဲ၊ သူ့လမ်း၌ ပိတ်ဆို့ လာ သူ မှန်သမျှကို ကိုင်တွယ် ဖြေရှင်း ရပေ လိမ့်မည်။
“ အိုး .......။ ”
တုန့်ပြန်လာသော အဖြေကြောင့်၊ လင်းယန်က စိတ်ပျက် သွားသည် ။ ထို့နောက် သူမက တိုးညှင်းသော လေသံဖြင့်၊
“အစ်ကိုကြီးဇောင်၊ နောင်အခါ မြို့တော်ကို ရောက်ရင်၊ လင်းမျိုးနွယ် စုဆီ မင်းလာလည် ရမယ်၊ အစ်မကြီးနဲ့ ငါက ကြိုဆို နေမှာပါ။ "
“ ကောင်းပြီး၊ ကြုံရင် ငါလာခဲ့ ပါမယ်။ ''
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ ရုတ်တရက် လှည့်ထွက် သွားခဲ့ လေသည်။
သူ ထွက်သွား ပြီးနောက်၊ လင်းယန်က လင်းကျူရှန်ကို တုံ့ဆိုင်း စွာဖြင့် လှည့်ကြည့်ကာ၊
'' အစ်မကြီး ... ၊ သူ ငါတို့ဆီ တကယ် လာလည် မယ်လို့ နင် ထင်လား။ "
" မင်းဘာတွေ တွေးနေလဲ၊ သူ့ဆီ လဲကျ သွားပြီလား၊ သူ့ မျက်နှာ ကိုတောင် နင် မမြင်ဖူး သေးဘူးနော်၊ ဒါကို မမေ့ပါနဲ့။ "
လင်းကျူရှန်က သူ့ညီမ ခေါင်းကို ပုတ်ကာ၊ ပြုံးလျက် ဆူလိုက်သည်။
" ဟုတ်တယ်၊ သူ့ မျက်နှာကို မျက်နှာဖုံး အုပ်ထား တာက၊ ရုပ်ဆိုး လို့ပဲ ဖြစ်ရမယ်။ ”
ဟု ထျန်းဖိန်က ဝင်ရောက် ထောက်ခံ လိုက်၏။
ထိုစကားကို ကြောင့် လင်းယန်မှာ မကျေ မနပ်ဖြစ်သွားသည်။ သူမက မျက်မှောင်ကြုတ် လိုက်ပြီး ၊
“ သူ မျက်နှာဖုံး တပ်ထား တော့ရော ဘာဖြစ်လဲ၊ ....မင်းသာ ရုပ်ဆိုးကောင်၊ မင်းရဲ့ မိသားစု တစ်ခုလုံး ရုပ်ဆိုးတွေ ချည်ပဲ။ ”
-ဟု ဆိုလိုက်ရာ၊ ချန်လင်းက ရယ်မော လိုက်မိသည်။ ဆန့်ကျင်ဘက် မဆိုခဲ့ မိသည့် အတွက် များစွာ ကံကောင်း ပေသည်။
ထျန်းဖိန် အတွက်မူ သူ့အား၊ အရှက်ခွဲ ဖို့ရန် သူကိုယ်တိုင် တောင်းဆို ခဲ့သူ ပေပင်။
ဓားဧကရာဇ် ဆေးပင်ကို လင်းယွန်က သူတို့အား မျှဝေ ပေးခဲ့ သော်လည်း၊ ထျန်းဖိန်က မကောင်းသော အမြင်ဖြင့်၊ ပြောဆို လာခဲ့သည်။ ထို့ကြောင့် သူသည် လင်းယန်၏ ကဲ့ရဲ့ ခြင်းကို ခံထိုက် ပေ၏။
ထျန်းဖိန်၏ မျက်နှာမှာ နီရဲ လာပြီး စိတ်ဓာတ်ကျ သွားသည်။ အစောပိုင်း အချိန် များ၌ လင်းယန်တွင် ဤသို့သော အမြင်များ မရှိ ခဲ့သည်ကို သူသာ အသိဆုံး ဖြစ်သည်။
မိန်းမ ဟူသည် လေယူရာ ယိမ်းတက် ပေသည်လော။
“ ဒီနေရာကနေ အရင် ထွက်သွား ရအောင်၊ ဓားသင်္ချိုင်း ဂူကို သွားမဲ့ လမ်းမှာ၊ ငါတို့ ဘယ်သူ တွေနဲ့ ထပ်ကြုံ ရမလဲ ဆိုတာ မသိနိုင်ဘူး၊ လူတိုင်း သတိ လက်လွတ် မဖြစ် ပါစေနဲ့။ ''
လင်းကျူရှန်က အဖွဲ့ဝင် တိုင်းအား လေးနက်စွာ သတိပေး လိုက်၏။
“ဟုတ်တယ်၊ ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲပေါ် အခြေခံပြီး ပြောရရင်၊ မဟာမိတ်ပြည်ထောင်စု တိုက်ပွဲက၊ ဒီတကြိမ်မှာ တွက်ဆ နိုင်မှု အောက်ကနေ၊ ရုန်းထွက် သွားလိမ့် မယ်လို့ ပြောနိုင် ပါတယ်။”
“ ဒီနှစ်ထဲမှာ ဂိုဏ်းက ပိုပြီး ရက်စက်လာ နိုင်တယ်။ ''
တစ်ချိန်တည်မှာပင် လင်းကျူရှန် တို့နှင့်၊ ခွဲထွက် လာပြီးနောက်၊ လင်းယွန်က နေရာ တစ်ခုကို ရှာဖွေ ခဲ့ပြီး၊ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာအောင် စစ်ဆေး နေခဲ့သည်။
ဓားဧကရာဇ် ဆေးပင်၏ အနှစ်သာရ အများမှာ၊ ပင်စည်တွင် တည်ရှိပြီး၊ အရွက်များကို ဝေမျှ ခြင်းဖြင့်၊ သူ့ အတွက် ဖြုန်းတီးရာ မရောက်ပေ။
သူ့လက်ကို ဝှေ့ယမ်းကာ ဓားတိမ်ယံအမြုတေ ငါးခုကို ထုတ်ယူ လိုက်သည်။ ဓားဧကရာဇ်ဆေးပင်နှင့်ဓားတိမ်ယံအမြုတေကိုပေါင်းစပ်သန့်စင် နိုင်ပြီး ၎င်းတို့၏ အကျိုး သက်ရောက်မှု များမှာ ထင်ရှား လာနိုင်မည် ဖြစ်သည်။
" ဒါကို သန့်စင်ပြီးရင်၊ ဓားသုတ္တန်က အဋ္ဌမအဆင့်ကို ရောက်ရှိပြီး၊ ပဉ္စမမြောက် နက်နဲ သွေးပြန် ကြောကို ဖွဲ့စည်း နိုင်လိမ့်မယ်။ "
ထိုအချိန်တွင် အငြိုး အတေး များကို ဖြေရှင်း ရပေမည်။ အထက်တန်းစား ပြည်နယ်က ဓားသင်္ချိုင်း တောင်ကုန်းတွင်၊ သူ့ကို ဆုကြေး ထုတ်ထားခဲ့သည်၊ လုံလောက်အောင် သန်မာ ပါက ထိုပွဲကို နွှဲ ပြီးသား ဖြစ်ပေ လိမ့်မည်။
မည်သူ မဆို အမဲလိုက် ခံရ ခြင်းအား သဘော ကျနိုင်မည် မဟုတ်ပေ။
***