← Chapters

အပြင်းထန်ဆုံး ထိပ်တိုက်ရင်ဆိုင်မှု။

Vol. 23 Ch. 313

အပြင်းထန်ဆုံး ထိပ်တိုက်ရင်ဆိုင်မှု။

Vol. 23 Ch. 313

မီးတောက် လောင်နေသော 'စစ်ပွဲ အလံငယ်' ကို၊ ကြည့်ကာ ထိန်းချုပ် နိုင်စွမ်းများ ဆုံးရှုံး သွားခဲ့ ကြသည်။

သူတို့ လေးယောက် ထံမှ၊ စူးစူး ဝါးဝါး မြည်ဟီး လာသော ဓားအော် သံများ၊ ထွက်ပေါ် လာကာ၊ မြေပြင်ရှိ ဓားများကို ယိမ်းထိုး သွားစေ တော့သည်။

ဓား ရည်ရွယ်ချက် များ လှိုင်းထလာ ပြီးနောက်၊ ရှေးဟောင်း ဓားများကို လိုက်ပါ အော်မြည် လာစေ၏။

ရာပေါင်း များစွာသော ဓား ရည်ရွယ်ချက် များကြောင့်၊ ဓားသင်္ချိုင်း တောင်ကုန်း တစ်ခုလုံး တုန်လှုပ် သွားသည်။

“ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း— ရွှေကျီးကန်း တောင်ပံ။ ”

“ တိမ်ယံ ခြေလှမ်းများ— ကောင်းကင် ဘုံသို့ တက်လှမ်းခြင်း။ ”

“ ကြယ်မီးလျှံ နည်းစနစ်— ကြယ်ခူးသော ခြေလှမ်း။ ”

" ရွှေရောင်မိုးကြိုးများ- ကြယ်တာရာ ပျံသန်းရာ လမ်း။ "

လင်းယွန်က ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ သူ့လက် များကို ခွဲထုတ်ကာ၊ ပျံသန်း လိုက်၏ ။

တစ်ချိန်တည်း မှာပင်၊ ခြေဖျားကို ညင်သာစွာ ပုတ်လိုက်ပြီး၊ နောက်ဆက်တွဲ ပုံရိပ် အချို့ ချန်ရစ် ခဲ့ကာ၊ ချူဟောင်းယူက လေထဲသို့ ချက်ချင်း ခုန်တက် လိုက်၏။

အလားတူပင်၊ မီးတောက် နေသော ကြယ်အလင်း များကို ထုတ်လွှတ် လိုက်ပြီးနောက်၊ ချွင်းဝူက ခုန်လွှား သွားသည်။

ယီရှု မှာမူ ရွှေရောင် လျှပ်စီး ကဲ့သို့၊ ရုတ်တရက် ပျောက်ကွယ် သွား၏။

'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ဆီသို့၊ ပုံရိပ် လေးရိပ် ပြေးဝင် သွားတော့သည်။ ၎င်းတို့ လေးဦး ထံမှ၊ မူလ စွမ်းအင်များ လှိုင်းထ လာသည်။

ရွေ့လျားမှု နည်းစနစ် များထဲတွင် လင်းယွန်မှာ၊ အားသာချက် ရှိပြီး 'စစ်ပွဲ အလံငယ်' ကို၊ ပထမဆုံး ဖမ်းဆုပ် သွားနိုင် ခဲ့သည်။

သို့သော် ကျန်သုံးယောက် သည်လည်း၊ နှေးကွေးခြင်း မရှိပေ။ လင်းယွန်က စစ်ပွဲ အလံငယ်ကို ကိုင်လိုက်သော အခါတွင်၊ ချူဟောင်းယူ၊ ချွင်းဝူနှင့် ယီရှု တို့မှာ ဆင်းလာပြီး၊ လှမ်းကိုင် လိုက်၏။

လင်းယွန်က 'စစ်ပွဲ အလံငယ်'ကို၊ ဦးစွာ ဆွဲထုတ် လိုက်သည်နှင့်၊ အလံငယ် ထံမှ လောင်ကျွမ်း လာသော အပူ ရှိန်ကို ခံစား လိုက်ရ လေသည်။

ချူဟောင်းယူ၊ ချွင်းဝူနှင့် ယီရှု တို့က အလံငယ်ကို လွတ်သွားသော အခါတွင်၊ ဓားများကို ချက်ချင်း ဆွဲထုတ်လိုက် ကြသည်။

" အထွတ် အထိပ် တိမ်တိုက်။ "

“ တောက်လောင် နေသော နေမင်း။ ''

“ ထာဝရ ရွှေရောင် အလင်း။ ”

သုံးယောက်သား လင်းယွန်အား မဆိုင်း မတွ ခုတ်ပိုင်း လိုက်သည်။ ချူဟောင်းယူ၏ ဓား ရည်ရွယ်ချက်က၊ အဆုံး မရှိသော တိမ်ပင်လယ် နှင့်အတူ၊ အထွတ် အထိပ်သို့ မြင့်တက် လာသည်။

သူ့ လက်ထဲတွင်၊ အပြည့်အ၀ ဆုပ်ကိုင် ထားနိုင်သော၊ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' သည်၊ လွှမ်းမိုး ချုပ်ကိုင် လိုသော အရှိန် အဝါများ၊ ပြသ လာတော့၏။

တစ်ဖက်တွင် ချွင်းဝူက မီးလျှံများ တောက်လောင်နေသော ဓားကြီးနှင့် ပြေးဝင် လာသည်။

ယီရှုက 'ရွှေရောင် မိုးကြိုး ခန္ဓာကိုယ်' ကို ထုတ်ဖော်လျက်၊ လျှပ်စီး မိုးကြိုးများ လင်းလက် နေသော ဓားဖြင့်၊ သတ်ဖြတ် လိုသော ဆန္ဒများ ထုတ်ဖော် ပြသကာ၊ ခုတ်ပိုင်း လိုက်ပြန်သည်။

ဤတစ်ကြိမ် တိုက်ခိုက် မှုများ အရ၊ ချူဟောင်းယူတို့ သုံးယောက်မှာ၊ တိုက်ပွဲ တစ်လျှောက် လုံး၌၊ သူတို့၏ ခွန်အား များကို ထိန်ချန် ထားကြ ကြောင်း၊ သိရှိလိုက် ကြလေသည်။

ယခုမူ လင်းယွန်က 'ကြက်သွေး မီးလျှံ အလံငယ်'ကို၊ ရယူ လိုက်သောကြောင့်၊ မည်သည့် အရာ ကိုမျှ၊ သိုဝှက်ခြင်း မပြု လိုတော့ဘဲ၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို၊ ထုတ်ဖေါ် လာကြ ကုန်သည်။

ရှေးဟောင်း ဓားရှည် များက၊ အချိန် မရွေး မြေပြင်မှ ထွက်ခွာ သွားတော့မည် ကဲ့သို့၊ တုန်ခါ လာ၏။

“ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ …”

“လင်းယွန်က 'စစ်ပွဲ အလံငယ်' ကို မယူ သင့်ဘူး၊ ခုတော့ ...၊ သူတို့ သုံးယောက်ရဲ့ ဘုံရန်သူ ဖြစ်သွားပြီ။ ”

" မှန်တယ်၊ နောက်ဆုံး ရပ်တည် နိုင်တဲ့ သူကသာ၊ အနိုင် ရရှိ သူပဲ၊ အလံငယ်ကို ပထမဆုံး ရယူ နိုင်ရုံနဲ့၊ အနိုင်ရ တယ်လို့ မဆိုလို ပါဘူး၊ ခုတော့ အဲဒီ အတွက် ဘယ်သူ မဆို၊ သူ့ကို တိုက်ခိုက်လာ တော့မယ်။ ”

“ စစ်ပွဲ အလံငယ်ကို စွန့်လွှတ် သင့်တယ်၊ စကြာဝဋ္ဌာ လက်ရာ တစ်ခုကို၊ အသုံး ပြုဖို့ ဆိုတာ ချက်ချင်း သန့်စင် နိုင်တဲ့၊ အရာ မဟုတ်ဘူး။ ''

ကမ္ဘာ မြေကြီး တုန်လှုပ်သွား သည်ကို၊ သတိ ပြုမိ သွားသော အခါ၊ ရပ်ကြည့် နေသူ များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။

လင်းယွန် ပင်လျှင် လေးနက်သော အမူ အရာကို ထုတ်ဖော် ထား၏။ ဤအထက် တန်းစား သုံးဦးမှာ၊ ဂိုဏ်း၏ ဘီလူးများ ဖြစ်သည်။ ပေါ့ပေါ့ ဆဆ ဆက်ဆံ မိပါက၊ သည်နေ့ သူ သေရ ပေမည်။

သူတို့ သုံးယောက်နှင့် ရင်ဆိုင် ရာတွင်၊ သူ့၌ နိုင်ခြေ အများကြီး မရှိ သော်လည်း၊ လက်လျှော့ ရန်မူ ဆန္ဒ မရှိ သေးပေ။

ထိုအတွေး နှင့်အတူ တိုက်ပွဲဝင် စိတ်များ နှိုးထ လာပြီး၊ 'ကြက်သွေးရောင် စစ်ပွဲ အလံငယ်' ကို၊ နောက်ကျော၌ ကပ်ချည် လိုက်၏။

သူ့ မျက်လုံး များတွင် တဟုန်းဟုန်း တောက်လောင် လာသော ဓား ရည်ရွယ်ချက် ဖြင့်၊ တိုးဝင် လာသော တိုက်ခိုက်မှု သုံးခုကို၊ စူးစိုက် ကြည့်လိုက်၏။

သူ့ မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ် မျှပင် မရှိခြေ။

ဆန့်ကျင်ဘက် အနေနှင့် သူ့ သွေးများ ဆူပွက် လာ၏။ 'ထာဝရ နတ်ဘုရား တံဆိပ်'နှင့်၊ 'နတ်ဆိုး အမြတ်ပြတ် သုတ်သင်ခြင်း တံဆိပ်' တို့ကို ပေါင်းစပ်ကာ၊ 'မိုးကြိုး သုတ်သင်ခြင်း တံဆိပ်'အား၊ ဖွဲ့စည်း လိုက်သည်။

ရွှေရောင် အလင်းတန်း တစ်စနှင့်၊ အကန့် အသတ်မဲ့ ဓား ရည်ရွယ်ချက် တို့က၊ လွှမ်းမိုး နိုင်လွန်းသော စွမ်းအင် ဓားကြီး တစ်လက် အဖြစ်၊ ထွက်ပေါ် လာ၏။

ဤဓားနှင့် မည်သည့် အရာ ကိုမျှ ကြောက်ရွံ့ နေစရာ မရှိပေ။ နတ်ဆိုး တစ်ကောင် ရပ်နေ ခဲ့လျှင်ပင်၊ ဓားဖြင့် အနိုင်ယူ နိုင်ပေ လိမ့်မည်။

" ဒါ မိုးကြိုး သုတ်သင်ခြင်း တံဆိပ်လား။ "

“ တကယ်ပဲ မိုးကြိုး သုတ်သင်ခြင်း တံဆိပ်လား၊ အိုး ရှစ်ထ် .... သန့်ရှင်း လိုက်တာ၊ တံဆိပ် တွေကို ပေါင်းစပ် နိုင်ရုံသာ မကဘူး၊ သူ့ရဲ့ ဓား ရည်ရွယ်ချက် ကိုပါ၊ တံဆိပ်ထဲ အပြည့် အ၀ ထည့်သွင်း ထားတာပဲ။ ”

" ဒါ မယုံနိုင် စရာပဲ၊ ကျားနဂါး လက်သီး ဆိုတာက၊ ဗုဒ္ဓရဲ့ ထိုးထွင်း သိမြင် အပေါ် အခြေခံ ထားတဲ့ နည်းစနစ် ဟုတ်လား ...၊ သူက ဗုဒ္ဓ ဘာသာဝင် မဟုတ်ဘဲ၊ ဒါကို ဘယ်လို နားလည် နိုင်ရ တာလဲ။ "

၎င်းတံဆိပ်သည် 'ဗုဒ္ဓ တာအို' အစား၊ 'ဓား တာအို' ကို၊ ပြောင်းလဲ ပေါင်းစပ် ထားသော၊ တံဆိပ် တစ်ခု ဖြစ်ပေသည်။

မူလ တံဆိပ်မှာ 'မိုးကြိုး သုတ်သင်ခြင်း တံဆိပ်'ဟု ခေါ်တွင်ပြီး၊ လင်းယွန် လက်၌၊ 'မူကွဲ တံဆိပ်' တစ်ခု ဖြစ်လာ ခဲ့သည်။

( ယီလျူလွင်နှင့် တိုက်ခိုက် ခဲ့သော တံဆိပ်မှာ၊ 'နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်' ကို၊ ဓား ရည်ရွယ်ချက်ဖြင့် အသွင်ပြောင်း ထားသော၊ 'နတ်ဆိုး သုတ်သင်ခြင်း ဓား' ဖြစ်၏။ )

တံဆိပ်ကို ထုတ်ဖော်ကာ၊ လက်သီးဖြင့် ထိုးချ လိုက်၏။ နဂါး ဟောက်သံနှင့် ကျား ဟောက်သံများ ထွက်ပေါ် လာပြီး၊ ကြီးမြတ်သော အရှိန် အဝါကြီး တစ်ခု၊ ပြိုကျ လာလေသည်။

" ချိုး ....။ "

လင်းယွန်က ဟောက် လိုက်သည်။ မိုးကြိုးသုတ်သင်ခြင်း တံဆိပ်က၊ ချူဟောင်းယူ ဖန်တီး ထားသော တိမ်ပင်လယ် ပေါ်သို့၊ ကျရောက် သွား၏။

'' ဘန်း ....... ''

ပေါက်ကွဲ သံများက ဓား သင်္ချိုင်း တောင်ကုန်း တစ်လျှောက် တုန်ခါ သွားကာ၊ စက္ကန့် ပိုင်းမျှ အကြာတွင် ချူဟောင်းယူ၏ မျက်နှာမှာ မည်းမှောင်လျက်၊ နောက်ဆုတ် သွား၏။

လင်းယွန်က ထိုမျှနှင့် မရပ် ခဲ့ဘဲ၊ 'ဒရာကိုဖီ ခန္ဓာ ကိုယ်' ကို၊ ကန့်သတ် ချက်များ အထိ၊ တွန်းပို့ လိုက်၏၊ သူ့အရိုး များမှ ထွက်ပေါ် လာသော မြည်သံများ နှင့်အတူ၊ အရှိန် အဝါမှာ ထပ်မံ မြင့်တက်လာ ပြန်သည်။

သူ၏ ခန္ဓာ ကိုယ်သည်၊ စွမ်းအားများ ပြည့်နှက် နေသော ရှေးဟောင်း သားရဲ တစ်ကောင် ကဲ့သို့၊ အရွယ် အစား ကြီးမား လာ၏။

ဘယ်ဘက် လက်တွင် နဂါး တစ်ကောင်နှင့်၊ ညာဘက် လက်၌ ကျား တစ်ကောင် ထွက်ပေါ်လာ ပြီးနောက်၊

'' ကျား-နဂါး လက်သီး။ ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား။ ''

အော်ဟစ် ကြုံးဝါးလျက်၊ ချွင်းဝူနှင့် ယီရှု၏ ဓားရှည် များကို၊ ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

ကျားသည် ချွင်းဝူ၏ ဓားနှင့် ထိပြီးနောက်၊ ချွင်းဝူအား နာကျင်စွာ ညည်းတွား သွားစေကာ၊ ခြေလှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်ရန် တွန်းအား ပေးခံ လိုက်ရသည်။

ထို့အတွက်ကြောင့် လင်းယွန်၏ ဘယ်ဘက်ရှိ ခွန်အား များက လျော့နည်း သွားကာ၊ ယီရှုနှင့် ရင်ဆိုင် လိုက်ရသော အခါ၊ နောက်သို့ တွန်းမထုတ် နိုင်ခဲ့ တော့ပေ။

စွမ်းအင် နဂါးကြီး ကြောင့်၊ ယီရှုက တုန့်ခနဲ ရပ်လိုက် ရ၏၊ သို့သော် ချက်ချင်းပင် ရှေ့သို့ ဆက်လက် တိုးဝင်ကာ၊ တိုက်ခိုက် ခါနီးတွင်၊ လင်းယွန်က ကောင်းကင်ပေါ်၊ ခုန်တက် သွားလိုက်ပြီး၊

" ယီရှု ... ငါ့ဆီက လက်သီးကို ယူစမ်း။ "

ဤတစ်ကြိမ်တွင် လင်းယွန်က 'ပန်းချီ နဂါး' ကို၊ ကွပ်မျက် ခဲ့သည်။ နက်ပြာရောင် မြူများ နှင့်တူသော ရောင်ဝါ တစ်ခုသည်၊ လင်းယွန်တစ်ဝိုက်တွင် စုစည်း သွားကာ၊ နဂါး တစ်ကောင် အဖြစ်၊ ထွက်ပေါ် လာ၏။

" မင်းကို ကြောက်လိမ့်မယ် ထင်နေလား။ "

ယီရှု၏ မျက်လုံးများ တောက်ပ လာသည်။ ဓားရှည်ကို ပြန်ရုတ် သိမ်းလိုက်ပြီး၊ ရွှေရောင်ခန္ဓာ အတွင်း၌၊ မူလ စွမ်းအင်များ စုရုံး လိုက်၏။

၎င်းသည် အကန့် အသတ် အထိ၊ တွန်းပို့ ထားသော 'ရွှေရောင် မိုးကြိုး တံဆိပ်' ဖြစ်သည်။

သူက ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိဘဲ၊ လက်သီးကို ဆုပ်ကာ၊ ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

လက်သီး နှစ်လုံး တိုက်မိ ရာမှ၊ လူတိုင်း၏ နားထဲတွင်၊ ပဲ့တင် ထပ်စေသော ပေါက်ကွဲ သံကြီး ထွက်ပေါ် လာသည်။

တဟုန်းဟုန်း တောက်လောင် နေသော ဓားရည်ရွယ်ချက် များ၏ စေ့ဆော်မှု များကြောင့်၊ မြေပြင်ရှိ ရှေးဟောင်း ဓားရှည် များမှာ၊ သူတို့၏ ဆန္ဒ များကို မထိန်းနိုင် တော့ဘဲ၊ ကောင်းကင် ပေါ်သို့ ပျံတက် သွားကြ လေသည်။

သူတို့ နှစ်ဦး၏ ဤတစ်ကြိမ် ဖလှယ်မှုတွင်၊ လက်ရည်တူ ဖြစ်ခဲ့ ကြသော်လည်း၊ ယီရှုမှာ သူ့ ခွန်အားကို အကုန် အစင်၊ အသုံးပြု ထားခဲ့သည်။

လင်းယွန်မှာမူ ခွန်အား အချို့ကို ချန်လှပ် ထားနိုင်ဆဲ ဖြစ်၏။ ထို့နောက် ယီရှု၏ လက်သီး များကို ထပ်မံ ရင်ဆိုင်ရန်၊ ဓား ရည်ရွယ်ချက်၊ မူလ စွမ်းအင်နှင့် ပြင်းထန်သော စွမ်းအင် တို့ကို ပေါင်းစပ် လိုက်သည်။

ပန်းချီကား တစ်ချပ်လို ကြီးထွား လာသော၊ လေထု ထဲရှိ နဂါးကြီးက၊ ပေါက်ကွဲ သွား ခဲ့၏။

ပန်းချီကား ပေါက်ကွဲ မှုကြောင့်၊ စွမ်းအင် လှိုင်းများ ထိမှန် ခံရသော ယီရှုမှာ၊ နောက်ဆုံးတွင် တောင့်မခံ နိုင်တော့ဘဲ၊ ပါးစပ်၌ သွေးများ စီးကျလျက်၊ လွင့်စင် သွားတော့သည်။

" လွင့်မျော နေသော တိမ်။ "

“ နေမင်းရဲ့ အလင်း။ ”

တိုက်ပွဲမှာ လျင်မြန်စွာ ဖြစ်ပျက်နေ ခဲ့ပြီး၊ ယီရှု လွင့်စင် သွားချိန်တွင်၊ ချူဟောင်းယူနှင့် ချွင်းဝူ တို့က ဓားများဖြင့်၊ တိုးဝင် တိုက်ခိုက် လာပြန်သည်။

သို့သော် လင်းယွန်က သူရပ် နေသော ဓားရိုးကို၊ ခြေဖျားဖြင့် ညင်သာစွာ ပုတ်လိုက်သည်။ ချက်ချင်းပင် အလင်းတန်း အသွင် ပြောင်းသွားကာ၊ သူတို့၏ တိုက်ခိုက်မှု များကို၊ ရှောင်တိမ်း လိုက်၏။

သူတို့ နှစ်ယောက်က လင်းယွန်ကို အသက် ရှုရန် အချိန် မပေးလို ဟန်ဖြင့်၊ ထပ်ချပ် မခွာ လိုက်လံ တိုက်ခိုက် လိုက်ကြ တော့သည်။

မြေပြင်ပေါ်သို့ မဆင်းသက် နိုင်ခင် မှာပင်၊ ဓားနှစ်လက်က တိုးဝင် လာသည်ကြောင့်၊ 'မိုးကြိုး သုတ်သင်ခြင်း တံဆိပ်' ၏၊ အကြွင်း အကျန် စွမ်းအင် များကို၊ ပစ်ထုတ်ကာ ခုခံ လိုက်ရ၏။

ဆယ်ကြိမ်ခန့် ဖလှယ် ပြီးသည့် အချိန်တွင်၊ ရွှေရောင် အရိပ် တစ်ရိပ်က၊ တိုက်ပွဲ အတွင်းသို့၊ ခုန်ဝင် သွားသည်။

ချူဟောင်းယူနှင့် ချွင်းဝူ တို့ကို၊ ရင်ဆိုင် နေရသော လင်းယွန်မှာ၊ အာရုံ ထွေပြားချိန် မရှိဘဲ၊ ယီရှုကို တစ်ချက် မော့ကြည့် လိုက်သည်။

" လင်းယွန် ငါ့ လက်သီးကို ယူစမ်း ။ "

" ထွက် သွား ......"

ကောင်းကင်မှ လက်သီး တစ်လုံးဖြင့်၊ ခုန်ဆင်း လာသော ယီရှုကို လှမ်းကြည့်ကာ၊ လင်းယွန်က ဟိန်းဟောက် လိုက်သည်။

သူ့မျက်လုံး များတွင် သွေးနီ ရောင်များ ဖုံးလွှမ်း လာပြီး၊ 'ခရမ်းရောင် ဓား တံဆိပ်' တစ်ခုကို၊ ဖွဲ့စည်း လိုက်၏။

ထို့နောက်တွင် 'နတ်ဘုရား ပုံရိပ်ယောင် ဓား'၏၊ 'အထွတ် အထိပ် ခွန်အား -အကြွင်းမဲ့ ထိမှန်ခြင်း' အား၊ အသုံးပြု လိုက်လေသည်။

'ခရမ်းရောင်ဓား တံဆိပ်'က၊ လက်ချောင်း များမှ တစ်ဆင့်၊ လျင်မြန်စွာ ပြေးထွက် သွား ပြီးနောက်၊ ယီရှုကို ထိမှန် သွားသည်။

လေထဲ ၌ပင် ယီရှုမှာ၊ နောက်တစ်ကြိမ် အဝေးသို့၊ လွင့်စင်သွား ပြန်၏။

'ရွှေရောင် မိုးကြိုး ခန္ဓာ ကိုယ်' ၏၊ ခုခံ နိုင်စွမ်း ကြောင့်သာ မဟုတ် ပါက၊ 'ခရမ်းရောင် စွမ်းအင် ဓား' မှာ၊ သူ့ကို ထိုးဖောက် သွားပြီး ဖြစ်ပေ လိမ့်မည်။

" သေ စမ်း။ "

ချူဟောင်းယူနှင့် ချွင်းဝူ တို့က၊ အာရုံ ပျံ့လွင့် နေသော လင်းယွန်ကို အခွင့်ကောင်း ယူကာ၊ ဓားများဖြင့် ရင်ဘတ်ထဲ ထိုးသွင်း လိုက် ကြသည်။

'' အွတ်....... ''

ပါးစပ်မှ သွေးတစ်လုတ် အန်ချ လိုက်ပြီး၊ တိုးဝင် လာသော ဓား နှစ်လက်ကို၊ လျစ်လျူရှု ထား လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ မျက်လုံးများ ထဲ၌၊ စူးရှသော အလင်းတန်း တစ်စ တောက်ပ လာပြီး၊

" မင်းတို့မှာ ငါ့ကို သတ်နိုင်တဲ့ အရည် အချင်း မရှိဘူး။ "

သူတို့၏ ဓား ရည်ရွယ်ချက် များကို၊ လင်းယွန် ရင်ဘက် ထဲသို့၊ ပို့မလွှတ် နိုင်မီတွင်၊ ခရမ်းရောင် မူလ စွမ်းအင်များ ပြည့်နှက် နေသော လက်သီး များက၊ လျှပ်စီးလက် သလို ရွာကျ လာ၏။

အသီးသီးသော ဓားနှစ်လက်ကို ကိုင်ဆွဲလျက်၊ ချွင်းဝူနှင့် ချူဟောင်းယူမှာ အဝေးသို့၊ လွင့်စင် သွားသည်။ လင်းယွန်၏ ရင်ဘက် နေရာရှိ၊ ထိုးသွင်း ဒဏ်ရာ နှစ်ခု မှသည်၊ သွေးနှစ်စင်း ပန်းထွက် လာတော့၏။

“ လာ မယ် ။ ”

ချူဟောင်းယူနှင့် ချွင်းဝူ တို့က၊ ထိုအခွင့် အရေးကို လက်မလွှတ် ချင်ခဲ့ဘဲ၊ နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ရန် ပြေးဝင် လာကြ ပြန်သည်။

" ထာဝရ တိမ်တိုက်။ "

“ မီးတောက် နေတဲ့ တိမ်။ ”

နောက် တစ်ကြိမ် တိုက်ခိုက်ရန် ပြေးဝင် လာသည့်၊ ချူဟောင်းယူတို့ နှစ်ယောက်ကို ကြည့်ကာ၊ ပရိတ်သတ် များက၊ ထိတ်လန့် သွားသည်။

လင်းယွန်မှာ ဒဏ်ရာများ ရနေ ပြီမို့၊ နိုင်ခြေမှာ တဖြည်းဖြည်း လျော့ကျ လာပေပြီ။

'' အ ဟွတ် ......ဟွတ်။ ''

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာပြီး၊ သွေးချောင်းများ အဆက် မပြတ် ဆိုးလိုက် လာသည်။

သို့သော် သူ့၌ လွမ်းဆွတ် နေရန် အချိန် မရှိခြေ၊ ဓားရိုးပေါ် စောင့်နင်းကာ၊ ဓား နှစ်လက်ကို၊ ပြေးလွှား ရှောင်တိမ်း လိုက်ရသည်။

သူတို့ ကြားက အကွာ အဝေးကို၊ အဆက် မပြတ် ထိန်းထား ခဲ့ပြီး၊ ဓားသေတ္တာ ထဲရှိ ပန်းသင်္ချိုင်း ဓားကို ဆွဲယူ လိုက်သည်။

ပန်းသင်္ချိုင်း ဓားနှင့် အတူ၊ ကြက်သွေးရောင် နှင်းဆီ ပွင့်ချပ်များ ထွက်ပေါ် လာပြီး၊ ပတ်ဝန်းကျင်အား ဖုံးလွှမ်း သွားသည်။

ထိုပွင့်ချပ် များဖြင့် သိုင်းခြုံ ခံလိုက် ရသော လင်းယွန်၏ ပုံရိပ်မှာ၊ အိမ်မက် ကမ္ဘာထဲ ရောက်ရှိ သွား သကဲ့သို့၊ မှော်ဆန်သော အငွေ့ အသက်များ ပေးစွမ်း လာလေသည်။

ရုတ်တရက် ပြောင်းလဲ သွားသော ရှိန်အဝါနှင့်၊ မြင်ကွင်း များကြောင့်၊ ချူဟောင်းယူနှင့် ချွင်းဝူကို အံ့သြ သွားစေ ခဲ့သည်။

သို့သော် မည်မျှပင် မှော်ဆန် စေကာမူ၊ ဤလင်းယွန်၌ နောက်ဆုတ်ရန် နည်းလမ်း မရှိပေ။

သူတို့၏ တိုက်ခိုက်မှု များကို၊ ထိပ်တိုက် ရင်ဆိုင် ခြင်းဖြင့်သာ၊ ဖြေရှင်း နိုင်ပေမည်။

ကံမကောင်းစွာ ဖြင့်ပင်၊ သည်တစ်ကြိမ် ချူဟောင်းယူနှင့်၊ သူက အပြင်းထန် ဆုံးသော တိုက်ခိုက် မှုကို၊ စတင် အသုံးပြု လိုက်ပြီ၊ ဖြစ်လေသည်။

သိပ်သည်းသော ဓား ရည်ရွယ်ချက် နှစ်ခုဖြင့်၊ ပစ်မှတ်ထား ခံရသော အချိန်တွင်၊ လင်းယွန်ထံမှ ကြီးစိုး နိုင်လွန်းသော၊ အရှိန်အဝါ တစ်ခု ထွက်ပေါ် လာတော့သည်။

ဘိုင်တင်းက ကောင်းကင်ယံ ထက်မှ၊ ထိုအရှိန်အဝါကို မြင်လိုက် ရသော အခါတွင်၊ နှလုံး ခုန်မြန် သွား၏။

အဆုံး စွန်ထိ တွန်းပို့ ခံနေရ သော်လည်း၊ လင်းယွန်က အမှန် တကယ် ပြန်လည် ခုခံနိုင် လိမ့်မည်ဟု၊ မထင်ထား သောကြောင့်၊ သူ ကျိန်ဆဲ ရုံသာ တက်နိုင် လေသည် ။

" ကျွမ်းကျင်မှု နည်းလွန်းတဲ့ 'သခင့်ဓား' က၊ ပြီးပြည့်စုံတဲ့ အဆင့်မှာ ရှိတဲ့ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား'ကို၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ''

– ဟု လှောင်ပြောင် ရေရွတ် လိုက်လေသည်။

***

All Chapters