← Chapters

အတွင်းမြို့တော်သို့

Vol. 50 Ch. 696

အတွင်းမြို့တော်သို့

Vol. 50 Ch. 696

"မင်းရဲ့မျက်လုံးက အကောင်းဆုံးအထောက်အပံ့ဖြစ်ပြီး မရဏကြယ်ပေါ်က အရာရာတိုင်းကို မြင်နိုင်မှတော့ အခြားလူတွေကို သတင်းအချက်အလက် ရောင်းရမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ လမ်းညွှန်ပေးလိုက်သည်။

"ဆရာက ပညာရှိလွန်းပါတယ်"

သူ၏စကားကြောင့် မိုရန်၏မျက်လုံးများ တောက်ပလာကာ ပို၍လေးစားလာခဲ့သည်။ ယဲ့ချန်က အံ့ဖွယ်ဖြစ်ရပ်များ ဖန်တီးနိုင်ရုံသာမက ဉာဏ်ပညာလည်း ကောင်းမွန်လှပေသည်။ ဤအကြံက အမှန်တကယ်အလုပ်ဖြစ်နိုင်ပြီး နေ့စဥ်နေ့တိုင်း ကျင့်ကြံသူများက အမဲလိုက်ရန် မြို့တွင်းမှ ထွက်ခွာနေကြသည်။ မြို့ပြင်တွင် အလွန်အန္တရာယ်များပြီး အခြေအနေကို ကြိုတင်သိထားလျှင် အကျိုးအမြတ် ပိုမိုရနိုင်သောကြောင့် သတင်းရောင်းလျှင် ဝယ်သူများစွာ ရပေလိမ့်မည်။ ထို့အပြင် အခြားသတင်းများကို ဝယ်ယူချင်သူများလည်း ရှိလာမည်ဖြစ်ကာ မိုရန်က မရဏကြယ်၏ အရာရာတိုင်းကို မြင်နိုင်သောကြောင့် ရောင်းချနိုင်ပေလိမ့်မည်။

"သတင်းရောင်းဝယ်တဲ့နေရာမှာ လုံခြုံရေးကို ဂရုစိုက်ရမယ်"

ယဲ့ချန်က သတိပေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

မိုရန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် ယဲ့ချန်က သူ့ကို ချန်ထားရစ်ခဲ့ပြီး သိပ်မကြာခင် ငွေအ​မြောက်အများနှင့် နောက်လိုက်များ စုဆောင်းနိုင်ပေလိမ့်မည်ဟု ယုံကြည်ထားသည်။

"ငါ့ကို အဲ့ဒီဝိညာဥ်ကောင်တွေထဲက တစ်ခု ပေးလို့ရမလား"

ကျိရန်ရွယ်က အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် ယဲ့ချန်ထံ တောင်းဆိုလာခဲ့သည်။

"ဒါကိုသာ ပေါင်းစပ်လိုက်ရင် နင်က ငါ့ကို သစ္စာရှိရလိမ့်မယ်နော်။ တကယ်ဆုံးဖြတ်ထားတာ သေချာပြီလား"

ယဲ့ချန်က လေးနက်စွာ ပြန်မေးလိုက်သည်။

"ငါက ဝိညာဥ်ကို စုပ်ယူလိုက်ရင် ကိုယ်ပိုင်ဉာဏ်မရှိတဲ့ ရုပ်သေးတစ်ကောင် ဖြစ်သွားမှာလား"

သူမက စိတ်အတွင်း လွန်ဆွဲနေဟန်ဖြင့် မေးလာခဲ့သည်။

"မဖြစ်ဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်၏။

"ဒါဆိုရင် ငါ့ကို တစ်ခုပေးပါ"

သူမက အံကြိတ်၍ တောင်းဆိုလိုက်သည်။

"နင်က ဒီလိုမျိုးလုပ်ဖို့ မလိုအပ်ပါဘူး။ ဝိညာဥ်နဲ့ မပေါင်းစပ်ရင်တောင် ငါက အရိပ်မျိုးနွယ်ဝင်တွေကို ကယ်ပေးပါမယ်"

ယဲ့ချန်က ကျိရန်ရွယ်ကို ရွေးချယ်ခွင့်ပေးလိုသဖြင့် ရှင်းလင်းစွာ ပြောပြထားလိုက်သည်။

"ငါ ပိုပြီးသန်မာလာချင်တယ်။ ငါ့မျိုးနွယ်ဝင်တွေကို ငါကိုယ်တိုင် ကယ်တင်ချင်တယ်"

ကျိရန်ရွယ်က ခေါင်းမာစွာဖြင့် ဆက်လက်တောင်းဆိုနေခဲ့သည်။ ယဲ့ချန်၏ နတ်ဆိုးဝိညာဥ်က မိုရန်ကို စစ်ဧကရာဇ်အဆင့်သို့ ရောက်သွားစေခဲ့သော မြင်ကွင်းသည် သူမအတွက် အံ့ဖွယ်ရာတစ်ခု ဖြစ်နေခဲ့သည်။

"ကောင်းပြီ"

ယဲ့ချန်သည် ကျိရန်ရွယ်ကို တစ်ချက်ကြည့်၍ လေးနက်စွာစဥ်းစားပြီး သဘောတူလိုက်၏။ ခဏအကြာတွင် သူ၏လက်ဝါးအတွင်း နတ်ဆိုးဝိညာဥ်တစ်ကောင် ထွက်ပေါ်လာကာ သူမ၏ကိုယ်တွင်းသို့ ရင်ဘတ်မှတဆင့် ထည့်သွင်းပေးလိုက်သည်။ ဝိညာဥ်နှင့် ပေါင်းစပ်ရာတွင် ရင်ဘတ်က အကောင်းဆုံးနေရာဖြစ်ပြီး မိုရန်အတွက် မျက်လုံးက အရေးကြီးသောကြောင့် ဦးခေါင်းမှ ပေါင်းစပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူက လက်ဖဝါးမှ အထိအတွေ့ကြောင့် ကသိကအောက်ခံစားနေရပြီး သူမ၏ရင်ဘတ်အရွယ်အစားအရ ဆွဲငင်အား ပြင်းထန်နေသည်။ သို့သော် သူ၏နှလုံးသားက ချက်ချင်းတည်ငြိမ်သွားပြီး လော့အာအတွက် ဝိညာဥ်များ ပေါင်းစပ်ပေးစဥ်ကဲ့သို့ ခံစားချက်များ ဖြစ်တည်မလာခဲ့ပေ။ ကျိရန်ရွယ်က ရှက်သွေးဖြာနေသော်လည်း တစ်ဖက်လူ၏တည်ငြိမ်မှုကြောင့် ရင်ဘတ်မှ အထိအတွေ့ကို ချက်ချင်းလျစ်လျူရှုလိုက်ပြီး ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော နတ်ဆိုးဝိညာဥ်၏ စွမ်းအင်များကို စတင်စုပ်ယူလိုက်သည်။ ပိုမိုသန်မာလာကာ အရိပ်မျိုးနွယ်ကို ကယ်တင်လိုသော သူမ၏ဆန္ဒက ၎င်းစွမ်းအင်များကြောင့် လှုံ့ဆော်ခံလိုက်ရသည်။

"ဘုန်း"

ဝိညာဥ်၏စွမ်းအင်များကို ဆက်တိုက်စုပ်ယူပြီးနောက် ကျိရန်ရွယ်၏ကျင့်ကြံဆင့် တိုးတက်လာသကဲ့သို့ တစ်ချိန်တည်းမှာပင် အရိပ်မျိုးနွယ်၏ မျိုးဆက်သွေးများက ပွက်ပွက်ဆူလာခဲ့သည်။ သူမက များပြားလှသော အရိပ်မျိုးနွယ်ဝင်များကြားတွင် ထူးခြားသူဖြစ်ကာ နတ်အစေခံများပင် နတ်ဆိုးမျိုးစေ့ကို မတွန်းလှန်နိုင်ခဲ့သော်လည်း စစ်ဧကရာဇ်အဆင့်ဖြင့် ၎င်းကို ပြန်လည်ဝါးမျိုကာ လွတ်လပ်ခဲ့သည်။ ဤအကြောင်းအရင်းကို သူမက ရှင်းမပြတတ်သော်လည်း အရိပ်မျိုးနွယ်၌ ရှည်လျားသော သမိုင်းကြောင်းတစ်ခု ပိုင်ဆိုင်ထားသည်။ သက်တမ်းနှစ်၂၀၀ ကျော် နေထိုင်နိုင်သောကြောင့် ထိပ်တန်းလူသားမျိုးနွယ် တစ်ခုဖြစ်လာပြီး ကြယ်သုံးလုံးကိုထိန်းချုပ်၍ ကြယ်သခင်သုံးယောက်အထိ ပိုင်ဆိုင်ထားသည်။ ဆင့်ကဲတိုးတက်မှုအရ ထူးခြားသော ရုပ်ခန္ဓာကို ပိုင်ဆိုင်လာကြပြီး သူမက အရိပ်မျိုးနွယ်၏ ထူးခြားမှုကို အမွေဆက်ခံနိုင်ခဲ့သည်။

စကြဝဠာအတွင်း၌ အဆင့်တစ်နှင့်နှစ် မျိုးနွယ်များသာ ကောင်းကင်နတ်ဆိုးမျိုးစေ့ကို တွန်းလှန်နိုင်သောကြောင့် တစ်နည်းပြောရလျှင် ကျိရန်ရွယ်၏ခန္ဓာကိုယ်က အဆင့်နှစ်မျိုးနွယ်ဝင်တစ်ယောက်ပမာ အစွမ်းထက်နေပြီဖြစ်သည်။ သူမ၏မျိုးနွယ်က အဆင့်သုံးဖြစ်သော်လည်း ထိပ်တန်းလူသားမျိုးနွယ်ဝင် တစ်ယောက်ဖြစ်လာကာ အဆင့်နှစ်မျိုးနွယ်ဝင်အဖြစ် ဆင့်ကဲတိုးတက်ရန် အခွင့်အရေးရှိလာသည်။ ယဲ့ချန်၏နတ်ဆိုးဝိညာဥ်က သူမ၏ပါရမီကို အသက်သွင်းပေးနိုင်ခဲ့ပြီး အရိပ်မျိုးနွယ်၏ ဝိသေသများဖြစ်သော ကိုယ်ယောင်ဖျောက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းစသည့် စွမ်းရည်များ ရုတ်တရက် တိုးတက်လာခဲ့သည်။ ကျင့်ကြံဆင့်ကလည်း အလွယ်တကူမြင့်တက်လာခဲ့ပြီး ယဲ့ချန်နှင့် အဆင့်တူဖြစ်သော အဆင့်ခုနစ် စစ်ဧကရာဇ်အထိ တိုးတက်လာသည်။ သူမ၏မျက်လုံးများ ပွင့်လာသောအခါ ယဲ့ချန်အပေါ်ကြည့်သည့် အမြင်များ ပြောင်းလဲသွားခဲ့သည်။

"သွားကြစို့"

ယဲ့ချန်က ရှေ့ဆုံးမှ ဦးဆောင်ထွက်ခွာလိုက်သည်။ သူမက အဆင့်တက်သွားသောအခါ အလွန်ပျော်ရွှင်နေပြီး ကိုယ်ယောင်ဖျောက်ခြင်းစွမ်းရည်လည်း တိုးတက်လာခဲ့သည်။ လက်ရှိတွင် အဆင့်တစ်ဆယ် စစ်ဧကရာဇ်တစ်ယောက်ပင် သူမကို အာရုံခံနိုင်မည် မဟုတ်ချေ။ သူမက ယဲ့ချန်ကို မည်သို့ကျေးဇူးတင်ရမည်အား မသိသောကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။ သူတို့က အတွင်းမြို့ဝင်ပေါက်သို့ ရောက်သောအခါ ချိုးရဲက ရှိနေဆဲဖြစ်ပြီး ကျင့်ကြံသူငါးယောက်ထံမှ ဝင်ကြေးအဖြစ် ပိုက်ဆံများ တောင်းယူပြီးဖြစ်သည်။

ချိုးရဲက လင်းရှောင်ထက် များစွာပိုလှသော ကျိရန်ရွယ်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ ထို့အပြင် သူမက ဆွဲဆောင်အားပြင်းပြီး တင်းကျပ်သော သားရေစကပ်ကြောင့် ကောက်ကြောင်းများထင်ရှားနေကာ အဖုအထစ်များ မို့မောက်နေသည်။ သားရေဖိနပ်ရှည်အထက်မှ လှပသော ခြေတံများက ညှို့ငင်အားပြင်းလွန်းကာ ယောကျ်ားအများစု ငြင်းနိုင်မည်မဟုတ်ပေ။ သူ၏အတွေ့အကြုံအရ ဤမိန်းမလှမျိုးက တစ်ညလျှင် မိစ္ဆာရွှေသောင်းချီရှာဖွေနိုင်ပြီး စွမ်းရည်အချို့ရှိပါက သိန်းချီအထိ ရှာဖွေနိုင်ကြောင်း နားလည်ထားသည်။ လင်းရှောင်က အကြိမ်များစွာ လှည့်စားခံရမည့် မိန်းမမျိုးဖြစ်ကာ ကျိရန်ရွယ်ကမူ အေးစက်စက်ဖြင့် ကွဲပြားနေခဲ့သည်။

"မင်းတို့နှစ်ယောက်က အတွင်းမြို့ကို ဝင်ချင်လို့လား"

ချိုးရဲက ကျိရန်ရွယ်ကို ပေါ်တင်ငမ်းရင်း မေးလိုက်ခြင်းဖြစ်သည်။ သူ၏အကြည့်ကြောင့် သူမက မကျေမနပ်ဖြစ်သွားသောကြောင့် နှာခေါင်းတစ်ချက်ရှုံ့ကာ စစ်ဧကရာဇ်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ တစ်ဖက်လူက စစ်ဧကရာဇ်ဖြစ်နေမည်ဟု ထင်မထားသော ချိုးရဲက ရင်ထိတ်သွားသော်လည်း စိတ်ထဲမှ အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။ အပြင်မြို့တွင် သူက ဤနှစ်ယောက်ကို အန္တရာယ်မပေးနိုင်သော်လည်း အတွင်းမြို့၌ အာဏာပိုင်ဆိုင်ထားသည်။ ထိုနေရာတွင် မျိုးနွယ်များစွာရှိ​ပြီး စစ်ဧကရာဇ်များပင် ၎င်းတို့ကိုမှီခို ရှင်သန်ရသည်။ ချိုးရဲ၏အဒေါ်က မှော်မြို့တော်ဝန်နှင့် လက်ထပ်ထားသောကြောင့် ချိုးမျိုးနွယ်က အတော်အတန်အာဏာရှိသည်။ သူနှင့် မျိုးဆက်တူလူငယ်များက ကျင့်ကြံခြင်းတွင် ပါရမီရှိသောကြောင့် အများစုက စစ်ဧကရာဇ်အဆင့်သို့ ရောက်နေကြသော်လည်း ချိုးရဲက လူ့ပေါ်ကြော့သခင်လေးတစ်ယောက်သာဖြစ်သည်။ သူက အပိုဝင်ငွေရရန်အတွက် အပြင်မြို့တော်မှ အတွင်းမြို့တော်သို့ လူသယ်ပို့သော အလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်သည်။

"ဟုတ်တယ်"

ချိုးရဲ၏အမေးကို ယဲ့ချန်က အေးစက်စက် တုံ့ပြန်လိုက်၏။

"ယောကျ်ားအတွက် မိစ္ဆာရွှေငါးသောင်းနဲ့ မိန်းကလေးအတွက် ခုနစ်သောင်းကျတယ်၊ တစ်ခွန်းစျေးပဲ"

"နင်က ယောကျ်ားအတွက် နှစ်သောင်းနဲ့ မိန်းမအတွက် ငါးသောင်းလို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

ကျိရန်ရွယ်က ဒေါသဖြင့် စောဒကတက်လိုက်သည်။ ထို့အပြင် သူမက ချိုးရဲ၏မျက်နှာထားကြောင့် ရွံရှာစိတ်များပင် ဖြစ်ပေါ်လာသည်။

"မင်းတို့က စစ်ဧကရာဇ်တွေဖြစ်တဲ့အတွက် ဒီစျေး ပေးကိုပေးရမယ်။ ဒါပေမယ့် မင်းက ငါနဲ့အတူ တစ်ညအဖော်ပြုပေးမယ်ဆိုရင် တစ်ဝက်စျေး လျှော့ပေးမယ်လေ"

ချိုးရဲက သူမကို တဏှာမျက်လုံးဖြင့် စိုက်ကြည့်ကာ စကားဖြင့်အသားယူရန် ကြံစည်နေသည်။

ကျိရန်ရွယ်ထံမှ သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသော်လည်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းခဲ့သဖြင့် ချက်ချင်းပျောက်ကွယ်သွားသည်။

"နင်က စစ်ဧကရာဇ်တစ်ယောက်ဆိုရင်ရော ဘာဖြစ်လဲ။ ချိုးမျိုးနွယ်ဝင်တစ်ယောက်ကို ထိရဲရင် သေတဲ့အထိ ခံစားသွားရလိမ့်မယ်"

ချိုးရဲက စိတ်ထဲမှ လှောင်ပြောင်လျက်ရှိသည်။ အတွင်းမြို့တော်မှ မျိုးနွယ်ကြီးတစ်ခု၏ အဖွဲ့ဝင်တစ်ယောက် အပြင်မြို့တော်၌အသတ်ခံရလျှင် သူတို့က ရေဆုံးမြေဆုံး လက်စားချေတတ်သည်။ ကျိရန်ရွယ်က သူ့ကိုတိုက်ခိုက်လျှင် အသက်ရှင်ရသည်မှာ ပင်ပန်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူ့ကို ကာကွယ်ရန်အတွက် စစ်ဧကရာဇ်အဆင့် သက်တော်စောင့်တစ်ယောက်လည်း ရှိနေခဲ့သည်။

ကျိရန်ရွယ်က တစ်ဖက်လူ၏ တဏှာမျက်လုံးကြောင့် ဒေါသထွက်နေသော်လည်း အတွင်းမြို့တော်အကြောင်း သိထားသဖြင့် ရန်မစလိုသဖြင့် ယဲ့ချန်ကို အကူအညီတောင်းရန် လှည့်ကြည့်လိုက်သည်။

"ဒီစျေးကို လက်ခံတယ်။ ဒါပေမယ့် မင်းနဲ့ အလုပ်အကိုင်တစ်ခုလောက် ဆွေးနွေးချင်တယ်။ စိတ်ဝင်စားလား"

ယဲ့ချန်သည် ချိုးရဲ၏အောက်တန်းကျမှုကြောင့် မနှစ်မြို့သော်လည်း ကျိရန်ရွယ်ကို အကြည့်တစ်ချက်ဖြင့် နှစ်သိမ့်ကာအထက်ပါအတိုင်း ကမ်းလှမ်းလိုက်သည်။

"ဘာကိစ္စလဲ"

ချိုးရဲက ယဲ့ချန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

"မင်း ဒီအလုပ်နဲ့ရှာနေတာထက် အများကြီးပိုက်ဆံပိုရနိုင်တဲ့ အလုပ်ပေါ့"

ယဲ့ချန်၏မျက်နှာထားက အလွန်အမင်း တည်ငြိမ်နေသည်။

"ငွေများများရမယ့် အလုပ်လား"

ချိုးရဲ၏ အကြည့်များက စတင်ပြောင်းလဲလာခဲ့သည်။ ယဲ့ချန်ဖြစ်စေ၊ ကျိရန်ရွယ်ဖြစ်စေ ဝတ်ဆင်ထားသော အဝတ်အစားများအရ အပြင်မြို့တော်မှ ဆင်းရဲသားများ မဖြစ်နိုင်ပေ။ ယဲ့ချန်၌ ငွေများများရှာနိုင်သော အလုပ်တစ်ခုရှိနေနိုင်သဖြင့် သူက စိတ်လှုပ်ရှားနေခဲ့သည်။ ချိုးမျိုးနွယ်ဝင်တစ်ယောက်ကို တစ်ဖက်လူမှ လိမ်ရဲမည်ဟု မထင်ထားသည့်အပြင် လိမ်ခဲ့လျှင်လည်း အတွင်းမြို့တော်သို့ရောက်ပါက ရက်ရက်စက်စက်သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်တယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သောအခါ ကျိရန်ရွယ်က တစ်ခုခုကို နားလည်သွားဟန်ဖြင့် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

"ကောင်းပြီ။ မင်းတို့ကိုလည်း ခေါ်သွားပေးမယ်။ အတွင်းမြို့တော်ကိုရောက်လို့မှ ရှင်းပြချက်မပေးနိုင်ရင် ငါ့အဆိုးမဆိုနဲ့"

ချိုးရဲက အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် သဘောတူလိုက်သည်။ အကယ်၍ ယဲ့ချန်နှင့် ကျိရန်ရွယ်က လိမ်ခဲ့သည်ဆိုလျှင် သူက နောက်လိုက်များကို အမိန့်ပေး၍ ဖမ်းဆီးရန် တွေးတောနေခဲ့သည်။ ယောကျ်ားကို ကျွန်အဖြစ်ရောင်းချကာ မိန်းကလေးကိုပျော်ပါးပြီးနောက် ပြည့်တန်ဆာအဖြစ်ရောင်းချရန်ပင် ကြံစည်နေခြင်းဖြစ်သည်။ သူ၏ဘေးနားရှိ အစေခံကို ယဲ့ချန်က တစ်ချက်စစ်ဆေးလိုက်သောအခါ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်ဧကရာဇ်အဆင့်တစ် ကျင့်ကြံသူသာဖြစ်ကြောင်း သိလိုက်ရသည်။

"သွားကြစို့"

ချိုးရဲသည် ယဲ့ချန်ထံမှ မိစ္ဆာရွှေတစ်သိန်းနှစ်သောင်းကိုရယူပြီးနောက် စတင်ထွက်ခွာလိုက်သည်။ သူ၏ဦးဆောင်မှုဖြင့် လူစုက အတွင်းမြို့တော်ဝင်ပေါက်မှ ဖြတ်သန်းလာကြသည်။ ထိုအချိန်၌ ယဲ့ချန်သည် အစောင့်နတ်ဆိုးများနှင့် ကျောက်ဘီလူးမျိုးနွယ်ဝင်နှစ်ယောက်ကို အကဲခတ်နေခဲ့သည်။ မိုရန်၏အဆိုအရ အတွင်းမြို့တော်၌ မျိုးနွယ်များစွာရှိကြောင်း ကြိုတင်သိရှိထားသည်။

လင်းရှောင်နှင့် အခြားကျင့်ကြံသူများက စိုးရိမ်တကြီးဖြင့် လိုက်ပါလာကြသည်။ အတွင်းမြို့တော်သို့ ဝင်ရောက်ကာနီးတွင် သူမက နောက်ဆံတင်းနေဟန်ဖြင့် လှည့်ကြည့်လိုက်သော်လည်း ခဏအကြာတွင် ချိုးရဲနောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့လေသည်။

All Chapters