← Chapters

အခန်း (၈၅၁)

Vol. 61 Ch. 851

အခန်း (၈၅၁)

Vol. 61 Ch. 851

ရွှေအပိုင်းအစမိုင်းတွင်သည် ယွင်လန်မြို့နှင့် သိပ်မဝေးပေ။ အနောက်ဘက် မိုင်ရှစ်ရာခန့်အကွာတွင် ဖြစ်သည်။

ကျောက်ချန်က ထိုသတင်းအတွက် ဝိညာဉ်ကျောက်တုံးသုံးသိန်း ပေးခဲ့ရသည်။

သူက ယွင်လန်မြို့၏ ရတနာအမဲလိုက်ခြင်းနှင့် စူးစမ်းရှာဖွေခြင်းတို့တွင် စိတ်အားထက်သန်နေသည်။

ယွင်ထန့်တောရိုင်းမြေသည် အရင်းအမြစ်ကြွယ်ဝသည်။

အဆင့်မြင့်ကျင့်ကြံသူများ၏ သေဆုံးခြင်း၊ ဝိုင်းရံတိုက်ခိုက်ခံရခြင်း၊ ရတနာများ ရှာတွေ့ခြင်း စသည့် သတင်းများကို နေရာတိုင်းတွင် ကြားနိုင်သည်။

ယခင်တစ်ခေါက်တွင် ကျောက်ချန်က တွင်းထွက်ပစ္စည်းတချို့ကို ဝယ်ယူပြီး တစ်ကြိမ်ရောင်းချလိုက်ရုံဖြင့် ဝိညာဉ်ကျောက်တုံးသုံးသန်း အမြတ်ရခဲ့သည်။

ထို့ကြောင့် သူက အောင်မြင်မှုကို အရသာခံနိုင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် သူနှင့် အကြီးအကဲချူက ရွှေအပိုင်းအစမိုင်းတွင်းထဲတွင် အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ကျောက်ချန်က ဖူးယောင်နေသောမျက်နှာကို ဖုံးကွယ်ရန်အတွက် အပြာဖျော့ရောင် မျက်နှာကာဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ အကြီးအကဲချူ၏မျက်နှာက ဖြူဖျော့နေသည်။ သူတို့နှစ်ယောက်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က အော်ရယ်လုနီးပါး ဖြစ်သွားရသည်။

အမှန်တကယ်ပင် သနားစရာမြင်ကွင်း ဖြစ်သည်။

“သခင်လေးဟန်၊ အဲဒါက ရွှေအပိုင်းအစပုရွက်ဆိတ်အသိုက်ပဲ”

အကြီးအကဲချူက အနည်းငယ် ကြောက်ရွံ့နေသေးပြီး ပြောလိုက်သည်။

ကျောက်ချန်နှင့် တခြားလူများက တောရိုင်းမြေ၏ တွင်းထွက်ပစ္စည်းများအကြောင်းကို သိရှိနိုင်ရန်အတွက် အကုန်အကျခံပြီး သတင်းများကို ဝယ်ယူထားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ဟန်မူယဲ့က မိုင်းတွင်းများနှင့်ပတ်သတ်၍ လုံလောက်သောသတင်းကို သိထားသည်။

“ရွှေအပိုင်းအစပုရွက်ဆိတ်တွေလား”

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။

“အစိမ်းရောင်ဝံပုလွေ၊ ရွှေအပိုင်းအစပုရွက်ဆိတ်၊ တိမ်တိုက်ကောင်းကင်ကြိုးကြာနဲ့ ရေစီးငါးတွေက ယွင်ထန့်တောရိုင်းမြေရဲ့ နာမည်ကြီးသားရဲလေးမျိုးပဲ”

အစိမ်း‌ရောင်ဝံပုလွေသည် အရေအတွက်များပြားပြီး ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားလာနေသည်။ သာမန်ကျင့်ကြံသူများက သူတို့ကို ရန်မစရဲကြပေ။

ရွှေအပိုင်းအစပုရွက်ဆိတ်များသည် မိုင်းတွင်းများ၏အောက်တွင် နေထိုင်ကြသည်။ သူတို့က မျိုးပွားနိုင်စွမ်း အလွန်ကောင်းပြီး သတ္တုကြောများကြားတွင် တစ္ဆေတစ်ကောင်သဖွယ် လှုပ်ရှားသွားလာကြသည်။ သတ္တုကြောတစ်ခုလုံးအား ဝါးမြိုသွားသော ရွှေအပိုင်းအစပုရွက်ဆိတ်များကို ကျင့်ကြံသူများက ဘာမှမတတ်နိုင်ဘဲ ကြည့်နေလိုက်ရသည်။

တိမ်တိုက်ကောင်းကင်ကြိုးကြာများသည် အလွန်လျင်မြန်ပြီး အုပ်စုလိုက် နေရာရွှေ့ပြောင်းသောအခါတွင် ကောင်းကင်ကို လွှမ်းမိုးထားလိမ့်မည်။

ထိုကြိုးကြာများကြားတွင် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် မိစ္ဆာများ ပါဝင်နေသည်။ သူတို့ကို မည်သူက ရန်စရဲမည်နည်း။

ရေစီးငါးများကိုတော့ လူအနည်းငယ်သာ မြင်ဖူးကြသည်။

ယွင်ထန့်တောရိုင်းမြေ၏ အလယ်တွင် ရေစီးကန်ဟု အမည်ရသော ရေကန်တစ်ကန် ရှိသည်။ ထိုရေကန်က မိုင်ပေါင်း သန်းသုံးဆယ်ကျယ်ဝန်းပြီး ကန်၏အနက်ကို မသိနိုင်ပေ။

ထိုရေကန်၏ လှုပ်ရှားနေသော ရေလှိုင်းများကြောင့် ယွင်ထန့်တောရိုင်းမြေဟု အမည်တွင်လာခဲ့သည်။

ထိုရေကန်ထဲတွင် ရေစီးငါးဟု အမည်ရသော ငါးအုပ်များ ကျက်စားကြသည်။ လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ ကန်ထဲသို့ ကျဆင်းလာသော အရာအားလုံးကို ရေစီးငါးများက ဝါးမြိုကြလိမ့်မည်။

ရေစီးငါးများကို မည်သူမှ မဖမ်းနိုင်ခဲ့ပေ။

ရေစီးငါးများက လက်ဝါးအရွယ်အစားရှိသော မရေမတွက်နိုင်သည့် ငါးမိစ္ဆာများ ဖြစ်ကြသည်ဟု လူတချို့က ပြောသည်။

တချို့က ရေစီးငါးများသည် ပေတစ်သိန်းကြီးမားပြီး တောင်တန်းတစ်ခုကို တစ်ချက်တည်း မြိုချနိုင်သည်ဟု ပြောကြသည်။

ရေစီးငါးများ၏ပုံစံသည် ထူးခြားမှုတစ်ခုဖြစ်ပြီး မည်သူမှ တိကျစွာမပြောနိုင်ကြပေ။

“အစ်ကိုဟန်၊ ဒီတစ်ကြိမ်မှာတော့ အရှုံးပေးလိုက်မယ်။ ဝိညာဉ်ကျောက်တုံးသုံးသိန်းကို အရှုံးခံလိုက်တာပေါ့”

ကျောက်ချန်က စကားပြောလိုက်သည်။ သူ့မျက်နှာက ယောင်ကိုင်းနေသောကြောင့် အသံက ခပ်အုပ်အုပ်ဖြစ်နေသည်။

“အခုအချိန်မှာ ယွင်လန်မြို့က ကုန်သည်အဖွဲ့တွေကို ဆွဲဆောင်ထားနိုင်တယ်။ ဝိညာဉ်ဆေးပင်နဲ့ သတ္တုတွေကို အရောင်းအဝယ်လုပ်တာနဲ့တင် အမြတ်ရနေပြီ။ ဒီမိုင်းတွင်းကို မသိမ်းပိုက်နိုင်ရင်လည်း ကိစ္စမရှိဘူး”

ဇောင်ပိုင်ချွမ်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“အဲဒီပုရွက်ဆိတ်တွေက တကယ်အားကောင်းတယ်”

အဖြူရောင်ဝတ်စုံနှင့် မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်နေသော ယွီယန်က ပြောလိုက်သည်။

သူက ကျောက်ချန်နှင့် ဆက်ဆံရေးကောင်းသော်လည်း ဤတစ်ကြိမ်တွင် မကူညီနိုင်ခဲ့ပေ။

အစိမ်းရောင်ဝံပုလွေများကလည်း မိုင်းတွင်းထဲသို့ ရောက်သွားလျှင် နှိပ်စက်ခံရလိမ့်မည်။

“ငါသွားကြည့်လိုက်မယ်”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။

သူက သတ္တုကြောတစ်ခုကို ဂရုမစိုက်ပေ။

သို့သော် တောရိုင်းမြေ၏ နာမည်ကျော် ရွှေအပိုင်းအစပုရွက်ဆိတ်များကိုတော့ စိတ်ဝင်စားမိသည်။

သူက တခြားလူများကို မဖိတ်ခေါ်ခဲ့ပေ။ အကြီးအကဲချူကသာ သူနှင့်အတူ လိုက်လာပြီး မိုင်တွင်းဆီသို့ လျင်မြန်စွာ ပျံသန်းလာကြသည်။

ဆယ်မိုင်ကျယ်ဝန်းပြီး ပေတစ်ရာခန့်မြင့်မားသော တောင်ကုန်းတစ်ခု ဖြစ်သည်။ မညီမညာဖြစ်နေသော တောင်ကုန်းတွင် အက်ကွဲကြောင်းများ ရှိနေသည်။

“ကျွန်တော်တို့က ဒီကနေ ဝင်သွားပြီး ပေတစ်ထောင်အကွာမှာ ရွှေအပိုင်းအစပုရွက်ဆိတ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ အပြင်ကို ပြန်ထွက်လာနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရတယ်”

အကြီးအကဲချူက ကြောက်ရွံ့စိတ်တချို့နှင့်အတူ ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားသည်။

အကြီးအကဲချူက တုံ့ဆိုင်းနေပြီး နောက်မှ လိုက်လာသည်။

ဟန်မူယဲ့က အက်ကွဲကြောင်းထဲသို့ ရောက်သွားသောအခါတွင် သံနှင့် ရွှေသတ္တု၏ အငွေ့အသက်ကို ခံစားနိုင်သည်။

သတ္တုစွမ်းအားက အတော်လေး ကောင်းမွန်သည်။

ဟန်မူယဲ့က ကျောက်စရစ်ခဲများကြားတွင် လျှောက်လာပြီး ပေတစ်ထောင်အကွာသို့ ရောက်သောအခါတွင် ရွှေရောင်ပုံရိပ်တစ်ခုက သူ့ကို ဝင်တိုက်သည်။

“ဒေါင် ....”

သူက ဓားမြောက်လိုက်သည်။ ခြောက်လက်မခန့်ရှိသော ရွှေရောင်ပုရွက်ဆိတ်တစ်ကောင်က ဓားသွားတွင် ပါလာသည်။

ထိုပုရွက်ဆိတ်၏ခန္ဓာကိုယ်က သွယ်လျပြီး ရှည်လျားချွန်ထက်သော ခြေထောက်များကို ပိုင်ဆိုင်ထားသည်။

ပုရွက်ဆိတ်က ရွှေရောင်အလင်းစက်ကွင်းကို ထုတ်လွှတ်နေပြီး အခြေခံအုတ်မြစ်အဆင့်နှင့် ယှဉ်နိုင်သည်။

ထိုပုရွက်ဆိတ်က လူသားလောကတွင် ကျေးရွာတစ်ခုလုံးကို ဝါးမြိုနိုင်လိမ့်မည်။

အင်မော်တယ်ကမ္ဘာသည် လူသားကမ္ဘာထက် ပိုမိုအန္တရာယ်များသည်။

“ရွှပ် ....”

ဟန်မူယဲ့က ဓားကို ရေပြင်ညီအတိုင်း ဝှေ့ယမ်းပြီး တိုးဝင်လာသော ပုရွက်ဆိတ်သုံးကောင်ကို သတ်ဖြတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ထူးခြားမှုကို ခံစားရသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်သုံးကောင်က တည်နေရာ ကွာခြားနေသော်လည်း ခွန်အားချင်း ဆက်သွယ်နေသည်။

သူက ဓားဖြင့် ခုတ်ချလိုက်သောအခါတွင် ပုရွက်ဆိတ်တစ်ကောင်၏ ခွန်အားထက် ပိုမိုသန်မာသော ခုခံမှုကို ခံစားရသည်။

‘ဒါက ရွှေအပိုင်းအစပုရွက်ဆိတ်တွေရဲ့ နည်းလမ်းလား’

ဟန်မူယဲ့က ရှေ့တိုးသွားပြီး ဓားဖြင့် ခုတ်ချသည်။

ရွှေရောင်အလင်းများသည် သွယ်ယှက်နေကြသည်။

‘ငါထင်ထားသလိုပဲ’

ဒါဇင်ချီနေသော ရွှေအပိုင်းအစပုရွက်ဆိတ်များ စုစည်းလိုက်သောအခါတွင် ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်နှင့် ယှဉ်နိုင်သည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရှေ့တွင်ရှိသော ရွှေရောင်ကျောက်နံရံကို ကြည့်သည်။

ထိုနေရာတွင် ရွှေအပိုင်းအစပုရွက်ဆိတ်များ သိပ်သည်းစွာ ရှိနေကြသည်။

“သခင်လေးဟန်၊ ရွှေအပိုင်းအစပုရွက်ဆိတ် တစ်ထောင်ကျော် စုစည်းလိုက်ရင် ကောင်းကင်အဆင့် စွမ်းအားကို ပိုင်ဆိုင်တယ်”

“အဲဒီနေရာမှာ တစ်သိန်းလောက်ရှိတယ်”

ပုရွက်ဆိတ်တစ်ထောင်ကျော်သည် ကောင်းကင်အဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။ အကြီးအကဲချူက ဒဏ်ရာရသွားသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့တိုးလာသော ပုရွက်ဆိတ်အုပ်ကို ကြည့်သည်။

“စမ်းကြည့်တာပေါ့”

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပေတစ်ထောင်အကွာသို့ ရောက်သွားသည်။ သူက ဓားဖြင့် ထိုးချသည်။

“ခလွမ် ....”

ဓားရှည်နှစ်လက် ထိတွေ့သွားခြင်းနှင့် ဆင်တူသည်။

သူက ရွှေအပိုင်းအစပုရွက်ဆိတ် သုံးကောင်ကို သတ်နိုင်ခဲ့သည်။

ပုရွက်ဆိတ်များ၏ စုပေါင်းအင်အားသည် အလွန်သန်မာသည်။

ဟန်မူယဲ့က ဓားရှည်ကို ဆုပ်ကိုင်ထားပြီး ဒေါသထွက်သွားသောကြောင့် သူ့ဆီသို့ ပြေးဝင်လာသော ရွှေအပိုင်းအစပုရွက်ဆိတ်များကို ကြည့်သည်။ သူက စဉ်းစားနေသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်များက ကြမ်းတမ်းသော်လည်း သူ့ကို ထိခိုက်အောင်မလုပ်နိုင်ပေ။

သူ့အမြင်တွင် ထိုပုရွက်ဆိတ်များကို တိုက်ရိုက်သတ်ဖြတ်လိုက်ခြင်းသည် အကောင်းဆုံး‌ရွေးချယ်မှု မဟုတ်ပေ။

ဟန်မူယဲ့က ဓားရှည်ကို ဆုပ်ကိုင်ထားသည်။ ခွေသားရဲပုံရိပ်က သူ့နောက်တွင် ပေါ်လာသည်။

ခွေသားရဲပုံရိပ် ပေါ်လာသောအခါတွင် ရွှေအပိုင်းအစပုရွက်ဆိတ်များ အားလုံးက တုန်ခါသွားပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဓားဖြင့် ခုတ်ချပြန်သည်။

“ရွှပ် ....”

လေထုထဲတွင် လျှပ်စီးကြောင်းများ ပေါ်ထွက်လာပြီး ရှေ့သို့ ပြေးဝင်သွားသည်။

စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်တစ်ကောင်က လဲကျသွားသည်။ ထို့နောက် သောင်းချီသော ရွှေအပိုင်းအစပုရွက်ဆိတ်များက လျှပ်စီးကြောင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ခြေထောက်များတုန်ခါလျက် မြေပြင်တွင် လဲကျနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အကြီးအကဲချူက နှုတ်ခမ်းများတွန့်သွားသည်။

‘ဒီပုရွက်ဆိတ်တွေက မိုးကြိုးလျှပ်စီးစွမ်းအားကို ကြောက်တာလား’

ဟန်မူယဲ့က ရယ်လိုက်ပြီး ရှေ့တွင်ရှိသော ကျောက်နံရံဆီသို့ ပျံသန်းသွားသည်။ သူ့ဓားအလင်းသည် တောက်ပနေပြီး ခွေပုံရိပ်က လျှပ်စီးကြောင်းများကို ထုတ်ပေးနေသည်။

မရေမတွက်နိုင်သော ရွှေအပိုင်းအစပုရွက်ဆိတ်များသည် တွန့်လိမ်လျက် မြေကြီးပေါ်တွင် လဲကျနေကြသည်။

“ကျွီ ....”

စူးရှသောအော်သံကို ကြားနိုင်သည်။ နေရာတွင်ရပ်နေသော အကြီးအကဲချူက တစ်ကိုယ်လုံးတုန်ခါသွားပြီး ထိတ်လန့်စွာ ပြောသည်။

“ဂရုစိုက်ပါ သခင်လေး။ အဲဒါက အားကောင်းတဲ့ ရွှေအပိုင်းအစပုရွက်ဆိတ်ရဲ့ ဝိညာဉ်တိုက်ခိုက်မှုပဲ”

ဟန်မူယဲ့က တည်ငြိမ်စွာ ခေါင်းညိတ်သည်။

ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုသည် သူ့အပေါ်တွင် သက်ရောက်မှုသိပ်မရှိပေ။

သို့သော် သူတော်စင်အဆင့် ကျင့်ကြံသူများ၏ အသိစိတ်ကို တုန်လှုပ်သွားစေလိမ့်မည်။

ရွှေအပိုင်းအစပုရွက်ဆိတ်များက ရုပ်ခန္ဓာတိုက်ခိုက်မှုနှင့် ဝိညာဉ်တိုက်ခိုက်မှုကို ပြုလုပ်နိုင်သောကြောင့် တောရိုင်းမြေတွင် နာမည်ကြီးသည်။

ဟန်မူယဲ့က ဓားမြှောက်ပြီး ရှေ့သို့ ညွှန်ပြသည်။ ကျောက်နံရံတွင်ရှိနေသော ရွှေအပိုင်းအစပုရွက်ဆိတ်များက ပြုတ်ကျသွားပြီး ပုန်းကွယ်နေသော ပုရွက်ဆိတ်ကို ဖော်ပြလိုက်သည်။

သုံးပေရှည်လျားသော ရွှေအပိုင်းအစပုရွက်ဆိတ်၏ မျက်လုံးများက ကြမ်းတမ်းနေသည်။

သို့သော် ကောင်းကင်အဆင့်သို့ ‌ရောက်နေသော ထိုပုရွက်ဆိတ်က ဟန်မူယဲ့ကို ကြောက်ရွံ့နေပုံပေါ်ပြီး နောက်ဆုတ်သွားသည်။

“ဝီ”

မှိန်ဖျော့သော အလင်းစက်ကွင်းသည် နေရာအနှံ့သို့ ဖြာထွက်သွားသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်များ၏ ရွှေသတ္တုစွမ်းအားက အလင်းစက်ကွင်းနှင့် ပေါင်းစပ်သွားပြီး ပေတစ်ရာရှည်လျားသော ရွှေရောင်လှံတစ်စင်း ဖြစ်လာသည်။

အင်မော်တယ်အင်းကွက်များကို ရွှေရောင်လှံပေါ်တွင် မြင်နိုင်သည်။

လှံရှည်ပေါ်လာသောအခါတွင် အကြီးအကဲချူက တီးတိုးပြောလိုက်သည်။

“အဲဒါက နတ်ဘုရားဝိညာဉ်လှံပဲ။ ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူရဲ့ နတ်ဘုရားဝိညာဉ်ကိုတောင် ဖျက်ဆီးပစ်နိုင်တယ်”

အကြီးအကဲချူက ရွှေရောင်လှံကြောင့် ဒဏ်ရာရသွားသည်ဟု ပြောခဲ့သည်။

ထိုလှံရှည်ပင် ဖြစ်လိမ့်မည်။

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် လှံရှည်ကို ကြည့်သည်။

ဝိညာဉ်စွမ်းအား ....

သူက ဝိညာဉ်စွမ်းအားကို အရေးတကြီး လိုအပ်နေသည်။

“ဝီ”

လှံရှည်က တုန်ခါသွားပြီး ဟန်မူယဲ့၏ ဦးခေါင်းဆီသို့ တိုးဝင်လာသည်။

ဟန်မူယဲ့က မရှောင်တိမ်းဘဲ လှံရှည်ကို ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။

သူ့နောက်တွင်ရှိနေသော အကြီးအကဲချူက ကြောင်အသွားသည်။ သူစကားမပြောနိုင်ခင် စွမ်းအားတစ်ခုကြောင့် မိုင်းတွင်းထဲမှ တွန်းထုတ်ခံလိုက်ရသည်။

“အဆင့်တက်သွားတာလား”

“ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အဆင့်တက်သွားတာလား”

အကြီးအကဲချူက ရွှေအလင်းဖြင့် တောက်ပနေသော အက်ကွဲကြောင်းကို ကြည့်လိုက်ပြီး ငေးမောနေသည်။

‘ဒီလိုမျိုး အဆင့်တက်နိုင်တယ်ပေါ့’

‘လောကမှာ အခွင့်အရေးတွေကို ကိုယ်နဲ့မကွာ သယ်ထားတဲ့လူမျိုး တကယ်ပဲ ရှိနေတာလား’

All Chapters