← Chapters

ခွန်အား အတွက် မြှင့်တင်မှု။

Vol. 22 Ch. 296

ခွန်အား အတွက် မြှင့်တင်မှု။

Vol. 22 Ch. 296

ထိုအခြေအနေ၌ သူ့တွင် နောက်ဆုတ်ရန်၊ နည်းလမ်း မရှိသော၊ အကြပ် အတည်း မျိုးဖြင့်၊ ရင်ဆိုင် နေရမည့် အချိန် ဖြစ်ပေမည်။

ဓားသုတ္တန်ကို ဆက်လက် ဖြန့်ကျက် လိုက်သော အခါ တွင်မူ၊ သူ့ခန္ဓာ ကိုယ် အတွင်းမှ၊ မူလ စွမ်းအင်များ ပိုမို ထွက်ရှိ လာ၏။

အဋ္ဌမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ဓားသုတ္တန်သည် ထူးခြားစွာ အသွင်ပြောင်း သွားခဲ့ပြီး၊ ၎င်း၏ မူလ စွမ်းအင်ကို ပြန်လည် ဖြည့်တင်း နိုင်သော အရှိန်မှာ၊ တုနှိုင်း မယှဉ် နိုင် တော့ပေ။

ဓားသုတ္တန်သည် ရွှေခေတ် ကျင့်ကြံမှု နည်းစနစ် တစ်ခု အဖြစ်၊ အမှန်တကယ်ထိုက်တန် ပေ၏။ သတ္တမ အဆင့် ပြီးနောက်၊ အဆင့် တစ်ဆင့် စီတိုင်းတွင်၊ ထိတ်လန့် စရာ ကောင်းပေသည်။

လင်းယွန်က သက်ပြင်းကို ကြိတ်ချ လိုက်ရသည်။ အစွမ်းထက် သမျှ၊ လိုအပ်သော အရင်း အမြစ်မှာ၊ သူ စိတ်ကူး နိုင်စွမ်း မရှိခဲ့ချေ။

မျက်လုံး များတွင် အဆုံး မရှိသော ဓား ရည်ရွယ်ချက် များဖြင့်၊ ပြည့်နှက် နေသည်။ ယခင် ကထက် အမြင် အာရုံမှာ ကြည်လင် ပြတ်သား လာခဲ့၏။

ဓားဧကရာဇ် ဆေးပင်ကို သန့်စင်သော သူများသည်၊ ဓား ရည်ရွယ်ချက်ဖြင့်၊ ပတ်သက် ဆက်နွှယ်သော သိမြင် မှုများ၊ ပိုမို ရရှိ နိုင်မည် ဖြစ်ပြီး၊ ဓား နည်းစနစ်များ အပေါ် နားလည် သဘောပေါက် နိုင်စွမ်းများ၊ မြင့်မား လာနိုင် မည်ဟု၊ လင်းကျူရှန်က ဆိုခဲ့သည်။

လူများစွာသည် ယခင် အချိန်၌၊ နားလည် နိုင်ခြင်း မရှိ ခဲ့သော၊ ဓား နည်းစနစ် များကို ပြန်လည် ထိုးထွင်း သိမြင် လာနိုင်ပြီး၊ အချို့သော ပါရမီ ရှင်များ အတွက်မူ၊ ၎င်းတို့၏ ဓား နည်းစနစ်များ အပေါ်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှု အဆင့် ထိပင်၊ ဆုပ်ကိုင် သွားနိုင်မည်။

သူ့ ဦးနှောက်မှာ ယခင် ကထက် ပိုမို ရှင်းလင်းစွာ သိမြင် လာပြီး၊ အတိတ်က မေးခွန်း များစွာ အတွက်၊ အဖြေကို ပြန်ရှာ တွေ့နိုင်သော အခိုက် အတန့်ကို ဆိုလိုခြင်း၊ ဖြစ်ပေမည်။

ဆိုလိုသည်မှာ ဓားတာအိုကို ပို၍ နက်ရှိုင်းစွာ ဖွဲ့တည် လာနိုင်ခြင်းဟု ဆိုပေ၏။

" စိတ်ဝင်စားဖို့ ကောင်းလိုက်တာ... အရင်ဆုံး 'နတ်ဘုရား ပုံရိပ်ယောင် ဓား' ကို စမ်းသပ် ကြည့်ရအောင်။ "

'နတ်ဘုရား ပုံရိပ်ယောင် ဓား'သည်၊ 'ဓား သူတော်စင်' မှ၊ ထားခဲ့သော လျှို့ဝှက် နည်းစနစ် တစ်ခု ဖြစ်၏။ လျှို့ဝှက် နည်းစနစ် များမှာ ကျွမ်းကျင်ရန် ခက်ခဲသည်။

'နတ်ဘုရား ပုံရိပ်ယောင်ဓား' နည်းစနစ်တွင် စုစုပေါင်း သိုင်းကွက် ငါးကွက် ရှိသည်။ ပထမ သိုင်းကွက်သည် 'ပုံရိပ်ယောင် အရှိန် အဝါ၊ ပုံရိပ်ယောင် လက်ချောင်းများ' ဖြစ်၏။

ဤအဆင့်တွင် သူ၏ အရှိန်အဝါကို ဓား သဏ္ဍာန် အဖြစ် သိပ်သည်း စေကာ၊ လက်ညှိုးဖြင့် ပစ်လွှတ် ရခြင်း ဖြစ်သည်။

- ဒုတိယ သိုင်းကွက်၊ — အထွတ် အထိပ် ခွန်အား၊ အကြွင်းမဲ့ ထိမှန်ခြင်း၊

- တတိယ သိုင်းကွက်၊ —နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ် ဓားသွား၊

- စတုတ္ထ သိုင်းကွက်၊ - အထွတ်အထိပ် လက်ညိုး၊ မဟာ ကပ်ဘေး၊

- ပဉ္စမ သိုင်းကွက်၊ — ပုံရိပ်ယောင် လက်ညိုးများ၊ ကြယ်တာရာ ဆင်းသက်ခြင်း .... တို့ဖြစ်သည်။

လင်းယွန်က ကျောက်စိမ်း တုံးကို ထုတ်ယူကာ၊ နဖူးပေါ် တင်လိုက်၏။ ထို့နောက် မျက်ဝန်းများ မှိတ်လျက် လျှို့ဝှက် နည်းစနစ်ကို စတင် သင်ယူ တော့သည်။

ခဏ အကြာတွင် ကြယ်များ ကဲ့သို့ တောက်ပ နေသော မျက်ဝန် တစ်စုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

ဤနှစ်များ တစ်လျှောက် စုဆောင်း ထားသော အသိဥာဏ်များ အရ၊ ချက်ချင်းပင် ထိုးထွင်း သိမြင် လာစေသည်။

ထို့နောက် အပ်စိုက်မှတ် များကို၊ ဖြတ်သန်း လာသော၊ မူလ စွမ်းအင် များအား ခံစား လိုက်ရသည်။

ခဏအကြာတွင် အပ်စိုက်မှတ် ကိုးမှတ်အား ဖြတ်လာသော၊ ခရမ်းရောင် မူလ စွမ်းအင် စီးကြောင်း ကိုးသွယ်က၊ ညာလက် ဆီသို့ ရောက်ရှိ လာ၏။

မူလ စွမ်းအင် ကိုးသွယ် ပေါင်းစပ် သွားသည်နှင့်၊ လင်းယွင်၏ လက် အနောက် ဘက်တွင် ခရမ်းရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာသည်။

၎င်းမှာ ..အကန့် အသတ် မရှိ၊ မူလ စွမ်းအင်များ ပါရှိသော၊ 'ခရမ်းရောင် ဓား တံဆိပ်'နှင့် တူပေ၏။

သူ့ လက်ညှိုးကို အားယူ လိုက်သော အခါတွင် လက် အနောက် ဘက်ရှိ၊ 'ခရမ်းရောင် ဓားတံဆိပ်' သည်၊ ဒေါသ ထွက်နေသော နဂါး တစ်ကောင် ကဲ့သို့၊ ပြေးထွက် သွားလေသည်။

ချက်ချင်းပင် မီတာ တစ်ရာ အကွာ အဝေး၌ ရှိ သော၊ သစ်ပင်ကြီးမှာ ပြိုကျ သွား၏။ ထွက်ခွာ သွားသော ခရမ်းရောင် ဓားအလင်းကို ကြည့်ကာ၊ လင်းယွန်က မျက်ခုံးပင့် လိုက်သည်။

“ ဘယ်လောက်တောင် မြန်လိုက်လဲ။ ”

ဒုတိယ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ 'နတ်ဘုရား ပုံရိပ်ယောင် ဓား' သည် ဆယ်ဆခန့် ပိုမို အားကောင်း လာသည်။

အဓိက အားဖြင့် အရှိန်မှာ ကြောက်စရာ ကောင်း လောက်အောင် မြန်ဆန် လာခဲ့ပြီး၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်ပင်၊ ၎င်းကို ရှောင်နိုင်ရန် သံသယ ဝင်မိသည်။

လက်ညှိုးကို ပွတ်သပ် ရုံဖြင့်၊ ထိုသို့သော သေခြင်း တရားမျိုမှ၊ ပြိုင်ဘက်မှာ လွှတ်မြောက် နိုင်လိမ့် မည်ဟု၊ သူ မယုံ ကြည်ပေ။

“ ငါ အချိန် မဖြုန်း နိုင်တော့ဘူး၊ ဒီပြည်နယ် တိုက်ပွဲက အဆုံး သတ်တော့မယ်၊ အခုလောလောဆယ် 'နတ်ဘုရား ပုံရိပ်ယောင် ဓား' ရဲ့၊ တတိယ အဆင့်ကို ဘေးဖယ် ထားပြီး၊ 'သခင့်ဓား' ကို သွားကြ ရအောင်။ ”

သခင့်ဓား အကြောင်း ရောက်ရှိ သွားသော အခါ၊ လင်းယွန်၏ မျက်လုံး များတွင် တိုက်ပွဲ ဝင်လိုသော စိတ်များ တောက်ပ လာပြီး၊ ထိုးထွင်း သိမြင် နိုင်လိမ့် မည်ဟုသာ၊ မျှော်လင့် ထားခဲ့သည်။

" သခင့်ဓားကို ပိုမို ကျွမ်းကျင်အောင် ဆောင်ကျဉ်း မပေးနိုင် ဖူးဆိုတာ ငါ မယုံဘူး။ "

အံကြိတ် ရေရွတ် လိုက်ပြီးနောက်၊ သစ်ကိုင်းတစ်ကိုင်းအား ကောက်ယူကာ၊ မူလ စွမ်းအင်များ သွန်းလောင်း လိုက်ပြီး၊ သခင့်ဓားကို စတင် လေ့ကျင့် တော့သည်။

စိတ်ထဲတွင် မရေတွက် နိုင်သော အတွေးများ ထွက်ပေါ်လာ သဖြင့်၊ သခင့်ဓားသည် ယခင် အချိန် များနှင့် ယှဉ်ပါလျှင်၊ ပို၍ ချောမွေ့ လာသည်ဟု၊ သူ ခံစား လိုက်နိုင်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး နေဆဲတွင်၊ လင်းယွန်မှာ သခင်ဓား ထဲ၌ နစ်မြုပ် သွားတော့သည်။

အခြားသော ဓားနည်းစနစ် များနှင့် နှိုင်းယှဉ် ပါက၊ သခင့်ဓားတွင် ဓားချက် တစ်ချက်သာ ပါရှိပြီး၊ များစွာ ပျင်းရိဖွယ် ကောင်းပေ၏။

ရုတ်တရက် လင်းယွန်၏ မျက်လုံးများ ထဲတွင်၊ ဓားဆန္ဒ များ အဆုံးမရှိ တောက်ပ လာပြီး၊ ထိုးထွင်း ဥာဏ်များ ထွက်ပေါ် လာသည်။

တစ်ချိန်တည်းမှာပင် သခင့်ဓားနှင့် ချိတ်ဆက် ထားသော၊ ခံစားချက် သည်လည်း တဖြည်းဖြည်း မှေးမှိန် သွားခဲ့သည်။

" နှမျောစရာ ကောင်းလိုက်တာ၊ အဆင့်မြင့် ကျွမ်းကျင်မှုကို ရဖို့ ခြေတစ်လှမ်းသာ ဝေးတော့တယ်၊ ပြီးတော့ 'ကာကွယ်သူ မက်မွန်' ပေးခဲ့တဲ့ သခင့်ဓားက မပြည့်စုံဖူး ဆိုတာ သေချာ နေပြီ၊ ဓားချက် တစ်ချက်တည်း ရှိတယ် ဆိုတာ မဟုတ်ဘူး၊ ဒါပေမယ့် ကိစ္စ မရှိပါဘူး၊ ချိတ်ဆက်မှု အခြေအနေ ပျောက်ကွယ် သွားရင်တောင်၊ ထိုးထွင်း သိမြင်မှု တွေနဲ့၊ ကျန်ရစ်ခဲ့တာပဲ။ ''

သခင့်ဓားနှင့် ဆက်နွှယ် ပြီးနောက်၊ ပို၍ ကျွမ်းကျင်အောင် မစွမ်းဆောင် နိုင်ခဲ့ သော်လည်း၊ သူ ကျေနပ် နေပြီ ဖြစ်သည်။

ရုတ်တရက် လေခွင်း သံများ ချဉ်းကပ် လာသည်။ ထိုအရှိန်အဝါ အရ၊ များစွာ သန်မာသော သူများ ဖြစ်သည်ကို သူ ခံစား နိုင်၏၊ ၎င်းတို့သည် သာမန် ပြင်ပ တပည့်များ ကဲ့သို့ အဆင့် မျိုး၌ ရှိမနေ ခြေ။

တရွေ့ရွေ့ နီးကပ် လာသည် နှင့်အမျှ၊ သူ့ နှလုံးသား ထဲသို့၊ ကြောက်ရွံ့မှု များ ဝင်ရောက်လာ ခဲ့သည်။

'' ............. ''

သို့သော် မီတာ တစ်ထောင် အကွာ အဝေးရှိ၊ ပြာများ အဖြစ် ပြောင်းလဲ သွားသည့် သစ်ပင်ကို ကြည့်နေသော လူအချို့ကို တွေ့မြင်လိုက်ရသည်နှင့်၊ အကြောင်း ရင်းကို သိရှိ လိုက်သည်။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကို ကြီးကြပ်ကွပ်ကဲ ရသည့် သင်းထောက် များက သူ့ကြောင့် ဖြစ်ပွား ခဲ့သော ရုန်းရင်း ဆန်ခတ် ဖြစ်မှုကို လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။

“ ဒုတိယ အဆင့်ကို သွားရအောင်။ ”

အန္တရာယ် ပြုမည့် သူများ၊ မဟုတ် သည်ကြောင့်၊ လင်းယွန်က ပြုံးကာ၊ သစ်ကိုင်းကို လွှင့်ပစ် လိုက်၏။ သစ်ကိုင်းမှာ မြေကြီး ထဲသို့ ထိုးကျ သွားပြီး၊ ဓားတစ်လက် ကဲ့သို့ တုန်ခါ သွားလေသည်။

နောက်တစ်စက္ကန့်တွင် 'လေးနက်သောခြေလှမ်း ခုနစ်လှမ်း' ကို ထုတ်ဖော် လိုက်ပြီး၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ပျောက်ကွယ် သွားတော့သည်။

သူ ထွက်သွားပြီး သိပ်မကြာ ခင်မှာပင်၊ လင်းယွန် ယခင်က ရပ်နေ ခဲ့သော နေရာ၌ သင်းထောက် နှစ်ယောက် ထွက်ပေါ် လာသည်။ မြေပြင် ပေါ်ရှိ အပျက်အစီး များကို ကြည့်ကာ၊ နှစ်ယောက်သား ထိတ်လန့် သွား ကြ၏။

" ဘာဖြစ် သွားတာလဲ ... ၊ ဒီပတ်ဝန်းကျင်က သစ်ပင်တွေ ဘယ်ရောက် ကုန်လဲ။ ”

“ ဓားဧကရာဇ် ဆေးပင်ကို သန့်စင်ပြီး တဲ့နောက်၊ ဒီလို အပျက် အစီးမျိုး ဖြစ်အောင် ဘယ်တပည့် ကများ လုပ်ယူနိုင် ရတာလဲ။ ''

“ ဟိုမှာ ကြည့် .......”

တစ်ဆက်တည်းမှာပင် သင်းထောက် နှစ်ယောက်က၊ ထွက်ခွာ သွားသော လင်းယွန်၏ ပုံသဏ္ဍာန်ကို သတိထား မိသွားသည်။

" ငါသူ့ကို သိတယ်၊ သူက ဇောင်ယွန်းရှန်ပဲ၊ ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ရရှိ ခဲ့တဲ့ သူ။ "

သင်းထောက်က လင်းယွန်၏ အသွင် သဏ္ဍာန်ကို ရင်းနှီး နေပြီ ဖြစ်ရာ၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိ သွား၏။

ဤဇောင်ယွန်းရှန်မှာ အကြီးအကဲ အားလုံးနှင့်၊ တပည့်များကို တုန်လှုပ်စေ သူ ဖြစ်သည်။

၎င်းတွင် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅,၀၀၀)နှင့် ပတ်သတ်ပြီး၊ အကြီးအကဲများ အားလုံးကို ပွက်လော ရိုက်စေ သူလည်း ဖြစ်၏။

နောက်ဆုံးတွင်၊ ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို၊ ရရှိသူ ဖြစ်မည်ဟု မည်သူမျှ ခန့်မှန်း နိုင်မည် မဟုတ်ပေ။

“ ဒီသစ်ကိုင်းကို သူ ချန်ထား ခဲ့ပုံ ရတယ်။ ''

မြေပြင်တွင် စိုက်လျက် အနေ အထားဖြင့်၊ တုန်ခါ နေသော သစ်ကိုင်းကို ကြည့်ကာ၊ အနားသို့ လျှောက်လှမ်း သွားလိုက်သည်။

ထို့နောက် သင်းထောက် တစ်ဦးက သစ်ကိုင်းကို မြေပြင်မှ ဆွဲထုတ်ရန် ပြင်လိုက်၏။

သို့သော် သစ်ကိုင်းတွင် ပါရှိသော ဓား ရည်ရွယ်ချက်မှာ၊ ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ မြေပြင် ပေါ်၌ အက်ကွဲ ကြောင်းများ ဖြစ်ပွား လာစေ တော့သည်။

ထို့နောက် သင်းထောက် နှစ်ဦးသည် လေးနက်သော အမူ အရာဖြင့်၊ အကြည့်ချင်း ဖလှယ်လိုက်ကြကာ၊

“ ဒီသတင်းကို ပြန်ပေး ကြစို့။ ”

ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲ ပြီးဆုံး သွား သည့်တိုင်၊ စင်မြင့် ပေါ်ရှိ လူအုပ်ကြီးမှာ အပြင်းအထန် ငြင်းခုံဆဲ ဖြစ်သည်။

" မင်းတို့ သိပြီးပြီလား၊ ချူဟောင်းယူက ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ပြီးတဲ့နောက်၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲကို၊ လှုပ်ရှားမှုတစ်ခု ထဲနဲ့၊ သတ်ပစ် လိုက်တယ်။ ''

“ အဲဒါကို ငါကြား ပြီးပြီ၊ ဒီလူက နတ်ဆိုး တစ်ကောင်ပဲ၊ သူ့ရဲ့ ခွန်အားက သေမျိုး အဆင့်ကို ကျော်လွန် နေပြီ။ ”

“ ကောက်ချက် ချဖို့ စောလွန်း ပါသေးတယ်၊ ယီရှု ကလည်း သူ့ဓားကို မဆွဲဘဲ၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲကို၊ အလွယ်တကူ သတ်နိုင်ခဲ့ တာပဲ မဟုတ်လား။ ”

" မှန်တယ်၊ ဂျင်းဖိန်က ဓားဧကရာဇ် ဆေးပင်ကို ၊ သန့်စင်ပြီး ဆယ်ပေလောက် ရှိတဲ့ သူ့ရဲ့ ဓားအလင်းကို ဖွဲ့စည်းနိုင်ခဲ့ ဆိုတာ ကြားမိတယ်။ ”

" ဟန်ဇောင်ယန်းလည်း ရှိပါ သေးတယ်၊ မင်းတို့ သူ့ကို လျှော့တွက်လို့ မရဘူး၊ မဟာမိတ်ပြည်ထောင်စု တိုက်ပွဲပြီးရင်၊ မြေကြီးအဆင့်ကို အကောင်းဆုံး ရလာဒ် တွေနဲ့.ဝင်ရောက်နိုင်လိမ့်မယ်၊ ငါ့အထင် အနာဂါတ်မှာ ကောင်းကင် အဆင့် ကိုတောင် စိန်ခေါ် နိုင်လိမ့်မယ်။"

ဓားဧကရာဇ် ဆေးပင် များကို ရရှိသော အထက်တန်းစား တပည့်များမှာ၊ ထိတ်လန့် စရာ၊ အသွင် ကူးပြောင်း မှုကို၊ ရရှိသွား ကြသည်။

ဤအခိုက် အတန့်တွင် မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲတွင် မပါဝင်ခဲ့ ကြသော တပည့်များက နောင်တ ရလာ၏။

သို့သော် သေဆုံး သွားသော လူ စာရင်းအား သတိရ မိသည်နှင့်၊ ခေါင်းကို ခါယမ်းပြီး၊ သူတို့ကိုယ် သူတို့ နှစ်သိမ့် လိုက် ကြသည်။

သည်အချိန် မှာပင်၊ ဘိုင်တင်းက သူ့ မျက်ခုံးကို ဖြေလျော့ လိုက်ပြီး၊ မုတ်ဆိတ်မွှေး ငုတ်တို များကို ပွတ်သပ်ကာ၊

“ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် နိုင်ရင်၊ ရလာဒ်က သိသိ သာသာ ပြောင်းလဲ သွားလိမ့် မယ်၊ ဒါဆို ဒီဓားကျွန်က ပထမ အကျော့မှာ ပုန်းပြီး အသက်ရှင် နေခဲ့ ရင်တောင်၊ ဒုတိယ အကျော့မှာ သူဘယ်လို ဆက်ပုန်း မလဲ ဆိုတာ သိချင် မိတယ်။ ”

ဤနေရာရှိ အကြီးအကဲများ အားလုံးက၊ လင်းယွန် အပေါ် ဘိုင်တင်း၏ အမုန်း တရားကို သဘာဝ အတိုင်း သိရှိထား ကြသည်။ သူတို့က ပြုံးရုံ ဖြင့်သာ တုံ့ပြန် လိုက်၏။

လျိုဖန်းက အနီးနားတွင် ရှိနေသည် ဖြစ်ရာ၊ ဘိုင်းတင်း၏ သဘောထား အပေါ် လွန်လွန် ကျူးကျူး သဘောတူ ခြင်းဖြင့်၊ လျိုဖန်း၏ ဆိုးရွားသော အမြင် ဘက်သို့ မရောက်ချင် ကြပေ။

သို့သော် ဘိုင်တင်း၏ စကားများက အဓိပ္ပါယ် ရှိသည်ကို လူတိုင်း သိသည်။

လျိုဖန်းက ထိုကိစ္စကို ဂရုမစိုက်ဘဲ ပြုံးပြကာ၊

" လူအိုကြီးဘိုင်၊ ဧကရာဇ်ဓား ဆေးပင်ကို ရသွားတဲ့ သူတွေ ထဲမှာ ဇောင်ယွန်းရှန်လည်း ပါတယ် မဟုတ်လား၊ သူ့ သတင်း မရ သေးတဲ့ အတွက်၊ မင်းရဲ့ မှန်းဆချက် တွေကို စိတ်ပူ မိပါတယ်။ "

ဇောင်ယွန်းရှန် နာမည်ကို ကြားသည်နှင့် ဘိုင်တင်း၏ မျက်နှာမှာ၊ ချက်ချင်းပင် ရုပ်ဆိုး လာသည်။ သူက လှောင်ပြောင် လိုဟန်ဖြင့်၊

“ သူက ဘယ်သူ မိုလို့လဲ၊ သူက ဘယ်လို အပြောင်း အလဲတွေကို ရယူနိုင် မှာလဲ၊ ချူဟောင်းယူရဲ့ ခွန်အားကို ယှဉ်နိုင်မယ် ထင်လား။ ''

အကြီးအကဲများ အားလုံးက ခေါင်းညိတ် လက်ခံ လိုက်ကြသည်။ ဘိုင်တင်း စကားမှာ မှန်ပေ၏။ ဓားဧကရာဇ် ဆေးပင်သည် အရည်အချင်း မရှိသော သူများ အတွက် အသုံး မဝင်နိုင်ပေ။ ဘိုင်တင်းက လှောင်ရယ်လိုက်ပြီး၊

" ဇောင်ယွန်းရှန်က ကံကောင်း ခဲ့တာပါ၊ သူအတွက် ဓားဧကရာဇ် ဆေးပင်က ဖြုန်းတီး မှုပဲ၊ လူအိုကြီးလျို ...၊ သူက ငါ့ကို ထိတ်လန့် စေမယ်လို့၊ မင်ထင်နေ တာလား၊ မင်းတကယ်ပဲ နုံချာ လွန်းတယ်။ "

ထိုအခိုက်တွင် သင်းထောက် တစ်ဦးက၊ ကျောက်ဖျာပေါ် ခုန်ဆင်း လာပြီး၊ အကြီးအကဲ များထံ ဦးညွှတ်ကာ၊

“ အကြီးအကဲ၊ ဇောင်ယွန်းရှန်က ဓားဧကရာဇ် ဆေးပင်ကို သန့်စင်ပြီး၊ မီတာ တစ်ထောင် ပတ်လည် အတွင်း မှာရှိတဲ့၊ သစ်ပင်တွေ အားလုံးကို ပြာအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ ''

သတင်း စကား ဆုံးသည်နှင့် အကြီးအကဲ စင်မြင့်မှာ ရုတ်တရက် တိတ်ဆိတ် သွား သည်ကို သတိပြု မိသည်။ လူတိုင်းက သင်းထောက်ထံ ပြန်ကြည့် လိုက်ကြ၏။

သူတို့ မျက်နှာ ပေါ်ရှိ မကျေနပ် ချက်များကြောင့်၊ သင်းထောက်က အသက်ရှူ ကြပ်သွားသည်။

" ထွက် သွား ....."

ဘိုင်တင်းက ဒေါသ တကြီး မောင်းထုတ် လိုက်၏။ တစ်ဆက်တည်း မှာပင်၊ လက်ထဲရှိ ရေနွေး ခွက်ကို ကြမ်းပြင်ပေါ် ရိုက်ခွဲ ပစ်လိုက်သည်ကြောင့်၊ သင်းထောက်မှာ ပို၍ တုန်လှုပ်ချောက်ချား လာခဲ့သည်။

" စိတ်ဝင်စား စရာပဲ၊ လူအိုကြီးဘိုင် ... စောစောက မင်း ဘာပြော လိုက်တာလဲ၊ ငါ ရှင်းရှင်း လင်းလင်း မကြား မိလိုက်ဘူး၊ ဒီလောက်ထိ ဒေါသ ထွက်စရာ ရှိလို့လား။ ''

လျိုဖန်းက သူ့ခွက်ကို ချလိုက်ပြီး၊ ဘိုင်တင်း၏ အပြု အမူကို ရယ်မောကာ၊ ဝေဖန် လိုက်သည်။

ဇောင်ယွန်းရှန် အပေါ် ဘိုင်တင်း၏ မုန်းတီးမှုသည် လင်းယွန် အဆင့်သို့ ရောက်ရှိ လုနီးပါး ဖြစ်လာ တော့၏။

သင်းထောက်၏ သတင်း စကားမှာ ပျံ့နှံ့သွား ပြီးနောက်၊ လူတိုင်းက ဇောင်ယွန်းရှန်မှာ၊ မည်သူ ဖြစ်မည်ကို ပို၍ စိတ်ဝင်စား လာကြသည်။

***

All Chapters