← Chapters

မတိုက်ခိုက်မီ စဉ်းစားပါ။

Vol. 22 Ch. 299

မတိုက်ခိုက်မီ စဉ်းစားပါ။

Vol. 22 Ch. 299

" ဒီမှာ ဇောင်ယွန်းရှန်ပဲ။ "

လင်းယွန် ရောက်ရှိ လာသည်ကို၊ သတိထား မိလိုက်သော၊ ပြင်ပ တပည့် တစ်ယောက်က၊ ဝမ်းသာ အားရ အော်ဟစ် လိုက်သည်။

မြောက်ဘက် တံခါးဝတွင် စုရုံး နေသော လူအုပ် ကြီးက၊ မျှော်လင့်ချက်များ ပြည့်နှက် နေသည့် မျက်ဝန်း များဖြင့်၊ လင်းယွန်ကို လှည့်ကြည့် လာ ကြ၏။

လူတိုင်း၏ မျက်နှာ ပေါ်ရှိ အမူ အရာ များကြောင့်၊ လင်းယွန်နှင့် လီဝူယု တို့ကို အထူးအဆန်း ဖြစ်လာ စေသည်။

သူတို့ လျှောက်လှမ်း လာ သည်နှင့်၊ လူအုပ် ကြီးက ချက်ချင်း နှစ်ခြမ်း ကွဲထွက် သွားပြီး၊ သူတို့ကို ဖြတ်ကျော်ခွင့် ပေးလာ ခဲ့၏။

သို့သော် သူတို့ ရှေ့သို့ အနည်းငယ် လျှောက်လှမ်းလိုက် သည်နှင့်၊ တိုက်ပွဲ ဖြစ်ပွား နေသော၊ ပေါက်ကွဲ သံများကို၊ ရုတ်တရက် ကြားလိုက် ရသည်။

ထိုတိုက်ပွဲ ထံမှ ပြင်းထန်သော စွမ်းအင် လှိုင်းများကို အဝေးမှပင်၊ ခံစား မိကြသည်။

မူလ စွမ်းအင် များ၏ အတက်အကျ လှိုင်းများကို၊ အာရုံခံ လိုက်ရုံဖြင့်၊ တစ်ခုခု လွှဲမှားနေသည်ကို ခံစား လိုက်ရသည်။

ကျင့်ကြံသူ တိုင်းသည် တူညီသော အဆင့်တွင် ရှိသော်လည်း၊ ၎င်းတို့၏ မူလ စွမ်းအင် အရည် အသွေးမှာ၊ ကွဲပြား မှုများ ရှိမည်ဖြစ်သည်။

ဥပမာအားဖြင့်၊ လင်းယွန်၏ မူလ စွမ်းအင်သည် ဓားသုတ္တန်ကို ကျင့်ကြံ ပြီးနောက်၊ တူညီသော ကျင့်ကြံမှု အဆင့်တွင် ရှိသော၊ တပည့် များထက် ပိုမို အားကောင်း ပေသည်။

ကျင့်ကြံသူ များမှာ၊ မူလ စွမ်းအင်ကို အာရုံခံ နိုင်ပြီး၊ အသံကို နားထောင် ရုံဖြင့်၊ အရည် အသွေးကို ဆုံးဖြတ် နိုင်၏။

လင်းယွန်နှင့် လီဝူယု တို့သည် ရှေ့သို့၊ စူးစူး ရဲရဲ စိုက်ကြည့် ပြီးနောက်၊ ဓား သင်္ချိုင်းဂူ အဝင် ဝရှိ၊ ရှေးဟောင်း ရုပ်တုကြီး နှစ်ခုကို သတိထား မိသွားသည်။

ထိုရုပ်ကြီး ခြေရင်းတွင်၊ မောက်မာပုံ ရသော လူငယ် လေးယောက်က၊ ပြင်ပ တပည့် များကို၊ အထင် အမြင် သေးစွာ လှမ်းကြည့်ပြီး၊ လမ်းပိတ် ထား၏။

သူတို့ဘေးတွင် ဒူးထောက် နေသော လူ အချို့ ရှိကာ၊ တစ်ဖက်တွင် အပြန် အလှန် တိုက်ခိုက် နေသော၊ လူ နှစ်ယောက်လည်း၊ ရှိနေသည်။

တိုက်ဆိုင်စွာပင် ၎င်းတို့ ထဲမှ တစ်ယောက်ကို လင်းယွန်က မှတ်မိ နေခဲ့သည်။ ထိုသူမှာ သေမျိုး အဆင့် (၁၈)တွင် ရှိသော ဂူယွမ်ဖေး ဖြစ်၏။

ဂူယွမ်ဖေးမှာ၊ မီးခိုးရောင်ဝတ် လူငယ် တစ်ဦးနှင့်၊ ရင်ဆိုင် နေရပြီး၊ ၎င်းတို့ နှစ်ဦး၏ တိုက်ပွဲသည်၊ အထွတ် အထိပ်သို့ ရောက်ရှိ နေလေပြီ။

တိုက်ပွဲ အတွင်း၊ သူတို့၏ လက်နက် များကို အချိန် အတော်ကြာ ကပင်၊ ကိုင်ဆွဲ ခဲ့ပုံ ရပြီး၊ တိုက်ခိုက် ရာ၌၊ ဓားအလင်း များကို ထုတ်ဖော် ခဲ့သည်။

မီးခိုးရောင် ၀တ်ဆင် ထားသော လူငယ်က၊ ဓား နည်းစနစ်နှင့် ပတ်သက်၍၊ ဂူယွမ်ဖေးအား မယှဉ် နိုင်သည်မှာ၊ သိသာ လှသည်။

ဂူယွမ်ဖေး၏ ဓား နည်းစနစ်မှာ၊ လွှမ်းမိုးနိုင် စွမ်းများ ထုတ်လွှတ်ထား သော်လည်း၊ မီးခိုး ရောင်ဝတ် လူငယ်၏ မူလ စွမ်းအင် များမှာ၊ ပို၍ သိပ်သည်း ပေသည်။

ထို့ကြောင့်ပင် မီးခိုး ရောင်ဝတ် လူငယ်မှာ၊ ဂူယွမ်ဖေး၏ တိုက်ခိုက်မှု များကို ဓားဖြင့် အလွယ် တကူ ခုခံ နိုင်ခဲ့သည်။

တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ ဂူယွမ်ဖေးသည် သူ့ အားသာ ချက်ကို၊ ကြာရှည် ထိန်းထား နိုင်တော့မည် မဟုတ်ကြောင်း၊ သူ ပြောနိုင်သည်။

"အကိုကြီး၊ မင်းကို ကြည့်နေတဲ့ သူ ...၊ နည်းနည်း ရှိတယ်။ "

လီဝူယု၏ အကြည့် များက၊ ကျောက်ရုပ်တုကြီး အောက်တွင်၊ ဒူးထောက် နေသော လူ အနည်းငယ် ပေါ်သို့၊ ကျရောက် သွားသည်။

" ... ....."

လင်းယွန်က လီဝူယု ညွှန်ပြ ရာသို့၊ သူ့ အကြည့်ကို ရွေ့လိုက် ပြီးနောက်၊ မျက်နှာ ပြောင်းလဲ သွားသည်။ ဂူဘီရွှမ်၊ ချန်လင်း၊ နီတန်၊ ဟန်ဖန်းနှင့် ဝေဟန်ဆောင်းတို့ ဖြစ်သည်။

၎င်းတို့ အားလုံးသည် ဓားဧကရာဇ် ဆေးပင်တိုက်ပွဲတွင်၊ တွေ့ဆုံ ထားခဲ့ ဖူးသော အထက်တန်း စားများ ဖြစ်ပြီး၊ သေမျိုး အဆင့်တွင်၊ အထက်ပိုင်း အဆင့် (၃၀)အတွင်း၊ ဝင်ရောက်နိုင် သူများ ဖြစ်သည်။

ထိုသို့သော အထက်တန်းစား များကို၊ ဒူးထောက် ခိုင်းထားသည့် သူများ အပေါ်၊ စိတ်ဝင် စားလာ မိ၏။

" အကိုကြီး ဇောင် "

လင်းယွန်က စိတ်လှုပ် သွားသည့် အချိန်တွင်၊ ရင်းနှီးသော အသံ တစ်သံ၊ ထွက်ပေါ် လာသည်။ ထို့နောက်တွင် လင်းယန်နှင့် လင်းကျူရှန် တို့က၊ သူ့ ဦးတည် ရာသို့၊ လျှောက်လာ သည်ကို မြင်လိုက် ရ၏။

လင်းကျူရှန်၏ မျက်နှာမှာ ပျက်ယွင်း နေပြီး၊ နှုတ်ခမ်းတွင် သွေးစများ ယိုထွက် နေ သည်ကို သတိပြု မိသည်။

" ဘာဖြစ် တာလဲ။ "

လင်းကျူရှန်က ပြန် မဖြေခင် မှာပင်၊ လင်းယန်က လမ်းပိတ် ထားသော လူလေးယောက်ကို ညွှန်ပြပြီး၊

“ သူတို့က အတွင်း တပည့်တွေ၊ လမ်းကို ပိတ်ဆို့ပြီး ဖြတ်ကျော်လို သူတိုင်းဆီ ကနေ၊ ဓားတိမ်ယံ အမြုတေ သုံးခု တောင်းယူ ကြတယ်၊ ဒါက သေးငယ်တဲ့ ပမာဏမှ မဟုတ်တာ၊ နောက်ဆုံးတော့ သူတို့က ငါတို့ကို ရိုက်နှက်ပြီး၊ စီနီယာ အစ်ကိုဂူနဲ့ စီနီယာ အစ်ကိုချန် တို့ကို၊ လူတိုင်း အတွက် စံနမူနာ အဖြစ် အသုံးပြု လိုက်တာပဲ။ ”

ဤသူများ အဘယ်ကြောင့်၊ သည်မျှ သန်မာနေ သည်ကို၊ လင်းယွန်က သိလိုက် ရပြီ။ လင်းကျူရှန်၏ နောက်ခံ အရ၊ လုပ်ဆောင် ရဲခြင်း မရှိ သော်လည်း၊ ဂူဘီရွှမ်နှင့် ချန်လင်းကိုမူ မလုပ်ဆောင် ရဲစရာ မရှိချေ။

ဒူးထောက် နေကြသူ အများ စုမှာ၊ ပြင်ပ တပည့်များ ကြားတွင် နာမည်ရှိ သူများ ဖြစ်ကြပြီး၊ ၎င်း လုပ်ရပ်မှာ အရှက်ခွဲ လွန်းရာ၊ ကျပေ၏။

လင်းယွန် ရောက်ရှိ လာသည်ကို မြင်သော အခါ၊ လူ အများက သူ့အား အဘယ်ကြောင့်၊ စောင့်မျှော် ကြည့်ရှု နေကြ သည်ကို၊ ယခု သိလိုက် ရသည်။

အတွင်း တပည့် များကို မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် ပါဝင်ရန် တားမြစ် ထားခြင်း မရှိပေ။

“ သူတို့က မြေကြီး အဆင့်ရဲ့၊ နောက်ဆုံး အဆင့် တစ်ရာမှာ ရှိတဲ့၊ အတွင်း တပည့် တွေပဲ၊ တကယ် လို့များ ဒီပြိုင်ပွဲမှာ၊ ထိပ်တန်း တစ်ရာကို မဝင် ရောက်နိုင်ရင်၊ သူတို့ကို အတွင်းတပည့် အဖြစ် ကနေ၊ ဖယ်ထုတ် ခံရ လိမ့်မယ်၊ ဓား မြှုပ်နှံ ထားတဲ့ တောင်ထိပ်ကို သွားရမယ့် လမ်းမှာ၊ ပိတ်ဆို့ ဟန့်တား ရမယ် ဆိုတဲ့၊ စည်းမျဉ်း တွေကိုတော့၊ ဂိုဏ်းက ချမှတ် မထားပါဘူး။ ”

လင်းကျူရှန်က သက်ပြင်း ချကာ၊ ရှင်းပြ လိုက်သည်။

တကယ်တော့၊ အတွင်း တပည့် များ၏ ခွဲတမ်းကို ရရှိရန်၊ လွယ်ကူမည် မဟုတ်ကြောင်း၊ လင်းယွန်က သိခဲ့သည်။

ပြင်ပ တပည့်များ မှာလည်း၊ မည်သူ မဆို ဤမျှ လွယ်လွယ်ဖြင့် အရှုံး မပေးချင် ကြပေ။ သူတို့ အတွက် သည်အထိ ရောက်ရှိ လာဖို့ ရန်မှာ၊ မည်မျှ ခက်ခဲ လှသည်ကို၊ လူတိုင်း သိထားသည်။

ထို့အပြင် ဒုတိယ အကျော့၏ စည်းမျဉ်း များကို၊ သတ်မှတ် ထားခြင်း မရှိ လေရာ၊ ဓား သင်္ချိုင်းဂူ အတွင်းသို့၊ ဝင်နိုင် ရုံဖြင့်၊ ထိပ်တန်း တစ်ရာ အတွင်း၊ တက်လှမ်း နိုင်ခြင်း ရှိမရှိ၊ မည်သူမျှ ယတိပြတ် မပြောနိုင် ကြပေ။

နောက်ဆုံးတွင်၊ အတွင်း တပည့် ဖြစ်ရန်အခွင့်အရေးမှာ လက်တစ်ကမ်း အလို၌ ရှိနေလေသည်။

“ ဂျူနီယာ ညီလေးတန်၊ ကစား နေတာတွေ ရပ်လိုက်တော့။ ”

အတွင်း တပည့် လေးယောက်၏ ခေါင်းဆောင် ဖြစ်ဟန် တူသော၊ လူငယ် တစ်ယောက်က ပြုံးပြီး၊ ဆိုလိုက်သည်။

" ငါ နားလည်ပြီ ... စီနီယာ အစ်ကို မူလင်း။ ”

ဂူယွမ်ဖေးနှင့် တိုက်ခိုက် နေသော လူငယ်က ခေါင်းဆောင် လူငယ်ကို ပြန်ဖြေ လိုက် ပြီးနောက်၊ သူ့ ပြိုင်ဘက်ကို ပြုံးပြ လိုက်ကာ၊ " ကစားပွဲ ပြီးပြီ" ဟု၊ ဆိုလိုက်၏။

" ဟမ့် .... မင်းမှာ မာနက လွဲလို့၊ ဘာမှ ရှိပုံ မရဖူး၊ အခုဆို မင်းဘာလို့၊ မြေကြီး အဆင့် သတ်မှတ် ချက်မှာ၊ နောက်ဆုံး တစ်ရာ ဖြစ်နေ ရလဲ ဆိုတာ ငါသိပြီ။ ”

- ဟု ဂူယွမ်ဖေးက ပြန်လည် လှောင်ပြောင် လိုက်သည်။ သူ့ ပြိုင်ဘက်ကို ရှုံးနိမ့် လိမ့်မည်ဟု၊ သူ မထင် ထားပေ။ ထို့ကြောင့် ဓားတိမ်ယံ အမြုတေ သုံးခုကို ပေးဆောင်ရန်၊ ငြင်းဆန် ခဲ့ခြင်း၊ ဖြစ်သည်။

" ဟုတ် လား။ "

မီးခိုးရောင်ဝတ် လူငယ်က တဟားဟား ရယ်မောလိုက်ပြီး၊

“ဝိညာဉ် အဆင့် နည်းစနစ် တွေကို၊ ကြောက်ရ ကောင်းမှန်း မင်းမသိ ပါလား၊ တစ်ချိန်လုံး ငါ့ ခွန်အားရဲ့ ထက်ဝက်ကျော် လောက်ကိုပဲ၊ ငါသုံး ခဲ့တယ် ဆိုရင်၊ မင်းဘာ ဆက်လုပ် မလဲ၊ ငါ သိချင်တယ်။ ''

စကားဆုံး သည်နှင့်၊ မီးခိုးရောင်ဝတ် လူငယ်၏ အရှိန် အဝါမှာ၊ ရုတ်တရက် မြင့်တက် လာသည်။ နက်နဲ နယ်မြေ ပဉ္စမ အဆင့်တွင် ရှိနေ သော်လည်း၊ သူပြသ လာသော ရောင်ဝါ အရ၊ အဆုံးမဲ့ တောင်တန်း တစ်ခု ကဲ့သို့၊ ခံစား လာရ စေသည်။

" ငါ့ ဓားကို ယူ။ "

ဂူယွမ်ဖေး၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ ပြိုင်ဘက်၏ လွှမ်းမိုး လိုသော အငွေ့ အသက် များကြောင့်၊ သူ၏ အသက်ရှု သံများတွင်၊ စိုးရွံ့ မှုများ ကပ်ညိ လာသည်။

'' ဘန်း .......''

မီးခိုးရောင်ဝတ် လူငယ်၏ ဓားနှင့်၊ ဂူယွမ်ဖေး၏ ဓားတို့၊ ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ နှစ်ယောက်သား နောက်ပြန် ဆုတ်လိုက်ပြီး၊ တစ်ယောက်ကို တစ်ယောက် ပြန်လှန် အကဲခတ် လိုက်သည်။

ပြိုင်ဘက်၏ မူလ စွမ်းအင်မှာ သူ့ထက် ပိုအား ကောင်းလှ သည်ကြောင့်၊ ဓားကိုင် ထားသော ဂူယွမ်ဖေး၏ လက်တွင်၊ သွေးကြောများ ပေါက်ထွက် သွားကုန်၏။

“ ကောင်းပြီ .... ငါ ပေးပါ့မယ်၊ ငါ့မှာ ဓားတိမ်ယံ အမြုတေ သုံးခု ရှိတယ်။ "

ဂူယွမ်ဖေးက တိုက်ပွဲကို သုံးသပ် ပြီးနောက်၊ ဆုံးဖြတ် ချက်ကို ချက်ချင်း ပြန်ပြင် လိုက်၏။

" အဟက် ... သိပ် နောက်ကျ သွားပြီ။ ''

မီးခိုးရောင်ဝတ် လူငယ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သည်နှင့်၊ သူ၏ ဓားမှာ လျှပ်စီးကြောင်း ကဲ့သို့၊ လျင်မြန်သော အဟုန်ဖြင့်၊ ဂူယွမ်ဖေးထံ အုပ်မိုး ဝင်ရောက် သွား လေသည်။

ပြင်းထန်သော ပေါက်ကွဲ စွမ်းအင် များကြောင့်၊ ဂူယွမ်ဖေး၏ လက်ထဲရှိ ဓားကို၊ အတင်း အကြပ် စေလွှတ် ခံလိုက် ရ၏။

ဓားလွတ်ကျ သွား ပြီးနောက်၊ ခြေလှမ်း ပေါင်းစွာ ဆုတ်ခွာ ပေးလိုက် ရပြီး၊ ဂူယွမ်ဖေးမှာ သွေး တစ်လုတ် အန်ထုတ် ပစ်လိုက် ရသည်။

မီးခိုးရောင်ဝတ် လူငယ်က ရှေ့လှမ်း ထွက်လာပြီး၊ ဓားကို လေးကြိမ် လွှဲယမ်း လိုက်၏၊

ဓားချက် တစ်ချက် စီတိုင်းတွင်၊ သွေးများ တဖြောက်ဖြောက် စီးကျ လာစေ ပြီးနောက်၊ ဂူယွမ်ဖေးအား ဒူးပေါ်သို့ လဲကျ သွားစေ တော့သည်။

ချန်လင်း၊ နီတန် တို့နှင့် ယှဉ်ပါက၊ သူ့ အခြေ အနေမှာ၊ များစွာ ဆိုးရွား လှပေသည်။

“ မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ် ခဲ့တာပဲ၊ သေမျိုး အဆင့် (၁၈)က၊ မင်းလို လူတစ်ယောက်က၊ ဒီလို စကား တွေနဲ့၊ ဝေဖန် ဝံ့တယ်လား ... ဟမ့်၊ ရှက်စရာပဲ။ ''

မီးခိုးရောင်ဝတ် လူငယ်က အော်ဟစ် လိုက်သည်။ သူက ဂူယွမ်ဖေး၏ သိုလှောင်အိတ်ကို လှမ်းယူ လိုက်ပြီး၊ ပါးနှစ်ဖက်ကို ဘယ်ပြန်၊ ညာပြန် ဖြတ်ရိုက် လိုက်၏။

" နာခံစွာ ဒူးထောက် နေပါ၊ မဟုတ်ရင် ငါ့ကို အပြစ် မတင်နဲ့။ "

ပါးရိုက် အရှက်ခွဲ ခံရသော နာကျင် မှုကြောင့်၊ ဂူယွမ်ဖေးမှာ မျက်ရည်များ စီးကျလာ သော်လည်း၊ ထိုလူငယ်၏ စကား များကို၊ ပြန်လည် မချေပ ဝံ့တော့ပေ။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားပြီး၊ မီးခိုးရောင်ဝတ် လူငယ် လေးက၊ ဂူယွမ်ဖေးအား အလွယ် တကူ အနိုင်ယူ သွားသော ဖြစ်ရပ်ကို၊ လက်မခံ လိုဟန်ဖြင့်၊ လူအုပ် ကြီးမှာ၊ တွေဝေ သွားကုန်၏။

ယခု အချိန်၌ ဓားတိမ်ယံ အမြုတေ များကို၊ လွှဲပြောင်း ပေးရန်မှ လွဲ၍၊ အခြား ရွေးချယ် စရာများ၊ မရှိ တော့ပုံ ရလေသည်။

မီးခိုးရောင်ဝတ် လူငယ်က၊ သူ့ မျက်နှာ ပေါ်တွင်၊ ရက်စက် ကြမ်းကြုတ်သော အမူအရာများကို ထုတ်ဖော် ထား၏။

သူက လူစု လူဝေးထံ တစ်ချက် ဝေ့ကြည့် လိုက်ပြီး၊

“အမှိုက်တွေ ဘယ်လောက် များလိုက်လဲ၊ မင်းတို့ ကောင်တွေ ဒီလောက် လွယ်လွယ်နဲ့၊ အတွင်း တပည့် တစ်ယောက် ဖြစ်လာ နိုင်လိမ့် မယ်လို့၊ တကယ် ထင်နေလား .... ဟမ်၊ ဓားတိမ်ယံ အမြုတေ သုံးခုကို လွှဲပြောင်း ပေးအပ်ပါ၊ မဟုတ်ရင် ... ငါ့ မြင်ကွင်း ထဲက ထွက် သွား ကြ။ ”

ပြင်ပ တပည့်များ အားလုံးမှာ၊ ဒေါသများ ပြည့်လျှံ နေသော်လည်း၊ မည်သူမျှ ပြန် မပြောဝံ့ ကြပေ။

ဂူယွမ်ဖေးနှင့် အတူ၊ ကျောက်ရုပ်တု ဘေးတွင်၊ ဒူးထောက် နေသော တပည့် အနည်းငယ် သည်လည်း၊ လက်သီး ဆုပ်လျက်၊ အံကြိတ်လိုက် ကြ၏။

လင်းယွန်က ထိုမြင်ကွင်းကို ကြည့်ကာ၊

'' ဒီလူတွေ အရမ်းများ သွားပြီ၊ ဓားတိမ်ယံ အမြုတေကို တောင်းဆို ရုံသာ မကဖူး၊ ရန်ငြိုး မရှိပဲ၊ လူပုံ အလည် အရှက် ခွဲနေ ကြတယ်။ ''

“ သူတို့ ...၊ ဒီမှာ ရှိနေရ တာကိုက၊ မြေကြီး အဆင့် တပည့်တွေ အနေနဲ့၊ အရှက် ရစရာပဲမဟုတ်လား၊ ဒါကြောင့် သူတို့ရဲ့ မကြေနပ်ချက် တွေကို၊ ငါတို့ အပေါ် ဖွင့်ထုတ် ခဲ့တာပဲ။ ”

- ဟု လီဝူယုက လင်းယွန်၏ စကား အပေါ်၊ သူ့ အမြင်ဖြင့်၊ သုံးသပ် ပြလာသည်။

" ဒီလူတွေ ဆီမှာ ဓားတိမ်ယံ အမြုတေ ဘယ်လောက် ရှိမယ်လို့ မင်းထင်လဲ။ "

လင်းယွန်က ရုတ်တရက် လှည့်မေး လိုက်သည်။ သူ့ မေးခွန်းကြောင့် အနီး နားတွင်၊ ရပ်နေသော လင်းကျူရှန်နှင့် အခြား သူများက၊ အံ့အားသင့် သွားခဲ့၏။ လီဝူယုက ပြန်မဖြေ ခဲ့ဘဲ၊ အပြုံး ဖြင့်သာ မေးဆက်ပြ လိုက်သည်။

လင်းကျူရှန်တို့ အဖွဲ့က၊ မှင်တက် နေစဉ် မှာပင်၊ လင်းယွန်သည် မီးခိုးရောင်ဝတ် လူငယ် ဆီသို့၊ လျှောက်လှမ်း သွားနေ ပြီကို၊ တွေ့လိုက် ရ၏။

မျက်တောင် များကို ပုတ်ခတ် လိုက်ပြီး၊ စိုးရိမ် ပူပန် မှုများ၊ ပြည့်နှက် လာသော လင်းယန်က၊

" အစ်မကြီး၊ အစ်ကို ဇောင်က အဆင်ပြေ ပါ့မလား၊ သူတို့က အတွင်း တပည့် တွေ။”

“ အဲဒါကို စိတ်မပူ ပါနဲ့၊ ငါ့ရဲ့ အစ်ကိုကြီးကလှုပ်ရှားပြီ ဆိုကတည်း က၊ သဘာဝ အတိုင်း သူ့ကို ယုံကြည် ထားပါ၊ မဟုတ်ရင် သူပုန်းနေ လိမ့်မယ်။ ''

လီဝူယုက ပြုံးရယ် လိုက်ကာ၊ လင်းယန် စကားကို ပြန်ဖြေ လိုက်လေသည်။

" နင် နင်က ...။ "

လင်းယန်က လီဝူယု စကားကို သဘော မကျ ဟန်ဖြင့်၊ လှည့်ကြည့် လိုက်သည်။

" အဟား ... ၊ စိတ်မဆိုး ပါနဲ့၊ ငါအမှန် အတိုင်း ပြောနေ တာပါ၊ ငါက ရတနာ တောင်ကုန်း မဟာမိတ် အဖွဲ့က လီဝူယုပဲ။ "

" နင့်ကို ငါသိတယ်၊ ကြယ်ကိုးပွင့် ပြိုင်ပွဲမှာ ဝမ်နင်ကို သတ်ဖို့၊ လင်းယွန်ကို ကူညီခဲ့တဲ့ သူ မဟုတ်လား။ ''

လင်းယန်၏ မျက်လုံးများ တောက်ပ လာကာ၊ ဝမ်းသာ အားရ ရေရွတ် လိုက်၏။ တစ်ချိန်တည်း မှာပင်၊ လင်းကျူရှန် သည်လည်း အံ့သြစွာ ပြန်လှည့် ကြည့်လာပြီး၊

'' မင်းက လီဝူယုလား....။ ''

ဟု ဆိုလိုက် လေသည်။

'' ဘယ်မှာလဲ ဓားတိမ်ယံ အမြုတေ ''

မီးခိုးရောင်ဝတ် လူငယ်လေးက လင်းယွန် လျှောက်လှမ်း လာသည်ကို တွေ့သည်နှင့်၊ လှမ်းမေး လိုက်၏။

" ငါ့မှာ မရှိဘူး။ "

လင်းယွန်က ပွင့်ပွင့် လင်းလင်းပင်၊ ပြန်ဖြေ လိုက်သည်။ အခြား သူများ ကဲ့သို့၊ ဓားတိမ်ယံ အမြုတေ တစ်ခုတည်း ကိုသာ၊ သန့်စင်သော သူမျိုး မဟုတ် ခဲ့ပေ။ ဓားဧကရာဇ် ဆေးပင်နှင့်၊ သားရဲ အမြုတေ ငါးခုလုံးကို၊ သန့်စင် ခဲ့ခြင်း ဖြစ်သည်။

" မရှိ ဘူးလား ...၊ တစ်ယောက် ယောက်ကို မသတ် မချင်း ..၊ ငါ့ကို အလွယ် တကူ သိမ်းသွင်း နိုင်မဲ့ သူလို့၊ မင်းတို့ တွေက ထင်နေကြ ပုံပဲ။ ”

မီးခိုးရောင်ဝတ် လူငယ် လေး၏၊ မျက်လုံး များတွင်၊ အေးစက်သော အရိပ် အယောင်များ ရှိနေ ခဲ့ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒများ ကိုပင်၊ ထုတ်ဖော် ပြသ လာသည်။ ထို့နောက်တွင် မြင်ကွင်းမှ ရိပ်ခနဲ ပျောက်ကွယ် သွားတော့၏။

ပတ်ဝန်းကျင် လေထု သည်လည်း၊ ငြိမ်သက်စပြုလာ သဖြင့်၊ လူတိုင်း တုန်လှုပ်သွား ကုန်၏။

"အစ်ကို ဇောင် သတိထားပါ။ "

မြေပြင်ပေါ်တွင် ဒူးထောက် နေသော ဂူဘီရွှမ် နှင့် ချန်လင်းက အော်ဟစ် သတိပေး လိုက်၏။ မီးခိုးရောင် ဝတ် လူငယ်မှာ မည်မျှအစွမ်းထက် သည်ကို၊ သူတို့ နှစ်ယောက်လုံး သိထား နှင့်ပြီ ဖြစ်သည်။

ဂူယွမ်ဖေးနှင့် ကျန်သော ဒူးထောက် နေသူ များကပင်၊ ခေါင်းညိတ် လိုက် ကြ၏။ ဇောင်ယွန်းရှန်မှာ သန်မာ လှသော်လည်း၊ အတွင်း တပည့် များနှင့် နှိုင်ယှဉ် ရပါလျှင်၊ အားနည်း နေပေ သေးသည်။

အေးစက်သော အလင်းတန်း တစ်စ လင်းလက် လာပြီး၊ မီးခိုးရောင်ဝတ် လူငယ်က သူ့ဓားကို လွှဲယမ်း လိုက်၏။

ဓားထံမှ ဖြစ်ပေါ် လာသော လျှပ်စီးကြောင်း များက၊ လင်းယွန်၏ လည်ပင်း ဆီသို့၊ ချိန်ရွယ် ပြေးဝင် သွားလေသည်။

အဆိုပါ မြင်ကွင်းကို ရပ်ကြည့် နေမိသော လင်းကျူရှန်နှင့် အခြားသော သူများမှာ၊ လင်းယွန် အစား အာခေါင်များ ခြောက်သွေ့ လာတော့၏။

တစ်ဖက် တွင်မူ၊ ရုပ်တု ခြေရမ်း၌ လမ်းပိတ် ရပ်နေသော အတွင်း တပည့် လေးဦးက၊ အပြုံး မပျက် ငြိမ်သက်စွာ လှမ်းကြည့်နေ ကြသည်။ သူတို့၏ ဂျူနီယာ ညီလေး တန်က၊ နောက်ဆုံးတွင် အလေး အနက် ထားလာ ခဲ့လေပြီ။

သို့သော် လည်ပင်း ဆီသို့ လျင်မြန်စွာ တိုးဝင်လာသော လျှပ်စီး ကြောင်းကို၊ လင်းယွန်က 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ အလွယ် တကူ ရှောင်ရှား သွားခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ လှောင်ပြောင်သော အမူ အရာဖြင့်၊

" လိပ်တစ်ကောင်ကို ဆရာ တင်ပြီး ...၊ မင်းရဲ့ ဓား နည်းစနစ်ကို သင်ယူ ခဲ့တာလား။ "

" မင်းက သေချင် နေတာပဲ.... ။ "

မီးခိုးရောင်ဝတ် လူငယ်က၊ လင်းယွန်၏ လှောင်ပြောင် လာမှုကြောင့်၊ ပိုမို ဒေါသ ထွက်လာပြီး၊ သူ့ဓားကို လင်းယွန်ထံ ဦးတည်ကာ၊ နောက်တစ်ကြိမ်၊ ထပ်မံ လွှဲခုတ် လိုက်၏။

ဤတစ်ကြိမ်တွင် ဓား၏ အဟုန်မှာ၊ လေထုကို ဖြိုခွဲ လိုက်သော ပေါက်ကွဲသံ နှင့်အတူ၊ ကြီးမားသော စွမ်းအင် လှိုင်းများ၊ ဖြစ်ပေါ် လာစေသည်။

“ နှေး လွန်း တယ်၊ အတွင်း တပည့်ရဲ့ ခွန်အားက ဒါပဲလား.... ''

သို့သော် လင်းယွန် ကမူ၊ အထင် အမြင် သေးစွာဖြင့်၊ လှောင်ပြောင် ရေရွတ် လိုက်ပြီး၊ နောက်တစ်ကြိမ် ရှောင်တိမ်း လျက်မှ၊

“ ဓားကို မလွှဲခင် စဉ်းစားပါ၊ ဒီတစ်ကြိမ် မခုတ်မိ ရင်တော့ ...၊ မင်းရဲ့ ဘဝမှာ ဓားကို ထပ်လွှဲဖို့ ...၊ နောက်တစ်ကြိမ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ”

လင်းယွန်၏ မထီ မဲ့မြင် နိုင်သော လေသံက၊ ဓားကို တတိယ အကြိမ် လွှဲခုတ်လာ တော့မည့်၊ မီးခိုးရောင်ဝတ် လူငယ် လေး၏ လှုပ်ရှားမှုကို တုန့်ခနဲ ရပ်ဆိုင်း သွား စေခဲ့သည်။

***

All Chapters