← Chapters

မရဏအလင်းမျှော်စင်

Vol. 50 Ch. 693

မရဏအလင်းမျှော်စင်

Vol. 50 Ch. 693

"သွေးတိုင်းပြည်မှာ ငွေကြေးကို မင်းမျိုးနွယ်တွေက ထိန်းချုပ်ပြီး သာမန်ကျင့်ကြံသူတွေက မြို့ပြင်မှာ နတ်ဆိုးသားရဲတွေကို အမဲလိုက်ထွက်ချင်ရင် မိစ္ဆာရွှေငါးသောင်း ပေးရတယ်။ ပုံမှန်ဆိုရင်တော့ မင်းမျိုးနွယ်တွေရဲ့ နောက်လိုက်တွေက အုပ်စုဖွဲ့ပြီး အမဲလိုက်ထွက်ကြတယ်။ သွေးပြည်ထောင်နယ်စပ်က မှောင်ခိုစျေးမှာ စစ်ဧကရာဇ်တစ်ယောက်ကို မိစ္ဆာရွှေတစ်သိန်း၊ နတ်အစေခံတစ်ယောက်ကို မိစ္ဆာရွှေငါးသန်းနဲ့ ဝယ်ယူနိုင်တယ်။ သူတို့ကို ကျွန်ကုန်သည်တွေက စကြဝဠာရဲ့နေရာတိုင်းကနေ ဖမ်းဆီးလာတယ်"

ကျိရန်ရွယ်က ရှင်းပြနေရင်း မျက်ဝန်းများ အရောင်ဖျော့သွားခဲ့သည်။ သူမကဲ့သို့ မျိုးနွယ်ပျောက်နေသူတစ်ယောက်အတွက် ဖမ်းဆီးခံရပြီး ကျွန်ဖြစ်နိုင်ချေ အလွန်များနေသည်။

"ဘာ မင်း ဘာပြောလိုက်တယ်။ နတ်အစေခံတစ်ယောက်ကို မိစ္ဆာရွှေငါးသန်းနဲ့ ဝယ်နိုင်တယ်ပေါ့။ တကယ်ပြောနေတာဆိုရင် မှောင်ခိုစျေးက ဘယ်မှာလဲ"

ယဲ့ချန်က အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် သူမ၏လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ အလောတကြီး မေးလိုက်သည်။ ဤပမာဏက စျေးပေါလွန်းနေပြီး နဂါးဘုရင်သာသိလျှင် ကောင်းကင်မူလတိုက်ရှိ မိစ္ဆာရွှေများကိုစုစည်းကာ နတ်အစေခံများ ရနိုင်သလောက် ဝယ်ယူပေလိမ့်မည်။

"နင်က ဘာလို့ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ နတ်အစေခံကျွန်တစ်ယောက်က မိစ္ဆာရွှေငါးသန်းတန်ကြေး ရှိတယ်နော်။ ပြီးတော့ ငါတို့က မှောင်ခိုစျေးကို ရောက်ဖို့အတွက် မရဏကြယ်ကနေ နောက်ထပ်ကြယ်လေးငါးလုံးလောက် ကျော်ဖြတ်ရဦးမှာဖြစ်လို့ ခုနစ်သန်းနဲ့ ရှစ်သန်းကြား ကုန်လိမ့်မယ်"

ကျိရန်ရွယ်က ယဲ့ချန်ကို အသေးစိတ်ရှင်းပြလိုက်သည်။ တစ်ဖက်လူ၏ ရုတ်တရက်ဖြစ်ပေါ်လာသော ပုံစံကြောင့် သူမက ဝေခွဲမရဖြစ်နေသည်။ မရဏကြယ်ပေါ်တွင် ဤငွေပမာဏက နတ်အစေခံတစ်ယောက်၏ ပိုင်ဆိုင်မှုနှင့် တူညီသည်။ ခရီးသွားခက ခုနစ်သန်းကျော်ဖြစ်နေသောကြောင့် သူက တည်ငြိမ်သွားပြီး ကောင်းကင်မူလကြယ်၏ လမ်းကြောင်းက တစ်လမ်းသွားဖြစ်ကာ အပြန်လမ်းမရှိပေ။ သူက နတ်အစေခံကျွန်တစ်ယောက် ဝယ်ယူနိုင်ခဲ့လျှင်ပင် ပြန်ခေါ်သွားရန်အတွက် ခက်ခဲနေသည်။

"ခရမ်းရွှေက မိစ္ဆာရွှေ ဘယ်လောက်တန်သလဲ"

"တစ်သောင်း"

အကယ်၍ ယဲ့ချန်၌ ဤမျှငွေပမာဏများစွာ တကယ်ရှိနေလျှင် အလွန်ချမ်းသာသူ ဖြစ်နိုင်သောကြောင့် ကျိရန်ရွယ်က အကဲခတ်နေခဲ့သည်။ လက်ရှိတွင် သူက ခရမ်းရွှေတစ်ထောင် ယူဆောင်လာသောကြောင့် မိစ္ဆာရွှေဆယ်သန်းနှင့်ညီမျှပြီး ကျန်ငွေများဖြင့်ဆိုလျှင် နတ်အစေခံတစ်ယောက်ကို ဝယ်ယူနိုင်သော်လည်း အပြန်လမ်းက ပြဿနာဖြစ်နေခဲ့သည်။ သူကသာ ကောင်းကင်မူလကြယ်သို့ပြန်ရန် နည်းလမ်းရှာတွေ့လျှင် အရာရာအဆင်ပြေသွားပေလိမ့်မည်။ ကြယ်သခင်ရှင်းက များပြားလှသော ဝိညာဥ်သားရဲများကို ကောင်းကင်မူလကြယ်သို့ ယူဆောင်လာခဲ့ပြီး အကြောင်းအရင်းမှာ သွေးပြည်ထောင်၏ ငွေကြေးစနစ် ဖြစ်နိုင်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ကောင်းကင်မူလကြယ်တွင် ငွေများစွာပိုင်ဆိုင်နေပြီဟု ယူဆနိုင်သည်။ ရှင်းရွှမ်က ကြယ်သခင်တစ်ယောက်ဖြစ်သောကြောင့် အာကာသအတွင်း သွားလာနိုင်ကာ သွေးပြည်ထောင်သို့ ရောက်ဖူးခဲ့ကြောင်း ယဲ့ချန်က သေချာစွာ သိလိုက်ရသည်။

"အရှင်ရှင်းက ကျယ်ပြောလှတဲ့ စကြဝဠာနဲ့ ပြည်ထောင်တွေအကြောင်း သိထားတာကို ဘာကြောင့်မပြောပြခဲ့ရတာလဲ။ သူက ကျင့်ကြံသူတွေ ကြောက်လန့်သွားမှာကို စိုးရိမ်လို့လား။ တကယ်လို့ ကောင်းကင်မူလကြယ်ကသာ စကြဝဠာထဲမှာ ဖုန်မှုန့်ပမာဏလောက် သေးငယ်တယ်ဆိုတာကို သိသွားရင်လည်း ဘာမှမတတ်နိုင်ပါဘူး"

ယဲ့ချန်က ဤသို့တွေးရင်း သက်ပြင်းချလိုက်မိသည်။ ပြည်ထောင်များအကြောင်း သိလိုက်ရပြီး ကောင်းကင်မူလကြယ်ထက် များစွာအစွမ်းထက်သော အရိပ်မျိုးနွယ်ပင် ဖျက်ဆီးခံလိုက်ရသောကြောင့် သူ၏ရင်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံနေပြီး အသက်ရှူကျပ်လာသည်။ အတိတ်တွင် ရှင်းရွှမ်သည်လည်း ဤဖိအားမျိုးကို ခံစားခဲ့ရသဖြင့် ကောင်းကင်မူလကြယ် အစွမ်းထက်လာစေရန် အဆက်မပြတ် ကြိုးပမ်းခဲ့ပုံပေါ်သည်။ သို့သော်လည်း သူက ကျရှုံးခဲ့ရပြီး မည်သို့ပျောက်ကွယ်သွားကြောင်း မသိရဘဲ ပါရမီရှင်ကြယ်သခင်တစ်ယောက်ပင် ကံကြမ္မာကို မတွန်းလှန်နိုင်ခဲ့ပေ။ သူက ဖုန်မှုန့်ပမာ ခံစားနေရပြီး အင်အားနည်းပါးမှုကြောင့် စိတ်ဓာတ်ကျနေသည်။ သူ၏အမူအရာက အတွေးနက်သွားလိုက်၊ ဝမ်းနည်းသွားလိုက် ဖြစ်နေသောကြောင့် ကျိရန်ရွယ်ကလည်း နားလည်ပုံပေါ်သည်။ ယဲ့ချန်သည်လည်း သူမကဲ့သို့ တစ်ခုခုကို ကာကွယ်ချင်နေကြောင်း ထင်ရှားသည်။ ကံကြမ္မာကို ပြောင်းလဲရန်အတွက် တစ်ဦးတစ်ယောက်တည်းဖြင့် မစွမ်းဆောင်နိုင်သောကြောင့် အင်အားစုစည်းရန် လိုအပ်ကာ အမြဲတမ်း နည်းလမ်းတစ်ခုရှိသည်ဟု နားလည်ထားသည့် သူ၏မျက်လုံးများ တောက်ပလာသည်။

"အရိပ်မျိုးနွယ်ကို ကယ်တင်ဖို့ ကြိုးစားခဲ့သေးလား"

"အင်း၊ ဒါပေမယ့် သူတို့ရဲ့ကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့က အမြစ်တွယ်နေပြီ"

ကျိရန်ရွယ်၏ မျက်ဝန်းလေးများ မှိန်ကျသွားကာ မျိုးနွယ်ဝင်များကို ကယ်တင်ရန်အတွက် လက်လျှော့ထားပုံပေါ်သည်။

"မင်းသာ သူတို့ကိုရှာနိုင်ရင် နတ်ဆိုးမျိုးစေ့ကို ဖယ်ရှားပြီး ပုံမှန်အတိုင်းဖြစ်အောင် ငါ လုပ်ပေးနိုင်တယ်"

ယဲ့ချန်က တစ်လုံးချင်း ပြောလိုက်သည်။

"တကယ်ပြောတာလားဟင်"

ကျိရန်ရွယ်က မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သော်လည်း မျက်ဝန်းများ တောက်ပနေခဲ့သည်။

"တကယ်လို့ နင်သာ အရိပ်မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးနိုင်တယ်ဆိုရင် ကျေးဇူးရှင်လို့ သတ်မှတ်ပါတယ်။ နင်ဘာခိုင်းခိုင်း ငါက နောက်မတွန့်စေရပါဘူး"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ ကျိရန်ရွယ်က လေးနက်စွာ ကတိပေးလိုက်သည်။ သူမက အသက်ဆက်ရှင်ရန်အတွက် မျှော်လင့်ချက် ကုန်ဆုံးနေရသည်မှာ မျိုးနွယ်ကို မကယ်တင်နိုင်သောကြောင့်ဖြစ်သည်။ သူမက ဤလောကအတွင်း တစ်ကိုယ်တော်သင်းကွဲအဖြစ် မရှင်သန်လိုခဲ့ပေ။ သို့သော် ယဲ့ချန်၏စကားလုံးများက သူမ၏ရင်ထဲရှိ မျှော်လင့်ချက်မီးတောက်ကို ဟုန်းခနဲ တောက်လောင်စေခဲ့သည်။

"တကယ်လို့ နင်ကသာ ငါ့ကို ကျွန်အဖြစ် လိုချင်တယ်ဆိုရင်လည်း လက်ခံပေးပါမယ်"

ဤကတိလောက်က ယဲ့ချန်ကိုလှုပ်ရှားစေရန် မဖြစ်နိုင်ဟု ထင်နေသောကြောင့် သူမက နှုတ်ခမ်းကိုကိုက်ကာ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ ဤနေရာရှိ လူချမ်းသာများနှင့် မင်းမျိုးနွယ်များက သူမကိုသိမ်းပိုက်လိုသော စိတ်ဆန္ဒမျိုး ရှိတတ်ကြသည် မဟုတ်ပါလော။ သူမ၏စကားကြောင့် ယဲ့ချန်မှာ အလွန်အံ့သြသွားပြီး အလှလေးတစ်​ယောက်ဖြစ်ကြောင်း လက်ခံနိုင်သော်လည်း ဤအချက်ကို တွေးပင်မတွေးမိချေ။ သူမ၏လှပသော ခန္ဓာကိုယ်၊ အထူးသဖြင့် တောင့်တင်းဖြောင့်စင်းသော ပေါင်တံများသည် ယောကျ်ားအများစု၏စိတ်ကို ဆွဲဆောင်နိုင်သော်လည်း သူက အောက်တန်းကျသူမဟုတ်သည့်အပြင် မိန်းမချောလေးယောက်ကိုလည်း ဇနီးအဖြစ် ပိုင်ဆိုင်ထားသည်။

"နင် အတွေးလွန်နေပြီ။ ငါက နင့်ကိုသိမ်းပိုက်ချင်လို့ အရိပ်မျိုးနွယ်ကို ကယ်တင်ပေးချင်တာ မဟုတ်ဘူး။ ကယ်နိုင်စွမ်းရှိမရှိ ဆိုတာကလည်း ပြဿနာဖြစ်နေတယ်"

ယဲ့ချန်က ခေါင်းယမ်း၍ ချက်ချင်းငြင်းဆန်လိုက်သည်။ သူ၏စကားကြောင့် ကျိရန်ရွယ်သည် စိတ်ရှုပ်သွားဟန်ဖြင့် မော့ကြည့်လာခဲ့သည်။ သူမ၏အလှတရားက အခြားအရာများထ က် သူ့ကို ဆွဲဆောင်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ ယဲ့ချန်က သူမနောက်သို့ လိုက်လာသော အကြောင်းအရင်းမှာ ထိုအလှတရားကြောင့်ဖြစ်သည်ဟု ထင်မှတ်မှားနေခဲ့သည်။ သူက မရဏကြယ်အကြောင်းသိလိုလျှင် အခြားကျင့်ကြံသူတစ်ယောက်ကိုလည်း မေးမြန်းနိုင်သည် မဟုတ်ပါလော။

"ငါ အရိပ်မျိုးနွယ်ကို ကယ်တင်ရတဲ့ အကြောင်းအရင်းက ငါ့အတွက်လည်း လိုအပ်နေလို့ပဲ"

ယဲ့ချန်က သူမအထင်မှားနေသည်ကို နားလည်သောကြောင့် အလျင်အမြန် ရှင်းပြလိုက်သည်။

"နင့်အတွက် ဟုတ်လား"

ကျိရန်ရွယ်က ပို၍စိတ်ရှုပ်သွားပုံပေါ်သည်။

"ဟုတ်တယ်။ အရိပ်မျိုးနွယ်မှာ ကြယ်သခင်သုံးယောက်နဲ့ နတ်အစေခံငါးရာကျော်ရှိတာတောင် ဖျက်ဆီးခံခဲ့ရတယ်။ ငါ့မွေးရပ်မြေကြယ်မှာ နတ်အစေခံဆယ်ယောက်သာ ရှိတယ်။ ငါ့သားက မွေးကင်းစဖြစ်ပေမယ့် ကြယ်သခင်အဖြစ် ရွေးချယ်ခံထားရတယ်။ ဒါကြောင့် ငါက အင်အားတိုးတက်လာဖို့ အရေးတကြီးလိုအပ်နေတယ်။ အရိပ်မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးပြီးရင် ငါ့သားရှိတဲ့ကြယ်ကို သွားပြီးနေထိုင်စေချင်တယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ ကျိရန်ရွယ်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမက ယဲ့ချန်အပေါ် အထင်မှားခဲ့သဖြင့် ရှက်သွေးဖြာနေခဲ့သည်။ တစ်ဖက်လူက သူမကို စိတ်မဝင်စားသည့်အပြင် သားတစ်ယောက်အဖေ ဖြစ်နေခဲ့သည်။

"ငါ့မျိုးနွယ်ဝင်တွေကို ကယ်တင်ဖို့ အရမ်းခက်ခဲတယ်။ သူတို့ကို အတွင်းမြို့တော်ရဲ့ တစ်နေရာမှာ ဖမ်းချုပ်ထားပြီး ကောင်းကင်နတ်ဆိုးတွေအတွက် အလုပ်လုပ်ပေးနေရတယ်"

သူမက ပြန်လည်တည်ငြိမ်လာသောအခါ အခြေအနေကို ရှင်းပြလိုက်၏။

"သူတို့က မရဏကြယ်ပေါ်မှာရှိနေသရွေ့ နည်းလမ်းတစ်ခုရှာတွေ့ဖို့ သေချာပါတယ်။ အတွင်းမြို့တော်ကို ဘယ်လိုဝင်ကြမလဲ"

ယဲ့ချန်က အတွင်းမြို့တော်သို့ဝင်ရောက်ရန် လိုအပ်သည့်အပြင် ကျိရန်ရွယ်နှင့် သူ၏သရုပ်ကို ဖုံးကွယ်ထားရပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးများသာ သူမကို သတိထားမိသွားလျှင် မည်သည့်အကြံမှ အလုပ်ဖြစ်မည် မဟုတ်ချေ။

"အတွင်းမြို့တော်ကိုဝင်ဖို့အတွက် မင်းမျိုးနွယ်တစ်ယောက် ဒါမှမဟုတ် နောက်လိုက်တစ်ယောက်ဖြစ်ရင် တရားဝင်အထောက်အထားရှိသရွေ့ ဝင်ရောက်နိုင်တယ်။ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ ဝင်ကြေးက မိစ္ဆာရွှေတစ်သိန်း ပေးရလိမ့်မယ်"

ကျိရန်ရွယ်က ဖြေလိုက်သည်။ မျှော်လင့်ချက်မရှိသည်ထက်စာလျှင် အနည်းဆုံး ရှိနေသည်က ပို၍ကောင်းမွန်ပေသည်။ ကောင်းကင်မူလကြယ်သို့ ပြန်နိုင်သော လမ်းကြောင်းကို မတွေ့ခင် ယဲ့ချန်သည် ယူဆောင်လာသမျှ ငွေကြေးများကို အလေးထားရပေလိမ့်မည်။ မရဏကြယ်ပေါ်တွင် ပြန်လည်ရှာဖွေရန် ခက်ခဲသောကြောင့် ဝင်ကြေးအဖြစ် မိစ္ဆာရွှေနှစ်သိန်းက အလွန်စျေးကြီးနေသည်။

"ဒီလိုဆိုမှတော့ အတွင်းမြို့တော်ကို လမ်းပြပေး"

နောက်ဆုံးတွင် ယဲ့ချန်က ဆုံးဖြတ်ချက်ချလိုက်သောကြောင့် ကျိရန်ရွယ်က ဦးဆောင်ထွက်ခွာလိုက်သည်။ ကျဥ်းကြပ်သော ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများကို ကျော်ဖြတ်ရာ၌ သူတို့က ဝတ်ရုံရှည်များဝတ်ဆင်ကာ မျက်နှာကို ဖုံးအုပ်ထားကြသည်။ အဆင့်တူကျင့်ကြံသူများသာ မဟုတ်လျှင် အားနည်းသူများကဝိ ညာဥ်အသိစိတ်ဖြင့် စစ်ဆေးလျှင်ပင် မျက်နှာကို မြင်နိုင်စွမ်းမရှိချေ။

မှော်မြို့တော်တစ်ခွင် အနက်ရောင်နတ်ဆိုးချီများ ပြည့်နှက်နေကာ အဝေးသို့မျှော်ကြည့်လိုက်လျှင် မြင့်မားသော မြို့ရိုးတစ်ခုက ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။ မြို့ရိုးထိပ်တွင် မျှော်စင်များက စစ်သည်တော်များကဲ့သို့ အတန်းလိုက်တည်ရှိနေကာ ထူးဆန်းသည့်အသွင် ဖြစ်ပေါ်နေသည်။

"ဒါက ဘာတွေလဲ"

သူက မျှော်စင်များကို ညွှန်ပြ၍ ကျိရန်ရွယ်ထံ မေးလိုက်ခြင်းဖြစ်သည်။ ၎င်းတို့က ကျိယွမ်ကြယ်၊ ခရမ်းရောင်သစ်တော၏ အလယ်ရှိ မျှော်စင်နှင့် ဆင်တူနေသည်။

"ဒါက မရဏအလင်းမျှော်စင်လို့ ခေါ်တယ်။ ဒါက သွေးနတ်ဆိုးမျိုးနွယ်မှာ အဆင့်အတန်းမြင့်မားတဲ့ ပညာရှင်တစ်ယောက်ရဲ့ လက်ရာဖြစ်တယ်။ ဒါတွေကို အဆင့်ငါးခုခွဲခြားနိုင်ပြီး အဆင့်ပိုမြင့်လေလေ ပိုပြီးအစွမ်းထက်လေလေ ဖြစ်တယ်။ ဒါတွေက အဆင့်တစ်ဖြစ်နေရင်တောင် စစ်ဧကရာဇ်တစ်ယောက်က အသက်သွင်းနိုင်ပြီး နတ်အစေခံတစ်ယောက်ကို တစ်ချက်တည်းနဲ့ အပြင်းအထန်ဒဏ်ရာရအောင် လုပ်နိုင်တယ်။ ပစ်မှတ်က တိုက်ခိုက်ရေးစက်ကွင်းအတွင်းမှာ ရှိနေရင် ချက်ချင်းတိုက်ခိုက်ခံရနိုင်ပေမယ့် ကြယ်ကျောက်တုံးနဲ့ အသက်သွင်းရတယ်။ တစ်ကြိမ်အသက်သွင်းဖို့အတွက် အရေအတွက်ထောင်ချီ လိုအပ်တဲ့အတွက် အရမ်းအကုန်အကျများတယ်"

ကျိရန်ရွယ်က အသေးစိတ် ရှင်းပြလိုက်သည်။ ယဲ့ချန်၏စိတ်ထဲတွင် ကောင်းကင်နတ်ဆိုးကို ထိုမျှော်စင်က တိုက်ခိုက်ခဲ့သော မြင်ကွင်း ပြန်လည်ဖြစ်ပေါ်လာသည်။ ကောင်းကင်နတ်ဆိုးက မျှော်စင်၏အလင်းတစ်ချက်ကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ထွက်ပြေးသွားရသည်။ ထို့ကြောင့် ကျိယွမ်ကြယ်ပေါ်ရှိ မျှော်စင်သည်လည်း မရဏအလင်းမျှော်စင်ဖြစ်ကာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက်က သွေးပြည်ထောင်မှ သယ်ယူလာခြင်း ဖြစ်နိုင်သည်။ အဆင့်တစ်မျှော်စင်ကပင် ဤမျှအစွမ်းထက်နေသောအခါ အဆင့်ပိုမြင့်သော မျှော်စင်များဆိုလျှင် ကြယ်သခင်အဆင့်ကို တိုက်ခိုက်နိုင်စွမ်း ရှိနိုင်လေသည်။

All Chapters