အလံ ကိုင်ဆောင်သူ အနိုင် ရမယ်။
Vol. 23 Ch. 312
လွင့်ပျံ လာသော ထိုလူရိပ် ထံမှ မူလ စွမ်းအင် အတက် အကျကို၊ အာရုံ ခံလို့ မရ ခဲ့ပေ။
လျိုဖန်းက ရုတ်တရက် မျက်ခုံး ပင့်ကာ၊ မူလ စွမ်းအင် များကို မျက်လုံးထဲ လောင်းထည့် လိုက်ပြီး၊ နောက်တစ်ကြိမ် စူးစိုက်ကြည့် လိုက်၏။
တစ်စုံ တစ်ယောက် သေဆုံး သွားပြီးနောက်၊ မြင်ကွင်း တစ်ခုက လူတိုင်း မျက်လုံးထဲ ပြန်ရောက် လာသည်။
လူလေးယောက် ဝိုင်းတိုက် ခဲ့သည် ကြောင့်၊ လင်းယွန်သာ သေဆုံး သွားရ မည်ဟု၊ မသိစိတ်မှ တွေးယူ လိုက်မိ၏။
လျိုဖန်း ပင်လျှင် တူညီသော အတွေးများ ရှိလေသည်။
စောင့်ကြည့်ရေး စင်မြင့် တစ်ခုလုံးတွင် ခေတ္တမျှ တိတ်ဆိတ် သွား၏။
'' လင်းယွန် သေပြီလား။ ''
တခြားသော တစ်စုံ တစ်ယောက် သေသွား ခဲ့သော်၊ အရေး မကြီးပေ၊ ပြိုင်ပွဲ အတွင်း တပည့်များ သေဆုံး ကြမည်မှာ၊ သဘာဝ ပေပင်။
သို့သော် လင်းယွန် မှာမူ၊ ထိုသို့ မဟုတ်နိုင်။ အနီရောင် ဖီးနစ်ကို မြည်ဟီး စေပြီး၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ မယုံနိုင် စရာ၊ အလား အလာများ ပြသ ခဲ့သည်။
နောက်ဆုံးတွင် သေမျိုး အဆင့်၊ ထိပ်ဆုံး ငါးနေရာ၌၊ အသက် အငယ် ဆုံးဖြင့်၊ ရပ်တည် ထားနိုင်သည်။ သူ့ အသက်မှာ ဆယ့်ခုနစ် နှစ်သာ ရှိသေးပြီး၊ ရှေ့တွင် အရာ များစွာ စောင့်ကြို နေပေမည်။
ထို့ကြောင့် လင်းယွန် သေဆုံး သွားမည်ကို အားလုံးက နှမျော မိကြ၏၊ ချန်ပီယံဆု အတွက် ရှုံးနိမ့် လိမ့်မည်ဟု၊ လူ အများက ယူဆ ထားသော်လည်း၊ အသတ် ခံရသည် အထိတော့ မျှော်လင့် မထားပေ။
" ဟား ဟား ဟား၊ ဒီကောင်က နောက်ဆုံးတော့ သေသွား ရပြီ။ "
ဝမ်ယန်၏ မျက်နှာတွင် ရွှင်မြူးသော အမူ အရာများ ပြည့်နှက် သွားသည်။ လင်းယွန်မှာ သူ့ နှလုံးသား ထဲရှိ၊ ဆူး တစ်ချောင်း ဖြစ်လေ၏။
ထို့ကြောင့် လင်းယွန် အပေါ် မုန်းတီးမှု များမှာ၊ နှိုင်းယှဉ် ပြနိုင် စရာ မရှိပေ။
လင်းယွန်ကို သတ်ရန်၊ ရက်ရက် ရောရောပင် ကြိုးပမ်း ခဲ့ဖူးသည်။
“ မ ဟုတ် ဘူး။ ”
ရှင်းယန်က အော်ဟစ် လိုက် ပြီးနောက်၊ စောင့်ကြည့်ရေး စင်မြင့် ထက်မှ၊ ရုတ်တရက် 'လွှားခနဲ့' ခုန်ချ သွားရာ၊ လူတိုင်းအား ထိတ်လန့် သွားစေ တော့သည်။
" စီနီယာ အစ်မ .... ။ "
'' ........ ရှင်းယန်။ ''
မိုချန်နှင့် အခြား သူများက ထိတ်လန့်စွာ အော်ဟစ် လိုက်၏။ စောင့်ကြည့်ရေး စင်မြင့်သည် ပေတစ်သောင်း အမြင့်၌ ရှိပြီး၊ နက်နဲ သိုင်း နယ်ပယ်မှ၊ တစ်စုံ တစ်ဦး ခုန်ဆင်း မိပါက၊ ကောင်းမွန်သော ရလာဒ် ရရှိမည်၊ မဟုတ်ပေ။
ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေသည်။ 'ကာကွယ်သူ မက်မွန်' က၊ ပိုမြင့်သော စင်မြင့် တစ်ခု ပေါ်မှ၊ ဤမြင်ကွင်းကို မြင်သော အခါတွင်၊ မျက်နှာ အနည်းငယ် ပြောင်းလဲသွား ပြီးနောက်၊ ခေါင်းယမ်း လိုက်သည်။
ခုန်ဆင်း သွားသော ရှင်းယန်ကို ကြည့်ကာ၊ ဝမ်ယန်က အနည်းငယ် တုန်လှုပ် သွားပြီး၊ ပြုံးရွှင် စွာဖြင့်၊ "မင်းနောင်တ ရလိမ့် မယ်လို့ ငါပြော ခဲ့တယ် မဟုတ်လား" ဟု၊ ရေရွတ် လိုက်လေသည်။
“ စီနီယာ အစ်ကို ဝမ်၊ တစ်ခုခုတော့ မူ မမှန်ဘူး၊ လင်းယွန်က သူနဲ့ အတူ၊ ဓားသေတ္တာကို သယ်သွားတာ ငါမှတ်မိ နေတယ် …။ ”
လန်းမိုက လေသံ တိုးတိုးဖြင့် ဆိုသည်။
" အဲဒါ လင်းယွန် မဟုတ်ဖူးလား။ "
ဝမ်ယန်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ သူက အနည်းငယ် တုံ့နှေးသွား ပြီးနောက်၊
“ သူ ဘယ်လိုလုပ် အသက်ရှင် နိုင်မှာလဲ၊ ဒီလောက် ဝိုင်းတိုက် ခံရတဲ့ ထဲကနေ၊ တစ်ယောက် ယောက်ကို သတ်နိုင် လိမ့်မယ်လို့၊ မင်းထင် နေတာလား။ ”
သို့သော် အကြီး အကဲများ ထံမှ၊ လန်းမို ကဲ့သို့ သံသယ စကားများ ဆိုလာ ကြသည်။
" အဲဒါက လင်းယွန်နဲ့ မတူဘူး ...။ "
" လူအိုကြီး၊ မင်း ဒါကို ရှင်းရှင်း လင်းလင်း မြင်ရ လိုက်လား။ ''
“ မြန်လွန်းတယ်၊ ဒါပေမယ့် မီးအိုင်ထဲ ကျသွားတဲ့ သူက၊ လင်းယွန် နဲ့တော့ မတူဘူး။ "
" အဲဒီ လူက ဂျင်းဖိန်လို့ ငါထင်တယ်။ ''
အရာ အားလုံးမှာ မြန်ဆန် လွန်းလှပြီး တပည့်များက၊ ယင်းကို ရှင်းရှင်း လင်းလင်း မမြင်နိုင်ခဲ့ကြပေ။
အကြီးအကဲ တိုင်းမှာ ခရမ်းရောင် နန်းတော် နယ်ပယ်၌ ရှိနေ ကြပြီး၊ အရာ အားလုံးကို တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ မြင်နိုင် ပေသည်။
သို့သော် လင်းယွန်ဟု ထင်ရသည့် အကြောင်း အရင်းမှာ၊ ဝိုင်းဖွဲ့ တိုက်ခိုက် ခံရ ပြီးနောက်၊ မလွတ်မြောက် နိုင်ဟု၊ တွေးမိ သွားသော ကြောင့်သာ ဖြစ်သည်။
ထိုအယူအဆမှာ တစ်စုံ တစ်ရာ လွဲချော် နေသည်ဟု၊ ခံစား လိုက်ရ ချိန်မှာပင်၊ ဆွေးနွေး မှုများ စတင် ထွက်ပေါ် လာတော့သည်။
သေဆုံး သူမှာ လင်းယွန် မဟုတ်ကြောင်း ဆိုလာ ကြပြီး၊ မူလ စွမ်းအင် များကို သွန်းလောင်းလျက်၊ အဝေးသို့ ငုံ့ကြည့် လိုက် ကြသည်။
သို့သော် တိုက်ပွဲ အတွင်း ဖြစ်ပေါ် လာသော မြူမှုန် များနှင့် အပူရှိန် များကြောင့် သဲသဲ ကွဲကွဲ မမြင်နိုင် သေးပေ။
ဝမ်ယန် ပင်လျှင် သူ့ သံသယကို အတည် မပြုနိုင် သောကြောင့် အလိုမကျ ဟန်ဖြင့်၊ မျက်နှာ အမူ အရာမှာ အနည်းငယ် ပြောင်းလဲ သွားပြီး၊ အထက်တန်းစား ပြည်နယ် မဟာမိတ် အဖွဲ့၏၊ ပတ်ဝန်း ကျင်တွင် အဆင် မပြေသော လေထုကို ခံစား နိုင်သည်။
ဝမ်ယန်အား ကြောက်ရွံ့သော မျက်လုံးများဖြင့် ခိုးကြည့်နေ ကြ၏။ လင်းယွန်သာ မဟုတ်ပါက၊ မည်သို့သော တုန့်ပြန် မှုမျိုး ရှိလာ မည်ကို မခန့်မှန်း နိုင်ကြပေ။
စောင့်ကြည့်ရေး စင်မြင့် ထက်မှ ခုန်ဆင်း လာသော ရှင်းယန်က၊ နှုတ်ခမ်းမှ သွေးစအား သုတ်လိုက်ပြီး၊ ဓားသင်္ချိုင်း ဂူ၏ ဦးတည် ရာကို ရှာဖွေ လိုက်သည်။
“ မင်း အဆင်ပြေ လား။ ”
ဓားငှက် ပေါ်မှ အကြီးအကဲ တစ်ဦး ဆင်းသက် လာကာ၊ သက်ပြင်း ချလျက် မေးမြန်း လိုက်၏။
'' သင်းထောက် အကြီး အကဲ၊ မင်းရဲ့ ဓားငှက်ကို ငှားလို့ ရမလား။ "
ရှင်းယန်က အလော တကြီး မေးလိုက်သည်။
" ယူ ပါ ။ "
အကြီးအကဲက ခေါင်းယမ်း ရုံဖြင့် ကြည့်ပြီး၊ ဓားငှက်ကို အသုံး ပြုခွင့် ပေး လိုက်၏။
သူ့ အနေဖြင့် ဓားသင်္ချိုင်း တောင်ကုန်း၏ နယ်စပ် တောအုပ် အတွင်း၊ စောင့်ကြည့် ရသော သင်းထောက် တစ်ယောက် မျှသာ ဖြစ်ကာ၊ ပြိုင်ပွဲ၏ ဗဟိုသို့၊ သွားရောက် ကြည့်ရှုရန်၊ အခွင့် အရေး မရှိခြေ။
သို့သော် ဓားသင်္ချိုင်း ဂူ၌ မည်သို့ ဖြစ်ပျက်သွား သည်ကိုတော့ အကြမ်းဖျင်း မြင်နိုင် ခဲ့သည်။
ဇောင်ယွန်းရှန်ဟု ခေါ်သော လင်းယွန်ကို၊ ထိပ်ဆုံး လေးယောက်မှ ဝိုင်းတိုက် ခဲ့ကြောင်း၊ သူ သိ၏။
ဤလူငယ် လေးနှင့် ပတ်သတ်၍ သူ့၌ အမြင်ကောင်း များ ရှိလှ ပေသည်။ သူက ဇောင်ယွန်းရှန်ကို စောင့်ကြည့် ခဲ့ရ ဖူးသောသင်းထောက် ဖြစ်၏။
" ကျေးဇူးတင် ပါတယ်။ "
ရှင်းယန်က ဓားငှက် ပေါ်သို့ ခုန်တက်ကာ ပြေးထွက် သွားသည်။ လမ်းတစ်လျှောက် မျက်ရည်များ စီးကျလျက် တတွတ်တွတ် ရေရွတ် နေမိ၏။
“မင်းကို မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ၊ ပါဝင်ခွင့် ငါ မပေး သင့်ဘူး၊ မင်း မသေဖူးလို့ ငါ့ကို ကတိ ပေးထား တယ်လေ။ ''
ဓားငှက် ပေါ်ရှိ လျိုဖန်းက သက်သောင့် သက်သာ ရှိသွားသော၊ ခံစားချက်ကို ထုတ်လွှတ်လိုက်ပြီး၊
" အဟမ်း လူအိုကြီး၊ ငါ့ကို လှောင်ပြောင် ချင်ရင် ..၊ နောက်တစ်ခါ ဆို သေချာအောင် လုပ်ပါ။ "
" ဘာ ပြော တယ်။ "
" ငါပြောတာက မင်းက မျက်မမြင် တစ်ယောက်ပဲ။ "
“ ရိုင်းလိုက်တာ၊ အဲဒါ လင်းယွန် ဆိုတာ ရှင်းနေ တာပဲ၊ လူလေးယောက် အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း၊ ခံရ မှတော့ လွတ်နိုင်မယ် ထင်လား၊ ငါကို မင်းလို လူမိုက် ထင်နေလား ... ဟမ်။ "
ဘိုင်တင်းက ဒေါသတကြီး တုန့်ပြန် လိုက်သည်။ သူ စကားပြော နေစဉ်တွင်၊ မူလ စွမ်းအင် များကို မျက်လုံး ထဲသို့ လောင်းထည့် လိုက်၏။
သို့သော် ဂျင်းဖိန်မှာ မီးပင်လယ် ထဲသို့ ကျသွား ခဲ့သည် ဖြစ်ရာ၊ ခုခံ ကာကွယ်ရေး အလွှာကို၊ ထုတ်ဖော် နိုင်ခြင်း မရှိ တော့သော သူ့ခန္ဓာ ကိုယ်က၊ လောင်ကျွမ်း သွားပြီး ဖြစ်သည်။
ထိုအလောင်း ကောင်မှာ မည်သူ ဖြစ်မည်ကို မမြင် နိုင်တော့ သည်ကြောင့်၊ သူ့အကြည့် များကို ပြန်ရုတ် လိုက်ပြီး လျိုဖန်းအား ကြည့်ကာ၊
“လင်းယွန် သေပြီပဲ၊ ကြည့်ပါဦး တိုက်ပွဲက ရပ်သွားပြီ မဟုတ်လား၊ မီးတောက်တွေ အားပျော့သွားရင် ပိုရှင်းတဲ့ မြင်ကွင်းကို မြင်နိုင် မှာပါ။”
သို့သော် လျိုဖန်းက ဘိုင်တင်းကို ငြင်းခုံ ဖို့ရန် စိတ်မ၀င် စားတော့ပေ၊ သူက ပြုံးပြီး၊
“ မှန်တယ်... ကြည့်ပြီးမှ သိမယ်၊ ဒါပေမယ့် မင်း လိုချင်တဲ့ ရလဒ် မဖြစ် မှာကို၊ ငါကြောက် မိတယ်၊ .... ဟမ် ဒီကောင်မလေး အဲ့ဒီမှာ ဘာလုပ် နေတာလဲ"
ဓားသင်္ချိုင်း ဂူအတွင်း မီးပင်လယ် ရှိရာသို့ ဓားငှက် တစ်ကောင် ဆင်းသက် လာခဲ့သည်။
ဤမြင်ကွင်းသည် ဓားသင်္ချိုင်းဂူ အပြင် ဘက်တွင်၊ စုရုံး နေသော ပြင်ပ တပည့် များကို၊ အကြီး အကျယ် တုန်လှုပ် သွားစေ၏။
ဓားငှက်ပေါ်မှ အရူးအမူး ခုန်ဆင်း လာသော ပုံရိပ် တစ်ရိပ်ကြောင့်၊ လီဝူယုက ထိတ်လန့် တကြား အော်ဟစ် လိုက်မိသည်။
“ အစ်မကြီး ရှင်းယန်၊ အဲ့ဒီမှာ မင်း ဘာလုပ်နေတာလဲ”
" သေသွား ရင်တောင် ဂျူနီယာ မောင်လေးရဲ့၊ အလောင်းကို ငါပြန်ယူ ရမယ်။"
ရှင်းယန်က လီဝူယုကို မြင်သည်နှင့်၊ ငိုချ လိုက်တော့သည်။
“ အာ ... အစ်ကိုလင်း အဆင်ပြေ ပါတယ်၊ သေသွားတဲ့ သူက ဂျင်းဖိန်ပါ။ ”
လီဝူယုက မချိ ပြုံးဖြင့်၊ ပြန်ဖြေ လိုက်သည်။
" စီနီယာ အစ်မ ရှင်းယန်၊ သေဆုံး သွားတဲ့ သူက တကယ်ပဲ ဂျင်းဖိန်ပါ။ "
'' ဟုတ်ပါတယ် စီနီယာ အစ်မ။''
'' အစ်ကိုကြီး လင်းကို ဒီလူယုတ်မာက မသတ် နိုင်ပါဘူး။ ''
လင်းကျူရှန်၊ လင်းယန်နှင့် အခြား သူများက စိတ်လှုပ်ရှား စွာဖြင့် ထောက်ခံလာ ကြသည်။
သူတို့၏ မျက်လုံး များတွင် အံသြမှုများ ရှိနေဆဲပင်၊ လူတိုင်း အပေါ် လျစ်လျူရှု ထားသော သွေးနှင်းဆီသည်၊ ဤမျှ နူးညံ့သော အခြား တစ်ဖက် ရှိနေလိမ့် မည်ဟု၊ မမျှော်လင့် ထားကြပေ။
“ မီးပင်လယ်က ငြိမ်သွားပြီ၊ မင်းမယုံ သေးရင် ...၊ ကိုယ်တိုင် ကြည့်လိုက်ပါ အစ်မကြီး ရှင်းယန်။ "
မီးပင်လယ် ငြိမ်သက် သွားသော အခါတွင် လူတိုင်း၏ အမြင်၌ လူရုပ် လေးရုပ် ထွက်ပေါ် လာသည်။
နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လူငယ်လေး တစ်ယောက်က၊ ငြိမ်သက်စွာ ရပ်နေ ခဲ့၏။
“ လင်းယွန် …။ ”
ရှင်းယန်က ဝမ်းသာ အားရ အော်ဟစ် လိုက်သည်။
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ "
စိတ်ခံစားမှု လွန်ကဲ သွားသောကြောင့်၊ ဘိုင်တင်းမှာ ဓားငှက် ပေါ်မှ ပြုတ်ကျ လုနီးပါး ယိမ်းယိုင် သွားသည်။
လင်းယွန်က အမှန်တကယ် အသက်ရှင် နေခဲ့ပြီး၊ သေဆုံးသွား သူမှာ ဂျင်းဖိန် ဖြစ်ပေသည်။
" တကယ်က လင်းယွန် ပဲ။ "
'' သူ မသေ သေးဘူး၊ သူက တစ်ယောက် ယောက် ကိုတောင် သတ်ပစ် နိုင်ခဲ့တယ် ... ဒါက ဘယ်လို ဘီလူး မျိုးလဲ။ ”
" ဓားနန်းတော်မှာ သူနဲ့ နှိုင်းယှဉ် နိုင်တာ ဆိုလို့ ဘိုင်လိရွှမ်ပဲ ရှိတော့မယ်။ "
“ သူက မရိုးရှင်း ပါဘူး၊ ဆယ့်ခုနစ် နှစ်ပဲ ရှိသေးတယ်။ ”
အကဲဖြတ် ဝေဖန် သံများ၊ ချက်ချင်း ဆူညံ လာသည်။
ဝမ်ယန်၏ မျက်နှာမှာ ရဲရဲနီ သွားပေ၏။ ထို့နောက် သူ့မျက်လုံး များတွင်၊ ဆုံးဖြတ်ချက် တစ်ခု ချလိုက် သကဲ့သို့၊ ကောက်ကျစ်သော အလင်းရောင်များ ဝင်းလက် သွားတော့သည်။
ကာကွယ်သူ မက်မွန်က လေးနက်သော အပြုံးကို ထုတ်ဖော် လိုက်၏။
သေဆုံးသွား သူမှာ ဂျင်းဖိန် ဖြစ်သော်လည်း၊ လင်းယွန်က နောက်ထပ် ပြိုင်ဘက် သုံးဦးနှင့်၊ ရင်ဆိုင် ရဦး မည်ကို၊ တွေ့ မြင် လိုက် ရသည်ကြောင့်၊ သူ သက်ပြင်းချ လိုက်မိသည်။
“ သူ မဆိုးဘူး။ ”
“ ပြုစုဖို့ ထိုက်တန် ပါတယ်။”
ဓားထမ်း အကြီးအကဲ များနှင့်၊ ခန်းမ သခင်များ၏ မျက်လုံး များတွင်၊ ကြေနပ်သော အသွင် အပြင်များ ဖြစ်ပေါ် လာကာ၊ ခေါင်းညိတ် ပြလာ ကြသည်။
ရှုံးနိမ့် နိုင်မည်ဟု ယူဆ ထားခဲ့သော လူငယ် လေးက၊ ကစားပွဲကို လှန်ကာ၊ တစ်စုံ တစ်ယောက်အား သတ်ပစ် နိုင်ခဲ့သည်။
ဓားသင်္ချိုင်းဂူ နယ်နိမိတ် အတွင်း၊ မီးပင်လယ်ကြီး ဖုံးလွှမ်း ထားကာ၊ အမြင် အာရုံ များကို ဝေဝါးစေ သော်လည်း၊ ဤတိုက်ပွဲမှာ မည်မျှ ထိတ်လန့်စရာ ကောင်းမည်ကို၊ အကြီးအကဲ များက စိတ်ကူး ကြည့်နိုင်သည်။
ဓား သင်္ချိုင်း ဂူတွင် တပည့် လေးဦးသာ ကျန်တော့ပြီး၊ ၎င်းတို့ အားလုံးတွင် ဒဏ်ရာ ရရှိ နေပေ၏။
လင်းယွန်၏ ဒဏ်ရာ များမှာ၊ အခြား သူများထက် ပိုမို ပြင်းထန် ပုံရသည်၊ သို့သော် ချွင်းဝူ၊ ချူဟောင်းယူနှင့်၊ ယီရှုတို့ မျက်နှာတွင်၊ နားမလည် နိုင်ခြင်း များဖြင့်၊ လင်းယွန်ကို စိုက်ကြည့် နေမိ၏။
လေးယောက်သား ဓားရိုးများ ပေါ်တွင် မတ်တပ်ရပ် နေလျက်မှ၊ တိုက်ပွဲဝင် စိတ်များ တောက်လောင် လာခဲ့သည်။
သူတို့၏ မူလ စွမ်းအင် များကို ခန္ဓာကိုယ် အတွင်း ဖြန့်ကျက် လိုက်သည်နှင့်၊ ဓားသင်္ချိုင်း ဂူအတွင်းရှိ လေထုမှာ တင်းကြပ်လာတော့၏။
ဂျင်းဖိန် အသတ် ခံရ ပြီးနောက်၊ မည်သူမျှ သတိ မမူဘဲ မနေဝံ့ ကြပေ။
မုန်တိုင်း မတိုက်ခင် ငြိမ်သက် နေခြင်းမျိုး ပေပင်။
ချူဟောင်းယူက လေးနက်သော အမူအရာဖြင့် ဓားကို ဆွဲကာ၊ တိုက်ခိုက်မှုအား စတင် လိုက်သည်။
ရုတ်တရက် စူးရှသော လေခွင်းသံ ထွက်ပေါ် လာပြီး၊ တစ်စုံ တစ်ခုသော အရာမှာ သူတို့ လေးယောက်ကြား မြေပြင်သို့၊ ဆင်းသက် လာသည်ကြောင့်၊ ချူဟောင်းယူက ရပ်တန့် လိုက်ရ၏။
ထိုတစ်စုံ တစ်ရာ ဆင်းသက် လာသော အခါတွင်၊ ဓားသင်္ချိုင်း တောင်ကုန်းကြီး တစ်ခုလုံး တုန်လှုပ် သွားသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော 'ရူရ်' များဖြင့်၊ ဖွဲ့စည်း ထားသော ရှေးဟောင်း 'စစ်ပွဲ အလံ'၊ တစ်လက် ဖြစ်လေသည်။
“ ဒါက …”
သူတို့ လေးယောက် အံ့သြ နေစဉ် မှာပင်၊ စောင့်ကြည့်ရေး စင်မြင့် ပေါ်ရှိ၊ ကာကွယ်သူ မက်မွန်၏ အသံ ထွက်ပေါ် လာ၏။
" ဒါက အဆင့်မြင့် 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ပဲ၊ ဒီအလံကို ကိုင်ဆောင် နိုင်တဲ့ သူက မဟာမိတ် ပြည်ထောင်စု တိုက်ပွဲကို အနိုင် ရမယ်။”
မီးပင်လယ်က ' ကြက်သွေး မီးလျှံ စစ်ပွဲ အလံ ငယ်' ပေါ်တွင်၊ ကူးစက် တောက်လောင် လာပြီး၊ ၎င်းပေါ်ရှိ ဝိညာဉ်ရေး လှိုင်းများကို၊ မှိန်ဖျော့စွာ ထွက်ပေါ် လာစေ၏။ တစ်ချိန်တည်း မှာပင် လေးယောက်သား တုန်လှုပ် သွားကြသည်။
"စကြာဝဠာ လက်ရာ စစ်ပွဲ အလံငယ် လား။ "
'စစ်ပွဲ အလံငယ်' ကို၊ ရယူနိုင် သူသည် ချန်ပီယံ ဖြစ်လာ မည်ဟု ဆိုလိုခြင်း ပေပင်။ ဤသို့ ဆိုလျှင် အချင်းချင်း ဖယ်ထုတ် စရာ မလို တော့ပေ။
မီးတောက် လောင်နေသော 'စစ်ပွဲ အလံငယ် ' ကို၊ ပြန်စိုက် ကြည့်လိုက် ကြသည်။
နောက်ဆုံးတွင် သူတို့၏ နှလုံးသား ထဲရှိ၊ တိုက်ပွဲ ဝင်လိုသော ဆန္ဒ များကို၊ ထိန်းချုပ် နိုင်စွမ်းများ ဆုံးရှုံးသွား ကြသည်။
သူတို့ လေးယောက် အတွင်းမှ၊ စူးစူး ဝါးဝါး မြည်ဟီး လာသော ဓားအော်သံ တစ်သံ၊ ထွက်ပေါ်လာကာ၊ မြေပြင်ရှိ ဓားများကို ယိမ်းထိုး သွားစေ တော့သည်။
***