အခန်း (၈၄၅)
Vol. 61 Ch. 845
ယွင်လုမြို့၏ စမ်းသပ်ခြင်းခန်းဆောင်တွင် ဝမ်မင်ဟယ်က အပြုံးတစ်ခုနှင့်အတူ ရွှေရောင်စာလိပ်အားကိုင်ထားသော အကြီးအကဲတစ်ယောက်ကို ကြည့်သည်။
“ဝမ်မင်ဟယ်၊ ငါက မင်းကို ယွီကျစ်ဒေသရဲ့ အုပ်ချုပ်သူရာထူးကနေ ဖယ်ရှားလိုက်တဲ့ ဓားဂိုဏ်းရဲ့ ရွှေရောင်အမိန့်စာကို လာပေးတာပဲ။ အုပ်ချုပ်သူအသစ်ကို မရွေးချယ်ခင်မှာ အကြီးအကဲငါးယောက်က ယွီကျစ်ဒေသကို ပူးပေါင်းစီမံလိမ့်မယ်”
ရွှေရောင်စာလိပ်ကိုကိုင်ထားသော အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲက ဝမ်မင်ဟယ်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
သူ့နောက်တွင် ရှုံးခယ်၊ ဝူချောင်ရှန်၊ ကျန်းဟွမ်ခန်းဆောင်နှင့် ကျန်းဟွမ်ခန်းဆောင်မှ ကျွမ်းကျင်သူများ ရှိနေကြသည်။
ထိုဖြစ်စဉ်သည် အရာရှိတစ်ယောက်၏ အာဏာလွှဲပြောင်းမှု ဖြစ်သည်။
“အကြီးအကဲတို့ ခဏစောင့်ပါအုံး။ ကျွန်တော်က သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲရပါအုံးမယ်။ ပြီးတော့ စာရွက်စာတမ်းတွေကိုလည်း ပြင်ဆင်ရပါအုံးမယ်။ သုံးရက်ကြာပါလိမ့်မယ်”
ဝမ်မင်ဟယ်က ခပ်ဟဟရယ်လိုက်ပြီး အဝတ်အစားများကို ဖြည်းဖြည်းချင်း သပ်ရပ်အောင်လုပ်သည်။ သို့သော် စာလိပ်ကို မယူခဲ့ပေ။
သူ့စကားကို ကြားလိုက်ရသောအခါတွင် စာလိပ်ကို ကိုင်ထားသော လူအိုကြီးက မျက်မှောင်ကြုတ်သည်။
“ဝမ်မင်ဟယ်၊ မင်းက ဓားဂိုဏ်းရဲ့စည်းကမ်းကို သိသင့်တယ်။ တရားဝင်ရာထူးလွှဲပြောင်းမှုကို ပြုလုပ်လိုက်ရင် နာရီဝက်အတွင်းမှာ အုပ်ချုပ်သူတံဆိပ်ကို ထုတ်ပေးရမယ်”
ရှုံးခယ်က ဝမ်မင်ဟယ်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
သူ့ဘေးတွင် ဝူချောင်ရှန်က လေးနက်သောမျက်နှာထားဖြင့် ဝိညာဉ်အလင်းဝင်္ကပါ၏ အလင်းလွှာကို ကြည့်လိုက်သည်။
“သူက အချိန်ဆွဲနေတာပဲ”
သူက တီးတိုးပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဝင်္ကပါကို လက်ဖြင့်ရိုက်ချသည်။
ဝမ်မင်ဟယ်၏ဘေးတွင်ရပ်နေသော ချန်ချွီက လက်မြှောက်လိုက်သည်။ ဓားအလင်းက တောက်ပလာသည်။
“လုံလောက်ပြီ။ ရပ်စမ်း”
ရွှေရောင်စာလိပ်ကိုကိုင်ထားသော အကြီးအကဲက အေးစက်စွာအော်ဟစ်သည်။ စာလိပ်က ရွှေအလင်းကို ထုတ်လွှတ်ပြီး ဝူချောင်ရှန်နှင့် ချန်ချွီကို တားဆီးလိုက်သည်။
“ဝမ်မင်ဟယ်က ဒေသတစ်ခုရဲ့ အုပ်ချုပ်သူပဲ။ သူ့ကို မျက်နှာသာပေးသင့်တယ်”
အကြီးအကဲက နှာမှုတ်လိုက်ပြီး ဝမ်မင်ဟယ်ကို ကြည့်သည်။
“နှစ်နာရီရမယ်”
ဝမ်မင်ဟယ်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
တစ်ဖက်တွင် ဝူချောင်ရှန်၏မျက်နှာက မည်းမှောင်သွားသည်။
“အားလုံးပဲ ကျွန်တော့်ကို ခန်းဆောင်အပြင်ဘက်မှာ စောင့်ပေးကြပါ”
ဝမ်မင်ဟယ်က ပြုံးလိုက်ပြီး လက်မြှောက်သည်။
အစိမ်းရောင်အင်မော်တယ်အလင်းက အားလုံးကို စမ်းသပ်ခြင်းခန်းဆောင်၏အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။
ခန်းဆောင်က ဗလာဖြစ်သွားသောအခါတွင် ဝမ်မင်ဟယ်က မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။
“နှစ်နာရီ။ ဒါက ငါ့အတွက် နောက်ဆုံးအခွင့်အရေးပဲ။ ဟန်မူယဲ့၊ ငါမျှော်လင့်တယ် ....”
....
နှစ်နာရီအကြာတွင် ဝမ်မင်ဟယ်က အုပ်ချုပ်သူတံဆိပ်၊ အင်မော်တယ်အင်းကွက်များ ရေးထိုးထားသော အုပ်ချုပ်သူဝတ်ရုံနှင့် ရွှေသရဖူတို့ကို ပြန်အပ်လိုက်သည်။
စုယွီနွန်ဟုအမည်ရသော ဓားဂိုဏ်း၏ အကြီးအကဲက အမိန့်စာကို ဖတ်ပြလိုက်သည်။ သူ၊ ချန်ချွီ၊ ရှုံးခယ်၊ ဝူချောင်ရှန်နှင့် ကျန်းရွှမ်ခန်းဆောင်မှ အကြီးအကဲဖြစ်သူ ယုကျီတို့က ယွီကျစ်ဒေသကို စောင့်ရှောက်အတွက် ယာယီအုပ်ချုပ်သူအဖွဲ့ ဖွဲ့စည်းမည်။
“ယွီကျစ်ဒေသရဲ့ အုပ်ချုပ်သူဟောင်း ဝမ်မင်ဟယ်က လူသားနဲ့ကောင်းကင်ရဲ့ ပျက်စီးခြင်းငါးပါးကပ်ဘေးကို မဖြတ်ကျော်နိုင်တဲ့အပြင် ယွီကျစ်ဒေသကိုလည်း တည်ငြိမ်အောင်မထိန်းသိမ်းနိုင်ခဲ့ဘူး။ တခြားအင်အားစုတွေကြောင့် ယွီကျစ်ဒေသက ပျက်စီးခဲ့ရတယ်။ သူ့ပြစ်မှုက ထင်ရှားတယ်။ သူ့ကို ဓားမျှော်စင်မှာ ချုပ်နှောင်ထားပြီး အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရမယ်”
“စန်းဟော်မြို့ရဲ့ စောင့်ရှောက်သူ ကျန်းကျန်ပေါင်က လေပြင်းဓားပြတွေအကြောင်းကို သိထားပေမဲ့ အချိန်မီသတင်းမပို့ခဲ့တာကြောင့် စန်းဟော်မြို့ကို ထိခိုက်စေခဲ့တယ်။ သူက ပြစ်မှုရှိသလို အကျိုးဆောင်မှုလည်း ရှိတယ်။ သူ့ကို ဓားမျှော်စင်မှာ ချုပ်နှောင်ထားပြီး အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ကို စောင့်နေရမယ်”
“ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့က ခါးသီးအင်မော်တယ်နယ်မြေရဲ့ မဟာမိစ္ဆာတွေနဲ့ပူးပေါင်းပြီး ငါတို့ဓားဂိုဏ်းရဲ့ အကျိုးအမြတ်ကို ထိခိုက်စေခဲ့တယ်။ သူတို့နဲ့ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေအားလုံးကို ဖိနှိပ်ထားပြီး ပြစ်မှုကျူးလွန်သူတွေအားလုံးကို ဖမ်းဆီးရမယ်”
“အမည်ခံတပည့် ဟန်မူယဲ့က ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့၊ စန်းဟော်မြို့ရဲ့ စောင့်ရှာက်သူ ကျန်းကျန်ပေါင်တို့နဲ့ ပတ်သတ်နေပြီး လေပြင်းဓားပြတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရတယ်။ စစ်ဆေးမှုကို ချက်ချင်းရပ်တန့်ပြီး သူ့ကို ဓားမျှော်စင်မှာ ဖမ်းချုပ်ထားရမယ်”
အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်လိုက်ပြီး ရွှေရောင်ဓားမျှော်စင်က တောက်ပနေသည်။
ရှစ်ထပ်ဓားမျှော်စင်သည် ဒေသဆိုင်ရာအစောင့်အရှောက်များကြားတွင် အသန်မာဆုံးဖြစ်ပြီး ဓားဂိုဏ်း၏သင်္ကေတ ဖြစ်သည်။
ရွှေရောင်ချိန်းကြိုးက ဝမ်မင်ဟယ်ကို ချုပ်နှောင်လိုက်သည်။ ရှုံးခယ်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
“ဝမ်မင်ဟယ်ရဲ့ ခုခံမှုကို ကာကွယ်ဖို့အတွက် သူ့ရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ရမယ်”
သူ့စကားအဆုံးတွင် ရွှေရောင်လက်သီးချက်က ဝမ်မင်ဟယ်၏ရင်ဘတ်နှင့် ထိတွေ့သွားသည်။
ဝမ်မင်ဟယ်၏ပုံရိပ်က တုန်ခါနေပြီး ချက်ချင်းဆိုသလို တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ထိတ်လန့်နေကြသည်။
ချန်ချွီက ရှုပ်ထွေးသောမျက်နှာထားဖြင့် နေရာတွင်ရပ်နေသည်။
“ဂိုဏ်းတူညီလေးဝမ်က ပြစ်ဒဏ်ကနေ မလွတ်မြောက်နိုင်တာကို သိထားတဲ့အတွက် လက်နက်ချပြီး ကိုယ်ပွားတစ်ခုကိုပဲ ချန်ထားခဲ့တယ်။ အစပိုင်းမှာ သူက ယွီကျစ်ဒေသရဲ့ ဖြစ်ရပ်တွေကို တင်ပြပေးဖို့ စီစဉ်ထားပေမဲ့ အကြီးအကဲရှုံး၊ မင်းက ....”
ဝမ်မင်ဟယ်က ခုခံရန်ရည်ရွယ်ချက်မရှိပေ။ သူ၏ ကိုယ်ပွားက အရာအားလုံးကို သိထားသည်။ ယခု ထိုကိုယ်ပွားက ပျက်စီးသွားသောကြောင့် အကြီးအကဲငါးယောက်အုပ်စုက ယွီကျစ်ဒေသ၏ မည်သည့်အချက်အလက်ကိုမှ မရနိုင်တော့ပေ။
ခန်းဆောင်ထဲတွင် ဝူချောင်ရှန်၊ စုယွီနွန်နှင့် တခြားလူများ၏မျက်နှာထားက မည်းမှောင်နေကြသည်။ ရှုံးခယ်ကတော့ အံ့အားသင့်နေပြီး ချန်ချွီကို ဒေါသတကြီး ကြည့်လိုက်သည်။
ချန်ချွီက ထိုအကြောင်းကို သိထားလိမ့်မည်။ သို့သော် တမင်သက်သက် တိတ်ဆိတ်နေပြီး သူလှုပ်ရှားမည့်အချိန်ကို စောင့်နေသည်။
ထို့ကြောင့် သူတို့က ယွီကျစ်ဒေသ၏ သတင်းအချက်အလက်များကို မရနိုင်တော့သည့်အပြင် ရှုံးခယ်ကလည်း အပြစ်တင်ခံရလိမ့်မည်။
“စမ်းသပ်မှုကို ရပ်တန့်လိုက်တော့”
ဝူချောင်ရှန်က အော်ဟစ်လိုက်သည်။ ရှုံးခယ်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးပြီး ရွှေအလင်းကိုထုတ်လွှတ်၍ ခန်းဆောင်၏ဝင်္ကပါကို ဝင်တိုက်သည်။
“ဝီ”
ဝင်္ကပါက အသက်ဝင်လာပြီး တပည့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။
စမ်းသပ်မှုခံယူနေသော တပည့်များ၏မျက်နှာထားက ရှုပ်ထွေးနေကြသည်။
တချို့က ဓားရှည်များကို ကိုင်ထားကြသည်။ တချို့က ကြောက်ရွံ့စိတ်လက်ကျန်တချို့နှင့်အတူ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။ တချို့က သတိထားနေကြသည်။
သူတို့က စမ်းသပ်မှုရပ်တန့်သွားသည့်အကြောင်းကို မသိပေ။
ဝူချောင်ရှန်က သူတို့ကိုကြည့်လိုက်ပြီး မျက်နှာထား ပိုမိုမည်းမှောင်သွားသည်။
သူက ဂရုစိုက်ပုံမရသော ချန်ချွီကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ထားသည်။
“အကြီးအကဲချန်၊ ဘာဖြစ်သွားတာလဲ”
ချန်ချွီက တည်ငြိမ်စွာပြောသည်။
“အကြီးအကဲဝူ၊ မင်းက ဘာပြောနေတာလဲ”
“ဟန်မူယဲ့က ဘယ်မှာလဲ”
ဝူချောင်ရှန်က ချန်ချွီကို ပြင်းထန်စွာစိုက်ကြည့်ပြီး တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်နေသည်။
စုယွီနွန်၊ ရှုံးခယ်နှင့် ယုကျီက ပြန်ရောက်လာသော တပည့်များကို ကြည့်လိုက်ကြသည်။
သူတို့က ဟန်မူယဲ့၏ အရိပ်အယောင်ကို မမြင်ရပေ။
ထိုအချိန်တွင် ပြန်ရောက်လာသော တပည့်များကလည်း ဟန်မူယဲ့ပျောက်ဆုံးနေကြောင်း သတိထားမိသွားသည်။
“အကြီးအကဲဝူ၊ မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား”
ချန်ချွီက ဓားအလင်းကို ထုတ်လွှတ်ပြီး ဝူချောင်ရှန်ကို စိုက်ကြည့်သည်။
“ဟန်မူယဲ့က စမ်းသပ်ပွဲနယ်မြေမှာ သေသွားတာလည်း ဖြစ်နိုင်တာပဲ။ အဲဒါကို မင်းက လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း ငါ့ကိုလာပြီး မေးခွန်းထုတ်နေတာလား”
သူက နှာမှုတ်လိုက်ပြီး တပည့်များကို လှမ်းကြည့်သည်။
“ငါတို့က မင်းတို့ရဲ့စမ်းသပ်မှုကို နှောင့်ယှက်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး”
“ငါက အကြီးအကဲတစ်ယောက်အနေနဲ့ မင်းတို့အားလုံးကို တရားဝင်အတွင်းစည်းတပည့်အဖြစ် ခန့်အပ်ပေးလိုက်မယ်”
သူ့စကားကြောင့် တပည့်များက ပျော်ရွှင်သွားကြသည်။
တပည့်အများစုက စမ်းသပ်ပွဲနယ်မြေ၏ အဆင့်တစ်ဆယ်သို့ မရောက်ကြသေးပေ။ သို့သော် ယခုအချိန်တွင် တပည့်အဖြစ် သတ်မှတ်ခံလိုက်ရသောကြောင့် အားထုတ်ရန် သိပ်မလိုတော့ပေ။
သူတို့ထဲတွင် အားလုံးက အတွင်းစည်းတပည့်ဖြစ်လာရန် အဆင့်မမီကြပေ။
ရှုံးခယ်က စကားပြောတော့မည့်အချိန်တွင် စုယွီနွန်က လက်မြှောက်ပြီး တားဆီးသည်။
“ဒါပေမဲ့ မင်းတို့ရဲ့ စမ်းသပ်မှုက မပြီးဆုံးသေးဘူး။ မင်းတို့အားလုံးကို စန်းဟော်မြို့ရဲ့ စောင့်ရှောက်သူအဟောင်းဖြစ်တဲ့ ကျန်းကျန်ပေါ်နဲ့အတူ ခါးသီးအင်မော်တယ်နယ်မြေနဲ့ ကပ်ရပ်ဖြစ်တဲ့ ယွင်ထန့်တောရိုင်းမြေကို ပို့လိုက်မယ်။ မင်းတို့က နှစ်တစ်ရာပြည့်သည်အထိ ပြန်လာလို့မရဘူး”
ချန်ချွီက စုယွီနွန်နှင့် တခြားလူများကို လှည့်ကြည့်ပြီး ပေါ့ပါးစွာရယ်သည်။
“အားလုံးပဲ အခုအချိန်မှာ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ခါးသီးအင်မော်တယ်နယ်မြေနဲ့ ရင်ဆိုင်နေရတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို ကျန်းကျန်ပေါ်ရဲ့လက်ထဲ အပ်လိုက်ပြီး စမ်းသပ်မှုကို ဆက်လုပ်တာက အဆင်ပြေတယ်မဟုတ်လား”
ဝူချောင်ရှန်၊ စုယွီနွန်၊ ရှုံးခယ်နှင့် ယုကျီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ချန်ချွီက ယွီကျစ်ဒေသ၏ ယာယီအကြီးအကဲတစ်ယောက် ဖြစ်သည်။ ယုကျီက သူနှင့်တူသော ကျန်းရွှမ်ခန်းဆောင်မှ ဖြစ်သည်။
“အကြီးအကဲချန်ရဲ့စကားတွေက တကယ်ကို သင့်တော်ပါတယ်”
ယုကျီက အရင်ဆုံး ပြောလိုက်သည်။
စုယွီနွန်က တုံ့ဆိုင်းနေပြီး ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ဒီအဆိုပြုချက်က သင့်တော်တယ်”
သူက ကျန်းရွှမ်ခန်းဆောင်၊ ကျန်းဟွမ်ခန်းဆောင်၊ ဝမ်မင်ဟယ်တို့နှင့် ရန်ငြိုးမရှိပေ။
ထို့ကြောင့် ရေလိုက်ငါးလိုက်နေလျှင် ပိုကောင်းသည်။
ထို့အပြင် သူတို့က မကြာခင်မှာ အုပ်စုဖွဲ့ပြီး ယွီကျစ်ဒေသကို စီမံရမည်။ ယခုအချိန်တွင် ချန်ချွီကို မျက်နှာသာပေးခြင်းအားဖြင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုချောမွေ့လာလိမ့်မည်။
ယခင်က ဒေသတစ်ခုကို အုပ်ချုပ်ခြင်းသည် အထင်ကြီးစရာမကောင်းပေ။
သို့သော် ယခုအချိန်တွင် ခါးသီးအင်မော်တယ်နယ်မြေမှ မိစ္ဆာများအပြင် အင်မော်တယ်တက်လှမ်းစင်မြင့်အတွက် တခြာဂိုဏ်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဒေသတစ်ခုကို အုပ်ချုပ်ထားသောလူများသည် အခွင့်အရေး အများအပြားကို ပိုင်ဆိုင်လိမ့်မည်။
အကြီးအကဲငါးဦးတွင် သုံးဦးက သဘောတူခဲ့သည်။ ချန်ချွီနှင့် ဝူချောင်ရှန်တို့က မကျေနပ်သော်လည်း စကားမပြောခဲ့ပေ။
ထို့ကြောင့် ချန်ချွီ၏စကားက အတည်ဖြစ်သွားသည်။
ချန်ချွီက ရယ်လိုက်ပြီး ခေါင်းခါလျက် ခန်းဆောင်ထဲမှ ထွက်သွားသည်။
တပည့်များကလည်း လျင်မြန်စွာထွက်သွားကြသည်။
“အားလုံးပဲ ဂိုဏ်းရဲ့အရေးကိစ္စက အရေးအကြီးဆုံးပါ။ ငါတို့က အတူတူပူးပေါင်းပြီး ယွီကျစ်ဒေသကို စောင့်ရှောက်ကြတာပေါ့”
စုယွီနွန်က တခြားလူများကိုကြည့်လိုက်ပြီး ပြောသည်။
“အဲဒီလိုပဲ လုပ်ရမှာပေါ့”
ဝူချောင်ရှန်က ခေါင်းညိတ်လိုက်ပြီး ရှုံးခယ်နှင့်အတူ ခန်းဆောင်ထဲမှ ထွက်သွားသည်။
“ဟန်မူယဲ့နဲ့ ကျန်းကျန်ပေါင်ရဲ့တည်နေရာကို ရှာလိုက်”
ဝူချောင်ရှန်က လှေကားပေါ်တွင် ရပ်နေပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
လှေကား၏အောက်တွင်ရှိသော ဓားကျင့်ကြံသူနှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာထွက်သွားသည်။
“ဂိုဏ်းတူညီလေးရှုံး၊ ဝူရှန်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဇောင်ပိုင်ချွမ်က ဒီမှာရှိနေသေးလား ရှာကြည့်လိုက်ပါ။ ငါက လင်ကျောက်ခန်းဆောင်ကိုသွားပြီး ဆရာဦးလေးဖူယွီနဲ့ တွေ့လိုက်မယ်”
ဝူချောင်ရှန်က စကားပြောပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါဆီသို့ ဦးတည်လိုက်သည်။
ရှုံးခယ်က ခေါင်းညိတ်ပြီး မြို့ထဲတွင်ရှိသော ဝူရှန်ကုန်သွယ်ရေးအဖွဲ့၏ အဆောက်အအုံဆီသို့ ဦးတည်လိုက်သည်။
ကံဆိုးစွာဖြင့် သူရောက်သွားသောအချိန်တွင် ဇောင်ပိုင်ချွမ်က မရှိတော့ပေ။ သူသွားသောနေရာကိုလည်း မသိခဲ့ရပေ။
ယွင်လုမြို့တွင် အရာအားလုံးက ဖရိုဖရဲဖြစ်နေသည်။ ဝမ်မင်ဟယ်၏ လက်အောက်တွင်ရှိသော တပည့်များက တံခါးပိတ်ကျင့်ကြံခြင်း မပြုလုပ်လျှင် တာဝန်ထမ်းဆောင်ရာမှ ပြန်မလာကြပေ။ ရှုံးခယ်နှင့် တခြားလူများက အခြေအနေကို နားလည်နိုင်ရန်အတွက် စာရွက်စာတမ်းများကိုဖတ်ရှုပြီး ကြိုးစားနေရသည်။
သုံးရက်အကြာတွင် ဝူချောင်ရှန်က လင်ကျောက်ခန်းဆောင်သို့ ဝင်ရောက်ရန် ငြင်းပယ်ခံရသည့်အတွက် ဒေါသတကြီး ပြန်ရောက်လာခဲ့သည်။ ရှုံးခယ်က ယွီကျစ်ဒေသ၏ အခြေအနေကို နားမလည်သေးပေ။
လဝက်အကြာတွင် ချန်ချွီက ဝမ်မင်ဟယ်ချန်ခဲ့သော တံဆိပ်ပြားကို အသုံးပြုပြီး လှုပ်ရှားခဲ့သည်။ ထိုသို့ဖြင့် နေရာအနှံ့မှ သတင်းအချက်အလက်များကို စုစည်းနိုင်ခဲ့သည်။
ထိုလဝက်အတွင်း၌ အများအပြား ဖြစ်ပျက်သွားခဲ့သည်။
ယွီကျစ်ဒေသတွင် တာဝန်ကျနေသော တပည့်များက ထိုအချိန်ကို အခွင့်ကောင်းယူ၍ ကိစ္စရပ်များကို ရှင်းလင်းထားခဲ့သည်။ တပည့်အများအပြားက ရာထူးကို ထိန်းသိမ်းထားနိုင်ပြီး အစားထိုးမခံလိုက်ရပေ။
ခန်းဆောင်များမှ စေလွှတ်လိုက်သော လက်ရွေးစင်များသည် ကိုယ်ပိုင်နယ်မြေကို ထိရောက်စွာ မထိန်းချုပ်နိုင်ဘဲ လက်ထောက်များအဖြစ် အသွင်ပြောင်းသွားကြသည်။
လဝက်အတွင်း၌ ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့က တာဝန်ကို အပြည့်အဝခံယူပြီး အဆင့်မြင့်ဝိညာဉ်ရတနာတစ်ခုကို ပို့ပေးခဲ့သည်။
ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့က ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ပြန်လည်စတင်နိုင်ရန်အတွက် ဇောင်ပိုင်ချွမ်ကို ခါးသီးအင်မော်တယ်နယ်မြေနှင့် နီးစပ်သော တစ်နေရာသို့ ပို့ထားခဲ့သည်ဟု ပြောကြသည်။
လူတိုင်းသိချင်နေသော လက်ရွေးစင်တပည့် ဟန်မူယဲ့အတွက် အစီအစဉ်ကိုတော့ ဝမ်မင်ရှန်ကသာ သိနိုင်လိမ့်မည်။
သို့သော် ဝမ်မင်ရှန်၏ကိုယ်ပွားကို ရှုံးခယ်က ဖျက်ဆီးပစ်လိုက်သည်။
ဟန်မူယဲ့၏ကံကြမ္မာသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်လာသည်။