← Chapters

အခန်း (၈၄၇)

Vol. 61 Ch. 847

အခန်း (၈၄၇)

Vol. 61 Ch. 847

ဓားအလင်းများသည် သူတို့သုံးယောက်၏ခေါင်းပေါ်တွင် ဆက်တိုက်လှုပ်ရှားနေပြီး မိုင်သိန်းချီပတ်ဝန်းကျင်ကို လွှမ်းခြုံ၍ အင်မော်တယ်ချီများကို အုံကြွနေစေသည်။

သူတို့က ဓားအလင်း၏အောက်တွင် ရပ်ပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကားပြောနေကြသည်။

ရွှင်းထျန်းခန်းဆောင်၏ တာဝန်သည် ဓားဂိုဏ်း၏အတွင်းနှင့်အပြင်ကို စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။ ထို့အပြင် တခြားအင်အားစုများ၏ လှုပ်ရှားမှုကိုလည်း ဖိနှိပ်ရသည်။

ရွှင်းထျန်းခန်းဆောင်က ခွန်အားအလွန်ကောင်းသည်။

တံခါးပိတ်ကျင့်ကြံနေသော လက်ထောက်ခန်းဆောင်သခင် ငါးဦးက ရွှေအင်မော်တယ်များ ဖြစ်ကြသည်။

“ငါတို့ ရွှင်းထျန်းခန်းဆောင်ရဲ့ ခန်းဆောင်သခင်ကွမ်က တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းတစ်သောင်းရှိပြီ။ ရွှင်းထျန်းတံဆိပ်ပြားက နှစ်ပေါင်းများစွာကြာအောင် ပေါ်ထွက်မလာခဲ့ဘူး။ မဟုတ်ရင် ငါတို့ ရွှင်းထျန်းခန်းဆောင်ရဲ့ ဂုဏ်သတင်းက ပိုပြီး ကြီးကျယ်နေလိမ့်မယ်”

ကျူးယုံက နောင်တများနှင့် ပြောသည်။

ရွှင်းထျန်းခန်းဆောင်၏ အစစ်အမှန်ခွန်အားကို ခန်းဆောင်တပည့်များပင် တိကျစွာမသိနိုင်ပေ။

တံခါးပိတ်ကျင့်ကြံနေသော လက်ထောက်ခန်းဆောင်သခင်များနှင့် ခန်းဆောင်သခင်ကသာ တိကျစွာ သိနိုင်လိမ့်မည်။

ကျန်းထျန်းခန်းဆောင်သည် ရွှင်းထျန်းခန်းဆောင်နှင့် ဆက်သွယ်နေသည်ဟု ပြောနိုင်သည်။

ကျန်းထျန်းခန်းဆောင်သို့ ဝင်ရောက်လာသော လူအများစုသည် ရွှင်းထျန်းခန်းဆောင်မှ လက်ရွေးစင်များ ဖြစ်ကြသည်။

“ငါတို့ ကျန်းထျန်းခန်းဆောင်က ဂိုဏ်းပြင်ပမှာ ကင်းလှည့်ရတယ်”

ကုန်းရှုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။

“အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုတွေနဲ့ တိုက်ခိုက်ရတယ်”

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသောအခါတွင် သူက ခပ်ဟဟရယ်လိုက်ပြီး ဆက်ပြောသည်။

“ပြီးတော့ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ အပြင်ဘက်မှာရှိနေတဲ့ တခြားအင်မော်တယ်ကမ္ဘာတွေနဲ့လည်း ယှဉ်ပြိုင်ရတယ်”

“ငါတို့ ဓားဂိုဏ်းရဲ့ အစစ်အမှန်ဗဟိုချက်က ဖူယွီအင်မော်တယ်ကမ္ဘာမှာ မဟုတ်ဘူးဆိုတာကို မင်းသိတယ်မဟုတ်လား”

“ဂိုဏ်းတူအစ်ကိုက အဲဒီကို ရောက်ဖူးလား”

ဟန်မူယဲ့က ကုန်းရှုကို ကြည့်လိုက်သည်။

ဟန်မူယဲ့က ဂိုဏ်း၏ဗဟိုချက်သို့ မရောက်ဖူးသော်လည်း ကွမ်တုံယွင်က ရောက်ဖူးခဲ့သည်။

ကွမ်တုံယွင်ချန်ထားခဲ့သော တံဆိပ်ပြားနှင့် ဓားမျှော်စင်၏ မှတ်ဉာဏ်များမှတစ်ဆင့် ဟန်မူယဲ့က ဂိုဏ်း၏ ကျွမ်းကျင်သူများ စုဝေးသောနေရာကို မြင်ခဲ့ရသည်။

“ငါလား”

ကုန်းရှုက ခေါင်းခါလိုက်ပြီး ခါးသီးစွာပြုံးသည်။

“ခန်းဆောင်သခင်တစ်ယောက် ဖြစ်လာဖို့ အလားအလာမရှိဘူးဆိုရင် ဂိုဏ်းက ငါ့ကို ပို့ပေးမှာမဟုတ်ဘူး”

ဘေးတွင်ရှိသော ကျူးယုံကလည်း ခေါင်းခါလိုက်သည်။

သူတို့က အရည်အချင်းမပြည့်ဝသေးပေ။

ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်သည် ဓားဂိုဏ်း၏ ကြမ်းတမ်းသောအဖွဲ့အစည်းများနှင့် ပိုတူသည်။

ကျင့်ကြံခြင်းလောကတွင် အစစ်အမှန် ကျွမ်းကျင်သူများကသာ တခြားလူများအတွက် ဆုံးဖြတ်ပေးနိုင်သည်။

ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်သည် ထိုသို့ပင်ဖြစ်သည်။

ကျူးယုံနှင့် ကုန်းရှုတို့က ယွင်ထန့်တောရိုင်းမြေတွင် ကြာမြင့်စွာမနေခဲ့ပေ။

သူတို့က ခန်းဆောင်၏ စည်းကမ်းများကို ရှင်းပြလိုက်ပြီး အထောက်အထားတံဆိပ်ပြားများ ပေးအပ်၍ တိတ်ဆိတ်စွာ ထွက်သွားကြသည်။

“ဒါနဲ့ ဂိုဏ်းတူညီလေးဟန်၊ မင်းက အဲဒီ နှစ်နာရီအတွင်းမှာ ဘယ်အဆင့်အထိ ရောက်ခဲ့လဲ”

ကုန်းရှုက ထွက်မသွားခင်မှာ နောက်ပြန်လှည့်ပြီး မေးလိုက်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“ဂိုဏ်းတူအစ်ကိုက တကယ်သိချင်တာလား”

သူက ဖြည်းဖြည်းချင်း လက်နှစ်ချောင်းထောင်ပြသည်။

“နှစ်နာရီမှာ နှစ်ဆင့်လား။ အထင်ကြီးစရာပဲ”

ကုန်းရှုက ခေါင်းခါလိုက်ပြီး ရေရွတ်သည်။

“ငါမမေးခဲ့သင့်ဘူး”

ကျူးယုံက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့၏ လက်နှစ်ချောင်းကို ကြည့်နေသည်။

“အဆင့်နှစ်ဆယ်လား”

ကုန်းရှုက မျက်လုံးပြူးသွားသည်။ ဟန်မူယဲ့၏ တည်ငြိမ်သောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် သူက မနေနိုင်တော့ဘဲ အသက်ပြင်းပြင်းရှူသွင်းမိသည်။

“ငါ့ကျင့်ကြံခြင်းက တကယ်လိုအပ်နေသေးတာပဲ ....”

ကျူးယုံက ခေါင်းခါလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။

“ဂိုဏ်းတူညီလေး၊ ဂရုစိုက်ပါ။ တကယ်လို့ တစ်ခုခုလိုအပ်ရင် ရွှင်းထျန်းခန်းဆောင်က ချက်ချင်းစီစဉ်ပေးလိမ့်မယ်”

ထိုသို့ဖြင့် သူက လှုပ်ရှားလိုက်ပြီး ဓားအလင်းအဖြစ်ပြောင်းလဲ၍ ပျံသန်းသွားသည်။

ကုန်းရှုက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထွက်သွားတော့မည့်အချိန်တွင် ဟန်မူယဲ့၏ တီးတိုးစကားသံကို ကြားရသည်။

“နှစ်ဆယ်မဟုတ်ဘူး။ နှစ်ရာပါ”

ကုန်းရှုက တုန်ခါသွားသည်။ သူ၏ ဓားအလင်းသည် ယိမ်းယိုင်သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလုနီးပါး ဖြစ်လာသည်။

တခြားလူများ၏အမြင်တွင် သူက ဒဏ်ရာရထားပုံပေါ်သည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပျောက်ကွယ်သွားသော ဓားအလင်းနှစ်ခုကို ကြည့်နေသည်။ ထို့နောက် သူ့မျက်လုံးများက တောက်ပလာပြီး သိပ်မဝေးသောနေရာသို့ လှမ်းကြည့်သည်။

အစိမ်းရောင်တာအိုဝတ်စုံနှင့် ဓားတစ်လက်လွယ်ထားသော မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်က သူ့ကို ကြည့်သည်။

“မင်းက အဆင့်နှစ်ရာလို့ ပြောလိုက်တဲ့အချိန်မှာ အဆင့်နှစ်ရာကို ရောက်ရုံတင်မဟုတ်ဘဲ ကျော်ဖြတ်သွားတယ်ဆိုတာကို ကုန်းရှုသိခဲ့ရင် တစ်ခါတည်း အောက်ကို ပြုတ်ကျလာလိမ့်မယ်”

လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

ဟန်မူယဲ့၏အပြုံးက ပျောက်ကွယ်သွားပြီး လေးစားစွာ ဦးညွတ်သည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်များကသာ မျှော်စင်သုံးခုတိုက်ပွဲအပြီး၌ စမ်းသပ်ပွဲနယ်မြေကို ဆက်ကြည့်နိုင်လိမ့်မည်။

ထိုလူများသည် အနည်းဆုံး ရွှေအင်မော်တယ်အဆင့်၌ ရှိနေကြသည်။

“ကွမ်တုံယွင်ရဲ့ အမွေအနှစ်”

လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ရွှင်းထျန်းတံဆိပ်ပြားက မင်းလက်ထဲမှာမဟုတ်လား”

ရွှင်းထျန်းတံဆိပ်ပြား ....

လူအိုကြီးက ထိုအကြောင်းကို သိနေသည်။

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

သို့သော် စိတ်ထဲတွင် တည်ငြိမ်နေသည်။

သူက စမ်းသပ်ပွဲနယ်မြေတွင် တချို့အရာများကို တမင်သက်သက် ထုတ်ပြခဲ့သည်။

သူ၏ ထူးခြားသော ဓားပါရမီကြောင့် တန်ဖိုးထားခံရလိမ့်မည်။

တန်ဖိုးအထားခံရလျှင် စစ်ဆေးမှုများ ရှိလာလိမ့်မည်။

သူက စစ်ဆေးမှုများကို ခံနိုင်ရည်မရှိပေ။

သို့သော် သူ၏ တခြားအထောက်အထားတစ်ခုသည် စစ်ဆေးမှုများကို ခုခံနိုင်သည်။

သူက ရွှင်းထျန်းခန်း‌ဆောင်သခင် ကွမ်တုံယွင်၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ရွှင်းထျန်းခန်းဆောင်၏ အမွေဆက်ခံသူ ဖြစ်သည်။

ဟန်မူယဲ့က ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူသည်။

တံဆိပ်ပြားပေါ်လာ‌သောအခါတွင် လူအိုကြီး၏အရှိန်အဝါက လှုပ်ရှားလာသည်။ သို့သော် အဆုံးတွင် ဖိနှိပ်ထားလိုက်သည်။

“လူအိုကြီးကွမ်က တကယ်ကျဆုံးသွားပြီပဲ ....”

လူအိုကြီးက ခေါင်းခါလိုက်ပြီး ကြင်နာမှုတချို့နှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။

“ငါက ဓားဂိုဏ်းရဲ့အကြီးအကဲ ချီထျန်းယွီပဲ။ ရွှင်းထျန်းခန်းဆောင်ရဲ့ လက်ထောက်ဂိုဏ်းသခင်ငါးယောက်ထဲက တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ ကျန်းထျန်းခန်းဆောင်ရဲ့ အကြီးအကဲလည်း ဟုတ်တယ်”

ထို့နောက် သူက လက်ကို ဝှေ့ယမ်းသည်။

“ရွှင်းထျန်းတံဆိပ်ပြားကို သိမ်းထားလိုက်ပါ။ ရွှင်းထျန်းခန်းဆောင်ကို ထိန်းချုပ်နိုင်ဖို့က မင်းရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်နေတယ်”

“မင်းကို တစ်ခုခုပြောချင်လို့ လာရှာတာ”

“မင်းက တခြားခန်းဆောင်တစ်ခုကို ဝင်ရောက်ချင်လား”

ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် လူအိုကြီးက ညင်သာစွာပြောသည်။

“ငါတို့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှာ အစစ်အမှန်တပည့်ရင်းတွေပဲ ဝင်ရောက်နိုင်တဲ့ ခန်းဆောင်တစ်ခု ရှိနေတယ်”

“ကျန်းရှန်ခန်းဆောင်ပဲ”

....

ယွင်ထန့်တောရိုင်းမြေက အရပ်မျက်နှာတိုင်းတွင် မိုင်သန်းထောင်ချီကျယ်ဝန်းပြီး ယွီကျစ်ဒေသ၏ တောရိုင်းမြေထက် အဆပေါင်းများစွာ ကြီးမားသည်။

ယွင်ထန့်တောရိုင်းမြေသည် ခါးသီးအင်မော်တယ်နယ်မြေနှင့် ထိစပ်နေပြီး တောရိုင်းမြေအတွင်း၌ သွေးစစ်ပွဲဂိုဏ်း၊ သံမဏိချပ်ဝတ်စစ်ပွဲဂိုဏ်းနှင့် ကောင်းကင်အလင်းဂိုဏ်းတို့၏ အင်အားစုများသည် ခြေရှုပ်နေကြသည်။

ယခင်က ယွင်ထန့်တောရိုင်းမြေတွင် အဓိကအင်အားစုကြီးများ တိုက်ခိုက်ခဲ့ကြသည်။

ယွီကျစ်ဒေသ၏ အရှုပ်အထွေးများသည် ယွင်ထန့်တောရိုင်းမြေနှင့် ယှဉ်လိုက်လျှင် အရေးမပါတော့ပေ။

သုံးရက်အကြာတွင် ယွင်ထန့်တောရိုင်းမြေ၏ မိုင်တစ်သောင်းကို လွှမ်းခြုံထားသော ဓားအလင်းက ပျောက်ကွယ်သွားခဲ့သည်။

အင်အားစုများက စစ်ဆေးရန် ကြိုးစားလိုက်သောအချိန်တွင် ဟန်မူယဲ့တို့က ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုဓားအလင်းသည် လျှို့ဝှက်ချက်နှင့် သဲလွန်စများအားလုံးကို ဖုံးကွယ်ထားခဲ့သည်။

တခြားလူများက ယွင်ထန့်တောရိုင်းမြေသို့ ဓားကျွမ်းကျင်သူတစ်ဦး ရောက်လာကြောင်းကိုသာ သိနိုင်ကြသည်။ ထိုကျွမ်းကျင်သူ၏ နောက်ခံ၊ ရည်ရွယ်ချက်နှင့် ဦးတည်ချက်ကို မသိနိုင်ကြပေ။

ဟန်မူယဲ့တို့ကို စုံစမ်းရန်အတွက် ယွီကျစ်ဒေသမှ စေလွှတ်လိုက်သော ကျွမ်းကျင်သူများကလည်း ထိုနေရာတွင် ရပ်တန့်သွားကြသည်။

ယွီကျစ်ဒေသသို့ သတင်းပြန်ရောက်လာသောအခါတွင် ချန်ချွီက ပြုံးလိုက်ပြီး ခေါင်းခါသည်။ ဝူချောင်ရှန်နှင့် ရှုံးခယ်တို့၏ မျက်နှာထားက ပိုမိုမည်းမှောင်သွားသည်။

“ထားလိုက်ပါတော့။ ဒီလိုကိစ္စလေးအတွက် အရင်းအမြစ်တွေ ဖြုန်းတီးနေစရာမလိုဘူး”

ချန်ချွီက တည်ငြိမ်စွာပြောလိုက်ပြီး တခြားလူများကို ကြည့်သည်။

“လေပြင်းဓားပြတွေအကြောင်း ပြောကြမယ်”

“ဟန်မူယဲ့က လေပြင်းဓားပြအဖွဲ့ငယ် ၃၇ရဲ့ ခေါင်းဆောင် ချန်လင်းဟွေကို ဖမ်းခဲ့တယ်။ ငါတို့က သူ့ကို ဘယ်လိုလုပ်ကြမလဲ။ လွှတ်ပေးရမလား။ ဆက်ဖမ်းထားရမလား”

ဟန်မူယဲ့၏ အကျိုးဆောင်မှု ....

ထိုစကားကြောင့် ရှုံးခယ်က အံတင်းတင်းကြိတ်လိုက်သည်။

ရှုံးခယ်က မကျေမနပ်ဖြစ်နေသောအချိန်တွင် ဟန်မူယဲ့က ယွင်ထန့်တောရိုင်းမြေ၏ မြို့လေးတစ်မြို့သို့ ရောက်လာသည်။

“ယွင်လန်မြို့တဲ့လား။ နာမည်ကောင်းပဲ”

ဟန်မူယဲ့က လှုပ်ရှားသွားလာနေသော ကျင့်ကြံသူနှင့် မိစ္ဆာများကို ကြည့်လိုက်ပြီး ညင်သာစွာပြုံးသည်။

“ဒီနေရာကနေ စလိုက်ကြတာပေါ့”

သူက စကားအဆုံးတွင် ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကျန်းကျန်ပေါင်က ဓားကိုဆွဲထုတ်ပြီး သူ့နောက်မှ လိုက်လာသည်။

ကျောက်ချန်က ရှေ့သို့ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

“ငါက ဒီနေရာကို စီးပွားရေးလုပ်ဖို့ ရောက်လာတာ။ ဒါပေမဲ့ ပထမဆုံးလုပ်ရတဲ့အရာက ဓားပြတိုက်တာ ဖြစ်နေပါ့လား”

“ငါက ဓားပြတွေကို အမုန်းဆုံးပဲ”

ထို့နောက် သူက နဂါးတစ်ကောင်အဖြစ် စုစည်းသွားသော ဟန်မူယဲ့၏ ဓားအလင်းကို မြင်လိုက်ရသည်။ သူက မနေနိုင်တော့ဘဲ ပြုံးသည်။

“အစ်ကိုဟန်ရဲ့နောက်ကိုလိုက်ပြီး ဓားပြလုပ်ရတာ တကယ်ပျော်စရာကောင်းတာပဲ”

ဓားပြများ ....

ယွင်ထန့်တောရိုင်းမြေတွင် စည်းမျဉ်းများမရှိပေ။

ပြန့်ကျဲနေသော မြို့များသည် ဟန်ချက်ညီအောင် နေထိုင်ပြီး အရောင်းအဝယ်များပြုလုပ်၍ ဆက်တိုက်တိုးတက်လာကြသည်။

သူတို့ကို ဖိနှိပ်ထားသော ကျွမ်းကျင်သူတချို့ ရှိနိုင်သော်လည်း အရေအတွက် မများပေ။

ဥပမာအနေဖြင့် ယခုအချိန်တွင် ကျန်းကျန်ပေါင်က ဓားရှည်ကိုလွှဲခုတ်ပြီး လမ်းပိတ်ထားသော အင်မော်တယ်ကျင့်ကြံသူနှင့် မိစ္ဆာများကို သတ်ဖြတ်နေသည်။ ကျင့်ကြံဆင့်မလုံလောက်သော လူများက ခံစားသွားရသည်။ ကျန်းကျန်ပေါင်ကို ခုခံနိုင်သော လူများကပင် တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။

ကျန်းကျန်းပေါင်တို့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အဝတ်အစားကို ဝတ်ဆင်မထားသော်လည်း သူတို့၏ ဓားနည်းစနစ်များက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် တူညီသည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခု ဖြစ်သည်။ မည်သူက ရန်စရဲမည်နည်း။

အမည်ခံတပည့်တစ်ရာက တုံ့ဆိုင်းမနေဘဲ မြို့လေးထဲသို့ ပြေးဝင်လာကြသည်။

တပည့်များက ရိုးရှင်းသောဝင်္ကပါတစ်ခုကို ဖွဲ့စည်းထားသည်။ ကျန်းကျန်ပေါင်နှင့် ပူးပေါင်းလိုက်လျှင် သူတို့က မြို့လေးကို အပြည့်အဝ ဖိနှိပ်နိုင်သည်။

ခုခံရဲသူ မရှိပေ။

ဟန်မူယဲ့၏ဓားအလင်းက ကောင်းကင်ထက်တွင် ရှိနေသည်။

ထို့အပြင် ယွင်လန်မြို့သည် အင်အားစုများ ပူးပေါင်းထားသော ယာယီမြို့ငယ်တစ်ခုသာ ဖြစ်သည်။ ပိုင်ရှင်မရှိသော နေရာတစ်ခုကို မည်သူက အသက်စွန့်ပြီး ကာကွယ်မည်နည်း။

ကျန်းကျန်ပေါင်တို့က နှစ်နာရီအတွင်း၌ မြို့ငယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ကျင့်ကြံသူများနှင့် မိစ္ဆာများက မြို့ငယ်ကို ထိန်းချုပ်ထားလျှင်လည်း အသုံးမဝင်ပေ။

မြို့သူမြို့သားများက ထွက်သွားပြီး ပြန်လာကြတော့မည်မဟုတ်ပေ။

ယနေ့တွင် ယွင်လန်မြို့ကို ထိန်းချုပ်နိုင်သော်လည်း နောက်တစ်နေ့တွင် လူများက ထွက်ခွာသွားပြီး တခြားနေရာတွင် စုစည်းနေကြလိမ့်မည်။

ဤနေရာသည် ယွင်ထန့်တောရိုင်းမြေ ဖြစ်သည်။

ထို့ကြောင့် အင်အားစုများက ဤနေရာတွင် ခြေကုပ်မယူနိုင်သလို တောရိုင်းမြေတစ်ခုလုံးကိုလည်း မထိန်းချုပ်နိုင်ခဲ့ကြပေ။

ဤနေရာတွင် အရင်းအမြစ်များကသာ အရေးပါသည်။

All Chapters