← Chapters

ဖရိုဖရဲ အခြေအနေ။

Vol. 22 Ch. 306

ဖရိုဖရဲ အခြေအနေ။

Vol. 22 Ch. 306

အရှိန်အဝါ များနှင့်၊ ဓား ရည်ရွယ်ချက် များကို တပြိုင် နက်တည်း၊ ထုတ်လွှတ် လိုက်သောကြောင့်၊ လွှမ်းမိုး နိုင်လွန်းသော အသွင် အပြင်မှာ၊ ပို၍ ပြတ်ထင် လာ၏။

တစ်ဆက် တည်းမှာပင်၊ လင်းယွန်က သူ၏ အကြည့် များကို၊ နေရာ အနှံ့ ဖြန့်ကျက် လိုက်ပြီး၊ အေးစက်စွာ စိန်ခေါ် လိုက်တော့သည်။

“ ငါ့ခေါင်းကို လိုချင် တဲ့သူ ... ဘယ်သူ မဆို အခု လာခဲ့ ကြ။ ”

ဟန်ဇောင်ယန်း၊ ရှင်းဝူဟန်နှင့် လူဟေရွှမ် တို့သည် မီးပင်လယ် ထဲသို့ ပြုတ်ကျ သွားခဲ့ပြီး၊ အသက်- သေခြင်းကို မသိရ သေးပေ။

သူတို့ အသက်ရှင် နိုင်လျှင်ပင် ဒဏ်ရာများမှ ပြန်ကောင်း လာဖို့ရန် အနည်းဆုံး တစ်နှစ်ခွဲခန့် အနားယူရ ပေလိမ့်မည်။

'ဆွံ့အ' သွားနိုင်သည့် အလားအလာ များပင် ရှိနေပြီး၊ သေခြင်း ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနိုင် ပေမည်။

အဆိုပါ ရလာဒ်သည် ထိတ်လန့်ဖွယ် ကောင်းစေ ခဲ့ပြီး၊ လူ အများက လင်းယွန်အား လေးနက်သော အမူ အရာဖြင့် လှည့်ကြည့် လိုက် ကြသည်။

အထက်တန်းစား ပြည်နယ်မှ လူတိုင်းက လင်းယွန်ကို ပျက်ယွင်းသော အမူအရာ များဖြင့် လှည့်ကြည့် လာ ကြသည်။

လင်းယွန်အား အနည်းငယ် သန်မာသော သူ အဖြစ်သာ၊ ယူဆ ထားကြ သော်လည်း၊ ဤမျှ ထိတ်လန့် စရာ ကောင်းသော ခွန်အားမျိုး ပိုင်ဆိုင် လိမ့်မည်ဟု မထင် ခဲ့မိပေ။

အတွင်း တပည့် များကြားတွင် အပြာရောင်ဝတ် လူငယ် တစ်ဦးက မှိတ်ထားသော မျက်လုံး များကို ရုတ်တရက် ဖွင့်လိုက်၏။

လင်းယွန်၏ ကိုယ်လုံး ကိုယ်ပေါက်ကြောင့်၊ သူ အံ့အားသင့် သွားခြင်း ဖြစ်သည်။

ရှေးဟောင်းတာအို ဂိုဏ်း၏ 'ဒရာကိုဖီ ခန္ဓာကိုယ်'ကို၊ လေ့ကျင့် ရာ၌ တစ်စုံ တစ်ယောက်က၊ အောင်မြင် ထားလိမ့်မည်ဟု၊ မထင်ခဲ့ မိပေ။

သို့သော် လင်းယွန်၏ မူလ စွမ်းအင်မှာ၊ သူ့ထက် အားကောင်းရန် နည်းလမ်း မရှိနိုင်။

သူ ကျင့်ကြံ ထားသော 'တိမ်မီးတောက်' နည်းစနစ်သည် မူလ စွမ်းအင်ကို မီးကဲ့သို့၊ လောင်ကျွမ်း သွားစေ နိုင်ပြီး၊ ပဉ္စမ အဆင့်တွင်၊ မည်သူမျှ သူ၏ လက်ဖဝါး ဆယ်ချက်ထက်၊ ပို မယူ နိုင်ပေ။

သတိထား ရမည်မှာ၊ လင်းယွန်၏ ကျားနဂါး လက်သီး နည်းစနစ်သည်၊ သူ့အား အနည်းငယ် ဒုက္ခပေး နိုင်သေးသည်။

တံဆိပ် များကို ပေါင်းစပ် လိုက်ပုံ အရ၊ လင်းယွန်မှာ၊ ဘီလူး တစ်ကောင် ဖြစ်ကြောင်း၊ သူ သိသည်။

ထို့နောက် အဆိုပါ လူငယ်က ပြုံးလိုက်၏။ စကြာဝဠာ လက်နက်ကို လွယ်လွယ်ဖြင့်၊ ရနိုင် တော့မည် မဟုတ်ကြောင်း၊ ခန့်မှန်း လိုက်နိုင် လေပြီ။

အဆိုပါ လူငယ်သည် ထင်ရှား ကျော်ကြားသော အခြား တပည့် များနှင့် နှိုင်းယှဥ် ပါက၊ နှိမ့်ချသော အသွင်ကို ဆောင်၏။

အတွင်းတပည့် အများ အပြား ကပင်၊ သူနှင့် သိကျွမ်းခြင်း မရှိပေ။

အခြား တစ်ဖက်တွင် အထက် တန်းစား ပြည်နယ် မဟာမိတ် အဖွဲ့ဝင် များက၊ လင်းယွန်ကို ကြောက်ရွံ့စွာ၊ ကြည့်လိုက် ကြသည်။

.

ချုဟောင်းယူမှ လွဲ၍ ထိုအဖွဲ့တွင်၊ ဒုတိယ အင်အား အကြီးဆုံး ဖြစ်သော ဝူဘင်းက၊

" စီနီယာ အစ်ကို ချူ၊ ငါတို့ သွားရ မလား၊ စီနီယာ အစ်ကိုကြီး ဝမ်က၊ မင်းအတွက် ငါတို့ ကို စတေး ထားခဲ့ ရင်တောင်၊ ငါတို့ အဆင်ပြေ ပါတယ်။ ''

သူပြောသည့် အတိုင်း 'အထက်တန်းစား မဟာမိတ်' အဖွဲ့မှ အထက်တန်းလွှာ သိုင်းသမား များက၊ ချူဟောင်းယူ ရှေ့သို့ ဦးညွှတ်လိုက်ပြီး၊

“ ကျေးဇူးပြု၍ ညွှန်ကြားချက် တစ်ခု ပေးပါ။”

ဟု ဆိုလာရာ၊ ချူဟောင်းယူက အံ့သြ သွား၏။ ချန်ပီယံ ဖြစ်ဖို့ရန် အတွက် သည်လောက် အထိ အကျိုးဆောင် ပေးလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားခဲ့ပေ။

သို့သော် သူ့မာန အရ၊ ၎င်းလုပ်ရပ်ကို လက်ခံရန် မဖြစ်နိုင်။ သူက၊

“ ဝမ်ယန်က ငါ့ကို ကူညီ ပေးဖို့ မင်းတို့ကို၊ လိုအပ် မယ်လို့ တွေးနေ ပုံပဲ၊ မလို ပါဘူး ချန်ပီယံ ဖြစ်ဖို့၊ မင်းတို့ အကူအညီ ငါ မလိုဘူး၊ ငါသာ ဆန္ဒ ရှိရင် လင်းယွန်ကို အလွယ် တကူ အနိုင်ယူ နိုင်တယ်၊ ငါ့ရဲ့ ပြိုင်ဘက်က သူ မဟုတ်တာ သေချာတယ်။”

အမှောင်ထဲတွင် ပုန်းအောင်း နေသော ပြိုင်ဘက် တချို့ကို သူ သတိ မထား မိပါလျှင်၊ လင်းယွန်ကို တိုက်ခိုက်ဖို့ ပြင်ပြီး ပြီဖြစ်သည်။

ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ပြီးနောက်၊ သူ လုပ်ချင် သမျှကို လုပ်နိုင် မည်ဟု၊ တွေးထင် ထားခဲ့သော၊ ဟန်ဇောင်ယန်းမှာ လူမိုက် တစ်ယောက်သာ ဖြစ်ပေသည်။

" ဒီမှာ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူက၊ လင်းယွန် မဟုတ် ဖူးလား။ "

အထက်တန်းစား ပြည်နယ်၏ အဖွဲ့ဝင် တပည့်များက၊ အံသြစွာ ပြန်မေး လိုက် ကြ၏။

“ မင်းတို့ မကြာခင် သိလာ လိမ့်မယ်၊ နောက်ဆုံး တိုက်ပွဲက စနေပြီ၊ ဒါကြောင့် အခုပဲ ဒီပွဲကို ခံစားကြည့် ရအောင်။ ”

ချူဟောင်းယူက ပြုံးလျက် ပြန်ဖြေ လိုက်သည်။

ဟန်ဇောင်းယန်တို့ အဖွဲ့က လင်းယွန်ကို ရှုံးနိမ့် ပြီးနောက်၊ ပြင်းထန်သော တိုက်ပွဲမှာ ခဏတာ ငြိမ်သက် သွားခဲ့သည်။

ယင်း အခြေအနေသည် မုန်တိုင်း မတိုက်ခင် ငြိမ်သက်ခြင်း ကဲ့သို့ လေထုကို တင်းကြပ် လာစေ၏။

အသူရာ မဟာမိတ် အဖွဲ့ဝင် တပည့်များက၊

“ စီနီယာ အစ်ကို ဂျင်း၊ အထက်တန်းစား ပြည်နယ်က လင်းယွန်ကို တကယ် မတိုက်ဝံ့ တာလား။ ”

“ အဟား .... ဒါက အံ့သြ စရာတော့ မဟုတ်ပါဘူး၊ ချူဟောင်းယူရဲ့ မာန အရ၊ လင်းယွန်ကို သတ်ခြင်းက သူ့ အမြင်မှာ ဘာမှ မဟုတ်ဘူး၊ သူရဲ့ ပန်းတိုင်က စကြာဝဋ္ဌာ လက်နက် အတွက်ပဲ .... ''

'' အခု လင်းယွန်ရဲ့ ခွန်အားကို မြင်လိုက် ရတော့၊ တခြား သူတွေ အတွက် အခွင့် အရေး ပေးဖို့၊ ဆုံးဖြတ် လိုက်ပုံပဲ၊ သူ ရုတ်တရက် လှုပ်ရှား လာမှာ မဟုတ်ဘူး”

ဂျင်းဖိန်က မချိ မခံသာ ဟန်ဖြင့်၊ ပြုံးလိုက်သည်။

"ဒါဆို ငါတို့ ဘာလုပ် ရမှာလဲ။ "

" ခဏ စောင့်။ "

ဂျင်းဖိန်က ပြန်ဖြေသည်။

သူ့စိတ် ထဲ၌ ချူဟောင်းယူ အပေါ်၊ မကြေ မနပ် ဖြစ်နေသည်။

ချူဟောင်းယူက သူ့ကို ပြိုင်ဘက် အဖြစ် မသတ်မှတ် ခဲ့ပါလျှင်၊ ကြီးစွာသော အမှားအား ပြုလုပ် မိခြင်း ဖြစ်ကြောင်း၊ သက်သေ ပြရ ပေလိမ့်မည်။

'မူလ အမှောင်' စွမ်းအင် ကျင့်ကြံမှု နည်းစနစ်သည်၊ ဓားဧကရာဇ် ဆေးပင်ကြောင့်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ သွားခဲ့ သည်ကို၊ မည်သူမျှ မသိထား ကြပေ။

ထို့ကြောင့်ပင် ဓားဧကရာဇ် ဆေးပင်ကြောင့် ရရှိ ခဲ့သော အောင်မြင်မှုသည် ဂျင်းဖိန် အတွက် ကြီးစွာသော ဝှက်ဖဲ ဖြစ်လာ ခဲ့လေပြီ။

" မင်း .. ဘယ် လို လဲ ။ "

လီဝူယုက သူ့ပြိုင်ဘက်ကို အမှောက် သိပ်ပြီးနောက်၊ လင်းယွန်ထံ ရောက်လာသည်။

“ ငါ အဆင်ပြေ ပါတယ်၊ မူလ စွမ်းအင် နည်းနည်းတော့ ကုန်သွား တာပေါ့၊ သတိ ထားပါ၊ အတွင်း တပည့် တွေထဲမှာ၊ ချူဟောင်းယူ ကတောင်၊ အလေး အနက် ထားရတဲ့ ကျွမ်းကျင် သူတွေ ရှိတယ်။ ”

လင်းယွန်က သေမျိုး အဆင့်တွင် ထိပ်တန်းဆယ်ယောက်ကို ခြိမ်းခြောက် လို သောကြောင့်၊ သုံးယောက်အား အနိုင်ယူ ပြခဲ့သည်။

ဆယ်ယောက်လုံး တပြိုင်နက်ထဲ ဝင်ရောက် လာပါက၊ သူ့အတွက် ခက်ခဲသွား နိုင်သည်။

သို့သော် ကံကောင်း ထောက်မ စွာဖြင့်၊ ခွန်အားကို သက်သေပြ ပြီးနောက်၊ ကျန်သူ များမှာ အနည်းငယ် တွေဝေ သွားကြ၏။

စိုးရိမ် ပူပန်မှု များဖြင့်၊ ငြိမ်သက်ကုန် ကြသည့် အတွက် လင်းယွန်က ပြုံးလိုက်သည်။ ထိပ်ဆုံး ဆယ်ယောက် ထဲတွင်၊ အမှိုက်များ ရှိနေ ခဲ့လေသည်။

အစောပိုင်း အချိန်၌ အတွင်း တပည့် များဆီမှ၊ ကြောက်မက်ဖွယ် ကောင်းသော အကြည့် တစ်ချက်ကို သူ သတိပြု မိသော်လည်း၊ ထိုသူကို ရှာမည့် အချိန်၌ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

ဆိုလိုသည်မှာ အတွင်း တပည့်များ ကြားတွင်၊ ကျွမ်းကျင်သော ပညာရှင် တစ်ဦး ရှိနေ သည်ဟု ဆိုလိုသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာ သည်နှင့် အမျှ၊ လူတိုင်း သတိထား လာကြသည်။

တစ်ချိန်တည်း မှာပင်၊ ဆယ်ချီသော လူသား သဏ္ဍာန် မီးဝိညာဉ်များ၊ မီးပင်လယ်ကြီး ထဲမှ၊ ရုတ်တရက် ထွက်ပေါ် လာခဲ့၏။

'' မီးဝိညာဉ် ''

ထိုမီးဝိညာဉ် လူသား များက တောက်လောင်နေသော ဓားသဏ္ဍာန် မီးလျှံ များကို ရည်ရွယ်ချက် ရှိရှိ ကိုင်ဆောင် ထားကာ၊ ၎င်းတို့နှင့် အနီးကပ်ဆုံး တပည့် များအား မည်သည့် အငွေ့ အသက် ကိုမျှ မပြ သဘဲ၊ တိုက်ခိုက် လာကြ တော့သည်။

'' ဝူး......''

အံ့သြ နေမှု များကြောင့်၊ တိုက်ခိုက် ခံရသည့် တပည့် များမှာ၊ မီးပင်လယ် ထဲသို့၊ အော်ဟစ်လျက် ပြုတ်ကျ သွားသည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် တပည့်ပေါင်း ရာဂဏန်းခန့် မီးပင်လယ် ထဲ ပြုတ်ကျ ကုန်၏။

ဤသည်မှာ နောက်ဆုံး တိုက်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှုကို ထင်ရှား လာစေသော အချိန် ဖြစ်လေသည်။

" မီး ဝိညာဉ်တွေ သတိထား။ "

ကျန်ရှိနေသူ အားလုံးက လန့်အော် လိုက်ကြသည်။ ဘိုင်တင်း ပြောခဲ့ ဖူးသော မီးလျှံ သွေးကြောမှ၊ မွေးဖွား လာသည့် မီးဝိညာဉ် လူသားများ ဖြစ်ပေသည်။

သူတို့၏ ဓားများက မီးလျှံ များဖြင့်၊ ဖွဲ့တည် ထားသောကြောင့်၊ လွှဲယမ်း လိုက်သည့် အချိန် တိုင်းတွင်၊ ' ဝူး.. ' ခနဲ အော်မြည် သွားသံမှာ၊ လူတိုင်းကို ပို၍ ထိန်လန့် လာစေ၏။

ထို့အပြင်၊ မီးဝိညာဉ် များမှာ၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲများ ထက်ပင်၊ သာ၍ ကြောက်မက်ဖွယ် ကောင်းပေ၏။

မာကျောသော မီးသင့်ကျောက် ကဲ့သို့၊ ခန္ဓာ ကိုယ်များ ပိုင်ဆိုင်ထား ကြကာ၊ သေခြင်း တရားကို ကြောက်ရွံ့ ရမည် ဟူသော၊ အသိညာဏ်များ မပါရှိ ထားပေ။

“ နောက်ဆုံး တိုက်ပွဲက ခွန်အား အပေါ် မူတည်နေပုံပဲ။ ”

မီးလူသား များကို ကြည့်ကာ လင်းယွန်က သက်ပြင်းချ လိုက်သည်။ သဘာဝ အတိုင်း တိုက်ပွဲကို ရှောင်ချင် သူများ ရှိသော်လည်း၊ မီးဝိညာဉ်များ ထွက်ပေါ်လာ ခြင်းဖြင့်၊ ၎င်းတို့၏ ဆန္ဒများ မပြည့်ဝ နိုင်တော့ပေ။

လုံလောက်အောင် သန်မာခြင်း မရှိဘဲ၊ ဓားသင်္ချိုင်း ဂူတွင်၊ ကိုယ်ကိုကိုယ် တွန်းပို့ ခိုင်းစေ ခြင်းသည်၊ အဓိပ္ပါယ်မဲ့ သေဆုံးခြင်း သာမည် ပေမည်။

" သောက်ပဲ ဟေ့။ "

“ မီးဝိညာဉ် တွေက သတ်ဖို့ မလွယ် နိုင်ဘူး …”

" ငါတို့ ဘာလုပ် သင့်လဲ။ "

တမဟုတ်ချင်း မှာပင်၊ ဓားသင်္ချိုင်း ဂူသည် အထိန်း အကွပ် မဲ့သော၊ အခြေ အနေသို့ ရောက်ရှိ သွားတော့သည်။

စောင့်ကြည့်ရေး စင်မြင့် ထက်ရှိ တပည့်များနှင့်၊ အကြီးအကဲ များမှာ လေးနက်သော အမူအရာ များကို၊ ထုတ်ဖော်ထား ကြ၏။

နောက်ဆုံး တိုက်ပွဲသည် ပြင်းထန် လွန်းလှပြီး၊ သည်တစ်ကြိမ် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲသည် လွန်ခဲ့သော ရာစုနှစ် များအတွင်း၊ အမှန်တကယ် အရက်စက်ဆုံး ဖြစ်ပေသည်။

ဤနည်းဖြင့် ကျန်ရှိ လာမည့် တပည့်ပေါင်း တစ်ရာ တို့သည် ကံတရားကြောင့် မဟုတ်ဘဲ၊ အစစ်အမှန် သန်မာ သူများ၊ ဖြစ်နိုင် ပေမည်။

ထို့အပြင်၊ ၎င်းတို့ အတွင်းရှိ၊ ထိပ်တန်း ဆယ်ယောက် အတွင်း၊ ပါ၀င် နိုင်သူ များကို ဘီလူးများ အဖြစ်၊ အသိ အမှတ် ပြုနိုင်ပြီး၊ ကောင်းမွန်စွာ ပျိုးထောင် နိုင်သည်။

သည်မငြိမ် မသက် မှုများ အောက်တွင်၊ မည်သူမျှ ဆက်လက် ပုန်းအောင်း နေရန်၊ မဖြစ် နိုင်တော့ပေ။

မီးဝိညာဉ်များ ထွက်ပေါ်လာ သည်နှင့်၊ တပည့် အချို့က ထိတ်လန့် တုန်ယင် လာပြီး၊ ကျန်သော တပည့်များ မှာမူ၊ မျှော်ကြည့် နေကြသည်။

မီးဝိညာဉ် သလင်းကျောက် များသည်၊ ဓားတိမ်ယံ အမြုတေ များထက်၊ တန်ဖိုး ကြီးပေ၏။

"သူတို့ ကို မသတ်နိုင် ဘူးလား။ "

အပြာရောင်ဝတ် လူငယ်၏ အမည်မှာ၊ ချွင်းဝူ ဖြစ်ပြီး၊ သူကပင် လှောင်ရိပ် စွန်းနေသော လေသံဖြင့်၊ မီးလူသားအား လက်သီးနှင့် ထိုးချ လိုက်သည်။

မီးဝိညာဉ်မှာ မီးပင်လယ်ထဲ ပြုတ်ကျ သွားသော်လည်း၊ ပြန်လည် ရှင်သန် လာ ခဲ့သည်၊ သို့သော် မီးတောက်များ မှာမူ၊ ယခင် ကထက် မှိန်ဖျော့ သွား၏။

" ဒါက အရမ်း ကြီးတော့ ကြောက်စရာ ကောင်းပုံ မရပါဘူး။ "

ချွင်းဝူက ပြုံးကာ ဆိုလိုက်သည်။ ထို့နောက် လက်ဖဝါး ဖြန်းခနဲ ရိုက်ချ လိုက်၏။ သူ၏ မူလ စွမ်းအင် များက၊ မီးဝိညာဉ်များ ထက်ပင်၊ ပိုမို ပြင်းထန်စွာ လောင်ကျွမ်း သွားတော့သည်။

မီးဝိညာဉ်မှာ နောက်တစ်ကြိမ် ပြုတ်ကျ သွား ပြီး၊ သူ့ကိုယ်သူ ပြန်လည် စုစည်းလာ ခဲ့ပြန်သည်။

ထိုအချိန်တွင် ချွင်းဝူ၏ မျက်လုံး များ၌ အေးစက်သော အလင်းရောင်များ လင်းလက် လာပြီး၊ သူ့လက်သည်း များကို မီးလူသား၏ နှလုံးသား ထဲသို့၊ ထိုးသွင်း လိုက်ကာ၊ ကြက်သွေးရောင် သလင်း ကျောက်အား၊ နှိုက်ယူ လိုက်သည်။

၎င်းကို ကိုင်ထား ရုံဖြင့်၊ ချွင်းဝူ၏ ကျင့်ကြံမှု နည်းစနစ်မှာ ပြင်းထန်စွာ လှုပ်ရှား လာကြောင်း၊ ခံစား နိုင်သည်။

မီးသလင်း ကျောက်များမှာ၊ 'တိမ်မီးတောက်' နည်းစနစ် အတွက်၊ အလိုက်ဖက် ဆုံးသော အရင်း အမြစ် တစ်ခု ဖြစ်ပြီး၊ သူ့တွင် နောက်ထပ် အနည်းငယ်သာ ထပ်ရှိ ပါလျှင်၊ ပြီးပြည့်စုံသော ကျွမ်းကျင် မှုကို ရရှိရန် မျှော်လင့်ချက် ရှိလာ နိုင်သည်။

" မင်း ကောင်းကောင်း ဝှက်ထား နိုင်တာပဲ။ "

မီးဝိညာဉ် ပျောက်ကွယ် သွားသော အခါ၊ ချွင်းဝူ ရှေ့တွင်၊ အေးစက်သော စကားသံ နှင့်အတူ၊ လူရိပ် တစ်ရိပ်၊ ကျဆင်း လာသည်။

" ချူ ဟောင်း ယူ ... "

ချွင်းဝူက ကူကယ်ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်ပြီး၊

" ဂျူနီယာ ညီလေး ချူ၊ မင်း လူမှား နေပြီ၊ ငါက မင်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ "

ထို့နောက် မီးလူသားကို အသာစီး ရယူထား နိုင်သော လင်းယွန်ထံ၊ သူက လက်ညှိုး ထိုးပြလိုက်၏။

“ သူက ဂိုဏ်းထဲ ဝင်တာ မကြာ သေးဖူး ... နက်နဲ ပဉ္စမ အဆင့်ကို ရောက်ခဲ့တယ်၊ သူ့ရဲ့ ကျင့်ကြံမှုက သူ့ရဲ့ အကြီးမားဆုံး အားနည်းချက် ပါပဲ၊ ကံကောင်းလို့ ထိပ်ဆုံး ဆယ်ယောက်ထဲ ပါဝင် နိုင်ခဲ့ ရင်တောင်၊ သူက အသန်မာဆုံး မဟုတ်ဖူး ဆိုတာ၊ မင်းရော ငါရော သိနေတယ် မဟုတ်လား။ ”

ဟု ချူဟောင်းယူက ပြန်ပြော လိုက်သည်။

" ဒါဆို မင်း ငါနဲ့ တိုက်တော့ မယ်ပေါ့။ ''

ချွင်းဝူက ပေါ့ပေါ့ ပါးပါး ပြုံးရယ်ကာ၊ မေးလိုက်သည်။

" စကြာဝဋ္ဌာ လက်နက်က ငါပိုင်တယ်၊ ငါ့လမ်းမှာ ရပ်နေတဲ့ ...၊ ဘယ်သူ မဆို သေရမယ်။ ''

ချူဟောင်းယူက သူ့ ဓားကို ဆွဲထုတ် လိုက်ရာ၊ မီးပင်လယ် တစ်ခုလုံး ယိမ်းထိုးသွား လေသည်။

" သူ ဓားကို ဆွဲပြီ။ "

ထိုဓားထံမှ ထွက်ပေါ် လာသော အလင်းသည် တောက်ပလွန်း သဖြင့်၊ လူတိုင်း၏ အာရုံကို ဖမ်းစား သွားခဲ့သည်။ အတွင်း တပည့်များက အံသြသွား ကြ၏။

( ချူဟောင်းယူက ချွင်းဝူကို တိုက်ခိုက် ဖို့ကြိုးစား နေတာလား။ )

ထိုလူသည် မြေကြီး အဆင့်တွင် အဆင့် တစ်ထောင်၌ ရပ်တည် နေသူ ဖြစ်လေသည်။

***

All Chapters