← Chapters

ရုတ်တရက် ပြောင်းလဲခြင်း။

Vol. 22 Ch. 307

ရုတ်တရက် ပြောင်းလဲခြင်း။

Vol. 22 Ch. 307

" ဒါဆို မင်း ငါနဲ့ တိုက်တော့ မယ်ပေါ့။ ''

ချွင်းဝူက ပေါ့ပေါ့ ပါးပါး ပြုံးရယ်ကာ၊ မေးလိုက်သည်။

" စကြာဝဋ္ဌာ လက်နက်က ငါပိုင်တယ်၊ ငါ့လမ်းမှာ ရပ်နေတဲ့ ...၊ ဘယ်သူ မဆို သေရမယ်။ ''

ချူဟောင်းယူက သူ့ ဓားကို ဆွဲထုတ် လိုက်ပြီး၊ သူ့ ပြိုင်ဘက်အား ခုတ်ပိုင်း ချလိုက် လေသည်။

ထိုလူသည် မြေကြီး အဆင့်တွင် အဆင့် တစ်ထောင်၌ ရပ်တည် နေသူ တစ်ဦး ဖြစ်လေသည်။

ချူဟောင်းယူက မြေကြီး အဆင့် တစ်ထောင်၌၊ ရပ်တည် နေသော သူ တစ်ဦးကို တိုက်ခိုက် လာလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားပေ။

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက် များက သူတို့ကို ပို၍ပင်၊ တုန်လှုပ် သွားစေ ခဲ့သည်။

ချူဟောင်းယူ၏ ဓားသည် ချွင်းဝူကို ထိလု နီးပါး အချိန်တွင် ချွင်းဝူ၏ မျက်လုံး များရှိ ပျင်းရိ ခြင်းများ၊ ပျောက်ကွယ် သွားခဲ့သည်။

ထက်ရှသော မျက်ဝန်းများ အစားထိုး ဝင်ရောက် လာခဲ့ ပြီးနောက်၊ ဓားကို ရှောင်ရန် ခန္ဓာ ကိုယ်ကို အနည်းငယ် တိမ်းလိုက်ပြီး၊ သူ့ လက်ကို ပုတ်ထုတ် လိုက်၏။

လက်ချောင်း များဖြင့် ပုတ်ထုတ် ခံရသော ဓားဖျားမှာ တုန်ခါ လျက်ဖြင့်၊ မြည်သံများ ပြုလာ ခဲ့သည်။

ထိုသို့သော တုန့်ပြန် မှုကို ချူဟောင်းယူက မျှော်လင့် ထားပုံ ရ၏။ သူက ပြုံးလိုက်ပြီး၊

“ ထပ် လာ မယ်။ ''

ဓားကို လွှဲလိုက်ပြီး၊ ဓားအလင်းကို ထုတ်လွှတ် လိုက်၏။

စူးရှသော ဓားအလင်းက ချွင်းဝူကို နှစ်ခြမ်းခွဲ ပစ်တော့မည့် အချိန်တွင်၊ သူ့ခန္ဓာ ကိုယ်အား နောက်ပြန် လှည့်ကာ၊ ရှောင်ထွက် သွားသည်။

ချွင်းဝူ၏ ဆံပင် အနည်းငယ် မှာမူ လှီးဖြတ် ခြင်းခံ လိုက်ရ လေသည်။

ချွင်းဝူက အသင့် မဖြစ်မီတွင်၊ ချူဟောင်းယူက သူ့ဓား ရည်ရွယ်ချက်ကို ထုတ်လွှတ်ကာ၊ ဓားဖြင့် ထပ်မံ လွှဲခုတ် လာခဲ့သည်။

မြေပြင်တွင် စိုက်ဝင် နေသော ဓားရှည် များထံမှ၊ စူးရှသော အော်မြည် သံများ ထွက်ပေါ် လာသည်။

ဓား ရည်ရွယ်ချက်ဖြင့် အားဖြည့် ထားသော ခုတ်ချက်ကို ရှောင်တိမ်းရန် အတွက်၊ ချွင်းဝူက မီတာ တစ်ရာ အကွာရှိ၊ ဓားတစ်လက် ပေါ်သို့၊ ခုန်လွှား သွားလိုက် ရသည်။ သူက ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်ပြီး၊

" မင်း တော်တော် ရက်စက် တာပဲ။ "

" ငါ မျှော်လင့် ထား သလို ပါပဲ။ "

ချူဟောင်းယူမှာ အေးစက်သော အပြုံးဖြင့်၊ မျက်လုံး များကို မှေးစင်းလျက်၊ ရေရွတ် လိုက်သည်။ ချွင်းဝူသည် အတွင်း တပည့်များ ကြားတွင် ပုန်းအောင်း နေသော ကျားတစ်ကောင် ဖြစ်ပေ၏။

“ ထွက် သွား။ ”

တိမ်များက ကောင်းကင်တွင် ရုတ်တရက် စုရုံး လာပြီး၊ ချူဟောင်းယူ၏ ဓားမှာ မိုးကုပ် စက်ဝိုင်းကို ထိုးဖောက် တော့မည့် တောင်တစ်လုံး ကဲ့သို့၊ ထိုးတက် သွားပြန်သည်။

ဓားသွား လမ်းတစ်လျှောက် ရပ်တန့်နေ မိသော အတွင်း တပည့် များက၊ မှင်တက် နေစဉ် မှာပင်၊ အင်အား ပြင်းသော မိုးသက် မုန်တိုင်း အတွင်း ပိတ်မိ သွားတော့သည်။

“ဒါဟာ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' ပဲ၊ အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်။ ”

" တိမ်မြူကင်းသော အာရုဏ်ဦး ဓားက၊ 'ဝိညာဉ် အဆင့်' ဓား နည်းစနစ် တွေနဲ့၊ ယှဉ်နိုင်တယ်၊ ဒါကို ချူဟောင်းယူက တကယ်ပဲ အဆင့်မြင့် ကျွမ်းကျင်မှု အထိ၊ ဆုပ်ကိုင်ထား နိုင်ခဲ့ တာပဲ။ ”

“ သူ အသုံးပြု နေပုံကို ကြည့်ရတာ၊ အရင် ကတည်းက ၊ ဒီ အဆင့်ကို ဆုပ်ကိုင် ထားနိုင် ခဲ့ပုံ ရတယ်။ ”

" ချွင်းဝူက ... ဒါကို ရှောင်နိုင်မယ် မထင်ဘူး။ ''

'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' နည်းစနစ်တွင်၊ ပြင်းထန်သော ဓား ရည်ရွယ် ချက်ကို ပေါင်းစပ် လိုက်ရာ၊ လူများစွာက ချူဟောင်းယူကို ကြောက်ရွံ့သော မျက်လုံး များဖြင့် ကြည့်လာ ကြ၏။

သေမျိုး အဆင့် ပထမသည် ပထမ ဖြစ်နေ ဆဲပင်။ သူ့ ဓားသည် အလွန် လျင်မြန် လှပြီး၊ အစွမ်းထက် လွန်းသောကြောင့်၊ ချွင်းဝူမှာ ရှောင်လွှဲ နိုင်မည့်၊ နည်းလမ်း မရှိပေ။

" ဂျူနီယာ ညီလေးချူ၊ မင်းက ငါ့ကို တကယ် အားကိုး ရာမဲ့ ဖြစ်စေ တာပဲ။ "

ချွင်းက ခါးခါး သီးသီး ပြုံးပြ လိုက်၏။ ချူဟောင်းယူ၏ ဓားကို ရှောင်မနေ တော့ဘဲ၊ သူ့လက် ထဲ၌ မူလ စွမ်းအင် များကို၊ စုဆောင်းကာ၊ ခုခံရန် ပြင်လာသည်။

မူလ စွမ်းအင် များကို ထုတ်ဖော် လိုက် သည်နှင့်၊ လက်ဖဝါး ပေါ်ရှိ စွမ်းအင် မီးတောက် တစ်ခု ဖြစ်ပေါ် လာ၏။

၎င်းနှင့် အတူ၊ သူ့ခြေ ဖဝါး အောက်ရှိ မီး ပင်လယ်ကြီး သည်လည်း၊ ပို၍ ပြင်းပြင်း ထန်ထန် တောက်လောင် လာခဲ့သည်။

ချွင်းဝူက ရုတ်တရက် သူ့ ညာလက်ကို ဆန့်ထုတ်ကာ၊ ကောင်းကင်က ကျလာသော၊ ချူဟောင်းယူ၏ ဓားကို တားဆီး လိုက်၏။

" ဂျူနီယာ ညီလေးချူ၊ မင်းငါ့ကို ဘာလို့ သက်ညှာ နေရ တာလဲ။ "

သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်သည်နှင့်၊ စွမ်းအင် မီးတောက်မှာ၊ မီးပင်လယ်ကြီး အဖြစ်သို့၊ ပြောင်းလဲ သွားပြီး၊ ချူဟောင်းယူအား ဝါးမျို သွားတော့သည်။

ဆိုလို သည်မှာ ချွင်းဝူ၏ စွမ်အင် မီးတောက်ကို မီးပင်လယ် ကြီးဖြင့်၊ အားဖြည့် ပေးနေ ပေသည်။

စွမ်းအင် မီးတောက် သွားရာ လမ်းတစ်လျှောက်၊ မီးပင်လယ် ကြီးမှာ 'တရှဲရှဲ' မြည်လျက်၊ ဒေါသတကြီး လိုက်ပါ နေ၏။

“ ဒါ က …....။ ”

တိုက်ပွဲကို စောင့်ကြည့် နေမိ သူများမှာ၊ အံ့သြ သွားကြသည်။ ချွင်ဝူသည် ဤမျှ အစွမ်းထက် လိမ့်မည်ဟု၊ သူတို့ မျှော်လင့် မထား မိပေ။

တစ်ဆက်တည်း မှာပင်၊ မီးပင်လယ်က ချူဟောင်းယူကို ဝါးမြို သွား၏။ အားလုံးက အော်ဟစ် နေစဉ်၊ မီးပင်လယ်ကို ခွဲလျက်၊ ဓားအလင်း တစ်ခု ဖောက်ထွက် လာလေသည်။

" ငါ့ဆီက ဓား တစ်လက်ကို ... ယူ၊ တိမ်ဖုံး နေသော ဓား ။ ”

ချူဟောင်းယူက သူ့ကို သိုင်းခြုံ ထားသော မီး ပင်လယ်ကြီး ပြိုကွဲ သွားသည်နှင့်၊ ပျံ့လွင့်နေသော အရှိန်အဝါ များကို ရုတ်တရက် ပြန်လည် စုစည်း လိုက်၏။

ခဏချင်း မှာပင် ပတ်ဝန်းကျင်ရှိ ဓား ရည်ရွယ်ချက် များကို စုပ်ယူ နေသော၊ လေစုပ်ဝဲကြီး တစ်ခု ဖြစ်ပေါ် လာသည်။

ထိုလေစုပ်ဝဲ ကြီးသည် ဓားသင်္ချိုင်း တောင်ထိပ် တစ်ခု လုံးကို တုန်ခါ သွားစေ ပြီးနောက်၊ ချူဟောင်းယူ၏ ဓားနှင့် အတူ၊ ချွင်းဝူ ထံသို့၊ လိုက်ပါ သွားတော့သည်။

လင်းယွန်က ထိုမြင်ကွင်းကို အဝေးမှ မြင်သော အခါ တုန်လှုပ် သွား၏။

'သခင့်ဓား' ကို အဆင့်မြင့် ကျွမ်းကျင်မှု အထိ၊ မရ ရှိထား ပါက၊ ချူဟောင်းယူ၏ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' ကို၊ အနိုင် ယူရန် မဖြစ်နိုင်ကြောင်း၊ သူ သိလိုက်သည်။

'သခင့်ဓား'နှင့် ယှဉ်ပါလျှင်၊ မည်သို့မျှ ယုတ်ညံ့မည် မဟုတ်ပေ၊ ချူဟောင်းယူမှာ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား'ကို၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ သွားပါက၊ ဒုက္ခ ဖြစ်ပေ လိမ့်မည်။

လင်းယွန်၏ အိုင်းရစ်ဓား သုတ္တန်သည်၊ အဋ္ဌမအဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ခရမ်းရောင် ပန်းမှာ အသွင်ပြောင်း သွားခဲ့သည်။

ထို့ကြောင့် နက်နဲ နယ်ပယ်၏၊ ဆဋ္ဌမ အဆင့်တွင် ရှိသော တပည့် များနှင့်၊ ရင်ဆိုင်ရ လျှင်ပင်၊ ရှုံးနိမ့်မည် မဟုတ်ပေ။

၎င်းသည် သူ၏ ဝှက်ဖဲ ဖြစ်၏၊ ထို့ပြင် 'နတ်ဘုရား ပုံရိပ်ယောင် ဓား'ကို၊ ဒုတိယ အဆင့် အထိလည်း၊ အောင်မြင် ထားသေးသည်။

တိုက်ခိုက်မှုမှာ မြန်ဆန်လွန်း လှသည် ကြောင့်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကဲ့သို့၊ အဆင့်မြင့် ရွေ့လျားမှု နည်းစနစ် များကို၊ ဆုပ်ကိုင် ထားနိုင်ခြင်း၊ မရှိသော သူများက၊ ရှောင်တိမ်းရန် မဖြစ် နိုင်ချေ။

ဓားသင်္ချိုင်း တောင်ကုန်းသည် ပေပေါင်း သောင်းနှင့်ချီ မြင့်မား လှပြီး၊ တောင်ထွတ် တစ်ခု လုံးရှိ၊ ဓား ရည်ရွယ်ချက် များက၊ လှိုင်းလုံးကြီး သဖွယ်၊ ဖွဲ့တည် လှုပ်ရှား လာလေသည်။

ကောင်းကင်မှ အုပ်မိုး ကျဆင်း လာသော ဓားကို၊ ချွင်းဝူက မျက်ခုံးပင့် ကြည့်လိုက်၏၊ သူ့မျက်ဝန်း များတွင် တုန်လှုပ် သွားခြင်း မရှိပေ။

တစ်ခု တည်းသော အရာမှာ၊ မူလ စွမ်းအင်ကို အထွတ် အထိပ်ထိ၊ တွန်းတင် လိုက်ခြင်းသာ ဖြစ်သည်။

ဤဓားချက်တွင် ထွက်ပေါက် တစ်စုံ တစ်ရာ မရှိ သောကြောင့်၊ ချွင်းဝူက သက်ပြင်း ချလိုက် မိသည်။ သို့သော် သူ့အတွက် အလုံးစုံ ပိတ်မိ ရန်မှာမူ၊ မဖြစ်နိုင် သေးချေ။

'' ဟိတ်....... ''

ချွင်းဝူက ကောင်းကင်သို့ မော့ကာ၊ ဟိန်းဟောက် လိုက်ပြီး၊ မူလ စွမ်းအင် များကိုလှည့်ပတ် လိုက်သည်နှင့်၊ သူ့ အရေပြားတွင် မီးတောက်များ ထွက်ပေါ် လာတော့၏။

ထို့နောက်တွင် ရိုးရှင်းသော လက်ဖဝါး ရိုက်ချက် တစ်ချက်ကို တွန်းထုတ် လိုက်ပြီး၊ ကျဆင်း လာသော ဓားအား၊ ဟန့်တား လိုက်သည်။

လေစုပ်ဝဲ ကြီးမှာ ပြိုကျ သွား ပြီးနောက်၊ တုန်ခါ နေသော ဓားသင်္ချိုင်း တောင်ကုန်း တစ်ခု လုံးကို၊ ရပ်တန့် နိုင်ခဲ့သည်။

လက်ဖဝါးနှင့် ဓားတို့ တွေ့ဆုံ မှုမှ၊ ထွက်ပေါ် လာသော စွမ်းအင် များက၊ လှိုင်းတိုများ အဖြစ် လှုပ်ခတ် လာပြီး၊ အနီး ပတ်ဝန်း ကျင်သို့၊ ကြီးမားသော လှိုင်း ဂယက်များ သဏ္ဍာန်၊ လျင်မြန်စွာ ပျံ့နှံ့ သွား၏။

ပြင်းထန်သော လှိုင်းလုံးများ ထိမှန် ခံရ သူတိုင်းမှာ၊ ကြမ်းတမ်းစွာ ရိုက်ပုတ် ခံလိုက်ရ သကဲ့သို့၊ လွင့်စင် သွားတော့သည်။

စောင့်ကြည့်ရေး စင်မြင့် ပေါ်တွင်၊ ဓားသင်္ချိုင်း ဂူ အတွင်းမှ၊ ဓားသံများ တဟုန်ထိုးမြည်ဟီး လာသည်ကို၊ ကြားလိုက်ရ သောကြောင့်၊ လူတိုင်း အံ့အားသင့် နေသည်။

လင်းယွန်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ၊ ရွှေကျီးကန်း တောင်ပံ များကို ထုတ်ဖော်ပြီး၊ လင်းကျူရှန်နှင့် လင်းယန် အနားသို့ ပျံဝဲ သွားသည်။

လက်သီးအား ဆုပ်ကိုင် လိုက် ပြီးနောက်၊ မူလစွမ်းအင် များကို ထုတ်ဖော်ကာ၊ တိုးဝင် လာသော လှိုင်းများအား၊ ထိုးခွဲပစ် လိုက်၏။

“ ကျေးဇူးတင် ပါတယ် အစ်ကိုလင်း။ ”

လင်းကျူရှန်က ပင့်သက် ချကာ၊ ကျေးဇူးတင် စကားဆို လိုက်သည်။ သူမသည် မိမိကိုယ် မိမိ၊ ကာကွယ် နိုင်ရုံ မျှသာ ရှိပြီး၊ လင်းယန်ကို စောင့်ရှောက် နိုင်ခြင်း မရှိ ခဲ့ခြေ။

လင်းယန်၏ နှလုံးသားမှာ၊ တဆတ်ဆတ် တုန်ယင် လာပြီး၊ ထိတ်လန့် သွားသည်။

သူမ စိတ်ကူး များဖြင့် လိုက်မမှီ ခဲ့ပေ၊ မျှော်လင့် ထားသည်ထက် ကျော်လွန်သော ခွန်အား များကြောင့်၊ မည်သို့ ဖြစ်ပျက် ခဲ့မှန်း၊ မသိ နိုင် တော့ခြေ။

“ စိတ်မပူ ပါနဲ့။”

လင်းယွန်က ချူဟောင်းယူနှင့် ချွင်းဝူ တိုက်ပွဲကို လှမ်းကြည့်ကာ၊ နှစ်သိမ့် လိုက်သည်။

သူတို့၏ တိုက်ခိုက်မှု များကြောင့်၊ ဖြစ်ပေါ် လာသော စွမ်းအင် အကျွင်း အကျန် လှိုင်းများမှာ၊ ပျောက်ကွယ် သွားခဲ့ပြီး ဖြစ်သည်။

ချူဟောင်းယူ သည်လည်း ချွင်းဝူ၏ လက်ဖဝါးကို ကိုင်တွယ် နိုင်ခဲ့သည်။

သို့သော် ချွင်းဝူ၏ မူလ စွမ်းအင်မှာ၊ ချူဟောင်းယူထက် သိသိ သာသာ သိပ်သည်း နေသည်။

" ချူဟောင်းယူက ချွင်းဝူကို လျှော့တွက် နေတုန်းပဲ ..."

လင်းယွန်က ပင့်သက် ရှိုက်ကာ၊ ရေရွတ် လိုက်၏။

သူ အထင်သာ မှန်ခဲ့ ပါလျှင်၊ အစောပိုင်း အချိန်က ခံစား ခဲ့ရသော၊ စူးရှသည့် အကြည့် များမှာ၊ ချွင်းဝူ ထံမှ လာခြင်း၊ ဖြစ်ပေမည်။

ယခု တိုက်ပွဲ၌ ချူဟောင်းယူနှင့် ချွင်းဝူမှာ သူတို့၏ ခွန်အားကို အပြည့် အ၀ ထုတ်ဖော် ခဲ့ခြင်း မရှိပေ။ ခွန်အားကို စမ်းသပ် ရုံမျှသာ ဖြစ်သည်။

ပြိုင်ဘက်မှ အမှား လုပ်လာမည့် အချိန်အား၊ စောင့်ကြည့် နေခြင်း ဖြစ်၏။

နောက်ဆုံးတော့၊ တစ်ယောက်ကို တစ်ယောက် ဖယ်ထုတ် နိုင်ခဲ့ ပါက၊ သူတို့၏ အကြီးမားဆုံး ပြိုင်ဘက်အား၊ ဖြေရှင်း ပြီးသား ဖြစ်ပေ လိမ့်မည်။

သူတို့ နှစ်ဦးသည် ကောင်းကင်တွင်၊ လှုပ်ရှား မှုပေါင်း နှစ်ဆယ်ခန့်၊ အပြန် အလှန် ဖလှယ် ခဲ့ကြပြီး၊ ၎င်းတို့၏ တိုက်ခိုက်မှု များကြောင့်၊ ဖြစ်ပေါ် လာသော စွမ်းအင် လှိုင်းလုံး များမှာ၊ ကြီးမားသော အပြောင်း အလဲကို ဖြစ်ပေါ် လာစေ ခဲ့သည်။

အများအမြင် အရ လက်ရည်တူ တိုက်ပွဲ တစ်ပွဲဟု ယူဆ နိုင်၏၊ သို့သော် ချွင်းဝူမှာ သူ့ဓားကို မဆွဲ ခဲ့သည် ဖြစ်ရာ၊ ချူဟောင်းယူအား အနည်းငယ် နိမ့်ကျစွာ ရင်ဆိုင် နေရ လေသည်။

ထိုမြင်ကွင်းကြောင့် လူ အတော် များများမှာ ထိတ်လန့် သွား၏၊ ချွင်းဝူလို လူတစ်ယောက်သည်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ၏၊ မြင်းနက် တစ်ကောင် ဖြစ်လာ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။

ချူဟောင်းယူက သူ့ဓားကို ပြန်ရုတ် သိမ်း လိုက်ပြီး၊ ဓားရိုး ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်သည်။ သူ့ မျက်ဝန်းများ ထဲ၌၊ ထိတ်လန့်မှု များဖြင့်၊ ချွင်းဝူအား လှမ်းကြည့် လိုက်၏။

ချွင်းဝူ၏ ခွန်အားကို စမ်းစစ် ရန်အတွက်၊ သူ့ ခွန်အား၏ တစ်ဝက် ကိုသာ အသုံးပြု ခဲ့သော်လည်း၊ အလားတူ အခြေ အနေ မျိုးဖြင့်၊ ချွင်းဝူ မှာလည်း၊ တုန့်ပြန် ဖုံးကွယ် ထားနိုင် ခဲ့သည်။

" ဂျူနီယာ ညီလေးချူ၊ မင်း ဆက်သွား ချင်လား၊ မင်းနဲ့ ကစား ရတာ ပျော်စရာ ပါပဲ။ "

ချွင်းဝူက ပြုံးကာ ဆိုလိုက်သည်။ ဆက်လက် တိုက်ခိုက်မည် ဆိုပါက၊ ၎င်းတို့ အနက်မှ တစ်ဦးမှာ၊ သေချာပေါက် ဒဏ်ရာ ရရှိမည် ဖြစ်ပြီး၊ ယင်းသည် မိုက်မဲ့သော ဆုံးဖြတ်ချက် တစ်ခုသာ ဖြစ်ပေမည်။

ချူဟောင်းယူက ပြန်ဖြေ ခါနီးတွင်၊ ဂျင်းဖိန်မှာ သူ့ နောက်သို့၊ ရုတ်တရက် ရောက်ရှိ လာပြီး၊ လက်ဖဝါးဖြင့် ရိုက်ချ လာသည်။

ဂျင်းဖိန်၏ 'မူလ အမှောင်' ကျင့်ကြံခြင်း နည်းစနစ်ကြောင့်၊ သိပ်သည်းသော မူလ စွမ်းအင် များသည်၊ မီတာ ရာဂဏန်း အကွာမှ နေ၍၊ ချူဟောင်းယူ ဆီသို့၊ ဦးတည် တိုးဝင်သွား ခဲ့သည်။

သိပ်သည်းသော မူလ စွမ်းအင် များကြောင့်၊ ချူဟောင်းယူကို လုံးဝ အံ့သြ သွားစေ ခဲ့သည်။

သည် တိုက်ခိုက်မှု မတိုင်ခင် တစ်လျှောက်လုံး၊ ဂျင်းဖိန်က သတ်ဖြတ် လိုသော ဆန္ဒကို၊ ထုတ်ဖော် ပြသ ခဲ့ခြင်း၊ မရှိ ခဲ့ပေ။

ထို့ကြောင့်ပင် အန္တရာယ်ကို သတိ ပြုမိ ချိန်တွင်၊ ဂျင်းဖိန်၏ လက်ဖဝါးမှာ၊ မီတာဝက် မျှသာ ကွာဝေး တော့သည်။

သို့သော် ချူဟောင်းယူက ခြေနင်း အဖြစ်၊ သုံးထားသော ဓားရိုးကို ဆောင့်နင်းပြီး၊ ခန္ဓာ ကိုယ်ကို လိမ်လျက်၊ လေထဲ ခုန်တက် လိုက်၏။

တိုးဝင် လာသော 'စွမ်းအင် လက်ဖဝါး' ကြီးကို ရှောင်လိုက်ပြီး၊ ဓားကို ဆွဲကာ ခုတ်ပိုင်းရန် ပြန်လှည့် ကြည့်လိုက် လေသည်။

ဂျင်းဖိန်သာ သူ့ လက်ဖဝါးဖြင့်၊ ဆက်လက် တိုးဝင် လာခဲ့ ပါက၊ ချူဟောင်းယူမှာ ဒဏ်ရာရရှိ သွားနိုင် သကဲ့သို့၊ သူသည်လည်း ဓားဖြင့်၊ခုတ်ပိုင်း ခံရ ပေမည်။

ဂျင်းဖိန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး ရုတ်တရက် နောက်ပြန် ဆုတ် လိုက်၏။

ခဏချင်း မှာပင်၊ အသူရာ မဟာမိတ် အဖွဲ့ဝင် တပည့်များ ကြားသို့၊ မည်သို့မျှ ထူးခြားသော အမူ အရာဖြင့်၊ ပြန်လည် ရောက်ရှိ သွားခဲ့သည်။

" ဂျင်းဖိန်.... ၊ မင်းက ငါ့ကို ခိုးဝင် တိုက်ခိုက်ဖို့ သတ္တိ ရှိတယ်လား။ "

ချူဟောင်းယူ မျက်လုံး များမှာ၊ အေးစက် သွားသည်။ သူ့ မျက်နှာ ပေါ်တွင် လွှတ်ချလိုက် သကဲ့သို့၊ ဒေါသများ တောက်လောင် လာ၏။

သေမျိုး အဆင့် ထိပ်ဆုံး သုံးနေရာ၌၊ ရပ်တည် ထားနိုင်သော အထက်တန်း လွှာ သိုင်းသမား တစ်ယောက် အနေဖြင့်၊ သတ်ဖြတ် လိုသော ဆန္ဒကို ယုံကြည်ချက် ရှိရှိ ပြသခြင်း မပြု ခဲ့ဘဲ၊ ခွေးတစ်ကောင် ကဲ့သို့၊ နောက်ကျောမှ ဝင်ရောက် တိုက်ခိုက် လာလိမ့် မည်ဟု၊ မတွေးထား မိပေ။

ဘဝ တစ်လျှောက် သူ သတ်ချင်သော မည်သူ့ကို မဆို၊ သတ်ဖြတ် လိုသော ဆန္ဒအား၊ ထုတ်ဖော် ပြသ မိမည် ဖြစ်သည်။

အနည်းဆုံးတော့ လင်းယွန် ပင်လျှင်၊ သူ့အား သတ်ဖြတ် လိုသော ဆန္ဒကို၊ ပြောင်ပြောင် တင်းတင်း ပြန်လည် ပြသ ရဲပေသည်။

ဂျင်းဖိန်မှာမူ အဆိုပါ အယူအဆ များကို ဆန့်ကျင်ကာ၊ အလစ်ဝင် တိုက်ခိုက် လာသည့် အတွက်၊ သူ အံ့သြ မိသည်မှာ မထူးဆန်း လှပေ။

( တကယ် အမှိုက်ပဲ။ )

အကယ်၍ သူသာ သတိ မထား မိပါက၊ ယခုအချိန်တွင် ဖယ်ရှား ခံရ နေပြီ ဖြစ်ပေ လိမ့်မည်။

အထက်တန်းစား ပြည်နယ်၏ တပည့် များက အံကြိတ်လျက်၊ ဂျင်းဖိန်ကို စူးစူး ဝါးဝါး စိုက်ကြည့်လိုက်ကာ၊

" ဂျင်းဖိန်၊ မင်းက အထက်တန်းစား ပြည်နယ်ကို ဆန့်ကျင် ရဲတယ်လား။ "

“ ငါ မဝံ့ ပါဘူး၊ ဒါပေမယ့် စီနီယာ အစ်ကို ချူက၊ သူ့လမ်းမှာ ရပ်နေတဲ့ သူတိုင်းကို သတ်ပစ်မယ်ဆိုတော့ .... စကြာဝဠာ လက်နက်ကို စိတ်ဝင်စား မိတဲ့ ငါ့အတွက်၊ စိတ်လှုပ်ရှား သွားလို့ပါ။ ''

ဂျင်းဖိန်က မည်သို့မျှ မပြုမူ ထား သကဲ့သို့၊ တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။ ထို့နောက် သူ့ နှုတ်ခမ်း ပေါ်တွင် အပြုံး တစ်ပွင့်၊ ဖြစ်ပေါ် လာပြီး၊ ချူဟောင်းယူကို လှမ်းကြည့် လိုက်၏။

'' ချူဟောင်းယူ၊ အရာ အားလုံးက မင်းဆန္ဒ ရှိတဲ့ အတိုင်း၊ ဖြစ်လိမ့် မယ်လို့၊ မင်းတကယ် ထင်နေ တာလား၊ ချွင်းဝူနဲ့ လင်းယွန်ကို သတ်ဖို့ အတွက်၊ မင်းရဲ့ ဝှက်ဖဲ တွေကို ထုတ်မပြ ချင်တဲ့၊ စိတ်တွေ ရှိနေ သေးရင်၊ မင်း အဲဒါကို နောက်ဆုတ် လိုက်တာ ပိုကောင်း ပါတယ်။ ”

ချွင်းဝူနှင့် လင်းယွန်ကို အသုံးပြု၍၊ ဂျင်းဖိန်က ခြိမ်းခြောက် လာခဲ့သည်။

ချူဟောင်းယူမှာ ယခု အချိန်၌၊ အခြားသူ များနှင့် တိုက်ခိုက် ခြင်းဖြင့်၊ ဝှက်ဖဲ များကို ထုတ်ဖော်ရန်၊ ဆန္ဒ မရှိဟု သူ ထင်ထားသည်။

သို့သော် သူ့လို အမှိုက် တစ်စသည် ချူဟောင်းယူအား၊ လုံလောက်စွာ နားလည် နိုင်မည် မဟုတ်ပေ။

" မင်းလို အမှိုက် မျိုးကို သတ်ဖို့ ...၊ ငါ့ ဝှက်ဖဲကို ထုတ်ပြ နေစရာ မလို ပါဘူး။ "

ချူဟောင်းယူက အေးစက်စွာ ရေရွတ် လိုက်ပြီးနောက်၊ ဓားကို ဆွဲကာ၊ ဂျင်းဖိန် ဆီသို့ ပြေးဝင် သွားတော့၏။

***

All Chapters