အဆုံး အဖြတ် တိုက်ပွဲများ။
Vol. 23 Ch. 309
ချွင်းဝူက သူ့ ခေါင်းကို ငုံ့ကြည့် လိုက်ပြီး၊ အံသြ သွား၏။
သတိ မထား မိစဉ် မှာပင်၊ ကျောက်စိမ်း ပြားး၌ ကြယ်ပွင့် တစ်ရာ တိုးသွား ခဲ့လေပြီ။
ရုတ်တရက် သည်ဖြစ်ရပ် ကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား ကုန်ကြသည်။
ချူဟောင်းယူ၊ ယီရှုနှင့် ဂျင်းဖိန် ပင်လျှင်၊ မျက်နှာများ ပြောင်းလဲ သွား၏။
မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင်၊ နောက်ဆုံး ရပ်တည် နိုင်သော သူဖြင့်၊ ပြီးဆုံးမည် ဖြစ်ပြီး၊ ဤနေရာတွင် ကြာကြာ နေနိုင် ပါက၊ ကျောက်စိမ်း ပြားတွင် ကြယ်များ တိုးများ လာမည် ဖြစ်သည်။
ထို့နောက် တပည့်များအား ၎င်းတို့၏ ကြယ်များကို အခြေခံ၍ အဆင့် သတ်မှတ် ပေးမည်ဟု ဆို၏။
ထိုသို့ ဆိုပါလျှင်၊ ချွင်ဝူ၏ ကျောက်စိမ်းပြားထဲသို့၊ ကြယ်တစ်ရာ ရုတ်တရက် ရောက်ရှိ သွားရသော အကြောင်း အရင်းမှာ ...။
'' မီး သ လင်း ကျောက်။ ''
လင်းယွန်၏ စိတ်များ လှုပ်ရှား လာသည်။ မီးသလင်း ကျောက်များ အကြောင်း၊ ဘိုင်တင်း ပြောခဲ့ သမျှကို ပြန် သတိရ မိ၏။
ထိုအချိန်က ၎င်းကို သတိ မထား မိသည့် အတွက်၊ အနည်းငယ် ရယ်စရာ ကောင်းနေ ခဲ့သည်။
ဓားရိုးများ ပေါ်တွင် ရပ်နေ ရုံဖြင့်၊ ကြယ်ပွင့်များ တိုးလာ နိုင်မည်ဟု၊ မိုက်မဲစွာ ယူဆ ထားမိသည်။ အမှန်မှာ မီးသလင်း ကျောက်ကို ရရှိ ခြင်း ဖြင့်သာ၊ ကြယ်များ ရရှိ နိုင်မည်။
ချွင်းဝူသည် သူ၏ ကြယ်ပွင့် များကြောင့်၊ အတွင်း တပည့် ဖြစ်လာရန် အရည် အချင်း ပြည့်မီ သွားခဲ့သည်။ နောက်တဖန် သူသည် အတွင်း တပည့် ဖြစ်နေ ပြီးသား ပေပင်။
ထို့ကြောင့် ထိပ်တန်း တစ်ရာတွင် ရပ်တည် နိုင်ခြင်းမှာ၊ သူ့ အတွက် လုံးဝ စိတ်လှုပ်ရှား စရာ မရှိချေ။
အကယ်၍ ထိပ်တန်း ဆယ်ယောက် အတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိပါက၊ သလင်းကျောက်ကို သန့်စင်ပြီး သည်နှင့်၊ ထွက်ခွာ သွားရမည် ဖြစ်သည်။
( အဲဒီ လူအိုကြီး တွေက ကောင်းကောင်း လှည့်စား ခဲ့တာပဲ။ )
အချင်းချင်း တိုက်ခိုက်မှု များကြောင့်၊ မီးပင်လယ်များ အတွင်း၊ သေဆုံး သွားကုန်သော တပည့်များကို ကြည့်ကာ၊ လင်းယွန်က သက်ပြင်း ချလိုက် မိသည်။
သူတို့သည် မီးသလင်း ကျောက်ကို ရယူခြင်းဖြင့်၊ အတွင်း တပည့်များ ဖြစ်လာ နိုင်သည်ကို သိရှိ ရပါက၊ နောင်တ ရ၍ ထပ်မံ သေဆုံး ကြပေမည်။
“ဒါဆို စမ်းကြည့် ရအောင်။ ”
မျက်လုံးများကို မှိတ်လျက်၊ သူ ယခင်က ရရှိ ခဲ့သော၊ မီးသလင်း ကျောက်ကို ထုတ်ယူ လိုက်၏။
ပြင်းထန်သော စွမ်းအင်များ တဟုန်ထိုး လျှံထွက် လာကာ၊ သူ့ ခန္ဓာကိုယ် ထဲသို့၊ စီးဝင် ဖုံးလွှမ်း သွားသည်။
" ဘယ်လောက်တောင် သန့်စင် လိုက်တဲ့ စွမ်းအင်လဲ။ "
လင်းယွန်က အံ့သြ သွား၏။ မီးသလင်း ကျောက် အတွင်းရှိ စွမ်းအင် များမှာ၊ သူ့စိတ်ကူး များထက်၊ ကျော်လွန် နေခဲ့ ပေပြီ။
နောက်တစက္ကန့်တွင်၊ 'ခရမ်း သလင်းရောင် ပန်း' ပွင့်လာပြီး၊ စွမ်းအင် များကို မျိုချ လိုက်သည်။
ပွင့်ချပ်များ အတွင်း မီးတောက်များ စတင် လောင်ကျွမ်း လာပြီး၊ ပန်း အတွင်း၌ တစ်စုံ တစ်ရာ ပေါက်ကွဲသွား သကဲ့သို့၊ ခံစား လိုက်ရသည်။
အလားတူ အတွေ့ အကြုံ မျိုးကို 'ဓားတိမ်ယံ အမြုတေ' သန့်စင် ရာ၌၊ ရရှိ ခဲ့ဖူး သောကြောင့်၊ အံ့ဩခြင်း မရှိပေ။
ခရမ်း သလင်းရောင် ပန်းသည် ထိုရတနာများ၏၊ အရသာ အပေါ် ခံနိုင်ရည် မရှိကြောင်း၊ သူ သိသည်။
သို့သော် မီးသလင်း ကျောက်နှင့်၊ သားရဲ အမြုတေ ကြားတွင် ခြားနားချက် အချို့ ရှိနေ ခဲ့သည်။
"အစ်ကိုကြီး၊ ကြယ်တွေ အများကြီးပဲ။ "
လီဝူယုက တရိပ်ရိပ် တိုးလာသော ကြယ်ပွင့် များကို ကြည့်ကာ၊ အော်ဟစ် လိုက်၏။
" ကိုးဆယ့်ရှစ်၊ ကိုးဆယ့်ကိုး၊ တစ်ရာ။ ဒီကြယ် တစ်ရာနဲ့ ဆိုရင်၊ ထိပ်တန်း တစ်ရာအတွင်း ရှိနေဖို့ လုံလောက် နေပြီ။ ”
လင်းကျူရှန်က အလင်းရောင်များ ဖြာထွက် နေသော မျက်ဝန်း များဖြင့်၊ ဆိုလိုက်သည်။
မီးပင်လယ်က လူတိုင်းကို ခက်ခဲသော၊ အနေ အထားတွင် ထားရှိ ခဲ့ပြီး၊ အချင်းချင်း ခိုးဝင်တိုက်ခိုက်မှု များမှ ကာကွယ်ရန် သာမက၊ မီးလူသား များကိုလည်း သတိထား ရမည် ဖြစ်သည်။
အတွင်း တပည့် ဖြစ်ခွင့်ကို စွန့်လွှတ်ရန်၊ တပည့် တိုင်းက တွန့်ဆုတ်နေ ကြသည် ။ သို့သော် မီးသလင်းကျောက် များကို ရယူ ခြင်းဖြင့်၊ ထိုအခွင့် အရေးကို ရရှိမည် ဖြစ်ကြောင်း၊ သိလိုက် ရသည်နှင့်၊ ရုတ်တရက် မျှော်လင့်ချက် ရှိလာခဲ့သည်။
“သတ် .....”
လွန်ခဲ့သော အချိန်၌၊ မီးလူသား များနှင့် ဝေးရာသို့၊ လူတိုင်း ထွက်ပြေး နေသော အခြေ အနေ မှသည်၊ မီးလူသား များကို ပြန်လည် အမဲလိုက်သော အနေ အထားသို့၊ ရုတ်ချည်းကျရောက် သွားတော့သည်။
မည်သူမျှ နောက်ဆုတ်ရန်၊ ဆန္ဒ ရှိပုံ မရ သောကြောင့်၊ ဓား သင်္ချိုင်း ဂူအတွင်း၊ မီးလူသား များနှင့် တပည့် များကြား၊ တိုက်ပွဲများ စတင်လာ ကြတော့သည်။
မီးလူသား များကို ရင်ဆိုင်ရန် ခက်ခဲကြောင်း၊ လူတိုင်းက အချင်းချင်း အော်ဟစ်လျက်၊ အဆက် မပြတ် သတိပေး နေကြသည်။
လင်းကျူရှန် နှင့် သူမ၏ အဖွဲ့ သည်လည်း၊ တိုက်ပွဲ အတွင်း ပြေးဝင်ရန်၊ လှုပ်ရှား တော့မည့် အချိန်တွင်၊ လင်းယွန်က ဟန့်တား လိုက်၏။
" နေ ဦး။ "
" ဘာလို့လဲ မီးလူသား အကောင် ရေက အကန့် အသတ် ရှိတယ် မဟုတ်လား၊ ခုချိန် မသွားရင် ... ။ ''
ချန်လင်းနှင့် ဂူဘီရွှမ်က နားမလည် ဟန်ဖြင့်၊ ဟန့်တား လာသော လင်းယွန်ကို မော့ကြည့် လိုက်၏။
'' ......... ''
လင်းယွန်က ပြန်မဖြေ ခဲ့ဘဲ၊ ချူဟောင်းယူနှင့် အတွင်း တပည့်များ ထံသို့၊ မေးငေါ့ ပြလိုက်သည်။
ချူဟောင်းယူ၊ ဂျင်းဖိန်၊ ယီရှု၊ ချွင်းဝူနှင့် အတွင်း တပည့် များက၊ ပြေးဝင် တိုက်ခိုက်ခြင်း မရှိ ခဲ့ဘဲ၊ မျက်လုံးများ မှေးစင်းလျက်၊ တိုက်ပွဲ များကို စိုက်ကြည့် နေခဲ့သည်။
" ငါတို့ ရပြီ။ "
မဟာမိတ် အဖွဲ့ငယ် တစ်ဖွဲ့က မီးလူသားကို သတ်ပစ် ပြီးနောက်၊ မီးသလင်း ကျောက်အား၊ ပြုံးရွှင်စွာ လှမ်းယူ လိုက်၏။
သူ့ မျက်နှာတွင် ရွှင်မြူးရိပ်များ သန်းလာပြီး၊ မီးပင်လယ် အတွင်းမှ ဆုတ်ခွာ တော့မည့် အချိန် မှာပင်၊ စွမ်းအင် လှိုင်းများ ထွက်ပေါ် လာကာ၊ မီးသလင်း ကျောက်အား လုယူ ခံလိုက် ရတော့သည်။
" ဟီး ဟီး .... အချိန် တန်ပြီ။ "
လုယူသွားသော အတွင်းတပည့် များက ပြုံးပြ လာ၏။ သူတို့က ပြင်ပ တပည့် အများ စုထက်၊ သာ၍ သန်မာ ကြလေသည်။
" သေ စမ်း၊ ဒီကောင်တွေ.... ”
ဂူဘီရွှမ်က ထိုမြင်ကွင်းကို မြင်လိုက် ရသော အခါတွင်၊ ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ လိုက်မိ ပေသည်။
ပြင်ပတပည့် များနှင့် ယှဉ်လျှင်၊ အတွင်း တပည့် များမှာ၊ သဘာဝ အတိုင်း ပိုမို စည်းလုံး ပေ၏။
မီး သလင်းကျောက် များ၏ တန်ဖိုးကို သိမြင်ပြီး သော်လည်း၊ အတွင်း တပည့် များက သူတို့၏ ဆန္ဒ များအား၊ ထိန်းသိမ်း နိုင်ခဲ့သည်။
ဤသည်မှာ အဆုံး အဖြတ် တိုက်ပွဲ ဖြစ်ပြီး၊ မည်သည့် အားနည်းချက် မျိုးကို မဆို၊ မပြ သရန် ကြိုးစား ရပေမည်။
အတွင်း တပည့်များ တိုက်ပွဲ အတွင်း ဝင်ရောက် သွားပြီး နောက်တွင်၊ လင်းယွန်က၊
'' ရပြီ ...၊ ဒါပေမယ့် သတိ ထားပါ၊ မင်းတို့ရဲ့ ခွန်အားနဲ့ မီးသလင်းကျောက် အနည်းငယ် ရဖို့ မလွယ်ဘူး၊ လီဝူယူကို မင်းတို့နဲ့ အတူ ခေါ်သွား ... ။ "
" ဟဲဟဲ သေချာတယ်။ "
" သတိ ပေးတဲ့ အတွက်၊ ကျေးဇူးတင် ပါတယ်၊ ဂျူနီယာ မောင်လေးလင်း။ "
လင်းကျူရှန်က ကျေးဇူးတင် စကားဆို လိုက်ပြီး၊ တိုက်ပွဲထဲ ချက်ချင်း မဝင် သေးဘဲ၊ အခွင့် အရေးကို စောင့်ကြည့် နေလိုက်သည်။
မီတာတစ်ရာ အကွာ၌ ရုတ်တရက် မီးလူသား တစ်ယောက် ထွက်ပေါ် လာသည်ကို၊ တွေ့မြင် လိုက်ရ သောကြောင့်၊ လင်းယွန် ၏ မျက်လုံးများ မှေးစင်း သွားသည်။
မီးသလင်း ကျောက်မှ ရရှိ နိုင်သော၊ ကြယ်ပွင့် အရေ အတွက် များမှာ၊ လင်းယွန်ကို ဆွဲဆောင် နိုင်သည့်၊ တစ်ခု တည်းသော အရာ မဟုတ်ပေ၊ အတွင်း၌ ပါရှိသော သိပ်သည်းသော၊ စွမ်းအင် များသည်သာ၊ အစစ်အမှန် လောဘ ဖြစ်စေသည်။
“ အချိန် ကြပြီ။ ”
မူလ စွမ်းအင်များ ခန္ဓာကိုယ် အတွင်း၊ ဖြန့်ကျက် လိုက်ပြီးနောက်၊ လင်းယွန်က ပြေးထွက် သွားလိုက်သည်။
သူတော်စင် ဂီတ သံစဉ်များ နှင့်အတူ၊ နောက်ဆက်တွဲ ပုံရိပ်များ ချန်ထား ခဲ့ကာ၊ မီးလူသား ထံ၊ တိုးဝင် ရိုက်ချ လိုက်၏။
ဒရာကိုဖီ ခန္ဓာကိုယ်ကြောင့် သူ့တွင်၊ မီးလူသား များကို ကြောက်စရာ နည်းလမ်း မရှိ ခဲ့ပေ။
ဆယ်ကြိမ်ခန့် လှုပ်ရှား လိုက် ပြီးနောက်၊ မီးလူသားမှာ ပျောက်ကွယ် သွား၏။
သို့သော် မီးသလင်း ကျောက်ကို ဖမ်းယူ ခါနီးတွင် လျှပ်စီးလက် သကဲ့သို့ ၊ လူရိပ် တစ်ရိပ် ပြေးဝင် လာလေသည်။ ၎င်းသည် သေမျိုး အဆင့်၊ ပဉ္စမ၌ ရှိသော ယန်ရှီဂေါင် ဖြစ်၏။
လင်းယွန်က အံသြ သွားခြင်း မရှိ ခဲ့ဘဲ၊ 'ထာဝရ နတ်ဘုရား တံဆိပ်'ကို ဖန်တီးကာ၊ ကျား- နဂါး လက်သီးဖြင့်၊ ယန်ရှီဂေါင်ကို ဟန့်တား လိုက်သည်။
ဒရာကိုဖီ ခန္ဓာကိုယ် ကို ထုတ်ဖော်လျက်၊ မူလ စွမ်းအင်များ ပံ့ပိုး ထားသော 'ထာဝရ နတ်ဘုရား တံဆိပ်' သည်၊ ကြောက်စရာကောင်းသော စွမ်းအား မျိုးဖြင့်၊ ယန်ရှီဂေါင်ထံ တိုးဝင် သွား၏။
ထို လက်သီးတွင်၊ သာမန် ပဉ္စမ အဆင့် တပည့် တစ်ဦးကို၊ အလွယ် တကူ သတ်နိုင်သော ခွန်အား မျိုးပါ ရှိလေသည်။
သို့သော် ယန်ရှီဂေါင်က ထိုလက်သီးကို ရှောင်တိမ်း မည့်ဟန် မပြသ သောကြောင့်၊ အံ့သြ သွားသည်။
ဆန့်ကျင်ဘက် အနေနှင့် ယန်ရှီဂေါင်က သူ့ဓားကို ဆွဲထုတ် လိုက်ပြီး၊ လင်းယွန်၏ လက်သီးဖြင့်၊ ထိပ်တိုက် ရင်ဆိုင်ရန်၊ ရွေးချယ် လိုက်၏။
လက်သီးနှင့် ဓားတို့ တွေ့ဆုံ သွားပြီးနောက်၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါ သွားသည်။
တိုက်ပွဲမှ ပြင်းထန်သော တုန့်ပြန် မှုကြောင့်၊ နှစ်ဦးသား ဓားရိုး များကို နင်းလျက်၊ ခြေတစ်လှမ်း ပြန်ဆုတ် လိုက်ရသည်။
လင်းယွန်က အံ့သြ သွား၏။ ဓားသင်္ချိုင်း ဂူအတွင်း၊ တိုက်ခိုက် ပွဲများ စတင် လိုက် သည်နှင့်၊ ကျားနဂါး လက်သီးဖြင့်၊ ထိပ်တိုက် တွေ့ဆုံ နိုင်သူ၊ အများ အပြား မရှိ ခဲ့ချေ။
ယန်ရှီဂေါင်က သူ့ဓားကို ဆုပ်ကိုင် လိုက်ပြီး၊
" လင်းယွန်၊ ငါက ဓားဧကရာဇ် ဆေးပင်ကို သန့်စင် နိုင်လိမ့် မယ်လို့၊ မင်း မမျှော်လင့် ထားဖူး မဟုတ်လား .... ငါ ရခဲ့တဲ့ အကျိုး အမြတ် တွေက၊ မင်းစိတ်ကူး ယဉ်နိုင်တဲ့၊ အရာ မဟုတ်ဘူး၊ မီးသလင်း ကျောက်ကို မယူခင်၊ မင်းကို အရင် အနိုင်ယူ ပြမယ်။ "
ဤဖလှယ်မှု ပြီးနောက်၊ ယန်ရှီဂေါင်၏ ယုံကြည် ချက်မှာ၊ ပို၍ တိုးလာ ခဲ့၏။
သူက စကားဆုံး သည်နှင့်၊ မိုးကုတ် စက်ဝိုင်းထံ ဓားဖြင့်၊ ချိန်ရွယ် လျက်၊ ကောင်းကင်သို့ ခုန်တက် လိုက်၏။
ထို့နောက်တွင် ယန်ရှီဂေါင် လေးယောက်က လေးနေရာ ခွဲလျက်၊ နေရာယူ လိုက်လေသည်။
'' ငါ့ ဓားကို ယူ ... ။ ''
နေရာ အနှံ့မှ အေးစက်သော အသံကြီး ထွက်ပေါ် လာပြီး၊ ယန်ရှီဂေါင် လေးယောက်က သူတို့၏ ဓားများကို မြောက်ကာ၊ လင်းယွန် ဆီသို့ ဓားမီးတောက် များ၊ ပစ်လွှတ် လိုက်ကြသည်။
“ 'လမ်းပြသော နှင်းများ' ၊ အိုး အထင်ကြီး စရာ ပါလား၊ မင်းမှာ မာန ကြီးဖို့ တကယ် အရည် အချင်း ရှိတာပဲ၊ ဒါပေမယ့် မင်းက ငါ့မျက်လုံး ထဲမှာတော့ ဘာမှ မဟုတ် သေးပါဘူး။ "
လင်းယွန်က ပြုံးပြီး တံဆိပ်များ ဖွဲ့စည်း လိုက်သည်။
ယန်ရှီဂေါင်၏ ဓားမီးတောက် များမှ အသွင်ပြောင်း လာသော 'မီးနှင်း' များဖြင့်၊ မထိ တွေ့မီ၊ သူ့ လက်သီး တစ်ဖက် တစ်ချက် စီ၌၊ နဂါးနှင့် ကျား ပုံရိပ်များ ထွက်ပေါ် လာ၏။
'' ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား။ ''
'' ဘန်း....... ။ ''
'' အွတ် ....... ''
ပေါက်ကွဲ သံများ နှင့်အတူ၊ အနက်ရောင် အခိုး အငွေ့များ ပျောက်ကွယ်သွား ပြီးနောက်၊ ယန်ရှီဂေါင် သုံးယောက်မှာ လွင့်ပါးသွားသည်။
ကျန်ရှိ နေခဲ့သော ပုံရိပ်မှာ၊ နံရိုးများ အက်ကွဲ သွားလျက်၊ သွေးများ စီးကျလာ ခဲ့၏။
ထို ယန်ရှီဂေါင်မှာ မယုံကြည် နိုင်စွာဖြင့်၊ သူ့ ရင်ဘတ်ကို အုပ်ကိုင်လျက်၊ လင်းယွန်အား လက်ညှိုး ထိုးလိုက်ပြီး၊
" မင်းရဲ့ မူလ စွမ်းအင်က …"
လင်းယွန်က သူ့ စကားကို ပြီးအောင် ပြောခွင့် မပြု တော့ဘဲ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ၏၊ 'ပုံရိပ်ယောင် ခြေလှမ်း' ကို၊ ထုတ်ဖော်ကာ ကောင်းကင်သို့ လှမ်းတက် လိုက်သည်။
သူ့ လက်သီး များက ယန်ရှီဂေါင်ကို၊ အညှာ အတာ ကင်းမဲ့စွာ ထိမှန် သွား ပြီးနောက်၊ လေထဲ မျောနေသော မီးသလင်း ကျောက်အား၊ ဖမ်းဆုပ်လျက် ပြန်ဆင်း လာခဲ့ လေသည်။
ထို့နောက် ပြုံးလျက် ယန်ရှီဂေါင်ကို ကြည့် လိုက်ပြီး၊
" အခု မင်း နိုင်လား၊ ငါ နိုင်လား။ ''
ဟု မေးမြန်း လိုက်၏။
" ......… "
ယန်ရှီဂေါင်၏ မျက်နှာမှာ ဖြူဖျော့ သွား၏။ အဆိုပါ လက်သီး ချက်ကြောင့်၊ ထိပ်တန်း ဆယ်ယောက်သို့၊ ဝင်ရောက်ရန် ရည်မှန်းချက်မှာ၊ ပျက်ပြား သွားခဲ့ လေပြီ။
တစ်ချိန်တည်းမှာပင်၊ ချူဟောင်းယူနှင့် အခြားသော သူများ သည်လည်း၊ ၎င်းတို့၏ လှုပ်ရှားမှု များကို ပြုလုပ် လာခဲ့ပြီး၊ အဆုံး အဖြတ် တိုက်ပွဲအား၊ ပို၍ ရှုပ်ထွေး လာစေ တော့သည်။
ဒုတိယ အကျော့တွင် တပည့်ပေါင်း၊ နှစ်ထောင်ကျော် ပါဝင် ယှဉ်ပြိုင် ခဲ့သော်လည်း၊ တစ်ရာ ခန့်သာ ကျန်ရှိ ပေတော့၏။
ဤမြင်ကွင်းသည် စောင့်ကြည့်ရေး စင်မြင့်ပေါ်ရှိ၊ အကြီးအကဲ များနှင့်၊ တပည့် များအား ထိတ်လန့် စေရန်၊ လုံလောက် ခဲ့လေသည်။
***