← Chapters

အခန်း (၈၅၄)

Vol. 61 Ch. 854

အခန်း (၈၅၄)

Vol. 61 Ch. 854

ဟန်မူယဲ့က ကျားကွက်ကို အာရုံစိုက်ထားပြီး စားပွဲဆီသို့ ချဉ်းကပ်လာသည်။

သွယ်ယှက်နေသော ရွှေရောင်မျဉ်းကြောင်းများသည် လူတစ်ယောက်၏ ဝိညာဉ်ကို ဖမ်းစားနိုင်သည်။

ဟန်မူယဲ့က ကျားစေ့ကို မယူဘဲ ကျောက်သားစားပွဲကို နှစ်ပိုင်းပြတ်သွားအောင် ဓားဖြင့် ခုတ်ချလိုက်သည်။

အနက်ရောင်ကျားစေ့သည် ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားပြီး အနက်ရောင်နှင့် အဖြူရောင်အလင်းများအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့ကို လွှမ်းခြုံသည်။

“အသားမရှိတော့ဘဲ အရိုးပဲ ကျန်တော့တဲ့အထိ စားသုံးတတ်တဲ့ ဝါးပင်”

အနက်ရောင်နှင့် အဖြူရောင်အလင်းက လွှမ်းခြုံလိုက်သောအခါတွင် ဟန်မူယဲ့က ဓားကို ဖြည်းဖြည်းချင်း မြှောက်သည်။

“အသားမဲ့ဝါးပင်။ သက်ရှိတွေရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို ဝါးမြိုပြီး ကြီးထွားတယ်။ ဒီဝါးပင်ကို ပျိုးထောင်ဖို့ သက်ရှိတွေ ဘယ်လောက်များ အသုံးပြုပြီးပြီလဲ”

“မြေအောက်မှာ အရိုးဖြူတွေ ဘယ်လောက်ရှိနေမလဲ သိရအောင် အမြစ်ကို တူးထုတ်ကြည့်ရမယ်”

ဓားချက်ကြောင့် ဝါးတောအုပ်က ချက်ချင်းပြောင်းလဲသွားသည်။

ဟန်မူယဲ့က ကြက်သွေးရောင်ရေလှိုင်းများနှင့်အတူ သွေးပင်လယ်နှင့် အလောင်းတောင်တန်းကို မြင်လိုက်ရသည်။

ကောင်းကင်နှင့်မြေကြီး၏ကြားတွင် အနီရောင်ဝါးကိုင်းများသည် နေရာအနှံ့မှ ထွက်လာကြသည်။

ထိုဝါးပင်များသည် မထင်ရှားသော ဆူးချွန်များကို သယ်ဆောင်ထားကြသည်။ ထိုဆူးချွန်များကို အနီးကပ်ကြည့်လိုက်လျှင် စီးဆင်းနေသော မီးခိုးရောင်အလင်းတန်းကို မြင်နိုင်သည်။

“ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား”

ဟန်မူယဲ့က တည်ငြိမ်နေပြီး လက်ထဲတွင်ရှိသော ဓားကို လွှတ်ချသည်။

ဓားရှည်သည် အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မိုင်သုံးဆယ်ပတ်ဝန်းကျင်တွင်ရှိသော ဝါးကိုင်းများအားလုံးကို ခုတ်ချသည်။

ပြတ်တောက်သွားသော ဝါးကိုင်းများက အနက်ရောင်အရိပ်များအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ခုန်အုပ်ကြသည်။

“အငြိုးအတေးစွမ်းအားနဲ့ မိစ္ဆာပုံရိပ်။ ဒါတွေက အရေးမပါဘူး”

ဟန်မူယဲ့က စိတ်မရှည်စွာ ရေရွတ်လိုက်ပြီး လက်ချောင်းများကို ဆန့်ထုတ်သည်။

“စိတ်ကို အာရုံစိုက်ထားပြီး မကောင်းမှုကို ရှင်းလင်းမယ်”

“အလိုဆန္ဒကို ဖယ်ရှားပြီး ပုံရိပ်ယောင်ကို ဖျက်ဆီးမယ်”

“ဘုန်း”

ကောင်းကင်ထက်မှ ရွှေရောင်မိုးကြိုးဆယ်ခု ဆင်းသက်လာပြီး ဝါးကိုင်များအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ကျယ်ပြန့်သော သွေးပင်လယ်က ချက်ချင်း ကြည်လင်သွားသည်။

ဓားအလင်းက ကောင်းကင်တွင် ပြည့်နှက်နေပြီး ရွှေရောင်မီးတောက်များက ဟန်မူယဲ့ဆီသို့ ရောက်လာသည်။

သူ့ဝိညာဉ်က ရွှေရောင်မီးတောက်ကို စုပ်ယူလိုက်ပြီး အနည်းငယ် တုန်ခါသွားသည်။

“လောကရဲ့ အသန့်စင်ဆုံး ဝိညာဉ်မီးတောက်။ စိတ်ကို သန့်စင်နိုင်တဲ့ ရှားပါးရတနာတစ်မျိုးပဲ”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံးသည်။

ဝိညာဉ်မီးတောက်ကို ရရှိရန်အတွက် အကြွင်းအကျန်ဝိညာဉ်များ၏ ခွင့်ပြုချက်ကို လိုအပ်သည်။

ဟန်မူယဲ့က ဤနေရာတွင်ရှိသော ပုံရိပ်ယောင်ဝင်္ကပါကို ချိုးဖျက်ပြီး ဝိညာဉ်များကို ကယ်တင်လိုက်သောကြောင့် ဝိညာဉ်များက ကျေးဇူးတင်နေကြသည်။

တစ်မိုင်ပတ်လည်ကျယ်ဝန်းသော ဝါးတောအုပ်က ပျောက်ကွယ်သွားခဲ့သည်။

ပြန့်ကျဲနေသော အရိုးဖြူများက နေရာအနှံ့တွင် ရှိနေသည်။

အရိုးဖြူများ၏ အရေအတွက်ကို အတိအကျမသိနိုင်ပေ။

ဟန်မူယဲ့က လက်ကို ဆန့်ထုတ်ပြီး အရိုးပုံထဲမှ အစိမ်းရောင်မျှစ်စို့လေးတစ်ခုကို လှမ်းယူသည်။

“အသားမဲ့ဝါးပင်။ ဝိညာဉ်ကို သန့်စင်ပေးနိုင်တဲ့ ရှားပါးရတနာတစ်ခုပဲ။ အသုံးဝင်လာနိုင်တယ်”

ရတနာများသည် အကောင်းအဆိုး မရှိပေ။

အသုံးချမည့်လူအပေါ်တွင်သာ မူတည်သည်။

အသားမဲ့ဝါးပင်က မကောင်းသောလူတစ်ယောက်၏ လက်ထဲတွင် အလွန်ရက်စက်နေနိုင်သည်။

သို့သော် ဟန်မူယဲ့က ဝိညာဉ်ကို သန့်စင်ပေးနိုင်သော ရတနာတစ်ခုအဖြစ် အသုံးချသည်။

သူက မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

တောရိုင်းမြေတွင် အသားမဲ့ဝါးပင်က အလိုလျောက် ပေါ်မလာနိုင်ပေ။ တစ်ယောက်ယောက်က စိုက်ပျိုးခဲ့ခြင်းဖြစ်လိမ့်မည်။

ဟန်မူယဲ့က ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။

“ဘုန်း”

ဓားအလင်းသည် မိုင်တစ်ရာအထိ ပျံသန်းသွားပြီး အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးကို တိုက်ခိုက်လိုက်သည်။

ဟန်မူယဲ့က ဂရုမစိုက်သော အကြည့်နှင့် လေထုထဲတွင် လွင့်မျောနေသည်။

“မင်း .... မင်းက ရွှေအင်မော်တယ်ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ မင်းက အလောင်းတောင်မကျန်ပဲ သေရလိမ့်မယ်”

လူအိုကြီးက အံတင်းတင်းကြိတ်ထားပြီး ရက်စက်သောမျက်နှာထားဖြင့် ဟန်မူယဲ့၏ဓားကို ကြည့်နေသည်။

သူ၏ ကျင့်ကြံခြင်းက အားမနည်းသော်လည်း ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။

မိုင်တစ်ရာအကွာမှ ပြေးဝင်လာ‌သော ဓားချက်သည် သူ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့သည်။

“ရွှေအင်မော်တယ်တဲ့လား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“ကောင်းပြီလေ။ ငါက သူ့ကို စောင့်နေလိုက်မယ်”

ရွှေအင်မော်တယ်၏အထက်တွင် လောကကို လွှမ်းမိုးနိုင်သော အထွတ်အထိပ်ကောင်းကင်အဆင့် ကျင့်ကြံသူများ ရှိကြသည်။

အသားမဲ့ဝါးပင်ကို အားကောင်းသော ရွှေအင်မော်တယ်တစ်ဦးက ချန်ထားခဲ့သည်။

သူက ဤမြို့လေးတွင် ရွှေအင်မော်တယ်တစ်ပါးကို ရန်စမိခဲ့သည်။

ဟန်မူယဲ့၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

‘ရွှေအင်မော်တယ်ဆိုရင်ရော ဘာဖြစ်လဲ’

ဓားချက် ကျဆင်းလာသည်။ လူအိုကြီးက တစ်ကိုယ်လုံးတုန်ခါနေပြီး သွေးချီကုန်ဆုံးသွားခဲ့သည်။

ဟန်မူယဲ့က ကျူးလင်းမြို့သို့ ပြန်လာသောအခါတွင် ကျန်းကျန်ပေါင်နှင့် တခြားလူများက မြို့ထဲသို့ ဝင်ရောက်ပြီး အဓိကနေရာများကို ထိန်းချုပ်ထားကြသည်။

မြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိခဲ့သော ဝါးတောအုပ်က ဖျက်ဆီးခံလိုက်ရသည်။ ထိုနေရာတွင် အရိုးဖြူများဖြင့် ပြည့်နေပြီး မ‌ရေမတွက်နိုင်သော သက်ရှိများကို စားသုံးခဲ့ကြောင်း သိနိုင်သည်။

ထို့အပြင် ဟန်မူယဲ့၏ ဓားချက်သည် လုံလောက်သောခွန်အားကို ထုတ်ပြခဲ့သည်။

ယွင်လန်မြို့၏ ဓားအင်မော်တယ်ဖြစ်သော ပြိုင်ဘက်ကင်းဟန်ကို မည်သူက ရင်ဆိုင်ရဲမည်နည်း။

သုံးရက်အကြာတွင် ကျူးလင်းမြို့က နေရာရွှေ့ပြောင်းလိုက်သည်။

ဟန်မူယဲ့၏ ဦးဆောင်မှုအောက်တွင် မရေမတွက်နိုင်သော အရိုးများကို မီးရှို့ခဲ့ကြသည်။

တောရိုင်းမြေသည် စည်းမျဉ်းများမရှိသော နေရာတစ်ခု ဖြစ်သည်။ ထိုအရိုးများကို ချန်ထားခဲ့လျှင် အမှောင်ကျင့်ကြံသူများကို ဖိတ်ခေါ်မိလိမ့်မည်။

ကျူးလင်းမြို့က ယွင်လန်မြို့သို့ ရောက်လာသောကြောင့် ယွင်လန်မြို့က သိသိသာသာ တိုးတက်လာသည်။

ဟန်မူယဲ့က သုံးလအတွင်း၌ ငါးကြိမ်လှုပ်ရှားပြီး ပတ်ဝန်းကျင်တွင်ရှိသော မြို့ငါးမြို့ကို ယွင်လန်မြို့နှင့် ပူးပေါင်းစေခဲ့သည်။

ထို့ကြောင့် ယွင်လန်မြို့သည် ကျင့်ကြံသူတစ်သန်းခန့်ကို ထိန်းသိမ်းထားသော မိုင်ရာချီကျယ်ဝန်းသည့် မြို့ကြီးတစ်မြို့ ဖြစ်လာသည်။

ထိုသို့ ဖြစ်နေသော်လည်း လူအများစုက အကျိုးဆက်များကို ကြောက်ရွံ့နေသောကြောင့် ပြောင်းရွေ့လာရန် တုံ့ဆိုင်းနေကြဆဲ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် အနည်းဆုံး လူဦးရေနှစ်ဆခန့် တိုးလာလိမ့်မည်။

ယွင်လန်မြို့သည် ဖြည်းဖြည်းချင်း ပုံစံပေါ်လာသည်။

ယွင်လန်မြို့သည် မျှတသော အရောင်းအဝယ်ကို သေချာထိန်းသိမ်းထားပြီး စည်းကမ်းသတ်မှတ်ချက်များ သိပ်မရှိပေ။

မြို့နှင့် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင် တိုက်ပွဲများကို ခွင့်မပြုပေ။

မြို့၏ အဓိကဈေးကွက်ကို ကျောက်ချန်နှင့် တခြားလူများက သေချာစီမံထားကြသည်။

ကုန်သွယ်ရေးလမ်းကြောင်းများကို ဇောင်ပိုင်ချွမ်က ထိန်းချုပ်ပြီး အရင်းအမြစ်များကို စုဆောင်းနေသည်။

ကျန်းကျန်ပေါင်နှင့် ဓားဂိုဏ်း၏တပည့်များက မြို့၏လုံခြုံရေးကို တာဝန်ယူထားပြီး နေ့စဉ် ကင်းလှည့်နေကြသည်။

ဟန်မူယဲ့၏ လက်အောက်တွင်ရှိသော တုစန်ကျန်းတို့ အဆင့်နိမ့်ကျင့်ကြံသူများနှင့် ယွီယန်၏ အစိမ်းရောင်ဝံပုလွေများက ကျန်းကျန်ပေါင်တို့ကို ကူညီပေးနေကြသည်။

“သခင်လေးဟန်ရဲ့စွမ်းအားက မလုံလောက်သေးဘူး။ လူတွေက ယွင်လန်မြို့ကို ရောက်မလာဘဲ စောင့်ကြည့်နေကြတယ်”

ရှဲ့ချောင်ယန်၏စကားက ပြဿနာကို တိုက်ရိုက်ဖော်ပြလိုက်သည်။

အလားအလာနှင့် ခွန်အားကို မသိနိုင်သော လူစိမ်းဓားကျင့်ကြံသူတစ်ယောက်အပေါ်တွင် ကံကြမ္မာနှင့် ကြွယ်ဝမှုကို လောင်းကြေးထပ်လိုက်လျှင် အဆင်ပြေမည်မဟုတ်ပေ။

မြို့ထဲတွင်ရှိနေသော အင်မော်တယ်ကျင့်ကြံသူများကပင် ဟန်မူယဲ့ကို အပြည့်အဝ မှီခိုနေခြင်း မဟုတ်ပေ။ သူတို့က ရွေးချယ်မှုကို ချိန်ဆကြည့်နေရုံသာ ဖြစ်သည်။

အသစ်တည်ဆောက်ထားသော မြို့တွင် အခွင့်အရေးများ ရှိနေလိမ့်မည်။

“ငါသိတယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက ရှေ့တွင်ရှိသော အလင်းလွှာကို ကြည့်သည်။

“ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်”

“ပထမတစ်ခုက ခွန်အားကို ထုတ်ပြရမယ်။ ဒုတိယတစ်ခုက မြို့ကို အပြီးသတ် တည်ဆောက်ရမယ်”

“မိုင်တစ်သိန်းပတ်ဝန်းကျင်မှာ ယွင်လန်မြို့နဲ့ အရွယ်အစားတူတဲ့ မြို့ငါးမြို့ရှိတယ်။ အဲဒီမြို့တွေထဲမှာ ကွမ်ယွဲ့မြို့က ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတွေကို ပိုင်ဆိုင်ထားပြီး ခွန်အားကောင်းတယ်”

ဟန်မူယဲ့က ယွင်လန်မြို့နှင့် မိုင်ရှစ်သောင်းအကွာတွင်ရှိသော ကွမ်ယွဲ့မြို့ကို ညွှန်ပြသည်။ သူက တည်ငြိမ်စွာပြောသည်။

“ငါတို့က အဲဒီမြို့ကို ဝါးမြိုပစ်မယ်”

လူတိုင်းက ကြောင်အသွားသည်။ သူတို့က ဟန်မူယဲ့၏အသံကို ထပ်ကြားလိုက်ရသည်။

“မြို့သိမ်းတိုက်ပွဲစိန်ခေါ်မှု”

အသစ်တည်ဆောက်ထားသော ယွင်လန်မြို့၏သခင် ပြိုင်ဘက်ကင်းဓားအင်မော်တယ်ဟန်က ကွမ်ယွဲ့မြို့သခင်ကို စိန်ခေါ်ရန် စာတစ်စောင်ပို့လိုက်သည်။

မြို့၏ ထိန်းချုပ်မှုအပေါ်တွင် လောင်းကြေးထပ်မည်။

ထိုသတင်းကို ကုန်သည်အဖွဲ့များက သယ်ဆောင်သွားပြီး မိုင်တစ်သန်းအထိ ပျံ့နှံ့သွားသည်။

မြို့သိမ်းတိုက်ပွဲစိန်ခေါ်မှု၏ စည်းမျဉ်းများကို လွန်ခဲ့သော နှစ်သိန်းချီအကွာတွင် အဓိကအင်အားစုကြီးများက သတ်မှတ်ခဲ့ကြသည်။ မြို့သခင်တစ်ယောက်က တခြားမြို့သခင်တစ်ယောက်ကို စိန်ခေါ်နိုင်သည်။ ရှုံးနိမ့်သူက မြို့ကို လက်လွှတ်ရမည်။

ထိုတိုက်ပွဲမျိုးသည် ထိခိုက်မှုကို အဆုံးစွန်အထိ လျော့ချနိုင်သည်။

လွန်ခဲ့သော နှစ်တစ်သိန်းတွင် တောရိုင်းမြေ၌ မြို့သိမ်းတိုက်ပွဲစိန်ခေါ်မှုများ နှစ်တိုင်းရှိခဲ့သည်။

သို့သော် ယခုအချိန်တွင် ထိုစည်းမျဉ်းကို မည်သူမှ ဂရုမစိုက်တော့ပေ။

လွန်ခဲ့သော နှစ်ထောင်ချီအကြာတွင် ယွင်ထန့်တောရိုင်းမြေ၌ မြို့သိမ်းတိုက်ပွဲများ မဖြစ်ခဲ့ဖူးပေ။

“ပြိုင်ဘက်ကင်းဟန်က တောရိုင်းမြေရဲ့ ရှေးခေတ်စည်းမျဉ်းတွေနဲ့ ရင်းနှီးနေလိမ့်မယ်။ အဲဒါကြောင့် သူက မြို့ကို အရင်တည်‌ထောင်ပြီး နောက်ပိုင်းမှ စိန်ခေါ်စာပို့ခဲ့တယ်”

“သူက တကယ်ပဲ စွန့်ပစ်မြေမှာ ခြေကုပ်ယူချင်တာလား။ မြို့သိမ်းတိုက်ပွဲစိန်ခေါ်မှုကို စလိုက်ရင် သူက ရန်သူတစ်ယောက်တည်းကိုပဲ ရင်ဆိုင်ရမှာမဟုတ်ဘူး။ တခြားကျွမ်းကျင်သူတွေလည်း ရောက်လာကြလိမ့်မယ်”

လူအများက ဟန်မူယဲ့၏ ရည်ရွယ်ချက်ကို သိချင်နေကြသည်။

သူက စိန်ခေါ်ရဲလျှင် ကျွမ်းကျင်သူများနှင့်လည်း ရင်ဆိုင်ရဲရမည်။

အင်အားစုကြီးတစ်ခု၏ ထောက်ပံ့မှုမရှိဘဲ မြို့သိမ်းတိုက်ပွဲကို အလျင်စလို စတင်မည်ဆိုလျှင် အဆုံးသတ်မကောင်းနိုင်ပေ။

“သူ့နောက်မှာ အင်အားစုတစ်ခု ရှိနေတာလား။ ဓားကျင့်ကြံသူဆိုတော့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကပဲ ဖြစ်လိမ့်မယ်”

လူတစ်ယောက်က ဟန်မူယဲ့၏ နောက်ခံကို ခန့်မှန်းကြည့်နေသည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်နဲ့ တူပါတယ်။ ဒါပေမဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေကြားမှာ မျိုးရိုးနာမည်ဟန်ကို မကြားဖူးဘူး”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်ရွေးစင်များသည် ဤတောရိုင်းမြေတွင်လည်း ကျော်ကြားကြသည်။

ပြိုင်ဘက်ကင်းဟန်သည် ဓားဂိုဏ်း၏ သာမန်တပည့်တစ်ယောက် မဖြစ်နိုင်ပေ။

သူတို့က မည်သို့ပင် ခန့်မှန်းနေပါစေ ဟန်မူယဲ့က စမ်းသပ်မှုမပြီးဆုံးသေးသော လက်ရွေးစင်တပည့် အသစ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်ထားကြမည်မဟုတ်ပေ။

ယွင်လန်မြို့က မြို့သိမ်းတိုက်ပွဲစိန်ခေါ်မှုအတွက် စာပို့လိုက်သည်။

ကွမ်ယွဲ့မြို့က တုံ့ပြန်ခဲ့သည်။

တိုက်ခိုက်ကြမည်။

ဟန်မူယဲ့က ကွမ်ယွဲ့မြို့၏ တုံ့ပြန်မှုကို လက်ခံရသောအချိန်တွင် မြို့ထဲမှ ထွက်သွားခဲ့သည်။

ယွင်လန်မြို့တွင်ရှိသော ကျင့်ကြံသူများ၊ ပတ်ဝန်းကျင်တွင်ရှိသော မျိုးနွယ်စုများက ဟန်မူယဲ့ကို ကြည့်နေကြသည်။

“ဝီ”

ဟန်မူယဲ့က မြို့နှင့် ဆယ်မိုင်အကွာသို့ ရောက်လာသောအခါတွင် ကောင်းကင်ထက်မှ ကျဆင်းလာသော ဓားမော့တစ်လက်နှင့် ရင်ဆိုင်လိုက်ရသည်။

ဟန်မူယဲ့က ယွင်လန်မြို့မှ ထွက်သွားသောအချိန်တွင် မြို့သိမ်းတိုက်ပွဲစိန်ခေါ်မှု စတင်ခဲ့သည်။

သူက ကွမ်ယွဲ့မြို့သို့ အသက်ရှင်လျက် ရောက်သွားရန် လိုအပ်သည်။

ဓားမော့သည် ပေတစ်ထောင်ရှည်လျားသော ဓားမော့ချီကို ထုတ်လွှတ်နေပြီး မိုင်တစ်ရာအကွာမှ ပျံသန်းလာခဲ့သည်။ အေးစက်နေသော ဓားမော့အလင်းသည် ပတ်ဝန်းကျင်ကို အေးခဲသွားစေပြီး လေဟာနယ်ကို ထိုးဖောက်နိုင်ပုံရသည်။

All Chapters