မြင့်မားသော စွမ်းရည်။
Vol. 22 Ch. 308
" မင်းလို အမှိုက် မျိုးကို သတ်ဖို့ ...၊ ငါ့ ဝှက်ဖဲကို ထုတ်ပြ နေစရာ မလို ပါဘူး။ "
ချူဟောင်းယူက အေးစက်စွာ ရေရွတ် လိုက်ပြီးနောက်၊ ဓားကို ဆွဲကာ၊ ဂျင်းဖိန် ဆီသို့ ပြေးဝင် သွားတော့၏။
ဂျင်းဖိန် ကဲ့သို့၊ အမှိုက် တစ်စသည် ချူဟောင်းယူအား လုံလောက်စွာ နားလည် နိုင်မည် မဟုတ်ပေ။
ဓားသွား အော်မြည်သံ တစ်သံ ထွက်ပေါ် လာပြီး ချူဟောင်းယူ၏ ဓားမှာ တုန်ယင် လာ၏။
ထို့နောက်တွင် ဓားရောင်ဝါသည် ရွှေရောင် အလင်းတန်းများ ကဲ့သို့၊ မိုးကုတ် စက်ဝိုင်းထဲ၊ ထိုးဖောက် ဝင်ရောက် သွားပြီးနောက်၊ ဂျင်းဖိန်အား ရွှေရောင် ချည်မျှင်များ သဖွယ်၊ သိုင်းယှက် လိုက်သည်။
ချူဟောင်းယူမှာ ဤမျှ ပြတ်သား လိမ့်မည်ဟု၊ မမျှော်လင့် ထားသောကြောင့်၊ ဂျင်းဖိန်က အံ့အားသင့် သွားသည်။ သူ့ စကားနှင့် သူ၏ ခွန်အားကို၊ ချူဟောင်းယူက လုံးလုံး လျားလျား လျစ်လျူရှု ထားခဲ့ လေပြီ။
ဂျင်းဖိန် မျက်နှာမှာ လေးနက် သွား၏။
( မင်းက တိုက်ပွဲကို ဆာလောင် နေတာလား၊ကောင်းပြီ ငါတိုက် ပေးမယ်။ )
" မင်းတို့ အခု ချက်ချင်း ထွက်သွားကြ။ "
အသူရာ မဟာမိတ် အဖွဲ့၏ တပည့် များကို နောက်ပြန် ဆုတ်ရန် အမိန့်ပေး လိုက်ပြီးနောက်၊ သူ့ ခန္ဓာကိုယ် အတွင်း 'မူလ အမှောင်' နည်းစနစ်ကို ဖြန့်ကျက်ကာ၊ ရှေ့သို့ ခြေတစ်လှမ်း လှမ်းယူ လိုက်သည်။
ရစ်သိုင်း လာသော ရွှေချည်မျှင် များကို ဖြိုခွဲရန်၊ သူ့ လက်ဖဝါးအား တွန်းလွှတ် လိုက်သော အခါတွင်၊ ထွက်ပေါ် လာသော မူလ စွမ်းအင်၏ သိပ်သည်းဆ ကြောင့်၊ လူတိုင်း ထိတ်လန့် သွား၏။
" မူလ အမှောင် နည်းစနစ်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှု။ "
“ သူ ဒီလောက် အစွမ်းထက် မယ်လို့၊ ဘယ်သူက ထင်မှာလဲ၊ သေမျိုး အဆင့်ရဲ့၊ တတိယ နေရာမှာ၊ ရပ်တည် နိုင်တာ အံ့သြ စရာ မဟုတ် တော့ပါဘူး။ ”
" စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို ပြီးမြောက်အောင် ကျင့်ကြံ နိုင်တဲ့ သူက ...၊ သူ တစ်ယောက် တည်း ရှိနေမှာ ... ငါကြောက် မိတယ်။"
အနီးနားရှိ တပည့်များက အချင်းချင်း ဆွေးနွေး လာကြပြီး၊ လင်းယွန်ပင် အံ့သြ သွား၏။
နည်းစနစ် တိုင်းသည် ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိသော အခါတွင်၊ သူ၏ စွမ်းအားမှာ သိသိ သာသာ ပြောင်းလဲ သွားမည် ဖြစ်သည်။
'မူလ အမှောင်' နည်းစနစ်သည်၊ အဆင့်မြင့် နက်နဲ နည်းစနစ်၊ တစ်ခုသာ ဖြစ်သော်လည်း၊ ၎င်းကို အပြည့်အဝ ကျွမ်းကျင် လာခဲ့ ပါက၊ အဆင့် သစ်သို့ ရောက်ရှိ သွားပေမည်။
ဆိုလို သည်မှာ 'ဝိညာဉ် အဆင့်' နည်းစနစ် များကို၊ 'အဆင့်မြင့် ကျွမ်းကျင်မှု' အောက်၌သာ၊ ဆုပ်ကိုင် ထားနိုင်သော မည်သူ မဆို၊ သူ့ အတွက် ပြိုင်ဘက် မဟုတ်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။
ဓားသုတ္တန်သည် အဋ္ဌမ အဆင့်သို့ မရောက် ရှိပါက၊ လင်းယွန် သည်ပင် ထူးမည် မဟုတ်ပေ။
သို့သော် ဂျင်းဖိန်သည် ချူဟောင်းယူကို အနိုင်ယူ ဖို့ရန်၊ ထိုနည်းစနစ် အပေါ်၊ အလုံးစုံ အားပြု ချင်ခဲ့သော်၊ လွယ်လိမ့်မည် မဟုတ်ပေ။ ချူဟောင်းယူ၏ ဓားမှာ၊ ထိုမျှ မရိုးရှင်းနိုင်။
တိုက်ပွဲမှာ ပို၍ စိတ်ဝင် စားစရာ ကောင်းလာ သောကြောင့်၊ လင်းယွန်၏ နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။
မူလ စွမ်းအင်များ မြင့်တက် လာပြီး၊ ဓား ရည်ရွယ်ချက်ဖြင့် ယှက်လုပ် ထားသော၊ ရွှေချည်ကြိုး နှစ်ဆယ်ကို၊ ဂျင်းဖိန်က ဖယ်ရှား ပစ်လိုက်သည်။ သူက ချူဟောင်းယူကို တစ်ချက် မော့ကြည့် လိုက်ပြီး၊
" ချူဟောင်းယူ၊ မင်းဘယ်တုန်း ကမှ မမျှော်လင့် ထားဖူး မဟုတ်လား၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်ထဲက၊ ငါ့ရဲ့ 'မူလ အမှောင်' နည်းစနစ် အပေါ် နားလည်မှု ရယူထား ပြီး သားပါ၊ နောက်တစ်ဆင့် တက်နိုင်ရင် 'သရုပ်ဖော်' အဆင့်ကို ရောက်ပြီ၊ အရင်တုန်း ကလို လှုပ်ရှားမှု သုံးကြိမ် ထဲနဲ့၊ မင်းငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ် ပါဘူး။ ”
ဂျင်းဖိန်၏ အကြည့် များမှာ ကောက်ကျစ် လှပြီး၊ စကား များဖြင့်၊ လျှို့ဝှက်ချက် အချို့ကို ထုတ်ဖော် ပြောဆို လာခဲ့သည်။
ထို့ကြောင့် ဂျင်းဖိန်သည် လွန်ခဲ့သော တစ်နှစ်က၊ ချူဟောင်းယူကို စိန်ခေါ် ခဲ့ပြီး၊ သုံးကွက် အတွင်း ရှုံးနိမ့် သွားပုံ ရသည်။
အားလုံးက ချူဟောင်းယူကို ထိတ်လန့်စွာ ပြန်လှည့် ကြည့်လိုက်သည်။ လွန်ခဲ့သော တစ်နှစ် ကတည်းက သုံးကွက် အတွင်း၊ ဂျင်းဖိန်အား အနိုင်ယူ နိုင်ခဲ့သော ချူဟောင်းယူမှာ၊ မည်မျှ သန်မာ ခဲ့မည်ကို၊ မခန့်မှန်း နိုင်တော့ချေ။
“အမှိုက်က နောက်ဆုံးတော့ အမှိုက် ပါပဲ၊ ဒီတော့ အရင်း အမြစ် တွေကို ဖြုန်းတီးပြီး ကျွမ်းကျင် ပိုင်နိုင် ခဲ့တယ် ဆိုရင်ကော ....၊ ဓားသမား ဆိုတာ နောက်ဆုံးတော့ သူ့ဓား ကိုပဲ အားကိုး ရမယ် မဟုတ်လား၊ မင်း ငါ့ဓားကို လုံးလုံး နားမလည် သေးပုံပဲ။ ”
ဟု ချူဟောင်းယူက မထီမဲ့မြင် ပြောဆို လိုက်သည်။
'' မင်း ဘာကို ဆိုလို တာလဲ။ ''
ဂျင်းဖိန်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ သူ ချေမွ ပစ်လိုက်သော ရွှေချည်မျှင် များမှာ ရုတ်တရက် ပြန်ပေါ် လာပြီး၊ သူ့အား သိုင်းယှက် လာပြန်သည်။
" လေထန်တဲ့ တိမ်တိုက်။ "
ချူဟောင်းယူက ဟောက် လိုက်၏။ သူ့ဓားကို မြှောက်လိုက် ပြီးနောက်၊ ရွှေရောင် ချည်မျှဉ် များဖြင့်၊ ယှက်လုပ် ထားသော တိမ်ပင်လယ် ပန်ချီကား တစ်ချပ် ကဲ့သို့၊ ဂျင်းဖိန်ဆီ ပြိုကျ သွားသည်။
ဂျင်းဖိန်၏ မျက်နှာမှာ ပြောင်းလဲ သွားကာ၊ ချက်ခြင်း နောက်ပြန် ဆုတ်လိုက်ပြီး၊ လက်ဖဝါးကို မြှောက်တင် လိုက်၏။
ပဉ္စမ အဆင့်ရှိ သိုင်းသမား တစ်ယောက် ကိုပင်၊ သတ်နိုင်သော သူ၏ လက်ဖဝါး ရိုက်ချက်က၊ ရွှေရောင် တိမ်ပင်လယ် ထဲ၌ အပေါက် များသာ ဖြစ်ကျန် စေခဲ့သည်။
ရွှေရောင် တိမ်ပင်လယ် ပန်းချီ ကားမှာ၊ ပြိုပျက် သွားခြင်း မရှိဘဲ၊ လျင်မြန်စွာ ကျဆင်း လာလျက်၊ ဂျင်းဖိန်အား ဝါးမြို လိုက်တော့၏။
ထိုမြင်ကွင်းကို ရပ်ကြည့် နေမိသော သူများက အံ့အားသင့် သွားကုန်သည်။
အဘယ်ကြောင့် ဆိုသော် ချူဟောင်းယူ၏ ' 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' သည်၊ ပြီးပြည့် စုံစွာ ကျွမ်းကျင် လာသောကြောင့်၊ ဖြစ်လေသည်။
တားမြစ် နည်းစနစ် များမှ လွဲ၍၊ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား'သည် ဓားနန်းတော်တွင်၊ လေ့ကျင့်ရန် အခက်ခဲ ဆုံးသော ဓား နည်းစနစ် ဖြစ်သည်။
'အဆင့်မြင့် ကျွမ်းကျင်မှု' ကို မဆိုနှင့်၊ 'အလယ် အလတ် ကျွမ်းကျင်မှု' အား၊ ရရှိ ရန်ပင်၊ ခဲယဉ်း ပေသည်။
မီးဝိညာဉ် လူသား များနှင့် တိုက်ခိုက် နေသော တပည့် များက၊ ထူးခြားသော ဖြစ်စဉ် များကြောင့်၊ အာရုံ ပြောင်းကာ လှည့်ကြည့် လာကြသည်။
တိုက်ပွဲကို တိတ်တဆိတ် အကဲခတ် နေသော လင်းယွန်၏ မျက်နှာ ပေါ်ရှိ အပြုံး များပင်၊ ပျောက်ကွယ် သွားခဲ့သည်။
'တိမ်မြူကင်းသော အာရုဏ်ဦး ဓား'ကို၊ လေ့ကျင့် ထားခြင်း မရှိ ခဲ့သော်လည်း၊ ၎င်းသည် 'လေးနက်သောခြေလှမ်း ခုနစ်လှမ်း' ကဲ့သို့၊ အစွမ်း ထက်ကြောင်း၊ သူ သိထားသည်။
အဆိုပါ နည်းစနစ်မှာ ရှေးကျသော နည်းစနစ် များမှ ဆင်းသက် လာကာ၊ လင်းယွန်က ခြောက်လခန့် အချိန် ပေးခဲ့ ရသည်။
ချူဟောင်းယူ သည်လည်း ဓားဧကရာဇ် ဆေးပင်ကို သန့်စင် ပြီးနောက်၊ ဤအဆင့်သို့ ထိုးထွင်း နားလည် သွားခဲ့ ပုံရ၏။
စားပွဲများ ရုတ်တရက် လှည့်လာ သဖြင့်၊ ဂျင်းဖိန်မှာ ယခု အန္တရာယ် ရှိနေပြီ ဖြစ်သည်။
ချူဟောင်းယူက လှောင်ပြောင် သော အမူအယာဖြင့်၊
" မင်းငါ့ကို အဲဒီ့ ခွန်အား လေးနဲ့၊ ခိုးဝင် တိုက်ခိုက် ရဲတယ်လား၊ နုံအ လွန်းတယ်။ "
ဟု အော်ဟစ် လိုက်၏။
ထိုအခိုက်တွင် တိမ်ပင်လယ်ကြီး ရှေ့၌ ရွှေရောင် ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာခဲ့သည်။
" ဘယ် သူ လဲ။ "
တစ်ဆက်တည်း မှာပင်၊ ပြိုကျ လာသော တိမ်ပင်လယ်ကြီးက၊ ဓား ရည်ရွယ်ချက် များဖြင့်၊ ထိုးနှက် ခံလိုက် ရသည်ကြောင့်၊ တုန်ယင် လာသည်။
တိမ်ပင်လယ် ပျက်ပြယ် လာသည် နှင့်အမျှ ကောင်းကင်၌ ရပ်နေသော ရွှေရောင် ပုံရိပ်မှာ၊ မည်သူ မည်ဝါ ဖြစ်သည်ကို၊ တွေ့မြင် လိုက်ရပြီး၊ လူတိုင်း အံ့အားသင့် သွားကုန် လေသည်။
ထိုပုံရိပ်မှာ သေမျိုး အဆင့်တွင်၊ ဒုတိယ နေရာ၌ ရပ်တည် ထားနိုင်သော ယီရှု ဖြစ်၏။
တိမ်ပင်လယ်ကြီးသည် ထက်ဝက်ခန့် အားပျော့ သွားသော်လည်း၊ ထိတ်လန့် ဖွယ်ကောင်း နေဆဲ ဖြစ်သည်။
သို့သော် ယီရှုက ၎င်းကို လက်သီးဖြင့် ထိုးဖျက် လိုက်ရာ၊ လူတိုင်း ထိတ်လန့် သွား၏။ ထိုတိုက်ခိုက် မှုကို ရင်ဆိုင်ရန်၊ သူ၏ ရုပ်ခွန်အား သက်သက် ကိုသာ၊ အားကိုး ခဲ့ခြင်း ဖြစ်လေသည်။
" ရွှေရောင် မိုးကြိုး ခန္ဓာကိုယ်။ "
လင်းယွန်က ဓားနန်းတော်၏ ခန္ဓာကိုယ် သန့်စင်သော နည်းစနစ် တစ်ရပ်ကို၊ ချက်ချင်း အမှတ် ရသွားသည်။
'ရွှေရောင် မိုးကြိုး ခန္ဓာကိုယ်' သည်၊ 'ဒရာကိုဖီ ခန္ဓာကိုယ်' ထက်၊ အနည်းငယ် နိမ့်ကျ သော်လည်း၊ ယီရှုသည် ထိုသို့သော ရုပ်ခွန် အားကို ပြသရန် အတွက်၊ ပဉ္စမ အဆင့်သို့၊ ရောက်ရှိရန် လိုပေသည်။
ဤတိုက်ခိုက်မှု မတိုင်မီတွင် ယီရှုမှာ၊ ခန္ဓာ ကိုယ်ကို သန့်စင်သော နည်းစနစ်အား၊ လေ့ကျင့် နေကြောင်း၊ မည်သူမျှ မသိခဲ့ပေ။
“ ဘယ်လို ငရဲ မျိုးလဲ... ပြင်ပ တပည့်တွေ ထဲမှာ၊ ဘာလို့ ဒီလောက် နတ်ဆိုးတွေ များနေ ရတာလဲ။ ''
ချွင်းဝူက သက်ပြင်းချ လိုက်ပြီး၊ သူ့ လျှာကို သပ် လိုက်၏။
ပထမ၊ 'ကျား- နဂါးလက်သီး' တံဆိပ် များကို ပေါင်းစပ် ခဲ့သော လင်းယွန်၊ ဒုတိယ ပြိုင်ဘက်ကင်း ဓားသမား ချူဟောင်းယူ၊ ယခု နည်းစနစ်များ အပေါ်၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု၊ ရယူထား နိုင်သည့် ယီရှုနှင့် ဂျင်းဖိန်။
အနီးနားရှိ တပည့်များ သည်လည်း၊ စိတ်အတွင်းမှ ငြီးတွား နေခဲ့သည်။
ချွင်းဝူမှာ ပုန်းကွယ် နေသော ကျားတစ်ကောင် ဖြစ်သည်။
မြေကြီး အဆင့်၏ နောက်ဆုံး အဆင့် တစ်ထောင်၌ ရှိသော်လည်း၊ ချူဟောင်းယူကို လက်ရည်တူ တိုက်နိုင် ခဲ့သော ခွန်အား အရ၊ သူ့ကိုယ်သူ သက်သေ ပြလာသည်။
ထို့အတူ၊ ယီရှုနှင့် ဂျင်းဖိန် သည်လည်း၊ အနည်းငယ် အထင် သေး၍ မရ သေးခြေ။
“ကျေးဇူးပဲ။ ”
ဂျင်းဖိန်က ယီရှုကို လှမ်းပြော လိုက်၏။ ယီရှု၏ ရွှေရောင် မိုးကြိုး ခန္ဓာကိုယ်နှင့် ပတ်သတ်၍၊ သူ အံ့သြပုံ မပေါ်ခဲ့ပေ။
ယင်းအပြုအမူ အရ၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ မတိုင်မီတွင်၊ ၎င်းတို့ နှစ်ဦးမှာ၊ သဘော တူညီမှု တစ်စုံ တစ်ရာ ရှိခဲ့ကြောင်း၊ ထင်ရှား ပေသည်။
" ဂျူနီယာ ညီလေး ယီရှု၊ မင်းလည်း ငါ့ကို ဆန့်ကျင် ချင်နေ တာလား။ "
ချူဟောင်းယူက မျက်ခုံးပင့်ကာ၊ မေးလိုက်သည်။
“ ငါမလုပ် ရဲပါဘူး၊ ဒါပေမယ့် စီနီယာ အစ်ကိုချူ ...မင်းက မင်းလမ်းမှာ ရပ်နေတဲ့ သူကို သတ်ပစ် မယ်လို့၊ ပြောခဲ့တယ် မဟုတ်လား၊ ငါက ချန်ပီယံ ဖြစ်ချင် ခဲ့ရင်ရော ....၊ ငါ့ကို သတ်မှာလား၊ ဘာပဲ ဖြစ်ဖြစ် ငါတို့က ချန်ပီယံ အတွက်၊ အတတ် နိုင်ဆုံး ကြိုးစား သွားမှာပါ။ "
ယီရှုက စူးရဲစွာ စိုက်ကြည့်ပြီး၊ ပြန်ဖြေသည်။
ထို အဖြေကြောင့်၊ ချူဟောင်းယူ၏ မျက်လုံးများ မှေးစင်း သွား၏၊ ထို့နောက် ခေါင်းကို ခါယမ်း လိုက်ကာ၊
“ ငါ နားလည် ပါပြီ၊ ဒါပေမယ့် ဂျူနီယာ ညီလေး ယီရှု၊ မင်း... တစ်ချို့ အရာ တွေကို နားလည်ပုံ မပေါ် သေးဘူး၊ လောက ကြီးမှာ ကြိုးစား အားထုတ်မှု တစ်ခု တည်းနဲ့၊ မရ နိုင်တဲ့ အရာတွေ ရှိတယ်၊ ခက်တာက အရေ အတွက် ကသာ၊ အသုံးဝင် ရိုးမှန်ရင်၊ ဉာဏ်ကြီးရှင် တွေကို၊ ဘာလို့ လိုအပ် နေဦး မှာလဲ။
သုံးယောက်ကြားက လေထုမှာ တင်းကြပ် ပြင်းထန် လာ၏။ ချူဟောင်းယူ၏ စကားများက မောက်မာ လွန်းခဲ့ပြီး၊ ယုံကြည် ချက်များ ပြည့်လျှံ နေသော၊ သူ့ မျက်ဝန်း များတွင်၊ မာန တရားများ ကပ်ညိ နေပေသည်။
အဝေးမှ ရပ်ကြည့် နေမိသော လီဝူယုက၊
“အကိုကြီး၊ ဒီလူတွေ ဘာလို့ ... အချင်းချင်း တိုက်ကုန် ကြတာလဲ၊ သူတို့က ဝမ်ယန်ရဲ့ လက်ပါး စေတွေ မဟုတ်လား၊ အမှန်တော့ မင်းကို သတ်တော့မယ် လို့တောင်၊ ငါထင် ထားတာ အဟဲ ...။ ”
"ငါ့ကို သတ်ဖို့လား၊ ငါ့ကို သတ်နိုင်ရင်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀၀၀) ပေးမယ်လို့၊ ဝမ်ယန်က ကတိ ပေးထားတယ်၊ ဒါပေမယ့် ချန်ပီယံ ဖြစ်လာရင်၊ ရရှိမဲ့ ဆုကြေးက ပိုစိတ်ဝင် စားစရာပဲ မဟုတ်လား။ ''
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်က၊ သူတို့ အချင်းချင်း မဟာမိတ် ဖွဲ့ထားခြင်း မရှိပါက၊ တစ်ဦး တစ်ယောက် ထဲ၏ ခွန်အားဖြင့်၊ အားလုံးကို အနိုင် ယူရန် မဖြစ် နိုင်ပေ။
ထို့အတွက်ကြောင့် ၎င်းတို့ ရှေ့တွင် အကျိုး အမြတ်များ ရရှိရန် အခွင့်အရေး ရှိသည်နှင့်၊ ဝမ်ယန်၏ ဆုကြေးကို စွန့်လွှတ်နိုင် ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်၊ လင်းယွန်ကို မသတ်နိုင် သော်လည်း၊ စကြာဝဋ္ဌာ လက်နက်ကို ရယူ နိုင်လျှင်၊ အဆင်ပြေ ပေသည်။ လင်းယွန်ကို သတ်ခြင်းဖြင့်၊ ချန်ပီယံ ဖြစ်မည်ဟု မဆိုလို ထားပေ။
“ အနိမ့်ဆုံး အဆင့် စကြာဝဋ္ဌာ လက်နက် ကတောင်မှ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း၊ (၈,၀၀၀) လောက် တန်ပါတယ်၊ ဂိုဏ်းက ဒီလို စျေးပေါတဲ့၊ ဆုလာဘ် ကိုတော့ ... ၊ ပေးလာမှာ မဟုတ်ပါဘူး။ ”
လင်းကျူရှန်က သူတို့ နှစ်ယောက် ဘေးကို၊ ရုတ်တရက် ရောက်ရှိ လာပြီး၊ ဆိုလိုက်သည်။
ဓားနန်းတော်သည် 'ကနဦး အဆင့်' စကြာဝဋ္ဌာ လက်နက်ကို လက်ဆောင် ပေးမည် ဆိုပါက၊ သူတို့ကိုယ် သူတို့ အရှက် ခွဲမိရာ၊ ရောက်ရ ပေလိမ့်မည်။
စင်စစ်သော်ကား၊ အဆင့်မြင့် လက်နက် များကို ပေးဆောင် ခြင်းဖြင့်၊ သူတို့ကိုယ် သူတို့ ထိန်းသိမ်းထား ခြင်းမှာ၊ ပို အဓိပ္ပါယ် ရှိနိုင်၏။
" တကယ်ပဲ တိုက်ကြ မှာလား။ "
လီဝူယုက စိတ်ဝင် တစား ရေရွတ် လိုက်သည်။ ဤသည်မှာ တပည့် သုံးယောက် အကြား တိုက်ပွဲမျိုး မမည် တော့ဘဲ၊ 'အထက်တန်းစား ပြည်နယ်' ၊ 'အသူရာ မဟာမိတ်' နှင့်၊ 'အဖော်မဲ့ ကြယ်' တို့ကြား တိုက်ပွဲ ဖြစ်လာ ပေမည်။
" မသေချာဘူး၊ ဒါပေမယ့် ချူဟောင်းယူရဲ့ မာန အရ၊ ဂျင်းဖိန် နောက်ကို လိုက်နေ လိမ့်မယ်၊ ဒီနောက်ဆုံး တိုက်ပွဲက သူ့ရဲ့ စိတ်ကူး တွေကို ကျော်လွန် သွားခဲ့ ပုံပဲ၊ သူ သန်မာတာ မှန်ပေမယ့်၊ လူတိုင်းကို အနိုင် ယူဖို့ ကတော့ မဖြစ် နိုင်သေး ပါဘူး၊ သူတို့ တိုက်ခိုက်ရင် ချွင်ဝူ လည်း၊ အကျိုးရှိ သွားလိမ့်မယ်။ ”
လင်းကျူရှန်က ခေါင်းခါလျက်၊ သူ့ အမြင်ကို ထုတ်ဖော် ပြသ လာသည်။ သူမ၏ မသိ စိတ်၌ အသန်မာဆုံး စာရင်းတွင်၊ လင်းယွန်ကို ထည့်မတွက် ထားမိပေ။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ၏ ရလဒ်ကို မည်သူမျှ မခန့်မှန်း နိုင်ခဲ့ သော်လည်း၊ နောက်ဆုံးတွင် အဆုံးသတ် တော့မည့်၊ အရိပ် အယောင် အချို့၊ ရှိလာ ခဲ့လေပြီ။
လူ ငါးဦးသာ ချန်ပီယံဆု ရယူရန် အတွက် အရည် အချင်း ပြည့်မီပြီး၊ ထိုငါးဦးတွင် ချူဟောင်းယူမှာ အမြင့်မားဆုံး ရနိုင် ခြေကို ရရှိခဲ့သည်။
ဒုတိယ နေရာ၌ ချွင်းဝူ ဆိုသော မြင်းနက် တစ်ကောင်က ကပ်လိုက် နေ၏။ ထို့နောက် ယီရှု၊ ဂျင်းဖိန်နှင့် လင်းယွန်တို့ ဖြစ်ပေ လိမ့်မည်။
ချူဟောင်းယူတို့ သုံးယောက်က ရှေ့ မတိုးသာ၊ နောက် မဆုတ်သာ အခြေ နေတွင်၊ ရောက်ရှိ နေစဉ်၊ ချွင်းဝူ၏ ခန္ဓာ ကိုယ်ပေါ်၌ မီးတောက်များ ရုတ်တရက် ထတောက် လာခဲ့သည်။
နောက်ဆုံးတော့ စွမ်းအင် များကို ထိန်းနိုင်ပုံ မရ တော့ချေ။ သူက မီး သလင်းကျောက် များကို၊ တိတ်တဆိတ် သန့်စင် နေခဲ့ခြင်း၊ ဖြစ်လေသည်။
လူတိုင်း၏ အကြည့်ကို ဆွဲဆောင် သွားခဲ့ပြီး၊ မရေတွက် နိုင်သော အတွင်း တပည့် များက၊ သူ့ အပေါ်ရှိ တောက်လောင် နေသော မီးလျှံကို မြင်သော အခါတွင်၊ တုန်လှုပ် သွား ကြသည်။
ချွင်းဝူက အဆင် မပြေသော အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်ပြီး၊
“ မင်းတို့ ဘာလို့ ငါ့ကို ကြည့်နေ တာလဲ၊ ငါက မီးသလင်း ကျောက်ကို သန့်စင် လိုက်ရုံ လေးပါ။ "
'' ဂျူနီယာ ညီလေးချွင်း ... မင်းရဲ့ ကျောက်စိမ်းပြား .....။ "
အတွင်းတပည့် များက ချွင်းဝူ ခါးတွင် ချိတ်ဆွဲ ထားသော ကျောက်စိမ်းပြားကို ကြည့်မိ သွားသည့် အချိန်တွင်၊ ရုတ်တရက် မျက်လုံးပြူး သွားကာ၊ အော်ဟစ်လိုက် ကြသည်။
ချွင်းဝူက သူ့ ခေါင်းငုံ့ ကြည့်ပြီး၊ အံသြသွား ဟန်ဖြင့်၊ '' ဘယ်လို ငရဲမျိုးလဲ ” ဟု၊ အော်ဟစ် လိုက်၏။
သူ့ ကျောက်စိမ်း ပြားတွင် အစောပိုင်း အချိန်များ၌၊ ကြယ်ပွင့် အနည်းငယ်သာ ရှိနေ ခဲ့သော်လည်း၊ သတိ မထား မိစဉ် မှာပင်၊ ကြယ်တစ်ရာ တိုးသွား ခဲ့လေပြီ။
***