← Chapters

တစ်ချက် ထိုးရုံနဲ့ လုံလောက် ပါပြီ။

Vol. 22 Ch. 301

တစ်ချက် ထိုးရုံနဲ့ လုံလောက် ပါပြီ။

Vol. 22 Ch. 301

'' လင်း ယွန် ''

ဇောင်ယွန်းရှန် ဆိုသည်မှာ၊ 'အနီရောင် ဖီးနစ်' ကို အသံမြည် စေသော၊ ဓားနန်းတော်၏ ဘီလူး တစ်ကောင် ဖြစ်ပေသည်။

“အစ်မကြီး၊ အစ်ကိုကြီး ဇောင် က ကျားနဂါးလက်သီးကို သုံးနေတယ်၊ သူက လင်းယွန်နဲ့ ပတ်သက် နေတာလား။ ''

လင်းယွန်၏ နောက်ကျောတွင်၊ ကျားနှင့် နဂါး ပုံရိပ်များ ထွက်ပေါ် လာသည်ကို၊ မြင်လိုက် ရသော အခါတွင်၊ လင်းယန်မှာ အံသြ သွား၏။

လင်းကျူရှန်က နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး၊

" ပြင်ပ တပည့်တွေ ထဲမှာ ကျား- နဂါး လက်သီးနဲ့၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို၊ ကျွမ်းကျင် နိုင်တာ ဆိုလို့ ...၊ လင်းယွန်က လွဲပြီး ဘယ်သူမှ မရှိဘူး၊ မင်းရဲ့အစ်ကိုဇောင်က လင်းယွန် ပါပဲ။ ''

လင်းယန်က သူ့အစ်မ ကြီး၏ စကားကြောင့် ထိတ်လန့် သွားသည်။ သူမ လေးစား ရသော လူမှာ၊ အနီးတွင် ရှိနေ ခဲ့၏။

လမ်း တလျှောက် လင်းယွန် အပေါ်၊ လှောင်ပြောင် ခဲ့သည် များကို၊ သတိ ရသော အခါတွင်၊ သူမ၏ အမူအရာ များ ရှုပ်ထွေး သွားကုန်သည်။

ဇောင်ယွန်းရှန်မှာ လင်းယွန် ဖြစ်ကြောင်း၊ သိလိုက် ပြီးနောက်တွင်၊ သူမ ဘာဆက်လုပ် သင့်သည်ကို မဆုံးဖြတ် နိုင်တော့ပေ။

လင်းယန်နှင့် ယှဉ်ပါလျှင်၊ အခြားသော သူများက၊ အနည်းငယ်သာ တုန်လှုပ် ပေသည်။

အထက်တန်းစား မဟာမိတ် အဖွဲ့ဝင် များက၊ ပြိုင်ပွဲ အတွင်းတွင်၊ လင်းယွန်အား ရှာဖွေ နေခဲ့ သောကြောင့်၊ လင်းယွန်မှာ ပုန်းအောင်း နေလိမ့် မည်ဟု၊ လူတိုင်းက ထင်ကြေး ပေးခဲ့ ၏။

သို့သော်၊ လင်းယွန်က မျက်နှာဖုံး စွပ်ကာ၊ ပထမဆုံး ဓားဧကရာဇ် ဆေးပင် ကိုပင်၊ ရယူ သွားသည်။

ပို၍ ထိတ်လန့် စရာ ကောင်းသည်မှာ၊ လမ်းတလျှောက် သူ့ သိုင်းနည်းစနစ် များကို၊ အသုံးပြု ခဲ့ခြင်း မရှိချေ။

ကျား- နဂါး လက်သီးနှင့် လင်းယွန်မှာ၊ ဓားနန်းတော်တွင် တွဲလျက် ကျော်ကြား ခဲ့ပြီး၊ ၎င်းကို အသုံးပြု ပါက၊ သူ မည်သူ မည်ဝါ ဖြစ်ကြောင်း၊ ထုတ်ဖော် ပြသ မိမည် ဖြစ်သည်။

" အိုး ...ဒါဆို လင်းယွန်က ဇောင်ယွန်းရှန် အဖြစ် တစ်လျှောက် လုံးမှာ ရှိနေခဲ့ တာပေါ့။ ''

“ ဒီလောက် ရဲရင့်တဲ့ လူ မတွေ့ ဖူးဘူး၊ သူ့ခေါင်းကို ဆုကြေး ထုတ်ထား တာတောင်၊ ဓားဧကရာဇ် ဆေးပင်ကို ရယူ နိုင်တယ်။ "

“ သူ မာန ကြီးတာ မဆန်းပါဘူး၊ သူက လင်းယွန် ဖြစ်နေ တာကိုး၊ အားလုံးက အဓိပ္ပါယ်ရှိပါတယ်၊ အတွင်း တပည့် အနည်းငယ် လောက်နဲ့၊ သူကို ဘယ်လိုလုပ် ဟန့်တား နိုင်မှာလဲ။ ''

" ဒီ တစ်ခါတော့ လင်းယွန်က အလေး အနက် ထားတော့မယ့် ပုံပဲ။ "

ယခု အချိန်တွင် ဇောင်ယွန်းရှန်၏ ခွန်အား အပေါ်၊ စိုးရိမ် နေစရာ မရှိ တော့ချေ၊ လာမည့် တိုက်ပွဲ၌ စိတ်လှုပ်ရှား ဖွယ် ကောင်းမည်မှာ သေချာ လှပေသည်။

သူတို့ ဆီသို့ ပြေးဝင် လာသော လင်းယွန်၏ အရှိန်အဝါမှာ မယုံနိုင် လောက်အောင် မြင့်မားလာ သည်ကြောင့်၊ မူလင်း၏ မျက်နှာက ပြောင်းလဲ သွားခဲ့သည်။

ထိုအရှိန်အဝါ အောက်တွင် ကြီးမားသော ဖိအားကို သူ ခံစား နေရ၏။ သို့သော်။

“ မင်းက သိုင်း နည်းစနစ်ကို သုံးခဲ့ ရင်လည်း၊ ဒူးထောက် ရုံပဲ တက်နိုင် ပါလိမ့်မယ်။ "

အံကြိတ် တုန့်ပြန် လိုက်ပြီး သူ့ လက်သီးကို လင်းယွန် ဆီသို့၊ လျှပ်စီး ကြောင်းများ သဖွယ် ပစ်လွှတ် လိုက်၏။

မကြာသေးမီ အချိန်ကပင်၊ လင်းယွန်ကို အံ့အားသင့်စွာ ဖမ်းယူရန်၊ ဤ 'ဝိညာဉ် အဆင့်' နည်းစနစ်ကို အသုံးပြု ခဲ့သည်။

၎င်းကို ထပ်မံ အသုံးပြု လိုက်သော အခါတွင်၊ ကောင်းကင် ယံ၌ မိုးခြိမ်း သံများ၊ ဆူညံစွာ ထွက်ပေါ် လာခဲ့သည်။

လင်းယွန်က ပြုံးလိုက်၏။ တူညီသော သိုင်းကွက်ဖြင့်၊ ထပ်မံ တိုက်ခိုက်ရန် မူလင်းက ကြိုးစား လာပြန်သည်။

ပထမ အကြိမ်တွင် အလစ်ဝင် တိုက်ခိုက် လာခဲ့ သောကြောင့်၊ သူ အံ့အားသင့် သွားခဲ့ ခြင်းသာ ဖြစ်သည်။

'' မင်းက ငါ့လက်သီးကို တကယ်ပဲ၊ အားနည်းတယ် ထင်နေလား။ ''

လင်းယွန်က မူလင်းအား စစ်မှန်သော လက်သီး နည်းစနစ်အား ပြသရန် ဆုံးဖြတ် ထား၏၊

ထို့ကြောင့်ပင် ပြန်လည် ခုခံရန် ပြင်ဆင် နေသော မူလင်းကို ကြည့်ပြီး၊ 'ထာဝရနတ် ဘုရား တံဆိပ်' အား၊ ဖန်တီး လိုက်ခြင်း ဖြစ်သည်။

သူ၏ အရှိန်အဝါများ မြင့်တက် လာပြီးနောက်၊ မီးတောင် ပေါက်ကွဲသွား သကဲ့သို့၊ လက်သီး များကို ပစ်ထုတ် လိုက်၏။

ထာဝရနတ် ဘုရား တံဆိပ်ဖြင့် အားဖြည့် ထားသော ကျားနဂါး လက်သီးကို၊ လေထဲရှိ မူလင်း၏ မိုးကြိုး လက်သီးနှင့်၊ ထိပ်တိုက် တွေ့ဆုံပေး လိုက်သည်။

နှစ်ယောက်သား လက်သီးချင်း ရင်ဆိုင် တိုက်မိတိုင်း၊ မြေပြင်မှာ တုန်ခါနေ ခဲ့သည်။

တွေ့ဆုံမှု တိုင်းတွင်၊ မူလင်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေး ခဲ့ရပြီး၊ ဆယ်ကြိမ် တိုင်တိုင် ဖလှယ် လိုက်ပြီး နောက်တွင်၊ သူ့ မျက်နှာ ပေါ်ရှိ ဒေါသများ အစား၊ ကြောက်ရွံ့မှု များဖြင့်၊ အစားထိုး ပြောင်းလဲ သွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွား၏၊ လင်းယွန်ကို မျက်နှာချင်း ဆိုင်ရ ခြင်းသည်၊ ရှေးဟောင်း နတ်ဆိုး သားရဲ ကောင်ရှေ့၊ ရောက်ရှိ နေ သကဲ့သို့၊ ခံစား လာရ စေ၏။

အဆိုးဆုံးမှာ လင်းယွန်၏ လက်သီး များတွင်၊ ဓား ရည်ရွယ်ချက် ပါ၀င်ပြီး၊ သူ့ ခန္ဓာကိုယ် ထဲသို့၊ ထိုးဖောက် ဝင်ရောက် လာကာ၊ အတွင်း အင်္ဂါ များအား၊ ဖျက်ဆီး နေခဲ့သည်။

" မင်းကို အနိုင် မယူ နိုင်ဖူး ဆိုတာ ငါမယုံဘူး။ "

မူလ စွမ်းအင် များကို အကန့် အသတ် အထိ၊ တိုးမြှင့် လိုက် သည်ကြောင့်၊ မူလင်း၏ မျက်လုံး များရှိ၊ သွေးကြောများ ယောင်ရမ်း နီရဲ လာ၏။

ထို့နောက် တမဟုတ် ချင်းမှာပင်၊ မိုးကြိုး လက်သီးမှာ၊ ပို၍ အားကောင်း လာတော့သည်။

မူလင်း၏ ရူးသွပ် နေသော အမူအရာ များနှင့် နှိုင်းယှဉ် ရပါလျှင်၊ လင်းယွန်မှာ သူ၏ 'ကျားနဂါး လက်သီး' ကို၊ တည်ငြိမ်စွာ ခင်းကျင်း လာခဲ့သည်။

ဓားသုတ္တန်နှင့် ဓား ရည်ရွယ်ချက် တို့ကို ပေါင်းစပ် ပြီးနောက်၊ မူလင်း၏ မိုးကြိုး လက်သီးကို အလွယ်တကူ နှိမ်နင်း နိုင်၏။

နောက်ထပ် (၁၀) ကြိမ်ခန့် ဖလှယ် ပြီးနောက်၊ မူလင်းက သူ့ ဒဏ်ရာ များကို မထိန်း နိုင်တော့ ဟန်ဖြင့်၊ သွေးများ ပါးစပ် အပြည့်၊ ထွေးထုတ် လာတော့သည်။

တိုက်ပွဲ အတွင်းမှ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ခွာ လိုက်ပြီး၊ သူ့ ရင်ဘတ်ကို ဖိကိုင်ကာ၊ မြေပြင်ပေါ် လဲကျ သွား၏။

ပါးစပ်မှ သွေးများ အဆက် မပြတ် စီးကျ လာပြီးနောက်၊ အံ့သြသော အမူ အရာဖြင့်၊

" မဖြစ်နိုင်ဘူး၊ မင်းရဲ့ မူလ စွမ်းအင်က ငါ့ထက် ဘာလို့ အားကောင်း နေရ တာလဲ။ "

'နက်နဲအဆင့်' စွမ်းအင် ကျင့်ကြံမှု နည်းစနစ်နှင့်၊ 'ဝိညာဉ် အဆင့်' စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို၊ နှိုင်းယှဉ်ရန် နည်းလမ်း မရှိပေ။

သို့သော် လင်းယွန်၏ မူလ စွမ်းအင်မှာ၊ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ နေခဲ့ လေပြီ။

သူ့ စကားကြောင့် လင်းယွန်က အတွင်း စိတ်ထဲ၌ လှောင်ပြောင် လိုက်၏။ ဓားသုတ္တန်သည် 'ဝိညာဉ် အဆင့်' နည်းစနစ် များနှင့်၊ မယှဉ် နိုင်ပါက၊ ဟာသသာ ဖြစ်ပေ လိမ့်မည်။

မူလင်း၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်သည်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှု သို့မဟုတ်၊ ၎င်း၏ အဆင့်ထက် ပိုမို မြင့်မားစွာ၊ ဆုပ်ကိုင် နိုင်မှ သာလျှင်၊ ဓားသုတ္တန်ကို ယှဉ်နိုင် ရုံမျှသာ ရှိပေမည်။

သို့မဟုတ်ပါက၊ မူလင်း၏ နည်းစနစ်မှာ၊ အဋ္ဌမ အဆင့်၌ ရှိသော ဓားသုတ္တန်ကို၊ တုပ ယှဉ်ပြိုင်ရန် နည်းလမ်း မရှိပေ။

" စီနီယာ အစ်ကိုမူ။ "

ရှုံးနိမ့် သွားသော မူလင်းကို ကြည့်ကာ၊ အတွင်းတပည့် သုံးယောက်က အံ့သြ သွား သည်။

" ဖွဲ့စည်းပုံ... ၊ သေမင်း ဓားသုံးလက် ဖွဲ့စည်းပါ။ ''

မူလင်းက စိုးရိမ် တကြီး အမိန့်ပေး လိုက်၏။

“ သတ် ..... ။ ”

အမိန့်ရ သည်နှင့် သုံးယောက်သား အကြည့်ချင်း ဖလှယ်ကာ၊ ဓားဆွဲ လိုက်ကြသည်။

လေခွင်းသံများ တစ်ဖန် ပဲ့တင် ထပ်လာပြီး၊ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း'၊ ပေါင်းစပ် နည်းစနစ်မှာ၊ ပြန်လည် အသက်ဝင် လာခဲ့သည်။

သို့သော် ဤတစ်ကြိမ် ဖွဲ့စည်းမှု အပေါ်၊ လင်းယွန်က နားလည်မှု ရယူရန် ရည်ရွယ်ချက် မရှိခဲ့ သည်ကြောင့်၊ သူတို့ အတွက် ဝမ်းနည်း စရာ ပေပင်။

အတွင်း တပည့်များ အနေဖြင့်၊ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း'ကို၊ ပိုမို ကျွမ်းကျင် ခဲ့ပါလျှင်၊ လင်းယွန်မှာ စိုးရိမ်မှု အချို့၊ ရှိကောင်း ရှိပေ လိမ့်မည်။

ယခုမူကား၊ ဟာကွက်များနှင့် ပြည့်နှက် နေသော၊ ဓားနည်းစနစ်ဖြင့်၊ သူ့ကို အနိုင် ယူချင် နေသည်မှာ၊ အိပ်မက် တစ်ခုသာ ဖြစ်လေသည်။

" မင်း ဓားကို မဆွဲသေး ဖူးလား၊ မင်း သေချင်နေတာပဲ။ ''

မူလင်း၏ မျက်လုံး များက စူးရဲ တောက်ပ လာ၏။ လင်းယွန်မှာ မာန ထောင်လွှားခြင်း အတွက်၊ အဖိုးအခ ပေးရ ပေလိမ့်မည်။

" သူ တကယ်ပဲ သူ့ဓားကို မဆွဲ ဖူးလား။ "

လင်းကျူရှန်နှင့် အခြား လူများ မှာလည်း စိတ်ရှုပ်ထွေး သွားသည်။

လင်းယွန်က ယီလျူယွင်ကို အနိုင်ယူ ပြီးနောက်၊ သခင့်ဓားဖြင့် ကျော်ကြား လာ သည်ကို သူတို့ သိ၏။

ထို့ကြောင့် သခင့်ဓားကို အသုံးပြု ပါက၊ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' အား၊ ရင်ဆိုင် နိုင်မည်ဟု၊ သူတို့ ယူဆ မိသည်။

သို့သော်လည်း လင်းယွန် မှာမူ၊ မျက်နှာဖုံး အောက်တွင်၊ ငြိမ်သက် နေခဲ့သည်။ သူ့ဓားကို ဆွဲရန် ဆန္ဒ ရှိပုံ မရချေ။

သူက သိုင်းနည်းစနစ် များကို စတင် အသုံးပြုရန်၊ စိတ် ပိုင်းဖြတ် လိုက်သည်နှင့်၊ တိုက်ပွဲမှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ ရလဒ်မှာ မျက်စိ တစ်မှိတ် အတွင်း၊ ထွက်ပေါ် လာပေမည်။

'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' ကို ရင်ဆိုင်ရန်၊ လင်းယွန် အတွက် သိုင်းကွက် တစ်ကွက်သာ လိုအပ် ပေသည်။

လင်းယွန်က ညင်သာစွာ ကြုံးဝါး အော်ဟစ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်၏။

ဓားရည် ရွယ်ချက်၊ မူလ စွမ်းအင်နှင့် ပြင်းထန်သော စွမ်းအင်တို့ ပေါင်းစပ် သွား ပြီးနောက်၊ သူ့ ပတ်ဝန်း ကျင်၌ သိပ်သည်းသော အရှိန် အဝါ တစ်ခု အဖြစ်၊ ရစ်သိုင်း လာပြီး၊ နတ်ဆိုး အငွေ့ အသက်များ ကဲ့သို့၊ မြူများ စုဖွဲ့ လာကုန်သည်။

"ဒါက ... "

လင်းယွန်၏ လုပ်ရပ်ကို လူတိုင်း နားမလည် နိုင်ကြပေ။

'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း' စုဖွဲ့မှု ပုံစံ၊ ကျဉ်းမြောင်း နီးကပ်လာ ချိန်တွင်၊ လင်းယွန်က 'နဂါး ပန်းချီ'ကို ထုတ်ဖော်ကာ၊ လက်သီးဖြင့် ထိုးပစ် လိုက်၏။

စုဖွဲ့လာသော မြူများက နဂါးကြီး တစ်ကောင် ကဲ့သို့ ပြောင်းလဲ သွားပြီး၊ အရှိန် ပြင်းပြင်းဖြင့်၊ ပြေးထွက် သွားသည်။

သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း ရှိ၊ အဆုံးမဲ့ ဓားရောင်ဝါသည် တိုးဝင် လာသော နဂါးမြူ များကြောင့်၊ ပြိုကျ သွား၏။

ထို့နောက်တွင် လက်သီးမှာ တွဲလျက် ကပ်ပါ လာပြီး၊ အတွင်း တပည့် သုံးယောက်အား၊ ထိမှန် သွားလေသည်။

ရလာဒ် အနေဖြင့်၊ မြေပြင် ပေါ်တွင် ဒူးထောက် ကျသွားကာ၊ ပြတ်ရှ ရာများ ဖုံးလွှမ်း သွားကုန်၏။

လင်းယွန်ကို ထိတ်လန့်စွာ ပြန်ကြည့် လိုက်ပြီး၊ သွေးများ အန်ချ လိုက် ကြသည်။ လက်သီး တစ်ချက် ကိုပင်၊ မဟန့် တားနိုင် ခဲ့ဘဲ၊ ရှုံးနိမ့် သွားခဲ့ လေပြီ။

၎င်းရလာဒ် ကြောင့်၊ မူလင်း အပါအဝင် လူတိုင်းကို ထိတ်လန့် သွားစေ၏။

"န .. ဂါး ... ပန်း ...ချီ ။ "

ဂူယွမ်ဖေးက အံ့သြစွာ ရေရွတ် လိုက်သည်။ 'နဂါး ပန်းချီ' ကို မြင်ခဲ့ ဖူးပေသည်၊ သို့သော် ၎င်းသည် သူသိ ထားသော 'နဂါး ပန်းချီ' နှင့်၊ လုံးဝ ကွဲပြား နေ၏။

လင်းယွန်၏ နဂါးပန်းချီမှာ၊ ပြေပြစ် ပျော့ပြောင်း ပေသည်။

" စီနီယာ အစ်ကို ချန်နဲ့၊ စီနီယာ အစ်ကိုဂူ၊ မင်းတို့ နှစ်ယောက် ထလို့ ရပြီ။ "

လင်းယွန်က သူ့ ကိုယ်ဟန်ကို ရုတ်သိမ်း လိုက်ပြီး၊ ရုပ်တု ဘက်သို့ လှည့်ကာ ဆိုလိုက်၏။ သူ့ စကားကြောင့် ဒူးထောက် နေသူ အားလုံး၊ ချက်ချင်း မတ်တတ် ထရပ် လိုက်ကြ၏။

ပြင်ပ တပည့်များ ချဉ်းကပ် လာ သည်ကြောင့်၊ မြေပြင်တွင် လှဲလျောင်း နေရသော၊ အတွင်း တပည့် များ၏ မျက်နှာ များမှာ၊ ပြောင်းလဲ သွား ကြကုန်သည်။

သူတို့ အားလုံး၌ တိုက်ခိုက်ရန် ခွန်အား မကျန်ရှိ တော့သည် ဖြစ်ရာ၊ ကြောက်ရွံ့ လာကြခြင်း ဖြစ်သည်။

တုန်ယင် နေသော မူလင်းတို့ အဖွဲ့အား ကြည့်ကာ၊ လွန်ခဲ့သည့် နာရီဝက်ခန့် အချိန်၌၊ မည်မျှ မောက်မာ ခဲ့သည်ကို ပြန်လည် အမှတ် ရမိ သောကြောင့်၊ လူအုပ်ကြီးက သက်ပြင်းချ လိုက်သည်။

ချန်လင်းက ရှေ့ထွက် သွားပြီး၊ အတွင်းတပည့် များကို ကန်ထုတ် လိုက်ကာ၊

"အစ်ကို ဇောင်... မဟုတ်ဖူး၊ အစ်ကိုလင်း၊ ငါတို့ သူတို့ကို ဘာလုပ် သင့်လဲ။ "

" အရင်ဆုံး မင်းရဲ့ သိုလှောင်အိတ် တွေကို ပြန်ယူ လိုက်ပါ။ "

ဟု လင်းယွန်က ပြန်ဖြေ လိုက်သည်။

သူတို့၏ သိုလှောင်အိတ် များကို ပြန်လည် ရရှိ လိုက်သည့် အတွက်၊ လူအုပ်ကြီးမှာ လင်းယွန်ကို ကျေးဇူးတင် လာကြသည်။

မူလင်းက ပြင်ပ တပည့်များ စုဝေး နေကြ သည်ကို မြင်သောအခါ ကူကယ်ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်ပြီး၊

“ အကိုလင်း၊ ငါတို့ကို ခွင့်လွှတ် နိုင်မလား၊ ဒုတိယ အကျော့မှာ ပြန်ဆုံရင်၊ မင်းရဲ့ အမိန့်ကို ငါတို့ နားထောင် ပါမယ်။ ”

" ဟီး ဟီး၊ မင်းတို့ တွေက မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ ပါဝင်ချင် သေးတာလား၊ အိမ်မက် မက်မနေနဲ့ ... ၊ အစ်ကိုကြီး မင်းက ...၊ သူတို့ကို ငါနဲ့ အတူ၊ ဘာလို့ မထား ခဲ့ရ တာလဲ၊ …”

လီဝူယု၏ မျက်ဝန်း များတွင် ယုတ်မာသော အကြံ အစည်များ ထင်ဟပ် လာပြီး၊ ရယ်မော လိုက်တော့သည်။

“ ကောင်းပြီ၊ မင်း သဘောပါပဲ။ "

" အရမ်း ကောင်းတယ်။ ''

လီဝူယုက တဟားဟား ရယ်မော လိုက်ပြီး၊ အတွင်း တပည့် များကို လှမ်းကြည့် လိုက်၏။

"အစ်ကို ဇောင်၊ မင်းရဲ့အထောက် အထားကို ကောင်းကောင်း ဖုံးကွယ် ထားနိုင် ခဲ့တာပဲ ..."

လင်းကျူရှန်က ခါးသီးသော အပြုံးနှင့် ထိတ်လန့် တကြား ရေရွတ် လာသည်။

“ အဲဒီလို လုပ်ဖို့ ငါ့မှာ အကြောင်း ပြချက် ရှိတယ်၊ မိန်းကလေးလင်း ... စိတ်မဆိုး ပါနဲ့။ ''

'' အမှန်တော့ မင်းကို ငါတို့ ခန့်မှန်း နိုင်သင့် ပါတယ်၊ ဇောင်ယွန်းရှန် ဆိုတာ ...မိုးကုပ် စက်ဝိုင်း တစ်လျှောက် ပျံသန်း နေသော အနီရောင် ဖီးနစ်လေး မဟုတ်လား၊ မင်းရဲ့ အထောက် အထားနဲ့ ပတ်သက်ပြီး ငါတို့ကို သဲလွန်စ ပေးထား ပြီးသားပဲ။ ”

လင်းကျူရှန်က ပြုံးကာ ဆိုလိုက်သည်။ သူမ၏ ရှင်းပြချက်ကြောင့်၊ လင်းယွန် နာမည်၏ နောက်ကွယ်က အဓိပ္ပါယ်ကို လူတိုင်း သတိပြု မိလာ ခဲ့သည်။

“ မိန်းကလေးလင်းက တကယ်ကို ထက်မြက်ပါပေတယ်”

ဟု လင်းယွန်က ခေါင်းညိတ် အသိအမှတ် ပြုလိုက်၏။

" မင်းက ငါ့ကို ချီးကျူး နေတာလား ဒါမှမဟုတ်၊ ငါ့ကို အရှက်ခွဲ နေတာလား၊ မင်းရဲ့ အထောက် အထားကို ထုတ်ဖော်ပြီး မှသာ၊ ငါက သတိထား မိတာပါ၊ ဒါနဲ့ ... မင်းမျက်နှာကို ငါတို့ အပေါ် ပြဖို့၊ ရည်ရွယ်ချက် မရှိဖူးလား။ "

လင်းကျူရှန်က လင်းယွန် တပ်ထားသော မျက်နှာဖုံးကို ကြည့်ကာ၊ ဆိုလိုက်သည်။

လင်းယွန်က မျက်နှာ ဖုံးကို ရုတ်သိမ်း လိုက်သည်နှင့်၊ တည်ကြည်သော အသွင် အပြင်ဖြင့်၊ နုပျိုသော မျက်နှာလေး တစ်ခု ထွက်ပေါ် လာသည်။

မျက်နှာဖုံး အရှိန်အဝါ ပျောက်ကွယ် သွားသော အခါတွင်၊ စူးရှသော သူ့ မျက်ဝန်း များကို၊ မည်သူမျှ မျက်လုံးချင်း ဆိုင် မကြည့်ဝံ့ ကြတော့ပေ။

လင်းယန်က လင်းကျူရှန်၏ နောက်သို့ ပုန်းကွယ် လိုက်ကာ၊ ရှက်ရွံ့သော အမူအရာဖြင့်၊ လင်းယွန်အား ခိုးကြည့် လိုက်၏။

" အစ်ကိုကြီး ပြီးသွားပြီ။ "

လီဝူယု၏ ညစ်ကျယ်ကျယ် နိုင်သော အသံက၊ ရွှင်မြူး ရိပ်စွန်းကာ၊ ထွက်ပေါ် လာသည်ကြောင့်၊ သူတို့၏ အာရုံမှာ လင်းယွန်ထံမှ ဖယ်ခွာ သွား လေသည်။

အတွင်းတပည့် ငါးယောက်မှာ အဝတ် ဗလာဖြင့်၊ ကျောက် ရုပ်တုကြီး နှစ်ခု၌၊ ချည်နှောင် ခံထား ရသည်။ လူတိုင်းက သူတို့ မျက်နှာ ပေါ်ရှိ အရှက်တရား များကို ကြည့်ပြီး၊ မရယ်မောပဲ မနေနိုင် ကြတော့ပေ။

“ ဒီလူတွေက အတွင်း တပည့် ဖြစ်တာ နဲ့ပဲ၊ ငါတို့ကို ရှုံ့ချချင် နေတယ်၊ ဒါကြောင့် အတွင်း တပည့်တွေရဲ့ ကျက်သရေကို လူတိုင်း ရှင်းရှင်း လင်းလင်း မြင်ခွင့် ရအောင် ပြရ တာပေါ့။ ”

ဟု လီဝူယုက ရယ်ကာ မောကာဖြင့်၊ သူ့ အယူ အဆကို ရှင်းပြ လိုက်သည်။

" ဟား ဟား ဟား၊ အစ်ကိုလီ .... တကယ် ကောင်းတယ်။ "

" အဲဒါ အရမ်း ကောင်းတယ်၊ ဒီလူ တွေက ငါတို့ရဲ့ ဓားတိမ်ယံ အမြုတေ တွေကို လုယူချင် နေကြတာ၊ အခု ဘယ်လို ယူမလဲ ကြည့်ရအောင်။ ”

အတွင်းတပည့် များ၏ ရလဒ်ကို မြင်သော အခါ လူတိုင်းက မရယ် မောဘဲ၊ မနေနိုင် ကြတော့ပေ။

***

All Chapters