← Chapters

သေ စမ်း။

Vol. 23 Ch. 311

သေ စမ်း။

Vol. 23 Ch. 311

'' ငါ့ကို အမဲဖျက် ချင်နေကြ ပုံပဲ။ ”

လူတိုင်း၏ အကြည့်ကို သတိပြု မိသော အခါ တွင်၊ လင်းယွန်က အောင့်သက်သက် ဖြင့်၊ ပြုံးလိုက်သည်။

တစ်ဆက်တည်း မှာပင် သူတို့ လေးယောက်က၊ လင်းယွန်အား တိုင်ပင်ထား သကဲ့သို့၊ တပြိုင်နက်တည်း တိုက်ခိုက် လာတော့၏။

“ ထာဝရ မူလ ဖြစ်တည်ခြင်း။ ”

" မီးနဂါး ပေါက်ကွဲ မှု။ "

“ ရွှေရောင် အဆင်း တောက်ပခြင်း။ ”

" ရင်သပ်ရှုမောဖွယ် ကောင်းသော တိမ်တိုက်။ "

ချူဟောင်းယူ၊ ချွင်းဝူ၊ ဂျင်းဖိန်နှင့်၊ ယီရှုတို့က၊ ၎င်းတို့၏ အပြင်းထန် ဆုံးသော လှုပ်ရှား မှုများကို ထုတ်ဖော်ပြီး၊ တိုးဝင်လာ ခဲ့သည်။

မူလ စွမ်းအင်များ လျှံထွက် လာသော ကြောင့်၊ မီးပင်လယ် ကြီးမှာ၊ ပို၍ လောင်ကျွမ်း လာတော့သည်။

မုန်တိုင်း ကြားတွင် လှိုင်းဒဏ်ကို၊ ကြံ့ကြံ့ခံ နေရသော၊ ဖောင်ငယ် တစ်စင်း ကဲ့သို့၊ လင်းယွန်က မြဲမြံစွာ ရပ်နေ၏။

သူ့ထံ တိုးဝင်လာ နေသော တိုက်ခိုက်မှု လေးခုကို၊ မျက်လုံးများ မှေးစင်းလျက် စိုက်ကြည့်ကာ၊ တွက်ချက် မှုများ ပြုလုပ် လိုက်မိသည်။

" ဂျူနီယာ မောင်လေး လင်း...။ "

လင်းကျူရှန်က ထိတ်လန့် တကြား အော်ဟစ် လိုက်မိသည်။ သူတို့ လေးယောက် လုံးက လင်းယွန်ကို တပြိုင် နက်တည်း၊ တိုက်ခိုက် လိုက်သည် ကြောင့်၊ သူမ ဆက်မကြည့် နိုင်တော့ပေ။

" ပွဲက အခု စနေပြီ။ "

ဓားငှက်ပေါ်မှ စောင့်ကြည့် နေသော ဘိုင်တင်းက၊ သူ့ မုတ်ဆိတ် မွှေး တိုတို များကို ပုတ်ကာ၊ ပြုံးလိုက်၏။

ဆန့်ကျင်ဘက် အနေဖြင့်၊ လျိုဖန်း၏ မျက်လုံး များတွင်၊ စိုးရိမ်သော အရိပ် အယောင်များ ရှိနေ ခဲ့သည်။

ဘိုင်တင်း ပြော သလိုပင်။ ကျန်ရှိ နေသော ငါးယောက် အတွင်း၊ လင်းယွန်မှာ အပျော့ ညံ့ဆုံး ဖြစ် သည်ဟု၊ ယူဆ လိုက် ကြကာ၊ ဖယ်ရှားရန် သေချာပေါက် ကြိုးစား လာကြမည် ဖြစ်သည်။

ချူဟောင်းယူမှာ မည်မျှ မာနကြီး သည်ဟု ဆိုစေ ကာမူ၊ ဤသို့သော သတ်ဖြတ် နိုင်မည့် အခွင့် အရေး မျိုးကို၊ လက်လွှတ် နိုင်မည် မဟုတ်ပေ။

“ အိုး .... ကောင်း လိုက်တာ။ ”

ဝမ်ယန်က ပြုံးရွှင် စွာဖြင့်၊ စောင့်ကြည့်ရေး စင်မြင့် ထက်မှ ထအော် လိုက်၏။ သူ၏ 'အထက်တန်းစား ပြည်နယ်' မဟာမိတ် အဖွဲ့ဝင် တပည့်များ သည်လည်း၊ ပြုံးရွှင် သွားကြသည်။

လင်းယွန်သည် ထိပ်ဆုံး ငါးဦးတွင်၊ ပါဝင်ခွင့် ရခဲ့ သော်လည်း၊ ကံမကောင်း စွာဖြင့်၊ သေဆုံးရ ပေတော့မည်။

နောက်ဆုံးတွင် လူတိုင်းက သူ့ကို ဦးစွာ ဖယ် ထုတ် ဖို့ရန်၊ အများ နည်းတူ မျှော်လင့်ထား မိကြ လေပြီ။

" ဂျူနီယာ မောင်လေးလင်း၊ ကျေးဇူးပြုပြီး .. ဘေးကင်းအောင် နေပါ။ "

ရှင်းယန်၏ နှလုံးသားမှာ တဆတ်ဆတ် တုန်ခါ လာပြီး၊ မျက်နှာ တစ်ပြင်လုံး၊ နီရဲ နေလေပြီ။ ဓားသင်္ချိုင်း ဂူတွင် သူမ၏ အကြည့် များကို၊ ခိုင်မာစွာ စူးစိုက် ထားလိုက်၏။

အစောပိုင်း အချိန် များ၌ ဓားသင်္ချိုင်း ဂူတွင် တပည့်ပေါင်း များစွာ ရှိခဲ့ သည်ကြောင့်၊ လူတိုင်းကို ရှင်းလင်းစွာ မမြင် နိုင်ခဲ့ပေ။

သို့သော် ယခု အချိန်တွင်၊ အရာ အားလုံးကို ပြတ်ထင်စွာ တွေ့မြင် လိုက်ရ တော့သည်။

မဟာမိတ် အဖွဲ့ အစည်း အသီးသီးမှ ခေါင်းဆောင် များနှင့် အကြီး အကဲ များက၊ ရုတ်တရက် ထရပ်ကာ၊ ဦးတည်ချက် တစ်ခုတည်းသို့ လှမ်းကြည့် လိုက်ကြ၏။

ဂျင်းဖိန်၏ လက်ဖဝါးက သူ့ ထံသို့ ဦးစွာ တိုးဝင် လာစဉ်၊ လင်းယွန်က ငြိမ်သက်စွာ ရပ်နေ ခဲ့သည်။

မူလ အမှောင် နည်းစနစ်ကို အပြည့်အ၀ ကျွမ်းကျင် ပြီးနောက်တွင်၊ ဂျင်းဖိန်၏ မူလ စွမ်းအင် သိပ်သည်း ဆမှာ၊ မယုံနိုင် လောက်အောင် မြင့်မားလာ ခဲ့သည်။

သူ့ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံးကို ချုပ်နှောင် ထား၏။

" ငါ့လက်ဖဝါး တစ်ဖက်နဲ့တင် မင်းကို မောင်းထုတ်ဖို့ လုံလောက်ပြီ။ "

ထို့ကြောင့်ပင် ဂျင်းဖိန်က ယုံကြည်ချက် အပြည့်ဖြင့်၊ ဆိုလိုက်သည်။

အနက်ရောင် လက်ဖဝါးကြီး နောက်၌၊ ရွှေရောင် စွမ်းအင် လှိုင်းများ၊ ဒေါသ တကြီး အော်ဟစ် နေသော မီးနဂါး နှင့်၊ ဓားမီးတောက် များက၊ လိုက်ပါ လာသည်။

တိုက်ခိုက်မှု လေးခု အကြား၊ အာရုံ ပျံ့လွင့် သွားလျှင်၊ သေရ လိမ့်မည်ကို သူသိ သော်လည်း၊ ထို့ထက် ပို၍၊ တွေးရန် အချိန် မရှိပေ။

ခရမ်းရောင် မူလ စွမ်းအင် များက၊ ခန္ဒာကိုယ် အတွင်း တဟုန်ထိုး မြင့်တက် လာပြီး၊ အတွင်း အင်္ဂါ အစိတ် အပိုင်း တိုင်းကို၊ အားဖြည့် နေခဲ့သည်။

လျင်မြန်စွာ နီးကပ် လာသော ဂျင်းဖိန်ကို တစ်ချက် မော့ကြည့်ကာ၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာ၏။

ဂျင်းဖိန်က သူ့ကို အလွယ် တကူ ရိုက်နှက် နိုင်မည်ဟု ယူဆ နေပုံ ရသည်။

'' အိမ်မက်တောင် မမက်နဲ့ ...''

လင်းယွန်က မဆိုင်းမတွ လက်ဖဝါးဖြင့် တုံ့ပြန် လိုက်သည်။ လက်ဖဝါး နှစ်ဖက် ထိမိ သွားသည်နှင့်၊ ပေါက်ကွဲ သံများ၊ ထွက်ပေါ် လာတော့သည်။

'' ဖြောင်း ........ ''

ဂျင်းဖိန်၏ မျက်နှာမှာ ပျက်ယွင်း သွား၏၊ လက်ဖဝါးချင်း ရိုက်ခတ် မိပြီးနောက်၊ သူ့အဟုန်ကို ဟန့်တား ခံလိုက် ရလေသည်။ နောက်ထပ် အနည်း ငယ်ပင်၊ ထပ်မရွေ့ နိုင်တော့ပေ။

မျက်လုံးများ ထဲတွင် အံ့အား သင့်မှု အရိပ် အယောင်များ၊ စွန်းထင်း လာကာ ညည်းညူ လိုက်၏။

မူလ အမှောင် နည်းစနစ်ကို အဆင့်မြင့် ကျွမ်းကျင်မှု အထိ ရရှိ ပြီးနောက်၊ သူ့ထက် သာလွန်သော မူလ စွမ်းအင် ရှိသူ၊ တစ်စုံ တစ်ယောက်ကို တွေ့ကြုံ ရခဲ ပေသည်။

“ ဘယ်လို ကျင့်ကြံမှု နည်းစနစ် မျိုးလဲ …”

“ အဲဒါကို မင်းသိစရာ မလို ပါဘူး၊ ... ထွက် သွား စမ်း။ "

ဒါန်တမ် အတွင်းရှိ 'ခရမ်း သလင်းရောင် ပန်း'၊ ပွင့် လာသည်။ ပွင့်ချပ် ခြောက်ဆယ့် လေးချပ်လုံး ပွင့်လာ ပြီးနောက်၊ ပထမဆုံး အကြိမ် အဖြစ်၊ အဋ္ဌမ အဆင့် ဓားသုတ္တန်၏ အစွမ်း သတ္တိကို ထုတ်ဖော် ပြသ လိုက်သည်။

ခရမ်း သလင်းရောင်များ၊ တောက်ပ လာသည်နှင့်၊ သူ့ လက်ဖဝါးမှ တဆင့်၊ မူလ စွမ်းအင် များကို တွန်းထုတ် လိုက်၏။

လက်ဖဝါး နှစ်ဖက် ပူးလျက်၊ အနေ အထား မှသည်၊ အရှိန် ပြင်းပြင်းဖြင့်၊ တွန်းထုတ် ခံလိုက် ရသည် ကြောင့်၊ ဂျင်းဖိန်က သွေးတစ်လုတ် အန်ကာ၊ လွင့်စင် သွား တော့သည်။

ကြည့်ရှု နေသူ များမှာ ပြင်းထန်သော စွမ်းအင် ပေါက်ကွဲမှု မျိုးမှ လွဲ၍၊ မည်သည့် အရာ ကိုမျှ၊ မမြင်နိုင် ခဲ့ပေ။

လင်းယွန် အတွက်မူ ဂျင်းဖိန်ကို တွန်းထုတ် ပြီးနောက်၊ အသက်ရှု မဝ ခင်တွင်၊ ကျဆင်းလာသော ရွှေရောင် အလင်းတန်းကို ရင်ဆိုင်ရန်၊ လှည့်ကြည့် လိုက်ရ ပြန်သည်။

၎င်းသည် 'ရွှေရောင် မိုးကြိုး ခန္ဓာ ကိုယ်' အား၊ အသက် သွင်းလျက်၊ ပျံသန်း လာသော ယီရှု ဖြစ်၏။

သူ၏ အရေပြား တွင် ရှေးဟောင်း ခေါင်းလောင်းကြီး တစ်လုံး ကဲ့သို့၊ ရွှေရောင် အဆင်းများ၊ ဖြစ်ပေါ် နေခဲ့သည်။

မပေါ့ဆ ဝံ့ဘဲ၊ 'ဒရာကိုဖီ ခန္ဓာ ကိုယ်'ကို ထုတ်ဖော်ကာ၊ ယီရှု၏ လက်သီးအား ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

ကြီးမားသော ပေါက်ကွဲမှု တစ်ခု နှင့်အတူ၊ လင်းယွန်က ခြေလှမ်း၊ သုံးလှမ်း ဆုတ်ခွာ လိုက်ရ၏၊ ယီရှု မှာမူ သူ့ကိုယ်သူ တည်ငြိမ်မှု ပြန်လည် ရရှိရန်၊ နောက်သို့ ဆယ်လှမ်းခန့် လှမ်းယူ လိုက်ရသည်။

သို့သော် ခြေလှမ်း သုံးလှမ်း မပြည့် မီတွင်၊ လင်းယွန် ပေါ်သို့၊ ဓားမီးတောက် တစ်လက်၊ ကျဆင်း လာ၏။

ဤတိုက်ခိုက် မှုတွင် သတ်ဖြတ် လိုသော အသိများ၊ သိပ်သည်းစွာ ကပ်ညိ ပါဝင် နေပေသည်။

ချူ ဟောင်း ယူ။

ချွင်းဝူ၏ ညာလက်ရှိ မူလ စွမ်းအင် များဖြင့်၊ ဖွဲ့တည် ထားသော မီးနဂါးကြီး တစ်ကောင်က၊ အခြားသော လမ်းကြောင်း တစ်ခု မှသည်၊ ချူဟောင်းယူ၏ ဓားနှင့် အတူ၊ တိုးဝင် လာပြန်၏။

ချွင်းဝူနှင့် ချူဟောင်းယူ တို့၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များက၊ အပြိုင်နက်တည်း ရောက်ရှိ လာသည်။

သူတို့၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ အောက်တွင်၊ မြေပြင်ရှိ ရှေးဟောင်း ဓားရှည် များမှာ တုန်ယင် ယိမ်းထိုး သွားကာ၊ သိပ်သည်းသော ဓား ရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက် ကြသည်။

စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ လင်းယွန်ကြုံတွေ့ နေရသော အန္တရာယ်ကို မည်သူမှ မသိခဲ့ ကြပေ။ လင်းယွန် သည်လည်း၊ တုန့်နှေးချင်း မရှိ၊ တံဆိပ် တစ်ခုကို ဖန်တီး လိုက်သည်။

'' ထာဝရ နတ်ဘုရား တံဆိပ်။ ''

ချူဟောင်းယူနှင့် ချွင်းဝူ မရောက်ခင် မှာပင်၊ လင်းယွန်က သူ့ လက်ဖဝါး များကို တွန်းထုတ်လိုက်၏၊ ခရမ်းရောင် မူလ စွမ်းအင် များမှာ၊ မိုးခြိမ်း သံများ ကဲ့သို့၊ အော်မြည် ပြေးထွက် သွားသည်။

သို့သော် ချူဟောင်းယူနှင့် ချွင်းဝူမှာ၊ ဘီလူးများ ကြားရှိ၊ ဘီလူးများ ပေပင်၊ ဤမျှဖြင့် အလွယ် တကူ ရှုံးနိမ့် နိုင်စရာ မရှိပေ။

၎င်းတို့ နှစ်ဦး ပေါ်သို့ ဟန့်တားရန်၊ ပြေးဝင် လာသော မူလ စွမ်းအင် အများ စုကို၊ အသီးသီး ချေဖျက်ပြီး၊ ဆက်လက် တိုးဝင် လာ၏။

သို့သော် အနည်းငယ် တုံ့နှေးခြင်း ကပင်၊ လင်းယွန် အတွက်၊ ဖြေရှင်းရန် အချိန် လုံလောက် သွားသည်။ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ၏၊ 'ရွှေကျီးကန်း တောင်ပံ' များကို၊ ထုတ်ဖော် လိုက်သည်။

သူ့ နောက်ကျောရှိ 'ရွှေကျီးကန်း တံဆိပ်' မှာ၊ ဖျပ်ခနဲ တောက်ပ လာပြီး၊ လက်များကို ဆန့်ထုတ် လိုက်သည်နှင့်၊ အတောင်ပံ တစ်စုံ ကဲ့သို့ ရွှေရောင် ပြောင်းသွား လေ၏။

ထို့နောက်တွင် ချူဟောင်းယူ၏ ဓားနှင့် ချွင်းဝူ၏ မီးနဂါး လက်သီးကို ညင်သာစွာ ခုန်လွှား ရှောင်တိမ်း လိုက်တော့သည်။

ချက်ချင်းပင် 'ပုံရိပ်ယောင် ခြေလှမ်းများ' ကို ပြောင်းလဲ လိုက်ကာ၊ ခြေလှမ်း ကိုးလှမ်း လှမ်းယူ လိုက်ပြီး၊ ကန့်သတ် ထားခံ ရသော၊ အခြေအနေ မှသည်၊ ရုန်းထွက်ရန် ကောင်းကင်သို့၊ လှမ်းတက် လိုက်၏။

ခြေလှမ်းများ နှင့်အတူ၊ 'ကျားနဂါး အရှိန် အဝါ' ကို၊ တပြိုနက်တည်း ထုတ်ဖော် လိုက်သည်။

လွှမ်းမိုး နိုင်လွန်းသော အရှိန်အဝါ တစ်ခု ပေါက်ကွဲ ထွက်လာပြီး၊ ကန့်သတ် အုပ်စိုး ထားသော ဓားအလင်း များနှင့်၊ မီလျှံ များကို ဖြိုခွဲ ပစ်လိုက်ကာ၊ လမ်းကြောင်းပေး လာတော့သည်။

တစ်ဆက်တည်း မှာပင်၊ ရွှေကျီးကန်း တံဆိပ်ကို ဖွင့်ကာ၊ ဝေဟင် အလယ်၌ နဂါး တစ်ကောင် ကဲ့သို့ ရပ်နေ လိုက်ပြီး၊ ကျားတစ်ကောင် ကဲ့သို့၊ မီးနဂါး ကြီးကို ရင်ဆိုင် လိုက်သည်။

'ထာဝရ နတ်ဘုရား တံဆိပ်' ဖြင့်၊ အားဖြည့် ထားသော လက်သီးကို၊ ချွင်းဝူ ရှိရာသို့၊ တွန်းထုတ်ကာ၊ မီးနဂါး ကြီးအား ဖျက်ဆီး ပစ် လိုက်သည်။

ထိုလုပ်ရပ်က ချွင်းဝူကို ထိတ်လန့် သွား စေ၏။ သူက မီတာ တစ်ရာ အကွာထိ ဆုတ်ခွာ သွားပြီးနောက်၊ လေထဲ၌ ကျွမ်းပစ်ကာ၊ ဓားအလင်း များပါဝင် နေသည့်၊ ခရမ်းရောင် မူလ စွမ်းအင် များကို၊ မီးလျှံ လက်ဖဝါးဖြင့် ခပ်ဆက်ဆက် ရိုက်ချ လိုက်၏။

သို့မှသာ လင်းယွန်၏ 'ထာဝရ နတ်ဘုရား တံဆိပ်' စွမ်းအားကို၊ ပယ်ရှား နိုင်ခဲ့ လေသည်။

ချွင်းဝူက သူ့ခန္ဓာ ကိုယ်ထဲ တိုးဝင် လာသော ခရမ်းရောင် မူလ စွမ်းအင်နှင့်၊ ဓားအလင်း တို့ကို ချက်ချင်း စစ်ထုတ် လိုက်၏။

ထိုအချိန်၌ လင်းယွန် မှာမူ၊ ယင်းကဲ့သို့ မလုပ် ဆောင်နိုင် သေးဘဲ၊ ကူးစက် လာသော ချွင်းဝူ၏ မီးတောက်များ ထဲတွင် နစ်မြုပ် နေခဲ့သည်။

သူ့၌ စွမ်းအင် မီးတောက် များကို ငြိမ်းသက်ရန် အချိန် မရှိ သေးပေ။ ချက်ချင်းပင် နောက်သို့ ပြန်လှည့် ကြည့်ကာ၊ ချူဟောင်းယူ၏ ဓားမီးတောက် ထံ၊ လက်သီး တစ်လုံး ပစ်သွင်း လိုက်သည်။

ဓားမီးတောက်ကို ကာကွယ် လိုက်နိုင် သော်လည်း၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျလာပြီး၊ မီတာ တစ်ရာ အကွာသို့၊ ဆုတ်ခွာပေး လိုက်ရသည်။

အထပ်ထပ် စုပုံ လာသော ဒဏ်ရာ များက၊ တပြိုင်နက်တည်း လောင်ကျွမ်း လာသည်ကြောင့်၊ ဆုတ်ခွာ လျက်မှ သွေးတစ်လုပ်၊ ထပ်အန်ချ လိုက်ရသည်။

" ငါ့ ဆီက ယူ။ "

တစ်ဆက်တည်း မှာပင်၊ တည်ငြိမ်အောင် မရပ်တည် နိုင်သေးသော လင်းယွန်ကို၊ ယီရှုက လက်သီးဖြင့်၊ ထိုးနှက် လာပြန်သည်။ သူ့ လက်သီးမှ 'သူတော်စင် ဂီတ သံ' များ၊ အမှန်တကယ် ထွက်ပေါ် လာ၏။

" မင်း အချိန်မီ လေးပဲ။ "

ကောင်းကင်မှ ခုန်ဆင်း လာသော ယီရှုကို၊ လင်းယွန်က အပြုံးဖြင့် မော့ကြည့်ကာ ဆိုလိုက်၏။

“ ဒီကောင်… ရူးနေ တာပဲ…။ ”

ချွင်းဝူက နောက်ဆုံး ကျန်ရှိ နေသော ခရမ်းရောင် စွမ်းအင်ကို စစ်ထုတ် လိုက်ပြီး၊ အံ့သြစွာ ရေရွတ် သွားမိသည်။

သူတို့ လေးယောက်၏ တိုက်ခိုက်မှု လေးမျိုးကို ရင်ဆိုင် ပြီးနောက်၊ လင်းယွန်၌ တိုက်ပွဲ ဝင်လို စိတ်များ၊ လောင်ကျွမ်း နေဦး မည်ဟု၊ သူ မထင်ထား မိပေ။

လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်ပြီး၊ မီးတောက်များ စုစည်းကာ၊ ချူဟောင်းယူ နှင့်အတူ၊ လင်းယွန်ကို နောက်တစ်ကြိမ် ထပ်မံ စွဲချက်တင် လိုက်ပြန်သည်။

မြေပြင် ပေါ်ရှိ တဟုန်းဟုန်း တောက်လောင် နေသော မီးတောက် များက၊ ငြိမ်းသွားခြင်း မရှိ ခဲ့ဘဲ၊ မူလ စွမ်းအင် များကြောင့်၊ ပို၍ ပြင်းထန်စွာ တောက်လောင် လာခဲ့၏။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူတို့ သုံးယောက်သား လင်းယွန်နှင့် ဆယ်ကြိမ် တိုင်တိုင် ဖလှယ်မိ လိုက်ကြသည်။

သူတို့ သုံးယောက် လုံး၏ တိုက်ခိုက်မှု များမှာ၊ သေကွင်း သေကွက် များထံ၊ တိုးဝင် နေခဲ့ သော်လည်း၊ လင်းယွန်က 'လေးနက်သောခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်။

တစ်ခါတစ်ရံတွင် တန်ပြန် တိုက်စစ်ကိုပင် ဆင်လာ တက်၏။ လင်းယွန် သတ်ဖြတ် ခံရသော မြင်ကွင်း မျိုးကို၊ စောင့်မျှော် နေမိကြ သော်လည်း၊ ချက်ချင်း ဖြစ်မလာ ခဲ့ပေ။

သည့်ပြင်မက ချူဟောင်းယူတို့ မျက်မှောင်ကြုတ် သွားစေသည် အထိ၊ ကြပ်တည်း သွားသော အခြေ အနေ မျိုးလည်း၊ ရှိခဲ့ လေသည်။

ဆယ်ကြိမ်ခန့် ထပ်မံ လှုပ်ရှားလိုက် ပြီးနောက်၊ သူတို့ အားလုံး ဓားရိုးများ ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်ကြသည်။

" ငါကို အလွယ် တကူ အနိုင်ယူ လို့ရမဲ့၊ သူလို့ ထင်ထားရင်၊ မင်းတို့တွေ ဆက်လုပ် လို့ ရပါတယ်။ "

လင်းယွန်က သူတို့ သုံးယောက်ကို အေးစက်စွာ စိုက်ကြည့်ပြီး ဆိုလိုက်သည်။

ချူဟောင်းယူ၊ ချွင်းဝူနှင့် ယီရှုတို့ အားလုံးသည် တိုက်ပွဲ အပြီးတွင်၊ လင်းယွန်နှင့် ရင်ဆိုင်ရန် မလွယ် ကူကြောင်း၊ ခန္ဓာကိုယ် ပေါ်ရှိ၊ ဒဏ်ရာ များက သက်သေ ပြနေ ခဲ့သည်။

" ဒါပေမယ့် မင်းကို အရင်ဆုံးတော့ ...၊ ဖယ်ထုတ် ရမှာပဲ မဟုတ်လား။ "

လင်းယွန်၏ နောက်ကျော၌ ဂျင်းဖိန် ရုတ်တရက် ထွက်ပေါ် လာပြီး၊ စကားဆုံး သည်နှင့်၊ သူ့ ဓားကို ဆွဲထုတ်ကာ၊ ခုတ်ပိုင်း ချလိုက်သည်။

တိုက်ခိုက်ရန် အခွင့် အရေးကို ဂျင်းဖိန်က၊ ပုန်းအောင်း စောင့်ဆိုင်း နေခဲ့ခြင်း၊ ဖြစ်သည်။

ကုန်ဆုံး သွားသော မူလ စွမ်းအင် များနှင့် ဒဏ်ရာ များကို၊ အချိန် အတော် ကြာအောင် ပြန်လည် ကုသပြီး ဖြစ်၍၊ ဤတိုက်ခိုက် မှုဖြင့်၊ လင်းယွန်ကို မသတ်နိုင် လျှင်ပင်၊ ပြင်းထန်စွာ ထိရှ သွားမည် ဖြစ်သည်။

" ကိုယ့်သေတွင်း ကိုယ်တူး လိုက်တာပဲ။ "

လင်းယွန်၏ မျက်လုံး များတွင် ဒေါသဖြင့် တောက်ပ လာ၏။ ရုတ်တရက် သူ့ အသွင် သဏ္ဍာန်မှာ မှုန်ဝါး သွားကာ၊ ဂျင်းဖိန် မြင်ကွင်းမှပျောက်ကွယ် သွားစေသည်။

လင်းယွန်က ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ ကောင်းကင်ပေါ် ခုန်တက် သွားခဲ့ခြင်းဖြစ်သည်။

လင်းယွန်ကို အမှန် တကယ်ပင် သူ နားမလည် နိုင်တော့ပေ။ လက်ဝါး ရိုက်ချက်ကို ရှောင်တိမ်း သွားနိုင်သည့် အတွက်၊ သူ့ နှလုံး သားမှာ နစ်မြုပ် သွား ခဲ့သည်။

" သွား သေ စမ်း ။ "

လွတ်မြောက်ရန် အခွင့် မပေးဘဲ၊ ကောင်းကင်မှ တဟုန်တိုး ထိုးဆင်း လာပြီး လက်သီးဖြင့်၊ဂျင်းဖိန် ရင်ဘတ်ပေါ် ထိုးချ လိုက်၏။

နံရိုး ကွဲအက် သံများ ပဲ့တင်ထပ် လာပြီး၊ ကြီးမားသော အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် လာကာ၊ အရုပ် ကြိုးပြတ် လွင့်စင် သွားလေသည်။

ရုတ်တရက် ပြိုင်ပွဲ အတွင်းမှ တစ်စုံ တစ်ယောက် ဖယ်ရှားခြင်း ခံလိုက် ရသော ကြောင့်၊ စောင့်ကြည့်ရေး စင်မြင့် ပေါ်၌ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။

" ဟားဟား ဟား.... လူအိုကြီး၊ မင်း ဘာပြော စရာ ရှိသေးလဲ။ "

လူရိပ် တစ်ရိပ် ပျံထွက် လာသည်ကို မြင်လိုက် ရသည်နှင့်၊ ဘိုင်တင်းက ရယ်မော လိုက်သည်။

တစ်ဖက်တွင်၊ လျိုဖန်း၏ မျက်နှာမှာ ဖြူဖျော့ သွား၏။ လွင့်ပျံ လာသော ထိုလူရိပ်မှ ထွက်ပေါ် လာသည့်၊ မူလ စွမ်းအင် အတက် အကျကို၊ သူ မခန့်မှန်း နိုင်ပေ။

လျိုဖန်းက ရုတ်တရက် မျက်ခုံး ပင့်ကာ၊ မူလ စွမ်းအင် များကို မျက်လုံးထဲ လောင်းထည့် လိုက်ပြီး၊ နောက်တစ်ကြိမ် စူးစိုက်ကြည့် လိုက်၏။

***

All Chapters