← Chapters

တောင်ပိုင်း ရှေးဟောင်း နယ်မြေ။

Vol. 23 Ch. 316

တောင်ပိုင်း ရှေးဟောင်း နယ်မြေ။

Vol. 23 Ch. 316

" ကောင်လေး၊ မင်း နိုးလာ ပြီလား။ "

အရှိန်အဝါကြီး မားသော အသံ တစ်သံ ထွက်ပေါ် လာပြီး၊ လူလတ်ပိုင်း အရွယ် ကျောင်းတော်သား တစ်ဦး၊ ရုတ်တရက် ဝင်ရောက် လာလေသည်။

" ကာကွယ်သူ မက်မွန် "

လင်းယွန်က အံ့သြသွား၏။ သတိ မလစ် ခင်တွင် ရှင်းယန်က သယ်ဆောင် လာသည်ကို သတိရ လိုက်သည်။ သို့သော် သူ နိုးလာ သည်နှင့်၊ ကာကွယ်သူ မက်မွန်ထံ ရောက်ရှိ နေခဲ့သည်။

ကာကွယ်သူ လေးယောက်၏၊ စီနီယာ ခေါင်းဆောင် တစ်ဦး ဖြစ်သော၊ ကာကွယ်သူ မက်မွန်ကို၊ အရို အသေပေး နှုတ်ဆက်ခါ နီးတွင်၊ ကာကွယ်သူ မက်မွန်က သူ့ကို ဟန့်တား လိုက်ပြီး၊

" ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာက၊ မင်းကို ဒီလိုဒဏ်ရာ ကနေ၊ သုံးရက် အတွင်း ပြန်ကောင်း လာနိုင် စေတဲ့ အတွက်၊ အံ့သြစရာ ပါပဲ။ "

ဟု ဆိုကာ ထိုင်ခုံ တစ်လုံးပေါ်၊ ထိုင်ချ လိုက်ပြီး၊

“ဒါက တကယ်ကို ရယ်စရာ ကောင်းတယ် မဟုတ်လား၊ ဓားနန်းတော်ရဲ့ ချန်ပီယံက 'ရှေးဟောင်း တာအို ဂိုဏ်း' ရဲ့၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်နဲ့၊ 'ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း' က၊ ကျားနဂါး လက်သီးကို လေ့ကျင့် ခဲ့တယ်။ ''

“ ကာကွယ်သူ မက်မွန် ...၊ မင်းက ချဲ့ကား နေတာပါ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' နဲ့ 'သခင့်ဓား' ကြောင့်သာ မဟုတ်ရင်၊ ငါ ချန်ပီယံ ဖြစ်လာ စရာ၊ နည်းလမ်း မရှိပါဘူး။ "

လင်းယွန်က ကာကွယ်သူ မက်မွန်ကို ဦးညွှတ်လျက် ဆိုလိုက်သည်။

သခင့်ဓားကို ရည်ညွှန်း ပြောဆို လာသော လင်းယွန်ကြောင့်၊ ကာကွယ်သူ မက်မွန်က၊ ကျေနပ် အားရ စွာဖြင့် ပြုံးလိုက်ပြီး၊

" ဒီဓားထက် ပို ကျွမ်းကျင် ပြီးရင် ...၊ မင်းအတွက် လက်ဆောင် တစ်ခု ပေးမယ်လို့၊ ငါပြော ထားတာ၊ မှတ်မိ သေးလား။ "

ကာကွယ်သူ မက်မွန် စကားကို သူ မှတ်မိ ပေသည်။ ထိုအချိန်က 'သခင့်ဓား' မှာ၊ ဤမျှ ခက်ခဲ လိမ့်မည်ဟု မထင်ထား မိပေ။

'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ၏ အခက်အခဲ သည်ပင်၊ သူနှင့် ယှဉ်ပါက များစွာလွယ်ကူ ပေ၏။

လေးနက်သော ခြေလှမ်း ခုနစ်လှမ်း သည်၊ ရွှေကျီးကန်း တံဆိပ်ကို ဖွဲ့တည်နိုင် ခြင်းဖြင့်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှုကို ရရှိ နိုင်မည်။ သခင့်ဓား မှာမူ ရွှေပြည်တော် မျှော်တိုင်းဝေး နေဆဲ ပေပင်။

ကာကွယ်သူ မက်မွန်က လက်ဆောင် အကြောင်းကို ပြောလာသည့် အချိန်တွင်၊ စိတ်အား ထက်သန်မှုကို မပြနိုင် ခဲ့ပေ။

ဓားနန်းတော်၌ ကာကွယ်သူ မက်မွန်မှာ အမြင့်ဆုံး အာဏာကို ဆုပ်ကိုင် ထားရှိသူ ဖြစ်သည်။

လက်ရှိ အခြေအနေ အရ၊ ကာကွယ်သူ မက်မွန်သည် သူ့အပေါ် မည်ကဲ့သို့၊ စိတ်ထားမျိုး ရှိနေ မည်ကို၊ သူ မသိ နိုင်ပေ။

လင်းယွန် ၏ မျက်လုံးများ ထဲတွင် မျှော်လင့်ချက် အနည်းငယ် ကိုသာ မြင်လိုက် ရသော ကြောင့်၊ ကာကွယ်သူ မက်မွန်က၊

" ဒါက အထင်ကြီး လောက်စရာ လက်ဆောင် တစ်ခုတော့ မဟုတ် ပါဘူး၊ သခင့်ဓားရဲ့ ပုံစံ အပြည့် အစုံ ပါပဲ။ "

" သခင့်ဓား အပြည့် အစုံ လား၊ ဒါဆို ငါဆုပ်ကိုင် နိုင်ခဲ့ တာက ...၊ စွမ်းအား အကုန် မဟုတ် သေးဖူးပေါ့ ... ''

" ဘယ်ဟုတ် မလဲ၊ ငါ မင်းကို ပေးခဲ့ တာက မိတ်ဆက် ရုံလေး ပါပဲ။ ”

ကာကွယ်သူ မက်မွန်က ပြုံးကာ ဆိုလိုက်သည်။ လင်းယွန်မှာ အရမ်းကြီး တုန်လှုပ် မနေ ခဲ့ပေ၊ ဤသိုင်း နည်းစနစ်သည်၊ မပြီးဆုံး သေးကြောင်း၊ လင်းယွန်က မှန်းဆ ထားနိုင် မှန်း၊ သူ သိသည်။

“ လင်းယွန်၊ သခင့်ဓားကို ဓားနန်းတော်ရဲ့ တည်ထောင်သူ ဘိုးဘေး ဂျင်ဝူမင်က ချန်ထား ခဲ့တာပဲ၊ ငါ မင်းကို တွန့်တိုခြင်း မရှိဘဲ ပေးနိုင် ပါတယ်၊ ဒါပေမယ့် ဓားနန်းတော်ရဲ့ ဝန်ကိုတော့ ...၊ မင်း ထမ်းရ လိမ့်မယ်၊ ''

ကာကွယ်သူ မက်မွန်က လင်းယွန်၏ စိတ်အာရုံ အတက် အကျကို၊ တစ်ချက် အကဲခတ် လိုက်ပြီးနောက်၊

'' ငါမင်းကို အတင်း အကျပ် စေခိုင်း မှာတော့မဟုတ် ပါဘူး၊ မလို လားရင် အခြားဆုနဲ့ပြောင်းလဲ နိုင်ပါတယ်၊ ဂိုဏ်းအပေါ် သစ္စာ ရှိနေ သရွေ့ ...၊ မင်းက ဓားနန်းတော်ရဲ့ သာမန် တပည့် တစ်ယောက် အနေနဲ့၊ ဆက်ရှိ နေမှာပါ။ ”

ကာကွယ်သူ မက်မွန်၏ စကားကြောင့်၊ လင်းယွန် အံ့အားသင့် သွားခဲ့သည်။ နောက်တော့ တစ်စုံ တစ်ရာကို သတိပြု မိသွားကာ၊ ၎င်းမှာ အဓိပ္ပာယ် ရှိသည်ဟု၊ ခံစား မိသည်။

သခင့်ဓားသည် မိတ်ဆက် ရုံမျှဖြင့်၊ ဤမျှ ကြောက်စရာ ကောင်းပေသည်။ နည်းစနစ် အပြည့် အစုံ ဆိုပါက၊ မည်မျှ အစွမ်းထက် မည်ကို၊ သူ တွေးကြည့် နိုင်သည်။

ထိုမျှ အဖိုး တန်သော အရာကို၊ တစ်စုံ တစ်ရာ အတွက် ပေးဆောင်ရန်၊ အကြောင်း ပြချက် မရှိပေ။

အဆုံးတွင် ၎င်းသည် ဂိုဏ်းကို ထောက်ပံ့ ရမည် ဟူသော၊ ညီမျှသည့် လဲလှယ်မှု တစ်ခု ရှိရမည် ဖြစ်သည်။

ထိုကဲ့သို့ လေးနက်သော စကားလုံး များကို၊ ကာကွယ်သူ မက်မွန် အနေဖြင့်၊ ထုတ်ပြောရန် ရှားပါး ပေသည်။

လင်းယွန် စိတ်ထဲ၌ အတွေးများ ထွက်ပေါ် လာပြီး၊ မကြာခင် မှာပင် ဆုံးဖြတ်ချက် တစ်ခုကို ချနိုင် လိုက်သည်။

" အခြား အခွင့် အရေး တွေနဲ့၊ လဲလှယ်ဖို့ မလိုပါဘူး၊ သခင့်ဓားပဲ လိုချင် ပါတယ်။ ”

" မင်း ... သိမှာပါ၊ ဒီလိုမျိုး လက်မခံ လိုက်မှာကို၊ ငါက မင်းထက် ပိုကြောက် နေမိတယ်၊ သခင့်ဓားက ဓားနန်းတော် အတွက်၊ မင်း ထင်ထား တာထက်၊ ပို အရေးပါ တယ်၊ မင်းကို သခင့်ဓား ပေးပြီး ချိန်ထဲက ...၊ ငါစောင့်ကြည့် နေခဲ့ တာပဲ ... ''

'' မင်းကသာ မိတ်ဆွေတွေ အပေါ်၊ သစ္စာ စောင့်သိသူ တစ်ယောက် မဟုတ်ရင်၊ ငါမင်းကို နည်းစနစ် အပြည့် အစုံ ပေးတော့မှာ မဟုတ်ဘူး။ "

ကာကွယ်သူ မက်မွန်က ကောင်းမွန်သော စိတ် အခြေ အနေကို၊ ရရှိ သွားပုံ ရသည်။ သူက လက်ကို ဝှေ့ယမ်းပြီး “ထိုင်ပါ” ဟု၊ ဆိုလိုက်၏။

" မင်းရဲ့ အရည် အချင်းနဲ့ နားလည် နိုင်စွမ်း အရ၊ ခရမ်းရောင် နန်းတော် နယ်ပယ်ကို ရောက်ဖို့က၊ အချိန် တစ်ခုပဲ လိုလိမ့်မယ်၊ အဲ့ဒီအချိန် မဟာချင် အင်ပါယာ ကနေ၊ မင်း ... ထွက်သွားပါ၊ ဒီကမ္ဘာငယ် လေးမှာ မင်းကို ချုပ်နှောင် ထား နိုင်တဲ့၊ နည်းလမ်း မရှိတော့ဘူး။ ”

ဟု ကာကွယ်သူ မက်မွန်က ဆက်လက် ပြောပြသည်။

နားထောင်နေသော လင်းယွန်၏ မျက်နှာတွင် လေးနက်သည့် အမူ အရာများ ဖြစ်ပေါ် လာသည်။ မဟာချင် အင်ပါယာတွင် သူ့အား ချုပ်နှောင် ထားနိုင်မည့် နည်းလမ်း မရှိပေ။

ဆုဇီယာကို ရှာရန် သည်နေရာမှ၊ အနှေးနှင့် အမြန်ဆို သလို၊ ထွက်ခွာ သွားရ ပေလိမ့်မည်။

ဆုဇီယာနှင့် မည်သည့် အကြွေးမှ မတင် လိုပေ။ သူမအား ပေးဆပ် လိုပြီး၊ တစ်စုံ တစ်ရာကို၊ ဖြည့်ဆည်း ပေးချင် မိသည်။

သူ့ ရည်မှန်း ချက်မှာ ယင်းပို၍ မြင့်မား လှပြီး၊ အမြင့်ဆုံး တောင်ထိပ်၌ ရပ်တည် ချင်၏။

သို့သော် ၎င်းကို လုပ်ဆောင် နိုင်ရန် ခွန်အား လိုပေသည်။ ထို့ကြောင့် သူ့တွင် သခင့်ဓားအား ငြင်းပယ်ရန် အကြောင်း မရှိနိုင်။

ကာကွယ်သူ မက်မွန်က လက်ညှိုးကို လက်ဖက်ရည် ခွက်ထဲ နှစ်ကာ၊ စားပွဲပေါ် ညင်သာစွာ ပုတ်လိုက်၏။

ထို့နောက် လက်ဖက်ရည် စက်မှာ၊ ကြီးမားသော မြေပုံ တစ်ချပ် အဖြစ်သို့ ပြောင်းလဲ သွားကာ၊ လင်းယွန်၏ မျက်လုံး များအား မှေးကျဉ်း သွားစေ ခဲ့သည်။ သည်မြေပုံကို သူ နားမလည်ပေ။

" ဒါက 'တောင်ပိုင်း ရှေးဟောင်း နယ်မြေ' ကြီးရဲ့ မြေပုံပဲ၊ မဟာချင် အင်ပါယာက ဒီနယ်မြေထဲမှာ ရှိတဲ့၊ ကုန်းမြေ ငယ်လေး တစ်ခုပါ၊ မဟာချင် အင်ပါရဲ့ တည်ရှိမှုက ဆုတ်ယုတ် လာတာကြောင့် အခြေခံ အားဖြင့်၊ လျစ်လျူရှု ခံထား ရတယ်၊ ''

ကာကွယ်သူ မက်မွန်က မြေပုံ ထဲရှိ၊ မဟာချင် အင်ပါယာကို ညွှန်ပြ လိုက်၏၊ ၎င်း၏ အနီး တစ်ဝိုက်တွင် အခြားသော အလားတူ အင်ပါယာ နိုင်ငံ များစွာ ရှိနေ လေသည်။

" တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့ အနောက် ဘက်မှာ၊ 'မြင့်မြတ်သော နေဗိမ္မာန်' နဲ့၊ 'ခရမ်းရောင် လဗိမ္မာန်' ဆိုပြီး၊ အင်အားကြီး ဂိုဏ်း နှစ်ဂိုဏ်း ရှိတယ်၊ သူတို့က အနောက်ဘက် နယ်မြေရဲ့ အုပ်စိုးရှင် နှစ်ဦးပဲ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ အလားတူ အုပ်စိုးရှင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၊ နောက်ထပ် ရှိသေးတယ် ... ''

'' ... သူတို့လို အုပ်စိုးရှင် ဂိုဏ်းတွေက မဟာချင် အင်ပါယာကို၊ စကားလေး တစ်ခွန်းနဲ့ အလွယ် တကူ ဖျက်ဆီး နိုင်တယ်၊ ဒါပေမယ့် သူတို့က သူတို့ရဲ့ ပိုင်နက် တွေကို ကျော်လွန်ပြီး၊ အခြားသော နိုင်ငံငယ် တွေကို၊ အနှောက် အယှက် ပေးလို စိတ် မရှိ ကြပါဘူး။ ''

ကာကွယ်သူ မက်မွန်၏ စကား များကြောင့်၊ လင်းယွန် နှလုံးခုန် မြန်လာ ခဲ့သည်။

မဟာချင် အင်ပါယာကြီး တစ်ခုလုံး သည်ပင်၊ ထိုအုပ်စိုးရှင် များရှေ့၌၊ ဘာမှ မဟုတ် နိုင်ခြေ။

ဆုဇီယာသည် ထိုအုပ်စိုးရှင် ဂိုဏ်းကြီး၊ ကိုးဂိုဏ်း ထဲ၌၊ ရှိနိုင် ပေမည်။ သူမ၏ ခွန်အားမှာ၊ မဟာချင် အင်ပါယာရှိ ပါရမီရှင် ရှစ်ပါး ထက်ပင်၊ သာလွန် နိုင်သည်ဟု ထင်သည်။

ထိုအချိန်၌ လင်းယွန်၏ အတွေး များမှာ၊ ဖရိုဖရဲ ဖြစ်သွားကာ၊ ကြီးမားသော ဖိအားကို ခံစား လိုက်ရသည်။

ကာကွယ်သူ မက်မွန်က သူ့ကို၊ စိတ်ကူးထား သည်ထက်၊ ပိုလုပ် စေချင် နေသည် လားဟု၊ ဖျတ်ခနဲ ခံစားလိုက် ရသည်။

" ငါ မင်းကို မဟာချင် အင်ပါယာ ထဲကနေ ... ထွက်သွားပြီး၊ အုပ်စိုးရှင် တွေရဲ့ ...၊ ဘီလူး တွေနဲ့ ရင်ဆိုင် စေချင်တယ်။ "

'' ............. ''

တည်ငြိမ်သော စကား များမှာ၊ လင်းယွန်၏ နှလုံးသားအား၊ ဗုံးတစ်လုံး ပစ်ခွဲလိုက် သကဲ့သို့၊ တုန်ယင်သွား စေသည်။

လင်းယွန်က ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်သည်။ မဟာချင် အင်ပါယာ မှာပင်၊ ကြောက်စရာ ကောင်းသော၊ ပါရမီရှင် ရှစ်ပါး ရှိနေ ပေသည်။

သို့သော် ကာကွယ်သူ မက်မွန်သည် ရည်မှန်းချက် ကြီးလွန်း သဖြင့်၊ သူ့ကို အုပ်စိုးရှင် အင်အားစု များ၏၊ ထူးချွန်ထက်မြက်သော သူများနှင့်၊ ယှဉ်ပြိုင်စေ လိုခဲ့သည်။

“ ငါ တစ်ခုလောက် မေးလို့ ရမလား။ ”

“ မင်းလုပ်နိုင် ပါတယ်။ ”

ကာကွယ်သူ မက်မွန်က ခေါင်းညိတ် ပြလိုက်သည်။

" ပွင့်ပွင့် လင်းလင်း ပြောရရင် ဘိုင်လိရွှမ်ရဲ့ အရည် အချင်းက ငါ့ထက် အားနည်း တာတော့ မဟုတ် ပါဘူး၊ တံခါးပိတ် ကျင့်ကြံပြီး သူတော်စင် ခန္ဓာကိုယ် ကိုတောင်၊ ထုဆစ် နိုင်တယ် မဟုတ်လား၊ သူ့ကို ဘာလို့ သခင့်ဓား မပေး အပ်တာလဲ။"

" သူ့ကို မင်းသိလား။ "

ဘိုင်လိရွှမ် အကြောင်း ပြောဆို ရာ၌ ကာကွယ်သူ မက်မွန်၏ မျက်လုံး များတွင်၊ အကူ အညီ မဲ့သော အရိပ် အယောင်များ တောက်ပ လာပြီး၊ ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူ လိုက်သည်။

လင်းယွန်၏ မျက်လုံး များက ကာကွယ်သူ မက်မွန် လက်ထဲ လှမ်းကြည့်ကာ၊

“ ချူဟောင်းယူ ဆီမှာ၊ ဒီလို ပုံစံ ကျောက်စိမ်းပြား တစ်ခုကို ငါ တွေ့ဖူးတယ်။ ”

" ဟုတ်တယ် ဒါ သူ့ကျောက်စိမ်း ပြားပါ။ ''

ကာကွယ်သူ မက်မွန်က လင်းယွန်ကို ပြန်ဖြေ လိုက်သည်။

" သူ ဘယ်လို နေလဲ။ "

လင်းယွန်က ချူဟောင်းယူ အပေါ် ရန်ငြိုး မထား မိပေ။ ထိုလူသည် မောက်မာ သော်လည်း၊ ကိုယ်ကျင့် တရား ကောင်းမွန်သူ ဖြစ်သည်။

သူတို့က ချန်ပီယံ အတွက် တိုက်ပွဲဝင် နေရသည် ဖြစ်ရာ၊ ရွေးချယ်စရာ လမ်း မရှိ ခဲ့ပေ။ နောက်ဆုံး တိုက်ခိုက် မှုကြောင့်၊ ချူဟောင်းယူမှာ သေလု မျောပါး ဖြစ်သွားကြောင်း သတိ ရမိသည်။

“ သူ့ရဲ့ သိုင်းဝိညာဉ်က ဒဏ်ရာရ သွားတယ်၊ ငါ သူ့ကို တတိယတန်း မှော်ဆေးလုံး ပေးခဲ့ ပေမယ့် ...၊ သူ့ရဲ့ သိုင်းဝိညာဉ်က လုံးဝ ပြန်ကောင်း လာဖို့ မဖြစ်နိုင် ခဲ့ဘူး၊ တစ်သက် တာလုံး ခရမ်းရောင် နန်းတော် နယ်မြေ ထဲကို မသွား နိုင်တော့ မှာကို ငါကြောက် မိတယ် ... ''

'' ဒီရလာဒ်ကို သူ့ မာနက၊ လက်မခံ နိုင်တာကြောင့်၊ ဂိုဏ်းကနေ ထွက်သွားပြီ၊ သူ မထွက်ခွာ ခင်မှာ၊ ဒီကျောက်စိမ်းပြား အပါအဝင်၊ သူ့ရဲ့ အရင်းအမြစ် အားလုံးကို၊ ဂိုဏ်းဆီ ပြန်ပေး ခဲ့တယ်။ ”

ဟု သက်ပြင်း ချကာ ပြန်ပြောင်း ပြောပြ လိုက်သည်။

“ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲက ရက်စက် နိုင်ပေမယ့် ...၊ ဒဏ်ရာ ရတဲ့ သူတိုင်းကို ကုသ ပေးနိုင် ပါတယ်၊ ဒါပေမယ့် ချူဟောင်းယူရဲ့ သိုင်းဝိညာဉ် ပျက်စီးမှု ကတော့ ... ထာဝရ ပါပဲ၊ အိုး .... ဖြစ်နိုင်ရင် ဘိုင်လိရွှမ်နဲ့ သူရဲ့၊ တိုက်ပွဲ ပြီးအောင် ကူညီပေးဖို့၊ မင်းကို ပြောခိုင်း လိုက်တယ်။ "

ချူဟောင်းယူ၏ မာနကြောင့် လင်းယွန်စကား မပြော နိုင်တော့ပေ။ ဘိုင်လိရွှမ်နှင့် ချူဟောင်းယူကြား အာဃာတ များကို ဂိုဏ်းက သိရှိ ထားသည်။

ခရမ်းရောင် နန်းတော် နယ်မြေ ထဲသို့၊ သူ့ တသက်တာ အတွင်း၊ ဝင်ရောက် နိုင်ခြင်း မရှိ သည့်နောက်၊ ဘိုင်လိရွှမ်ကို အနိုင်ယူ နိုင်မည့်၊ နည်းလမ်း မရှိ တော့ပေ။

သို့သော် ထိုဆန္ဒကို သူ့အတွက်၊ လင်းယွန်မှ ကိုယ်စား ဖြည့်ဆည်း ပေးရန်၊ တောင်းဆို ခဲ့သည်။

ထိုသို့ ဆိုပါလျှင် ချူဟောင်းယူသည် ဘိုင်လိရွှမ်းကို ရှုံးနိမ့် ခဲ့ဖူး ပေမည်။ ထို့ကြောင့် လင်းယွန်ကို အနိုင်ယူ စေချင် ပုံရ၏။

ဤနည်းဖြင့် ရှုံးနိမ့် သွားသော ဘိုင်လိရွှမ်ကို ကြည့်ကာ၊ သူဖြေသိမ့် နိုင်မည် ဖြစ်သည်။

ချူဟောင်းယူက လင်းယွန်နှင့် ဘိုင်လိရွှမ်ကြား၊ ရန်ငြိုးကို မသိထား ခဲ့ပေ။ သူ မတောင်းဆို လျှင်ပင်၊ ဘိုင်လိရွှမ်ကို တိုက်ခိုက်ရန် ရည်မှန်း ထားသည်။

ကျောက်စိမ်း ပြားကို ကိုင်ထား လျက်မှ၊ ကာကွယ်သူ မက်မွန်က၊

'' အင်း ... ငါပြောချင် တာက ...၊ ဒီကျောက်စိမ်းပြား အကြောင်းပဲ၊ ဒါကို ကိုင်ဆောင် ထားတဲ့ လူက၊ လူမှု အဖွဲ့ အစည်း တစ်ခု ထဲကို၊ ဝင်သွား ပြီလို့ ဆိုလိုတာ ပါပဲ၊ အခုတော့ သူက အသုံး မဝင် တော့တာကြောင့်၊ အဲ့ဒီ အသိုင်း အဝိုင်း ကနေ၊ ထွက်သွား ခဲ့တယ် ... ''

'' ဂိုဏ်းကြီး လေးဂိုဏ်း ထဲက၊ ကြီးကျယ်ခမ်းနားတဲ့ ပါရမီ ရှင်ပေါင်း များစွာက၊ ဒီကျောက်စိမ်း ပြားကို ရရှိ ထားကြတယ်၊ ဘိုင်လိရွှမ်က သူတို့ ထဲက တစ်ယောက်ပဲ။ ''

ကာကွယ်သူ မက်မွန်၏ စကားကြောင့်၊ လင်းယွန်က ထိတ်လန့် သွားသည်။

ထိုမျှ ကြီးမားသော အဖွဲ့စည်း တစ်ခုကို ထူထောင်ရန်၊ ဤသူသည် မည်မျှ အင်အားကြီး မည်ကို တွေးကြည့် နေမိသည်။

ဂိုဏ်းကြီး လေးဂိုဏ်က သဘာဝ အတိုင်း သိထား သော်လည်း၊ မျက်ကွယ် ပြုထားသည့် အတွက်၊ နောက်ကွယ်က သူမှာ၊ မဟာ ဂိုဏ်းကြီး များကိုပင်၊ ခြိမ်းခြောက် ထားနိုင်သူ တစ်ယောက်ဟု ဆိုလို ပေသည်။

" သူ ဘယ်သူ လဲ။ "

လင်းယွန်က မေးလိုက်၏။

" မဟာချင် အင်ပါယာမှာ ရှိတဲ့၊ ဂိုဏ်းကြီး လေးဂိုဏ်းကို မျက်လုံးထဲ မထည့်ထား နိုင်တာ ...၊ ဘယ်သူ ရှိမှာလဲ။ "

ကာကွယ်သူ မက်မွန်က အောင့်မြက် နာကျင်ဟန်ဖြင့်၊ လင်းယွန်ကို ပြုံးပြ လိုက်သည်။

" တော်ဝင် မိသားစု ....၊ ဒီလူက မဟာချင် အင်ပါယာရဲ့ မင်းသားပဲ။ ”

လင်းယွန် ချက်ချင်း တွေးတော မိသွားပြီး၊ အံ့သြ သွားသည်။

" မှန်တယ်၊ အိမ်ရှေ့ မင်းသားပါ၊ ပါရမီရှင် ရှစ်ပါး ထဲက တစ်ပါး ဖြစ်တဲ့ ချင်ယုပဲ၊ တော်ဝင် မိသားစုက၊ 'အသူရာ' ဆိုတဲ့ အဖွဲ့ အစည်းကို၊ လျှို့ဝှက် ဖွဲ့စည်း ထားတယ်၊ ချင်ယု လက်ထဲမှာ၊ အဲ့ဒီ အဖွဲ့ အစည်းက ...၊ မယုံနိုင် လောက်အောင် ကြီးထွားလာ ခဲ့တာပဲ ... ''

'' သူက မဟာချင် အင်ပါယာမှာ ပုန်းအောင်း နေတဲ့၊ ဆရာသခင် တစ်ယောက်လို့ ယူဆ နိုင်တယ်၊ ဝမ်ယန် ကလည်း သူ့အဖွဲ့ ထဲက တစ်စုံ တစ်ယောက် ပါပဲ၊ ဒါကြောင့် ... ''

'' တစ်ချိန်က စည်းမျဉ်း တွေကို၊ သူ ဖောက်ဖျက်တဲ့ အခါ၊ ဂိုဏ်းက ဘယ်လိုမှ အရေး မယူ နိုင်ခဲ့ဘူး၊ ဒါပေမယ့် ငါတို့ကို စိတ်ပူ စေတာက ဝမ်ယန် မဟုတ်ဘူး၊ 'အသူရာ' ဆိုတဲ့ ...၊ ချင်ယုရဲ့ အဖွဲ့ အစည်းပါ။ ”

ကာကွယ်သူ မက်မွန်က သက်ပြင်းချ လိုက် ပြီး။

" အခု သူတော်စင် ခန္ဓာကိုယ် ကို၊ ပိုင်ဆိုင် ထား တာတောင်၊ သခင့်ဓားကို ဘာလို့ မပေး ရလဲ ဆိုတာ ...၊ မင်း နားလည် လောက်ပြီ ထင်တယ်။ "

***

All Chapters