ဓားသင်္ချိုင်း ဂူသို့ ချဉ်းကပ်ခြင်း။
Vol. 22 Ch. 298
'' အဆင်ပြေ ပါတယ်၊ ငါ ပေါ့ဆ ခဲ့လို့ပါ၊ သူက ဇောင်ယွန်းရှန်ပဲ။ ''
ရှင်းဝူဟန်က သူ့လက်ကို ဝှေ့ယမ်းကာ၊ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို သုတ်ယူ လိုက်ပြီး၊ အေးစက်စွာ ရေရွတ် လိုက်လေသည်။
ရှင်းဝူဟန်နှင့် လူဟေရွှမ် တို့ဖြင့် ဝေးကွာသော အရပ်သို့ ရောက်ရှိ သည်နှင့်၊ လင်းယွန်က ပြေးလွှား နေရာမှ ရပ်တန့် လိုက်သည်။
ထိုနှစ်ယောက်ကို ကြောက်ရွံ့ခြင်း မရှိ သော်လည်း၊ လီဝူယု၏ ဒဏ်ရာများ အတွက် အမြန်ဆုံး ကုသမှု ခံယူရန် လိုအပ်သည်။ သူ့ ဆန္ဒ အတိုင်း ဆိုပါက၊ ထိုနှစ်ယောက်ကို သတ်ပစ် မိမည် ဖြစ်သည်။
" မင်း က ...။ "
လီဝူယုက သူ့ ရင်ဘတ်ကို ဆုပ်ကိုင် ထားလျက်မှ၊ လင်းယွန်ကို မော့ကြည့်ကာ မေးလိုက်သည်။
လင်းယွန်က သူ့ အရှိန်အဝါကို ဖုံးကွယ် ထားသော မျက်နှာဖုံးအား ဖယ်ရှားကာ၊ ပြုံးပြ လိုက်၏။
“ အစ်ကိုကြီး၊ ဟား ဟား ဟား ....မင်းဖြစ်မယ်ဆိုတာ ငါသိတယ်ကွ။ "
လီဝူယုက ရင်းနှီးသော မျက်နှာကြောင့်၊ ရယ်မော လိုက်သည်။ တစ်ဖန်၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် ထိပ်ဆုံး ဆယ်ယောက်ကို လင်းယွန် မှလွဲ၍ မည်သူမျှ စော်ကား ဝံ့မည် မဟုတ်ပေ။
" မင်း အဆင်ပြေ လား .... "
လင်းယွန်က ပြုံးလိုက်ကာ၊
" မင်းက ဓားဧကရာဇ် ဆေးပင်ကို လုယူ ဖို့တောင် ရဲရင့် တယ်လား။ ''
“ အဆင်ပြေ ပါတယ်၊ ငါ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက်က မင်းနဲ့ မယှဉ်နိုင် ပေမယ့်၊ အကြမ်းခံ နေတုန်း ပါပဲ၊ မင်းကို ဆုကြေး ထုတ်ထားတဲ့ အတွက်၊ ဆေးဘက်ဝင် အပင်ကို မင်းမယူ နိုင်တော့ မှာကို ငါစိုးရိမ် မိတယ်၊ ဒါကြောင့် မင်းကို ကူညီဖို့ ကြိုးစား ခဲ့တာ ...၊ ဒါပေမယ့် အဲဒီ လူယုတ်မာ နှစ်ယောက်နဲ့ ဆုံတွေ့ လိမ့်မယ် လို့တော့၊ မျှော်လင့် မထား ခဲ့မိဘူး။ ”
-ဟု လီဝူယုက ပြန်ဖြေ လိုက်သည်။
ဓားမြှုပ်နှံ ထားသော တောင်ထိပ်သို့၊ ရောက်ပြီးနောက်၊ လင်းယွန် အပြစ်ပြု ထားသော၊ အဖြစ် အပျက် များကို သူ သိလာ ရသည်။
ထိပ်ဆုံး ဆယ်ယောက်ကို လက်တွေ့ ကျကျ စော်ကား ခဲ့ပြီး၊ အကယ်၍ သူ့တွင် ဓားဧကရာဇ် ဆေးပင်သာ မရှိပါက၊ လင်းယွန်၏ အင်အားမှာ နောက်သို့ ကျဆင်း သွားမည် ဖြစ်သည်။
သို့ဆိုလျှင် ဓားသင်္ချိုင်း ဂူသို့၊ သွားရာ လမ်း၌ သေဆုံး ရပေမည်။
လင်းယွန် သေဆုံး သွားလျှင်၊ ရှင်းယန် မည်မျှ ဝမ်းနည်း နေမည်ကို၊ ဘယ်သူမှ မခန့်မှန်း နိုင်ချေ။ ဤသည်မှာ လီဝူယု အတွက် စွန့်စားရန် ဆုံးဖြတ် ရသော၊ အကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပေသည်။
လင်းယွန်က အနည်းငယ် အံ့အားသင့် ပြီးနောက်၊ နွေးထွေးစွာ ပြုံးပြ လိုက်ပြီး၊
“ ဒါဆို မင်း စပြီး သန့်စင် လိုက်ပါ၊ ငါက ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံး ရခဲ့ပြီးပြီ။ "
" မင်း... အလေး အနက် ပြောနေ တာလား။ "
လီဝူယုက အံ့သြသွားသည်။
လင်းယွန်က နက်နဲ သိုင်း နယ်ပယ်၏၊ ပဉ္စမ အဆင့် အရှိန် အဝါနှင့်၊ ဓား ရည်ရွယ်ချက်ကိုပြသရန်၊ ဓားသုတ္တန်ကို ဖြန့်ဝေ လိုက်၏။
ထို့နောက်တွင်၊ 'ခရမ်းရောင် ဓားတံဆိပ်' တစ်ခုက၊ လင်းယွန်၏ လက်တွင် ထွက်ပေါ် လာပြီး၊ လက်ညှိုးမှ တဆင့်၊ 'ခရမ်းရောင် ဓားမီးတောက်' တစ်ခု အဖြစ် ပြေးထွက် သွားကာ၊ မီတာ အနည်းငယ် အကွာရှိ သစ်ပင် ကြီးအား ထိမှန် ပေါက်ကွဲ သွားစေသည်။
လီဝူယုက ထိတ်လန့် သွားပြီး၊
" ငါစိတ်ပူ နေစရာ မလိုတော့ ဖူးပဲ။ "
“ ဟုတ်တယ် ငါ့အတွက် မပူ နဲ့တော့ ဝူယု၊ အဲဒါကို စပြီး သန့်စင် လိုက်ပါ၊ မင်းကို ငါစောင့် ပေးမယ်။ ”
လင်းယွန်က သူ့ အရှိန် အဝါကို ရုတ်သိမ်းကာ၊ ဆိုလိုက်သည်။
“ ဟဲဟဲ၊ အဲဒါဆို မင်းကိုပဲ ဒုက္ခပေး ရတော့မယ်၊ ဓားသင်္ချိုင်း ဂူဆီ သွားရာ လမ်းမှာ၊ ငါတို့ ညီအစ်ကို တွေကို သတ်ပစ်မယ် ဆိုတဲ့၊ အထက်တန်းစား ပြည်နယ် အတွက်၊ အံ့အားသင့် စရာတွေ ပြန်ပေး ရမယ်။ ”
လီဝူယု၏ မျက်ဝန်း များတွင် ရွှင်မြူး ရိပ်များဖြင့်၊ တောက်ပ လာသည်။
အချိန်များ ကုန်လွန် လာသည် နှင့်အမျှ၊ လီဝူယုမှာ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ခြင်း၌ နစ်မျော သွား၏၊ လင်းယွန် မှာမူ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' နှင့်၊ 'ကျား- နဂါး လက်သီး' ကို၊ လေ့ကျင့် နေခဲ့သည်။
ကျား-နဂါး လက်သီး၏ ပုံစံ ငါးမျိုးအား ထုတ်ဖော် ပြီးနောက်၊ တံဆိပ် များကို ဖွဲ့စည်းလိုက်၏။
သူ့ လက်သီးတွင် သားရဲ ဘုရင် တစ်ပါး၏၊ တော်ဝင် အရှိန် အဝါများ၊ ကပ်ညိ ပါဝင် နေပြီး၊ ကျားနှင့် နဂါး၏ ဟောက်သံများ ထွက်ပေါ် လာစေသည်။
'' ဟိတ် ...... ''
နောက်ထပ် ဟောက်သံ တစ်သံ နှင့်အတူ ဓားရည်ရွယ်ချက်၊ မူလ စွမ်းအင် နှင့် ဒရာကိုဖီ ခန္ဓာကိုယ် တို့ကို ပေါင်းစပ်ရန် ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။
နဂါးပန်းချီ။
ကျား- နဂါး လက်သီး၏ ပဉ္စမ မြောက်ပုံစံကို ကွပ်မျက် လိုက်စဉ်၊ နတ်ဆိုး မြူများ ဖုံးလွှမ်း သွားသည်။
သူ့ လက်သီးကို ပစ်လွှတ် လိုက်သော အခါ၊ မြူခိုးများက နဂါး အသွင်သို့၊ ပြောင်းလဲ ပြေးထွက် သွားပြီး၊ မီတာ ရာဂဏန်း အကွာရှိ မြင့်မားသော သစ်ပင်ကြီး တစ်ပင်အား၊ ထိမှန် ပေါက်ကွဲ သွားစေသည်။
ဝုန်း။
ရလာဒ်အပေါ် ကျေနပ်သော အမူ အရာဖြင့်၊ သူ၏ စွမ်းအင် များကို ပြန်လည် ငြိမ်းသက် လိုက်၏။ နဂါး-ကျား လက်သီး၏ အစွမ်းသည် ကျင့်ကြံမှု အဆင့်နှင့် ဓားသုတ္တန် တိုးတက် လာသဖြင့်၊ ပို၍ အားကောင်း လာလေပြီ။
သူ၏ ဓားရည်ရွယ်ချက်၊ မူလ စွမ်းအင်နှင့် ဒရာကိုဖီ စွမ်းအင် တို့ကို ပေါင်းစပ် နိုင်သောကြောင့်၊ နဂါး ပန်းချီတွင် ပြီးပြည့်စုံသော ကျွမ်းကျင် မှုသို့ ရောက်ရှိ လာခဲ့သည်။
၎င်းသည် တံဆိပ် များကို အသုံး မပြုဘဲ၊ ရိုးရှင်းသော တိုက်ခိုက်မှု တစ်ခုသာ ဖြစ်ပြီး၊ တံဆိပ် များအား အသုံးပြု ပါက၊ မည်မျှ အစွမ်း ထက်လာ မည်ကို၊ တွေးနေ မိသည်။
ထိုအချိန်တွင် ရုတ်တရက် ဖီးနစ် အော်သံကို ကြားလိုက်ရ သည်ကြောင့်၊ အတွေးများ ရပ်ကာ၊ လီဝူယုထံ လှည့်ကြည့် လိုက်၏။
လီဝူယုက မျက်လုံးများ ပြန်ဖွင့် လိုက် သည်နှင့်၊ သူ့ မျက်ဝန်း များတွင်၊ အလင်းရောင်များ တဖျပ်ဖျပ် တောက်ပလာ သည်ကို မြင်လိုက် ရသည်။
“ ကောင်းလိုက်တာ။ ”
လင်းယွန်က ကြေနပ်စွာ ပြုံးလိုက်သည်။ လီဝူယုမှာ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ခဲ့ပြီးနောက်၊ နက်နဲ သိုင်း နယ်ပယ် တတိယ အဆင့်၊ အထွတ် အထိပ်သို့၊ ရောက်ရှိ သွားသည်။
" စောစောက ဖီးနစ် အော်သံကို ငါကြား လိုက်မိတယ်။ "
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။
“ အဲဒါက ဖီးနစ် အော်သံ မဟုတ်ဘူး၊ မီးငှက်အော်သံပါ၊ ငါ့ရဲ့ သိုင်းဝိဉာဉ်က 'အနီရောင် ကြယ်စင်စု' ပဲ၊ 'ကံကြမ္မာ ကြယ်တာရာ' နည်းစနစ်ကို ပထမ အဆင့် ကျင့်ကြံ ပြီးရင်၊ 'အနီရောင် မျက်လုံးတွေ' ထွက်ပေါ်လာ နိုင်တယ်။ ''
လီဝူယုက ရှင်းပြ လိုက်သည်။ သူ့ စကားက လင်းယွန်ကို စူးစမ်းချင် စိတ်များ၊ တိုးပွား လာစေ၏။
အနီရောင် မျက်လုံးများ။ တနည်း အားဖြင့် မီးငှက်၏ မျက်လုံးများ ဖြစ်နိုင် မည်လော။ ထိုထက် ပို၍ နက်နဲစွာ စုံစမ်း ရန်မူ၊ စိတ်ကူး မရှိခဲ့ပေ။
'အသူရာ နဂါး' သိုင်းဝိညာဉ်မှ၊ မည်သို့သော အကျိုး ကျေးဇူးများ၊ မရရှိ ခဲ့သည်ကို ရုတ်တရက် တွေးမိ သွားသည်။
သူ့ အနေဖြင့် အနာဂတ်တွင်၊ သူ၏ 'သိုင်းဝိညာဉ်' အပေါ်၊ ကျယ်ကျယ် ပြန့်ပြန့် နားလည်ရန်၊ အချိန်ပေး ရှာဖွေ ရမည်ကို၊ တေးမှတ်ထား လိုက်သည်။
" အခု ဘယ်လို ခံစားရလဲ"
လင်းယွန်က မေးသည်။
“ ဓားဧကရာဇ် ဆေးပင်က ငါ့ရဲ့ 'ကံကြမ္မာ ကြယ်တာရာ' နည်းစနစ်နဲ့ ကိုက်ညီတယ်၊ ရှင်းဝူဟန်က ငါ့ကို ထပ်ပြီး၊ မထီမဲ့မြင် လုပ်ရဲရင်၊ သူ့ကို အံ့အားသင့် စေမှာ သေချာ ပါတယ်။ ”
ဟု ဆိုကာ၊ လီဝူယုက ရယ်မော လိုက်သည်။
" သွား ရ အောင်။ "
သူတို့ နှစ်ဦးက ဓားသင်္ချိုင်းဂူ ထဲသို့၊ ဝင်ရန် ကြယ်ပွင့်များ အလုံ အလောက် ရှိထားပြီး ဖြစ်၍၊ အချိန် မဖြုန်းဘဲ၊ ချက်ချင်း သွားလို ကြသည်။
လမ်းတစ်လျှောက်တွင် လူအများက လင်းယွန်ကို မှတ်မိပြီး၊ ချက်ချင်းပင် ရှောင်ကွင်း သွားကြ၏။
ဓားဧကရာဇ် ဆေးပင် အတွက်၊ ရှားဖန်ကို သတ်ခဲ့ကြောင်း၊ သတင်းများ ပျံ့နှံ့ သွားခဲ့ သည်ကြောင့်၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အတွင်းရှိ၊ ပြင်ပတပည့် တိုင်းက၊ ဇောင်ယွန်းရှန်ကို သိနှင့် နေကြပြီ ဖြစ်သည်။
မည်သည့် နေရာမှ ထွက်လာမှန်း မသိသော ဤမြင်းနက်သည် ထိပ်တန်း ဆယ်ဦး ထံမှ မီးမောင်း ထိုးပြမှုကို ခိုးယူ သွားလေပြီ။
ဓားဧကရာဇ် ဆေးပင် အတွက် ပြတ်ပြတ် သားသား အဆုံး အဖြတ် ပေးခဲ့ကြောင်း၊ သတင်းများ ထွက်ပေါ် ခဲ့သည့် အပြင်၊ ကျင့်ကြံမှု အပေါ်၊ ရူးသွပ် နေသူ အဖြစ်၊ ပြင်ပ တပည့်များ အပေါ်၊ အိမ်မက် ဆိုးများ ပေးနေသူ ဖြစ်သည်။
ဤလူသည် လီဝူယုနှင့် မည်သို့ တွဲဖက် လာသည်ကို သိချင် ကြ ကုန်၏။
“ အကိုကြီး၊ မင်းရဲ့ ကိုယ်ပိုင် လက္ခဏာကို ကောင်းကောင်း ဝှက်ထား နိုင်တာပဲ၊ မင်းကိုဘယ်သူမှ မမှတ်မိဘူး။ "
လီဝူယုက ပြုံးကာ၊ ဆိုလိုက်သည်။
“ အဲဒါက ကျား- နဂါး လက်သီးကို၊ တစ်ခါမှ ငါမသုံး ခဲ့လို့ပါ၊ ဒါပေမယ့် ငါ့ရဲ့ အထောက် အထားကို ထုတ်ဖော် မိလည်း၊ စိတ်ပူစရာ မရှိတော့ ပါဘူး။ ''
ခေါင်းညိတ်လျက် လင်းယွန်က ပြန်ဖြေ လိုက်သည်။ ဓား ဧကရာဇ် ဆေးပင်ကို ရရှိပြီး ဖြစ်ရာ၊ တစ်သက်တာလုံး မျက်နှာဖုံး ဝတ်ထားရန် ရည်ရွယ်ချက် မရှိ သည်ကြောင့်၊ အထောက် အထားကို ဖုံးကွယ် ထားရန်၊ မလိုအပ် တော့ချေ။
ယခု ဓားသင်္ချိုင်းဂူ အတွင်း၌ မည်သူက သူ့ကို လာစ ဝံ့မည်ကို သိချင် နေမိသည်။
ဓားသင်္ချိုင်းဂူ အနီးသို့၊ တရွေ့ရွေ့ ချဉ်းကပ် လာမိသော အခါတွင်၊ လေထုမှာ ပို၍ အေး စက် လာသည်ကို၊ သတိထားမိ လိုက်၏။
ဓား သင်္ချိုင်း ဂူမှ ထွက်လာသော ဖိအားကို၊ မီတာပေါင်း များစွာ အကွာ ၌ပင်၊ ခံစား ရနိုင်ပြီး၊ လုံလောက်အောင် သန်မာခြင်း၊ မရှိ သူများ အတွက်မူ၊ ကြီးမားသော ဖိအား အောက်တွင်၊ ရုန်းကန် နေရမည် ဖြစ်သည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ဓားသင်္ချိုင်း ဂူသည် လူသေများ အတွက် အနားယူရာ နေရာ ဖြစ်ပြီး၊ လေထု အတွင်း တုန်လှုပ် ချောက်ချားဖွယ်၊ အငွေ့ အသက်များ၊ ရောယှက် လာစေသည်။
" ငါတို့ ရောက်ပြီ။ "
လီဝူယုက မျက်လုံးများ မှေးစင်းလျက်၊ အဝေးကို လှမ်းကြည့် ရေရွတ် လိုက်၏၊ ဓား သင်္ချိုင်းဂူသည် သူတို့ မြင်ကွင်း၌ တဖြည်းဖြည်း ထွက်ပေါ် လာသည်။
သင်္ချိုင်း ဂူသို့ သွားရာ လမ်းကြောင်း လေးသွယ် ရှိသည့် အနက်၊ သူတို့ နှစ်ဦးက မြောက်ဘက် လမ်းကြောင်းမှ၊ ဝင်ရောက်လာ ကြခြင်း ဖြစ်ပြီး၊ ဝင်ပေါက်နှင့် နီးကပ်လာ သည်နှင့် အမျှ၊ တပည့် များအား ပို၍ တွေ့မြင် လာရသည်။
" သူတို့ ဘာလုပ် နေကြ တာလဲ။ "
လင်းယွန်နှင့် လီဝူယုမှာ ရှေ့၌ ဝိုင်းအုံနေ ကြသော လူစုကြီးကို ကြည့်ကာ၊ မျက်မှောင်ကြုတ် သွားကြသည်။ လေထုထဲရှိ လွဲမှား နေသော တစ်စုံ တစ်ရာကို ခံစား လိုက်နိုင်သည်။
" ဒီမှာ ဇောင်ယွန်းရှန်ပဲ။ "
" သူ လာ ပြီ။ "
လင်းယွန် ရောက်ရှိ လာသည်ကို၊ သတိထား မိလိုက်သော၊ ပြင်ပ တပည့် တစ်ယောက်က၊ ဝမ်းသာ အားရ အော်ဟစ် လိုက်သည်။
မြောက်ဘက် တံခါးဝတွင် စုရုံး နေသော လူအုပ် ကြီးက၊ မျှော်လင့်ချက်များ ပြည့်နှက် နေသည့် မျက်ဝန်း များဖြင့်၊ လင်းယွန်ကို လှည့်ကြည့် လာ ကြ၏။
ထိုတပည့် များ၏ အပြုအမူ များက၊ ယခင် အချိန် များ၌၊ သူ့ကို ရှောင်ရှားဖို့ ကြိုးစား ပုံမျိုးနှင့် လုံးဝ ကွဲပြား နေခဲ့သည်။
***