ကယ်တင်ခြင်း ။
Vol. 22 Ch. 297
“ အကြီးအကဲ၊ ဇောင်ယွန်းရှန်က ဓားဧကရာဇ် ဆေးပင်ကို သန့်စင်ပြီး၊ မီတာ တစ်ထောင် ပတ်လည် အတွင်း မှာရှိတဲ့၊ သစ်ပင်တွေ အားလုံးကို ပြာအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ ''
သင်းထောက်၏ သတင်း စကားမှာ ပျံ့နှံ့သွား ပြီးနောက်၊ လူတိုင်းက ဇောင်ယွန်းရှန်မှာ၊ မည်သူ ဖြစ်မည်ကို ပို၍ စိတ်ဝင်စား လာကြသည်။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ၏ ပထမ အကျော့မှာ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ခြင်းဖြင့်၊ ပြီးဆုံး သွားလေပြီ။
ကျန်ရှိနေသော တပည့်များသည် ဒုတိယ အကျော့သို့ ဝင်ရောက်ကာ၊ အတွင်း တပည့် ခွဲတမ်းကို ရယူခြင်း လုပ်ငန်း စဉ်သာ၊ ကျန်ရှိ ပေတော့မည်။
ထိပ်ဆုံး ဆယ်ယောက် အတွက်၊ မြင့်မားသော ဆုလာဒ် အဖြစ်၊ ဒုတိယ အဆင့် ဝိညာဉ် ကျောက်စိမ်း (၈၀၀) ရရှိမည် ဖြစ်သည်။
ထိပ်ဆုံး (၃) ယောက် ကိုမူ တတိယတန်း မှော်ဆေးလုံး တစ်လုံး၊ ထပ်မံ ချီးမြှင့်မည် ဖြစ်ပြီး၊ ချန်ပီယံအား စကြာဝဠာ ရတနာ တစ်ခုကို ဂိုဏ်းမှ ပေးအပ်မည် ဖြစ်၏။
ထို့အပြင်၊ သိုင်းခန်းမ၊ တိမ်လွှာဓား ခန်းမ၊ ဓားဝိညာဉ် ခန်းမ ကဲ့သို့သော ရတနာ နယ်မြေ များသို့ ဝင်ခွင့်များ အပြင်၊ အခြား ဆုလာဘ် များစွာလည်း ရှိနေ သေးသည်။
ထိုတပည့်များ ကိုယ်စား ပြုသော မဟာမိတ် ပြည်နယ်များ ပင်လျှင်၊ ကျင့်ကြံရန် အတွက် အရင်း အမြစ်များ ချီးမြှင့် ခံရမည် ဖြစ်သည်။
သို့သော် ပြင်ပ တပည့် များစွာကို ဆွဲဆောင် စေသော အချက်မှာ၊ အတွင်း တပည့် ဝင်ခွင့် ခွဲတမ်း များ ဖြစ်သည်။
ပြင်ပ တပည့်ပေါင်း ထောင်သောင်းချီ ရှိသော်လည်း၊ အတွင်း တပည့်မှာ တစ်ထောင်သာ ရှိ၏။ ပြင်ပနှင့် အတွင်း တပည့် များကြား၊ ဂိုဏ်း၏ တန်ဖိုးထား ခံရ ပုံခြင်း၊ မတူညီချေ။
သန်မာသော အတွင်း တပည့် များမှာ၊ အကြီးအကဲ များနှင့် တူညီသော အဆင့်အတန်းကို ပိုင်ဆိုင် ထားပေသည်။
သို့သော် လင်းယွန်ကို စွဲဆောင် နိုင်သော အရာမှာ၊ စကြာဝဋ္ဌာ အဆင့် ရတနာပင် ဖြစ်သည်။ စကြ၀ဠာ ရတနာ များသည် လက်နက် များအဖြစ် သာမက၊ ချပ်ဝတ် တန်ဆာများ ကဲ့သို့သော၊ ကာကွယ်ရေး ပစ္စည်း များလည်း၊ ရှိပေသည်။
တစ်စုံ တစ်ခုကို ရယူ နိုင်ရုံဖြင့်၊ သူ၏ ခွန်အားမှာ များစွာ မြှင့်တက် လာနိုင်မည် ဖြစ်သည်။
ဒုတိယ အကျော့ အတွက် အရည် အချင်း ပြည့်မီရန်၊ ပြင်ပတပည့် သုံးဆယ်ကို အနိုင် ယူရန် လိုအပ် သော်လည်း၊ ၎င်းသည် လင်းယွန် အတွက် လွယ်ကူသော အလုပ် တစ်ခုသာ ဖြစ်၏။
သူ လုပ်ရ မည်မှာ ဦးတည်ရာ လမ်းကြောင်းတိုင်း သွားဖို့ လိုပြီး၊ လမ်းကြောင်းပေါ် တက်လာမည့် ပြင်ပ တပည့် အားလုံးကို၊ အနိုင် ယူဖို့ ပေပင်။
" ငါ နေ့တစ်ဝက် အတွင်း ရောက်သင့်တယ်။ "
တိုးဖွဖွ ရေရွတ်သံ နှင့်အတူ ဓားသင်္ချိုင်း တောင်ကုန်းသို့ လှမ်းကြည့် လိုက်သည်။ ထိုနေရာတွင် မရေတွက် နိုင်သော ဘိုးဘေးများ၏ ဓားများ မြှုပ်နှံ့ ထားသော ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခု ရှိ၏။
ဓားသင်္ချိုင်း တောင်ကုန်း၏ အလယ် ဗဟိုသည်၊ တစ်နှစ် ပတ်လုံး တိမ်မည်း များဖြင့်၊ ဖုံးလွှမ်း နေပြီး၊ ဓားရှည် များတွင် ဓား ရည်ရွယ်ချက်များ စွဲထင် ကျန်ရစ် နေခဲ့သည်။
ထောင်ပေါင်း များစွာသော ဓားများ မြေကြီး ထဲ၌ စိုက်ဝင် နေပြီး၊ ဓားတစ်လက် စီတိုင်းသည်၊ အနည်းဆုံး ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ဘိုးဘေး တစ်ဦးကို ကိုယ်စား ပြုပေသည်။
' ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' ရောက်၊ ဘိုးဘေး များ၏ ဓားကိုပင်၊ မြှပ်နှံ ထားသည် ဟူသော ကောလ ဟာလ များ ရှိခဲ့သည်။
အဝေးမှပင် သန့်ရှင်း လှသော ဓား ရည်ရွယ်ချက်ကို လှမ်းမြင် ရ၏။ အဆိုပါ ဓား ရည်ရွယ်ချက် ၏ ဖိအား အောက်တွင်၊ လင်းယွန်၏ ဓား ရည်ရွယ်ချက် မှာ၊ ပြန်လည် ခုခံကာ၊ ရပ်တည် နိုင်ခဲ့သည်။
" စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ ဒါပေမယ့် 'အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေ' ထဲမှာ၊ တွေ့ခဲ့ ရတာနဲ့ ယှဉ်ရင်၊ အားနည်း ပါသေးတယ်။ "
'အပြာရောင်နေမင်း လျှို့ဝှက် နယ်မြေ'တွင် နတ်ဆိုး အလောင်းကောင် များကို ဖျက်ဆီးရန်၊ အသုံးပြု ခဲ့သော သင်္ချိုင်းဂူ အတွင်းရှိ ဓား ရည်ရွယ်ချက်မှာ၊ နှစ်ပေါင်း များစွာ ကြာပြီးနောက် တွင်ပင်၊ အသက်ရှူ ကျပ်စေသော ခံစားချက်များ ပေးစွမ်း နေဆဲ ဖြစ်သည်။
တောင်ကုန်း တစ်ခု ပေါ်တွင် ရပ်လိုက်ပြီး၊ မျက်စိ တဆုံး ဖြစ်နိုင် ဖွယ်ရာ များကို၊ စူးစမ်း နေမိ၏။ ဓားသင်္ချိုင်း ဂူသို့၊ ဦးတည် သွားသော လမ်း လေးသွယ် ရှိပြီး၊ ကျန်သော လမ်းများကို 'မှော်အစီ အရင်' များဖြင့်၊ ဖုံးအုပ် ထားသည်။
လမ်းကြောင်း လေးသွယ်သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ကိုယ်စားပြု၏။
" နည်းနည်းတော့ ထူးဆန်းတယ် ... ဝင်ပေါက်မှာ တစ်ခုခု ဖြစ်နေ ပုံပဲ။ "
လမ်းကြောင်း များကို ခွဲခြမ်း စိတ်ဖြာ နေလျက်မှ၊ မျက်မှောင်ကြုတ် လိုက်သည်။ ပုံမှန် မဟုတ်သော အရာ တစ်ခုခုကို သူ ခံစားနိုင်သည်။
အမှန်တွင်၊ အတွင်းတပည့် ဝင်ခွင့် ခွဲတမ်းကို လွယ်ကူစွာ ရရှိ နိုင်မည် မဟုတ်ပေ။ လင်းယွန်က အတွေးထဲ နစ်မျော သွားပြီးနောက်၊ ငြိမ်သက် သွားတော့သည်။
ရုတ်တရက် တောအုပ် တစ်နေရာ၌ အလင်းရောင် ဖျော့ဖျော့များ လင်းလက် နေသည်ကို သူ တွေ့လိုက် ရသည်။
ထိုအလင်း ထွက်ပေါ် လာရာသို့ သူ့ ခေါင်းကို လှည့်ကြည့် လိုက်ရာ၊ ဘေး ပတ်ဝန်းကျင်၌ ပြန့်ကျဲ နေသော ကြယ်ရောင် များကို မြင်လိုက် ရ၏။
" ကံကြမ္မာ ကြယ်တာရာ ..."
လင်းယွန်၏ မျက်လုံးများ တောက်ပ လာ၏။ ဤသည်မှာ လီဝူယု၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် ဖြစ်ကြောင်း၊ ချက်ချင်း သိလိုက်သည်။
လီဝူယုသည် တစ်စုံ တစ်ယောက်နှင့် တိုက်ခိုက် နေပုံ ရသည်။ ထို့ကြောင့် လီဝူယု၏ ဦးတည် ရာသို့၊ သွား ကြည့်ရန် ဆုံးဖြတ် လိုက်၏။
ခဏအကြာတွင် မူလ စွမ်းအင် အတက် အကျနှင့်၊ ဓား ရည်ရွယ်ချက် များ၊ ပျံ့လွှင့် နေသော တိုက်ပွဲ တစ်ခု၊ ဖြစ်ပွား နေသည့် အသံများကို သူ ကြားလိုက် ရသည်။
ထို့နောက် မျက်နှာဖုံး အောက်မှ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ အဆိုပါတိုက်ပွဲ ဖြစ်နေရာသို့၊ တိတ်တဆိတ် တိုးကပ် သွားခဲ့သည်။
အရွက်များ ဖုံးလွှမ်း နေသော သစ်ကိုင်းကြီး တစ်ကိုင်း ပေါ်၌ ရပ်လိုက် ပြီးနောက်၊ တိုက်ပွဲကို အပေါ် စီးမှ အကဲခတ် လိုက်၏။
" လီဝူယု၊ မင်းဘာလို့ မပြေး သေးတာလဲ။ "
နက်နဲ စတုတ္ထ အဆင့်၊ အထွတ် အထိပ် ခွန်အားကို၊ ပိုင်ဆိုင် ထားသော လူ တစ်စုက၊ လီဝူယုအား ဝိုင်းရံ ထားပြီး၊ မေးမြန်း လိုက်သည်။
လီဝူယုမှာ ဒဏ်ရာ ရထား သော်လည်း၊ ကြယ် အလင်းများ ခြုံရံလျက်၊ နောက်တစ်လှမ်း ပြန်ဆုတ်ကာ၊ လေးနက် သွားခဲ့သည်။
သည်အခြေ အနေကို သူ ကိုင်တွယ် ဖြေရှင်း နိုင်မည်ဟု ယုံကြည် ထား သော်လည်း၊ အနည်းငယ် စိုးရိမ် နေမိသည်။ သို့မဟုတ် ပါလျှင် သူ ထွက်ပြေးတာ ကြာနှင့် လေပြီ။
ထို့နောက် လင်းယွန်က လီဝူယု၏ ပြိုင်ဘက်နှစ်ယောက်ကို လှမ်းကြည့် လိုက်ရာ၊ သေမျိုး အဆင့်ကိုး ရှင်းဝူဟန်နှင့် အဆင့်ရှစ် လူဟေရွှမ်တို့ ဖြစ်သည်ကို တွေ့မြင် လိုက် ရသည်။
" ဒီကောင်က ငါ့ရဲ့ ဓားဧကရာဇ် ဆေးပင်ကို လုယူပြီး၊ သူ့ သေမင်းကို ဖိတ်ခေါ်ချင် နေတာပဲ။ ''
လူဟေရွှမ်၏ မျက်လုံး များက အထင် အမြင် သေးစွာဖြင့်၊ အေးစက်သော အငွေ့ အသက်များ တောက်ပ လာသည်။
“ သူက နည်းနည်းတော့ အရည် အချင်း ရှိတယ်၊ သူ့ရဲ့ နက်နဲ တတိယ အဆင့် ခွန်အား လေးနဲ့၊ လွတ်မြောက် လုနီးပါး ဖြစ်ခဲ့ ရတယ်”
ဟု ရှင်းဝူဟန်က ပြောကြား လိုက်သည်။
" ဟုတ်လား၊ သူ ကောင်းကင်မှာ ပျံသန်း နိုင်ပါ့ မလား၊ မဟုတ်ရင် လွတ်မြောက်ဖို့ အိမ်မက်တောင် မမက်နဲ့၊ ဒီကောင်က လင်းယွန်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတယ်၊ သူ့ကို ဖမ်းပြီးရင် အသုံးချ နိုင်တယ်။ "
လင်းယွန် နာမည်ကို ပြောသော အခါတွင် သူတို့ နှစ်ဦး၏ မျက်နှာ များမှာ မည်းမှောင်သွား၏။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် လင်ယွန်အား သင်ခန်းစာ တစ်ခု သင်ပေးချင် ခဲ့သော်လည်း၊ အထက်တန်းစား ပြည်နယ်၏ ဆုကြေး ကြောင့်ပင်၊ လင်းယွန်၏ ခြေရာ များကို၊ မည်သူမျှ ရှာမတွေ့ နိုင်ခဲ့ပေ။
ထို့ကြောင့် သူတို့သည် လင်ယွန် အပေါ် ထားခဲ့သော၊ နာကြည်းမှုကို သည်းခံ ထားကြ ရသည်။
နောက်ဆုံးတွင် ၎င်းတို့၏ နာကြည်းမှု များကို ဖြေဖျောက် ပစ်ရန် အတွက်၊ လီဝူယုအား တွေ့ရှိ ခဲ့သည်။ ရုတ်တရက် သူတို့ နှစ်ယောက်၏ မျက်နှာများ ပြောင်းလဲ သွား၏။
လီဝူယုကို ဖုံးအုပ် ထားသော ကြယ်အလင်း များက ရုတ်တရက် တောက်လောင် သွားကာ၊ ကောင်းကင် ထက်၌ ထူးခြားသော ဖြစ်စဉ် တစ်ခုအား ဖန်တီးလာ ခဲ့သည်။
ကောင်းကင်တွင် နဂါး ငွေ့တန်း သုံးသွယ် အပြင်၊ ထူးခြားသော မျက်ဝန်း တစ်စုံ၊ ထွက်ပေါ်လာ တော့၏။
လီဝူယုက ရုတ်တရက် ဟောက် လိုက်ပြီး၊ သူ့ဓားကို လွှဲယမ်း လိုက်သည်။ ဖြစ်ပေါ် လာသော အဟုန်ကြောင့်၊ ပတ်ဝန်းကျင်ရှိ အရာရာတိုင်း လွင့်ပါး သွား၏။ လီဝူယုက ပြုံးလိုက်ကာ၊
" ကြယ်တာရာ ဆင်းသက်ခြင်း၊ — နဝမမြောက် ဓား။ "
နဝမမြောက် ဓားချက်အား ထုတ်ဖော် လိုက်သည်နှင့်၊ မယုံ ကြည်နိုင် လောက် အောင်ကို၊ အပြောင်း အလဲများ ဖြစ်ပေါ် လာသည်။
ဝိုင်းရံ ပိတ်ဆို့ ထားသော၊ လူအုပ် အတွင်း ထွက်ပေါက် တစ်ပေါက်ကို ခုတ်ပိုင်း ဖန်တီး လိုက် ပြီးနောက်၊ လီဝူယုက ထွက်ခွာ ခါနီးတွင်၊ ရှင်းဝူဟန်၏ မျက်နှာမှာ နစ်မြုပ် သွားကာ၊ လက်ဖဝါးအား ရှေ့သို့ တွန်းပစ် လိုက်၏။
“ မင်းက သေချင် နေတာပဲ။ ”
ထိုလက်ဖဝါးက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည့် အေးစက်သော လေပြင်းများ ထုတ်လွှတ် လာပြီး၊ မြေပြင် ပေါ်တွင် နှင်းခဲ အလွှာကို တမဟုတ်ခြင်း၊ ဖြစ်ပေါ် လာ စေခဲ့သည်။
တစ်ဖက်တွင်၊ လီဝူယုသည် ပိတ်ဆို့ ခံရ ခြင်းမှ ခွဲဖွင့်ကာ၊ ၎င်းတို့ နှစ်ဦးကို ရင်ဆိုင်ရန် မျှော်လင့် ထားသည်။ သို့သော် သူတို့ နှစ်ဦး၏၊ ခွန်အားကို လျှော့တွက် မိခဲ့၏။
ရှင်းဝူဟန် တစ်ယောက်တည်း ကပင်၊ ဤမျှအထိ ကြောက်စရာ ကောင်းလိမ့် မည်ဟု သူ ဘယ်တုန်း ကမှ မမျှော်လင့် ထားချေ။
လီဝူယု ဖန်တီး လိုက်သော ထွက်ပေါက် ကြီးထံသို့ လက်ဖဝါးဖြင့်၊ ပိတ်ဆို့ လိုက်ကာ၊ ရှင်းဝူဟန်က အေးစက်သော လေသံဖြင့်၊ ဟောက်လွှတ် လိုက်သည်။
“ မင်း ရှိရာ အရပ်မှာ နေ ....။ ”
နက်နဲ နယ်ပယ်သို့ ဝင်ရောက် ခဲ့ပြီး နောက်တွင်ပင်၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်နှင့် နှိုင်းယှဉ် ပါက၊ လီဝူယုမှာ အနည်းငယ် နိမ့်ကျ နေဆဲ ဖြစ်သည်။
ဘေးတွင် ရပ်ကြည့် နေသော လူဟေရွှမ်က၊ လီဝူယု၏ နုံချာသော အတွေး များကို ကြည့်ကာ၊ သူ့ မျက်နှာတွင် အထင်အမြင် သေးဟန်များ ဖြစ်ပေါ် လာသည်။
လီဝူယုက သူ၏ ဓားချက်ဖြင့်၊ အကြပ် အတည်း အတွင်းမှ၊ သူ့ကိုယ်သူ လွတ်မြောက် နိုင်မည်ဟု၊ ရိုးရှင်းစွာ တွက်ဆ ထားခဲ့ ပုံရသည်။
တိုက်ပွဲကို ဘေး၌ ရပ်ကြည့် နေသော လူဟေရွှမ်က၊
“ ရှင်းဝူဟန် ...၊ သူနဲ့ ယဉ်ကျေး နေဖို့ မလိုပါဘူး၊ ဒီကောင်က လင်းယွန်နဲ့ အတူရှိ နေတဲ့ သူပဲ၊ သူ့ ခြေထောက် တွေကို အရင်ချိုး ရအောင်။ "
လင်းယွန်ကို ရှာမတွေ့ သောကြောင့်၊ လီဝူယုကို ညှင်းပန်းရန် စဉ်းစား လိုက်မိသည်။
ထွက်ပြေးရန် ရုန်းကန် လာသော လီဝူယုကို ကြည့်ကာ၊ ရှင်းဝူဟန်က ရုတ်တရက် လက်ဖဝါးကို ဖိချ လိုက်ပြီး၊
" ဒူး ထောက် ...."
ဟု အမိန့်ပေး လိုက်လေသည်။
သို့သော် သူ့ လက်ဖဝါးသည် လီဝူယု ပေါ်သို့ ရောက်ခါနီး အချိန်တွင်၊ ကောင်းကင်မှ ပုံရိပ် တစ်ရိပ်၊ ရုတ်တရက် ဆင်းသက် လာပြီး၊ လက်ဖဝါးကို လက်သီးဖြင့်၊ ဟန့်တား လာလေသည်။
မူလ စွမ်းအင်များ တုန်ခါ သွားကာ၊ ရှေးဟောင်း သားရဲ တစ်ကောင်နှင့်၊ ရင်ဆိုင်လိုက်ရ သကဲ့သို့၊ ရှင်းဝူဟန် ခံစားမိ၏။
ထပ်မံ ရောက်ရှိ လာသူ၏၊ မူလ စွမ်းအင်မှာ အဆုံး မရှိသော ခံစားချက်ကို ပေးစွမ်း လာပြီး၊ သူ့ လက်ဖဝါးအား ချက်ချင်း ဖျက်ဆီးပစ် လိုက်သည်။
တိုက်ခိုက်မှု ပြိုကျသွား ပြီးနောက်၊ မူလစွမ်းအင် များကို ထပ်မံ မစုစည်း နိုင်ခင် မှာပင် ထိုသူက နောက်ထပ် လက်သီး တစ်ချက်ကို ရုတ်တရက် ပစ်ထုတ် တိုက်ခိုက် လာပြန်သည်။
ရှင်းဝူဟန်မှာ လွင့်ထွက် သွားပြီး၊ မြေပြင် ပေါ်သို့၊ လဲကျ သွားချိန်တွင်၊ သူ့ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွား၏။
ခန္ဓာကိုယ် အတွင်းရှိ ကိုယ်တွင်း အင်္ဂါများ၊ ပြင်းထန်စွာ တုန်လှုပ် သွားသည်ကို ခံစား လိုက်ရသည်။
မျက်နှာဖုံး ရှင်၏ အေးစက်သော အကြည့် များတွင်၊ ရှင်းဝူဟန်နှင့် လူဟေရွှမ် တို့အား၊ သတ်ဖြတ် လိုသော ဆန္ဒများ ပြသလာ ခဲ့သည်။
သို့သော် လီဝူယု၏ အသက်ကို ကယ်တင် ခြင်းသည်သာ အရေးကြီးဆုံး ဖြစ်သည်ကြောင့်၊ လီဝူယုကို လှမ်းဆွဲ လိုက်ပြီး၊
" သွား ရအောင်။"
ဟု ဆိုလိုက် မိသည်။
" မင်းဆန္ဒ ရှိတိုင်း ပြန်လို့ ရမယ် ထင်လား ....၊ အဲဒီမှာ ရပ်စမ်း ။ "
လင်းယွန်က လီဝူယုကို ခေါ်ကာ၊ ထွက်သွား တော့မည်ကို မြင်သည်နှင့်၊ ပတ်ဝန်းကျင်ရှိ လူတိုင်းက ဟန့်တား လာ ကြသည်။
" ထွက် သွား စမ်း ။ "
မြင့်မြတ်သော ဂီတသံ နှင့်အတူ၊ ရုတ်တရက် ကြယ်တစ်လုံး ကြွေကျလာ သကဲ့သို့၊ ခရမ်းရောင် တောက်ပ နေသော၊ လက်သီး တစ်လုံးက၊ ဟန့်တားလာ သူများအား၊ ဖောက်ထွက် သွားသည်။
အနားမရောက် ခင်တွင်၊ သူတို့ အားလုံး ပြန်လည် လွင့်စင် သွားပြီး၊ သွေးများ အန်လျက်၊ လဲကျ သွားကုန် လေသည်။
ခဏချင်းမှာပင် လင်းယွန်က လီဝူယု နှင့်အတူ၊ သူတို့ မြင်ကွင်းမှ ပျောက်ကွယ် သွားတော့၏။
" သေစမ်း.... သူ့နောက် လိုက်။ ”
လူဟေရွှမ်က ဒေါသဖြင့်၊ အော်ဟစ် လိုက်သည်။ လင်းယွန် နောက်သို့ ကိုယ်တိုင် ကိုယ်ကျ၊ လိုက်ဖမ်း တော့မည့် အချိန်တွင်၊ ရှင်းဝူဟန်၏ အသံ ထွက်ပေါ် လာသည်။
" ထားလိုက်ပါ၊ သူက ဇောင်ယွန်းရှန်ပဲ၊ သူ့ရဲ့ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' က၊ အဆင့်မြင့် ကျွမ်းကျင်မှုကို ရောက်နေပြီ၊ သူ့ကို အမီ လိုက်ဖို့ ဆိုတာ၊ ငါတို့ အတွက် မဖြစ်နိုင် ပါဘူး။ ”
" ဇောင် ယွန်း ရှန်။ "
လူဟေရွှမ်က လင်းယွန်၏ နာမည်ကို ရေရွတ် လိုက်ပြီး၊ ရှင်းဝူဟန်ကို ပြန်လှည့် ကြည့် လိုက်သည်၊ ရှင်းဝူဟန် နှုတ်ခမ်း ထောင့်စွန်းတွင်၊ သွေးများ စိမ့်ထွက် နေသည်ကို၊ တွေ့လိုက် ရသည်နှင့်၊ သူက ချက်ချင်းပင်၊
"အစ်ကို ရှင်း၊ အဆင်ပြေလား။ "
" အဆင်ပြေ ပါတယ်၊ ပေါ့လျော့မှု သက်သက် လေးပါ၊ ဒီလူက ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ရရှိခဲ့ သူပဲ၊ လေးနက်သော ခြေလှမ်း ခုနှစ်လှမ်းကို ကျွမ်းကျင်ပြီး၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ် ကိုလည်း၊ လေ့ကျင့် ထားတယ်၊ သူရဲ့ ခွန်အား အရ၊ ထိပ်တန်း ဆယ်ယောက် အောက်၊ လုံးဝ မနိမ့် ကျဘူး။ ''
ရှင်းဝူဟန်က သူ့လက်ကို ဝှေ့ယမ်းကာ၊ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို သုတ်ယူ လိုက်သည်။
“ ဒီလူက ဓားဧကရာဇ် ဆေးပင်ကို လုယူ ရုံတင် မကဘဲ၊ သူနဲ့အတူ နောက် တစ်ယောက်ကို ခေါ်သွား တာလား”
လူဟေရွှမ်က ဒေါသ ထွက်သွားသည်။
" စိတ်လျော့လိုက်၊ သူ့ကို ဒုတိယ အကျော့မှာ တွေ့ကြ တာပေါ့၊ နောက်ဆုံးတော့ သူက... ဓား သင်္ချိုင်း ဂူမှာ၊ တစ်ယောက် ထဲပဲ မဟုတ်လား။ ''
- ဟု ရှင်းဝူဟန်က အေးစက်စွာ ရေရွတ် လိုက်လေသည်။
***