← Chapters

အခန်း (၈၅၃)

Vol. 61 Ch. 853

အခန်း (၈၅၃)

Vol. 61 Ch. 853

ရှဲ့ချောင်ယန်က အမှန်တကယ်ပင် ပါးနပ်သည်။

သူက အပြင်ဘက်သို့ ထွက်လာပြီး ကျန်းကျန်ပေါင်နှင့် ဆုံတွေ့လိုက်သောအချိန်တွင် စိတ်အားထက်သန်သော သဘောထားကြောင့် ကျန်းကျန်ပေါင်က ကြောင်အသွားခဲ့သည်။

‘ဒီလူက ငါ့တို့ဘက်ကလား’

ရှဲ့ချောင်ယန်၏နောက်ကွယ်တွင်ရှိသော ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့၏ ထောက်ပံ့မှုကြောင့် ယွင်လန်မြို့သည် သိသိသာသာ တိုးတက်လာသည်။

နှစ်လအတွင်း၌ အဓိကကုန်သွယ်ရေးအဖွဲ့ ရှစ်ဖွဲ့ရောက်လာပြီး သုံးဖွဲ့က ယွင်လန်မြို့တွင် နေထိုင်မည်ဟု ကြေညာခဲ့သည်။ ကျန်ငါးဖွဲ့က အနာဂတ်တွင် မကြာခဏ လာရောက်မည်ဟု ပြောခဲ့သည်။

ကုန်သည်အဖွဲ့များ ရောက်လာသောကြောင့် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက ဆွဲဆောင်ခံလိုက်ရသည်။

အရောင်းအဝယ်အမျိုးမျိုးကြောင့် ယွင်လန်မြို့က လူဦးရေထူထပ်လာပြီး ချက်ချင်းဆိုသလိုပင် လူဦးရေငါးသိန်းခန့်အထိ ရောက်သွားခဲ့သည်။

မြို့ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားလာနေသော အစိမ်းရောင်ဝံပုလွေများနှင့် ပေါင်းစပ်လိုက်သောအခါတွင် အစစ်မှန်မြို့တစ်မြို့နှင့် တူလာသည်။

“တောရိုင်းမြေမှာ မြို့တည်ဖို့ မလွယ်ဘူး”

ရှဲ့ချောင်ယန်က တီးတိုးပြောသည်။ ဟန်မူယဲ့က သူတို့ကို မြို့တည်ရန်အတွက် စည်းဝေးပွဲခေါ်ထားသည်။

“မြို့တည်ဖို့အတွက် မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို လိုအပ်တယ်။ တောရိုင်းမြေက ကျောက်တုံးနဲ့သတ္တုတွေ ပေါပေမဲ့ သစ်သားနဲ့ တည်ဆောက်ရေးအတွက် ကုန်ကြမ်းတွေရဖို့ မလွယ်ဘူး”

သူက အမှန်အတိုင်း ပြောနေသည်။ တောရိုင်းမြေတွင် ကောင်းမွန်သောတောအုပ်များ မရှိပေ။ ထို့ကြောင့် လုံလောက်သောသစ်သားများကို စုဆောင်းရန် အချိန်တစ်ခုကြာလိမ့်မည်။

ထို့အပြင် ကျင့်ကြံသူများနေထိုင်နိုင်သော မြို့တစ်မြို့ကို တည်ဆောက်ရန်အတွက် အမျိုးမျိုးသော ဝင်္ကပါများကို စီစဉ်ပေးရမည်။ ထိုဝင်္ကပါများအတွက် အလွန်များပြားသော ဝိညာဉ်သတ္တုများကို လိုအပ်သည်။ လျင်မြန်စွာ စုစည်းနိုင်မည်မဟုတ်ပေ။

“ပြီးတော့ မြို့တည်ဆောက်ပြီးတဲ့အချိန်မှာ ကာကွယ်ရေးဝင်္ကပါအတွက် ဝင်္ကပါပညာရှင်တစ်ယောက် လိုအပ်တယ်။ အဲဒါအတွက်လည်း အကုန်အကျများလိမ့်မယ်”

“သာမန်ကာကွယ်ရေးဝင်္ကပါဆိုရင်တောင် ဝိညာဉ်ရတနာတစ်ခု ကုန်ကျလိမ့်မယ်”

လူတိုင်းက ဝင်္ကပါများ၏ ကုန်ကျစရိတ်ကို သတိထားမိသည်။

အင်မော်တယ်ကမ္ဘာတွင် အစစ်အမှန် ဝင်္ကပါပညာရှင်များကို အဓိကဂိုဏ်းကြီးများက ထိန်းချုပ်ထားကြသည်။ တောရိုင်းမြေတွင် ဝင်္ကပါပညာရှင်များ ရှိနေသော်လည်း မြို့တစ်မြို့၏ အကာအကွယ်ဝင်္ကပါကို တည်ဆောက်ပေးနိုင်သောလူ ရှားပါးသည်။

ရှဲ့ချောင်ယန်၏စကားကြောင့် ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

ဇောင်ပိုင်ချွမ်နှင့် ကျောက်ချန်က ကုန်သွယ်ရေးအဖွဲ့များမှ ရောက်လာပြီး အကျိုးအမြတ်နှင့် အရောင်းအဝယ်ကို အာရုံစိုက်ထားသည်။

မြို့ကြီးတစ်မြို့ ရှာဖွေနိုင်သော အရင်းအမြစ်များသည် မြို့လေးတစ်မြို့ထက် အဆပေါင်းများစွာ ပိုသည်။

သို့သော် မြို့တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်သည် ခေါင်းကိုက်ချင်စရာ ကောင်းသည်။

“မင်းတို့က မြို့အတွက် လိုအပ်တဲ့ အရင်းအမြစ်နဲ့ တည်ဆောက်ရေးပစ္စည်းတွေကို စိုးရိမ်နေစရာမလိုဘူး။ ဝင်္ကပါတွေအတွက်လည်း ငါ့မှာ အစီအစဉ်ရှိတယ်”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့အားလုံးကို ကြည့်သည်။

“ငါက မြို့တည်တော့မယ်ဆိုတဲ့ သတင်းကို မင်းတို့က လွှင့်ပေးလိုက်ရုံပဲ”

ထိုသို့ ရိုးရှင်းသည်။

ကျောက်ချန်က စံအိမ်ထဲမှ ထွက်လာသည်အထိ နားမလည်နိုင် ဖြစ်နေသည်။

“အစ်ကိုဟန်က မြို့တည်ဖို့အတွက် အရင်းအမြစ်တွေအားလုံးကို ထုတ်ပေးမှာလား”

“ဒါက အစ်ကိုဟန်အတွက်လည်း အတော်လေး ကုန်ကျလိမ့်မယ်”

သူက ဟန်မူယဲ့၏ ကြွယ်ဝမှုကို အတိအကျ မသိသော်လည်း မြို့တစ်မြို့ တည်ဆောက်ရန်အတွက် ကောင်းကင်အင်မော်တယ်တစ်ပါးကပင် မွဲတေသွားလိမ့်မည်။

“တောရိုင်းမြေမှာ မြို့တည်ဖို့ တခြားနည်းလမ်းရှိသေးလား”

ဇောင်ပိုင်ချွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှဲ့ချောင်ယန်ကို လှမ်းကြည့်သည်။

ရှဲ့ချောင်ယန်က အံ့အားသင့်သွားပြီး ခေါင်းညိတ်သည်။

“ရှိတာပေါ့”

မြို့တည်ဆောက်ရန်အတွက် တခြားနည်းလမ်းတစ်ခု ရှိနေသည်။

စံအိမ်ထဲတွင် ဟန်မူယဲ့က အလင်းလွှာကို ကြည့်နေသည်။

အလင်းလွှာသည် ယွင်လန်မြို့နှင့် မိုင်တစ်သိန်းမှ နှစ်သိန်းပတ်ဝန်းကျင်အထိ လွှမ်းခြုံထားပြီး အစက်အပြောက်များဖြင့် ပြည့်နေသည်။

“မြို့တည်ဆောက်ဖို့ တခြားနည်းလမ်းရှိတယ်”

ဟန်မူယဲ့က ယွင်လန်မြို့နှင့် အနီးဆုံးအလင်းစက်ကို လက်ထောက်လိုက်ပြီး ပြောသည်။

“ဓားပြတိုက်မယ်”

ထိုအရာသည် တိုက်ရိုက်ကျပြီး အလျင်မြန်ဆုံးနည်းလမ်း ဖြစ်သည်။

ဟန်မူယဲ့က စံအိမ်ထဲမှ လမ်းလျှောက်ထွက်လာသည်။

“ကျန်းကျန်ပေါင်၊ တပည့်တွေကို စုစည်းလိုက်ပါ။ ငါတို့က ဆယ့်ငါးမိနစ်နေရင် ကျူးလင်းမြို့ကို သွားမယ်”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

ကျန်းကျန်ပေါင်က ပျော်ရွှင်သွားပြီး ခေါင်းညိတ်သည်။

“နားလည်ပါပြီ”

ဇောင်ပိုင်ချွမ်နှင့် တခြားလူများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

‘တကယ်ပဲဟ’

ရှဲ့ချောင်ယန်က ဓားပြတိုက်မည်ဟု ပြောခဲ့သည်။

ဆယ့်ငါးမိနစ်အကြာတွင် ပေတစ်ထောင်ရှည်လျားသော သင်္ဘောပျံက အရှေ့မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

သင်္ဘောပျံက သိပ်မမြန်ပေ။ မိုင်သုံးသောင်းအကွာတွင်ရှိသော မြို့လေးတစ်မြို့သို့ ရောက်ရန် သုံးနာရီကြာခဲ့သည်။

ထိုမြို့လေးသည် ယခင်က ယွင်လန်မြို့နှင့် တူညီသော်လည်း ယခုအချိန်တွင် ယွင်လန်မြို့နှင့် မယှဉ်နိုင်တော့ပေ။

“ကျူးလင်းမြို့က ပိုင်ရှင်မရှိတဲ့ ယွင်လန်မြို့နဲ့ တူညီတယ်”

သင်္ဘောကုန်းပတ်ပေါ်တွင် ချွမ်ချန်ဟု အမည်ရသော တာအိုတန်ခိုးရှင်တစ်ယောက် ရှိနေသည်။

သူက သူတော်စင်တစ်ဝက်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး ဟန်မူယဲ့က ယွင်လန်မြို့ကို မသိမ်းခင် ယွင်လန်မြို့၏ သန်မာသောကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သည်။

တာအိုတန်ခိုးရှင်ချွမ်ချန်က ယွင်လန်မြို့၏ ပတ်ဝန်းကျင်နှင့် ရင်းနှီးသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ တိုက်ရိုက်ဝင်သွားပြီး သတ်ပစ်လိုက်ရမလား”

ကျန်းကျန်ပေါင်က သန်မာသောဓားဆန္ဒကို ထုတ်လွှတ်ပြီး ဓားရှည်ကို ကိုင်ထားသည်။

ယခင်က သူနှင့် ဂိုဏ်းတပည့်များသည် ယွင်လန်မြို့တွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။

“ငါက တာအိုတန်ခိုးရှင်ချွမ်ချန်နဲ့ အရင်ဆုံးသွားကြည့်လိုက်အုံးမယ်”

ဟန်မူယဲ့က ပတ်ဝန်းကျင်တွင်ရှိသော စံအိမ်များကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဒါတွေကို ဖျက်ဆီးလိုက်ရမှာ ရှက်စရာပဲ”

သူ့စကားကြောင့် နောက်တွင်ရှိနေသောလူများက ပြုံးလိုက်ကြသည်။

ကျူးလင်းမြို့တွင်ရှိသော လူများက ယွင်လန်မြို့သို့ ပြောင်းရွှေ့လာပြီး မြို့၏တစ်စိတ်တစ်ပိုင်း ဖြစ်လာကြလိမ့်မည်။

တာအိုတန်ခိုးရှင်ချွမ်ချန်က ဟန်မူယဲ့ကို လူရှင်းနေသော မြို့ထဲသို့ ခေါ်သွားခဲ့သည်။

ထိုအရာသည် ပုံမှန်ပင်ဖြစ်သည်။ ယွင်လန်မြို့က ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများကို ဆွဲဆောင်လိုက်သော‌ကြောင့် တခြားနေရာများက လူနည်းသွားသည်။

တာအိုတန်ခိုးရှင်ချွမ်ချန်က ကျူးလင်းမြို့တွင် မိတ်ဆွေတချို့ ရှိသည်။ သူက ဟန်မူယဲ့ကို ခေါ်ဆောင်ပြီး သူတို့နှင့် သွားတွေ့ခဲ့သည်။

သူတို့က တာအိုတန်ခိုးရှင်ချွမ်ချန်ကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားကြသည်။ တာအိုတန်ခိုးရှင်ချွမ်ချန်က အသတ်ခံလိုက်ရပြီဟု သူတို့က ထင်ခဲ့ကြသည်။

တာအိုတန်ခိုးရှင်ချွမ်ချန်က ရှေ့တက်သွားပြီး စကားအနည်းငယ် ပြောလိုက်သည်။ ကျင့်ကြံသူလေးယောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“ကျွန်တော်တို့က သခင်လေးဟန်ရဲ့ခွန်အားကို လေးစားပါတယ်။ ဒါပေမဲ့ ယွင်လန်မြို့နဲ့ ပေါင်းစပ်မယ့်ကိစ္စကို ဆုံးဖြတ်ပေးလို့မရဘူး”

မီးခိုးရောင်မုတ်ဆိတ်နှင့် အိုမင်းနေသော ကျင့်ကြံသူတစ်ဦးက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“ဒီမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဝါးတောအုပ်တစ်ခု ရှိတယ်။ အဲဒီဝါးတောအုပ်က ဒီမြို့ရဲ့ မူလရင်းမြစ်ပဲ။ ဝါးတောအုပ်ထဲမှာ မြို့ပိုင်ရှင် နေထိုင်တယ်”

ကျူးလင်းမြို့က ယွင်လန်မြို့နှင့် အနီးဆုံးဖြစ်သောကြောင့် ယွင်လန်မြို့၏ ပြောင်းလဲမှုများကို သတိထားမိသည်။

ဟန်မူယဲ့က ကောင်းကင်အင်မော်တယ်အဆင့် မဟာမိစ္ဆာကို သတ်ဖြတ်ခဲ့သည်။ ဝံပုလွေဦးခေါင်းက ယွင်လန်မြို့၏ ဂိတ်ပေါက်ဝတွင် ယခုအချိန်အထိ ရှိနေသေးသည်။

ယခု ဟန်မူယဲ့က ကျူးလင်းမြို့သို့ ကိုယ်တိုင်ရောက်လာသည်။ သူတို့က သူ့ကို မတားနိုင်ပေ။

သို့သော် လူအိုကြီးပြောခဲ့သည့်အတိုင်း ကျူးလင်းမြို့၏ အမှန်တကယ်ထိန်းချုပ်သူ ရှိနေသေးသည်။

ကျူးလင်းမြို့က ဝါးတောအုပ်ကို အမှီပြု၍ ဖြစ်တည်လာခဲ့သည်။

ဝါးတောအုပ်ထဲတွင် ပုန်းကွယ်နေသော ကျွမ်းကျင်သူက မြို့၏အရေးကိစ္စများကို ဂရုမစိုက်ပေ။

သို့သော် သူတို့က ကျူးလင်းမြို့ကို ဖျက်သိမ်းပြီး ယွင်လန်မြို့သို့ ပြောင်းရွှေ့သွားချင်လျှင် ထိုကျွမ်းကျင်သူ၏ ခွင့်ပြုချက်ကို လိုအပ်လိမ့်မည်။

ဟန်မူယဲ့က မြို့၏ အနောက်မြောက်ဘက်ကို လေးနက်စွာကြည့်သည်။

“အဲဒါဆိုရင်လည်း ဝါးတောအုပ်ကို အလည်သွားလိုက်ပါ့မယ်”

သူက စကားအဆုံးတွင် ပျံသန်းသွားခဲ့သည်။

“ဘုန်း”

ပေတစ်ထောင်ရှည်လျားသော ဓားအလင်းသည် ဆယ်မိုင်အကွာတွင်ရှိသော ဝါးတောအုပ်ဆီသို့ ပြေးဝင်သွားသည်။

ဝါး‌တောအုပ်သည် သိပ်မကြီးဘဲ တစ်မိုင်ပတ်လည်သာ ကျယ်ဝန်းသည်။

ဟန်မူယဲ့၏ဓားက လေပြင်းနှင့်မိုးကြိုးများကို နှိုးဆွပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲနိုင်သည်။

မြို့ထဲတွင်ရှိသော လူများက ပြောင်းလဲနေသော မျက်နှာထားများဖြင့် ဓားအလင်းကို မော့ကြည့်လိုက်ကြသည်။

“ဓားကျွမ်းကျင်သူတစ်ယောက် ရောက်လာတာလား”

“ဝါးတောအုပ်ကို ချက်ချင်းတိုက်ခိုက်လိုက်တာပဲ။ ဝါးတောအုပ်ထဲမှာ ကျွမ်းကျင်သူတစ်ယောက် ရှိနေတာကို သိထားတာလား”

“ဝါးတောအုပ်ထဲက ကျွမ်းကျင်သူနဲ့ ရန်သူတွေဖြစ်နိုင်တယ်”

စောင့်ကြည့်နေသော ကျင့်ကြံသူများက အမှန်တကယ် အကြောင်းပြချက်ထက် စိတ်ကူးယဉ်ဆန်သော စကားများကို ပိုမိုနှစ်သက်သည်။

ဝါးတောအုပ်ထဲတွင် ကျွမ်းကျင်သူတစ်ယောက် ရှိနေသည်ဟု နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြားခဲ့ရသည်။ သို့သော် ထိုကျွမ်းကျင်သူ၏ လှုပ်ရှားမှုကို မည်သူမှ မမြင်ဖူးခဲ့ပေ။

ဝါးတောအုပ်၏ ကျွမ်းကျင်သူက ကောင်းကင်ထက်မှ ဆင်းသက်လာသော ဓားချက်ကို မည်သို့ ခုခံမည်နည်း။ သူတို့အားလုံးက မြင်တွေ့ချင်ကြသည်။

“ဝီ”

ဓားရှည်က ချဉ်းကပ်လာသောအခါတွင် ဝါးတောအုပ်က တုန်ခါသွားပြီး အစိမ်းရောင်အင်မော်တယ်ချီ ဝဲကတော့များကို ဖန်တီးသည်။

“ဝင်္ကပါလား။ မဟုတ်ဘူး။ ဝိညာဉ်စွမ်းအားကို စုစည်းတာနဲ့ ပိုတူတယ်”

ဟန်မူယဲ့က ဝါးတောအုပ်ကို ကြည့်လိုက်သည်။ ဝါးတောအုပ်က အလင်းတန်းများကို တစ်လွှာပြီးတစ်လွှာ ထုတ်ပေးနေပြီး ဓားချက်ကို ထိရောက်စွာ တားဆီးခဲ့သည်။

ဝါးတောအုပ်ထဲတွင် စိမ်းလန်းသောဝါးပင်များက ယိမ်းနွဲ့နေပြီး အင်မော်တယ်ချီစွမ်းအင်ကို ထုတ်ပေးနေသည်။

“ကောင်းလိုက်တဲ့အကွက်ပဲ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

သူက လက်မြှောက်လိုက်သောအခါတွင် ပေတစ်ထောင်ရှည်လျားသော ဓားပုံရိပ်က ပျောက်ကွယ်သွားပြီး လက်ထဲတွင် ကိုင်ထားသော ဓားရှည်အဖြစ် ပြောင်းလဲသွားသည်။

“ကောင်းလိုက်တဲ့ ဓားနည်းစနစ်ပဲ”

ဝါးတောအုပ်ထဲမှ အိုမင်းသောအသံကို ကြားနိုင်သည်။ ဝါးပင်များက ရုတ်တရက် လှုပ်ရှားသွားပြီး လမ်းဖွင့်ပေးလိုက်သည်။

ဝိညာဉ်စွမ်းအင်နှင့်အတူ လေဟာနယ်စွမ်းအင်လည်း ရောပါနေသည်။

ဝင်္ကပါတစ်ခု ရှိနိုင်သည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အာရုံစိုက်ထားသည်။

“တာအိုရောင်းရင်း၊ စကားပြောရအောင်”

အိုမင်းသောအသံက ပေါ်ထွက်လာပြန်သည်။

ဟန်မူယဲ့က လမ်းကြောင်းပေါ်သို့ ခြေချလိုက်ပြီး တည်ငြိမ်သော ဝါးတောအုပ်ထဲသို့ ဝင်သွားသည်။

အရိပ်ရသော လမ်းကြောင်းသည် သီးသန့်ဆန်ပြီး လေတိုက်နေသည်။

စိမ်းလန်းသောဝါးရွက်များသည် လမ်းကြောင်းကို ပိုမိုလှပစေသည်။

ဟန်မူယဲ့က ဝါးတောအုပ်၏ အတွင်းပိုင်းသို့ ရောက်သွားသည်။ အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ကျောက်သားစားပွဲ၏ရှေ့တွင် ထိုင်နေသည်။ လူအိုကြီးက ခေါင်းမော့မကြည့်ဘဲ စားပွဲပေါ်တွင်ရှိသော ကျားကွက်ကို ညွှန်ပြသည်။

“မိတ်ဆွေလေး၊ တစ်ပွဲလောက် ကစားချင်လား”

လူအိုကြီးက ပြုံးလိုက်ပြီး ကျားကွက်ပေါ်တွင် အနက်ရောင်ကျားစေ့တစ်စေ့ကို နေရာချသည်။

All Chapters