← Chapters

အလေး အနက် ထားရမယ့် အချိန် ရောက်ပြီ။

Vol. 22 Ch. 300

အလေး အနက် ထားရမယ့် အချိန် ရောက်ပြီ။

Vol. 22 Ch. 300

'' မင်း ဓားကို မလွှဲခင် စဉ်းစားပါ၊ ဒီတစ်ကြိမ် ငါ့ကို မသတ် နိုင်ရင်၊ နောက်တစ်ကြိမ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ”

လင်းယွန်၏ မထီ မဲ့မြင် နိုင်သော လေသံက၊ ဓားကို တတိယ အကြိမ် လွှဲခုတ် တော့မည့်၊ မီးခိုး ရောင်ဝတ် လူငယ် လေး၏ လှုပ်ရှားမှုကို တုန့်ခနဲ ရပ်ဆိုင်း သွား စေခဲ့သည်။

မီးခိုးရောင်ဝတ် လူငယ် လေးက နတ်ဆိုး မျက်နှာ ဖုံးကို၊ တပ်ဆင် ထားသော လင်းယွန်ကို ကြည့်နေ လျက်မှ၊ နတ်ဆိုး တစ်ကောင် ကဲ့သို့၊ ထင်မြင်လာ မိသည်။

သူ၏ ညာလက်ရှိ ဓားထံသို့၊ မူလ စွမ်းအင်များ စတင် သွန်းလောင်း လိုက်သည်။ တစ်ချိန်တည်း မှာပင် လင်းယွန်၏ စကားများကို ပြန်ကြားယောင် လိုက်မိပြီး၊ စိတ်ထဲတွင် တုန်လှုပ် သွားမိ ပြန်၏။

" သူက ဘယ်သူလဲ။ "

ကျောက်ရုပ်တု ခြေရင်းရှိ လမ်းပိတ် ထားသော၊ လူငယ် လေးယောက်က မျက်နှာများပြောင်းသွားကာ၊ စူးစမ်းလာ ကြသည်။

မူလင်း အမည် ရှိသော အတွင်း တပည့်က၊

“ ဒါဟာ ဟန်ဆောင်မှု တစ်ခုသာ ပါပဲ၊ သူက အနည်းငယ် သန်မာ တာထက် မပိုပါဘူး။ ”

ပြင်ပ တပည့် တစ်ဦးက အမှန်တကယ် ခြိမ်းခြောက် လာ သောကြောင့်၊ စိတ်အလို မကျ မိပေ။ သေမျိုး အဆင့်၌ (၁၈)ရှိသော၊ ဂူယွမ်ဖေး ပင်လျှင်၊ ထိုသို့ လုပ်ဆောင်ရန် သတ္တိ မရှိနိုင်။

အနောက် နားဆီမှ ရပ်ကြည့် နေမိသော လင်းကျူရှန်နှင့်၊ သူမ၏ အဖွဲ့က လင်းယွန်၏ ကြွားလုံး များကြောင့်၊ ထိတ်လန့် သွား၏။

" ငါတို့ ဘာလုပ် သင့်လဲ၊ အစ်ကိုကြီး ဇောင် အန္တရာယ် မရှိဖူး၊ မဟုတ်လား "

လင်းယန်က စိုးရိမ် သောကများ၊ ထင်ဟပ် လာသော မျက်လုံး များဖြင့်၊ တောက်လျှောက် ရေရွတ် နေခဲ့သည်။

" ဇောင်ယွန်းရှန်က နည်းနည်းတော့ မောက်မာ လွန်းတယ်။ "

" ဟုတ် တယ်၊ သူရဲ့ ပြိုင်ဘက်က အတွင်း တပည့် တွေပဲ၊ သားရဲ အမြုတေ တွေကို လွှဲပြောင်းပေး ဖို့က လွဲလို့၊ ရွေးချယ် စရာ မရှိ ပါဘူး။”

" ဒီကောင် တွေက နည်းစနစ်ပိုင်း အရ၊ ငါတို့ထက် အားသာတယ်။ ''

“ ဂိုဏ်းက အတွင်း တပည့် ခွဲတမ်းကို လွယ်လွယ်နဲ့ ပေးမှာ မဟုတ် ဖူးလို့၊ ငါ ခန့်မှန်း ထားပြီး သားပါ။ ”

ပြင်ပ တပည့်များ အချင်းချင်း စတင် ဆွေးနွေး လာကြသည်။ ဇောင်ယွန်းရှန်၏ ခွန်အားကို မယုံကြည် သောကြောင့် မဟုတ်ဘဲ၊ အတွင်း တပည့် များမှာ၊ အမှန် တကယ် အစွမ်းထက် လွန်းသောကြောင့်၊ ဖြစ်သည်။

၎င်းတို့၏ ကျင့်ကြံမှု နည်းစနစ် များနှင့်၊ တိုက်ခိုက်ရေး နည်းစနစ် များပေါ်၊ အခြေခံကာ၊ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက် မှုများကို၊ လက်တွေ့ ကျကျ ထုတ်ဖော် နိုင်သည်။

ဂူယွမ်ဖေးမှာ ရှုံးနိမ့်ခဲ့ သော်လည်း၊ ဇောင်ယွန်းရှန်က ထိုသို့သော အတွင်း တပည့် များကို၊ ပြန်လည် ခြိမ်းခြောက် ဖို့ရန်၊ ကြိုးစား နေခဲ့သည်။

မီးခိုးရောင်ဝတ် လူငယ်က အချိန် အတော် ကြာသည့်တိုင်၊ သူ၏ နောက်ထပ် တိုက်ခိုက်မှု များကို မလုပ်ဆောင် ခဲ့ပေ။

ယင်းအခြေ အနေ များကြောင့်၊ လူအုပ်ကြီးမှာ အနည်းငယ် သံသယ ဝင်လာ၏။

" ညီငယ်တန် မင်းဘာလုပ် နေတာလဲ။ "

“ တိုက် စမ်း .... ။ ”

" အဲ့ဒီ ကောင်ကို ကြောက်နေ တာလား။ "

ရုပ်တု အနားတွင် ရပ်နေသော လူငယ် လေးဦး၏ မျက်နှာများမှာ၊ မမြင်နိုင် လောက်အောင် မည်းမှောင် သွားလျက်မှ၊ အော်ဟစ် လိုက်ကြသည်။

တစ်ဖက်တွင်၊ မီးခိုးရောင်ဝတ် လူငယ်မှာ၊ ထို လေးယောက်ကို ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ နေ ခဲ့သည်။ လက်ရှိ ကြုံတွေ့ နေရသော ဖိအားသည်၊ အပြင် လူများ စိတ်ကူး ယဉ်နိုင်သော၊ အရာ မဟုတ်ပေ။

ပြန်စဉ်းစား လိုက် သည်နှင့်၊ လင်းယွန်က သူ၏ တိုက်ခိုက်မှု များအပေါ်၊ လွယ်လွယ် ကူကူ ရှောင်တိမ်း နိုင်ခဲ့ သည်ကို သတိထား မိလာကာ၊ ကြောက်လန့်စ ပြုလာ၏။

၎င်းသည် တတိယ ဓားချက်ကို လွှဲယမ်း ဖို့ရန်၊ အယုံ အကြည် မရှိတော့ ခြင်း၏၊ အကြောင်း အရင်း တစ်ရပ်လည်း ဖြစ်ပေသည်။

ဤသည်မှာလည်း သည်ကပ်ဆိုး အတွက် အဖြေ မဟုတ် ခဲ့ပေ။ အဆုံးတွင် အံကို ကြိတ်ကာ တိုက်ခိုက်ရန် အတွက်၊ ဓားကို ပင့်မြှောက် လိုက်၏။

သို့သော် သူ တိုက်ခိုက်ခြင်း မပြု မီတွင်၊ လင်းယွန်က ဦးစွာ လှုပ်ရှား လာတော့သည်။

လင်းယွန်က အတွင်း တပည့် များ၏ မောက်မာသော လုပ်ရပ် များကြောင့်၊ စိတ်ဆိုးနေပြီ ဖြစ်၏။ ဂူယွမ်ဖေးကို အနိုင်ယူ ရုံတင် မကဘဲ၊ အမှိုက် လို့ပင် လှောင်ပြောင် ခဲ့သည်။

" ငါ မင်းကို အခွင့်အရေး ပေးတုန်းက၊ မတိုက်ခိုက် ခဲ့ဖူး ဆိုတော့ ...၊ အခု ငါ့ဆီက လက်သီးကို ခံယူလိုက်။ "

ဒရာကိုဖီ ခန္ဓာကိုယ် နှင့်အတူ၊ ဓားသုတ္တန်၏ အဋ္ဌမ အဆင့် စွမ်းအား များကို ထုတ်ဖော် လိုက်သည်။

ခရမ်းသလင်းရောင် ပန်းမှာ ပွင့်အာ လာ၏။ ထို့နောက်တွင် မူလ စွမ်းအင်၊ ရိုင်းစိုင်းသော စွမ်းအင်နှင့် ဓား ရည်ရွယ်ချက် တို့ကို ပေါင်းစပ် လိုက်ပြီးနောက်၊ လျှပ်စီး တစ်စ ကဲ့သို့၊ လင်းယွန်က တိုးဝင် သွား၏။

( ရိုင်းစိုင်းသော စွမ်းအင် ဆိုသည်မှာ၊ 'ဒရာကိုဖီ ခန္ဓာကိုယ်' ကို၊ အသက်သွင်း ပြီးနောက်၊ သီးခြား ဖြစ်တည် လာသော စွမ်းအင်အား ရည်ညွှန်း ပေသည်။

ထို့ကြောင့် 'ဒရာကိုဖီ ခန္ဓာကိုယ်' ကို၊ 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' ဟုလည်း၊ ခေါ်ဆိုကြ ပေ၏။ )

လင်းယွန်က လက်သီးဖြင့် ထိုးထုတ် လိုက်သော အခါတွင်၊ လူတိုင်း၏ နားစည်အား နာကျင် သွားစေသော၊ အသံ လှိုင်းများ ဖြစ်ပေါ် လာလေသည်။

“ဒါ …”

လင်းကျူရှန်နှင့် အခြားသော သူများက၊ လင်းယွန်၏ ခွန်အားကြောင့်၊ ထိတ်လန့် သွား၏။

နက်နဲ နယ်ပယ်၏ ပဉ္စမ အဆင့်ကို၊ ရောက်ရှိ လာ ပြီးနောက်၊ လင်းယွင်၏ ခွန်အားမှာ၊ မမြင် နိုင်သော အမြင့်သို့၊ ရောက်ရှိ သွားကာ၊ ပြီးပြည့်စုံသော အသွင် ကူးပြောင်းမှု ဖြစ်လာ ခဲ့ပေသည်။

မီးခိုးရောင်ဝတ် လူငယ်လေး မှာမူ လန့်သွား၏။ ဤလက်သီးကို ဟန့်တား နိုင်ခြင်း မရှိကြောင်း၊ သူ သိသည်။ ဆယ်ကြိမ် တိုင်တိုင် တွေ့ကြုံရ လျှင်ပင်၊ ဆယ်ကြိမ် တိတိ အသတ်ခံ ရပေမည်။

လွတ်မြောက်လို လွတ်မြောက်ငြား၊ ဆုတ်ခွာ လိုက် သော်လည်း၊ လင်းယွန်၏ လက်သီးမှာ၊ သူ့ ရင်ဘတ်အား ထိမှန် သွားပြီး၊ အမြောက် ကျည်ဆံ ကဲ့သို့၊ လွင့်ထွက် သွားစေသည်။

ထို့နောက် လွင့်စင်လျက် အနေ အထားဖြင့်၊ သွေးများ အန်လာကာ၊ လဲကျ သတိလစ် သွားတော့၏။

'' ဂျူနီယာ ညီလေးတန်။ "

အတွင်းတပည့် လေးယောက်က ထိတ်လန့် အံသြ သွားသည်။ လင်းယွန်သည် ဤမျှ အစွမ်းထက် လိမ့်မည်ဟု သူတို့ မမျှော်လင့် ထားခဲ့ ကြပေ။

သည်တစ်ကြိမ်တွင် မူလင်း၏ မျက်နှာ ပေါ်ရှိ အထင်အမြင် သေးမှု များ ပျောက်ကွယ် သွားခဲ့သည်။ သူက လင်းယွန်ကို အချိန် အတော်ကြာ စိုက်ကြည့် ပြီးနောက်၊

" မင်းနဲ့ မင်းရဲ့ သူငယ်ချင်း တွေက ဓားတိမ်ယံ အမြုတေ ပေးစရာ မလိုတော့ ပါဘူး၊ ဒီကနေ ဖြတ်သွား နိုင်ပါတယ်။ "

ဟု ဆိုလိုက် လေသည်။

မူလင်းက အမှန် တကယ် လိုက်လျော ပေးလာသည့် အတွက်၊ လင်းကျူရှန်နှင့် သူမ၏ အဖွဲ့ဝင် များမှာ စိတ်လှုပ်ရှား လာသည်။

သို့သော် လင်းယွန်က ဟာသ တစ်ပုဒ် ကြားလိုက် သကဲ့သို့ ရယ်မော လိုက်ပြီး၊

“ စိတ်ဝင် စားစရာပဲ၊ ဒီနေရာမှာ ကစားဖို့ အတွက် ငါက မတ်တပ် ရပ်နေ တယ်လို့ မင်း ထင်လား၊ မင်းကြည့်ရတာ ဓားသင်္ချိုင်း ဂူဟာ မင်းပိုင်တဲ့ ခြံဝင်း တစ်ခုလို့၊ တကယ် ထင်နေ ပုံရတယ်။ "

လင်းယွန်၏ စကားများက မူလင်းအား ပါးရိုက် လိုက် သလိုပင်။ သူမှ လိုက်လျော ပေးခဲ့ သော်လည်း၊ လင်းယွန်က ကြေနပ် ရမည့် အစား၊ လှောင်ပြောင်မှု များဖြင့်၊ တုံ့ပြန် ခဲ့သည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်ရှိ လေထုမှာ ပို၍ တင်းကြပ် လာ တော့၏။

လင်းယန် သာလျှင် မျက်နှာ တစ်ပြင်လုံး နီမြန်း သွားပြီး၊ မျက်ဝန်းများ ကျဉ်းမြောင်း သွား၏။

၎င်းသည် လင်းယွန်နှင့် ပတ်သတ်သော၊ သူမ သဘော ကျသည့် အသွင် အပြင် များပေပင်။

ဆုံးဖြတ် ပြီးသည် ဆိုပါက၊ မည်သို့သော သတ်မှတ်ချက် များကို မဆို၊ ချိုးဖြတ်ရန် တွန့်ဆုတ် နေမည် မဟုတ်ချေ။

" မင်း ... ဘာပြော လိုက်တာလဲ။ "

မူလင်း၏ ကျိုးကြောင်း ဆီလျော် နိုင်မှုများ ဆုံးရှုံးသွား ခဲ့၏။ သူ့ကို ငကြောက် တစ်ယောက် အဖြစ်၊ လင်းယွန်က ယူဆ သွားပုံ ရသည်။

လင်းယွန်နှင့် တိုက်ခိုက် ခြင်းဖြင့်၊ အခြား သူများအား အခွင့်အရေး ပေးမိ မည်ကို၊ စိုးရိမ် နေမိ သောကြောင့်သာ ဖြစ်လေသည်။

သို့မဟုတ် ပါက၊ သူ၏ အဖော်ကို ဒဏ်ရာ ရစေသည့် အပေါ် အခြေ ခံကာ၊ လင်းယွန်အား အရေး ယူပြီး ဖြစ်ပေမည်။

ကြင်နာမှုကို ပြသသော အပြုအမူ မျိုးမှာ၊ မူလင်း အတွက်၊ ရှားပါး လှသော်လည်း၊ ဤသို့ လှောင်ပြောင် တုံ့ပြန် မှုကို ခံရ လိမ့်မည် ဟု ထင်မထား မိချေ။

လင်းယွန်က သူ့ လက်ကို ဝှေ့ယမ်း ပြပြီး၊ အေးစက်စွာ ထပ်မံ ပြောဆို လိုက်ပြန်၏။

“ စကား တွေကို ရပ်လိုက် ရအောင်၊ မင်းမှာ ရှိတဲ့ ဓားတိမ်ယံ အမြုတေ အားလုံးကို ထုတ်ပေးပါ၊ မဟုတ်ရင် အကျိုးဆက်တွေ အတွက် ငါတာဝန် ယူမှာ မဟုတ်ဘူး။ ”

အကယ်၍ ဤလူ များသာ၊ ဓားတိမ်ယံအမြုတေများကို တောင်းဆိုခြင်း မရှိခဲ့ ပါက၊ လင်းယွန်ကို ပြင်ပ တပည့် များက အသုံးပြုရန် ဆန္ဒ ရှိမည် မဟုတ်ပေ။

နောက်ဆုံးတွင်၊ သူ့ကို မည်သူမှ တားနိုင် စွမ်းမရှိဘဲ၊ အလို ရှိသည့် အတိုင်း၊ ဓားသင်္ချိုင်း ဂူထဲသို့ ဝင်ထွက် သွားလာ နိုင်သည်။

" ဟား ဟား ဟား မောက်မာတဲ့ သူတွေ အများကြီး ငါတွေ့ဖူးတယ်၊ မင်းလောက် မောက်မာတဲ့ လူကိုတော့ တစ်ခါမှ မတွေ့ ဖူးဘူး၊ သူ့ကို သတ် ...... ။ "

မူလင်းက သူ့လက်ကို ဝှေ့ယမ်း ပြလိုက်သည်နှင့်၊ အတွင်းတပည့် သုံးယောက်က ဓားရှည်များကို ဆွဲထုတ်ကာ၊ လင်းယွန်အား ဝိုင်းရံလိုက် တော့သည်။

“ ဒါ က ... …။ ”

ဂူဘီရွှမ်နှင့် ချန်လင်းတို့၏ မျက်နှာများမှာ ရုတ်တရက် ပြောင်းလဲ သွား၏။ အတွင်း တပည့် သုံးယောက်မှ ခင်းကျင်း လာသော ဓားရေး အရ၊ ချက်ချင်း မှတ်မိ လိုက်ကြသည်။

" စီနီယာ အစ်ကို ဇောင် သတိထား ...၊ အဲဒါက

'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်းi ပဲ။ ”

လင်းကျူရှန်က ထိတ်လန့်တကြား အော်ဟစ် သတိပေး လိုက်၏။

သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း။

လင်းယွန်က ခေတ္တမျှ အံ့အားသင့် သွားသည်။ အခြား နေရာ များတွင် ထို ကဲ့သို့သော၊ ပေါင်းစပ် သိုင်းကွက် များကို၊ သူ ကြားဖူး ထားသည်။

၎င်းသည် လူများ စွာ၏ ခွန်အားကို ပေါင်းစပ် ထားသော၊ 'ဝိညာဉ် အဆင့်' ဓားနည်းစနစ် တစ်ခု ဖြစ်သည်။

အတွေးထဲ နစ်မျော နေစဉ်၊ အတွင်း တပည့် သုံးယောက်က၊ ၎င်းတို့၏ ဓားရှည် များကို လွှဲယမ်းကာ၊ လင်းယွန်အား အထင် အမြင် သေးစွာဖြင့်၊ တိုက်ခိုက် လာကြသည်။

ပေါင်းစပ် ဓား နည်းစနစ်ကို အချိန် အနည်းငယ် ရင်ဆိုင် လိုက် ပြီးနောက်၊ လင်းယွန်မှာ အံ့အားသင့် သွား၏၊ ဒဏ်ရာ များမှ သွေးများ စီးကျ လာကာ၊ သူ၏ အဝတ် များတွင် ဓားခုတ်ရာများ မွှစာ ကျဲလာ ခဲ့သည်။

သို့သော်၊ သေကွင်း သေကွက် များထံ ဦးတည် လာသော တိုက်ခိုက်မှု များကိုမူ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ ရှောင်ရှား လိုက် နိုင်၏။

ဒရာကိုဖီ ခန္ဓာကိုယ် ကြောင့်၊ ပြင်းထန်သော ဒဏ်ရာ များက၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာသည်။

" ဟမ် ....."

တိုက်ပွဲကို ရပ်ကြည့် နေသော မူလင်း မျက်နှာမှာ မည်းမှောင် သွား၏။

' သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' သည်၊ အမှန် တကယ်ပင် အစွမ်း ထက်လှပြီး၊ လင်းယွန်မှာ ဖွဲ့စည်းပုံ အတွင်းတွင်၊ ပိတ်မိ သွားခဲ့သည်။

အတွင်း တပည့် သုံးယောက်ကို တစ်ဦးချင်း ရင်ဆိုင် ရလျှင်၊ ဆယ်ကြိမ် အတွင်း အလွယ် တကူ အနိုင်ယူ နိုင်၏။

သို့သော် သူတို့ သုံးယောက်၏ ခွန်အားကို၊ ပေါင်းစပ် သိုင်းကွက်ဖြင့် ပုံဖော် ပြီးနောက်၊ ကွဲပြားသော ရလာဒ် ဖြစ်လာ ခဲ့သည်။

'' အခု ပိုပြီး ... ၊ စိတ်ဝင် စားစရာ ကောင်းလာပြီ။ ''

သို့သော် ခဏ အကြာတွင် ပေါင်းစပ် သိုင်းကွက် အတွင်းရှိ၊ ဟာကွက် အချို့ကို၊ တွေ့မြင် လာသည်ကြောင့်၊ လင်းယွန်က စိတ် လှုပ်ရှားစွာ ရေရွတ် လိုက်မိ၏။

'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' သည်၊ အားကောင်း လှသော်လည်း၊ ဤလူများ လက်၌ အပြစ်အနာ အဆာ များဖြင့်၊ ပြည့်နှက် နေခဲ့သည်။

'သခင့်ဓား'ဖြင့်၊ အဆိုပါ ပိတ်ဆို့မှု များကို၊ ဖြေလျော့ နိုင်မည် ဖြစ်သည်။

သို့သော်၊ နားလည်မှု အချို့ကို ရယူ လိုသောကြောင့်၊ ဖွဲ့စည်း ပုံကို ချိုးဖျက်ရန် အလျင် စလို မဖြစ် ခဲ့ပေ။

လူအုပ်ကြီးမှာ သူ့အတွေး များကို မသိခဲ့ ကြသည်ကြောင့်၊ 'ပေါင်းစပ် သိုင်းကွက်' ထဲတွင်၊ ခက်ခဲသော အချိန်ကို၊ တွေ့ကြုံ နေရ သည်ဟုသာ၊ ယူဆ နေမိ ကြသည်။

ထို့ကြောင့် လင်းယန်က ထိတ်လန့် သွားပြီး၊

'' အစ်မကြီး... 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' ဆိုတာက ဘာလဲ။ "

“ သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း ဆိုတာ၊ ရှေးဟောင်း နည်းစနစ် ဖြစ်တဲ့ ..၊ 'ပျက်စီးခြင်း ကိုးပါး ဓား' ကနေ ဆင်းသက် လာတဲ့၊ ပေါင်းစပ် နည်းစနစ် တစ်ခုပဲ .... ''

'' အခုတော့ 'ပျက်စီးခြင်း ကိုးပါး ဓား' နည်းစနစ်က၊ ပျောက်ဆုံး သွားပါပြီ၊ ဒါပေမယ့် သူက ပေါင်းစပ် နည်းစနစ် များစွာကို၊ မွေးထုတ် ပေးထား ခဲ့တယ်၊ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' က၊ သူတို့ ထဲက တစ်ခုပေါ့ ... ''

'' ဒီနည်းစနစ်က မဟာချင် အင်ပါယာမှာ ဓားနန်းတော် တစ်ခုတည်း ကသာ ပိုင်ဆိုင် ထားတဲ့ ... ၊ အလယ် အလတ် ဝိညာဉ် အဆင့်၊ ဓား နည်းစနစ် တစ်ခုပဲ။ ”

လင်းကျူရှန်က လေးနက်သော အမူအရာဖြင့် ရှင်းပြ လိုက်သည်။ ရှင်းပြ ချက်ကို နားထောင် ပြီးနောက်၊ လီဝူယု၏ အမူ အရာမှာ ဆိုးရွား သွားသည်။

“ ဒီ 'ဝိညာဉ် အဆင့်' ဓားနည်းစနစ်က တကယ့်ကို ထူးထူး ခြားခြား ပါပဲ၊ ဇောင်ယွန်းရှန်တောင် ပိတ်မိ နေပြီ။ "

“ အနှေးနဲ့ အမြန် ဆိုသလို သူ အရှုံးပေးရ လိမ့်မယ်၊ ဒီကောင် တွေက အတွင်း တပည့် တွေဖြစ် တာတောင်၊ ပြင်ပ တပည့် တစ်ယောက်ကို တိုက်ခိုက်ဖို့၊ 'သေမင်း ဓားသုံးလက်' ကို အသုံးပြု တာတော့၊ အရှက်မဲ့ လွန်းတယ်။”

" ...မြေကြီး အဆင့်ရဲ့ နောက်ဆုံး တစ်ရာမှာ ဆိုပေမယ့်၊ သူတို့က အတွင်း တပည့်တွေ ပဲလေ၊ ဇောင်ယွန်းရှန် အတွက် စိတ်မကောင်း စရာပဲ။ "

ပြင်ပ တပည့်များက ဇောင်ယွန်းရှန်၏ လုပ်ရပ် များနှင့်၊ ခွန်အား အပေါ် လေးစားမှု အပြည့်ရှိ ကြသည်။

သို့သော် ဇောင်ယွန်းရှန်မှာ၊ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' တွင်၊ ပိတ်မိ နေသော အခြေ အနေကို မြင်လိုက်ရ သည်နှင့်၊ အတွင်း တပည့် များကို ကျိန်ဆဲ လိုက်ကြသည်။

" အဲ့ဒါ ကတော့ နည်းနည်း ဆိုးတယ်။ "

မူလင်းက မည်သူမျှ သတိ မပြု မိနိုင်ခင်၊ တိုက်ပွဲ အနားသို့ ချဉ်းကပ် နေပြီကို သူတို့ သတိ ပြုမိ လိုက်သည်။

တစ်ဖက်တွင်မူ တိတ်တဆိတ် ချောင်းမြောင်း နေသော မူလင်းကို လင်းယွန်က သတိ မထား မိချေ၊ သူက 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' အပေါ်တွင်၊ နားလည်ရန် အပြည့် အဝ အာရုံစိုက် နေမိ ခဲ့သည်။

" သေ ....စမ်း "

မူလင်းက ရုတ်တရက် ရက်စက်သော အပြုံးဖြင့် အော်ဟစ် လိုက်ကာ၊ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' ထဲသို့၊ တိုးဝင် လိုက်ပြီး၊ လင်းယွန်၏ ရင်ဘတ်အား၊ လက်သီးဖြင့် ထိုးချ လိုက်သည်။

ပြင်းထန်သော မူလ စွမ်းအင် များက၊ လက်သီးများ မှတဆင့်၊ လင်းယွန် ခန္ဓာကိုယ် ထဲသို့၊ စိမ့်ဝင် လာ၏။

ဒရာကိုဖီ ခန္ဓာကိုယ် ဖြင့်ပင်၊ လက်ခံ ရယူ နိုင်ခြင်း မရှိဘဲ၊ နှုတ်ခမ်းမှ သွေးများ ယိုစိမ့် လာကာ၊ လွင့်ထွက် သွားသည်။

မြေပြင်ပေါ် မဆင်းသက် နိုင်ခင်၊ မူလင်း၏ လက်သီး များက၊ လင်းယွန်ကို ခုခံ ကာကွယ်ခွင့် မပေး တော့ဘဲ၊ နောက်တစ်ကြိမ် ထပ်မံ တိုးဝင် လာပြန်သည်။

မူလ စွမ်းအင်များ ပြောင်းလဲ သွားကာ၊ မူလင်းက စက္ကန့်ပိုင်း အတွင်း လက်သီး အမြောက် အမြားကို ထုတ်ပစ် လိုက်သည်။

နောက်ဆုံး လက်သီးချက် ထိမှန်သွားပြီးနောက်၊ လင်းယွန်က မီတာ တစ်ရာ အကွာထိတိုင်၊ လွင့်ပျံ သွားတော့သည်။

မူလင်းက မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်ပြီးနောက်၊ လင်းယွန်ကို ကြည့်ကာ ရယ်မော လိုက်၏။

" ဒီမှာ မင်းက နည်းနည်းတော့ အရည် အချင်း ရှိတယ်လို့ ငါထင် ခဲ့တာ၊ မင်းလည်း အမှိုက် တစ်စ ပါပဲ။ "

" မှန် တယ် ။ "

" ဟား ဟား ဟား... ၊ စီနီယာ အစ်ကို ပြောတာ မှန်တယ်၊ ဒီကောင်က သေမင်းကို ဖိတ်ခေါ်ချင် နေတာပဲ။ ”

" ဒီနေ့ သူ့ကို သတ်ရအောင်၊ မဟုတ်ရင် ပြင်ပ တပည့် တွေက ငါတို့ကို အထင် သေးနေ လိမ့်မယ်။ ”

အတွင်း တပည့် သုံးယောက်က ဓားရှည် များကို ရုတ်သိမ်းကာ၊ မျက်နှာများ ပေါ်တွင် အထင်သော အမူအရာ များဖြင့်၊ ကဲ့ရဲ့လှောင်ပြောင် လာကြ၏။

လင်းယွန်က မျက်နှာ ဖုံးကို အနည်းငယ် ပြင်လိုက်ပြီး၊ နှုတ်ခမ်းရှိ သွေးများအား သုတ်ယူ လိုက်သည်။ သူ့ လက်ဖမိုး ပေါ်ရှိ သွေးစ များကို ကြည့်လိုက်ကာ ပြုံးပြပြီး၊

“ နောက်ဆုံးတော့ ငါ ... အလေး အနက် ထားရမယ့် အချိန် ရောက်ပြီ၊ မင်းတို့က မြေကြီး အဆင့် တပည့်တွေ ဆိုတော့၊ နည်းစနစ် တွေ မသုံးဘဲ၊ အနိုင် ယူဖို့ နည်းလမ်း မရှိပါဘူး။”

အစောပိုင်း တိုက်ပွဲတွင် လင်းယွန်က၊ မည်သည့် သိုင်း နည်းစနစ် ကိုမျှ၊ သူ မသုံးခဲ့ကြောင်း၊ ထုတ်ဖော် ပြောဆို လာ ခြင်းကြောင့်၊ အတွင်း တပည့် လေးယောက်မှာ တုန်လှုပ် သွား၏။

စကားဆုံး သည်နှင့် မျက်နှာ ဖုံးကို ပြန်တည့်ကာ၊ ရိပ်ခနဲ ပြေးတက်လာ လေသည်။ ကျား၊နဂါး အရှိန် အဝါကို ထုတ်လွှတ် လိုက်ပြီး၊ ပြေးတက် လာသော လင်းယွန်၏ ပုံရိပ်တွင်၊ လွှမ်းမိုးနိုင် စွမ်းသော အရှိန် အဝါများ ပွင့်ထွက် လာတော့၏။

ခြေလှမ်း တစ်လှမ်း ချင်းတွင် သူ့နောက် ကျော၌ ကျားနှင့် နဂါး၏ ပုံရိပ်ကြီးများဟုန်းခနဲ ဟုန်းခနဲ ထင်ဟပ် လာလေသည်။

ရုတ်တရက် သတိထား ကြည့်ပါက၊ နတ်ဆိုး သားရဲကြီး နှစ်ကောင် ရန်လိုစွာ ပြေးဝင်လာ သကဲ့သို့ ထင်မှတ်လာ စေ၏။

ထိုပုံရိပ်သည် မူလင်းနှင့် သူ့ အဖွဲ့အား အရမ်းကြီး မခံစား စေရ သော်လည်း၊ ပြင်ပ တပည့်များ အတွက်မူ၊ ကျား- နဂါး လက်သီးကို မြင်လိုက်ရ သည်နှင့်၊ လေးစားသော အမူအရာများ ဖြစ်ပေါ်လာ လေသည်။

ထောင်ပေါင်း များစွာသော ပြင်ပ တပည့် များတွင်၊ ကျား-နဂါး လက်သီးကို သိသူများ ရှိပြီး၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို၊ သိထား သူများလည်း ရှိသည်။

သို့သော် ကျား -နဂါး လက်သီးနှင့်၊ 'လေးနက်သော ခြေလှမ်းခုနစ်လှမ်း' ကို၊ လေ့ကျင့် ထားသော သူမှာ၊ ပြင်ပ တပည့်များ အတွင်း၊ တစ်ယောက်သာ ရှိပေသည်။

နာမည် တစ်ခုက လူတိုင်း၏ နှလုံးသား ထဲ၌၊ ရုတ်တရက် ထွက်ပေါ် လာ၏။

စက္ကန့်ပိုင်းမျှ အကြာတွင်၊ လင်းကျူရှန် အပါအဝင် လူတိုင်းမှာ၊ ခံစားချက်များ မြင့်တက် လာပြီး၊ နာမည်တစ်ခုအား ရေရွတ် လိုက်ကြ လေသည်။

'' လင်း ယွန် ''

ဇောင်ယွန်းရှန် ဆိုသည်မှာ၊ 'အနီရောင် ဖီးနစ်' ကို အသံမြည် စေသော ဓားနန်းတော်၏ ဘီလူးကောင် လင်းယွန် ဖြစ်ပေ တော့၏။

***

All Chapters