← Chapters

အခန်း (၈၅၂)

Vol. 61 Ch. 852

အခန်း (၈၅၂)

Vol. 61 Ch. 852

ဟန်မူယဲ့က အကြီးအကဲချူ၏အတွေးကို ဂရုမစိုက်ခဲ့ပေ။

ထိုအချိန်တွင် ဝိညာဉ်လှံရှည်က သူ၏ စိတ်နယ်ပယ်ထဲသို့ တိုးဝင်လာသည်။ ဟန်မူယဲ့၏စွမ်းအားများက ပေါက်ကွဲထွက်လာပြီး ဝိညာဉ်သူငယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသော ကျင့်ကြံဆင့်က လျင်မြန်စွာ မြင့်တက်လာသည်။

စိတ်နယ်ပယ်ထဲသို့ တိုးဝင်လာသော လှံရှည်သည် ရုတ်တရက်ပေါ်လာသော ဓားတစ်လက်ကြောင့် ပျက်စီးသွားသည်။

ကျောက်နံရံပေါ်တွင်ရှိသော သုံးပေရှည်လျားသည့် ရွှေအပိုင်းအစပုရွက်ဆိတ်က တစ်ကိုယ်လုံးတုန်ခါသွားပြီး ပြုတ်ကျလာသည်။

ဟန်မူယဲ့က ပုရွက်ဆိတ်များကို ကြည့်လိုက်ပြီး ပြုံးသည်။

“မင်းတို့က ဝိညာဉ်စွမ်းအားကိုလည်း စုစည်းနိုင်တာလား”

“အဲဒါဆိုရင် ငါ့ကို ဝေမျှပေးပါအုံး”

ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်စွမ်းအားသည် ဘန်းခနဲ ပေါ်ထွက်လာသည်။

သူ၏ ဝိညာဉ်စွမ်းအားသည် အလွန်အား‌ကောင်းသောအဆင့်သို့ ရောက်နေသည်။ ဒုတိယမြောက် မူလဝိညာဉ်ဓားကို စုစည်းရာတွင် စွမ်းအင်အများအပြား ကုန်ဆုံးမည်ကို စိုးရိမ်နေသောကြောင့် ဝိညာဉ်သူငယ်အဆင့်ကို မချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူက အခွင့်အရေးတစ်ခု ရလာသည်။ ရွှေအပိုင်းအစပုရွက်ဆိတ်များပင် ဖြစ်ကြသည်။

ဝိညာဉ်စွမ်းအားသည် သတ္တုတွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သတ္တုကြော၏ အတွင်းပိုင်းတွင် ပိုမိုများပြားသော ရွှေအပိုင်းအစပုရွက်ဆိတ်များကို မြင်လိုက်ရသောကြောင့် ဟန်မူယဲ့က ပျော်ရွှင်သွားသည်။

အနည်းဆုံး ပုရွက်ဆိတ်သုံးသန်း ရှိနေသည်။

ဝိညာဉ်စွမ်းအားနှင့် ခွေသားရဲ၏ မိုးကြိုးစွမ်းအားက ပေါင်းစပ်သွားပြီး ဧရာမလက်ကြီးတစ်ဖက် ဖြစ်လာသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်များက တုန်ခါနေပြီး လဲကျသွားကြသည်။

ပေဝက်သာရှည်လျားသော သာမန်ပုရွက်ဆိတ်များဖြစ်စေ ပေတစ်ရာရှည်လျားသော ပုရွက်ဆိတ်ဘုရင်များဖြစ်စေ ဝိညာဉ်စွမ်းအားနှင့် မိုးကြိုးစွမ်းအား၏ ပေါင်းစပ်မှုအောက်တွင် ဖိနှိပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားက မိုးကြိုးစွမ်းအားတစ်လျှောက် ရွေ့လျားသွားသည်။

ဓားစံအိမ်တွင် ဓားချီကို သန့်စင်နေသကဲ့သို့ ဝိညာဉ်စွမ်းအားကို ပြန်ယူလိုက်သောအခါတွင် သိသိသာသာ ကျယ်ပြန့်လာသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်များက သူ၏ ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးနိုင်သည်။

ပုရွက်ဆိတ်တစ်ကောင်ချင်းစီမှ ရရှိလာသော ဝိညာဉ်စွမ်းအားသည် မပြောပလောက်ပေ။

သို့သော် ပုရွက်ဆိတ်သုံးသန်း စုပေါင်းလိုက်သောအခါတွင် သူ၏ ဝိညာဉ်စွမ်းအားက ယုံကြည်မှုစွမ်းအားကို စုဆောင်းခြင်းထက် ပိုမိုလျင်မြန်စွာ တိုးတက်လာသည်။

ထို့ကြောင့် သူက ကြိုတင်အဆင့်တက်ပြီး ဒုတိယမြောက် မူလဝိညာဉ်ဓားကို စုစည်းနိုင်လိမ့်မည်။

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ရွှေရောင်သန်းနေသော မိုင်းတွင်းကို ကြည့်သည်။ အင်မော်တယ်ချီနှင့် ဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ပေါ်တွင် သွယ်ယှက်နေပြီး သုံးပေရှည်လျားသော ဓားတစ်လက်အဖြစ် ဖြည်းဖြည်းချင်း စုစည်းသွားသည်။

ထိုဓားပေါ်လာသောအချိန်တွင် ရွှေအပိုင်းအစပုရွက်ဆိတ်များအားလုံးက ဦးညွတ်လိုက်ကြသည်။

အညံ့ခံခြင်း ....

ပုရွက်ဆိတ်ဘုရင်က တစ်ကိုယ်လုံးတုန်ခါနေပြီး ခေါင်းမော့မကြည့်ရဲပေ။

“ဒီနေ့ကစပြီး ဒီဓားကို ထောင်ချောက်ဓားလို့ ခေါ်မယ်”

ရွှေအပိုင်းအစပုရွက်ဆိတ်များ၏ စွမ်းအားသည် ထပ်ဆင့်တိုးတက်နိုင်သည်။

အင်မော်တယ်ချီနှင့် ဝိညာဉ်စွမ်းအားမှတစ်ဆင့် စုစည်းထားသော မူလဝိညာဉ်ဓားသည်လည်း ဆတိုးသန်မာသောစွမ်းအားကို ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကို ချုပ်နှောင်၍ သတ်ဖြတ်လိမ့်မည်။

သို့သော် မူလဝိညာဉ်ဓားသည် ယခုမှ ဖြစ်ပေါ်လာသည်။ ထိုအဆင့်သို့ ရောက်ရန် အချိန်ကြာမြင့်စွာ ပျိုးထောင်ပေးရဦးမည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။ သူ၏ မူလဝိညာဉ်ဓားက ဖြာထွက်လာပြီး ရွှေအပိုင်းအစပုရွက်ဆိတ်များပေါ်သို့ ကျရောက်သွားသည်။

ရွှေအပိုင်းအစပုရွက်ဆိတ် သုံးသန်းကို အသုံးချပြီး သူ၏ မူလဝိညာဉ်ဓားကို ပျိုးထောင်မည်။

“ဒီနေ့ကစပြီး မင်းတို့အားလုံး ဒီမှာနေရမယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ရွှေအပိုင်းအစပုရွက်ဆိတ်များက နားလည်ပုံရပြီး တိတ်ဆိတ်စွာ ရှိနေကြသည်။

ဤနေရာသည် ယွင်လန်မြို့နှင့် မိုင်ပေါင်းရှစ်ရာသာ ကွာဝေးပြီး ဟန်မူယဲ့က မူလဝိညာဉ်ဓားကို အချိန်မရွေး ဆင့်ခေါ်နိုင်သည်။

ထိုဓားသည် ယခုလက်ရှိအချိန်တွင် သူအသုံးပြုနိုင်သော အသန်မာဆုံးခွန်အား ဖြစ်သည်။

သူက အကြီးအကဲချူနှင့်အတူ ယွင်လန်မြို့သို့ ပြန်ရောက်လာသောအခါတွင် ရွှေအပိုင်းအစပုရွက်ဆိတ်များကို ရှင်းမထုတ်ခဲ့သောကြောင့် ကျောက်ချန်က နောင်တရနေသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ မိုင်တစ်သိန်းအကွာမှာရှိတဲ့ လုမင်မြို့ရဲ့ ကုန်သည်အဖွဲ့က အရောင်းအဝယ်လုပ်ဖို့ ရောက်လာတယ်။ ဒါပေမဲ့ သူတို့က ဂိုဏ်းတူအစ်ကိုဟန်နဲ့ အရင်တွေ့ချင်နေတယ်”

ကျန်းကျန်ပေါင်က ရွှေရောင်တံဆိပ်ပြားတစ်ခုကို ကိုင်ထားပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က တံဆိပ်ပြားကို ယူလိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

ထိုတံဆိပ်ပြားသည် သာမန်တံဆိပ်ပြားတစ်ခုသာ ဖြစ်သည်။

သို့သော် ဟန်မူယဲ့၏လက်ထဲတွင် ကွဲပြားသွားသည်။

“အချိန်အတော်ကြာသွားပြီပဲ။ မိစ္ဆာလောကလန်”

“ငါနဲ့တွေ့ဖို့ သူတို့ကို လွှတ်လိုက်ပါ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်ပြီး ရွှေရောင်တံဆိပ်ပြားကို ချေမွပစ်သည်။

မိစ္ဆာလောကလန်သည် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်၏လက်အောက်တွင် ရှိသည်။

လူသားလောကတွင် ရွှင်းထျန်းခန်းဆောင်၏ ကွမ်တုံယွင်ကို အပြင်းအထန်ဒဏ်ရာရပြီး သေဆုံးသွားအောင် ပြုလုပ်ခဲ့သော ကျွမ်းကျင်သူက မိစ္ဆာလောကလန်၏ ကျူးလင် ဖြစ်သည်။

ဟန်မူယဲ့က အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံထားသော တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။

မိစ္ဆာလောကလန်က ဟန်မူယဲ့ကို သခင်လေးအဖြစ် လေးစားကြလိမ့်မည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ သွားရောက်ရန် စီစဉ်ခဲ့သောအချိန်တွင် ကျူးလင်က အင်မော်တယ်ကမ္ဘာအသီးသီးတွင်ရှိသော မိစ္ဆာလောကလန်၏ စုရပ်နှင့် ဆက်သွယ်ရေးနည်းလမ်းများကို ပြောပြခဲ့သည်။

မိစ္ဆာလောကလန်က အသွင်ပြောင်းပြီး ပုန်းကွယ်ခြင်းတွင် ကျွမ်းကျင်သည်။

သို့သော် အဓိကအင်အားစုများက မိစ္ဆာလောကလန်ကို သတိထားနေကြပြီး အဆင့်ပုဂ္ဂိုလ်များကြားသို့ ဝင်ရောက်ခွင့်မပြုခဲ့ပေ။

ထို့ကြောင့် မိစ္ဆာလောကလန်ကို အင်အားစုလေးများ၏ အဆင့်နိမ့်ကျင့်ကြံသူများကြားတွင် ရှာတွေ့နိုင်သည်။

ယွင်လန်မြို့တွင် ဟန်မူယဲ့က ကျူးလင်၏ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး မိစ္ဆာလောကလန်နှင့် ဆက်သွယ်ခဲ့သည်။

ယခုအချိန်တွင် သူက တုံ့ပြန်မှုကို ရလိုက်သည်။

“လုမင်မြို့၊ ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့ရဲ့ ရှဲ့ချောင်ယန်က သခင်လေးဟန်ကို နှုတ်ဆက်ပါတယ်”

အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လေးစားသောအပြုံးတစ်ခုနှင့် နှုတ်ဆက်သည်။

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါ ထိုလူ၏ မျက်လုံးထဲတွင် ရွှေအလင်းများ ဖြတ်ပြေးသွားပြီး ခေါင်းငုံ့လိုက်သည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းသည်။ ကျန်းကျန်ပေါင်နှင့် တခြားလူများက စံအိမ်ထဲမှ ထွက်သွားကြသည်။

“သခင်လေးဟန်၊ ကျွန်တော်တို့ ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့က ယွင်လန်မြို့ကို စိတ်ဝင်စားပါတယ်။ အနာဂတ်မှာ ယွင်လန်မြို့နဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့က လုမင်မြို့ရဲ့ အကောင်းဆုံး ....”

ရှဲ့ချောင်ယန်က စကားကို အဆုံးမသတ်နိုင်ဘဲ ရပ်တန့်သွားသည်။

ဟန်မူယဲ့က ရွှေရောင်တံဆိပ်ပြားတစ်ခုကို လက်ထဲတွင် ကစားနေသည်။

ထိုတံဆိပ်ပြားထဲတွင် ရွှေနက်ရောင်အလင်းစက်ကွင်းတစ်ခု ရှိနေသည်။

“ငါကလည်း မိစ္ဆာလောကလန်ကို အရမ်းစိတ်ဝင်စားတယ်”

ဟန်မူယဲ့၏စကားကြောင့် ရှဲ့ချောင်ယန်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူ့မျက်လုံးများက ရွှေအလင်းကို ရုတ်တရက်ထုတ်လွှတ်ပြီး ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။

ထိုရွှေအလင်းက သူတော်စင်တစ်ဝက်အဆင့်၏ ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။

သို့သော် ရွှေအလင်းပေါ်လာသောအချိန်တွင် ဟန်မူယဲ့၏ ရွှေရောင်တံဆိပ်ပြားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခေါင်းပေါ်တွင် ရှိနေသည်။

ရွှေရောင်တံဆိပ်ပြားက လည်ပတ်နေပြီး အနက်ရောင်အလင်းကို ထုတ်လွှတ်သည်။ တောင်ပံနှစ်စုံဖြန့်ထားသော လင်းနို့တစ်ကောင်နှင့် တူသည်။

ကျူးလင်၏ တောင်ပံများကဲ့သို့ ဖြစ်သည်။

မိစ္ဆာလောကလန်၏ တောင်ပံအရေအတွက်သည် ကိုယ်ပိုင်အဆင့်အတန်းနှင့် သွေးမျိုးဆက်ကို ဖော်ပြသည်။

ကလန်ဝင်အများစုသည် တောင်ပံမရှိကြပေ။ တောင်ပံတစ်စုံ ပိုင်ဆိုင်လျှင် သန့်စင်သော သွေးမျိုးဆက်အဖြစ် ယူဆခံရသည်။

တောင်ပံနှစ်စုံသည် မိစ္ဆာလောကလန်၏ တော်ဝင်မိသားစုဖြစ်ပြီး အသန့်စင်ဆုံး သွေးမျိုးဆက်ကို ကိုယ်စားပြုသည်။

တောင်ပံသုံးစုံပိုင်သော မိစ္ဆာလောကလန်သားများလည်း ရှိခဲ့သည်ဟု ပြောကြသည်။ သို့သော် ထိုအရာသည် ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။

“ဝီ”

တောင်ပံနှစ်စုံပုံရိပ်ကို မြင်လိုက်ရသောအခါတွင် ရှဲ့ချောင်ယန်၏မျက်နှာထားက ပြောင်းလဲသွားပြီး နာခံမှုရှိသောပုံစံ ဖြစ်သွားသည်။ သူ့မျက်လုံးထဲတွင်ရှိသော ရွှေအလင်းကလည်း ပျောက်ကွယ်သွားသည်။

သူ၏ သက်လတ်ပိုင်းအရွယ် လူပုံစံကလည်း ပြောင်းလဲသွားပြီး နဖူးပေါ်တွင် ခရမ်းရောင်မိစ္ဆာအင်းကွက်သုံးခု ပေါ်လာသည်။

တောင်ပံမရှိသော မိစ္ဆာလောကလန်သားများကြားတွင် အင်းကွက်သုံးခုသည် အနည်းဆုံး လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ဖြစ်သော နတ်ဘုရားဘုရင်အဆင့်တွင် ရှိနေသည်ဟု ဖော်ပြသည်။ ထို့ကြောင့် သူတို့၏ သွေးမျိုးဆက်က အတော်လေး သန့်စင်သည်။

“မိစ္ဆာလောကလန်ရဲ့ သွမ်မူတရီက အရှင့်ကို နှုတ်ဆက်ပါတယ်”

ရှဲ့ချောင်ယန်က နောက်ဆုံးတွင် နာမည်အရင်းကို ဖော်ပြလိုက်သည်။

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော‌ ရွှေရောင်တံဆိပ်ပြားသည် တောင်ပံနှစ်စုံရှိသော မိစ္ဆာလောကလန်၏ ကျွမ်းကျင်သူ ကျူးလင်ကို ကိုယ်စားပြုသည်။

ကလန်အတွင်း၌ ကျူးလင်၏ အဆင့်အတန်းသည် ကလန်ကို ထိန်းချုပ်ထားသော အကြီးအကဲများထက် တစ်ဆင့်သာနိမ့်သည်။

ကျူးလင်၏အထောက်အထားကို အသုံးပြုခြင်းသည် ဟန်မူယဲ့အတွက် လုံလောက်သည်။

အင်မော်တယ်ဘုရင်၏ အမွေဆက်ခံသူနှင့် မိစ္ဆာလောကလန်၏ သခင်လေးဖြစ်ကြောင်း မဖော်ပြလျှင် ပိုကောင်းသည်။

သက်ရှိများ၏နှလုံးသားက ပြောင်းလဲတတ်သည်ဟု ကျူးလင်က သတိပေးလိုက်သည်။ သူက အင်မော်တယ်ကမ္ဘာမှ အလွန်ကြာြမင့်စွာ ထွက်လာသောကြောင့် မိစ္ဆာလောကလန်၏ သစ္စာရှိမှုကို အာမခံမပေးနိုင်ချေ။

“သွမ်မူတရီ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရွှေရောင်တံဆိပ်ပြားကို သိမ်းသည်။ စံအိမ်၏ လေထုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“လုမင်မြို့နဲ့ ယွင်လန်မြို့ရဲ့ ကုန်သွယ်‌ရေးကို မင်းလက်ထဲ အပ်ထားလိုက်မယ်”

ဟန်မူယဲ့က ရှဲ့ချောင်ယန်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ပြဿနာမရှိဘူးမဟုတ်လား”

ရှဲ့ချောင်ယန်က လျင်မြန်စွာဦးညွတ်လိုက်ပြီး ပြောသည်။

“ကျွန်တော် နားလည်ပါပြီ”

ယခုအချိန်တွင် ဟန်မူယဲ့က မိစ္ဆာလောကလန်၏ အကူအညီကို မလိုအပ်သေးပေ။

သူ၏ဓားက ထက်မြိနေသ၍ ပြဿနာများအားလုံးကို ဖြေရှင်းနိုင်သည်။

“ငါက ယွင်ထန့်တောရိုင်းမြေမှာ အခြေချချင်တယ်။ ဒီမှာ မြို့တစ်မြို့ တည်ဆောက်ပြီး ခါးသီးအင်မော်တယ်နယ်မြေကို သွားမယ်”

ဟန်မူယဲ့က လေးနက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသောကြောင့် ရှဲ့ချောင်ယန်က သူ့ကို တိုက်ရိုက်မကြည့်နိုင်ခဲ့ပေ။

“ငါက အချက်အလက်တွေအားလုံး လိုချင်တယ်”

သတင်းအချက်အလက် ....

ဟန်မူယဲ့က ဓားရှည်များမှတစ်ဆင့် အမျိုးမျိုးသော သတင်းများကို ရနိုင်သော်လည်း အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် ပြန့်ကျဲနေသော မိစ္ဆာလောကလန်ကဲ့သို့ သတင်းစုံပြီး အချိန်နှင့်တစ်ပြေးညီ သိနိုင်မည်မဟုတ်ပေ။

မိစ္ဆာလောကလန်ကို ဆင့်ခေါ်လိုက်သော အဓိကအကြောင်းအရင်းသည် သတင်းအချက်အလက်များအတွက် ဖြစ်သည်။

ယွင်ထန့်တောရိုင်းမြေသည် မိုင်သန်းထောင်ချီကျယ်ဝန်းပြီး ခါးသီးအင်မော်တယ်နယ်မြေနှင့် ထိစပ်နေသည်။

လုံလောက်သောသတင်းများ မရှိလျှင် တိုးတက်လာရန် အလွန်ခက်ခဲလိမ့်မည်။

မိစ္ဆာလောကလန်သည် အင်မော်တယ်ကမ္ဘာတွင် ပြန့်ကျဲနေပြီး စိတ်ကူးမယဉ်နိုင်သော သတင်းအချက်အလက်နှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။

“ကျွန်တော်က ပြန်သွားပြီး သတင်းအချက်အလက်တွေကို စုစည်းထားလိုက်ပါ့မယ်။ ယွင်လန်မြို့မှာ နေထိုင်ဖို့အတွက် ကလန်သားတွေကိုလည်း ချန်ထားခဲ့ပါမယ်”

ရှဲ့ချောင်ယန်က ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

“ကျွန်တော်ကိုယ်တိုင် ယွင်လန်မြို့မှာ ရှိနေပါမယ်”

All Chapters