လူငယ်။
Vol. 22 Ch. 295
" ဒါကို သန့်စင် ပြီးရင်၊ ဓားသုတ္တန်က အဋ္ဌမအဆင့်ကို ရောက်ရှိပြီး၊ ပဉ္စမမြောက် နက်နဲ သွေးပြန် ကြောကို ဖွဲ့စည်း နိုင်လိမ့်မယ်။ "
ထိုအချိန်တွင် အငြိုး အတေး များကို ဖြေရှင်း ရပေမည်။ အထက်တန်းစား ပြည်နယ်က ဓားသင်္ချိုင်း တောင်ကုန်းတွင်၊ သူ့ကို ဆုကြေး ထုတ်ထား ခဲ့သည်။
မည်သူ မဆို အမဲလိုက် ခံရ ခြင်းအား သဘော ကျနိုင်မည် မဟုတ်ပေ။
" ဓားဧကရာဇ် ဆေးပင်ကို သန့်စင်ဖို့ အချိန် ကျပြီ။ ''
ခြေထောက်များကို ချိတ်ထိုင် ချလိုက်ကာ၊ ကျင့်ကြံရန် ပြင်ဆင် လိုက်၏။
ဓားဧကရာဇ် ဆေးပင်နှင့် ဓားတိမ်ယံ အမြုတေ တို့သည်၊ ရှားပါး ရတနာများ ဖြစ်ကြပြီး၊ ၎င်းတို့ကို အတူတကွ သန့်စင် ခြင်းဖြင့်၊ အံ့ဖွယ် အကျိုး သက်ရောက်မှု ရှိမည်ဖြစ်သည်။
ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်ပြီး၊ ဓားဧကရာဇ် ဆေးပင်နှင့် ဓားတိမ်ယံ အမြုတေကို သန့်စင်ရန် အာရုံ စိုက်မိ၏။
စွမ်းအင် စီးကြောင်း နှစ်ကြောင်းက၊ သူ့ခန္ဓာကိုယ် ထဲသို့၊ စီးဆင်း သွားသော အခါတွင်၊ ရိုင်းစိုင်းသော နဂါး နှစ်ကောင်က၊ သူ့ ခန္ဓာ ကိုယ်အား ဖျက်ဆီးရန် ဝင်ရောက် လာတော့မည် ကဲ့သို့၊ ခံစားလိုက် ရသည်။
ထိုစွမ်းအင် .များက သူ့ ခန္ဓာကိုယ် အတွင်း၌ ကြီးမားသော လှိုင်းလုံး များကို ဖြစ်ပွား လာစေ၏။
ခရမ်းရောင် စွမ်းအင် များက သူ့ ခန္ဓာကိုယ်ကို အားဖြည့် ပေးထား သည်ကြောင့်၊ အတွင်း အင်္ဂါ များမှာ တုန်ခါ လျက်ဖြင့်၊ ပြင်ပမှ ဝင်ရောက် လာသော စွမ်းအင် လှိုင်း များကို၊ ခုခံစေခဲ့သည်။
သူ့ ခန္ဓာကိုယ်ကို ထွက်ပေါက် အဖြစ်၊ အသုံး ပြုရန် ကြိုးစား နေသော၊ စွမ်းအင် နှစ်သွယ်က၊ တဟုန်ထိုး မြင့်တက် လာသည်ကြောင့်၊ ဖိနှိပ် ဖို့ရန်၊ ပိုမို ခက်ခဲလာသည်။
၎င်းသည် ယခင် အချိန်က ဓားတိမ်ယံ အမြုတေကို စုပ်ယူခဲ့ သည်နှင့်၊ နှိုင်းယှဉ် ပါက၊ များစွာ ကြောက်စရာ ကောင်းလှ၏။
နောက်ဆုံးတွင် ဓားဧကရာဇ် ဆေးပင်၏၊ အာနိသင် (၃၀%)ကို စွန့်ထုတ်ရန်၊ ဆုံးဖြတ် လိုက်ရသည်၊ သို့မဟုတ် ပါလျှင် ခံနိုင်ရည် မရှိတော့ သဖြင့်၊ သွေးကြောများ ပေါက်ကွဲ သွားပေမည်။
ဓားဧကရာဇ် ဆေးပင်တွင် ဝိညာဉ် စွမ်းအင်များ သာမက၊ ဓား ရည်ရွယ်ချက် များလည်း ပါ၀င် ပေ၏။
ဒရာကိုဖီ ခန္ဓာအား လေ့ကျင့်ထား သောကြောင့်သာ၊ ဆေးပင်၏ အာနိသင် (၃၀%)ကို ထုတ်လွှတ် ရခြင်း၊ ဖြစ်သည်။
အခြားသော သူများ အတွက်မူ ၎င်းကို သန့်စင် ပါက၊ ဆေးပင်၏ အာနိသင် (၅၀%) ခန့်ကို အနည်းဆုံးတော့ ထုတ်လွှတ် ရမည် ဖြစ်၏။
သည့်အပြင် လူတိုင်းက ယင်းအခြေ အနေ ၌ပင် ရုန်းကန် ရပေမည်။
လင်းယွန်က ဆေးပင် အာနိသင် များကို ထုတ်လွှတ် လိုက်ချိန် မှာပင်၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းက၊ ရုတ်တရက် တုန်ခါ လာပြီး၊ ထိုစွမ်းအင် များအား အငမ်းမရ မျိုချလိုက်၏။
ထို့နောက်တွင် သက်တောင့် သက်သာ ဖြစ်စေသော၊ ခံစားမှု အဟုန် နှင့်အတူ၊ ပီတိ လှိုင်းများ ဝင်ရောက် လာလေသည်။
ခရမ်းရောင် ပန်းသည် ဇီဇာ ကြောင်သော ပန်းကလေး ဖြစ်သော်လည်း၊ ဓားဧကရာဇ် ဆေးပင်မှ၊ ထွက်ရှိ လာသော ဝိညာဉ် စွမ်းအင် များနှင့်၊ ဓား ရည်ရွယ်ချက်ကို၊ အကြိုက် တွေ့ပုံ ရသည်။
နှစ်ခြိုက်သော ကစားစရာ တစ်ခုကို၊ ရရှိ သွားသည့်၊ ကလေးငယ် တစ်ယောက် လိုပင်။
နာရီဝက် အကြာတွင်၊ လင်းယွန်၏ ခန္ဓာကိုယ်မှ၊ ဓားသွား အော်မြည်သံ တစ်သံ၊ ထွက်ပေါ် လာသည်။
မျက်လုံးများ ဖွင့်လိုက်ပြီး လက်သီးကို ဆုပ်လိုက် သည်နှင့်၊ မူလ စွမ်းအင်များ သူ့လက်ထဲ စီးဝင်လာ သည်ကို၊ သိသာစွာ ခံစား လိုက်ရသည်။
“ ငါ ခြေတစ်လှမ်းပဲ လိုတော့တယ် …။ ”
ဓားဧကရာဇ် ဆေးပင်၏ အရွက် တစ်ရွက်နှင့် ဓားတိမ်ယံ အမြုတေကို အသုံးပြု ပြီးနောက်၊ ဓားသုတ္တန်မှာ သတ္တမ အဆင့်၊ အထွတ် အထိပ်၌ ရပ်တန့် ပြီးဆုံး သွားခဲ့သည်။
သို့သော် လင်ယွန်က ရလာဒ်ကို မကျေနပ် သဖြင့်၊ နှုတ်ခမ်းအား ကိုက်လိုက်၏။
သည့်မတိုင်မီ အချိန်၌ပင်၊ ဓားသုတ္တန်မှာ သတ္ထမ အဆင့်၊ အတား အဆီးနှင့်၊ ကြုံတွေ့ နေရပြီ ဖြစ်သဖြင့်၊ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ပြီးနောက်၊ အောင်မြင်မှု တစ်ခု ရနိုင် မည်ဟု သူ ထင်ခဲ့သည်။
သို့သော် အထွတ်အထိပ် အနေ အထား ဖြင့်သာ၊ တစ်စို့ နေဦး မည်ဟု မမျှော်လင့် ထားမိပေ။
ရွှေခေတ်ရှိ ကျင့်ကြံမှု နည်းစနစ် များကို ခက်ခဲ သည်ဟု ယူဆ ထားကြပြီး၊ အနည်းငယ် တိုးတက် မှုများ ရလို ပါက၊ များပြား လှသော အရင်း အမြစ်များ ကုန်ဆုံး စေမည် ဖြစ်သည်။
သူ၏ အစစ်အမှန် ဆန္ဒမှာ ဓားသုတ္တန်ကို အဋ္ဌမ အဆင့် အထိ ထိုးဖောက် ဝင်ရောက် ဖို့ရန်ပင်။
လက်ရှိ အနေ အထား အရ၊ နက်နဲ ပဉ္စမ အဆင့်၊ အထွတ် အထိပ် ခွန်အားကို ပိုင်ဆိုင် ထားသော ပြိုင်ဘက် များနှင့်၊ ထိပ်တိုက် တွေ့ လျှင်ပင်၊ ခရမ်းရောင် ပန်း၏ ပံ့ပိုး ပေးမှု များကြောင့်၊ မူလ စွမ်းအင် များမှာ ဆိုးရွားစွာ နိမ့်ကျ နေမည် မဟုတ်ပေ။
သို့သော် နက်နဲ ဆဋ္ဌမ အဆင့်ရှိ၊ ပြိုင်ဘက် များနှင့် တွေ့ဆုံ ခဲ့သော်၊ သိုင်းကွက် တစ်ရာ အတွင်း ပြိုင်ဘက်ကို အနိုင် မယူနိုင် ခဲ့ပါက၊ မူလ စွမ်းအင်များ ကုန်ဆုံး သွားပြီး၊ အားနည်း ချက်များကို တဖြည်းဖြည်း ထုတ်ဖော် လာမိမည် ဖြစ်သည်။
သေမျိုး အဆင့်ရှိ ထိပ်ဆုံး (၃) နေရာသို့၊ ရောက်ရှိ နိုင်သူ များမှာ၊ ပြင်ပတပည့် များတွင်၊ အထက်တန်းစားများ ဖြစ်ကြ ပေ၏၊ အထူးသဖြင့် ချူဟောင်းယူမှာ မေးခွန်း ထုတ်စရာ မလိုပေ။
ထိုလူသည် သူ ထွင်းဖောက် မမြင် နိုင်သော မြွေပွေး တစ်ကောင်နှင့် တူ၏။
ဒုတိယ အကျော့တွင် သူ၏ အထောက် အထားကို ထုတ်ဖော် ရမည် ဖြစ်ပြီး၊ ထိပ်ဆုံး ဆယ်နေရာရှိ လူတိုင်းက သူ့ကို ပစ်မှတ်ထား ခံရ နိုင်ခြေ ရှိသည်။
ထို့ကြောင့် အသက်ရှင် ရန်အတွက် ခွန်အား လိုပေ၏။
ထို့အပြင် မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ အတွင်းသာ ရှင်သန်ရန် ရည်မှန်းထား ခြင်းမျိုး မဟုတ် ခဲ့ဘဲ၊ ဤပြိုင်ပွဲမှာ ပထမဆုံး ခြေလှမ်း ဖြစ်ကာ၊ တောက်ပပြီး တောက်ပ နေရန် ရည်ရွယ် ထားသည်။
ဆိုလို သည်မှာ ဓားသုတ္တန် အဋ္ဌမ အဆင့်နှင့် ကျင့်ကြံမှု ပဉ္စမ အဆင့်သို့ ရောက်ရှိရန်၊ လိုအပ် ပေ၏။ သို့မဟုတ် ပါလျှင်၊ သူ့၌ အနိုင်ရ ဖို့ရန် (၅၀%)ပင်၊ အလား အလာ မရှိ နိုင်ချေ။
ဓားဧကရာဇ် ဆေးပင်ကို ကြည့် နေသော၊ မျက်ဆန် နက်နက်များ အတွင်း၊ တောက်လောင် လာသည့် ရူးသွပ်မှု များအား၊ ပြတ်ထင်စွာ မြင်နေရ ပေသည်။
ကျန်ရှိ နေသော ဓားတိမ်ယံ အမြုတေ လေးခု လုံးကို ထုတ်ယူကာ၊ အနည်းငယ် တွေဝေ သွား၏။
ထို့နောက်တွင် အံကြိတ်ကာ၊ မျက်လုံးများ မှိတ်ထား လိုက်ပြီး၊ ဓားဧကရာဇ် ဆေးပင်ကို၊ ဓားတိမ်ယံ အမြုတေ လေးခုနှင့် အတူ၊ ပေါင်းစပ် သန့်စင် လိုက်တော့သည်။
“ ဆိုတော့ ...၊ ဒါက ရှေးဟောင်း ကျင့်ကြံမှု နည်းစနစ် တစ်ခု ဆိုရင်ရော ဘာဖြစ်လဲ၊ ဓားတိမ်ယံ အမြုတေ လေးခုနဲ့၊ ဓားဧကရာဇ် ဆေးပင်က မင်းရဲ့ အတား အဆီးကို၊ မချိုးဖြတ် နိုင်ဖူး ဆိုတာကို ငါမယုံဘူး။ "
ဓားသုတ္တန်ကို ဖြန့်ကျက် စဉ်တွင် သူ၏ ခန္ဓာကိုယ် အတွင်းမှ မူလ စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။
ခန္ဓာကိုယ် အတွင်း စွမ်းအင်များ အော်မြည် လာပြီး၊ ခရမ်းရောင်ပန်း ထံမှ တစ်ကြိမ် တစ်ခါမျှ၊ မပြသ ဖူးသော လွှမ်းမိုး နိုင်စွမ်းများ နှင့်အတူ၊ အော်မြည် သံများ ပြုလာ လာ၏။ သူက ရှုံးနိမ့် ခြင်းကို လက်ခံ လိုပုံ မရချေ။
စွမ်းအင်များကို အတင်းအကြပ် သန့်စင် ပေးနေ ခဲ့သောကြောင့်၊ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါ လာ၏။
ယင်းကြောင့် တောအုပ် အတွင်း၌ ပြင်းထန်သော လေပြင်းများ တိုက်ခတ် ဖြစ်ပေါ် လာခဲ့သည်။
ဓားဧကရာဇ် ဆေးပင်နှင့် ဓားတိမ်ယံ အမြုတေ တို့ကို တပြိုင်နက်တည်း သန့်စင်ပေး နေစဉ်၊ လင်းယွန် ခန္ဓာကိုယ်မှ ထုတ်လွှတ် ထားသော ဓား ရည်ရွယ်ချက်မှာ၊ မြည်သံ ပြုလျက်၊ တောအုပ် ထဲတွင်၊ ပဲ့တင် ထပ်နေ ခဲ့သည်။
အကယ်၍ ဤနေရာတွင် တစ်စုံ တစ်ယောက်သာ ရှိနေ ပါလျှင်၊ လင်းယွန်၏ လုပ်ရပ်ကြောင့်၊ အံ့အားသင့် သွားမည် ဖြစ်သည်။
နောက်ဆုံးတွင်၊ စွမ်းအင် များကို စွန့်ထုတ်ခြင်း မရှိဘဲ၊ ဓားတိမ်ယံ အမြုတေ လေးခုအား၊ မည်သူမျှ မသန့်စင် နိုင်ချေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီးနောက်၊ ကောင်းကင်၌ အမှောင်များ တိုးဝင်လာ လေသည်။
တစ်ချိန်တည်းမှာပင်၊ လင်းယွန် ထံမှ ထုတ်လွှတ်သော ဓား ရည်ရွယ်ချက်မှာ၊ ပို၍ အားကောင်း လာ၏။
မည်သည့် နတ်ဆိုး သားရဲမျှ မချဉ်းကပ် ဝံ့ဘဲ၊ ထို ဓားရည်ရွယ်ချက်၏၊ အော်မြည်သံ လှိုင်း များကြောင့်၊ ကြောက်ရွံ့ တုန်လှုပ်သွား ကြသည်။
သို့သော် ဓားသုတ္တန်တွင်မူ အောင်မြင်မှု လက္ခဏာ မပြ သေးချေ။
'' ဒါနဲ့ မလုံလောက် ဖူးလား၊ ဒါဆိုလည်း ဆက်သွား ရအောင်။ ''
ခရမ်းရောင် ပန်း၏ ရမ္မက်များ ပြည့်ဝခြင်း၊ မရှိ သေးသည်ကို၊ ခံစား သိရှိ လိုက်ရ သဖြင့်၊ ဓားဧကရာဇ် ဆေးပင်နှင့် ဓားတိမ်ယံ အမြုတေ လေးခု၏၊ စွမ်းအင် များကို တိုးမြှင့် စုပ်ယူ ရာ၌၊ သွေးကြောများ ခံနိုင်ရည် ရှိစေရန်၊ 'ဒရာကိုဖီ ခန္ဓာကိုယ်' အား ဖြန့်ကျက် လိုက်သည်။
ပြီးနောက် ဓားဧကရာဇ် ဆေးပင် ထံမှ၊ အကန့် အသတ် မရှိသော ဓား ရည်ရွယ်ချက်နှင့်၊ ဝိညာဉ် စွမ်းအင် များကို ထိန်းကျောင်းရန်၊ သူ၏ ခန္ဓာကိုယ် အတွင်းရှိ၊ သန့်စင်သော မူလ စွမ်းအင်များ ဖြန့်ကျက် စီးဆင်းစေ လိုက်၏။
မကြာမီတွင် မူလ စွမ်းအင်များ ဆူပွက် လာပြီး၊ သွေးကြောများ အတွင်း၊ ပေါက်ကွဲ တော့မည့် မီးတောင် တစ်လုံး ကဲ့သို့၊ လက္ခဏာများ ပြသ လာသည်။
မူလစွမ်းအင် များ၏ လမ်းညွှန်မှု အောက်တွင်၊ လွှမ်းမိုး နိုင်လွန်းသော စွမ်းအင် စီးကြောင်း နှင့်အတူ၊ ရိုင်းစိုင်းသော ဓား ရည်ရွယ်ချက် များက၊ ဒါန်တမ် အတွင်း၌ လာရောက် ပေါင်းစည်း သွားကာ၊ 'နဂါး ငွေ့တန်း' တစ်ခု သဖွယ်၊ အသွင်ပြောင်း လာတော့၏။
နဂါးငွေ့တန်း ဖြစ်ပေါ်လာ သည်နှင့်၊ လင်းယွန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ် သွားသည်။
ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ ရုတ်တရက် အပိုင်းပိုင်း ကွဲအက် သွားပြီးနောက်၊ သန့်စင်သော မူလ စွမ်းအင် များက သူ၏ အတွင်း အင်္ဂါများ ဆီသို့၊ စီးဆင်း လာသည်။
တစ်ချိန်တည်းမှာပင် ကြည်လင် နေသော ခရမ်းရောင် ပန်းလေး တစ်ပွင့်ကို ပြန်လည် မွေးဖွား လာခဲ့သည်။
ပြန်လည် မွေးဖွား လာသော၊ ပန်းပွင့်တွင် ပွင့်ချပ် လေးဆယ့် ရှစ်ချပ် ပါရှိပြီး၊ 'သလင်း' ကဲ့သို့၊ ကြည်လင် တောက်ပ နေ၏၊ ပွင့်ချပ် တိုင်းတွင် ထက်ရှသော ဓား အလင်းများ၊ ရုန်းကြွ အသက်ဝင် နေပေသည်။
ဆိုလို သည်မှာ အိုင်းရစ်ဓား သုတ္တန်သည် အဋ္ဌမ အဆင့်သို့၊ ရောက်ရှိ သွားခြင်း ဖြစ်၏။
၎င်းသည် ပုံဆောင်ခဲ သဏ္ဍာန် ခရမ်းရောင် ပန်းပွင့်ကို ဖြစ်တည် လာစေသည်၊ ပြီးနောက် ပိုလျှံသော မူလ စွမ်းအင် များက၊ နက်နဲသော သွေးကြော အသစ် တစ်ခုကို၊ ဖွဲ့တည် ပေးလာ ခဲ့သည်။
မကြာခင်မှာပင် နက်နဲ နယ်ပယ်၏ ပဉ္စမ အဆင့်သို့ ရောက်ရှိ သွားတော့၏။ ကျင့်ကြံမှု နည်းစနစ်နှင့်၊ ကျင့်ကြံ အဆင့် နှစ်ခု စလုံးတွင်၊ တိုးတက်မှုကို ရရှိ လာခဲ့ လေပြီ။
ပဉ္စမမြောက် လေးနက်သော သွေးပြန် ကြောကို ဖွဲ့စည်း လိုက်သော အခါတွင်၊ ခန္ဓာကိုယ် အတွင်း၊ မူလ စွမ်းအင်များ လျင်မြန်စွာ ခုန်တက် လာပြီး၊ မကြုံ ဖူးသော သိပ်သည်းမှု အဆင့်သို့၊ ရောက်ရှိ လာသည်ကို၊ သိရှိ လိုက်ရသည်။
ထို့နောက်တွင် မူလ စွမ်းအင် များက၊ အပ်စိုက်မှတ်များကို သန့်စင် နေသည်ကြောင့်၊ ထပ်မံ စိတ်လှုပ်ရှား လာသည်။
မူလ စွမ်းအင်ကို ဖြန့်ကျက် ရာ၌၊ အလွယ် တကူ လုပ်ဆောင် နိုင်ရန်မှာ၊ အပ်စိုက် အမှတ်များ ပေါ်တွင်၊ မူတည် ပေ၏။
(အပ်စိုက်မှတ်= အစို့ရှင်)
ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့် လိုက်၏၊ သူ၏ မျက်ဆန် နက်နက် များထဲတွင် မီးပြတိုက် တစ်ခု ကဲ့သို့၊ ဓား ရည်ရွယ်ချက်များ တောက်ပနေ ပေသည်။
ဓားသုတ္တန်၏ ခရမ်းရောင် ပန်းပွင့်မှာ အသွင်ပြောင်း ပြီးနောက်၊ အပြည့်အဝ လှည့်ယူ နိုင်သင့်သည်။
ယခင်ကာလ များ၌ ပန်းကို တစ်ပတ် ပြည့်အောင်၊ မလှည့် နိုင်ခင် မှာပင်၊ ခရမ်းရောင် ပန်းပွင့် ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ ထွက်ပေါ်လာ ခဲ့ပြီ ဖြစ်ရာ၊ အပြည့်အဝ လည်ပတ် ခြင်းဖြင့်၊ ရရှိ လာနိုင်သော ထိုစွမ်းအား အပေါ်၊ ခန့်မှန်း နိုင်ခြင်း မရှိချေ။
ခရမ်း သလင်းရောင် ပန်းပွင့် ငယ်သည်၊ ယခင် ကထက် ပို၍ ခံ့ညား လာကာ၊ ၎င်းကို ရွှေ့ရန် ကြိုးစား လိုက်သည်နှင့်၊ မြောက်များ စွာသော ဝိညာဉ် စွမ်းအင်များ သုံးစွဲလိုက် ရသည်။
ထို့အပြင် တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ ဖူးသော အတား အဆီး တစ်ခုကိုလည်း ခံစား လိုက်ရသည်၊ တစ်ဆက်တည်း မှာပင်၊ ကြောက်စရာ ကောင်းသည့် အရှိန်အဝါ တစ်ခု၊ သူ့ ခန္ဓာကိုယ်မှ ပြေးထွက် လာတော့၏။
အကန့် အသတ် မရှိသော ဓားတစ်လက်က တမဟုတ် ချင်းပင်၊ မီတာတစ်ထောင် ဝန်းကျင်အား လွှမ်းခြုံ သွားလေသည်။
ခရမ်းသလင်းရောင် ပန်းကို တစ်ပတ် တိတိ လှည့်ပတ် လိုက်ပြီးနောက်၊ သူ့ ခြေထောက် အောက်၌ ခရမ်းရောင် ပန်းတစ်ပွင့် ဝိုးတဝါး၊ ထွက်ပေါ် လာသည်။
သူ့ဆံပင်များ ကောင်းကင်သို့ ဟုတ်ခနဲ လွင့်မျော သွားပြီး၊ တဖျပ်ဖျပ် ခတ်နေ စဉ်မှာပင်၊မြေပြင်သို့ လက်ဖဝါးဖြင့်၊ ရုတ်တရက် ရိုက်ချလိုက်၏။
ကြောက်စရာ ကောင်းသော စွမ်းအား တစ်ခု သူ့ လက်ဖဝါး ကနေ ထွက်ပေါ် လာပြီးနောက် မီတာ တစ်ထောင် အတွင်းရှိ သစ်ပင်များ အားလုံးကို ဖျက်ဆီး ပစ်လိုက် တော့သည်။
၎င်းစွမ်းအားမှာ ဓား ရည်ရွယ်ချက် နှင့်၊ မူလ စွမ်းအင်ကို ပေါင်းစပ်ထား ခြင်းပင်၊ ဖြစ်လေသည်။
ပျက်စီး သွားသော ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊ နှုတ်ခမ်းများ လှုပ်ယမ်း သွား၏။
ခဏ အကြာတွင် ပြုံးလိုက်ပြီး၊ သူ့ကိုယ်သူ ပြောပြ လိုက်ဟန်ဖြင့်၊
“ အခု ငါ့မှာ ဝှက်ဖဲလို့ ခေါ်နိုင်တဲ့၊ အရာ တစ်ခု ရှိနေ ပြီ။ ”
၎င်းကို အကောင် အထည် ဖော်မိပါက၊ သူ၏ မူလ စွမ်းအင်များ အပြည့်အဝ ကုန်ဆုံး သွားမည် ဖြစ်သည်။
ထိုအခြေအနေ၌ သူ့တွင် နောက်ဆုတ်ရန်၊ နည်းလမ်း မရှိသော၊ အကြပ် အတည်း မျိုးဖြင့်၊ ရင်ဆိုင် နေရမည့် အချိန် ဖြစ်ပေမည်။
တစ်ခါ တစ်ရံတွင် လူငယ် တစ်ယောက်၏ သွေးမှာ၊ 'ရဲရဲနီ' ကြောင်း၊ ပြသ ဖို့ရန် လိုလေသည်။
***