← Chapters

ထိုက်တန်တယ်။

Vol. 23 Ch. 315

ထိုက်တန်တယ်။

Vol. 23 Ch. 315

ဖြစ်ပေါ် လာသော စွမ်းအင် လှိုင်းများ နှင့် အတူ၊ ဓား ရည်ရွယ်ချက်က၊ ချူဟောင်းယု တို့၏ သိုင်းဝိညာဉ် များကို၊ ရုတ်တရက် ကွဲအက် သွားစေကာ၊ သွေးများ အန်လျက်သတိလစ် သွားစေသည်။

အပြာရောင် ဝတ်ရုံ ပေါ်တွင် သွေးများ ရွှဲနစ် နေခဲ့သော လူငယ်ကို ကြည့်ကာ၊ ရပ်ကြည့် နေမိ သူ အားလုံး၊ တိတ်ဆိတ် သွား ကြကုန်၏။

လင်းယွန်၏ တိုက်ခိုက် မှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ အဆိုပါ တိုက်ခိုက်မှုသည် ဂိုဏ်း၏ အထက်တန်းစား နှစ်ယောက်ကို ဒူးထောက် လဲကျ သွားစေ၏။

မူးမေ့ လဲကျ မသွားခင် သူတို့၏ သိုင်းဝိညာဉ် များကို၊ ရုတ်သိမ်း ဖို့ရန်ပင်၊ အချိန် မရ လိုက်ကြပေ။

ဓားသင်္ချိုင်းဂူ၏ နယ်နိ မိတ်တွင် ရပ်နေ မိသော ယီရှုက၊ ကြောက်ရွံ့မှု များနှင့် အတူ၊ အေးစက်သော ပင့်သက်ကို ရှိုက်ယူ လိုက်သည်။

သည်လက်ဖဝါးကို ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း သူ သိသည်။

မီးပင်လယ် အပါ အဝင် မီတာ တစ်ထောင်အတွင်း၊ အရာ အားလုံးကို သုတ်သင် ရှင်းလင်း ပစ်ခဲ့သည်။

၎င်းသည် လင်းယွန်၏ မူလ စွမ်းအင်ကို လုံးလုံး လျားလျား ဆုတ်ယုတ် သွားစေသည်။ အဆုံးမဲ့ ပင်ပန်း နွမ်းနယ်မှု ဒဏ်ကို ခံလိုက် ရ၏။

ထို့ကြောင့် သွေး တစ်လုတ်ကို ထွေးထုတ် ပစ်လိုက် သည်နှင့်၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင် လာသည်။ သူ့ မျက်နှာတွင် သွေးရောင်များ ဆုတ်ယုတ် ဖြူဖျော့ သွား၏။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အတွင်းတွင်၊ ယခု အချိန်၌ လင်းယွန်မှာ၊ လုံးဝ အားအနည်းဆုံး အချိန် ဖြစ်ပေသည်။

သို့သော် ပြင်ပ တပည့် များမှာ၊ ရိုသေ လေးစားစွာ ငေးကြည့် နေမိ ကြသည်။

“ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ ပြီးပြီ၊ ချန်ပီယံက လင်းယွန်။ "

လျိုဖန်း၏ အသံမှာ ကျယ်လောင်စွာ ပျံ့နှံ့ သွားလေသည်။ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ အပြောင်း အလဲ များနှင့်၊ ပြည့်နှက် နေခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်က ဂိုဏ်းထဲသို့ ဝင်ရောက် လာခဲ့ပြီး၊ အသက် ဆယ့်ရှစ် နှစ်သာ၊ ရှိသေးသော လင်းယွန်မှာ၊ ချန်ပီယံ ဖြစ်လာ လိမ့်မည်ဟု၊ မထင်ထား ခဲ့ကြပေ။

မဟာမိတ်- ပြည်ထောင်စု နယ်မြေ အသီးသီးမှ ခေါင်းဆောင် များက၊ အထူးသဖြင့် ဝမ်ယန်ကို ရင်မဆိုင် ရဲသော အမူ အရာ များနှင့်၊ ခိုးကြည့် လိုက် ကြသည်။

ဝမ်ယန်သည် လင်းယွန်ကို သတ်ရန် အတွက်၊ ချူဟောင်းယူအား တောင်းဆို ခဲ့သည်။

သို့သော် ချူဟောင်းယူမှာ လင်းယွန်ကို မသတ် နိုင်သည့် အပြင်၊ ချန်ပီယံ ဆုကိုပင် လက်လွှတ် လိုက်ရသည်။

လင်းယွန် အပေါ် သူပေး ခဲ့သော ဆုကြေး များမှာ၊ အရှက်ရ စရာများ ဖြစ်လာ ခဲ့သည်။

လင်းယွန်အား အမဲ လိုက်ရန်၊ အလွန် ကြီးမားသော စျေးနှုန်းဖြင့်၊ ကမ်းလှမ်း လိုက်သော်လည်း၊ လင်းယွန်၏ အောင်မြင်မှု များကို၊ စောင့်ကြည့် နေခဲ့ ရသည်။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ ပြီးဆုံး သွားကြောင်းကို၊ ကြားလိုက် ရသော အခါ၊ လင်းယွန်က သက်သာရာ ရသွား၏။

ကြိုးစားမှု များက အချည်း အနှီး မဖြစ် ခဲ့ပေ။ ယှဉ်ပြိုင်ရန် ဆုံးဖြတ် ပြီးနောက်၊ ချန်ပီယံ ဆု သည်သာ၊ သူ့ မျက်လုံး ထဲ၊ ရှိပေသည်။ နှုတ်ခမ်း ပေါ်တွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။

ရုတ်တရက်၊ မီးဝိညာဉ် လူသား နှစ်ယောက်၊ အက်ကွဲ ကြောင်းများ ကြားမှ ထွက်ပေါ် လာပြီး၊ တစ်ဦး တည်းသော သက်ရှိ ဖြစ်သည့်၊ လင်းယွန်အား ပစ်မှတ်ထား ပြေးဝင် လာတော့သည်။

လူအုပ်ကြီးက အံ့အား သင့်စွာ အော်ဟစ် သတိပေး လိုက်၏။ ဘိုင်တင်းက ပြုံးရယ်လိုက်ပြီး၊

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ … မီးဝိညာဉ်တွေ တကယ် ပေါက်ဖွား လာတာပဲ၊ လင်းယွန်ရဲ့ လက်ဖဝါးက မြေအောက် မှာရှိ မီးလျှံ သွေးကြောကို ပွင့်သွား စေပုံ ရတယ်။ ”

လျိုဖန်း၏ မျက်နှာမှာ ပြောင်းလဲ သွား၏၊ သူက ကူညီ ချင်ခဲ့ သော်လည်း၊ ဘိုင်တင်းက သူ့ကို အခွင့် အရေး မပေး ခဲ့ပေ။

မျက်လုံးများကို မှေးစင်းလျက်၊ အေးစက် နေသော အကြည့်ဖြင့်၊ လျိုဖန်း ရှေ့တွင် ပိတ်ရပ် လိုက်ပြီး၊

" ဒါက ကောင်းကင်ဘုံရဲ့ အလို တော်ပဲ၊ ဝင်မရှုပ် ပါနဲ့။ "

" ထွက် သွား စမ်း။ ''

လျိုဖန်းက အော်ဟစ် လိုက်၏။ သူတို့ နှစ်ယောက်သား အရှိန်အဝါ များကို၊ ပြိုင်တူ ထုတ်လွှတ် လိုက်သည့်၊ အခိုက် အတန့် မှာပင်၊ ရှင်းယန်က ရှေ့သို့ တိုးထွက် သွားသည်။

ဓားကို ဆွဲကာ၊ နက်နဲ သိုင်းနယ်ပယ် အဋ္ဌမ အဆင့်၊ ခွန်အားကို ထုတ်လွှတ် လိုက်ပြီးနောက်၊ မီးဝိညာဉ် လူသား နှစ်ယောက်အား သတ်ပစ် လိုက်သည်။

ထိုနည်းဖြင့် မီးဝိညာဉ် နှစ်ကောင်အား အဆုံး သတ်ကာ၊ လင်းယွန်၏ ဒဏ်ရာ များကို နာကျင်စွာ စစ်ဆေး ကြည့်နေ မိသည်။

“ အစ်မ၊ ဒါ မင်း အတွက်ပဲ။ ”

လင်းယွန်က ပြုံးပြပြီး၊ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ကို၊ လွှဲပေး လိုက်သည်။

ရှင်းယန်၏ မျက်ဝန်း များတွင် မျက်ရည်များ ဝဲလာပြီး၊ လက်မခံ လိုဘဲ၊ “ လာ ငါ လိုက်ပို့ ပေးမယ်” ဟု၊ ဆိုလိုက်သည်။

လင်းယွန်ကို ကျောပေါ် ပိုးတင်ကာ၊ ဓားသင်္ချိုင်း ဂူမှ ထွက်လာ ခဲ့သည်။ ရှင်းယန်၏ ကျောပြင် ပေါ်တွင် ပါးအပ် ထားသော လင်းယွန်က၊

" အစ်မကြီး ... ၊ မင်းက ငါ့ အသက်ကို ပြန်ပြီး၊ ကယ်တင် ခဲ့ရ တာပဲ ...။ "

" မင်းဘာတွေ လျှောက်ပြော နေတာလဲ၊ ငါက မင်းကို ပစ်ထား စေချင် တာလား။ "

" အင်း၊ ငါပြော မနေတော့ ပါဘူး။ "

လင်းယွန်က သတိ မလစ်ခင် ပြုံးကာ ဆိုလိုက် လေသည်။

လင်းယွန် ထံမှ လေးလံသော အသက်ရှူ သံကို၊ ခံစား လိုက်ရ သည်နှင့်၊ ရှင်းယန်က နူးညံ့သော အပြုံးကို ညှစ်ထုတ် လိုက်သည်။

မီးဝိညာဉ် နှစ်ကောင်ကို သတ်ခဲ့သော၊ သူမ၏ အသွင် အပြင်နှင့် ယှဉ်ပါက၊ လုံးဝ ကွဲပြားသော အမူအရာ များပင် ဖြစ်လေသည်။

“ ဘယ်လောက်တောင် ကံကောင်း လိုက်လဲ …. ။ ”

“ ဂိုဏ်းက အဆိပ်ပန်း တစ်ပွင့်ရဲ့၊ ဓားအောက်မှာ အသတ် ပေးခဲ့ ရတဲ့၊ လူအရေ အတွက်ကို ဘယ်သူများ သိနိုင် မှာလဲ၊ ဒါပေမယ့် သူက လင်းယွန်ကို ကျောပိုးဖို့ ဆန္ဒ ရှိနေ တယ်တဲ့လား။ ”

" သေစမ်း၊ သူက ဂိုဏ်းထဲကို ဝင်တာ ခြောက်လ လောက်ပဲ ရှိသေးတယ်၊ စီနီယာ အစ်မ ရှင်းက၊ သူ့ အတွက် ကျဆုံး သွားပုံ ရတယ်။ ”

လူများစွာက လင်းယွန်ကို မနာလို စိတ်ဖြင့် ကြည့်ကာ ရေရွတ် နေမိ ကြသည်။ လင်းယွန် ချန်ပီယံ ဖြစ်သွား ခြင်းထက်၊ ရှင်းယန်၏ ဂရုစိုက် မှုကို၊ ရယူ သွားခြင်းက၊ သူတို့အား ပို၍ မနာလို ဖြစ်စေသည်။

" ဟား ဟား ဟား၊ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်'ကို၊ စီနီယာ အစ်မ ရှင်းယန် အတွက် လက်ဆောင် ပေးဖို့၊ ဘာကြောင့် မကြိုးစား ကြတာလဲ။ ''

“ ဟုတ်တယ်၊ .... မင်းဒီလို လုပ်နိုင်ရင်၊ ငါက စီနီယာ အစ်မကြီး ရှင်းယန် အစား၊ မင်းကို ကျောပိုးဖို့ ဆန္ဒ ရှိနေ မှာပါ။ "

'' ထွီ... မင်းကများ စီနီယာ အစ်မ တဲ့လား ဝေါ့။ ''

ထိုတပည့်၏ အမူအယာ ကြောင့်၊ ရယ်မော ကန်ကျောက် လိုက်ကြသည်။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ၏ တင်းမာသော လေထုကို၊ ဤသို့သော ကြည်နူးမှု များဖြင့်၊ ဖြေလျှော့ လိုက်ကြ၏။

စောင့်ကြည့်ရေး စင်မြင့် ပေါ်ရှိ၊ လျူယွီ မျက်နှာမှာ၊ အေးစက် သွား၏။

လင်းယွန်က ပထမ အကျော့အား ဖြတ်ကျော် နိုင်မည် မဟုတ်ကြောင်း၊ ယူဆထား ခဲ့ကြ သော်လည်း၊ ပထမ အကျော့ကို ကျော်ဖြတ် နိုင်ရုံ သာမက၊ ချန်ပီယံ ဆုအား ရယူ ပြကာ၊ထိုသူ များကို ပါးရိုက် နိုင်ခဲ့သည်။

သည်အောင်ပွဲ အတွက် သူမ လာခဲ့ခြင်း မဟုတ်ပေ။

ရှင်းယန်၏ ကျောပြင် ပေါ်ရှိ၊ လင်းယွန်ကို ရှုပ်ထွေးသော အမူ အရာဖြင့်၊ ဒေါသတကြီး လှမ်းကြည့်ကာ၊ အကြီးအကဲ များအား၊ နှုတ်ဆက်ကာ ကျောခိုင်း လိုက်တော့သည်။

သူမ မနှစ်သက် သော လူ နှစ်ယောက်ကို၊ ကြည့်မိ လေ၊ ဒေါသ ပိုထွက် မိလေပင်။

'' တစ်နေ့ .. မင်းကို ငါ သင်ခန်းစာ ပေး ပြမယ်။ ''

အချို့က မပျော်ခဲ့ သော်လည်း၊ သဘာဝအတိုင်း ပျော်နေ သူများ ရှိပေသည်။

လင်းကျူရှန်နှင့် အဖွဲ့မှာ၊ ထိုသို့ပျော်ရွှင်နေသူများ ဖြစ်လေသည်။ လီဝူယုမှ လွဲ၍ ကျန်သော သူများ၏ မျက်နှာတွင်၊ ကြည်နူးဖွယ် ကောင်းသော အပြုံးကို၊ ထုတ်ဖော်ထား လေသည်။

" သူက တကယ် ကံကောင်း လွန်းတယ်၊ ဒီသခင် လေးရဲ့ ...၊ စီနီယာ အစ်မကို ဘယ်တော့ ပြန်ပေး မှာလဲ။ ”

လီဝူယု၏ ဟာသကြောင့်၊ လင်းယန်က တခစ်ခစ် ရယ်မော မိသည်။ သူမ ကပင် တဘက်သို့ လှည့်ကြည့် လိုက်ပြီး၊

" အစ်မကြီး၊ အစ်ကိုကြီး လင်းက အန္တရာယ် မရှိဖူး မဟုတ်လား"

ဟု စိုးရိမ် တကြီး မေးလိုက်၏။

လင်းယွန်သည် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ အနိုင်ရ ခဲ့သော်လည်း၊ ဒဏ်ရာများ ဖုံးလွှမ်း နေခဲ့သည်။ ထို့ကြောင့်ပင် လင်းကျူရှန်က လေးလေး နက်နက် စဉ်းစား လိုက်ပြီး၊

“ သူ အဆင်ပြေ သင့်ပါတယ်၊ ဒရာကိုဖီခန္ဓာကိုယ်ကို လေ့ကျင့် ထားခဲ့ တာပဲ၊ ဒါပေမယ့် ဒဏ်ရာတွေ ကနေ၊ အမြန် ပြန်ကောင်း လာဖို့ ကတော့ မလွယ်ပါဘူး၊ အထူး သဖြင့် ချူဟောင်းယူနဲ့ ချွင်းဝူ ချန်ထား ခဲ့တဲ့၊ ထိုးသွင်းရာ နှစ်ချက်ပဲ။ ''

ဓားနှစ် လက်မှာ လင်းယွန်အား ပြင်းထန်စွာ ထိခိုက်စေ ခဲ့ပြီး၊ အနည်းငယ် နှောက်နှေး ရုံဖြင့်၊ အသက် ဆုံးရှုံး နိုင်ပေမည်။ သို့သော် ၎င်းသည် သေသော ဒဏ်ရာမျိုး မဟုတ်ခဲ့ပေ။

ကံကောင်း ထောက်မ စွာဖြင့်၊ လင်းယွန်က နာကျင်မှုကို ခံနိုင်ရည် ရှိခဲ့ပြီး၊ နှစ်ယောက် လုံးကို အနိုင်ယူ နိုင်ခဲ့သည်။

ချန်ပီယံ အတွက် သွားရာ လမ်းတွင်၊ မိုးကောင်းကင်၏ မျက်နှာသာ ပေးမှုများ မရှိပေ။

ဤတိုက်ပွဲတွင် လင်းယွန်မှာ ချန်ပီယံ ဖြစ်ရန် အတွက်၊ သူ့ ဓားကိုသာ အားကိုး ခဲ့ရသည်၊ ချန်ပီယံဆုမှာ သူနှင့် အပြည့် အဝ ထိုက်တန်ကြောင်း၊ လူတိုင်းကို ပြသ နိုင်ခဲ့သည်။

လင်းယွန် ပြန်နိုး လာသော အခါ သုံးရက် ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။ အချိန် အကြာကြီး အိပ်စက် ပြီးနောက်၊ မျက်လုံးများ ဖွင့်ဖို့ရန် ခက်ခက် ခဲခဲ ကြိုးစားခဲ့ ရသည်။

အခန်းတွင်း မြင်ကွင်းများ ပို၍ ကြည်လင် လာ ချိန်တွင်၊ 'ရတနာ တောင်ကုန်း' နယ်မြေရှိ၊ နားနေ ဆောင်များ မဟုတ်ကြောင်း၊ သူ သိလိုက်သည်။ အခန်းထဲတွင် သင်းပျံ့သော ရနံ့ တစ်ခုက၊ သူ့ကို လန်းဆန်း လာစေ၏။

အနီးနားတွင် အမွှေး ရနံ့များ သင်းပျံ့ နေသော မီးဖို တစ်ဖိုအား တွေ့လိုက် ရသည်။ ထိုမီးဖို ဘေးတွင် ဝိညာဉ် ရူရ် များဖြင့်၊ ရေးထွင်း ထားသော 'ကြက်သွေးရောင် စစ်ပွဲ အလံငယ်' ကို၊ ချိတ်ဆွဲ ထား၏။

ရံဖန်ရံခါတွင်၊ ဝိညာဉ်ရူရ် များမှ အလင်း ရောင်များ တဖျပ်ဖျပ် တောက်ပ လာပြီး၊ ထိတ်လန့် စရာ ကောင်းသော ရောင်ဝါကို ထုတ်လွှတ် နေတက်သည်။

( ဒါငါ့ရဲ့ ဆုလာဒ်ပဲ။ )

ဤအလံသည် ချန်ပီယံ ဖြစ်လာခြင်း အတွက်၊ သူ၏ ဆုလာဘ် ဖြစ်သည်ကို ရှင်းရှင်း လင်းလင်း သတိရ မိသည်။

ကုတင်ပေါ်က ဆင်းလိုက်ပြီး 'စစ်ပွဲ အလံငယ်' ထံ၊ လျှောက်လှမ်း သွားလိုက်သည်။

'' တကယ်ပဲ ခမ်းနား လွန်းတဲ့လက်ရာပဲ။ ''

၎င်းသည် သူ့ လက်ထဲရှိ စကြာဝဋ္ဌာ တပိုင်း မျက်နှာ ဖုံးထက်၊ များစွာ သေသပ် လှပေသည်။ ထို့နောက် စူးစမ်း လိုစိတ် အပြည့်ဖြင့်၊ လှည့်ပတ်ကြည့် လိုက်မိ၏။

" ကောင်လေး၊ မင်း နိုးလာ ပြီလား။ "

အရှိန်အဝါကြီး မားသော အသံ တစ်သံ ထွက်ပေါ် လာပြီး၊ လူလတ်ပိုင်း အရွယ် ကျောင်းတော်သား တစ်ဦး၊ ရုတ်တရက် ဝင်ရောက် လာလေသည်။

***

All Chapters