ထိပ်တိုက်ရင်ဆိုင်မှု ။
Vol. 22 Ch. 303
လျိုဖန်း၏ မျက်လုံးများ ကျဉ်းမြောင်း သွား ပြီးနောက်၊ သူ့ မုတ်ဆိတ် မွေးကို ညင်သာစွာ ပုတ်ရိုက် လိုက်ကာ၊
'' ဇောင်းယွန်ရှန် ဆိုတာ လင်းယွန်ပဲ။ ''
လျိုဖန်း၏ စကားက ဘိုင်တင်း မျက်နှာကို ပို၍ ဆိုးရွား သွား စေ၏။
မျက်လုံး များထဲတွင် မယုံကြည် နိုင်ခြင်း များနှင့် အတူ၊ သူ့ မျက်နှာ ပေါ်ရှိ ယုံကြည် မှုများ ပျောက်ဆုံး သွားတော့သည်။
ဘိုင်တင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည့် အကြီး အကဲများ အားလုံးက၊ အံ့သြ သွားကြသည်။
" ဟမ့် ... ဇောင်ယွန်းရှန်က လင်းယွန်၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ "
“ သူရဲ့ ကျားနဂါး လက်သီးကို ဘယ်သူ ကမှ မသိ ခဲ့ဖူးလား၊ လုံးလုံး အသုံး မချခဲ့ တာရော ဖြစ်နိုင်လား။"
“ ဒါက နည်းနည်း ချဲ့ကားရာ၊ ရောက်တယ်၊ သူနဲ့ အတူ ဓားဧကရာဇ် ဆေးပင် အတွက် တိုက်ပွဲ ဝင်ခဲ့တဲ့၊ တပည့်တွေ အားလုံးကို အမှိုက် တွေလို့ ထင်နေလား။
ဝေဖန် သံများက ဇောင်ယွန်းရှန် ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို ရရှိ ချိန်ထက်၊ ပို၍ ကျယ်လောင် ပေ၏။
အဖြစ်မှန်ကို အချိန် အနည်းငယ် ကြာသည် အထိ လက်ခံ လိုခြင်း မရှိ ကြချေ။
မကြာ သေးမီ ကပင် လင်းယွန်မှာ ပုန်းအောင်းနေ ရမည်ဟု၊ ဘိုင်တင်းက စိတ်ချ ယုံကြည်စွာ ပြောနေ သေးသည်။
သို့သော် လင်းယွန်မှာ ပုန်းကွယ်ခြင်း မရှိ ရုံသာ မက၊ ဓားဧကရာဇ် ဆေးပင်အား ရယူကာ၊ သူ့ ခွန်အားကို တိုးမြှင့် နိုင်ခဲ့သည်။
သေမင်း ဓားသုံးလက် ဖွဲ့စည်းခြင်း ကို၊ ဖျက်ဆီး နိုင်ခဲ့သော ခွန်အား အရ၊ ချူဟောင်းယူထက် နိမ့်ကျမည် မဟုတ်ပေ။
" ဇောင်ယွန်းရှန် က လင်းယွန်လား။ "
သတင်း ကြားလိုက် သည်နှင့် ဝမ်ယန်၏ အပြုံးမှာ အေးခဲ သွား၏။ ခဏကြာတွင် သူက၊
“ အမှိုက်တွေ၊ မျက်နှာဖုံးလေး တပ်ထား တာနဲ့ပဲ၊ ဘယ်သူမှ မမှတ်မိ တော့ဖူးလား၊ သူ့ရဲ့ကျားနဂါး လက်သီး ကိုတောင် သတိ မထား မိရအောင်၊ အကုန်လုံး မျက်စိကန်း နေ ကြတာလား ဟမ်။ ”
ဆုကြေး ထုတ်ပေး ရာတွင် ရည်ရွယ်ချက် နှစ်ခုရှိသည်။ လင်းယွန်ကို ဝိုင်ရံ လုပ်ကြံ စေရန် သေမျိုး ထိပ်ဆုံး ဆယ်ယောက်ကို ဆွဲဆောင် ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဓားဧကရာဇ် ဆေးပင် အတွက် လင်းယွန်မှ ဝင်ရောက် ဆင်နွှဲခြင်း မရှိစေရန် ဟန့်တား လိုခဲ့သည်။
သူ့ ဆန္ဒများ အတိုင်း ပထမ အကျော့၌ လင်းယွန်၏ အရိပ် အယောင်မျှ မမြင် ခဲ့ရ သောကြောင့်၊ သူ၏ ရည်မှန်းချက်ကို ပြီးမြောက် ခဲ့သည်ဟု ယူဆ နိုင်သည်။
သို့သော် ယခု အချိန်၌ သူ့ ရည်ရွယ်ချက် နှစ်ခု စလုံးကို ပျက်စီး သွားခဲ့လေပြီ။
လန်းမိုက ဝမ်ယန်၏ ဒေါသကို မြင်ကာ၊ စကား မပြောရဲ တော့ချေ။ အထက်တန်းစား ပြည်နယ်၏ အခြားသော တပည့်များ သည်လည်း၊ အလားတူ ခေါင်းငုံ့ သွားကြ၏။
လင်းယွန်၏ ပုံရိပ်ကြောင့်၊ နှလုံးသား ထဲတွင် ကြောက်ရွံ့မှုများ ရုတ်ခြည်း လှိုင်းထ လာလေသည်။
ဂိုဏ်းထဲ ဝင်ရောက်ပြီး တစ်နှစ်ခန့် အချိန် အတွင်း၊ လင်းယွန်၏ ကြီးထွား လာမှုမှာ အံ့အားသင့် စရာ ပေပင်။
အကယ်၍ သူသည် မဟာမိတ် ပြည်ထောင်စု တိုက်ပွဲကို ကျော်ဖြတ် နိုင်ခဲ့ ပါက၊ အတွင်း တပည့် အဖြစ်၊ ကောင်းကင်သို့ ပျံတက် သွားပေ လိမ့်မည်။
သို့ဖြစ် ပါလျှင် အနာဂတ်တွင် လင်းယွန်ကို ဖိနှိပ်ရန် နည်းလမ်း မရှိ နိုင်တော့ချေ။
ထိုအတွေးကြောင့် လူတိုင်း ထိတ်လန့်စ ပြုလာ၏။ နောက်ဆုံးတွင်၊ လင်းယွန်မှာ အထက်တန်းစား ပြည်နယ်နှင့်၊ မလျော် ကန်သော ရန်စ ရှိထား လေသည်။
ဝမ်ယန်၏ မျက်နှာမှာ မည်းမှောင်နေ၏။ 'မိုးကြိုး ရှစ်ဖော်' ထံ လှည့်ကာ၊ ဖူလင်တန် အနားသို့ ကပ်သွား ခဲ့သည်။
သူ့ လက်ကို နှုတ်ခမ်းတွင် ကွယ်လိုက် ပြီးနောက်၊ နားရွက်နား တိုးကပ် သွားကာ၊ အလေး အနက် ထားသော မျက်ဝန်း များဖြင့်၊ တီးတိုး ဆိုလိုက်သည်။
ဖူလင်တန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊
“ စိတ်ချပါ၊ ငါ့ကို ထားခဲ့။ "
ဝန်ယန်၏ မျက်နှာက မှိန်ဖျော့ သွားလျက်၊
“ လင်းယွန် သေရမယ်၊ ဒါက လုံးဝ ပြောင်းလဲလို့ မရဘူး၊ သူက အတွင်း တပည့် ဖြစ်လာပြီး၊ 'ဝိညာဉ် အဆင့်' နည်းစနစ်ကို၊ ကျင့်ကြံခွင့် ရသွားရင်၊ ငါတို့ အတွက်၊ အခွင့် အရေး ရှိတော့မှာ မဟုတ်ဘူး။ ”
“ ငါ နားလည် ပါတယ်။ ”
ဖူလင်တန်က မဆိုင်းမတွ ပြန်ဖြေသည်။ အထက်တန်းစား ပြည်နယ်ရှိ လေထုမှာ၊ အမှောင် အငွေ့ အသက်များ ယှက်သန်း လာ ခဲ့သည်။
လင်းယွန်နှင့် ဇောင်ယွန်းရှန် မှာ တစ်ယောက်ထဲ ဖြစ်သည်ကို လူတိုင်း ကြားသိ ရသော အခါတွင်၊ သူတို့ ရရှိ ခဲ့သော ထိတ်လန့် မှုမှာ၊ ကြီးမားလွန်း ပေ၏။
အထက်တန်းစား ပြည်နယ် သာမက၊ အခြားသော မဟာမိတ် အဖွဲ့များ မှာလည်း၊ ထိတ်လန့် သွား ကြသည်။
မိုချန်က ရတနာ တောင်ကုန်းကို သတင်း ပြန်ပို့ လိုက်သည်နှင့်၊ ရှင်းယန်က ပြုံးလိုက်ပြီး၊
“ ဒါက တကယ်ပဲ ကိုး၊ ဇောင်ယွန်းရှန်ရဲ့ နာမည်ကို ကြားလိုက် တာနဲ့ ...၊ တစ်ခုခုကို ငါသံသယ ရှိနေ ပြီးသား ...၊ သွား ရအောင် ငါတို့ရဲ့ နိုင်ကြေး ငွေကို ထုတ်ရမယ်။ "
" နိုင် ကြေး ... "
မိုချန်က အနည်းငယ် ရှုပ်ထွေးသွား ဟန်ဖြင့်၊ ရှင်းယန်ကို ပြန်ကြည့် လိုက် ပြီးနောက်၊ သတိရ သွားကာ၊
" အို ဟုတ်သား၊ ဂျူနီယာ ညီလေး အပေါ် ဝိညာဉ် ကျောက်စိမ်းတုံး (၅၀,၀၀၀)ကို လောင်းထား ခဲ့တာပဲ၊ ဒီတစ်ကြိမ်တော့ ချမ်းသာပြီ။ ”
ရှင်းယန် ကဲ့သို့ပင်၊ လျိုဖန်း သည်လည်း၊ သူ၏ နိုင်ကြေး တွေကို စတင် စုဆောင်း တော့သည်။ ဒုတိယ တန်းစား ဝိညာဉ် ကျောက်စိမ်း (၅,၀၀၀)မှာ၊ များပြား လှသော ပမာဏ ဖြစ်သည်။
ဇောင်ယွန်းရှန်က ပထမဆုံး ဓားဧကရာဇ် ဆေးပင်ကို ရယူ သွား ပြီးနောက်၊ လောင်းကြေး ပျက်ပြယ် သွားခဲ့သည်။
ယခုမူ ဇောင်ယွန်းရှန်မှာ လင်းယွန် ဖြစ် သောကြောင့်၊ လောင်းကြေးကို ပျက်ပြယ် စေမည့်၊ အကြောင်း ပြချက် မရှိ တော့ပေ။
“ လူ အို ကြီး၊ အဲမှာ ရပ်မနေနဲ့၊ ဝိညာဉ်ကျောက်စိမ်း တွေကို လွှဲပေး ပါဦး။ ”
လျိုဖန်က ပြုံးပြီး၊ သူ့လက်ကို ဆန့်ကာ၊ လက်ဖဝါး ဖြန့်လိုက်၏။ ထိုသို့သော လုပ်ရပ်သည် အကြီးအကဲ ခန်းမ၏ တတိယအကြီးအကဲ ဖြစ်သော၊ သူ၏ ရာထူး အရ၊ နိမ့်ကျ စေသော်လည်း၊ ထိရောက်မှု ရှိလေသည်။
“ ဘာဝိညာဉ် ကျောက်စိမ်းလဲ။ ”
ဘိုင်တင်းက တွန့်ဆုတ် သွား၏။
“ အရှုံးကို လက်မခံချင် ဖူးလား၊ ဒါဆိုလည်း ... ကိစ္စ မရှိ ပါဘူး၊ 'ကာကွယ်သူ မက်မွန်' ဆီကို သွားရအောင်၊ မင်းက ကစားပွဲမှာ၊လောင်းကြေး လုံးဝ မထည့်ဝင် ခဲ့ပါ ဖူးလို့ ငြင်းရဲ့ တဲ့ သတ္တိရှိ နေသရွေ့ ...၊ ငါ မင်းဆီက တောင်းမှာ မဟုတ်ပါဘူး။ ”
လျိုဖန်းက ကျယ်လောင်စွာ ရယ်မော လိုက်သည်။
" မင်း.... မင်းက အဝေးကြီးကို တွန်းနေ တာပဲ ။ "
ဘိုင်တင်းက ဒေါသ ထွက်သွားသည်။ သူ့မှာအရေထူ ခဲ့လျှင်ပင်၊ 'ကာကွယ်သူ မက်မွန်' ရှေ့၌ မလိမ် ဝံ့ပေ။
ကျင့်ကြံသူ များကြားတွင် အကြီးအကဲ များမှာ၊ စီနီယာများ ဖြစ်သောကြောင့်၊ 'စံ' အဖြစ် ၎င်းတို့၏ ကတိကို လိုက်နာ ရမည် ဖြစ်သည်။
ထို့အပြင် သူသည် အကြီးအကဲ ခန်းမတွင် ရာထူး တိုးရန် အလား အလာ ရှိနေ သေးသည်။
" ရော့ ။ "
ဘိုင်တင်းက သိုလှောင်အိတ် တစ်လုံးအား လွှဲပေး လိုက်သည်။
" ကျေးဇူးပဲ။ "
လျိုဖန်းက ကစားပွဲတွင် ပါဝင် ထားသော အခြား အကြီးအကဲ များထံ လှည့်ကြည့် လိုက်သည်။
ဘိုင်တင်း ကိုယ်တိုင်က သူ့ အရှုံးကို ဝန်ခံ ခဲ့သည်မို့၊ ဘယ်သူ ကမှ လောင်းကြေးကို မပယ်ဖျက်ဝံ့ တော့ပေ။
သို့သော် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို ပေးသော အခါတွင်၊ သူတို့၏ မျက်နှာ ပေါ်၌ နာကျင်မှုများ ထွက်ပေါ် လာခဲ့သည်။
“ ဟဲဟဲ၊ မင်းတို့ရဲ့ ကတိ တွေကို စောင့်ထိန်း ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်၊ လင်းယွန်က အတွင်း တပည့် အဖြစ်၊ ရာထူးတိုး လာတဲ့ အခါ၊ ငါပေး ပေးပါ့မယ်၊ ဒီကျောက်စိမ်းတွေ မင်းတို့ ဆီက၊ လာမှန်း သိရင်၊ အားလုံးကို ကျေးဇူးတင် နေမှာပါ။ ''
လျိုဖန်းက သိုလှောင်အိတ် များကို သိမ်းဆည်းပြီး၊ ရယ်မော လိုက်၏။
“ မင်း ပေးခွင့် ရမယ် ထင်လား၊ ဓားဧကရာဇ် ဆေးပင်ကို သန့်စင်ထား ရင်တောင်၊ သူသေ ရလိမ့်မယ်။ ”
ဟု ဘိုင်တင်းက ကျိန်ဆဲ လိုက်သည်။
လျိုဖန်းက သူ့မုတ်ဆိတ် မွေးများကို ပွတ်လျက် ပြုံးလိုက်ပြီး၊
" ဒါဆို စောင့်ကြည့် ရအောင်၊ ချန်ပီယံ မဖြစ် ခဲ့ရင်တောင်၊ ထိပ်ဆုံး ဆယ်ယောက် ထဲကို ဝင်ရောက် နိုင်ပါ သေးတယ်။ ”
စင်မြင့် ပေါ်ရှိ လေထုက ပြောင်းလဲ လာသောကြောင့်၊ လူတိုင်းအား နောက်ဆုံး တိုက်ပွဲ အတွက်၊ စိတ်လှုပ်ရှား မှုများ ဖြစ်ပွား လာစေသည်။
လင်းယွန်နှင့် အဖွဲ့က ဓားသင်္ချိုင်း ဂူထဲသို့၊ လှမ်းဝင် လိုက်သည်နှင့်၊ မျက်နှာများ လေးနက် သွား၏။
ဓားသင်္ချိုင်း ဂူဟု ဆိုသော်လည်း၊ ဂူကြီး တစ်လုံး မဟုတ်ပေ။ မြူများ ဆိုင်းနေသော တောင်ထိပ် တစ်ခုသာ ဖြစ်ပေသည်။
ကောင်းကင်တွင် မှောင်မိုက် နေပြီး နေရောင်ခြည်ပင် တိုးမပေါက် နိုင်ခဲ့ချေ။
မြေပြင် ပေါ်တွင်မူ ရှေးဟောင်း ဓားရှည် ထောင်ပေါင်း များစွာ စိုက်လျက် အနေ အထားဖြင့် ရှိနေသည်။
ဓားတစ်လက် ချင်းတွင် ပြင်းထန်သော ဓား ရည်ရွယ်ချက်များ ထွက်ပေါ် နေပြီး၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော လေထုက လူတိုင်းကို ဝါးမျိုထား သကဲ့သို့၊ ခံစား ရစေသည်။
ဓားသင်္ချိုင်း ဂူတွင် အတွင်း၌၊ တပည့် များစွာ ရှိနေ ကြကာ၊ ပြင်ပ တပည့်များ ရောက်လာသည်ကို မြင်သော အခါတွင်၊ ဖော်ရွေခြင်း မရှိဘဲ၊ အေးစက်စွာ လှည့်ကြည့် လိုက် ကြသည်။
" ဒီလူတွေက အပြင်မှာ လမ်းပိတ် ထားတဲ့ သူတွေထက် ပို သန်မာတယ်"
ဟု လီဝူယုက လေးနက်သော အမူအရာဖြင့် ဆိုသည်။
လင်းယွန်၏ အကြည့်က မြေပြင် ပေါ်ရှိ၊ ရှေးဟောင်း ဓားရှည်များ ပေါ်သို့၊ ရောက်ရှိသွားပြီး၊
“ ဒုတိယ အကျော့ စည်းမျဉ်း တွေကို မသိသေး သလို၊ ငါတို့မှာ အခွင့် အရေး လုံးဝ မရှိဘူးလို့၊ မဆိုလို ပါဘူး။”
" အစ်ကိုကြီးလင်း၊ ဟိုမှာ ...."
တောင်ဘက် တံခါး ဝမှ၊ လူတစ်စု နှင့်အတူ၊ လျှောက်လှမ်း လာသော၊ ဟန်ဇောင်းယန်၏ ဦးတည် ရာသို့၊ လင်းယန်က ညွှန်ပြ လိုက်၏။
လူဟေရွှမ်နှင့် ရှင်းဝူဟန် တို့နှစ်ယောက်က သူ့ဘေးတွင် ရပ်နေ ပုံအရ၊ သုံးယောက်သား မဟာမိတ် ဖွဲ့ထား သည်မှာ၊ သေချာ လှပေသည်။
" စီနီယာ အစ်ကို ဟန်၊ ဟိုမှာ လင်းယွန် မဟုတ်လား။"
ရှင်းဝူဟန်က လင်းကျူရှန် ဘေးရှိ လင်းယွန်ကို သတိပြု မိသွား၏။
" သူက ဓားဧကရာဇ် ဆေးပင်ကို ပထမဆုံးရယူ သွားနိုင်တယ်။ "
လူဟေရွှမ်က ဆိုသည်။ ဟန်ဇောင်ယန်းက ထိုကိစ္စကို စိတ်မဝင်စား ခဲ့ပေ။
လှုပ်ရှားမှု ဆယ်ကြိမ် အတွင်း မြေကြီး အဆင့် တပည့် များကို အနိုင်ယူ ပြီးနောက်၊ သူကိုယ်သူ ယုံကြည်မှု အပြည့်ရှိ လာခဲ့သည်။ ထို့ကြောင့် သူက၊
“သူ့ကို လျစ်လျူရှု ထားလိုက်၊ ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ထား တာတောင်၊ နက်နဲ ပဉ္စမ အဆင့် မှာပဲ၊ ရှိနေ သေးတဲ့ အတွက်၊ သူ့ ခွန်အားက ကန့်သတ်ချက် ရှိတယ်၊ ငါက ပဉ္စအဆင့်၊ အထွတ် အထိပ်ကို ရောက်နေပြီ၊ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်နဲ့၊ သူ့ကို ငါ နှိမ်နင်း နိုင်တယ်။ ”
သူ့စကား ဆုံးချိန် မှာပင်၊ ဂျင်းဖိန်နှင့် ယီရှု ဝင်ရောက် လာသည်။ သူတို့၏ အသွင်ပြင် များက လူတိုင်း အာရုံကို ချက်ချက် ဖမ်းစား သွားသည်။ အတွင်းတပည့် အများ အပြား ကလည်း၊ သူတို့အား ကြောက်ရွံ့သော မျက်လုံး များဖြင့်၊ ကြည့်လာ ကြ၏။
သူတို့ နှစ်ဦးသည် သေမျိုး အဆင့်တွင် ဒုတိယနှင့်၊ တတိယ ၌ရှိကာ၊ မြေကြီး အဆင့်ရှိ လူတိုင်းက၊ ၎င်းတို့ အကြောင်းကို ကြားဖူးထား ပေသည်။
'' စီနီယာ အစ်ကိုဂျင်း... အတွင်း တပည့်တွေ များလိုက်တာ။ ''
အသူရာ မဟာမိတ် အဖွဲ့၏ တပည့်များက သက်ပြင်းချ လိုက်သည်။
ဂျင်းဖိန်က ပြုံးပြီး၊
" သူတို့ကို သိပ် စိတ်မ၀င် စားပါနဲ့၊ ဂိုဏ်းက သူတို့ကို မဟာမိတ် ပြည်ထောင်စု တိုက်ပွဲမှာ ပါဝင် ခိုင်းမှတော့ အမှိုက်တွေ ပါပဲ၊ ငါနဲ့ အတူ အသူရာ မဟာမိတ် အဖွဲ့က လူတိုင်းက သူတို့ကို တိုက်ခိုက်ပြီး၊ ထိပ်တန်း တစ်ရာ အတွင်း ဝင်အောင် လုပ်ပါ။ ”
ထိုအချိန်တွင် ချူဟောင်းယူ ရောက်ရှိ လာသည်ကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင် ထားပြီး ဓားတစ်ချောင်းကို ကိုင်လျက်၊ တည်ငြိမ်စွာ လျှောက်လှမ်း လာ၏။
သူ့ထံမှ ယိုစိမ့် ကျနေသော အေးစက်သည့်အရှိန်အဝါ များကြောင့်၊ အထက်တန်းစားမဟာမိတ် အဖွဲ့ဝင် များက ခပ်ခွာခွာ အနေ အထားဖြင့်၊ လိုက်ပါ လာရသည်။
အတွင်းတပည့်များ အပါအဝင် အားလုံးက သူ့ကို လှည့်ကြည့် မိ၏။ ချူဟောင်းယူသည် တစ်ချိန်က ဘိုင်လိရွှမ်နှင့် ယှဉ်ပြိုင်ခဲ့ ဖူးသော ဘီလူး တစ်ကောင် ဖြစ်သည်။
အငြင်းပွား စရာ မရှိ အောင်ပင်၊ သူ၏ ခွန်အားမှာ မြေကြီး အဆင့်သို့၊ ဝင်ရောက်ရန် လုံလောက် နေပြီဟု၊ ကောလ ဟာလများ ထွက်ပေါ် နေခဲ့သည်။
သို့သော် ချူဟောင်းယူ၏ အကြည့်မှာ လူတစ်ယောက် တည်းပေါ် ၌သာ ရှိနေ ခဲ့ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒများ ဖုံးကွယ် မထား ခဲ့ပေ။ အကြည့် တစ်ချက် နှင့်ပင်၊ လေထုအတွင်း၌ ပြင်းထန်သော ဓားသွား အသံများ အော်မြည်လာ သကဲ့သို့ ခံစား လာရ စေသည်။
လူတိုင်းက၊ စူးစမ်းချင် စိတ်ကို မထိန်းနိုင် ကြတော့ဘဲ ချူဟောင်းယူ၏ အကြည့် နောက်သို့ လိုက်ပါ မိကြသည်။
လင်းယွန်။
အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသော လူငယ် တစ်ယောက်က ကြောက်ရွံ့မှု မရှိဘဲ၊ မှုန်တေတေ အပြုံးဖြင့်၊ ချူဟောင်းယူကို ပြန်ကြည့် နေခဲ့သည်။
ချူဟောင်းယူနှင့် ပတ်သတ်၍ လင်းယွန် သဘောကျ သည်မှာ၊ ဤအချက် ပေပင်။
ချူဟောင်းယူသည် သူသတ် ချင်သော မည်သူ့ကို မဆို၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ဖုံးကွယ် ထားမည် မဟုတ်ပေ။
ထိပ်ဆုံး ဆယ်ယောက်ရှိ လူတိုင်းက၊ သူ့ကိုသတ်ချင် နေကြ သော်လည်း၊ ချူဟောင်းယူ တစ်ယောက် သည်သာ၊ သူ၏ ဆန္ဒကို ပြောင်ပြောင် တင်းတင်း ထုတ်ဖော် ပြသ ခဲ့သည်။
ယင်းမှာ ဘီလူး တစ်ကောင်၏ ယုံကြည်မှုနှင့်၊ မာန တရား ပေပင်။
လင်းယွန်က ပြုံးပြီး၊ သူ၏ သတ်ဖြတ် လိုသော ဆန္ဒကို၊ ပြန်လည် ထုတ်လွှတ် လိုက်လေသည်။
သတ်ဖြတ် လိုသော ဆန္ဒ နှစ်ခုမှာ၊ လေထု ထဲတွင် တိုက်ခတ် သွားပြီးနောက်၊ ကြီးမားသော ထိတ်လန့် ဖွယ်ရာ လေထုကို ဖန်တီး လာခဲ့သည်။
စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ ဓားသွားများ စူးစူး ဝါးဝါး အော်ဟစ်နေ သကဲ့သို့၊ တချွင်ချွင် မြည်သံများ ကြားလိုက် ရ၏။
***