← Chapters

ပထမဆုံး တိုက်ပွဲ။

Vol. 23 Ch. 310

ပထမဆုံး တိုက်ပွဲ။

Vol. 23 Ch. 310

ဒုတိယ အကျော့တွင် တပည့်ပေါင်း၊ နှစ်ထောင်ကျော် ပါဝင် ယှဉ်ပြိုင် ခဲ့သော်လည်း၊ တစ်ရာ ခန့်သာ ကျန်ရှိ ပေတော့၏။

ထိုရလာဒ်ကြောင့် စောင့်ကြည့်ရေး စင်မြင့်ပေါ်ရှိ၊ အကြီးအကဲ များနှင့်၊ တပည့် များအား ထိတ်လန့် သွားစေ ခဲ့သည်။

ဓားငှက် နှစ်ကောင်သည် ဓားမြှုပ်နှံ ထားသောတောင်ကုန်း အထက် ကောင်းကင် ယံတွင် ငြိမ်သက်စွာ ရပ်တန့် နေ၏။

အထက် ကောင်းကင်တွင် လျှပ်စီး မိုးကြိုးများ လင်းလက် လာသည် ကြောင့်၊ ဓားငှက် ပေါ်ရှိ ဘိုင်တင်းနှင့် လျိုဖန်းက မော့ကြည့်လိုက် ကြသည်။

ဓားသင်္ချိုင်း ဂူတွင် ယခု အချိန်၌ တပည့် အနည်းငယ်သာ ကျန်ရှိ တော့သည် ဖြစ်ရာ၊ မြင်ကွင်း တစ်ခုလုံး ရှင်းလင်း နေပေသည်။

မီးသလင်း ကျောက်၏ အသုံးဝင် မှုကို သိရှိသွားပြီး နောက်တွင်၊ ဒုတိယ အကျော့ တိုက်ပွဲများမှာ ပို၍ ရက်စက် လာ၏။

စက္ကန့်တိုင်းတွင် မီးလူသား များနှင့်၊ အားနည်းသော တပည့် များမှာ၊ ဖယ်ထုတ်ခြင်း ခံနေ ခဲ့ ရသည်။

မီးဝိညာဉ် လူသားကို သတ်ပြီး သည်နှင့်၊ တတ်နိုင် သမျှ အမြန်ဆုံး ပြန်ပြေးရန် ကြိုးစား ကြသည်။

ဓားသင်္ချိုင်း ဂူတွင်၊ ကျန်ရစ် ခဲ့သော တပည့် ဆယ်ဂဏန်း ခန့်မှာ၊ မျှော်လင့်ချက် များဖြင့် ပြည့်နှက် နေသည်။

မီးဝိညာဉ် လူသား များကို အမဲလိုက် ခြင်းဖြင့်၊ ၎င်းတို့၏ ကြယ်ပွင့် များကို တိုးမြှင့် နိုင်ကြ ပေမည်။ ဓားရိုးများ ပေါ်၌ အချိန် ကြာမြင့်စွာ ရပ်တန့်၊ ထိတ်လန့် နေစရာ မလို တော့ချေ။

ထို့ပြင် ဤလူ အနည်းစုသည် မီးဝိညာဉ် လူသား များကို၊ သူတို့ ကိုယ်တိုင် ဖယ်ရှား နိုင်သော၊ အထက်တန်း စားများ၊ ဖြစ်ကြ လေသည်။

ချူဟောင်းယူက 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' ဖြင့်၊ မုန်တိုင်း ဗဟို ချက်တွင် ရှိနေ သည်။

သူ၏ ဓား နည်းစနစ်မှာ ကြီးစိုးလွန်း လှသည် ဖြစ်ရာ၊ ဆယ်ကြိမ် အတွင်း မီးဝိညာဉ်ကို၊ သတ်ဖြတ် နိုင်၏။

ဓားချက် များမှာ အလွန် ကြောက်စရာ ကောင်းလွန်း သဖြင့်၊ မုန်တိုင်း ထဲသို့ ဆွဲငင် ခံရ မည်ကို၊ ကြောက်ရွံ့ ကြသော ကြောင့်၊ မည်သူမျှ သူ့အနီး ချဉ်းကပ်ရန်၊ သတ္တိ မရှိ ကြပေ။

ယီရှုနှင့် ဂျင်းဖိန် တို့နှစ်ယောက် ပူးပေါင်း ထားသော အမဲလိုက် ပွဲမှာ၊ ပို၍ စိတ်ဝင် စားဖွယ် ကောင်း ပေသည်။

သိပ်သည်းသော စွမ်းအင်နှင့်၊ မာကျောသော ခန္ဓာကိုယ်ကို ပေါင်းစပ် လိုက်ပြီးနောက်၊ ချူဟောင်းယူ ထက်ပင်၊ မီးဝိညာဉ် လူသား များကို၊ ပိုမို သတ်ဖြတ် နိုင်ခဲ့ ကြသည်။

တစ်ဖက်တွင်၊ ချွင်းဝူသည် မီးဝိညာဉ် လူသား များကို လိုက်လံ သတ်ဖြတ်ရန် 'တိမ်မီးတောက်' နည်းစနစ်ကို အားကိုး နေခဲ့သည်။

မီး သလင်းကျောက် များကို သန့်စင်ထား သောကြောင့်၊ သူ၏ မူလ စွမ်းအင် သိပ်သည်းဆ သည်လည်း၊ အဆက် မပြတ် တိုးတက် နေသည်။

မီး သလင်းကျောက် များကို သန့်စင် ရာတွင်၊ အခြားသူ များနှင့် နှိုင်းယှဉ် ပါက၊ ချွင်းဝူမှာ အကျိုး အမြတ်များ ပို ရရှိ ခဲ့သည်။

'တိမ်မီးတောက်' နည်းစနစ်မှာ၊ မီးစွမ်းအင် များနှင့်၊ များစွာ လိုက်ဖက် ပေ၏။

မီးသလင်း ကျောက် တစ်ခုကို၊ နောက်ထပ် သန့်စင် နိုင်ရုံဖြင့်၊ ဆဋ္ဌမ အဆင့် ထိတိုင်၊ အောင်မြင်မှု ပြုလုပ် နိုင်တော့မည် ဖြစ်ကြောင်း၊ သူ သိထားသည်။

သူ၏ တောက်ပမှုသည် လင်းယွန်ထက် နိမ့်ကျမည် မဟုတ်ပေ။ သူ့ နောက် လိုက်လာသူ တိုင်းကို၊ ရက်စက်စွာ သုတ်သင်ခြင်း ခံရ ပေလိမ့်မည်။

ဤသို့သော ခွန်အား မျိုးဖြင့်၊ အကြိမ် အနည်းငယ် တိုက်ခိုက် ပြီးနောက်၊ သူ့အနား မကပ်ရဲ ကြတော့ပေ။

'' ကျွတ် .... ကျွတ် ...သနား စရာ ပါလား၊ နောက်ဆုံးတော့ ပြီးသွားပြီ၊ လူအိုကြီးလျို အခု မင်း တည်ငြိမ် နိုင်သေးလား။ ”

ဟု ဘိုင်တင်က အေးစက်စွာ ဆိုသည်။

" မင်း ဘာကို ဆိုလိုချင် တာလဲ"

လျိုဖန်းက ပြန်မေး လိုက်၏။

" ချူဟောင်းယူ၊ ချွင်းဝူ၊ ဂျင်းဖိန်နဲ့ ယီရှု တို့က၊ အလွယ် တကူ အနိုင် ယူလို့ ရတဲ့သူ လို့ ...၊ မင်း မပြော နိုင်တော့ဖူး မဟုတ်လား၊ အခု သူတို့ လင်းယွန်ကို မတိုက်ခိုက် ရတဲ့ အကြောင်း အရင်းက၊ သန်မာ လွန်းနေလို့ မဟုတ်ဘူး။ "

ဘိုင်တင်းက ပြုံးကာ ဆိုလာသည်။

မြေပြင်ရှိ အခြေ အနေကို ဝေ့ကြည့် လိုက်ပြီးနောက်၊ လျိုဖန်း၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်း သွားသည်။

ယခု အချိန်တွင် အားနည်းချက်ကို ထုတ်ဖော် မိမည် ဆိုပါက၊ လူတိုင်းက မဆိုင်း မတွပင်၊ ကျိုင်းကောင် များ ကဲ့သို့၊ ဝိုင်းအုံ တိုက်ခိုက် လာကြ ပေမည်။

တိုက်ပွဲ အတွင်းတွင် မီးပင်လယ် ထဲသို့၊ အဆက် မပြတ် ကျဆင်း နေသော တပည့် များကို မြင်တွေ့ နိုင်သည်။ ခြေလှမ်း တိုင်း၌၊ ဝှက်ဖဲ များကို မထုတ်ဖော် မိစေရန် သတိထား ရမည် ဖြစ်သည်။

လင်းယွန်က သူ၏ ရန်သူ များကို နှိမ်နင်းရန်၊ ကျား-နဂါး လက်သီး ကိုသာ၊ အသုံးပြု ခဲ့သော်လည်း၊ လက်တွေ့ တွင်မူ၊ ထုတ်ဖော် ပြသမှု၊ အလွန် များပြား ခဲ့သည်။

အကယ်၍ ချက်ချင်း အနိုင် မယူ နိုင်သော၊ ပြိုင်ဘက် မျိုးနှင့် တွေ့ကြုံ ရပါက၊ ကျားနဂါး လက်သီး၏ အားနည်းချက် များကို၊ ဖော်ထုတ် ခံရ နိုင်မည် ဖြစ်သည်။

လင်းယွန်ကို မည်သူမျှ မထိ သေးသည့် အကြောင်း ရင်းမှာ၊ ဝှက်ဖဲ များအား ရှင်းလင်းစွာ မြင်နေရ ခြင်းကြောင့်၊ ပေပင်။

ထို့ကြောင့် သူတို့ လှုပ်ရှား ရမည် ဆိုပါလျှင်၊ လင်းယွန်အား အသက်ရှုရန်၊ အခွင့် အရေး မပေးဘဲ၊ ပြင်းထန်စွာ ရိုက်ကြ ပေလိမ့်မည်။

ပျက်ယွင်း နေသော လျိုဖန်း၏ မျက်နှာကို ကြည့်ပြီး၊ ဘိုင်တင်းက ရယ်လိုက်၏။ ထို့နောက် သူကပင်၊

" ချူဟောင်းယူတို့ လေးယောက်က၊ ခြံထဲက ကြက် တစ်ကောင်လို၊ ရိုက် မသတ်ခင် ကြီးထွားခွင့် ပေးထား ခဲ့တာပဲ၊ ဟား ဟား ဟား။ ''

" မင်းက အနာဂတ်ကို ခန့်မှန်းနိုင် သလို ... ပြောနေ ပါလား။ "

“ အို့အိုး ... ငါတို့ရဲ့ ခွန်အားက၊ တူညီတဲ့ အဆင့်မှာ ပဲလေ၊ လင်းယွန်ရဲ့ အားနည်း ချက်ကို မင်း မမြင် နိုင်ဖူး ဆိုတာတော့ ငါ မယုံဘူး၊ သူက ဂိုဏ်းထဲကို ရောက်တာမှ ခြောက်လပဲ ရှိဦးမယ်၊ ဒါကြောင့် သူရဲ့ ဝှက်ဖဲ တွေက၊ တခြား သူတွေကို ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ချူဟောင်းယူ မပြောနဲ့၊ ချွင်းဝူ ကိုတောင် ရင်ဆိုင် နိုင်မယ် မထင်ဘူး။ ”

သရော်ရိပ်များ ပါဝင် နေသော အပြုံးဖြင့်၊သုံးသပ် ပြလာ ခဲ့သည်။

လျိုဖန်၏ မျက်နှာမှာ အမှန်ပင် မည်းမှောင် သွား၏။ ဂိုဏ်းထဲသို့ ရောက်ရှိချိန် တိုတောင်း လွန်း သောကြောင့်၊ ဝှက်ဖဲများ ပြင်ဆင်ချိန် နည်းပါး လွန်းသည် ဖြစ်ရာ၊ လင်းယွန် အတွက် စိတ် မပူပင်ဘဲ၊ မနေ နိုင်ပေ။

ထို့ကြောင့် လူတိုင်းက နောက်ဆုံး တိုက်ပွဲတွင်၊ သူ့ နောက်သို့ လိုက်လာကြ မည်မှာ၊ သေချာ ပေ၏။

နောက်ဆုံးသော မီးဝိညာဉ် လူသားမှာ၊ သေဆုံး သွား သောကြောင့်၊ ဓား သင်္ချိုင်း ဂူ အတွင်း၊ ရုတ်တရက် ငြိမ်သက် သွား၏။

ဓားရိုးများ ပေါ်၌ လူဆယ်ယောက် ရပ်လျက်၊ ကျန်ရှိ နေခဲ့၏၊ လေထု ထဲတွင် ပုံမှန် မဟုတ်သော တင်းကြပ် မှုများ၊ အစားထိုး လာလေသည်။

အဆိုပါ ဆယ်ယောက်သည် မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ၏ ထိပ်ဆုံး ဆယ်ယောက် ဖြစ်ပေ၏။

၎င်းတို့သည် များပြားသော ဆုလာဘ် များကို ရရှိရုံ သာမက၊ သူတို့၏ အမည် ကိုလည်း၊ ဓားနန်းတော်တွင် ရေးထိုး ခံရမည် ဖြစ်သည်။

သို့သော် ချူဟောင်းယူ၏ ကြက်သွေးရောင်ဓား၊ ချွင်းဝူ၏ သိုဝှက် ထားသော အပြုံးနှင့်၊ အတူတကွ ယှဉ်တွဲ ရပ်နေသော ယီရှုတို့ နှစ်ယောက်ကို ကြည့်လိုက်သော အခါတွင်၊ ကျန်သူ များမှာ မသက်မသာ ခံစား လာရသည်။

ထို့ကြောင့် အတွင်းတပည့် ခွဲတမ်း တစ်ရာ အတွင်း၊ ဝင်ရောက် နိုင်ခဲ့သော တပည့် များမှာ၊ ဓားသင်္ချိုင်း ဂူဟု သတ်မှတ် ထားသော နယ်နိမိတ်စည်းမှ၊ အလျိုလျို ထွက်ခွာ လိုက်ကြ တော့သည်။

ဤနေရာသည် သူတို့၏ အကန့်အသတ် ဖြစ်ပေသည်။

မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲတွင် လူတစ်ဦး ကျန်သည် အထိ၊ တိုက်ပွဲ များက ဆက်လက် ရှိနေဦး ပေမည်။

သို့သော် သူတို့ မျက်နှာများ ပေါ်တွင်၊ စိတ် လှုပ်ရှားသော အကြည့်များ၊ ကျန်ရှိ နေပြန်သည်။

မီးပင်လယ်ထဲ ရိုက်ချ ခံရ သူများနှင့်၊ ဖယ်ထုတ်ခံရသော သူများမှာ၊ ရလဒ် မတူ နိုင်ပေ။

ဖယ်ရှားခြင်း ခံရ သူများက အသက်ရှင် နေသေးပြီး၊ မီးပင်လယ်ထဲ ကျသွား သူများမှာ၊ သေခြင်းဟု အဓိပ္ပါယ် ရ၏။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ တပည့် အများ အပြား ဆုံးရှုံး သွားသည်။ ကျန်ရစ်သော တပည့် အရေ အတွက်မှာ၊ ထက်ဝက် ခန့်သာ ရှိပေ တော့သည်။

"နောက်ဆုံး တိုက်ပွဲက စပြီလား။ "

ဖယ်ထုတ်ခံ ရသော တပည့် များက၊ နယ်စပ်စည်း၌ ကြိုတင် နေရာ ယူထား ကြကာ၊ အလျိုလျို ထွက်ခွာ လာသော၊ အတွင်း တပည့် တစ်ရာ ခွဲတမ်း ရရှိသူ များကို၊ အားကျစွာ မေးမြန်းလိုက် ကြသည်။

" ဘာလို့ ဒီလောက် ငြိမ်သက် နေတာ ရလဲ၊ အသက်ရှူတောင် မဝ တော့မှာ စိုးမိတယ် …။ ”

“ဟုတ်တယ်၊ ဒီလောက် ပြင်းထန်တဲ့၊ တိုက်ပွဲတွေက၊ ရုတ်တရတ် ငြိမ်သက် သွားတယ် ဆိုတာ၊ ပုံမှန် မဟုတ် သလို ခံစား ရစေတယ်။ ”

“ အခု ကျန်နေတဲ့ သူတိုင်းက ချန်ပီယံ အတွက် တိုက်ပွဲ ဝင်နေ ကြတာ မဟုတ်လား၊ ကြည့်စမ်း ... လင်းယွန်က အဲဒီ့မှာ ရှိနေ တုန်းပဲ။ ”

" ချန်ပီယံ ဖြစ်ဖို့၊ သူ တိုက်ပွဲ ဝင်ချင် နေတာလား။ "

ထိပ်တန်း ဆယ်ယောက် အတွင်းရှိ၊ ငါးယောက် သည်ပင်၊ နောက်ဆုတ်လာ သည်ကြောင့်၊ လင်းယွန်၏ ပုံရိပ်မှာ၊ ပို၍ ထင်ရှား လာခဲ့သည်။

ချူဟောင်းယူ၊ ချွင်းဝူ တို့နှင့် နှိုင်းယှဉ် ပါက၊ အသက် ကွာဟချက် အရ၊ လင်းယွန်၏ ငယ်ရွယ် မှုမှာ သာ၍ နုပျို နေ၏။

" အစ်မ... ၊ အစ်ကိုကြီး လင်းက ချန်ပီယံ အတွက်၊ တိုက်ပွဲဝင် မှာလား။ "

လင်းယန်က မဝံ့မရဲ မေး၏။ သူမ ကိုယ်တိုင် စိတ်လှုပ်ရှား မှုကို မထိန်းချုပ် နိုင်ခဲ့ပေ။

“ သူက ရုန်းကန် နေတာပါ၊ ဒါပေမယ့် ဒီအတွက် တိုက်ပွဲ ဝင်မယ် ဆိုရင်၊ သူ ချန်ပီယံဆု သေချာပေါက် ရယူနိုင် လိမ့်မယ်။ "

လီဝူယုက ပြန်ဖြေ ပေး လိုက်သည်။ လင်းယွန်သည် ထိပ်ဆုံး ဆယ်ယောက်တွင်၊ ရှိနေပြီ ဖြစ်သော်လည်း၊ ချန်ပီယံဆု အတွက် လွယ်လွယ် ကူကူ အရှုံး ပေးမည် မဟုတ်ကြောင်း၊ သူ သိထားသည်။

“ ဒီတစ်ကြိမ် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက ရက်စက် လွန်းပါတယ် …။ ”

လင်းကျူရှန်က သက်ပြင်း ချကာ၊ ဆိုလိုက်သည်။ သည်နေရာ အထိ လျှောက် လာသည့်၊ လမ်းတစ်လျှောက် ကံတရား အပေါ် မူတည် ခဲ့ခြင်း မရှိပေ။

အပြာရောင် လူငယ်၏ ငယ်ရွယ် နုပျိုသော အသွင်ကို ငေးကြည့် မိပြီးနောက်၊ လင်းယန်၏ မေးခွန်းကို ပြန် မဖြေနိုင်။

ဓားသင်္ချိုင်း ဂူတွင် လူငါးဦး ကျန်ရစ် ခဲ့ပြီး၊ ချွင်းဝူမှ လွဲ၍ ကျန်သုံးဦးနှင့် ရန်ငြိုး ဖွဲ့ထားသည်။ ထို့ကြောင့်ပင် အဆိုပါ နေရာ၌ ဆက်ရှိ နေပါက၊ လင်းယွန် အတွက် အဆင် မပြေ နိုင်ပေ။

စောင့်ကြည့်ရေး စင်မြင့် ပေါ် ရှိ၊ တပည့် များနှင့်၊ အကြီးအကဲ များက လေးနက်သော အမူ အရာ များဖြင့်၊ တိတ်ဆိတ် နေသော ဓားသင်္ချိုင်း ဂူကို ငုံကြည့် လိုက်ကြသည်။

အဆုံးအဖြတ် တိုက်ပွဲ စတင် တော့မည်ကို၊ သူတို့ သိရှိထား ကြပြီး၊ ဓားရိုး ပေါ်တွင် တည်ငြိမ်စွာ ရပ်နေ သေးသော၊ လင်းယွန်ကို ကြည့်ကာ၊ စိတ်လှုပ်ရှား ကုန်သည်။

ဤနေရာရှိ လူအများ စုမှာ၊ လင်းယွန်နှင့် ပတ်သတ်၍၊ တစ်ချိန်က အကောင်း မြင်စိတ် မရှိခဲ့ ကြပေ။

သို့သော် လင်းယွန်သည် ဇောင်ယွန်းရှန် အဖြစ်ဓားဧကရာဇ် ဆေးပင်ကို ရယူ နိုင်ခဲ့ပြီး၊ သေမျိုး အဆင့် ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ရောက် နိုင်ခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ 'ကျား-နဂါး လက်သီး'၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' နှင့် 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' က၊ သူ့အပေါ် သံသယရှိ သူများ၏ ပါးစပ်ကို ပိတ်ပစ် လိုက်သည်။

ယခု သူသည် နောက်ဆုံး ရပ်တည် နေသော၊ လူ ငါးဦးတွင် တစ်ဦး ဖြစ်လာသည်။ ထိုရလာဒ်သည် သူ့အပေါ် အကောင်း မြင်စိတ် မရှိ သူများကို အံ့သြ သွားစေ၏။

" ထိပ်ဆုံး ဆယ်ယောက်နဲ့ မကျေနပ် သေးဖူးလား"

” အခုတော့ သူက ထိပ်တန်း ငါးယောက် ထဲ ဝင်သွားပြီ၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ ဒီလို လုပ်နိုင် ခဲ့တဲ့ အတွက် ဂုဏ်ယူ စရာ အောင်မြင်မှု တစ်ခုပါပဲ၊ ဒါပေမယ့် ကိုယ့် အကန့် အသတ်ကို၊ ကိုယ်မသိ တာတော့ သနား စရာပါ။ "

“ လောဘ ကြီးလွန်းတယ်၊ အလား အလာ ကောင်းတွေကို စွန့်ပစ်ပြီး၊ ဓားသင်္ချိုင်းမှာ အသေ ခံချင် နေတာပဲ။ ''

အကြီးအကဲများ အားလုံးက လင်းယွန် အပေါ်အမြင်များ ပြောင်းလဲ လာခဲ့ပြီး၊ ၎င်းတို့၏ လေသံတွင် စိုးရိမ်မှုများ ရှိနေ ခဲ့သည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင် ကျန်ရှိနေ သေးသော အခြားသူ များနှင့် ယှဉ်ပါလျှင်၊ သူ၏ အခြေခံ အုတ်မြစ်မှာ၊ ခြောက်လ မျှသာ ရှိပေ သေးသည်။

ရှင်းယန် သည်လည်း လေးနက်သော အမူအရာ ထုတ်ဖော် ထား၏။ လင်းယွန် အတွက် သူမ စိတ်မပူ ပင်ပဲ မနေနိုင်။

သို့သော် ငြားလည်း စိုးရိမ်စိတ် များကို တက်နိုင် သမျှ ဖိနှိပ်ကာ၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲအား ဆက်ကြည့် နေလိုက်သည်။

ဓားသင်္ချိုင်း ဂူတွင် မီးလျှံများ ဆက်လက် တောက်လောင် နေဆဲ ဖြစ်၏။ လေထုမှာ ရေခဲနှင့် မီးများ ပေါင်းစပ်သွား သလို၊ 'ထိလွယ် ရှလွယ်' အနေ အထားသို့၊ ရောက်ရှိ လာသည်။

လူတိုင်း၏ ကျောက်စိမ်းပြား များတွင်၊ ကြယ်ပွင့်များ လုံလောက် သွားသဖြင့်၊ ၎င်းတို့ ငါးဦးကို ချန်ကာ၊ ထွက်ခွာသွား ကြသည်။

လင်းယွန် အတွက်မူ ထွက်ခွာရန် အကြောင်း ပြချက် မရှိ သောကြောင့် ကျန်ရစ် ခဲ့ခြင်း ဖြစ်သည်။

သူက ရှင်းယန်ကို ကတိပေး ခဲ့ခြင်း မရှိ သော်လည်း၊ 'ရတနာ တောင်ကုန်း' နယ်မြေ အတွက်၊ ချန်ပီယံ ဆုကို ရယူရန်ဆုံးဖြတ် ပြီးသား ပေပင်။

ရှင်းယန်၏ အကူအညီ များကို မဆိုနှင့်၊ သူလေးစား ရသော၊ လူ အနည်းငယ် အတွက်ပင်၊ ၎င်းကို လုပ်ဆောင် ရပေမည်။

“ ငါ့ကို အလွယ် တကူ အနိုင် ယူလို့ ရမယ်လို့၊ ထင်နေကြ ပုံပါပဲ။ ”

လူတိုင်း၏ အကြည့်ကို သတိပြု မိသော အခါ တွင်၊ လင်းယွန်က အောင့်သက်သက် ဖြင့်၊ ပြုံးလိုက်သည်။

တစ်ဆက်တည်း မှာပင် သူတို့ လေးယောက်က၊ လင်းယွန်အား တိုင်ပင်ထား သကဲ့သို့၊ တပြိုင် နက်တည်း တိုက်ခိုက် လာတော့၏။

***

All Chapters