← Chapters

တုနှိုင်းမဲ့။

Vol. 23 Ch. 314

တုနှိုင်းမဲ့။

Vol. 23 Ch. 314

ဘိုင်တင်းက ကောင်းကင်ယံ ထက်မှ၊ ထိုမြင်ကွင်း ကြောင့်၊ နှလုံး ခုန်မြန် သွား၏။

" ကျွမ်းကျင်မှု နည်းလွန်းတဲ့ 'သခင့်ဓား' က၊ ပြီးပြည့် စုံတဲ့ အဆင့်မှာ ရှိတဲ့ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား'ကို၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ''

– ဟု လှောင်ပြောင် ရေရွတ် လိုက်လေသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန် ထံမှ၊ အကန့် အသတ် မရှိ၊ လွှမ်းမိုး ချုပ်ကိုင် လိုသော၊ အရှိန်အဝါ တစ်ခု ထွက်ပေါ် လာလေပြီ ။

သခင့်ဓားကို တားမြစ် နည်းစနစ် တစ်ခု အဖြစ် လူသိ များလှပြီး၊ လင်းယွန်က ချွင်းဝူနှင့် ချူဟောင်းယူ တို့ကို ရင်ဆိုင်ရန်၊ ၎င်းအား အသုံးပြု လိုခဲ့သည်။

ချူဟောင်းယူနှင့် ချွင်းဝူ တို့၏ တိုက်ခိုက်မှု များမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ သာမန် ဆဋ္ဌမ အဆင့် တပည့် တစ်ဦးပင်၊ ချက်ခြင်း အသတ် ဆုံးရှုံး သွားမည် ဖြစ်သည်။

'တိမ်းမြူ ကင်းသော အာရုဏ်ဦး ဓား' မှာ၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှု၌ ရှိနေ၏။ ဆိုလို သည်မှာ ဤနည်းစနစ်ကို ထုတ်ဖော် ရာတွင်၊ အားနည်းချက် မရှိ တော့ဟု ဆိုလိုသည်။

ချူဟောင်းယူ၏ တိုက်ခိုက် မှုကို မြင်သော အခါ၊ အကြီးအကဲ များစွာက၊ ချီးမွမ်း စကားများ ဆိုလိုက် ကြသည်။

အခြား တစ်ဖက်တွင် ချွင်းဝူ၏ 'တိမ်လွှာ မီးလျှံဓား' သည်၊ 'အလယ် အလတ် ကျွမ်းကျင်မှု' ၌သာ၊ ရှိသေး သော်လည်း၊ ၎င်းမှာ ဝိညာဉ် အဆင့် သိုင်း နည်းစနစ် တစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။

'တိမ် မီးတောက်' နည်းစနစ်ဖြင့်၊ 'တိမ်လွှာ မီးလျှံဓား'ကို ပံ့ပိုးခဲ့ ပြီးနောက်၊ သူ၏ တိုက်ခိုက် မှုများမှာ အဆင့်သစ် တစ်ခုသို့၊ ရောက်ရှိ သွား၏။

ချူဟောင်းယူနှင့် ချွင်းဝူ တို့က၊ တစ်ပြိုင် နက်တည်း တိုးဝင် လာသောကြောင့်၊ လင်းယွန်မှာ တိုက်ခိုက်မှု နှစ်ခု လုံးကို၊ ဖြေရှင်း နိုင်လိမ့် မည်ဟု၊ မည်သူမျှ အကောင်းမြင် စိတ် မရှိပေ။

သို့သော် ပန်းသင်္ချိုင်း ဓားကို ထုတ်ယူ လိုက်သည်နှင့်၊ ကြည့်ရှု နေသူ များမှာ၊ ရုတ်တရက် အမြင်များ ပြောင်းလဲ သွားတော့သည်။

" ဒါ သခင့်ဓားပဲ။ "

" ဒါပေမယ့် သူ လုပ်မှာလား။ "

" သခင့်ဓားက ကျား-နဂါး လက်သီး ထက်တောင် ပို အားကောင်းတယ်။ "

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ တပည့်များ အတွက်၊ ကျား- နဂါး လက်သီး မှာ၊ အထူး ခံစားချက် များရှိ သကဲ့သို့၊ ဓားနန်းတော်၏ တပည့်များ သည်လည်း၊ သခင့်ဓား ပေါ်တွင် မြင့်မားသော ခံစား ချက်များ ရှိပေသည်။

သခင့်ဓားသည် လွန်ခဲ့သော နှစ် ရာပေါင်း များစွာ အတွင်း၊ မည်သူမျှ လေ့ကျင့် အောင်မြင် နိုင်ခြင်း၊ မရှိသော နည်းစနစ် ဖြစ်သည်။

သခင့်ဓားကို လေ့ကျင့်ရန် ကြိုးစား ခြင်းဖြင့်၊ ကျင့်ကြံမှု၌ ဒဏ်ပြန် ခံရ ပေမည်။

သို့သော် လင်းယွန်သည် ထိုနှစ်များ အတွင်း၊ တစ်ဦး တည်းသော အောင်မြင်သူ ဖြစ်၏။

ယီလျူယွင်ကို ၎င်း နည်းစနစ်နှင့် သတ်လိုက်သော အခါတွင်၊ သူ၏ ကျော်ကြား မှုမှာ ဓားနန်းတော် အတွင်း၊ စောင့်ကြည့် စရာ ဖြစ်လာ ခဲ့သည်။

သခင့်ဓားအား ခင်းကျင်း လိုက်ချိန် တိုင်းတွင်၊ ရှားပါး လှသော မြင်ကွင်းမျိုး ဖြစ်ကာ၊

မြင်ရ သူတိုင်းက ထိုခံစား ချက်ကို မထိန်းချုပ် နိုင်ခဲ့ ကြပေ။

အကြီးအကဲ များပင် ခေတ္တမျှ ထိတ်လန့် သွားကြသည်။ သခင့်ဓားသည် အစွမ်းထက် သော်လည်း အထူး သဖြင့်၊ ကျွမ်းကျင်မှု နည်းပါးသည့် အချိန်တွင်၊ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား'ကို၊ လက်ရည်တူ ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။

တိမ်မြူကင်းသော အာရုဏ်ဦး ဓားသည် ဓားနန်းတော်တွင် ကျော်ကြား လှပြီး၊ ၎င်းကို လေ့ကျင့်ရန် အခက် အခဲမှာ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' နှင့်၊ ညီမျှသည်။

သို့သော် ပြီးပြည့် စုံစွာ ကျွမ်းကျင် လာပြီးနောက်တွင်၊ ကြီးမားသော ပြောင်းလဲ မှုအား ရရှိမည် ဖြစ်သည်။

ချူဟောင်းယူနှင့် ချွင်းဝူကို ရင်ဆိုင်ရန် အတွက်၊ လင်းယွန်က သခင့်ဓားကို ကွပ်မျက်စဉ်၊ ပရိသတ် များမှာ၊ တိုက်ပွဲဝင် စိတ်များတောက်လောင် လာခဲ့ ကြသည်။

ပြင်းထန်သော ရုတ်ရုတ် သဲသဲ အခြေ အနေများ ဖြစ်ပွား လာခဲ့ပြီး၊ တိုက်ခိုက်မှု များမှာ လေထု အလယ်၌ ရုတ်ချည်း ရပ်တန့် သွားခဲ့၏။

ချူဟောင်းယူနှင့် ချွင်းဝူ တို့၏ တိုက်ခိုက်များမှ၊ ဖန်တီး ခဲ့သော ဖြစ်စဉ်သည် မြေပြင်ကို အက်ကြောင်းများ ထင်ဟပ် လာစေ ခဲ့သည်။

" တကယ်ပဲ သူက ခေါင်းမာ လိုက်တာ။ "

ထိုမြင်ကွင်းကြောင့် ပရိသတ်များ ကြည်နူး အားရခဲ့ ကြသည်။ သို့သော် သူတို့ မဆုံး နိုင်မီတွင်၊ လင်းယွန်၏ ကြီးစိုးသော အရှိန် အဝါမှာ၊ ပျောက်ကွယ် သွားပြီး၊ တိုက်ခိုက်မှု နှစ်ခု ထိမှန်ခြင်း ခံလိုက် ရသည်။

အဆိုပါ တိုက်ခိုက်မှု နှစ်ခုကြောင့်၊ ကြီးမားသော ပေါက်ကွဲ သံများ ဖြစ်ပေါ် လာစေပြီး၊ မြေပြင်ကို တုန်လှုပ် သွားစေ၏။

စွမ်းအင်လှိုင်းများ ရိုက်ပုတ် ခံရ သောကြောင့်၊ လင်းယွန်မှာ လွင့်စင် သွားပြီး၊ မီးပင်လယ် ထဲ ပြုတ်ကျ သွားသည်။

ပြန်မထ နိုင်ပါလျှင် မီးလျှံ များက၊ ပြာကျ သည်အထိ လောင်ကျွမ်း ပေလိမ့်မည်။

“ကောင်းလိုက်တာ။ ”

ဘိုင်တင်းက ဓားငှက်ပေါ်မှ ကြည့်ကာ၊ အော်ဟစ် ရယ်မော လိုက်ပြီး၊

'' ငါ မျှော်လင့် ထားသလို ပါပဲ၊ ကနဦး ကျွမ်းကျင်မှု သာရှိတဲ့ သခင့်ဓားနဲ့ ကစားပွဲကို လှန်ချင် နေတာပဲ။ "

လျိုဖန်း အသာအယာ ပြုံးလိုက်ပြီး။

“ တိုက်ပွဲ မပြီးသေး ပါဘူး။ ''

" မပြီး သေးဖူးလား ...၊ မီးလောင်လို့ မသေ ရင်တောင်၊ ချူဟောင်းယူနဲ့ ချွင်းဝူရဲ့ နောက်ထပ် တိုက်ခိုက်မှု တွေကို၊ သူ ဘယ်လိုလုပ် ခံနိုင်ရည် ရှိတော့ မှာလဲ၊ သခင့်ဓားက သူ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲ ပဲလေ၊ သခင့်ဓားနဲ့အနိုင် မယူ နိုင်မှတော့ ...၊ သူ ဘာလုပ် နိုင်မှာ မို့လဲ။ "

ဘိုင်တင်းက လှောင်ပြုံးဖြင့်၊ တိုက်ပွဲ မြေပြင် ဆီသို့ လှမ်းကြည့်ကာ၊

“ သူ သေလိမ့်မယ်၊ သေခြင်းက လွဲပြီး၊ တခြား ရလဒ်ကို၊ ငါတကယ် မတွေး နိုင်ပါဘူး။ ”

အကြီးအကဲ နှစ်ဦး အငြင်း အခုံ ဖြစ်နေ စဉ်တွင်၊ မီးလျှံများ ကူစက် တော့မည့် လင်းယွန်က၊ လက်ဖဝါးကို မြေပြင်ပေါ် ရိုက်ချ လိုက်ပြီး၊ မီးပင်လယ် အတွင်းမှ လွတ်မြောက်ရန်၊ ကောင်းကင်သို့ ခုန်တက် လိုက်ကာ၊ နီးစပ်ရာ ဓားရိုးပေါ်၊ ဆင်းသက် လိုက်ရသည်။

ဒရာကိုဖီ ခန္ဓာကိုယ် ဖြင့်ပင် မီးပင်လယ်ကို သူ အံမတု နိုင်ခဲ့ပေ။

နှုတ်ခမ်းထောင့်မှ သွေးများ စီးကျ နေသော လင်းယွန်ကို ကြည့်ကာ၊ ချူဟောင်းယူနှင့် ချွင်းဝူတို့က တိုက်ခိုက်မှု များကို ပြန်လည် စတင် လာပြန်သည်။ လွတ်မြောက်ရန် အခွင့် အရေး မပေးချင် ကြပေ။

လင်းယွန်က ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးလိုက် မိလေသည်။ သူ့ လုပ်နိုင် စွမ်းများ ကုန်ဆုံး သွားလေပြီ။

မည်မျှပင် ကြိုးစား စေကာမူ အဆုံး၌၊ မူလ စွမ်းအင်များ ကုန်ဆုံး သွားကာ၊ ဆိုးရွားသော သေခြင်း မျိုးဖြင့် အဆုံးသတ် သွားနိုင်သည်။

ရုတ်တရက် မျက်ဝန်း များတွင် ရူးသွပ်သော အလင်းများ တောက်ပ လာ၏။ သေဆုံး မည်မှာ၊ သေချာ နေခဲ့ ပြီးနောက်၊ တစ်စုံ တစ်ရာကို ပြုမူရန်၊ သူ့၌ တွေဝေ နေစရာ အကြောင်း၊ မရှိခြေ။

ကတိ ပေးထား ပြီးနောက်၊ ဤအခြေ အနေ အောက်တွင်၊ သူအနိုင် ရနိုင်မည့် တစ်ခု တည်းသော နည်းလမ်းမှာ၊ သခင့်ဓားကို ပိုမိုကျွမ်းကျင်လာ စေရန် ဖြစ်သည်။

ချွင်းဝူနှင့် ချူဟောင်းယူ တို့၏၊ တိုက်ခိုက်မှုများမှာ၊ သေကွင်း သေကွက်များ ဆီသို့၊ ဦးတည်လျက် တိုးဝင် လာလေသည်။

အဝေးရှိ လူအုပ်ကြီးက စိတ်ရှုပ်ရှားစွာ လင်းယွန်ကို စောင့်ကြည့် နေဆဲ မှာပင်၊ မျက်လုံးများ ပြူးလျက်၊ ထိတ်လန့် သွားကုန်၏။

'' သူ ဘာလုပ်နေတာလဲ။ ''

လင်းယွန်က သူတို့ မမျှော်လင့် ထားသော အရာ တစ်ခုကို ပြုလုပ် ခဲ့သည်။

မျက်လုံးများ မှိတ်လိုက်ပြီး၊ ဓားကို ရုတ်သိမ်း လိုက်၏၊ သူ့ ပတ်ဝန်း ကျင်ရှိ ကြက်သွေးရောင် နှင်းဆီ ပွင့်ချပ် များမှာ၊ ဓားသေတ္တာထဲ ပြန်လည် ဝင်ရောက် သွားပြီးနောက်၊ အိမ်မက် ဆန်သော မြူများ ချက်ချင်း ပျောက်ကွယ် သွားသည်။

" သူ ရူးသွား ပြီ လား။ "

လူတိုင်းက သံသယ မျက်ဝန်း များဖြင့် ကြည့်လာ ကြသည်။

" ဟုတ်တယ် ...သူ ရူးနေပြီ။ "

လူတော်တော် များများက ခေါင်းခါ ယမ်းလိုက်ကြ၏။ သူတို့ ရှေ့မှ မြင်ကွင်းကို မကြည့် ရက်တော့ ဟန်ဖြင့်၊ မျက်နှာလွှဲ လိုက် ကြသည်။

ချူဟောင်းယူတို့ နှစ်ယောက်ကို အနိုင် မယူ နိုင်ပါက လက်လျှော့ပြီး၊ အနာဂတ်၌ တစ်ကျော့ပြန် လာနိုင်သည်။ သို့သော် သူသည် ရူးသွပ် စွာဖြင့်၊ သေခြင်း တရားကိုရွေးချယ် ခဲ့လေပြီ။

"သေခြင်း တရားကို စောင့်နေ တာလား၊ ဒါလည်း အဆင်ပြေ ပါတယ်၊ ဂိုဏ်းရဲ့ အထက်တန်းစား နှစ်ယောက် လက်ထဲမှာ သေရတာ၊ သိမ်ငယ် စရာတော့ မရှိ ပါဘူး.... ။ ”

ဘိုင်တင်းက မုတ်ဆိတ် မွေးကို ပွတ်လျက်၊ ခပ်ဖျော့ဖျော့ ပြုံးပြ လိုက်သည်။ သူ့ အပြုံးတွင် အေးစက်ပြီး၊ အမုန်း တရားများ ပြည့်နှက် နေပေသည်။

တစ်ဖက်တွင် လျိုဖန်းက မျက်မှောင်ကြုတ်လျက် စူးစိုက် ကြည့်နေ၏။ ယခု အချိန်တွင် ဘိုင်တင်း၏ စကား များနှင့်၊ ငြင်းခုံရန် စိတ်မ၀င်စား နိုင်တော့ပေ။

သူ့ အကြည့်က လင်းယွန် အပေါ် ဖြန့်ကျက် ထားကာ၊ နက်နက် နဲနဲ တွေးယူ လိုက်မိသည်။

( သူ သခင့်ဓားကို ထိုးထွင်း သိမြင်ဖို့ ကြိုးစား နေတာလား၊ သေခြင်း တရား ရှေ့မှာ တစ်စုံ တစ်ရာကို နားလည်ဖို့၊ ဘယ်သူက ကြိုးစား ဝံ့တာလဲ၊ သူ သေပြီ၊ )

ကျိုးကြောင်း ဆင်ခြင် နိုင်စွမ်း မရှိသူ တစ်ယောက် မဟုတ်ပေ။ ရှင်သန်ရန် အတွက် သဘာဝ အားဖြင့်၊ ရူးသွပ် သွားခြင်းသာ ဖြစ်ပေသည်။

ဓားဧကရာဇ် ဆေးပင်ကို သန့်စင် လိုက်ချိန်တွင်၊ သခင့်ဓား အပေါ် နားလည် နိုင်စွမ်းမှာ၊ အနည်းငယ် လှုပ်ခတ် သွားသည်။ အဆင့်မြင့် ကျွမ်းကျင်မှုသို့ ရယူရန် ခြေတစ်လှမ်းသာ လိုပေ တော့၏။

ဤသို့သော အခြေခံ အုတ်မြစ်ကို ရရှိ ပြီးသားမို့၊ သူ့ ဓားတာအိုကို လှုံ့ဆော် ပေးရန် အတွက်၊ ထိုးထွင်း သိမြင်မှု အချို့၊ လိုအပ် နေပေသည်။

မျက်လုံးများ မှိတ်လိုက်သော အခါတွင်၊ အတွေး များစွာက၊ လင်းယွန်၏ စိတ်အာရုံထဲ ဝင်ရောက် လာ၏။

သို့သော် ချူဟောင်းယူနှင့် ချွင်းဝူ၏ ဓားများ၊ ကျဆင်း လာနေ သည်ကို ခံမိ သည်နှင့်၊ သူ့နှလုံးသားမှာ တဖြည်းဖြည်း ငြိမ်သက် သွားလေသည်။

ဤအချိန်တွင် အသက်ရှင်သည် ဖြစ်စေ သေသည် ဖြစ်စေ၊ ပန်းများ ကဲ့သို့ အစွမ်းကုန် ပွင့်ရ ပေမည်၊ သို့မဟုတ် သေဆုံး ရပေ လိမ့်မည်။

ဓားနန်းတော်၏ ဘိုးဘေးများ နှင့်အတူ၊ ဤနေရာတွင် မြှုပ်နှံ ခံရ ခြင်းမှာ၊ ထိုက်တန်သော သေခြင်းမျိုး ဖြစ်ပေမည်။

ဓားသမားသည် ဓားဖြင့် သေရန် မကြောက် သင့်ပေ။ ထို့အစား ဂုဏ်ယူ ဖွယ်ပင် ကောင်းလှ ပေ၏။ ထက်မြတ် လွန်းသော ဓားနှစ်လက် အောက်၌ သေခြင်းမှာ၊ သာ၍ ကြေနပ်ဖွယ် ရှိသည်။

သို့သော် ယခု ဓား နှစ်လက်သည် သူ့အား သတ်ရန် မထိုက်တန် ခြေ။ သခင့်ဓားကို ပိုင်ဆိုင်ထား ပြီးနောက်၊ ဤမျှ နိမ့်ကျသော ဓားများက၊ သူ့ အသက်ကို လိုချင် ပါလျှင်၊ ရဲတင်း လွန်းရာ ကျပေမည်။

ကျွန်တစ်ယောက်က သခင် တစ်ယောက်ကို သတ်ချင် ပါသည်လော။

ရုတ်တရက် စူးရှသော အလင်း တစ်စ စိတ်ဝိညာဉ်ထဲ တိုးဝင် လင်းလက် လာ၏။

( ဓားတစ်လက်ပဲ၊ ဒါက 'အရွေ့' တစ်ခု မဟုတ်ဘူး၊ ဒါပေမယ့် ... ဓား တစ်လက်ရဲ့ 'အရွေ့' ဆိုတာတော့ သေချာတယ်၊ ကာကွယ်သူ မက်မွန် ...၊ မင်း ..ငါ ပြုတ်ကျအောင် တွင်းနက်ကြီး တစ်တွင်းကို တူးခဲ့ တာပဲ၊ အရမ်းနက်တဲ့ တွင်းအို ကြီးပေါ့၊ )

ဓားနှစ်လက်က သူ့အား အမှုန့် ချေရန် ဆယ်မီတာခန့် အလို၌၊ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး၊ ကြီးစိုးသော ရောင်ဝါကို ထုတ်ဖော် လိုက်သည်။

" ဟမ်.... သခင့်ဓား ပဲလား။ ''

ကျရှူံး ပြီးသား နည်းစနစ် တစ်ခုကို ထပ်မံ အသုံးပြု လာခြင်းနှင့် ပတ်သက်၍၊ တပည့်များက၊ စိတ်ရှုပ် ထွေးသွား ကြသည်။

" လူ ပြက် ။ "

ဘိုင်တင်းက ကြေနပ် အားရ စွာဖြင့်၊ လှောင်ပြောင် လိုက်၏။

“ နေဦး....''

လျိုဖန်း၏ မျက်လုံးများက တောက်ပ လာသည်။ ဤတစ်ကြိမ်တွင် သခင့်ဓား၌ လွဲမှား နေသော အရာ တစ်ခု ရှိနေ သည်ကို၊ သူ ရုတ်တရက် ခံစား မိလိုက်သည်။

“ မင်းက သင်ခန်းစာ မယူ နိုင်သေး ပုံရတယ်၊ ကျွမ်းကျင်မှု နည်းတဲ့ နည်းစနစ် တစ်ခုက၊ ဘုရင် တပါး ဖြစ်ပါ စေဦး၊ စစ်သူရဲ တွေ လက်မှာ၊ ကျရှုံး ရတာပဲ မဟုတ်လား။ ''

'' မင်းမျှော်လင့် သလို မဖြစ်မှာ၊ စိုးမိတယ်။ ''

" သေ စမ်း။ "

ချူဟောင်းယူနှင့် ချွင်းဝူ၏ မျက်ဝန်းများ တောက်ပ လာသည်။ သူတို့ မျက်လုံး ထဲတွင် သနား ကြင်နာခြင်း၊ အရိပ်အယောင် မျှပင် မရှိခဲ့ခြေ။

သူတို့ ကိုယ်ခန္ဓာမှ မူလ စွမ်းအင် များကို အကန့် အသတ်ထိ တွန်းပို့ကာ၊ လင်းယွန်အား ခုတ်ပိုင်း လိုက်လေသည်။

" ငါ့ရဲ့ သခင့်ဓားက ကျွမ်းကျင်မှု နည်းသေး တယ်လို့ ဘယ်သူ ပြောတာလဲ။ ''

လင်းယွန်က အပြုံးဖြင့် မေးလိုက်သည်။ ထို့နောက် သူ့ ဓားကို ဆွဲထုတ် လိုက်၏။ ပန်းသဓား ထံမှ အကန့် အသတ် မရှိ၊ လွှမ်းမိုး နိုင်လွန်းသော အရှိန် အဝါများ၊ ထွက်ပေါ် လာသည်။

( ရပြီ၊ ဒါက ဓားတစ်လက်ပဲ။ )

ရိုးရှင်းသော လှုပ်ရှားမှု တစ်ခု ဖြစ်သော်လည်း၊ ကြီးမားသော ပြောင်းလဲမှု တစ်ခုရှိ လာခဲ့သည်။

သူ၏ အသွင် အပြင်မှာ၊ ကမ္ဘာကို၊ အုပ်စိုးသော ဧကရာဇ်မင်း တစ်ပါးနှင့် တူ၏။ ပတ်ဝန်း ကျင်ရှိ ရှေးဟောင်း ဓားရှည် များကပင်၊ ကြောက်ရွံ့စွာ တုန်လှုပ်နေ ကြသည်။

သူတို့၏ တိုက်ခိုက်မှု များမှာ စက္ကူ တစ်ရွက် ကဲ့သို့၊ ကွဲကြေသွား ကြ၏။ ထိုဖြစ်စဉ် များကြောင့်၊ ချူဟောင်းယူနှင့်၊ ချွင်းဝူက အံ့သြသွား ခဲ့သည်။

" ချိုး .... ။ "

နောက်ဆုံးတွင် လင်းယွန်က သခင့်ဓားကို ပိုမို ကျွမ်းကျင်လာ ပြီးနောက်၊ ၎င်းတို့၏ တိုက်ခိုက်မှု များအား ဖျက်ဆီးပစ် လိုက်လေပြီ။

" သိုင်းဝိဉာဉ် ထွက်လာခဲ့။ "

ချူဟောင်းယူနှင့် ချွင်းဝူက သွေးများ ထွေးထုတ် လိုက်ပြီး၊ စိတ် တည်ငြိမ်မှု ပျောက်ဆုံးသွားကာ၊ သူတို့၏ သိုင်းဝိညာဉ် များကို ဆင့်ခေါ် လိုက်သည်။

သိုင်းဝိညာဉ် များ ထွက်ပေါ်လာ သည်နှင့်၊ အရှိန်အဝါ များမှာ ထပ်မံ မြင့်တက် လာပြန်၏။

" သူတို့ ... သိုင်းဝိဥာဉ် တွေကို ထုတ်လိုက် တာလား။ "

ရပ်ကြည့် နေသော တပည့် များက ဤမြင်ကွင်း ကြောင့် စိတ် လှုပ်ရှားလာ ကြသည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲသည် ဂိုဏ်းအတွင်း ပြိုင်ပွဲ တစ်ခု မျှသာ ဖြစ်သော ကြောင့်၊ သိုင်းဝိညာဉ် များကို ဆင့်ခေါ်ရန် အထိ လိုအပ် လိမ်မည်ဟု၊ မည်သူမျှ မထင်ထား ခဲ့ပေ။

သိုင်းဝိညာဉ် များ ဆင့်ခေါ်ခြင်းဖြင့်၊ ခွန်အားများ မြှင့်တင်ပေး နိုင်သော်လည်း၊ ဆုံးရှုံး မှုမှာ ထာဝရ ပျက်စီး ခြင်းကို၊ ဖြစ်ပေါ် လာစေမည် ဖြစ်သည်။

ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာ များကို ပျောက်ကင်းအောင် ကုသ နိုင်သော်လည်း၊ သိုင်းဝိဥာဉ်များ မှာမူ ၎င်းတို့နှင့် မတူပေ။

ဤသည်မှာ လူများ စွာက သူတို့၏ သိုင်းဝိညာဉ် များကို ဆင့်ခေါ် ခြင်းထက်၊ ဒဏ်ရာ ရခြင်း အပေါ်၊ ပို၍ လိုလား ကြသော အကြောင်းရင်း လည်း ဖြစ်လေသည်။

" မင်းတို့ ကစားပွဲကို လှည့်ချင် တာလား... ၊ နောက်ကျ သွားတဲ့ အတွက် သနား စရာပဲ။ ''

ချူဟောင်းယူနှင့် ချွင်းဝူ တို့သည် သူတို့၏၊ ဝှက်ဖဲများ ထုတ်ဖော်ရန် မရှိတော့ သည်ကို မြင်လိုက်ရ သဖြင့်၊ လင်းယွန်က သူ့ဓားကို ရုတ်သိမ်း လိုက်သည်။

စူးရှသော ဓား ရည်ရွယ် ချက်မှာ မီတာ တစ်ထောင် အတွင်း ဖုံးအုပ် သွားပြီး၊ ခရမ်း သလင်းရောင် ပန်းမှာ ရုတ်တရက် ပွင့်လန်းလာ၏။

ထို့နောက် လက်ဖဝါး ဖြန့်ကာ၊ မြေပြင် ပေါ်သို့၊ ရိုက်ချ လိုက် တော့သည်။

လက်ဖဝါးမှ တဆင့် ပြင်းထန်သော မူလ စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး၊ မီတာတစ်ထောင် အတွင်းရှိ၊ မီးပင်လယ် ကြီးကို ငြိမ်းသက် ပစ်လိုက်သည်။

ဖြစ်ပေါ် လာသော စွမ်းအင် လှိုင်းများ နှင့် အတူ၊ ဓား ရည်ရွယ်ချက်က၊ ချူဟောင်းယု တို့၏ သိုင်းဝိညာဉ် များကို၊ ရုတ်တရက် ကွဲအက် သွားစေကာ၊ သွေးများ အန်လျက်သတိလစ် သွားကြသည်။

အပြာရောင် ဝတ်ရုံ ပေါ်တွင် သွေးများ ရွှဲနစ် နေခဲ့သော လူငယ်ကို ကြည့်ကာ၊ ရပ်ကြည့် နေမိ သူ အားလုံး၊ တိတ်ဆိတ် သွား ကြကုန်၏။

***

All Chapters