← Chapters

သုံးရက်။

Vol. 23 Ch. 318

သုံးရက်။

Vol. 23 Ch. 318

ကာကွယ်သူ မက်မွန် ထွက်ခွာသွား ပြီးနောက် သူ့ မျက်နှာကို ဆေးကြော သန့်စင်ကာ၊ တဲငယ် အတွင်းမှ၊ ထွက်လာ ခဲ့သည်။

ပတ်ဝန်း ကျင်တွင် စိမ်းညို့ နေသော တောတောင် များကို တွေ့မြင် နေရ ဖြစ်သည်။ အဝေး တစ်နေရာရှိ မက်မွန်ပန် များကို ဖြတ်တိုက် လာသော လေထဲတွင်၊ အေးစိမ့်စိမ့် အငွေ့ အသက်များ ကပ်ညိ ပါနေသည်။

“ နေရာ ကောင်းပဲ။ ”

ကာကွယ်သူ မက်မွန်က သည်နေရာကို မည်သည့် အတွက်ကြောင့်၊ ရွေးချယ်ခဲ့ သည်ကို သိရှိလိုက်သည်။

ဤနေရာရှိ ဝိညာဉ် စွမ်းအင် များမှာ၊ ရတနာ တောင်ကုန်း နယ်မြေနှင့် နှိုင်းယှဉ် နိုင်သော အရာ မဟုတ်ပေ။

ပတ်ဝန်းကျင် ရှုခင်း များကို ခံစားလျက်၊ သက်တောင့် သက်သာ လျှောက်လှမ်း လာခဲ့သည်။

တောင်ပူစာ ငယ်များကို ဖြတ်ကျော် ပြီးနောက်၊ အေးခဲ နေသော ရေကန် တစ်ကန်ကို တွေ့လိုက် ရ၏။

ကန်ရေမှာ ကြေးမုံပြင် ကဲ့သို့၊ ကြည်လင် လှပြီး၊ ရေကန် ကြမ်းပြင် တွင် လဲလျောင်း နေသော မက်မွန်ပွင့် ငယ်များ ကိုပင် အလွယ် တကူ မြင်နိုင်သည်။

ထို့ပြင် ဤနေရာ၌ နည်းစနစ်များ၊ လေ့ကျင့် ထားသော၊ ခြေရာ လက်ရာ များဖြင့်၊ ပြည့်နှက် နေ၏။

ကာကွယ်သူ မက်မွန်က သူ၏ ကျင့်ကြံ ခြင်းကို၊ သည်နေရာ၌ လေ့ကျင့် ရလိမ့် မည်ဟု၊ ရိပ်မိ လိုက်သည်။

“ ဒါ က …”

ထူးခြားချက် အချို့ကြောင့်၊ ခြေလှမ်းများ အရှိန်ကို မြှင့်တင် လိုက်၏၊ ကန်ရေ မျက်နှာပြင် အပေါ်ရှိ၊ မြူခိုး များ အရ၊ ဝိညာဉ် ရေကန် တစ်ကန် ဖြစ်နိုင်ကြောင်း၊ ချက်ချင်း မှန်းဆ လိုက်မိသည်။

လက်နှစ်ဖက်ကို ပူးကာ ခွက် သဏ္ဍာန် ပြုလျက်၊ ကန်ရေကို ခပ်သောက် လိုက်၏။ ခန္ဓာ ကိုယ်ထဲ စိမ့်ဝင် သွားသော ဝိညာဉ် စွမ်းအင် များကြောင့်၊ လန်းဆန်း သွားသလို ခံစား လိုက်ရသည်။

" အရမ်း ကောင်းတယ်။ "

လင်းယွန်၏ မျက်လုံး များထဲတွင်၊ မနာလို ဖြစ်သော အမူ အရာများ ထင်ဟပ် လာသည်။

“ ကာကွယ်သူ တစ်ယောက်က ဝိညာဉ် ရေကန် တစ်ကန် လုံးကို၊ တစ်ဦးတည်း ခံစားနေရတာ၊ တကယ်ပဲ မနာလို စရာ ပါပဲ၊ ငါ့ရဲ့ သုံးရက်တာ လုံးလုံးကို၊ ဒီမှာ ကျင့်ကြံ ရမယ်။ ”

လင်းယွန်က ထိုင်ချ လိုက်ကာ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အချို့ကို ထုတ်ယူပြီး၊ စတင် ကျင့်ကြံ သည်။

သူ့တွင် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အမြောက် အများ ရှိပြီး၊ ဤနေရာ၌ သုံးရက်ကြာ ကျင့်ကြံ ခြင်းသည်၊ ရတနာ တောင်ကုန်း ပြည်နယ်တွင်၊ တစ်လ ခွဲခန့် ကျင့်ကြံ ခြင်းထက်၊ လျော့နည်း နိုင်မည် မဟုတ်ပေ။

ခရမ်းရောင် မူလ စွမ်းအင် များက၊ အပ်စိုက်မှတ် များမှ တစ်ဆင့်၊ ဖြတ်သန်း သွားစဉ်၊ အေးစိမ့်သော အငွေ့ အသက်များ၊ ပါရှိ နေသည်ကို တွေ့ရှိ လိုက်ရ သဖြင့်၊ တုန်လှုပ် သွားသည်။

ဓားသုတ္တန်ကို အဋ္ဌမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အဆက် မပြတ် တိုက်ပွဲများ ဝင်နေ ရသည် ဖြစ်ရာ၊ ၎င်းကို ဆန်းစစ် ဖို့ရန် အချိန် မရှိ ခဲ့ပေ။

သေချာ သည်မှာ ခရမ်း သလင်းရောင် ပန်းသည်၊ သိသိ သာသာ ပြောင်းလဲ သွားသည်ကို သူ သတိထား မိလာ၏။

ယခု ခရမ်းရောင် ပန်းပွင့်သည် ကျောက်စိမ်းဖြင့်၊ ထွင်းထုထား သကဲ့သို့ ကြည်လင်တောက်ပနေပြီး၊ ခရမ်းရောင် မြူများ ဖုံးလွှမ်း နေသည်။

၎င်းမြူ များမှာ သဘာဝ အားဖြင့်၊ 'မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်' ဖြစ်လေသည်။

အဋ္ဌမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ 'မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်' သည်၊ ပန်းပွင့်ကို ဖုံးလွှမ်း နေသော အခိုး အငွေ့ အလွှာ အဖြစ် ပြောင်းလဲ သွားသည်။

“ ဒါက ငါ့ရဲ့မူလ စွမ်းအင်မှာ၊ ထူးခြား မှုတွေ ရှိနေ တယ်လို့ ဆိုလို တာပဲ၊ ဘယ်လောက်တောင် အံ့သြ စရာ ကောင်းလိုက်လဲ။ "

လင်းယွန်က ထိတ်လန့် သွားပြီး တစ်ချိန်တည်းမှာပင် ပြန်လည် တည်ငြိမ် သွား၏။ 'မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်' သည် ကောင်းကင် အဆင့်ဝင် မီးတောက် တစ်ခု ဖြစ်ပြီး၊ အေးစက်သော မူလကို ပိုင်ဆိုင် ထားသည်။

မီးတောက် များက 'ခရမ်းရောင် ဓား အခင်း အကျင်း' တစ်ခုကို၊ ဖန်တီး နိုင်ရုံသာ မက၊ ရေခဲ ဓားများ ကိုလည်း၊ ဆင့်ခေါ် နိုင်သည်။

( အခင်း အကျင်း = အမျိုးမျိုး အသုံး ပြု၍ ရနိုင်သော၊ အချက် အလက် တည်ဆောက်မှု၊ သို့မဟုတ်၊ မှော်အစီ အရင်။)

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာသည်နှင့်အမျှ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းပေါင်း များစွာ ကုန်ဆုံး ခဲ့ရ ပြီးနောက်၊ ပွင့်ချပ်များ ထပ်မံ ဖြစ်ပေါ် လာသည်ကို၊ အံ့သြစွာ တွေ့ရှိ လိုက်ရသည်။

“ ဒီနေရာက တကယ် ကောင်းတဲ့ နေရာပဲ၊ နေ့ တစ်ဝက်ပဲ ရှိသေးတယ်၊ ဓားသုတ္တန်က သိသိ သာသာ တိုးတက် လာပုံ ရတယ်…။ ”

နောက်ဆုံးတွင်၊ ဓားသုတ္တန်မှာ အရင်း အမြစ် များစွာကို ကုန်ခန်း စေပြီး တိုးတက်မှု နှေးကွေး ပေ၏။ ထို့ကြောင့် အနည်းငယ် တိုးတက် လာသည် ကပင်၊ သူ့အား ရွှင်မြူး လာစေသည်။

ကျင့်ကြံ နေစဉ် လူ နှစ်ယောက်က၊ စောင့်ကြည့် နေသည်ကို၊ သူ မသိ လိုက်ပေ။

တစ်ယောက်မှာ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သော ကာကွယ်သူ မက်မွန် ဖြစ်သည်။ နောက် တစ်ဦးမှာ လင်းယွန် မသိသော၊ အဘိုးအို တစ်ဦးပင်။

သို့သော် အဘိုးအို ထံမှ ထွက်လာသော ရောင်ဝါသည်၊ ကာကွယ်သူ မက်မွန်ထက် အဆ များစွာ ပြင်းထန် ပေသည်။

၎င်း အဘိုးအိုမှာ ကောင်းကင်ဘုံ ဓားနန်းတော် ဂိုဏ်း၏ လျှို့ဝှက် ဆန်းကြယ်သော နန်းတော် သခင် ဂျင်ရွှမ်းဟီ ဖြစ်သည်။

နန်းတော် သခင် များသည် ဘိုးဘေး ဂျင်ဝူမင်ကို လေးစား သမှုဖြင့်၊ ၎င်းတို့၏ နာမည် များတွင်၊ မျိုးရိုး အမည်များ အဖြစ်၊ 'ဂျင်'ကို အသုံး ပြုခဲ့ ကြသည်။

“ ဒီကောင်လေးရဲ့ ကျင့်ကြံမှု နည်းစနစ်ကို ကြည့်ရတာ၊ ကံကောင်း ခဲ့ပုံပဲ။ ”

ဟု ဂျင်ရွှမ်းဟီက ဆိုသည်။

“ ကျနော်လည်း သတိထား မိတယ်၊ ကျင့်ကြံ ခြင်း နည်းစနစ် ကြောင့်သာ မဟုတ်ရင်၊ သူ့ရဲ့ကျင့်ကြံမှု အဆင့် အရ၊ ချွင်းဝူနဲ့ ချူဟောင်းယူကို အနိုင်ယူ နိုင်မယ့် နည်းလမ်း မရှိ ပါဘူး၊ဒီ နည်းစနစ် ကြောင့် သူနဲ့၊ အတွင်း တပည့် တွေကြား၊ ပိုဝေးကွာ စေလိမ့်မယ်။ ”

ကာကွယ်သူ မက်မွန်က ဆိုလိုက်သည်။

“ မင်းရွေးချယ် လိုက်တဲ့ ဒီကောင်လေးကို ငါသဘော ကျပါတယ်၊ ဆယ့်ခုနစ်နှစ် အရွယ်မှာ၊ ဒီလို အလား အလာ အများကြီး ပြနိုင်ဖို့ ဆိုတာ မလွယ် ပါဘူး၊ ဘိုင်လိရွှမ်နဲ့ ယှဉ်ရင် သူက နိမ့်ကျမယ် မထင်ဘူး။ ”

ဂျင်ရွှမ်းဟီက ပြုံးကာ၊ ခေါင်းညိတ် လိုက်သည်။ ကာကွယ်သူ မက်မွန်၏၊ မျက်လုံး များထဲရှိ၊ အကူ အညီ မဲ့မှုကို၊ သူသတိ ပြုမိ လိုက်သည်နှင့်၊

" ဒါပေမယ့် မင်းရဲ့ မျှော်လင့်ချက်ကို တစ်စုံ တစ်ယောက်ဆီ၊ ဘယ်တော့မှ အလုံးစုံ မထား ပါနဲ့၊ မင်းက 'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' ထဲကို ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ရင်၊ ငါတို့ အတွက် ကြောက်နေ စရာ ဘာမှ မရှိ ပါဘူး။ ”

ဂျင်ရွှမ်းဟီ၏ မျက်လုံး များတွင် အလင်း ရောင်များ တောက်ပ လာသည်။

ကာကွယ်သူ မက်မွန်က မချိပြုံး ပြုံးလိုက်၏။ 'ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေ' သည် ရောက်ရှိရန်၊ လွယ်ကူသော အရာ မဟုတ်ပေ။

မဟာချင် အင်ပါယာ၌ တစ်စုံ တစ်ယောက်ရှိ လာ လျှင်ပင်၊ ပြဿနာ တစ်ခု ဖြစ်ပေမည်။

" အခုက စပြီး နှစ်လ အတွင်း 'ကြာမိစ္ဆာ နယ်မြေ' ဖွင့်တော့မယ်၊ မင်းဘယ်လို ထင်လဲ၊ ငါတို့ သူ့ကို လွှတ်သင့်လား။ "

ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေသို့၊ ရောက်ရှိရန် အခက် အခဲကို၊ ဂျင်ရွှမ်း သိသည်။ ထို့ကြောင့် လင်းယွန် ထံ ခေါင်းစဉ် ပြန်ပြောင်း လိုက်၏။

“ သူက အတွင်း တပည့် တစ်ယောက် ဖြစ်ရုံပဲ၊ ရှိပါ သေးတယ်၊ 'ကြာမိစ္ဆာ နယ်မြေ' ထဲ လွှတ်ဖို့က၊ နည်းနည်းတော့ အားနည်း နေသေး လားလို့။ ''

ကာကွယ်သူ မက်မွန်က အံ့သြ ဟန်ဖြင့် ပြန်ဖြေ မိသည်။

“ ဒီကောင်လေးရဲ့ အလား အလာက မင်းထင်ထား တာထက် မြင့်တယ်၊ သူကို 'နဂါး တံခါးပြိုင်ပွဲ' ထဲ ထည့်ဖို့၊ ဆုံးဖြတ် ထားပြီးသား မဟုတ်လား၊ 'ကြာမိစ္ဆာ နယ်မြေ' မှာမှ၊ မရှင်သန် နိုင်ရင်၊ ဘာလုပ် တော့မှာလဲ။ ''

ဂျင်ရွှမ်းဟီက မုတ်ဆိတ်မွေး များကို ပွတ်သပ်ကာ၊ ထူးထူး ခြားခြား ပြုံးလိုက်သည်။

“ ဒါဆို ... သူ့ကို 'ကြာမိစ္ဆာ နယ်မြေ' ထဲလွှတ်လိုက် ပါမယ်။ ”

ဟု ဆိုလိုက် လေသည်။ ကာကွယ်သူ မက်မွန်က၊ ကျင့်ကြံ နေသော လင်းယွန်ကို ကြည့်ကာ၊ အတွေးထဲ နစ်မျော သွား၏။

နှစ်ရက် နှစ်ည လေ့ကျင့် ပြီးနောက်၊ တတိယမြောက် နေထွက် ချိန်တွင် လင်းယွန်၏ မျက်လုံးများ၊ ဖြည်းညှင်းစွာ ပွင့်လာ ခဲ့သည်။

အကြည့် များက စူးရှ တောက်ပ နေပြီး၊ အပြုံး တစ်ပွင့် နှင့်အတူ အသက် ပြင်းပြင်း ရှူရှိုက် လိုက်သည်။

လွန်ခဲ့သည့် နှစ်ရက် အတွင်း၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ရာကို၊ ကုန်ဆုံး သွားစေ ခဲ့ပြီးနောက်၊ ခရမ်းရောင် ပန်းပွင့်မှာ၊ အခြားသော ပန်းပွင့် တစ်ပွင့် အဖြစ်၊ ပြောင်းလဲ သွားခဲ့သည်။

" စမ်းကြည့် ရအောင်။ "

ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ၊ မူလ စွမ်းအင်ကို လောင်းထည့် လိုက်၏။ ဓားမှ ထုတ်လွှတ် လိုက်သော အငွေ့ အသက်များထံမှ၊ အေးစက် မှုများ ခံစား လိုက်ရသည် ။

ထို့နောက် ဓားကို လွှဲယမ်း လိုက်ပြီး၊ တချိန်ကလေ့ကျင့် ခဲ့ဖူးသော လေဝဲဓားကို၊ ခင်းကျင်းလိုက်၏။

ဓားသုတ္တန်၏ အားဖြည့် နိုင်မှု အောက်တွင်၊ ၎င်းသည် 'ဟောင်ရှင်း အဆင့်' ဓားနည်းစနစ် ဖြစ်ကြောင်း၊ မငြင်းဆို ရဲကြ တော့ပေ။

ဓား သွားရာ လမ်းအတိုင်း လေထဲ၌ အေးစိမ့်စိမ့် အငွေ့ အသက်များ ချန်ထား ရစ်ခဲ့သည်။

ဓားရိပ်များ တဖြည်းဖြည်း ပါးလျ လာပြီးနောက်၊ မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်သည်။

လေထဲတွင် ပုံရိပ် များက ခရမ်းရောင် ပန်း တစ်ပွင့် အဖြစ်၊ ဖြစ်ပေါ် နေခဲ့သည်။

နောက်ဆက်တွဲ အဖြစ် အပျက် များကို ကြည့်ကာ၊ လင်းယွန်က သက်ပြင်းချ လိုက်၏။ လေဝဲဓားကို ယခု အချိန်ထိ၊ အမှတ်ရ နေလိမ့် မည်ဟု၊ မမျှော်လင့် ထားမိပေ။

အနာဂတ်တွင် ၎င်းကို ထပ်မံ အသုံး ပြုရန် အခွင့် အရေး ရှိတော့မည် မဟုတ်ပေ။

သူ၏ ဓား သုတ္တန်ကြောင့် အားကောင်း နေပုံ ရသော်လည်း၊ ၎င်းသည် 'ဟောင်ရှင်း ဓားနည်းစနစ်' တစ်ခုသာ ဖြစ်နေ ဆဲပင် ဖြစ်သည်။

လက်ထဲရှိ ဓားကို ညင်သာစွာ လှုပ်ခါ လိုက်ပြီး၊ နောက်ဆက်တွဲ ပုံရိပ် များကို ကွဲအက်သွားစေ ခဲ့သည်။

ဓား ရည်ရွယ်ချက် ပျောက်ကွယ်သွား သည်နှင့်၊ ခရမ်းရောင် ပန်းမှာ ပွင့်လွှာများ အဖြစ် ကြွေကျ၊ ပျောက်ကွယ် သွားတော့သည်။

“ ဓားသုတ္တန်က အသွင်ပြောင်း သွားပြီ၊ အနာဂတ်မှာ ငါ့ဓားကို လွှဲယမ်း လိုက်ရုံနဲ့၊ တစ်စုံ တစ်ယောက်ကို အလွယ် တကူ သတ်နိုင် လိမ့်မယ်။ "

လင်းယွန်က သူ့ဓားကို ရုတ်ပြီး၊ ဓားသေတ္တာ ထဲသို့ ပြန်ထည့် လိုက်၏။

" ကျားနဂါး လက်သီးကို လေ့ကျင့်ဖို့ အချိန်တန်ပြီ။ "

ကျား-နဂါး လက်သီး တွင် ပုံစံ ကိုးမျိုး ရှိသည်။

ပထမ ပုံစံ ငါးမျိုးကို ဆုပ်ကိုင်ထား နိုင်ပြီး ဖြစ်ရာ၊ နောက်ဆုံး ပုံစံ လေးခု ကိုသာ လေ့ကျင့်ရန် လိုပေသည်။

ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား အပြင်၊ နောက်ဆုံး ပုံစံ လေးခုရှိ၊ ပုံစံ တစ်ခုစီ တိုင်းသည် အလွန် အစွမ်း ထက်ပေ၏။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင်၊ ကျားနဂါး လက်သီးနှင့် ပတ်သက်၍ ထိုးထွင်း သိမြင်မှု များစွာ ရရှိ ခဲ့သည်။

လင်းယွန်၏ မျက်လုံး များမှာ၊ ရုတ်တရက် တောက်ပ လာပြီး သူ၏ ရောင်ဝါတွင်၊ ရွှေနဂါးကြီး တစ်ကောင် ထွက်ပေါ် လာသည်။ လက်သီးကို တင်းတင်း ဆုပ်လိုက်သော အခါ၊ နဂါးကြီးက ဟောက်သံ ပြုလာ၏။

လက်သီးကို ပစ်လိုက် သည်နှင့်၊ ကျား တစ်ကောင် အဖြစ် ထွက်ပေါ် လာပြီး၊ ကြီးမားသော ဖိအား တစ်ခု၊ လေထုထဲ ပျံ့နှံ့ သွားသည်။

ဆန္ဒ ရှိသည့် အတိုင်း ကျား- နဂါး လက်သီးကို ကျွမ်းကျင်စွာ စွမ်းဆောင် နိုင်ခဲ့သည်။

ရုတ်တရက် လင်းယွမ်၏ မျက်လုံးများ တောက်ပ လာပြီး နဂါးကို ထုတ်ဖော် လိုက်၏။

လက်သီးကို ပစ်လိုက်သော အခါ နဂါးမှာ၊ ခုန်ထွက် သွားကာ၊ ကောင်းကင်သို့ ပျံတက် သွားသည်။ ထို့နောက် လက်ယာ ဘက်တွင် ကျားတစ်ကောင် ထပ်မံ ထွက်ပေါ် လာပြန်သည်။

လက်သီး နှစ်လုံး ပစ်လွှတ် လိုက်သော အခါတွင်၊ နဂါးနှင့် ကျားမှာ သူ့အား၊ ဖုံးအုပ် ထားသည့် ဖြစ်စဉ်၊ ရုတ်တရက် ဖြစ်ပေါ် လာသည်။

ခံစစ်နှင့် တိုက်စစ် ပေါင်းစပ် ထားမှု။

အရှိန်အဝါသည် ကန့်သတ် ချက်သို့ ရောက်ရှိ သွားသော အခါ၊ သူ့နောက်၌ ကျားကြီး တစ်ကောင်သာ ဖြစ်ပေါ် လာ တော့သည်။

ကျားကြီးက မျက်လုံးကို ဖွင့်ကြည့် လိုက်ကာ၊ ဘုရင် တစ်ပါး ကဲ့သို့၊ ပြင်းပြင်း ထန်ထန် ဟိန်းဟောက် လိုက်၏။

တစ်ချိန်တည်း မှာပင်၊ ဓား ရည်ရွယ်ချက်နှင့် မူလ စွမ်းအင် များက၊ အဆိုပါ ကျား ထံသို့၊ တိုးဝင် သွားသည်။

ရိုးရှင်းသော လက်သီး ချက်ဟု၊ ထင်ရ သော်လည်း၊ ဘုရင် တစ်ပါး၏ ခွန်အားများ သယ်ဆောင် ထားလေသည်။

လက်သီး များကို ပြန်ရုတ်လိုက် သည်နှင့်၊ပတ်ဝန်းကျင်ရှိ ကြောက်စရာ ကောင်းသော အငွေ့ အသက်များ ပျောက်ကွယ် သွားသည်။

ယခု ပုံစံ ကိုးမျိုးရှိ နောက်ဆုံး ပုံစံကို သင်ယူ ရန်သာ ကျန်ရှိ ပေတော့သည်။ နောက်ဆုံး ပုံစံကို နားလည် ဖို့ရန် အချိန် မတန် သေးပေ။

တစ်ဖက်တွင် 'မိုးကောင်းကင် တံဆိပ်'သည်၊ ဗုဒ္ဓ အယူ ဝါဒ များနှင့်၊ ဆက်စပ် နေမည်ဟု၊ သူ မှန်းဆ ထားသည်။

ဗုဒ္ဓ ဘာသာဝင် တစ်ယောက် မဟုတ်သော လင်းယွန် အတွက်မူ၊ နားလည်ရန် လွယ်ကူမည် မဟုတ်နိုင်။

သို့သော် သည့်အတွက်ပင် လုံလောက် ပေမည်။ လက်ရှိ ခွန်အား အရ၊ 'လွင့်မျော နေသော ရေခွက်လေး' ကဲ့သို့၊ ပါရမီ ရှင်များ မှလွဲ၍၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရှိ၊ မည်သူ့ကို မဆို၊ ကျားနဂါး လက်သီးဖြင့်၊ ရင်ဆိုင်ရန် ယုံကြည် နေမိသည်။

အချိန် အနည်းငယ် စောနေ သေးသည်ကြောင့်၊ ထွက်ခွာရန် အလျင် စလို မဖြစ် မိပေ။

ထို့နောက် စကြာဝဠာ လက်ရာကို ထုတ်ယူလိုက်သည်။ ဤအရာသည် သူ၏ အကြီးမား ဆုံးသော ဝှက်ဖဲ ဖြစ်လာ နိုင်သည်။

“ စကြာဝဠာ လက်နက်ကို စမ်းသပ် ကြည့်ရအောင် …။ ”

***

All Chapters