လူပြက်တွေ။
Vol. 22 Ch. 304
သတ်ဖြတ် လိုသော ဆန္ဒ နှစ်ခုမှာ၊ လေထု ထဲတွင် တိုက်ခတ် သွားပြီးနောက်၊ ကြီးမားသော ထိတ်လန့် ဖွယ်ရာ လေထုကို ဖန်တီး လာခဲ့သည်။
စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ ဓားသွားများ စူးစူး ဝါးဝါး အော်ဟစ်နေ သကဲ့သို့၊ တချွင်ချွင် မြည်သံများ ကြားလိုက် ရ၏။
သန့်စင်သော ဓား ရည်ရွယ်ချက် များကြောင့် ဓားသင်္ချိုင်း တောင်ထိပ် တစ်ခုလုံး တုန်ခါ သွားလေသည်။
လင်းယွန် နှင့် ချူဟောင်းယူ၏ သတ် ဖြတ်လိုသော ဆန္ဒ များကြောင့်၊ ဤမျှ ကြီးမားသော ရုန်းရင်း ဆန်ခတ် မှုများ ဖြစ်ပေါ်လာ မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။
ထက်ရှသော လေပြင်းများ အနီး ဝန်းကျင်၌ တိုက်ခတ် လာသောကြောင့်၊ လူအုပ်ကြီးမှာ စိတ်လှုပ်ရှား သွား၏။
“ ကြောက်စရာ ကောင်းလိုက်တဲ့ ဓား ရည်ရွယ်ချက်ပဲ။ ”
“ဒီဓားသင်္ချိုင်း ဂူက နည်းနည်းတော့ ကြောက်စရာ ကောင်းလွန်းတယ်၊ ဒီမှာ မြှုပ်နှံ ထားတဲ့ ဘိုးဘေး တွေရဲ့ ကျင့်ကြံ မှုက၊ ဘယ် အဆင့်မှာ ရှိမယ်လို့၊ မင်းထင်လဲ …။ ”
“ သူတို့က အနည်းဆုံး ခရမ်းရောင် နန်းတော် နယ်မြေရဲ့ ပဉ္စမ အဆင့်မှာ ရှိရမယ်၊ အနီး တဝိုက်မှာ 'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' က၊ကျင့်ကြံသူ တွေတောင် ရှိနိုင် ပါတယ်။ ''
" စိတ်ဝင် စားစရာပဲ။ ”
လင်းယွန်နှင့် ချူဟောင်းယူ တို့၏ အကြည့် များကြောင့် ဓားသင်္ချိုင်း တောင်ကုန်း ထံမှ ဘိုးဘေး တို့၏ ဓားရည်ရွယ် ချက်များ လှုပ်ရှား လာခြင်း ဖြစ်သည်။
တပည့်များ အားလုံးက၊ မိမိ ကိုယ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ မူလ စွမ်းအင် များအား ထုတ်ဖော် လိုက် ကြသည်။
အချို့သော အားနည်းသူ များမှာ၊ သူတို့၏ လက်နက်များ ကိုပင်၊ ဆွဲထုတ် လိုက်ရ၏။
ဤသို့သော ဖြစ်စဉ် များမှာ လူနှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ကြည့်ရုံ မျှဖြင့်၊ ဖြစ်ပေါ် လာသော အကျိုး ဆက်များ ပေပင်။
" ချူဟောင်းယူက ဒီလောက် သတ်ဖြတ်ချင် ရလောက်အောင်၊ အဲ့ဒီ လူက ဘယ်သူလဲ။ "
လင်းယွန်ကို ကြည့်ပြီး၊ အတွင်းတပည့် များက၊ အံ့သြစွာ စူးစမ်းလာ ကြသည်။
ချူဟောင်းယူ ကဲ့သို့၊ သေမျိုး အဆင့် ပထမ၌ ရှိသော သူတစ်ယောက် အတွက်၊ ဂုဏ်ယူဖွယ် ဖြစ်တည်မှု ဖြစ်သင့် ပေသည်။
သို့သော် ထိုသို့သော တည်ရှိမှု မျိုးဖြင့်၊ သတ်ဖြတ် လိုသော ဆန္ဒကို ပြသ ခံရသော လူငယ်မှာ၊ သူ့နီးနီး သန်မာ သည်ဟု၊ ဆိုလို ပေသည်။
ဆိုလို သည်မှာ ကျား တစ်ကောင်သည် ပုရွတ်ဆိတ် တစ်ကောင်အား စိတ်မဝင် စား နိုင်ပေ။သူ့ အာရုံကို ဆွဲဆောင် နိုင်သော ပြိုင်ဘက်မှာ၊ သန်မာသော သားရဲ များသာ ဖြစ်ပေမည်။
ထို့အပြင်၊ အဆိုပါ လူငယ်သည် ပျော့ညံ့ပုံ မပြဘဲ၊ ချူဟောင်းယူကို ကျားတစ်ကောင် ကဲ့သို့၊ စူးစူးရဲရဲ ပြန်ကြည့် နေခဲ့သည်။
" သူက လွန်ခဲ့တဲ့ နှစ်လက၊ အနီရောင် ဖီးနစ်ကို အသံ မြည်စေ ခဲ့တဲ့ လင်းယွန်ပဲ။ "
" အဲ့ဒါ သူလား.... ဒါဆို ရင်တော့၊ ရှားဖန်ကို သတ်နိုင်တဲ့ အတွက်၊ အရည် အချင်း နည်းနည်း ရှိပါတယ်။ ”
“ အနီရောင် ဖီးနစ်ရဲ့ မြည်သံက၊ ထိပ်ဆုံး ဆယ်ယောက် မျက်နှာကို ဖြတ်ရိုက် လိုက်တာနဲ့၊ အတူတူ ပါပဲ၊ အခုပဲ ကြည့် ...၊ ချူဟောင်းယူက သူ့ရဲ့ သတ်ဖြတ် လိုတဲ့ ဆန္ဒကို ထိန်းချုပ် နိုင်စွမ်း မရှိ တော့ဘူး။ ”
" မှန်တယ်၊ အထက်တန်းစား ပြည်နယ်က ဝမ်ယန်နဲ့၊ လင်းယွန်က သေလောက်တဲ့ ရန်သူ တွေပဲ၊ မထုတ်ဖော် ခဲ့ပေမယ့်၊ ဝမ်ယန်ကို ပြန်ဆပ်ဖို့၊ လင်းယွန်ရဲ့ ခေါင်းကို ချုဟောင်းယူက၊ ယူချင်နေ လိမ့်မယ်၊ ''
တပည့်များ ကြားတွင် တီးတိုး သံများ ထွက်ပေါ် လာသည် ကြောင့်၊ အတွင်း တပည့် များက ချူဟောင်းယူ၏ လူသတ် ရောင်ဝါကို ထုတ်ဖော် ပြသ ရသည့် အကြောင်းရင်း အား၊ ချက်ချင်း သိ သွားကြသည်။
လင်းယွန်ဆို သူမှာ၊ ( A ) အဆင့် မစ်ရှင် များကို ရယူ ခြင်းဖြင့်၊ ထိပ်တန်း ဆယ်ဦးအား စော်ကား ခဲ့၏။
ချူဟောင်းယူက အထက်တန်းစား ပြည်နယ်သို့၊ ဝင်ရောက် လာပြီးနောက်၊ ဝမ်ယန်၏ အကြွေးကို သဘာဝ အတိုင်း၊ သီးသန့် ပြန်ဆပ် ရမည် ဖြစ်သည်။
လင်းယွန်ကို သတ်ရန် ခက်ခဲမည် မဟုတ်ကြောင်း၊ ချူဟောင်းယူက ယူဆ ထားသည်။ သို့သော် လင်းယွန်မှ ထုတ်လွှတ် လိုက်သော၊ သတ်ဖြတ် လိုခြင်း၊ အရှိန် အဝါကြောင့်၊ ဓားသင်္ချိုင်း တောင်ကုန်း တစ်ခုလုံး၊ တုန်ယင် သွားလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားပေ။
ဤအရာက လင်းယွန်မှာ သူ့အား ပြန်လည် ရင်ဆိုင်ရန် သတ္တိရှိ လိမ်မည် မဟုတ်ဟု၊ မျှော်လင့် ထားသော ချူဟောင်းယူ အတွက် အံ့အား သင့်စေ ခဲ့သည်။
" ဘယ်လောက်တောင် ရဲရင့် လိုက်လဲ။ "
ချူဟောင်းယူက သူ့လက်ကို ဓားပေါ် တင်လိုက်၏။
" အဲ့ဒီမှာ ရပ်လိုက်စမ်း။ "
ရုတ်တရက် ဓားငှက် နှစ်ကောင် ဆင်းသက် လာပြီး၊ အေးစက်သော ဟန့်တား သံများ ထွက်ပေါ် လာသည်။ ဓားငှက် တစ်ကောင် စီတွင်၊ အကြီး အကဲ တစ်ဦးစီ ရပ်နေ ခဲ့၏။
၎င်းတို့သည် ခရမ်းရောင် နန်းတော် နယ်မြေတွင် ရှိနေ ကြပြီး၊ သူတို့၏ ဖိနှိပ်မှု များကြောင့်၊ လေထု အတွင်း ချူဟောင်းယူနှင့် လင်းယွန်တို့၊ ဖန်တီး ထားသော သတ်ဖြတ် လိုခြင်း၊ ဆန္ဒ များကို ချက်ချင်း ကွဲအက် သွား စေ ခဲ့သည်။
လင်းယွန်နှင့် ချူဟောင်းယူ တို့က၊ ထိတ်လန့်မှု အရိပ် အယောင် များဖြင့်၊ နောက်တစ်လှမ်း ပြန်ဆုတ် လိုက်ကြ၏။
လူအုပ်ကြီးက အကြီးအကဲ နှစ်ယောက်ကို မော့ကြည့်လိုက် ကြသည်။
အကြီးအကဲ လျိုဖန်းနှင့်၊ အကြီးအကဲ ဘိုင်တင်း။
၎င်းတို့သည် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အတွက် ဦးစီး ရသော အကြီး အကဲများ ဖြစ်သည်။
ဤတစ်ကြိမ်သည် နောက်ဆုံး တိုက်ပွဲ ဖြစ်သောကြောင့်၊ သူတို့ နှစ်ဦးက ပို၍ အလေး အနက် ထားသည့် အနေဖြင့်၊ ရောက်ရှိ လာခြင်း ဖြစ်ပေသည်။
" အစ်ကိုကြီး မင်း အဆင်ပြေ ရဲ့လား။ "
လီဝူယုက စိုးရိမ် တကြီး မေးလိုက်သည်။ လင်းယန်က စိတ်လှုပ်ရှား စွာဖြင့်၊ လင်းယွန် အနား တိုးကပ် လာသည်။
အစောပိုင်း မြင်ကွင်းသည် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှပြီး၊ ချူဟောင်းယူမှ ဓားရှည်ကို ဆုပ်ကိုင် လိုက်သော အခါတွင်၊ သူတို့ နှလုံးသား ထဲ၌ အေးခဲ သွားခဲ့သည်။
လင်းယွန်က သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊
" အကြီး အကဲ နှစ်ယောက်ကို နှုတ်ဆက် ပါတယ်။ "
လျိုဖန်းနှင့် ဘိုင်တင်းတို့ နှစ်ယောက် စလုံးသည် ဂိုဏ်းထဲတွင် ရာထူး ကြီးမြင့် ကြပြီး၊ 'အကြီးအကဲ ခန်းမ'၏၊ 'ခန်းမ သခင်' များ၊ ဖြစ်လာ နိုင်ချေ ရှိသည်။
ထို့ကြောင့် မည်သူမျှ မရို မသေ မပြု ဝံ့ကြပေ။
" ဒုတိယ အကျော့ရဲ့ စည်းမျဥ်းတွေ မကြေငြာခင် ...၊ မင်းတို့ တွေက တိုက်ပွဲ စချင် နေတာလား။ "
ဘိုင်တင်းက ပြုံးလိုက်ပြီး၊
“ စိတ် မပူ ပါနဲ့၊ နောက်ပိုင်းမှာ အခွင့် အရေးတွေ အများကြီး ရလာ မှာပါ၊ ချူဟောင်းယူ ... မင်းအရမ်း စိုးရိမ် မနေ ပါနဲ့။ "
“ နားလည် ပါပြီ။ ”
ချူဟောင်းယူက ပြန်ဖြေ လိုက်သည်။
လျိုဖန်းက ဘိုင်တင်းကို တစ်ချက် ကြည့်လိုက်၏။ ဤလူသည် ချူဟောင်းယူနှင့် အတူ ထင်ရှားစွာ ရှိနေ သော်လည်း၊ လျိုဖန်းက ဟန်တားရန် နည်းလမ်း မရှိချေ။
စကားဆုံးသည်နှင့် ဘိုင်တင်းက သူ့ လက်ချောင်း များကို ဟန်ပါပါ လွှဲယမ်း လိုက်ပြီ၊ ထူးဆန်းသော တံဆိပ် တစ်ခုအား၊ ဖန်တီးလိုက်၏။
ကြက်သွေးရောင် မီးတောက်များ မြေပြင်၌ ထတောက် လာတော့သည်။
ထို့နောက် မီးတောက် များက မြေပြင် အနှံ့ ဖုံးလွှမ်း လာတော့သည်။
လူတိုင်း အံ့အားသင့် သွားပြီး၊ မီးတောက်ကို ရှောင်ဖို့ရန် နေရာ လွတ်အား ဝေ့ကြည့် မိကြသည်။
အဆုံးတွင် သူတို့ အားလုံးမှာ၊ မြေပြင်၌ စိုက်ကျ နေသော ဓားရှည် များ၏ အရိုးများ ပေါ်သို့၊ ခုန်တက် လိုက်ရ၏။
" ဘာ တွေ လဲ။ "
" ဒီမီးတောက် တွေက ငါ့ရဲ့ မူလ စွမ်းအင်ကို လောင်ကျွမ်း သွားတယ်။ ''
" ပြုတ်ကျရင် ငါတို့ သေမယ်လို့၊ ဆိုလိုတာမဟုတ် ဖူးလား။ "
" ဂိုဏ်းက ဘာလုပ်ဖို့ ကြိုးစား နေကြ တာလဲ။ ''
ဓားရှည်များ ပေါ်တွင် မတ်တပ် ရပ်နေ ကြသော လူအုပ် ကြီးမှာ၊ ထိတ်လန့် တုန်လှုပ် သွားကုန်သည်။ လူတိုင်းက ထူးဆန်းသော အခြေ အနေကို နားမလည် နိုင်ဖြစ် လာသည်။
ဒုတိယ အကျော့ သတ်မှတ်ချက် များက၊ သူတို့ စိတ်ကူးများ အားလုံးကို ကျော်လွန် သွားခဲ့ လေပြီ။
“ ဒီမီးတောက် တွေက၊ မရေတွက် နိုင်တဲ့ ဝိညာဉ် တွေနဲ့ ပေါင်းစပ်ပြီး၊ မီးလျှံ သွေးကြော ကနေ လာတာပဲ၊ ဘိုးဘေး တွေကို ဒီတောင်ရဲ့ မြေအောက် ထဲမှာ မြှုပ်နှံ ထားတယ်၊ ခရမ်းရောင် နန်းတော် နယ်မြေ အောက်မှာ ရှိတဲ့ ...၊ ဘယ်သူ မဆို ဒီမီးလျှံနဲ့ ထိရင် သေရ လိမ့်မယ်။ ”
ဓားငှက် ပေါ်ရှိ လျိုဖန်းက မီးတောက် များ၏ မူလကို ရှင်းပြသည်။ ၎င်းကပင် ဆက်လက်ပြီး၊
“ ဒုတိယ အကျော့ အတွက် စည်းမျဉ်း တွေက ရိုးရှင်း ပါတယ်၊ မင်းတို့ တတ်နိုင် သမျှ ဓားတွေ ပေါ်မှာ မတ်တပ် ရပ်နေပါ၊ အချိန်ကြာ လာတာနဲ့ အမျှ၊ ကျောက်စိမ်းပြား ထဲက ကြယ်တွေ တိုးလာ လိမ့်မယ် ....''
'' ..... နောက်ဆုံး လူ တစ်ယောက်သာ ရပ်ကျန်တော့ မှပဲ၊ ဒုတိယ အကျော့က အဆုံးသတ် ပြီလို့ သတ်မှတ်တယ်၊ ပြီးရင် ကြယ်တွေပေါ် မူတည်ပြီး၊ မင်းတို့ရဲ့ အဆင့်ကို သတ်မှတ်မယ်။ ”
ပြင်ပ တပည့်များတွင် ကြယ်ပွင့် သုံးဆယ် ရှိသည် ဖြစ်ရာ၊ ဤသတ်မှတ်ချက် များက ပြင်ပ တပည့် များ အတွက် အဆင်ပြေ၏။
စည်းမျဉ်း များက ရိုးရှင်း သည်ဟု ထင်ရ သော်လည်း၊ ရက်စက် ကြမ်းကြုတ်လွန်း လေသည်။
လူတိုင်းက တတ်နိုင် သမျှ ရပ်တည် လိုကြ သော်လည်း၊ အရှုပ် အထွေးမှာ မဖြစ် လာနိုင်ဟု မဆိုလိုချေ။ နောက်ဆုံး အချိန် အထိ ရပ်တည် နိုင်ရန် ရုန်းကန် ရပေမည်။
" ဒီမီးတောက် တွေက မင်းတို့ကို တိုက်ခိုက်ရေး မီးဝိညာဉ်တွေ မွေးဖွား ပေးလိမ့်မယ်။ "
ဟု ဘိုင်တင်းက ဆက်ပြော လာသည်။
လေထုမှာ ရုတ်တရက် ငြိမ်သက် သွား၏။ သည်မျှ ကြမ်းတမ်း လှသော လေထု အောက်တွင်၊ ရှင်သန် ရပ်တည် ရရုံသာ မက၊ မီးတောက် များရန် မှလည်း၊ မိမိ ကိုယ်ကို ခုခံ ကာကွယ် ရမည် ဖြစ်သည်။
ခေတ္တမျှ စကား ရပ်ကာ၊ လူအုပ် ကြီးအား ဝေ့ကြည့် အကဲခတ် ပြီးနောက်၊ ဘိုင်တင်းက ပြုံးလျက်ဖြင့်၊
" မီးဝိညာဉ်ကို သတ်နိုင်ရင် မီး သလင်းကြိုး တစ်ခု ရလိမ့်မယ်၊ အသုံးဝင် ပုံကတော့ ....၊ မင်းတို့ စိတ်ပျက်မှာ မဟုတ်ဖူး လို့ပဲ ငါပြောနိုင်တယ်၊ သတိထား ရမှာက ဒီအဆင့် ကနေ ထွက်ခွာ ခဲ့ရင်... ၊ အတွင်း တပည့် ခွဲတမ်းကို စွန့်လွှတ် လိုက်တယ်လို့ ဆိုလိုတာ ပါပဲ။ ”
တပည့်များစွာ တို့က မိမိတို့ ရပ်နေသော နေရာ ဝန်းကျင်၌ မီးတောက်များ ပြင်းစွာ မရှိ သည်ကို သတိထား မိသွားသည်။
ဆိုလို သည်မှာ မီး သလင်းကျောက် များကို ရယူ လိုပါက၊ အဝေး တစ်နေရာရှိ ပို၍ ကြီးမားသော မီးတောက် များထံသို့၊ သွားဖို့ရန် လိုပေမည်။
သို့သော် ရွေးချယ်ခွင့် ရှိပါက၊ မည်သူ မဆို ထိုသို့ စွန့်စားမည် မဟုတ်။
သူတို့ အနေဖြင့် တပည့် အယောက် သုံးဆယ်ကို အနိုင် ယူခဲ့ပြီး မှသာ၊ သည်နေရာ၌ ရပ်တည် နိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့ အားလုံးမှာ၊ ပြင်ပ တပည့်များ ကြားတွင် အထက်တန်း စားများ ဖြစ်ကြပြီး၊ သဘာဝ အားဖြင့်၊. အတွင်း တပည့်များ ဖြစ်ချင် ကြလေသည်။ လောဘကြောင့် မည်သည့် မတော် တဆ ဖြစ်မှု မျိုးကိုမှ မလို ချင်ချေ။
" နောက်ဆုံး တိုက်ပွဲ စ မယ်။ "
လျိုဖန်းက နေရာ အနှံ့ ပျံ့ကျဲ နေသော၊ တပည့် များကို ဝေ့ဝဲ ကြည့်လိုက်ကာ၊ သူ့ မျက်ဝန်း များအား၊ လင်းယွန် ပေါ်၌ အဆုံးသတ် လိုက်ပြီးနောက်၊
" အားလုံး ကံကောင်းပါ စေလို့ ဆုတောင်း ပါတယ်"
ဟု ပြုံးကာ ဆိုလိုက် လေသည်။
ခဏ အကြာတွင်၊ ဓားငှက် နှစ်ကောင်က ကောင်းကင်သို့ ပျံတက် သွားပြီးနောက်၊ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့ တော့သည်။
နောက်ဆုံး တိုက်ပွဲမှာ၊ ရုတ်တရက် စတင် လာခဲ့ လေပြီ။
ဓားရှည်များ ပေါ်တွင် မတ်တပ် ရပ်လျက်ဖြင့်၊ တောက်လောင် နေသော မီးပင်လယ် ကြီးကို အကဲခတ် လိုက် ကြ၏။
တောက်လောင် နေသော အသံ များမှ လွဲ၍၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေတော့သည်။
ကောင်းကင် တစ်ခုလုံး အုံ့မှိုင်း လာပြီး၊ ဓားသင်္ချိုင်း တောင်ထွတ်ရှိ လေထု သည်လည်း၊ တင်းကြပ် လာ၏။
လင်းယန်၏ နဖူးတွင် ချွေးသီးများ ထွက်ပေါ် လာသည်။ ယခု အခြေ အရ အဆင် မပြေ သော်လည်း၊ ချွေးများကို သုတ်ဖို့ရန် မလှုပ်ရှား မဝံ့ ပေ။
တိတ်ဆိတ် နေသော ပတ်ဝန်း ကျင်ကို ကြည့်ကာ၊ အစ်မ ဖြစ်သူ၏ စကားကို နား မထောင်ဘဲ၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် ပါဝင်ရန် တောင်းဆို မိခဲ့သည့် အပေါ်၊ နောင်တ ရသွားသည်။
ဤသည်မှာ နှစ်တစ်ရာ အတွင်း၊ အပြင်းထန် ဆုံးသော မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ ဖြစ်ကြောင်း၊ သူမ လက်ခံ လိုက်ပေသည်။
အနည်းငယ် ရှုပ်ထွေး သွားသော အခါတွင်၊ သူမ ရပ်နေသော ဓားမှာ၊ ဟန်ချက် ပျက်သွားသည့် အတွက်၊ ယိမ်းယိုင် လာသည်ကြောင့်၊ ချက်ချင်း ထိတ်လန့် သွားသည်။
သူမ တစ်ယောက် တည်းပင် မဟုတ်ပေ။ ဓားရှည်များ ပေါ်တွင်၊ ဟန်ချက် ညီအောင် ကြိုးစား နေကြသော၊ တပည့် များစွာ သည်လည်း၊ အလားတူ အဖြစ်အပျက် များကြောင့်၊ မျက်နှာများ ပျက်ယွင်းသွား ကြလေသည်။
တည်ငြိမ်စွာ ထိန်းထား နိုင်သော တပည့် များမှာ၊ လက်ချိုး ရေတွက် ၍ပင် ရပေသည်။
လင်းယွန်က မျက်လုံး များကို မှိတ်လိုက်ပြီး၊ ဓားသင်္ချိုင်း တောင်ကုန်း အတွင်းရှိ၊ ဖိနှိပ် ကန့်သတ် ခံထား ရသော၊ လေထုကို အာရုံခံ လိုက်သည်။
ထို့နောက်တွင် သူ၏ နှလုံးမှာ တဖြည်းဖြည်း ငြိမ်သက် သွားတော့၏။
သည်အချိန်၌ ပူပင်မှုများ မထား ရှိရန် လိုသည်ကို သူ သိသည်။
'' ဝှစ်...... ''
ရုတ်တရက် လျှပ်စီးလက် သကဲ့သို့ အလင်းရောင် များ တောက်ပ သွား၏။
အတွင်း တပည့် များက ၎င်းတို့၏ ဓားများကို ဆွဲထုတ်ကာ၊ ပြင်ပ တပည့် များကို စတင် တိုက်ခိုက် လာခြင်း ဖြစ်သည်။
'' သတ်..... ။ ''
ပြင်ပ တပည့်များ သည်လည်း၊ သူတို့၏ ဓားရှည် များကို ဆွဲထုတ်ကာ၊ လက်တုံ့ ပြန်လိုက် ကြ၏။
တခဏ ချင်းမှာပင်၊ လင်းယွန်နှင့် ချူဟောင်းယူ တို့၏၊ လူသတ် ရောင်ဝါ များထက် မနိမ့်သော၊ သတ်ဖြတ် လိုခြင်း ဆန္ဒများ၊ ထွက်ပေါ် လာတော့သည်။
လင်းယွန်က မျက်လုံး ဖွင့်ကြည့် လိုက်သော အခါတွင်၊ လူသုံးဦးမှာ သူ့ ဦးတည် ရာသို့၊ တိုးဝင် လာသည်ကို တွေ့လိုက် ရသည်။
သူတို့မှာ ချူဟောင်းယူ၊ ယီရှုနှင့်၊ ဂျင်းဖိန်တို့ မဟုတ် သောကြောင့်၊ အနည်းငယ် အံ့အား သင့်ခဲ့ ရသည်။ ၎င်းတို့မှာ ဟန်ဇောင်ယန်း၊ ရှင်းဝူဟန်နှင့်၊ လူဟေရွှမ် တို့ ဖြစ်ပေသည်။
" လင်းယွန် .... မင်းခေါင်းကို ငါယူ လိုက်မယ်။ "
ဟန်ဇောင်ယန်းက ပြုံးကာ ဆိုလိုက်သည်။ နောက်ဆုံးတွင်၊ လင်းယွန်၏ ခေါင်းမှာ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀၀၀) တန် လေသည်။
“ ဘယ်လို လူပြက် တွေ လဲ။ ”
ထိုစကားကြောင့် လင်းယွန်က ပြုံးကာ၊ တုန့်ပြန် လိုက်၏။
***