← Chapters

ဇောင်ယွန်းရှန်က လင်းယွန် ပါပဲ။

Vol. 22 Ch. 302

ဇောင်ယွန်းရှန်က လင်းယွန် ပါပဲ။

Vol. 22 Ch. 302

'' အရမ်း ကောင်းတယ်၊ ဒီလူ တွေက ငါတို့ရဲ့ ဓားတိမ်ယံ အမြုတေ တွေကို လုယူချင် နေကြတာ၊ အခု ဘယ်လို ယူမလဲ ကြည့်ရအောင်။ ”

အတွင်းတပည့် များ၏ ရလဒ်ကို မြင်သော အခါ လူတိုင်းက မရယ် မော လိုက်ကြ တော့သည်။

ဓားသင်္ချိုင်း ဂူအတွင်း ဝင်ခွင့် ရသွားသော တပည့်များ အားလုံးက၊ ကျေးဇူးတင် စကား ပြောကြားရန် တက်လာ ကြသည်။

လင်းယွန်ကြောင့်သာ မဟုတ်ပါလျှင်၊ ဓားသင်္ချိုင်း ဂူထဲသို့၊ ဝင်ဖို့ရန် သူတို့ အတွက် လွယ်ကူမည် မဟုတ်ပေ။

အနည်းဆုံး၊ ဓားတိမ်ယံ အမြုတေ သုံးလုံးကို ပေးဆောင် ရပေမည်။

ဇောင်ယွန်းရှန်မှာ လင်းယွန် ဖြစ်ကြောင်း၊ သတင်းများ ပျံ့နှံ့ရန် အချိန် တစ်ခုသာ လိုပေသည်။

အတွင်း တပည့် များကို အနိုင်ယူ ပြီးနောက်၊ လင်းယွန်၏ ခွန်အား အပေါ် လူတိုင်းက၊ အထင်ကြီး လာခဲ့၏။

ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ခြင်းဖြင့်၊ လင်းယွန်မှာ ပို၍ သန်မာ လာခြင်း ဖြစ် သည်ဟု၊ သူတို့ တွေးယူ နိုင်သည်။

သို့မဟုတ် ပါလျှင်၊ နက်နဲ သိုင်းနယ်ပယ် ပဉ္စမ အဆင့်၊ သိုင်းသမားလေး တစ်ယောက်သည်၊ ဤမျှ အစွမ်းထက် နိုင်မည် မဟုတ်ပေ။

နောက်ဆုံးတော့ သူ၏ ကျင့်ကြံမှုမှာ လွန်ခဲ့သော နှစ်လ ခန့်က၊ နက်နဲ တတိယ အဆင့် ၌သာ၊ ရှိနေ ပေသေးသည်။

တစ်ချိန်တည်း မှာပင် လူအုပ် ထဲ၌ မကောင်းသော ရည်ရွယ်ချက် ရှိသူ များလည်း ရှိနေ ခဲ့၏။

ပြီးနောက်၊ ဝမ်ယန်က လင်းယွန်ကို သတင်း ပေးမည့် သူများအား ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း အလုံး (၁၀၀) ချီးမြှင့် မည်ဟု ကြေငြာ ထားသည်။

၎င်းဆုကြေးမှာ မည်သူမျှ ခံနိုင်ရည် မရှိသော သွေးဆောင်မှု တစ်ခု ဖြစ်ပေသည်။

အထက်တန်းစား ပြည်နယ်မှ ပေးအပ်သော ဆုကြေး ငွေများ ရယူရန်၊ လင်းယွန်၏ သတင်းအား ပေးပို့မည့် သူများ ကလည်း ခြေလှမ်း ကျဲကျဲဖြင့်၊ ထွက်ခွာ သွား ကြသည်။

'' ဂျူနီယာ ညီလေး လင်း၊ မင်းရဲ့ တည်နေရာကို မထုတ် ဖော်ဖို့၊ သူတို့ကို တားရမယ် မဟုတ်လား။ "

လင်းကျူက နောက်ကြောင်းပြန် ထွက်ခွာ သွားသော တပည့် အချို့ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။

ဓားသင်္ချိုင်း ဂူတွင် မည်သည့် အတား အဆီးမှ မရှိတော့ သည်ကြောင့်၊ ထွက်ခွာ ခြင်းငှာ အဓိပ္ပါယ် မရှိပေ။

ထို့ကြောင့် ဆုကြေးငွေကို ရယူရန် ဖြစ်မည်ဟု လင်းကျူရှန်က ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

“ ထားလိုက်ပါ ...၊ ငါ မျက်နှာ ဖုံးကို ပြန်ဝတ်ဖို့ ရည်ရွယ်ချက် မရှိ တော့ပါဘူး။ ''

ကျား- နဂါး လက်သီးကို အသုံးပြု ပြီးနောက်၊ သူ မည်သူ မည်ဝါ ဖြစ်ကြောင်း၊ ဖုံးကွယ်ရန် ဆန္ဒ မရှိတော့ပေ။

ထို့ပြင် ဓားဧကရာဇ် ဆေးပင် ကိုလည်း ရရှိ ခဲ့ပြီး ဖြစ်သည်။ သူ၏ ခွန်အားကို များစွာ မြှင့်တင် နိုင်ခဲ့ပြီး၊ ယခု ဒုတိယ အကျော့ အတွက် ယုံကြည်ချက် ရှိလေသည်။

" သွားကြ ရ အောင်။ "

လင်းယွန်က မျှော်လင့်ချက် များဖြင့်၊ ဓားသင်္ချိုင်း ဂူထဲသို့ ဝင်ရောက်လာ ခဲ့သည်။

အခြားသော တံခါး မုဒ်ဝ တစ်ခုရှိ၊ တံခါးကြီး တစ်ချပ် ရှေ့၌ အတွင်း တပည့် တစ်စုက၊ လမ်းကို ပိတ်ဆို့ ထား၏။

ဝင်ရောက် လိုပါက ဓားတိမ်ယံ အမြုတေ လွှဲပြောင်း ပေးရန် အတင်း အကျပ် တောင်းဆို လာသည်။

ဤလူတစ်စုသည် မူလင်း၏ အဖွဲ့ ကဲ့သို့ မဟုတ်ဘဲ၊ ဓားတိမ်ယံ အမြုတေ တစ်ခုတည်း ကိုသာ တောင်းဆို ကြခြင်း ဖြစ်သည်။

သို့သော် ပြင်ပ တပည့် များစွာက၊ အံကြိတ်လျက် တွေဝေ နေခဲ့ ကြသည်။

“ ဆုံးဖြတ်ချက် လေးတောင် မချ နိုင်တဲ့ လူ တစ်စုပဲ၊ ဒါနဲ့များ အတွင်း တပည့် ဖြစ်ချင် နေကြ သေးတယ်၊ အိပ်မက် မက်မနေ နဲ့။ "

အတွင်းတပည့် များ၏ ခေါင်းဆောင် ဒေါင်းချင်းရှန်က၊ ပြင်ပ တပည့် များအား လှောင်ပြောင်သော မျက်နှာဖြင့် ကြည့်ကာ ရေရွတ်သည်။

၎င်းတို့သည် မြေကြီး အဆင့်တွင် နောက်ဆုံးတစ်ရာ၌ အဆင့် သတ်မှတ် ခံရ သော်လည်း၊ ပြင်ပ တပည့်များ အပေါ် မောက်မာ နိုင်စွမ်း ရှိနေဆဲပင်။

“ မြေကြီး အဆင့်နဲ့ သေမျိုး အဆင့် ကြားက၊ ကွာဟချက် အကြောင်း မသိဘဲ၊ အတွင်း တပည့် ဖြစ်ချင် တယ်လား၊ တကယ် နုံအ လွန်းပါတယ်။”

" ဒီ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ အတွင်း တပည့် ခွဲတမ်းကို၊ လူ ဘယ်နှစ်ယောက်လောက် ရမယ် ထင်လဲ။ "

" အကြီးအကဲ တွေက ငါတို့ကို နှိမ့်ချပြီး၊ ကစားချင် နေကြ တာပဲ၊ အဲဒီတုန်းက သူတို့ တွေရဲ့ မျက်နှာကို ကြည့်တာနဲ့ သိပါတယ်။ ”

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် ပါဝင် ရခြင်းမှာ သူတို့ အတွက် ကြီးမားသော အရှက်ရ စရာ ဖြစ်ပြီး၊ ၎င်းအပေါ် မကျေမနပ် ဖြစ်နေခဲ့ ကြသည်။

" အေး လိုက် တာ ။ "

လေထု ထဲတွင် အအေး ဓာတ်များ ရုတ်တရက် ထွက်ပေါ် လာ သည်ကြောင့်၊ အနည်းငယ် တုန်ယင် သွားကြသည်။

ဒေါင်းချင်းရှန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွား၏၊ ခေါင်းကို မော့လိုက်ပြီး၊ ပတ်ဝန်း ကျင်အား ဝေ့ကြည့် လိုက်သော အခါတွင်၊ ဓားတစ်လက်ကို လက်၌ ကိုင်ဆောင် ထားသော၊ လူငယ် တစ်ယောက် လျှောက်လှမ်း လာနေ သည်ကို၊ တွေ့လိုက် ရသည်။

" အဲ့ဒီမှာ ရပ်လိုက် စမ်း၊ ဓားသင်္ချိုင်း ဂူထဲကို ဝင်ချင်ရင်၊ ဓားတိမ်ယံ အမြုတေကို လက်လွှဲလိုက်ပါ။ "

အတွင်း တပည့် များက အော်ဟစ် ဟန့်တား လိုက် ကြသည်။

ထိုသူက လှည့်ကြည့်ကာ ပြုံးပြ လာ၏၊ သူ့ အပြုံးကြောင့်၊ ဟန့်တား လာသော အတွင်း တပည့် များမှာ၊ ကျောရိုးများ ချမ်းတက် လာလေသည်။

" မင်းကို ငါသိတယ်၊ သေမျိုး အဆင့်က ချူဟောင်းယူပဲ။ "

ဒေါင်းချင်းရှန်က ပြုံးနေသော လူငယ်ကို ကြည့်ကာ၊ ဆိုလိုက်သည်။ သို့သော် ချူဟောင်းယူကို ကျော်ဖြတ် ခွင့်ပေးရန်၊ သူ့၌ ရည်ရွယ်ချက် မရှိပေ။

တစ်ချိန်တည်း မှာပင် ပြင်ပ တပည့် များစွာ၏ မျက်လုံး များက၊ ချူဟောင်းယူ အပေါ်သို့၊ ကျရောက် သွားကုန်သည်။

" မင်းတို့ ငါ့ကို သိတာတောင်၊ ငါ့လမ်းမှာ ရပ်နေ ကြတုန်းလား။ "

ချူဟောင်းယူ၏ မောက်မာသော အသံ ထွက်ပေါ် လာသည်နှင့်၊ ဒေါင်းချင်းရှန်၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပျောက်ကွယ် သွား၏။ သူက ရယ်မော လိုက်ပြီး၊

“ မင်းက မြေကြီး အဆင့် ခွန်အားကို၊ ပိုင်ဆိုင် ထားတယ် ဆိုတဲ့ သတင်း၊ ငါကြား ထားပါတယ်၊ လူတစ်ယောက် အတွက် သေမျိုး အဆင့်မှာ ဆက်ရှိ နေခဲ့တာ မဟုတ်လား၊ ငါ့အမြင် အရတော့ ....၊ မြေကြီး အဆင့်ကို ဝင်ဖို့၊ မင်းက အရမ်း အားနည်း နေတုန်း ပါပဲ။ "

“ စီနီယာ အစ်ကိုဒေါင်း၊ သူနဲ့ စကား ပြောပြီး၊ ဘာလို့ အချိန်ဖြုန်း နေရ တာလဲ။ ”

“သေမျိုး အဆင့်ရဲ့ ပထမ ဆိုလည်း၊ သေမျိုး အဆင့် ဖြစ်နေတုန်း မဟုတ်လား၊ ဒါဆို သူ့ကို မြေကြီး အဆင့်က၊ ကျွမ်းကျင်သူ တွေနဲ့၊ ဘယ်လိုလုပ် နှိုင်းယှဉ် နိုင်မှာလဲ။ ”

“ ရေတွင်း ထဲက ဖားငယ် လေးပဲ ရှိပါ သေးတယ်၊ အတွင်း တပည့် တွေရဲ့ ခွန်အားကို သူ မသိနိုင် ပါဘူး။ ”

အတွင်းတပည့် များက၊ ဓားရှည်များ ပေါ်တွင်၊ လက်များကို တင်ထား လျက်မှ၊ လှောင်ပြောင် လိုက်ကြသည်။

သူတို့ ဝေဖန်သံ များကို ချူဟောင်းယူက တစ်ခွန်းမှ ခွန့်တုန့် မပြန် ခဲ့ပေ။

သူ့ဓားကို လက်မဝက်ခန့် ဆွဲထုတ် လိုက်ရုံဖြင့်၊ နေကဲ့သို့ တောက်ပ နေသော၊ အလင်းတန်း များ ထွက်ပေါ် လာသည်ကြောင့်၊ အမြင်အာရုံများ ဝေဝါး သွားကြ ကုန်သည်။

ဓားအလင်း ပြန်လည် ပျောက်ကွယ် သွားသည်နှင့်၊ ချူယောင်းယူ၏ ဓားမှာ ဓားအိမ် ထဲသို့၊ ပြန်လည် သိမ်းဆည်း လိုက်ပြီ ဖြစ်သည်။

သူ့ဓားကို ထုတ်ခဲ့ခြင်း ရှိ မရှိကို၊ ထွေပြား သွားကုန် ကြ၏။

အတွင်းတပည့်က ချူဟောင်းယူ လက်ထဲရှိ ဓားကို ကြည့်ကာ၊ လွဲမှားစွာ မှတ်ယူပြီး၊ အထင်သေး လှောင်ပြောင် လိုက်၏။

“ သေမျိုး အဆင့်က ပထမလား၊ လုပ်ပါ ငါ့ကို လာသတ် ..."

စကားမဆုံးခင် မှာပင် သူ့ လည်ချောင်း ထဲမှ ဓား အလင်းရောင် တစ်ချက် တောက်ပစွာ ထွက်ပေါ် လာပြီး၊ လေဟာနယ်ထဲ ဖြတ်ထွက် သွားသည်။

"မ လုပ် နဲ့။ "

ဒေါင်းချင်းရှန်က အော်ဟစ် လိုက်၏။ ချူဟောင်းယူ၏ ဓားကို သူ တစ်ဦး တည်းသာ ရှောင်လိုက် နိုင်သည်။ သို့သော် သူ့ လည်ပင်း၌ ဒဏ်ရာ အနည်းငယ် ရရှိ သွားသေးသည်။

ဓားသည် လက်မ ဝက်ခန့် ထပ်မံ နက်သွား ပါက၊ သူ့အဖော် များနှင့် တူညီသော အခြေ အနေ၌ ရှိနေမည် ဖြစ်သည်။

ထိုအတွေး ကြောင့် ဒေါင်းချင်းရှန်၏ မျက်နှာမှာ ဖြူဖျော့ လာပြီး၊ ချွေးစများ စီးကျ လာတော့သည်။

အခြားသော အတွင်းတပည့် နှစ်ယောက်က ကြောက်ရွံ့ စွာဖြင့်၊ သူတို့ လည်ပင်း များကို အုပ်ကိုင် ထားလိုက် ကြသည်။ မလှုပ်ရှား ဝံ့ ကြပေ။

ပါးစပ်ဖွင့် လိုက်လျှင် လည်ပင်းရှိ ပြတ်ရှရာ အတွင်း၊ လေဝင်သွား မည်ကို သူတို့ သိထားပြီး၊ ယင်း ဒဏ်ရာဖြင့်၊ အသက်ပင် သေဆုံး သွားနိုင်မည် ဖြစ်သည်။

" အဲဒါ တိမ်မြူကင်းသော အာရုဏ်ဦး ဓား ပဲ။ "

ဒေါင်းချင်းရှန်၏ အသံမှာ ကြောက်ရွံမှု ကြောင့် တုန်လှုပ် နေခဲ့သည်။ အလွန်ကြောက် စရာကောင်းသော 'တိမ်မြူကင်းသော အာရုဏ်ဦး ဓား' နှင့်၊ အရမ်း နီးကပ် ခဲ့လေသည်။

တဆက်ဆက် တုန်ယင် လာသော ခြေထောက် များကို ထိန်းကာ၊

“ ငါထွက်သွား ပါ့မယ်၊ အခု ချက်ချင်း မင်းရှေ့က သွားပါ့မယ်။ ”

ဒေါင်းချင်းရှန်က နောက်ပြန် လှည့်မကြည့် တော့ဘဲ၊ ဓားသင်္ချိုင်း ဂူထဲသို့၊ ပြန်ပြေး သွားခဲ့သည်။

“ ... ဆက်ကိုင် ထားပါ၊ နာရီဝက်လောက် မလှုပ်ပဲ နေနိုင်ရင်၊ မင်းတို့တွေ အသက်ရှင် လိမ့်မယ်။ ”

ကျန်ရှိနေသော အတွင်း တပည့် များကို လှည့်ကြည့်ကာ၊ ချူဟောင်းယူက အထင် အမြင် သေးစွာဖြင့်၊ သတိပေး ပြောကြား လိုက်သည်။

ဤမြင်ကွင်းကြောင့် အနီး ပတ်ဝန်း ကျင်ရှိ၊ ပြင်ပ တပည့်များ အားလုံးကို၊ ထိတ်လန့် သွားစေ ခဲ့သည်။

အတွင်း တပည့် လေးယောက်ကို အနိုင် ယူရန်၊ လှုပ်ရှားမှု တစ်ခုတည်း ကိုသာ၊ အသုံးပြု သွား လေသည်။

အခြားသော တံခါး ဝတွင်၊ အလားတူ ဖြစ်ရပ်များ ဖြစ်ပွား နေခဲ့သည်။

ဓားများက သတ္တု ကိုယ်ထည် ကြီးကို ထိသွား သကဲ့သို့၊ ခံစား လိုက်ရပြီး၊ နောက်ထပ် လက်မ ဝက်ခန့်ပင်၊ ထပ်မံ တိုးပေါက်ခြင်း မရှိ တော့ချေ။

အတွင်း တပည့် များ၏ မျက်နှာ များမှာ၊ ပြောင်းလဲ သွား၏။ သူတို့၏ ဓားများ ကျိုးကြေ သွားပြီး၊ သွေး အန်လျက်၊ နောက်ပြန် ဆုတ်မိ လိုက် ကြသည်။

" မင်း ဘယ်သူလဲ "

ထိုလူငယ်၏ ကိုယ်လုံး ကိုယ်ပေါက် ကြောင့်၊ အတွင်း တပည့် များ၏ စိတ်တွင်၊ ကြောက်ရွံ့ စိတ်များ ဝင်ရောက် လာသည်။

'' ယီရှု "

အေးစက်စွာ ပြန်ဖြေ လိုက် ပြီးနောက်၊ အတွင်း တပည့်များ ကိုပင်၊ လှည့် မကြည့် တော့ဘဲ၊ ဓားသင်္ချိုင်း ဂူထဲသို့ ဝင်ရောက် သွားတော့သည်။

အခြားသော တံခါး တစ်ခုတွင်၊ သေမျိုး တတိယ အဆင့် ဖြစ်သော၊ ဂျင်းဖိန်က အတွင်း တပည့် များကို လက်သီး များဖြင့် ထိုးချ လိုက်၏။

အတွင်း တပည့် များသည် ၎င်းတို့၏ မူလ စွမ်းအင် အရည် အသွေး များကြောင့်၊ လူသိ များလှ သော်လည်း၊ ဂျင်းဖိန် ထံမှ လက်ဖဝါး တစ်ချက် ကိုပင် မခံယူ နိုင်ကြ တော့ပေ။

ထို့ကြောင့် သူတို့က လမ်းကို ပိတ်ဆို့ ဖို့ရန် သတ္တိ မရှိ တော့ကာ၊ ချက်ခြင်း ပြန်လှည့်၍ ပြေးသွား ကြ၏။

ဂျင်းဖိန်၏ နှုတ်ခမ်း ထောင့်တွင်၊ အနည်းငယ်သော အထင် အမြင် သေးမှု တစ်ခု ထွက်ပေါ်လာ၏။ သူက ပြုံးပြီး၊

“ မင်းတို့က ဒီခွန်အားနဲ့ ငါ့လမ်းကို ပိတ်ဆို့ချင် နေတာလား။ ”

သူက မူလအမှောင် နည်းစနစ်ကို အပြည့် အဝ ကျွမ်းကျင် နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏ နည်းစနစ်မှာ၊ 'ဝိညာဉ် အဆင့်' နည်းစနစ် များထက်၊ ပိုမို အားကောင်း လှ၏။ မူလ စွမ်းအင် အရ မည်သူ့ ကိုမှ၊ သူ ကြောက်စရာ မလို တော့ပေ။

ဓားသင်္ချိုင်း ဂူသို့ သွားရာ လမ်းရှိ တိုက်ပွဲများ သတင်းမှာ၊ အကြီးအကဲ များထံ ရောက်ရှိ သွားသည်။

အထူး သဖြင့် အတွင်း တပည့် များကို လုံးလုံး လျားလျား ဖိနှိပ် နိုင်ခဲ့သော၊ သူများ၏ သတင်း ဖြစ်လေသည်။

သူ မှန်းဆ ထားသည့် အတိုင်း သတင်းကို ကြားသည်နှင့်၊ ဘိုင်တင်းမှာ ပြုံးရယ်လျက်၊ ပါးစပ်ကို မပိတ် နိုင်တော့ပေ။

ဓားဧကရာဇ် ဆေးပင်ကို သန့်စင် လိုက်နိုင်သော သူများမှာ၊ ၎င်းတို့၏ ခွန်အား အပေါ်၊ သိသိ သာသာ ပြောင်းလဲခြင်း၊ ခံရ ပေမည်။

ထို့ကြောင့် လင်းယွန် အသတ် ခံရ မည်ကို၊ သေချာပေါက် သူ သိသည်။

“ အစီရင် ခံပါတယ်၊ သေမျိုး အဆင့် စတုတ္ထ ဖြစ်တဲ့ ဟန်ဇောင်းယန်က အတွင်း တပည့် ကျန်းဟန်ကို အနိုင်ယူ လိုက်ပါတယ်။ ”

" သေမျိုး တတိယ အဆင့်က၊ ဂျင်းဖိန်က အတွင်း တပည့် တွေကို လက်ဖဝါး တစ်ချက် တည်းနဲ့ ဖိနှိပ်ခဲ့ ပါတယ်။ "

" ယီရှုက သူရဲ့ ရုပ်ခွန်အား သက်သက်နဲ့ အတွင်း တပည့် လေးယောက်ကို အနိုင်ယူ ခဲ့တယ်။ "

" ချူဟောင်းယူက ဓား တစ်ချက်နဲ့ အတွင်း တပည့်ကို သတ်ခဲ့တယ်။ "

ချူဟောင်းယူမှာ ပြင်ပ တပည့်များ အတွင်း ပထမ နေရာကို ရရှိရန် ထိုက်တန် ပေ၏၊ အတွင်း တပည့် များပင် သူ့ထံမှ ဓားကို မခံယူ နိုင်ကြ သဖြင့်၊ အလွယ်တကူ အသတ်ခံ ခဲ့ရသည်။

ထိုသတင်းသည် ထိတ်လန့် တုန်လှုပ် ဖွယ် ကောင်းလှပြီး၊ လူတိုင်းကို အသက်ရှူ ကျပ်သွား စေ၏။

သတင်းများ ကြားလာ ရ သည်နှင့် အမျှ၊ ရတနာ တောင်ကုန်း ပြည်နယ် အဖွဲ့ဝင် များ၏ မျက်နှာ များမှာ ပျက်ယွင်း သွားကုန်သည်။

အကယ်၍ ၎င်းတို့မှာ အလွန် သန်မာလာ ပါက၊ လင်းယွန် အတွက် ဓားသင်္ချိုင်း ဂူတွင်၊ အခွင့် အရေး မရှိနိုင်ဟု ဆိုလို ပေသည်။

ဘိုင်တင်းက ပြုံးလိုက်၏။ သူက လျိုဖန်းဘက် လှည့်ကာ၊

" လူအိုကြီး၊ မင်း ပြုံးနိုင်တုန်း ပဲလား၊ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ထားနိုင်တဲ့ ဒီလူတွေနဲ့ ယှဉ်ရင်၊ မင်းရဲ့ လင်းယွန်က ဘာမှ မဟုတ်ပါ ဖူးလို့၊ ငါပြောတယ် မဟုတ်လား။ ”

" အစီရင် ခံပါတယ်။ "

ထိုအချိန် မှာပင် သတင်း ပို့ရန်၊ သင်းထောက် တစ်ယောက် ထပ်မံ ရောက်ရှိ လာသည် ကြောင့်၊ ဘိုင်တင်းက မျက်မှောင်ကြုတ် သွားသည်။

ထိုသင်းထောက်မှာ ဇောင်ယွန်းရှန်ကို စောင့်ကြည့်ရန် တာဝန်ရှိ ထားသူ ဖြစ်ပြီး၊ ယခင်က သတင်း ဆိုးကို သူ့အား ပြောပြ လာခဲ့သူ ဖြစ်သည်။

သည်လူကို မြင်ချိန်၊ စိတ်ထဲ၌ မကျိန် ဆဲဘဲ၊ မနေနိုင် တော့ချေ။ သူက လက်ကို ဝှေ့ယမ်း လိုက်ပြီး၊

“ မင်း သတင်း ပေးစရာ မလိုဘူး၊ ဇောင်ယွန်းရှန်က အတွင်း တပည့် တွေကို အနိုင်ယူခဲ့ မယ်ဆိုတာ ငါသိတယ်၊ အမှိုက်တစ်စ မဟုတ်သရွေ့ ဓားဧကရာဇ် ဆေးပင်ကို သန့်စင်ပြီး တာနဲ့ ဒီလောက်တော့ စွမ်းဆောင် နိုင်ရမယ်။ ''

" ဟို ... အဲ့ဒါ ...မဟုတ်ဘူး အကြီးအကဲဘိုင်၊ ဇောင်ယွန်းရှန်က လင်းယွန်ပါ၊ သူက အတွင်း တပည့် တွေရဲ့ 'သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း'ကို၊ လက်သီး တစ်ချက်တည်းနဲ့၊ ဖျက်ဆီး ပစ်လိုက် ပါတယ်။ "

သတင်းပို့ လာသော သင်းထောက်မှာ ကြောက်စိတ်ဖြင့်၊ အရဲစွန့် တင်ပြ လိုက်သည်။

" ဘာ ... "

ထိုသတင်းကြောင့် လူတိုင်း အံ့ဩ သွား၏။ ဇောင်ယွန်းရှန်သည် လင်းယွန် ဖြစ်ကာ၊ ' သေမင်း ဓားသုံးလက်' ကို၊ လက်သီး တစ်ချက် ဖြင့်၊ ဖျက်စီး သွားခဲ့ လေပြီ။

ထိုသို့ ဆိုပါလျှင်၊ သူတို့ အားလုံး၏ လောင်းကြေးများ ဆုံးရှုံး သွားခြင်းဟု ဆိုရ ပေမည်။

စင်မြင့်ပေါ်ရှိ အကြီးအကဲ များနှင့် တပည့်များအားလုံး တုန်လှုပ်သွား ကြသည်။ ဘိုင်တင်းပင် အံသြ သွား၏။

သူ အမုန်းဆုံး လူ နှစ်ယောက်မှာ၊ တစ်ယောက်ထဲ ဖြစ်နေ လိမ့် မည်ဟု၊ သူ မထင် ထားပေ။ ထိုင်ခုံ ပေါ်မှ ချက်ချင်း ထရပ် လိုက်ပြီး၊

“ မဖြစ် နိုင်ဘူး၊ ငါ အသေးစိတ် သိချင်တယ်။ "

" ဟား ဟား ဟား လူအိုကြီးဘိုင်၊ မင်းက ဘာလို့ လက်အောက် ငယ်သား တစ်ယောက် အပေါ် အပြစ်မြင် နေရ တာလဲ၊ မင်းထပ် ကြားချင် နေမှတော့ ငါပြော ပြမယ်။ "

လျိုဖန်း၏ မျက်လုံးများ ကျဉ်းမြောင်း သွားကာ ပြုံးလိုက်၏။ သူ့ မုတ်ဆိတ် မွေးကို ညင်သာစွာ ပုတ်ရိုက် လိုက်ပြီး၊

“ ဇောင်ယွန်းရှန် ဆိုတာ ယီလျူယွင်ကို သတ်ခဲ့တဲ့ လင်းယွန် ဖြစ်သလို၊ လင်းယွန် ဆိုတာလည်း၊ ဓားဧကရာဇ် ဆေးပင်ကို ရယူသွား နိုင်ခဲ့တဲ့ ဇောင်ယွန်းရှန် ပါပဲ၊ သူက ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ပြီးတဲ့နောက်၊ 'သေမင်းဓား သုံးလက် ဖွဲ့စည်းခြင်း' နည်းစနစ်ကို၊ လက်သီး တစ်ချက်နဲ့၊ ဖျက်ဆီး ခဲ့တယ်။ ”

-ဟု ဆိုလိုက် လေသည်။

***

All Chapters