← Chapters

တိုက်ပွဲ ။

Vol. 22 Ch. 305

တိုက်ပွဲ ။

Vol. 22 Ch. 305

" လင်းယွန် .... မင်းခေါင်းကို ငါယူ လိုက်မယ်။ "

“ ဘယ်လို လူပြက် တွေ လဲ။ ”

လင်းယွန်က ပြုံးကာ၊ တုန့်ပြန် လိုက်၏။

" လူပြက်တွေ ဟုတ်လား၊ ဟမ် ...လူပြက်က ဘယ်သူလဲ ဆိုတာ ... မင်းသိ ရမှာပါ။ "

လင်းယွန်၏ စကားကို ကြားသော အခါ ဟန်ဇောင်ယန်းက အော်ဟစ် လိုက်သည်။

“သတ် .....။ ”

ရှင်းဝူဟန်နှင့် လူဟေရွှမ် တို့က၊ လေးနက်သော အမူ အရာဖြင့်၊ လှုပ်ရှားလာ ခဲ့သည်။

လင်းယွန် ထံသို့၊ လမ်းကြောင်း သုံးသွယ်မှ တိုက်ခိုက်မှု သုံးခုဖြင့်၊ ပိတ်ဆို့လျက် မူလ စွမ်းအင်များ၊ ထုတ်လွှတ် လိုက်သည်။

သို့သော် လင်းယွန်က ထိတ်လန့်ခြင်း မရှိ ခဲ့ပေ။ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို အသုံး ပြုကာ၊ လျှပ်စီးလက် သကဲ့သို့၊ ပြန်လည် တွန်းထုတ်သည်။

၎င်းတို့ သုံးဦးကို လက်သီး များဖြင့် ရင်ဆိုင်ကာ၊ တိုက်ခိုက်မှု များအား၊ တားဆီး နိုင်ခဲ့သည်။

" ဘယ်လောက်တောင် သန့်စင် လိုက်တဲ့ မူလ စွမ်းအင် တွေလဲ။ "

ဟန်ဇောင်ယန်းက မျက်မှောင်ကြုတ်လျက်ရေရွတ် လိုက်၏။ သန့်စင်သော မူလ စွမ်းအင် များကြောင့်၊ လင်းယွန်ကို ကိုင်တွယ်ရန် ခက်ခဲ နေခဲ့သည်။

သူတို့က လင်းယွန်၏ ခံစစ်ကို ဖြတ်ကျော် လိုသော်လည်း၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း'ဖြင့်၊ လင်းယွန်၏ ပုံရိပ် များမှာ၊ နေရာ အနှံ့မှ ထွက်ပေါ်လာ ပြီးနောက်၊ ၎င်းတို့၏ တိုက်ခိုက်မှု များကို ရှောင်ဖယ်သွား ခဲ့သည်။

တိုက်ပွဲ များကြောင့် ဧရာမ သားရဲကြီး နှစ်ကောင်ကြား၊ ရက်စက် ကြမ်းကြုတ်သော၊ တိုက်ပွဲ တစ်ခု ကဲ့သို့ ဖြစ်လာပြီး၊ အငွေ့ အသက်များ ကောင်းကင်၌ ဖြစ်ပေါ် လာခဲ့သည်။

မူလ စွမ်းအင် လှိုင်းများကို စားသုံး ပြီးနောက်၊ မြေပြင် ပေါ်ရှိ မီးတောက် များက ပိုမို ပြင်းထန်စွာ၊ လောင်ကျွမ်း လာသည်။

အခြားတစ်ဖက်တွင်၊ လင်းယွန်က သေမျိုး ထိပ်တန်း အဆင့် သုံးယောက်ကို လက်ခံ ရင်ဆိုင် နေရ၏။

" မင်းတို့က ငါနဲ့ လက်သီးချင် ယှဉ်ချင် ကြတာလား၊ ကောင်းပြီ မင်းတို့ ဆန္ဒကို ဖြည့်ဆည်း ပေးမယ်။ ''

လင်းယွန်က ရယ်မော လိုက်၏၊ နဂါးနှင့် ကျား၏ ဟောက်သံ များက သူ့ ခန္ဓာကိုယ် အတွင်း ပဲ့တင် ထပ်လာကာ၊ ခုခံ ကာကွယ် နေခြင်း မှသည်၊ ထိုးစစ် အသွင်သို့ ကူးပြောင်း လိုက်တော့သည်။

စက္ကန့်ပိုင်း အတွင်းမှာပင်၊ ကစား ပွဲကို ပြောင်းလဲ တော့မည့် အခြေ အနေများ ဖြစ်ပေါ် လာလေသည်။

ဟန်ဇောင်ယန်း၊ ရှင်းဝူဟန်နှင့်၊ လူဟေရွှမ် တို့က ထိတ်လန့် တကြား အော်ဟစ် လိုက်ပြီး၊ တိုက်ပွဲ အဟုန်ကို ထပ်မံ တိုးမြှင့် လိုက်၏။

ဆယ်ကြိမ် တိုင်တိုင် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ သုံးယောက်သား နှုတ်ခမ်းမှ သွေးများ စီးကျ လာကာ၊ အဝေးသို့ တွန်းပို့၊ ခံလိုက် ရသည်။

နီးစပ်ရာ ဓားရိုးများ ပေါ်သို့၊ ကတိုက် ကရိုက် ဆင်းသက် လိုက်ရ သည်ကြောင့်၊ သူတို့၏ ခြေအောက်ရှိ ဓားရှည် များမှာ၊ ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ယိမ်းထိုး သွားကြ လေသည်။

သုံးယောက်သား တည်ငြိမ်အောင် ထိန်းချုပ်ရန် ခက်ခက် ခဲခဲ ရုန်းကန် လိုက်ရ၏။

သူတို့ သုံးယောက် လုံးက၊ လင်းယွန် အပေါ်၊ နိမ့်ချ ရှုမြင်ထား ကြသည် ဖြစ်ရာ၊ ထွက်ပေါ် လာသော ရလာဒ်ကြောင့်၊ မျက်နှာများ မည်းမှောင် သွားကြ ကုန်သည်။

“ စီနီယာ အစ်ကို ဂျင်းဖိန်၊ အဲဒီ လူက ဆက်ဆံရတာ လွယ်ပုံ မရဘူး။ ”

အသူရာ မဟာမိတ် အဖွဲ့ဝင် တပည့် တစ်ဦးက၊ လင်းယွန်တို့ တိုက်ပွဲကို၊ အကဲခတ် နေရာမှ လှမ်း ပြောသည်။

လင်းယွန်၏ တိုက်ပွဲဝင် ပုံစံ များကို၊ ဂျင်းဖိန်မှာ ပထမဆုံး မြင်ဖူး ခြင်းလည်း ဖြစ်သည်။ ထူးခြားသော အလင်း တစ်စ၊ သူ့ မျက်ဝန်းများထဲ လင်းလက် လာပြီး၊

'' သူရဲ့ ကျားနဂါး လက်သီးက တကယ့်ပဲ၊ ကြောက်စရာ ကောင်းပါတယ်၊ ဒါပေမယ့် အဲဒီ အတွက် စိတ်ပူ နေစရာ မလို ပါဘူး၊ ဟန်ဇောင်ယန်းတို့ သုံးယောက်က သူ့ ခွန်အားကို စမ်းသပ် နေကြ တုန်းပါ။ ”

" ဓား...... "

'' ချွမ်.....ချွမ်..... ချွမ်။ ''

ဟန်ဇောင်ယန်း၏ အော်ဟစ်မှု နှင့်အတူ ဓားဆွဲ သံများ အလျိုလျို ထွက်ပေါ် လာ လေသည်။

၎င်းတို့၏ ဓားများကို ဆွဲထုတ် ပြီးနောက်၊ သူတို့ သုံးယောက် လုံး၏ အသွင် အပြင်မှာ၊ သိသိ သာသာ ပြောင်းလဲ သွားတော့၏။

“အကိုကြီး၊ သတိထား .... ”

ရုတ်တရက် ဓားကိုင် ထားသော တပည့် တစ်ဦးက လင်းယွန်ထံ ပြေးဝင်ရန် အားယူ နေသည်ကို တွေ့မြင် လိုက်ရကြောင့်၊ လီဝူယုမှ အော်ဟစ် လိုက်သည်။

ထိုသူမှာ သေမျိုး အဆင့် ခုနစ် နေရာရှိ ဟိုဒေါင်းလွမ် ဖြစ်သည်။

ဟိုဒေါင်းလွမ်က ကောက်ကျစ်စွာ ရယ်မော လိုက်၏။ ဟန်ဇောင်ယန်း၊ ရှင်းဝူဟန်နှင့်၊ လူဟေရွှမ် တို့သည်သာ လင်းယွန်အား သတ်လို သူများ မဟုတ်ပေ။

လင်းယွန်က သူ့ကို ချဉ်းကပ် ဖို့ရန် အခွင့် အရေး ပေးခဲ့သည့် အတွက်၊ သူ့ကိုယ် သူသာ အပြစ်တင် ရပေမည်။

ထို့ကြောင့်ပင် လင်းယွန်အား တုံ့ပြန်ရန် အချိန် မပေး တော့ဘဲ၊ အလစ် ဝင်ရောက် တိုက်ခိုက် လိုက်ခြင်း ဖြစ်လေသည်။

" ဆင်း သွား... မိုးကြိုး တိမ် ခွဲ ဖွင့် ခြင်း ။ ”

ဟိုဒေါင်းလွမ်၏ ဓား ရည်ရွယ်ချက်က၊ မိုးကြိုး စွမ်းအင်များ အဖြစ်သို့၊ ပြောင်းလဲ သွားပြီး၊ ဓား လွှဲလိုက် ချိန်တိုင်းတွင်၊ လျှပ်စီးများ လင်းလက် လာစေသည်။

နက်နဲ ပဉ္စမ အဆင့် နှောင်းပိုင်း ခွန်အား အရ၊ 'မိုးကြိုး တိမ် ခွဲဖွင့်ခြင်း' ၏ ကျွမ်းကျင်မှုကြောင့်၊ ထိပ်ဆုံး ခုနစ် နေရာ၌ ရပ်တည်ရန်၊ အမှန် တကယ် ထိုက်တန် ပေသည်။

သေမျိုး ဆဌမ အဆင့်ရှိ အတွင်းတပည့် တစ်ဦး ပင်လျှင်၊ အလစ် အငိုက် တိုက်ခိုက်ခြင်း ခံရ ပါက၊ သူ၏ တိုက်ခိုက် မှုကို ပြန်လည် ကိုင်တွယ်ရန် ခက်ခဲမည် ဖြစ်သည်။

သို့သော် လင်းယွန် ကမူ ပြုံးပြ လိုက်၏။ ဟိုဒေါင်းလွမ်တွင် အချိန် လုံလောက်စွာ ရှိခဲ့ သော်လည်း၊ ပြိုင်ဘက်ကို မှားယွင်းစွာ ရွေးချယ် မိပေသည်။

ဒရာကိုဖီ ခန္ဓာကိုယ်ကို ဖြန့်ကျက် လိုက်သည် နှင့်၊ သူ့ ခန္ဓာကိုယ်မှ လေးနက်သော ဟောက်သံ တစ်သံ ပဲ့တင်ထပ် လာသည်။

ရှေးဟောင်း နတ်ဆိုး သားရဲ ကြီး၏ စွမ်းအင်များ၊ ခန္ဓာ ကိုယ်၌ ပျံ့နှံ့ လာပြီးနောက်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို အသုံး ပြုကာ၊ လက်သီးချက် များအား၊ ပစ်ထုတ် လိုက်၏။

ရုတ်တရက် ကောင်းကင်၌ 'သန့်ရှင်းသော ဂီတ သံများ' ထွက်ပေါ် လာကာ၊ ဓားဖြင့် အုပ်မိုး ခုတ်ပိုင်း နေဆဲ ဖြစ်သော၊ ဟိုဒေါင်းလွမ်၏ မျက်နှာအား၊ လက်သီးများ ထိမှန် လာသည်။

ဖျက်ဆီး ခံလိုက် ရသော ဓားရည်ရွယ်ချက် ကြောင့်၊ တန်ပြန် အကျိုးဆက်များ ခံစား လိုက်ရပြီး၊ ရော်ရွက်ဝါ တစ်ရွက် ကဲ့သို့၊ လွင့်စင် သွားခဲ့၏။

သို့သော် မီးပင်လယ်ထဲ ပြုတ်ကျ ခါနီးတွင်၊ ဟိုဒေါင်းလွမ်က လက်ထဲရှိ ဓားဖျားကို မြေပြင်သို့ ထောက်ကာ၊ နီးစပ်ရာ ဓားအရိုး တစ်ခုပေါ်၊ ခုန်လွှား တက်ရောက် လိုက်သည်။

ဒရာကိုဖီ ခန္ဓာကိုယ်အား၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ တွဲစပ် ပြီးနောက်၊ လက်သီး ခုနစ်လုံးကို တစ်ပြိုင် နက်တည်း ထုတ်ပစ် လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် 'မိုးကြိုး တိမ် ခွဲဖွင့်ခြင်း၊' နည်းစနစ်သည် သူ၏ ပေါက်ကွဲ စွမ်းအားကို မထုတ်ဖော် နိုင် ခင်တွင်၊ ဖျက်ဆီး ခံလိုက် ရလေသည်။

" ဒရာကိုဖီ စွမ်းအင်။ "

" ဒါက ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာပဲ။ "

" သေစမ်း အဲဒါ 'ရှေးဟောင်း တာအို ဂိုဏ်း'ရဲ့၊ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ် မဟုတ်လား။ ”

ဒရာကိုဖီ နည်းစနစ်ကို မြင်သည်နှင့်၊ လူတိုင်း ထိတ်လန့်သွား ကြသည်။ ၎င်းသည် မဟာချင် အင်ပါယာ၏ အသန်မာဆုံး ခန္ဓာကိုယ်၊ သန့်စင်သည့် နည်းစနစ် ဖြစ်ပြီး၊ လေ့ကျင့်ရန် အတွက် မြင့်မားသော နားလည်မှု လိုအပ်သည်။

သို့သော် လင်းယွန်၏ လက်သီး ချက်တွင် သန့်ရှင်းသော ဂီတ သံများ တွဲလျက် ပါရှိ နေသောကြောင့်၊ ၎င်းသည် အနည်းဆုံး တတိယအဆင့်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ကြောင်း၊ ပြောနိုင် လေသည်။

လမ်းညွှန် မည့်သူ တစ်စုံ တစ်ယောက်မျှ မရှိဘဲ၊ တတိယ အဆင့်သို့ ရောက်ရှိအောင်၊ လုပ်ဆောင် နိုင်ခဲ့ ခြင်းသည်၊ ထိတ်လန့် စရာ အရည်အချင်း မည်ပေသည်။

" ကျဆင်း လာသော ယိမ်းနွဲ့ ဓား။ "

“ မြစ်အတွင်း တိုးဝင် လာသော နေမင်း ။ ”

" သမုဒ္ဒရာ ဖြတ်သန်းခြင်း။ "

ဟန်ဇောင်ယန်း၊ ရှင်းဝူဟန်နှင့် လူဟေရွှမ် တို့က၊ လွင်စင် သွားသော ဟိုဒေါင်းလွမ်ကို တစ်ချက် ကြည့်ကာ၊ ချက်ချင်းပင် တိုက်ခိုက် မှုများ စတင် လိုက်၏။

သူတို့၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို ထုတ်ဖော် လိုက်သည်နှင့်၊ လျှံထွက် လာသော မူလ စွမ်းအင် များမှာ၊ မီးပင်လယ်ထဲ ဝင်ရောက် လာ၏။

လောင်စာများ သွန်းလောင်း ခံရ သကဲ့သို့၊ ပို၍ ပြင်းစွာ တောက်လောင် လာတော့သည်။

လင်းယွင်က သူတို့ သုံးယောက်ကို အပြုံး မပျက် တစ်ချက် လှမ်းကြည့် လိုက်သည်။

ပြီးနောက်၊ 'ထာဝရ နတ်ဘုရား တံဆိပ်'ကို၊ သူ၏ ဘယ်ဘက်နှင့်၊ 'နတ်ဆိုး သုတ်သင်ခြင်းဓား' ကို ညာဖက်တွင် ဖန်တီးကာ၊ နဂါးနှင့် ကျားကို ဆင့်ခေါ် ထား၏။

တစ်ချိန် တည်းမှာပင် ဒရာကိုဖီ ခန္ဓာကိုအသက်သွင်း လိုက်ပြီး၊ ဓားသုတ္တန်အား ဖြန့်ဝေ လိုက်သည်။

လင်းယွန်၏ ခန္ဓာကိုယ်မှ ရွှေရောင် အဆင်းများ ဖြာထွက် လာကာ၊ သူလက်ကို ဖြည်းညှင်းစွာ တွဲကပ် လာစေခဲ့သည်။

ဤသည်မှာ ပထမဆုံး အကြိမ် ကြိုးစားမှု တစ်ခုသာ ဖြစ်သော်လည်း၊ ဓားသုတ္တန်က အဋ္ဌမ အဆင့်သို့၊ ရောက်ရှိ ပြီးဖြစ်ရာ၊ ၎င်းအား အောင်မြင်နိုင် မည်ဟု၊ ယုံကြည် ခဲ့သည်။

" သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ''

ဂျင်းဖိန်က မျက်ခုံးပင့် ကြည့်လိုက်သည်။

'' ဒီကောင်က တံဆိပ် နှစ်ခုကို တွဲဖို့ စိတ်ကူးနေတာလား၊ သေချင် နေတာပဲ။ ''

ယီရှု ပင်လျှင်၊ သူ့ မျက်လုံးများ တစ်လျှောက် မှိန်ဖျော့သော အလင်းများ တောက်ပ သွားသည်။ ချူဟောင်းယူ သည်လည်း မျက်မှောင်ကြုတ်ပြီး အံ့သြ သွား၏။

ထိုအချိန်တွင် လူတိုင်း၏ အာရုံမှာ လင်းယွန် ဖြစ်သည်။ ဖြာထွက် လာသော အလင်းရောင် များကြောင့်၊ တိုက်ပွဲ ဝင်နေသော အတွင်း တပည့် များကပင်၊ လင်းယွန်ကို လှည့်ကြည့် လာကြသည်။

"သေ စမ်း... ။ "

ဟန်ဇောင်ယန်း၊ ရှင်းဝူဟန်နှင့် လူဟေရွှမ် တို့မှာ၊ လင်းယွန်၏ ရည်ရွယ်ချက်ကို သိရှိ လိုက်ပြီးနောက်၊ တုံ့ဆိုင်း မနေဝံ့ တော့ဘဲ၊ လျင်မြန်စွာ ပြေးဝင် တိုက်ခိုက် လိုက်ကြသည်။

သို့သော် လင်းယွန်ကို ဖုံးအုပ် ထားသည့် မမြင်နိုင်သော သဏ္ဍာန်မဲ့ စွမ်းအား တစ်ခုက၊ သူတို့၏ ဓား သုံးလက်ကို ဟန့်တား လာခဲ့သည်။

ဤအခိုက် အတန့်တွင် လင်းယွန်၏ လက်များရှိ တံဆိပ် နှစ်ခုမှာ ပေါင်းစပ် သွားပြီ ဖြစ်သည်၊ ထို့နောက် မီးတောင် ကဲ့သို့၊ ပေါက်ကွဲ စွမ်းအားများ ပြည့်လျှံ နေသော လက်သီးမှာ၊ တိုးထွက်လာ ခဲ့သည်။

တံဆိပ်နှစ် ခု၏ စွမ်းအားများ အတူ တကွ ပေါင်းစပ် သွားကာ၊ လေထဲတွင် အနည်းငယ် တုန့်ဆိုင်း နေကုန်သော ဟန်ဇောင်ယန်းတို့ သုံးယောက်ထံ ပြေးဝင်သွား တော့၏။

ထိတ်လန့် တကြားဖြင့်၊ သုံးယောက်သား ရှောင်တိမ်းရန် ကြိုးစား လိုက် သော်လည်း၊ နောက်ကျ သွားခဲ့ လေသည်။ လေထဲတွင် သွေးများ အန်ကျ သွားကုန်၏။

ထိုမျှနှင့် ရပ်တန့် လိုခြင်း မရှိ သောကြောင့်၊ ဓား အရိုးကို လင်းယွန်က ခြေဖြင့်၊ အသာပုတ် လိုက်ကာ၊ ဟန်ဇောင်ယန်း ထံသို့၊ ရွှေကျီးကန်း တစ်ကောင်လို၊ တိုးဝင် သွား လိုက်သည်။

လင်းယွန်၏ မျက်လုံး များ၌၊ အေးစက်သော အလင်းရောင်ကို၊ မြင်လိုက် ရသော အခါတွင်၊ ဟန်ဇောင်ယန်းမှာ ထိတ်လန့် သွား၏။

သည်နတ်ဆိုး လက်မှ လွတ်မြောက်ရန် အတွက်၊ သူသိ ထားသော နည်းစနစ်များ အားလုံးကို ချက်ချင်းပင် ထုတ်ဖော် လိုက်ရသည်။

သို့သော် လင်းယွန်၏ အဟုန်မှာ၊ သူထင် ထား သည်ထက် မြန်ဆန် လှပြီး၊ လက်သီးပေါင်း များစွာ လွင့်ဝဲ လာ တော့သည်။

“ အား မဟုတ်ဘူး၊ လင်းယွန် ... ကျေးဇူးပြုပြီး သွားခွင့် ပြုပါ။ "

မီးပင်လယ် အကြောင်းကို တွေးမိ လိုက်သည်နှင့်၊ ဟန်ဇောင်ယန်းက စိတ်ဓာတ် ကျသွား ခဲ့သည်။

သူ့ တောင်းပန် သံကို လင်းယွန်က လစ်လျုရှု လိုက်သောကြောင့်၊ လက်သီး ချက်များ ထိမှန်ကာ၊ မီး ပင်လယ်ထဲ ပြုတ်ကျ သွား၏။

တစ်ဆက်တည်း မှာပင်၊ ဟန်ဇောင်ယန်းကို ကူညီရန် ပြေးဝင် လာသော၊ လေထဲရှိ ရှင်းဝူဟန်နှင့် လူဟေရွှမ်ကို လှည့်ကြည့် လိုက်သည်။

ထိုအကြည့်ကြောင့် နှစ်ယောက်သား တုန်ယင် သွားကာ၊ လေထဲတွင် နောက်ဂျွမ်းပစ် လိုက်ပြီး၊ ပြန်လှည့် ပြေးလိုက် ကြ၏။

သို့သော် သူတို့၏ ရွေးလျားမှု နည်းစနစ် များမှာ၊ လင်းယွန်၏ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ထက်၊ ပို၍ မြန်ဆန် နိုင်မည် မဟုတ်ချေ။

ကျားနဂါး လက်သီး၏ 'နဂါး အမြီး' ကို၊ ထုတ်ဖော် လိုက်ပြီး၊ ၎င်းတို့ နှစ်ဦးအား မီးပင်လယ် ထဲသို့၊ အညာ အတာ ကင်းမဲ့စွာ၊ ကန်ချလိုက် တော့သည်။

ထို့နောက်တွင် လင်းယွန်မှာ ဓားပေါ်သို့၊ ပေါ့ပါးစွာ ပြန်လည် ဆင်းသက် လာ၏။ သူ့ဆံပင် များက၊ 'လေ' အဝှေ့တွင်၊ တဖျပ်ဖျပ် ခတ်နေ ခဲ့ပြီး၊ မျက်ခုံး နှစ်ခု ကြားရှိ ခရမ်းရောင် အမှတ် အသားမှာ၊ တောက်ပ နေပေသည်။

အရှိန်အဝါ များနှင့်၊ ဓား ရည်ရွယ်ချက် များကို တပြိုင် နက်တည်း၊ ထုတ်လွှတ် လိုက်သောကြောင့်၊ လွှမ်းမိုး နိုင်လွန်းသော အသွင် အပြင်မှာ၊ ပို၍ ပြတ်ထင် လာ၏။

တစ်ဆက် တည်းမှာပင်၊ လင်းယွန်က သူ၏ အကြည့် များကို၊ နေရာ အနှံ့ ဖြန့်ကျက် လိုက်ပြီး၊ အေးစက်စွာ စိန်ခေါ် လိုက်တော့သည်။

“ ငါ့ခေါင်းကို လိုချင် တဲ့သူ ... ဘယ်သူ မဆို အခု လာခဲ့ ကြ။ ”

***

All Chapters