← Chapters

စကြာဝဋ္ဌာ လက်နက်။

Vol. 23 Ch. 317

စကြာဝဋ္ဌာ လက်နက်။

Vol. 23 Ch. 317

''ဝမ်ယန်က စည်းမျဉ်း တွေကို၊ ဖောက်ဖျက်တဲ့ အခါ၊ ဂိုဏ်းက ဘယ်လိုမှ အရေး မယူ နိုင်ခဲ့ဘူး၊ ဒါပေမယ့် ငါတို့ စိုးရိမ် တာက သူ မဟုတ်ဘူး... ၊ ချင်ယုပဲ ။ ”

ကာကွယ်သူ မက်မွန်က သက်ပြင်းချ လိုက် ပြီး။

" အခု သူတော်စင် ခန္ဓာကိုယ် ကို၊ ပိုင်ဆိုင် ထား တာတောင်၊ သခင့်ဓားကို ဘာလို့ မပေး ရလဲ ဆိုတာ ...၊ မင်း နားလည် လောက်ပြီ ထင်တယ်။ "

ဘိုင်လိရွှမ်သည် အသူရာ အဖွဲ့ အစည်း အတွင်း၊ ဝင်ရောက် သွားခဲ့ပြီ ဖြစ်ရာ၊ ဓားနန်းတော် အနေဖြင့်၊ သခင့်ဓား ကဲ့သို့၊ အရေး ကြီးသော အရာ တစ်ခုကို၊ သူ့ထံ ပေးအပ် နိုင်မည် မဟုတ်ပေ။

တနည်းအားဖြင့် ဘိုင်လိရွှမ်မှာ တော်ဝင်မိသားစု၏ လက်တံ တစ်ခုဟု ဆိုရ ပေမည်။ ထိုသို့ သိရှိ ထားသော်လည်း၊ သက်သေ မရှိဘဲသက်ပစ် ရန်မှာ၊ မဖြစ် နိုင်ပေ။

ထို့အပြင် ကျောက်စိမ်းပြား ပိုင်ရှင် များကို သတ်ဖြတ် ခြင်းသည်၊ တော်ဝင် မိသားစုနှင့်၊ ၎င်းတို့၏ ဆက်ဆံ ရေးကို၊ ယိုယွင်း သွားစေမည် ဖြစ်သည်။ အဆုံးတွင်၊ ဓားနန်းတော်မှာ ၎င်းအား လစ်လျူရှု ထားခဲ့ ရလေသည်။

မဟာချင် အင်ပါယာ ကြီးသည် ငြိမ်သက် နေသော်လည်း၊ ရေစီး ကြောင်းက ရိုင်း ပေ၏။ ထို့နောက်တွင်၊ လင်းယွန် သည်လည်း၊ သံသယများ ဝင်လာ ပြန်သည်။

" ဂိုဏ်းက တော်ဝင် မိသားစုကို တကယ်ကြောက်တာလား။ "

မဟာ ဂိုဏ်းကြီး လေးဂိုဏ်း၏ အင်အားမှာ၊ တော်ဝင် မိသားစု ကိုပင် လွန်မြောက်ကြောင်း၊ သူ ကြားသိ ထားသည်။

'' တော်ဝင် မိသားစုက ပျော့ညံ့ တာကြောင့် မာန ကြီးဖို့ မဝံ့ရဲ ကြပါဘူး၊ ဒါပေမယ့် 'ကောင်းကင်ဘုံ ချင် အင်စတီကျု' ကို၊ တည်ထောင်ပြီး ကတည်းက ....''

'' .... သူတို့က အထက်တန်းစား တွေကို၊ မွေးထုတ် ပေးလာ နိုင်တယ်၊ တစ်ဦးချင်း အနေဖြင့်၊ တော်ဝင် မိသားစုကို ဆန့်ကျင် ရဲတဲ့သူ၊ ဂိုဏ်းကြီး တွေမှာ တစ်ယောက်မှ မရှိဘူး ...''

'' ... ဒါကြောင့် သဘော တရား အရ၊ တော်ဝင် မိသားစုကို ဆန့်ကျင့်ဖို့ ဆိုတာက ...၊ မင်းမေး သလို ဂိုဏ်းကြီး တွေက၊ ကြောက်နေလား ဆိုတဲ့ ...၊ မေးခွန်း ကိုတော့ ဖြေဖို့ မလို တော့ဖူးလို့ ထင်ပါတယ်။ ''

ကာကွယ်သူ မက်မွန် ကပင် ဆက်လက်ပြီး၊

" လက်ရှိ အခြေ အနေက၊ ကောင်းတဲ့ ဘက်မှာ မဟုတ်ဘူး၊ ငါတို့က ဘာမှ မလုပ်ဘူး ဆိုရင်၊ တစ်ချိန်မှာ တော်ဝင် မိသားစုရဲ့ လက်အောက်ခံ ဂိုဏ်းတွေ ဖြစ်လာ လိမ့်မယ်၊ ဒါက ဘယ်သူမှ မမြင်ချင်တဲ့ အရာပဲ။ ''

လင်းယွန်က ခေါင်းညိတ် လိုက်သည်။

'' ဒါဆို ဂိုဏ်းက ငါ့ကို ဘာလုပ် စေချင် တာလဲ။ ''

ကာကွယ်သူ မက်မွန်က လင်းယွန်ကို ကြည့်ကာ၊

'' ရှေးဟောင်း တောင်ပိုင်း နယ်မြေ ကြီးမှာ၊ အသက် နှစ်ဆယ့် ငါးနှစ်အောက်၊ ပါရမီရှင် တွေကို စုပြီး၊ လေးနှစ် တစ်ကြိမ် ပြိုင်ပွဲ တစ်ခု ကျင်းပ လိမ့်မယ်၊ အဲ့ဒီ ပြိုင်ပွဲ ကျင်းပ ဖို့က နှစ်နှစ်ပဲ လိုတော့တယ်၊ ''

'' အဲ့ဒီပြိုင်ပွဲကို 'သွေးစွန်းသော ဧည့်ခံပွဲ' လို့၊ ခေါ်တယ်၊ မဟာချင် အင်ပါယာက၊ ပြိုင်ပွဲ အတွက် ဝင်ခွင့် ခွဲတမ်း၊ ရှစ်နေရာပဲ ရခဲ့တယ်။

'' ခွဲတမ်း ရှစ်ခုလား၊ ... ဒါဆို မဟာချင် အင်ပါယာရဲ့ ပါရမီရှင် ရှစ်ပါးနဲ့၊ ဆက်စပ် နေလား။ ''

ကာကွယ်သူ မက်မွန်က ပြုံးပြီး ခေါင်းညိတ် လိုက်၏။

'' မင်း ခန့်မှန်းမိ မယ်လို့ ထင်ထား ပါတယ်၊ မဟာချင် အင်ပါယာရဲ့ ပါရမီရှင် ရှစ်ပါးက၊ တကယ်ပဲ ယခင် ပြိုင်ပွဲကို တက်ရောက် ခဲ့တဲ့ သူ ရှစ်ဦးပါ၊ ပြိုင်ပွဲ မစမီ ခြောက်လ အလိုမှာ၊ မဟာချင် အင်ပါယာက 'နဂါး တံခါး တိုက်ပွဲ' လို့ခေါ်တဲ့၊ ပြိုင်ပွဲ တစ်ခု ကျင်းပ လိမ့်မယ်။ "

နဂါး တံခါးကို ဖြတ်၍ နဂါး တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံသန်း သွားကြ ပေမည်။

ထိုအမည် အရ၊ ၎င်းကို ဖြတ်သန်းသွား သူများမှာ၊ 'တောင်ပိုင်း ရှေးဟောင်း နယ်မြေ' ကြီးရှိ ပါမီရှင် များနှင့်၊ ယှဉ်ပြိုင်ရန် အရည် အချင်း ပြည့်မီပြီး ဖြစ်ကာ၊ 'သွေးစွန်းသော ဧည့်ခံပွဲ' ကို တက်ရောက်ရန်၊ အရည်အချင်း ရှိသည် ဟုလည်း၊ အဓိပ္ပါယ် ရလေ၏။

" သွေးစွန်းသော ဧည့်ခံပွဲ အကြောင်း၊ အသေး စိတ်ကို ပြောပြ နိုင်မလား။"

လင်းယွန်က သိချင် စိတ်ကို ထိန်းမရ ခဲ့ပေ။ 'တောင်ပိုင်း ရှေးဟောင်း နယ်မြေ' ရှိ၊ ပါရမီ ရှင်များ အားလုံး၊ အတူ တကွ စုရုံး မိသော အခါတွင်၊ မည်မျှ ကြီးကျယ် ခမ်းနား နိုင်မည်ကို၊ သူ စိတ်ကူး မယဉ်နိုင်ပေ။

'' နဂါးတံခါး တိုက်ပွဲကို ဖြတ်ကျော် ပြီးတဲ့ အခါ ကြရင်၊ အဲဒါကို ပြောကြ ရအောင်၊ မင်းက နဂါး တံခါးကို မဖြတ်ကျော် နိုင်ရင် ... 'သွေးစွန်းသော ဧည့်ခံပွဲ' အကြောင်း၊ သိစရာ မလိုတော့ဘူး။ "

ကာကွယ်သူ မက်မွန် စကား များက၊ လင်းယွန်၏ ခေါင်း ပေါ်သို့ လောင်းချ လိုက်လာသော ရေစက်များ နှင့်တူ၏။ ယင်းသည် အဓိပ္ပါယ် ရှိပေသည်။

မဟာချင် အင်ပါယာ၏ ပါရမီရှင် ရှစ်ပါး မဆိုနှင့်၊ ဓားနန်းတော်၌ 'ကောင်းကင် အဆင့်' ဝင်ရန်ပင်၊ လိုအပ် နေသေး၏။

နဂါးတံခါး တိုက်ပွဲ ကျင်းပရန် တစ်နှစ်သာ လိုတော့သည် ဖြစ်ရာ၊ သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။

" မဟာချင် အင်ပါယာ မှာရှိတဲ့၊ ပါရမီ ရှင်တွေက၊ နဂါးတံခါး ပြိုင်ပွဲ အတွက် စုရုံးကြ လိမ့်မယ်၊ လူတိုင်းက ခွဲတမ်း အတွက် တိုက်ပွဲဝင် ချင်ကြ တာကြောင့် လွယ်ကူမှာ မဟုတ်ဘူး ...''

'' ထိပ်တန်း ရှစ်ယောက်ကို ကြီးကြီး မားမား ဆုချီးမြှင့် လိမ့်မယ်၊ ချန်ပီယံက 'မြင့်မြတ်တဲ့ တမာန်တော်' ထံကနေ ... ကြိုက်ရာ အခွင့် အရေး တစ်ခု တောင်းယူ နိုင်တယ်။ ''

“ 'တမာန်တော်' က ဘယ်သူလဲ၊ ငါ တောင်းဆိုချက် တစ်ခုခု လုပ်လို့ ရမလား"

လင်းယွန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ မြင့်မြတ်တဲ့ တမာန်တော်က၊ 'သွေးစွန်းသော ဧည့်ခံပွဲ' ကနေ၊ စေလွှတ် လာမယ့်၊ သံတမန် တစ်ယောက်ပဲ၊ နဂါးတံခါး ပြိုင်ပွဲ မှာသာ ပေါ်လာ လိမ့်မယ်၊ သူ့ စကားက မဟာချင် အင်ပါယာရဲ့ ဧကရာဇ် ပေါ်တောင် သက်ရောက် နိုင်တယ်၊ ဒါကြောင့် သိပ် အများကြီး၊ မဟုတ် သရွေ့တော့ ...၊ သူ သဘောတူ မှာပါ။ ”

" ဒီနှစ် နဂါးတံခါး ပြိုင်ပွဲက ခက်ခဲမယ့် ပုံပါပဲ။ "

လင်းယွန်က ခပ်တိုးတိုး ရေရွတ် လိုက်သည်။ ကာကွယ်သူ မက်မွန်က ထိုအကြောင်းကို နားလည် ထားပုံ ရ၏။ သူက၊

“ မင်း ဒီလောက် အလျင်လို နေစရာ မလို ပါဘူး၊ မင်းအသက်က ဆယ့်ခုနစ် နှစ်ပဲ ရှိသေးတယ်၊ အဲဒါကို အတွေ့ အကြုံ တစ်ခု အနေ နဲ့ပဲ သဘောထား နိုင်ပါတယ်၊ ဂိုဏ်းက လေးနှစ်စောင့် ရလည်း ပြဿနာ မရှိပါဘူး။ ”

အတိအကျ ဆိုရသော် နဂါးတံခါး ပြိုင်ပွဲအတွက်၊ ဆယ့်တစ်လသာ ကျန်ရှိ ပေတော့သည်။

လင်းယွန်၏ လက်ရှိ ကျင့်ကြံ မှုဖြင့်၊ ပါရမီရှင် များကို ယှဉ်ပြိုင်ခိုင်း ခြင်းသည်၊ တရားမျှ တမှု မရှိပေ။

သို့သော် နောက်လေး နှစ်တွင်မူ ထိုသို့ မဟုတ်နိုင်၊ လင်းယွန်၏ အရည်အချင်း အရ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိရန် အခွင့် အရေး များစွာ ရှိသည်။

ထိုအချိန်တွင်၊ နဂါးတံခါး ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင် ခြင်းဖြင့်၊ အောင်မြင်မှု များစွာ ရရှိ ပေမည်။ သို့သော် ကာကွယ်သူ မက်မွန်က လင်းယွန်ကို၊ အရာ အားလုံး အတိ အကျ၊ မဆို ခဲ့ပေ။

'သွေးစွန်းသော ဧည့်ခံပွဲ' တွင်၊ မဟာချင် အင်ပါယာရှိ ပါရမီရှင် ရှစ်ပါး၏ စွမ်းဆောင်ရည်မှာ၊ အကောင်း ဘက်တွင် မဟုတ်ခဲ့ ကြောင်းကို၊ ရည်ရွယ်ချက် ရှိရှိ ချန်လှပ် ထားခဲ့သည်။

လင်းယွန် အတွက်မူ ထိုသို့သော အတွေးမျိုး မရှိ ခဲ့ကာ၊ အနှေးနှင့် အမြန် ဆိုသလို၊ ပြိုင်ပွဲက ရောက်ရှိ လာမည် ဖြစ်သည်။

နောက်တစ်ကြိမ် ဆိုသော လေးနှစ်တာ ကာလသည်၊ သူ့ အတွက် ကြာညောင်း ပေမည်။

“ အဲဒါကို ထားရ လိုက်ရအောင်၊ နဂါးတံခါးပြိုင်ပွဲက ဝေးနေ သေးတယ်၊ ချန်ပီယံ အတွက် ဆုလာဘ်တွေ မင်းကို ပေးပါ ရစေ”

ဟု ဆိုကာ၊ ကာကွယ်သူ မက်မွန်က ပြုံးလျက်၊ သိုလှောင်အိတ် တစ်လုံးကို လင်းယွန်အား ကမ်းပေး လိုက်သည်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များဖြင့်၊ ပြည့်နှက် နေသော အိတ်ဆောင်ကို ကြည့်ပြီး၊ ထိတ်လန့် သွား၏။

“ ဒါ က ...… ”

အံ့သြ နေသော လင်းယွန်ကို ကြည့်ကာ၊ လျိုဖန်းနှင့် ဘိုင်တင်းတို့ ကစားပွဲ အကြောင်းအား၊ ပြန်ပြောင်း ပြောပြ လိုက်သည်။

“ စိတ်ဝင်စားစရာပဲ … မဟာမိတ် ပြည်တောင်စု တိုက်ပွဲမှာ၊ ဒီလိုမျိုး ကြုံလာ ရလိမ့် မယ်လို့၊ မမျှော်လင့် ထားမိဘူး၊ အခု အချိန် အကြီးအကဲ ဘိုင်တင်း၊ ခံစား နေရ တာကို သိချင် မိတယ်။ ”

လင်းယွန်က သို့လှောင်အိတ်ကို သိမ်းလိုက်ပြီး၊ ပြုံးကာ ဆိုလိုက်သည်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များမှာ၊ သူ့ အတွက် များပြား လှသော၊ ပမာဏ ဖြစ်သည် သာမက၊ ဘိုင်တင်း မျက်နှာကို ဖြတ်ရိုက် နိုင် ခြင်းမှာ၊ ဝမ်းသာ စရာ ပေပင်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅၀၀၀) အပြင်၊ ချန်ပီယံ အတွက် ဂိုဏ်းမှ လာသော နောက်ထပ် ကျောက်စိမ်း (၁၀၀၀)လည်း ရှိနေသည်။

နောက်ဆုံး အနေဖြင့်၊ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ဖြစ်သည်။

" ရှင်းယန်က ပြောပါတယ်၊ ဒီစကြာဝဋ္ဌာလက်နက်ကို မင်းက သူ့ပေးချင် နေတာလို့ ...၊ ဒါပေမယ့် သူ့ရဲ့ ပင်ကိုယ် စရိုက် အရ၊ ဒါကို လက်ခံ နိုင်စရာ အကြောင်း မရှိ ပါဘူး၊ သူက မင်းကို မောင်လေး တစ်ယောက် အနေနဲ့၊ တကယ်ပဲ မှတ်ယူ ထားတယ် ဆိုတာ၊ ငါပြောနိုင် ပါတယ်၊ ဒါကြောင့် ကောင်းကောင်း စောင့်ရှောက်ပါ။ ”

ကာကွယ်သူ မက်မွန်၏ နောက်ပြောင်မှုကြောင့်၊ လင်းယွန်က အဆင် မပြေ ဖြစ်သွား ရသည်။

ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်ကို၊ ကိုင်လိုက်သော အခါတွင်၊ ထူးဆန်းသော ခံစားချက် တစ်ခု ဖြစ်ပေါ် လာ၏။

“ဒီ စစ်ပွဲ အလံငယ်က ကြီးမားတဲ့ နောက်ခံ ရှိတယ်၊ တစ်ချိန်က အဆင့်မြင့် စကြာဝဠာလက်ရာ များထဲက တစ်ခု အဖြစ်၊ ရပ်တည် ထားနိုင်တယ်၊ ဒါပေမယ့် ပျက်စီး သွားတဲ့ နောက်တော့ ...၊ အဆင့်နိမ့် စကြာဝဠာ လက်ရာတစ်ခု ဖြစ်လာ ခဲ့တာပဲ ... ''

'' မင်းအတွက် အဲဒါကို ငါ တံဆိပ် ခတ်ပေး ထားတယ်၊ မင်းရဲ့ သွေးစက် အနည်းငယ် ပို့လွှတ် ရုံနဲ့၊ ပိုင်ဆိုင်ခွင့် တောင်းဆိုလို့ ရတယ်။ "

ကာကွယ်သူ မက်မွန်က သူ့လက်ကို ဝှေ့ယမ်းကာ၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ် ကို၊ လှမ်းယူ လိုက်သည်။

အလံငယ် ထံမှ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး၊ ရွှေရောင် အဆင်း သဏ္ဍာန် များ တောက်ပ လာကာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လာသည်။

ကြက်သွေးရောင် မီးဝိညာဉ် ရူရ် များက၊ မီးလျှံများ ကဲ့သို့၊ စတင် လောင်ကျွမ်း လာပြီး၊ စကြာဝဠာ အဆင့် မှော်ရတနာ တစ်ခု၏ ဖိအားကို လွှတ်ပေး ခဲ့သည်။ ပြင်းထန် လွန်းသဖြင့်၊ အသက်ရှူရ ခက်ခဲ လာစေ၏။

“ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်မှာ ပုံစံ နှစ်မျိုး ရှိပါတယ်၊ ပထမ ပုံစံက တာဝေးပစ် တိုက်ခိုက် မှုပဲ၊ ဒီတိုက်ခိုက် မှုက မီးတောက် တွေကို လွှတ်ထုတ် နိုင်တယ်၊ ကျင့်ကြံမှု အားကောင်းရင်၊ ခရမ်းရောင် နန်းတော် နယ်ပယ်က၊ ကျွမ်းကျင်သူ တွေကို၊ အနိုင်ယူ နိုင်ခြေ ရှိတယ် ..... ''

'' ဒုတိယပုံစံက 'ကြက်သွေးရောင် စစ်သူရဲ ဓား' …”

ကာကွယ်သူ မက်မွန်က အလံငယ်ကို ကိုင်ဆောင် ထားစဉ်၊ အလံ ဝင်ရိုး ထိပ်၌ အေးစက် တောက်ပသော ကြက်သွေးရောင် ဓားတစ်လက် ထွက်ပေါ် လာသည်။

ဓားကို ပြန်သိမ်း လိုက်သည်နှင့်၊ အလံငယ် တစ်ခု အဖြစ်သို့၊ ပြန်ပြောင်း သွားခဲ့သည်။

“ လုပ်ပါ ...၊ မင်းရဲ့ သွေးကို အဲဒီ အပေါ်၊ ချကြည့် လိုက်ပါ။ "

ကြက်သွေး မီးလျှံ အလံငယ်ကို ပြန်ပေး အပ်စဉ်၊ ကာကွယ်သူ မက်မွန်က လေးနက်သောအမူ အရာဖြင့် ဆိုလိုက်သည်။

လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့် လက်ညှိုးကို ကိုက်ကာ၊ အလံပေါ်သို့ သွေးများ စီးကျ စေလိုက်သည်။

ထို့နောက်တွင် လင်းယွန်၏ အသိ စိတ်များ တုန်လှုပ် သွားပြီး၊ သူ့ စိတ် ဝိညာဉ်မှာ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ထဲသို့၊ ပေါင်းစပ် သွား၏။

သည်တစ်ကြိမ် အလံကို ကိုင်လိုက် ချိန်တွင်၊ သူ့ ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခုအား၊ ပြန်ရလိုက် သကဲ့သို့၊ အားရ ကြေနပ်သွား စေသည်။

ကြက်သွေးရောင် စစ်ပွဲ အလံငယ် ထံမှ၊ ထွက်ပေါ် လာသော အကန့် အသတ် မရှိ၊ စွမ်းအင် များကို ခံစား မိကာ၊ ပျော်ရွှင် သွားခဲ့သည်။

ချူဟောင်းယူနှင့် ထပ်မံ ရင်ဆိုင် ရပါက၊ အလံငယ် တစ်ခု တည်းဖြင့်၊ အလွယ် တကူ သတ်ပစ် နိုင်မည်။

သို့သော် လက်ရှိ သူ၏ မူလ စွမ်းအင် အရ၊ အချိန် အကြာကြီး ကိုင်ဆွဲရန် မဖြစ် နိုင်ကြောင်း၊ သဘောပေါက် လိုက်သည်။

“ လောလောဆယ် သိမ်းထား လိုက်ပါ၊ မင်းရဲ့ ကိုယ်ပိုင် အချိန်မှာ လေ့လာပါ၊ ဒါပေမယ့် မင်းရဲ့လက်ရှိ ကျင့်ကြံမှု အရ၊ အခု ချက်ချင်း သုံးဖို့ ကတော့ ... တွန်းအား ပေးသလို ဖြစ်နေလိမ့်မယ်၊ ဒါကြောင့် ရူးရူး မိုက်မိုက် မသုံး မိဖို့ အကြံ ပြုချင် ပါတယ်။ ”

ဟု ကာကွယ်သူ မက်မွန်က ပြုံးကာ ဆိုသည်။

“ ........”

လင်းယွန်က ခေါင်းညိတ်ကာ၊ 'ကြက်သွေးရောင် စစ်ပွဲ အလံငယ်' ကို သိုလှောင်အိတ် ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်၏။ ပြီးနောက်၊

" ကာကွယ်သူ မက်မွန် ငါ့အတွက် တခြား တစ်ခုခု ပေးဖို့ ရှိသေးလား။ "

" မင်းက သခင့်ဓား အကြောင်း၊ ပြောနေ တာလား။"

သူက လောဘ ကြီးသော လင်းယွန်ကို ပြန်ကြည့်ကာ၊

“ မင်းရဲ့ ကျင့်ကြံမှု လုံလောက် လာရင် ...၊ သဘာဝ အတိုင်း ငါပေး မှာပါ၊ နည်းစနစ် အပြည့် အစုံ ရဖို့က လွယ်မယ် မထင် ပါနဲ့။ ”

လင်းယွန်က သူ့ မေးစေ့ကို ပွတ်သပ် လိုက်၏။ ကာကွယ်သူ မက်မွန် ပြောတာ အဓိပ္ပာယ် ရှိသည်။

သို့သော် ကာကွယ်သူ မက်မွန်၏ မျက်လုံးများ ထဲ၌၊ ဝှက်ထားသော အလင်းရောင် အချို့ကို တွေ့လိုက် ရသည့် အခါ၊ သံသယ ဝင်လာ မိပြန်သည်။

သူ့အတွက် တူးထားသော တွင်းနက် ကြီးထဲ၊ ပြုတ်ကျ သွားသလို၊ ခံစား လိုက်ရသည်။

“ နည်းစနစ် အပြည့် အစုံကို လောလောဆယ် မပေးနိုင် သေးဘူး၊ ဒါပေမယ့် ငါမင်းရဲ့ 'ဂိုဏ်းသား တံဆိပ် ပြား' ကို၊ ဆဌမ အဆင့် အထိ မြှင့်ထား ပေးတယ်၊ မင်းအခု လောလောဆယ် သိုင်းခန်းမမှာ၊ ဝိညာဉ် အဆင့် ဓား နည်းစနစ်ကို၊ ရွေးချယ် နိုင်ပါတယ်။ ”

'' ဝိညာဉ် အဆင့် ဓားနည်းစနစ်၊ ဒါလည်း မဆိုးပါဘူး။ ''

အတွင်း တပည့် အဖြစ်သို့၊ ယခုမှ တိုးမြှင့်ခြင်း ခံခဲ့ ရသည် ဖြစ်ရာ၊ ယခု အချိန်တွင် အခြေခံ 'ဝိညာဉ် အဆင့်'၊ နည်းစနစ် များကိုသာ၊ ရွေးချယ် နိုင်ပေမည်။

" ဒါနဲ့ အခု ဘယ်မှာလဲ။ "

လင်းယွန်က သူ ဘယ်ရောက် နေမှန်း မသိ သေးပေ။

" ငါ ကျင့်ကြံတဲ့ နေရာပဲ။ ''

ဓားနန်းတော်ရှိ ရတနာ နယ်မြေများ အားလုံးကို၊ အကြီးအကဲ များက၊ ရယူ ထားပြီး ဖြစ်ရာ၊ ကာကွယ်သူ မက်မွန်၏ အဖြေကြောင့်၊ လင်းယွန် မျက်လုံးများ တောက်ပ လာသည်။

ဆိုလို သည်မှာ ကာကွယ်သူ မက်မွန်၏ ကျင့်ကြံရာ နယ်မြေသည်၊ ထိုရတနာ နယ်မြေ များ၌ အကောင်းဆုံး ဖြစ်ရ ပေမည်။

ဖြစ်နိုင်လျှင် 'လ' အတော်ကြာ၊ တံခါးပိတ် ကျင့်ကြံခွင့် ရပါက၊ သူ့ အတွက် အကျိုး ရှိမည် ဖြစ်၏။

" သုံးရက်... ၊ သုံးရက် လောက် နေပြီးရင်၊ ထွက်သွားပါ။ "

ကာကွယ်သူ မက်မွန် အသံက၊ လင်းယွန်၏ စိတ်လှုပ်ရှား နေသော အတွေး များကို ကြေမွ သွားစေ ခဲ့သည်။ သူက ပြုံးလိုက်ပြီး၊ တိုးဖွဖွ ရေရွတ် လိုက်မိ လေသည်။

“ ကာကွယ်သူ တစ်ယောက်က၊ အရမ်း တွန့်တို နေတာလား၊ သုံးရက် ... အင်း ၊ ဒါလည်း မဆိုး ပါဘူး။ ”

***

All Chapters