ဂုဏ် သတင်း။
Vol. 23 Ch. 319
လက်ရှိ ခွန်အား အရ၊ 'လွင့်မျော နေသော ရေခွက်လေး' ကဲ့သို့၊ ပါရမီ ရှင်များ မှလွဲ၍၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရှိ၊ မည်သူ့ကို မဆို၊ ကျားနဂါး လက်သီးဖြင့်၊ ရင်ဆိုင်ရန် ယုံကြည် နေမိသည်။
ထို့နောက် စကြာဝဠာ လက်ရာကို ထုတ်ယူလိုက်၏။
“ စကြာဝဠာ လက်နက်ကို စမ်းသပ် ကြည့်ရအောင် …။ ”
သိုလှောင်အိတ်ကို ညင်သာစွာ ပွတ်သပ်ပြီး စစ်ပွဲ အလံငယ် အား ထုတ်ယူ လိုက်သည်။
အလံငယ်မှာ အရှည် နှစ်မီတာ နီးပါး ရှိပြီး လင်းယွန်ထက် မြင့်၏။ မြေပြင် ပေါ်သို့ ထိုးစိုက်လိုက်သော အခါတွင် မီးတောက်များ လျှံထွက် လာကာ၊ လွှမ်းမိုးနိုင် လွန်းနေသော ရောင်ဝါ တစ်ခု ထွက်ပေါ် လာသည်။
ဤသည်မှာ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ကို၊ ပထမဆုံး အကြိမ် စစ်ဆေး မိခြင်း ဖြစ်သည်။
အလံငယ် ဝင်ရိုး တိုင်မှာ လေးလံ နေပြီး၊ ၎င်းပေါ်တွင် ရွှေရောင် ရူရ် များ ရေးထွင်းထား၏။
မူလ စွမ်းအင်ကို အလံတိုင် ထဲသို့ လောင်းထည့် လိုက်သော အခါ၊ ရူရ် များက ရွှေ မီးတောက်များ ကဲ့သို့ တောက်ပ လာ၏။
လင်းယွန်က 'ရှေးဦးကျမ်း' ၏ ကျေးဇူးကြောင့်၊ ပထမတန်း ဝိညာဥ် ရူရ် များကို မည်သို့ ထွင်းထု ရမည်ကို သိရှိ ထားသည်။
သို့သော် ဤစကြာဝဠာ အလံငယ်ရှိ ဝိညာဉ်ရေး ရူရ်များ ကိုမူ မမြင် နိုင်ခဲ့ပေ။
ထို့ကြောင့်ပင် အနည်းဆုံး တတိယတန်း ဝိညာဉ်ရေး ရူရ်များ ဖြစ်မည်ဟု၊ သူ ယူဆ လိုက်၏။ ဝိညာဉ်ရေး ရူရ် များကို ကြည့်လိုက် ပြီးနောက်၊ သူ့ အသိ စိတ်မှာ နစ်မြုပ် သွားသည်။
သို့သော်၊ အလံတိုင်တွင် လင်းလက်ခြင်း မရှိ သေးသော၊ အခြား ဝိညာဉ် ပြေးလမ်း များစွာ ရှိနေ ခဲ့သည်။
၎င်းသည် ကာကွယ်သူ မက်မွန် ပြောခဲ့သော ပျက်စီး ယို့ယွင်း လာသော ရူရ်များ ဖြစ်ပေမည်။
ပျက်စီး သွားသော အပိုင်းသည် ရူရ်များ ၏ သုံးပုံ တစ်ပုံခန့် ရှိပြီး၊ ယင်းမှာ ရှေးဟောင်း ပစ္စည်း၏ အစွမ်း သတ္တိကို လျော့ကျ သွားစေ ၏။
မည်သို့ပင် ဆိုစေ ကာမူ ၎င်းသည် စကြာဝဠာ လက်ရာ တစ်ခု ဖြစ်နေတုန်း ပေပင်။
၎င်းသည် အစွမ်း ထက်လွန်းပြီး၊ နက်နဲ သိုင်းနယ်ပယ်တွင်၊ မိမိ ကိုယ်ကို ကာကွယ် နိုင်စွမ်းကို၊ ပေးစွမ်း နိုင်သည်။
ပါရမီရှင် ရှစ်ပါးရှိ တစ်စုံ တစ်ဦးနှင့် တွေ့ကြုံရလျှင်ပင်၊ ၎င်းတို့တွင် စကြာဝဠာ လက်ရာများ ကိုင်ဆွဲ ထားခြင်း မရှိ ပါက၊ သူတို့နှင့် တိုက်ခိုက် နိုင်မည်ဟု ယုံကြည်သည်။
အလံငယ် ပေါ်ရှိ ဝိညာဉ်ရေး ရူရ် များက၊ မီးလျှံများ ကဲ့သို့ လောင်ကျွမ်း လာသည်။
မီးလျှံများ မှတဆင့် ပြင်းထန်သော စွမ်းအင်များ စီးဆင်း နေသည်ကို ခံစား နိုင်ပြီး၊ ကုန်ဆုံး နိုင်သော မူလ စွမ်းအင် ပမာဏ သည်လည်း၊ နည်းပါးမည် မဟုတ်ကြောင်း၊ မှန်းဆ မိပေသည်။
ကြက်သွေး မီးလျှံ ရူရ်များကို ကာကွယ်သူမက်မွန် ပြောသော 'စစ်မှန်သော ကြက်သွေးရောင် မီးတောက်'ဖြင့်၊ ရေးထိုး ထားသည်။
မူလ စွမ်းအင်ကို ၎င်းထဲသို့ လောင်းထည့်လိုက် သော်လည်း၊ အလံငယ်မှာ တုံ့ပြန်မှု တစ်စုံ တစ်ရာ မရှိခဲ့ပေ။
လင်းယွန်က မျက်မှောင်ကြုတ် လိုက်ပြီး၊ သူ့ မူလ စွမ်းအင်၏ ဆယ်ပုံ တစ်ပုံကို၊ အလံငယ် ထဲသို့၊ ထပ်မံ လောင်းထည့် လိုက်ပြန်သည်။
မူလ စွမ်းအင်များ လောင်ကျွမ်း သွားပြီး၊ နောက်ဆုံး၌ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်'က၊ တုံ့ပြန် မှုများ ပြသ လာခဲ့၏။
ကြက်သွေး မီးလျှံ ရူရ် များက တောက်ပသော မှိုပွင့်ကြီး ကဲ့သို့၊ တောက်လောင် လာပြီးနောက်၊ မီးတောက် တစ်ခု ပြေးထွက် သွားသည်။
ထိုမီးတောက်မှာ မက်မွန် ဥယျာဉ်ထဲ တိုးဝင် သွားကာ၊ ဆူညံသော ပေါက်ကွဲ သံများ ထွက်ပေါ်လာ လေသည်။ ခဏ အကြာတွင် မက်မွန် ပင်ကြီး များမှာ လောင်ကျွမ်း ပြာကျ သွားခဲ့၏။
၎င်းသည် လင်းယွန်၏ ခွန်အား အပြည့် တိုက်ခိုက် ခြင်းထက်၊ များစွာ အားကောင်း စေလှပြီး၊ 'ကြက်သွေးရောင် စစ်ပွဲ အလံငယ်' ၏၊ စွမ်းရည် အားလုံးကို ထုတ်ဖော် နိုင်လျှင်၊ မည်မျှ အစွမ်းထက် မည်ကို၊ သူ စိတ်ကူး မယဉ် နိုင်ပေ။
မျက်လုံး များတွင် စိတ် လှုပ်ရှားမှု များဖြင့် တောက်ပ လာသည်။ သို့သော် မက်မွန်ဥယျာဉ်မှာ၊ 'ကာကွယ်သူ မက်မွန်'မှ စိုက်ပျိုးထားခြင်း ဖြစ်နိုင်ကြောင်း သတိရ သွားကာ၊
“ ဒါက စကြာဝဋ္ဌာ လက်နက်ကို နည်းနည်းလေးစမ်းသပ် ကြည့်ရုံ လေးပါ၊ ”
ဟု ရေရွတ် လိုက်မိသည်။
လက်ကို ဝှေ့ယမ်း လိုက်သည်နှင့်၊ အလံငယ် ဝင်ရိုး တိုင်မှ၊ ကွေးညွှတ် နေသော ဓား တစ်လက် ထွက်ပေါ် လာကာ၊ ထိပ်ဖျားတွင် တြိဂံ ခေါင်းပုံ သဏ္ဍာန် ကုပ်ဝင် သွား၏။
ယင်း အချွန်ဖြင့်၊ တစ်စုံ တစ်ယောက်၏ ခန္ဓာကိုယ် ထဲသို့ ထိုးထည့် ခံရ ပါလျှင်၊ အသား တစ်စ အဖြစ်၊ စုတ်ပြဲ သွား နိုင်သည်။ ၎င်းကို တွေးမိ ရုံဖြင့်ပင်၊ ကျောရိုးကို အေးစိမ့် သွားစေသည်။
ရှင်းရှင်း ဆိုရသော် တံစဉ် တစ်လက် အဖြစ်သို့၊ ပြောင်းလဲ သွားသော ဓားကွေး တစ်လက် ဖြစ်၏။
အလံငယ်ကို ဓားသွား အဖြစ်သို့၊ ပြောင်းလဲ လိုက် ပြီးနောက်၊ အနီးကပ် တိုက်ခိုက် ရာတွင် အသုံးပြု ပါက၊ ပို၍ပင် ကြောက်စရာ ကောင်းပေသည်။
သို့သော် 'စစ်ပွဲ အလံငယ်' ကို လွယ်လွယ် ကူကူ အသုံးပြု နိုင်ခြင်း မရှိပေ၊ ၎င်းကို ကိုင်ဆွဲ နိုင်ရုံ မျှသာ ရှိသည်။
ထို့ပြင် အနီးကပ် တိုက်ခိုက်ရေး ပုံစံသည် သူ့အား အလွန် အမင်း မူလ စွမ်းအင် ကုန်ဆုံး စေမည်။
အဝေးပစ် ကြက်သွေး မီးတောက် မရှိ လျှင်ပင်၊ စကြာဝဠာ ပစ္စည်း၏ အနီးကပ် စွမ်းအားမှာ၊ လင်းယွန် အတွက် လုံလောက် လေသည်၊ တြိဂံ အဖျား သဏ္ဍာန် ဓါးသည်၊ ခန္ဓာကိုယ် တစ်ဝိုက်ရှိ၊ မည်သည့် မူလ စွမ်းအင်ကို မဆို၊ အလွယ် တကူ ခွဲထုတ် နိုင်သည်။
ထိုအတွေး နှင့်အတူ 'ကြက်သွေး မီးလျှံ စစ်အလံငယ်'ကို၊ တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သော အခါတွင်၊ ကြောက်မက် ဖွယ်ရာ သွေးများ လောင်ကျွမ်း နေသော အဟုန်ကို၊ ခံစား လိုက်ရ လေသည်။
သူက မျက်မှောင်ကြုတ် လိုက်၏။ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' မှာ၊ လူပေါင်းများ စွာ၏ အသက်ကို နှုတ်ယူ ခဲ့ပုံ ရသည်။
အသိ စိတ်များ မှုန်ဝါး လာပြီးနောက်၊ အရိုးစု များ တောင်လို ပုံနေသော သွေးမြစ်ကြောင်း ကြီးကို မြင်လိုက် ရသည်။
'' ဒါ အသက်ပေး ခဲ့ရတဲ့ ...၊ သူ တွေလား၊ ကြောက်စရာ ကောင်းလိုက်တာ။ ''
မြင်ကွင်းများ ပျောက်ကွယ် သွားမှ သာလျှင်၊ ထိတ်လန့်ခြင်း အခြေ အနေက ပြန်လည် နိုးထ လာနိုင် ခဲ့သည်။
အလံငယ်ကို ဝှေ့ယမ်း ရုတ်သိမ်း လိုက်သည့်နှင့်၊ စစ်ပွဲ အလံငယ် တစ်ခု အသွင် ပြန်ပြောင်း သွားကာ၊ လေထဲ၌ နူးညံသော အရှိန် အဝါများ စွဲထင် ကျန်ရစ် စေခဲ့သည်။
သိုလှောင်အိတ်ထဲ ပြန်ထည့် လိုက်ပြီးနောက် ထွက်ခွာရန် ပြင်ဆင် လိုက်၏။
လွန်ခဲ့သော သုံးရက်က စကားများ အရ၊ နောက်ဆုံးတွင် သူ ဘာဖြစ် နေကြောင်းကို သူသိလိုက်သည်။
အများကြီး မစဉ်းစား ခဲ့ဘဲ၊ ကာကွယ်သူ မက်မွန်၏ အဆိုကို သဘောတူ လိုက်မိသည်။
အကယ်၍ 'နဂါး တံခါး ပြိုင်ပွဲ' တွင် ကျရှုံးပြီး၊ 'သွေးစွန်းသော ဧည့်ခံပွဲ' အတွက်၊ အရည် အချင်း ပြည့်မီခြင်း မရှိ ပါက၊ နောက်ထပ် လေးနှစ် စောင့်ရပေ လိမ့်မည်။
တနည်းအားဖြင့် ဆိုသော်၊ နောက်လေးနှစ် အတွက် ဓားနန်းတော်တွင် ချည်နှောင် ခံရမည် ဖြစ်၏။
တစ်ဖက်တွင်၊ ကာကွယ်သူ မက်မွန်က သူ့ကို ကတိ ပေးခဲ့ သော်လည်း သခင့်ဓား အပြည့် အစုံကို မပေး ခဲ့သေးပေ။
အချိန်တန်လျှင် အပြည့် အစုံ ပေးမည်ဟု ဆိုထား သော်လည်း၊ မည်သို့ ကျင့်ကြံ ရမည်ကို ရှင်းပြ မထားပေ။
ဆိုလို သည်မှာ သခင့်ဓား၏ ပြီးပြည့် စုံသော ပုံသည် ရိုးရှင်းမည် မဟုတ်နိုင်။
စကြာဝဋ္ဌာ လက်နက်၊ ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း (၆၀၀၀)၊ အတွင်း တပည့် အဖြစ် အသိ အမှတ် ပြုထားသော တံဆိပ်၊ အဆင့်မြင့် တင်ထားသော ဂိုဏ်းသား တံဆိပ်ပြား စသည် တို့မှာ၊ သူ၏ ဆုလာဘ်များ ဖြစ်သော်လည်း၊ ယင်းအတွက် စိတ် မလှုပ်ရှား မိပေ။
သူ့အတွက် တစ်ခု တည်းသော စိတ်လှုပ်ရှား စရာမှာ၊ ဤနေရာတွင် သုံးရက်ကြာ ကျင့်ကြံခွင့် ရရှိခြင်း ဖြစ်သည်။
ထို့ပြင် သိုင်းခန်းမ၌ ဝိညာဉ် အဆင့် နည်းစနစ်ကို ရယူရန် နောက်ထပ် အခွင့် အရေး တစ်ခုလည်း ရရှိ ထားခဲ့သည်။
၎င်းကို သတိရ လိုက်မိ သည်နှင့်၊ ချက်ချင်းပင် စိတ်အား ထက်သန် လာပြီး၊ ပြုံးရယ် လိုက်ကာ၊
“ သခင့်ဓား မရှိ ရင်တောင်မှ၊ 'သွေးစွန်းသော ဧည့်ခံပွဲ' ကို သိပြီး မှတော့ .... ၊ ရောက်အောင် သွားရမှာ ပါပဲ၊ အခုတော့ သိုင်းခန်းမကို အရင် သွားရအောင်။ ''
ဟု ရေရွတ် လိုက်၏။
တောင်ပေါ်မှ အဆင်းတွင် ကာကွယ်သူ မက်မွန်နှင့် ဆုံတွေ့ လိုက်ရကာ၊ လင်းယွန်က ဦးညွှတ် ပြီးနောက်၊ ပြိုပျက် သွားသော မက်မွန် ဥယျာဉ် အကြောင်း တွေးတော မိသွားပြီး၊ ချက်ခြင်း နှုတ်ဆက်ကာ ထွက်ခွာ လိုက်သည်။
ကာကွယ်သူ မက်မွန်က၊ အနည်းငယ် ထူးဆန်းသော လင်းယွန်၏ အမူအယာကြောင့်၊ အပြုံးဖြင့် လှမ်းကြည့် လိုက်ပြီး၊
“ ဒီကောင်က တကယ်ကို အလျင်လို နေတာပဲ၊ သူ ဒီမှာ၊ တတ်နိုင် သမျှ တွယ်ကပ်ပြီး၊ နေမယ်လို့ ငါထင် ခဲ့တာ၊ ဟမ် ဒါက ... ။ ''
ပုံမှန် မဟုတ်သော အငွေ့ အသက် များကြောင့် တောင်ပေါ်ရှိ မက်မွန် ဥယျာဉ် ထံသို့၊ အကြည့် အရောက်တွင် မျက်နှာ ပေါ်ရှိ အပြုံးများ အေးခဲ သွားသည်။
ထိုအချိန်၌ လင်းယွန်က သိုင်းခန်းမ ဆီသို့၊ ဦးတည် သွားနေပြီ ဖြစ်သည်။ လမ်းတစ်လျှောက် တပည့် များစွာက၊ သူ့ကိုမြင်သည်နှင့်၊ ဦးညွှတ်ပြီး နှုတ်ဆက်လာ ကြ၏။
'စီနီယာ အစ်ကိုလင်း'
မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ ပြီးနောက်၊
အနီရောင် ဖီးနစ် မြည်သံနှင့်၊ မဟာမိတ် တိုက်ပွဲ ချန်ပီယံ ဖြစ်သော၊ သူ၏ ဂုဏ် သတင်းမှာ၊ ဂိုဏ်း၌ တောက်ပ နေပေသည်။
အထူး သဖြင့် ချူဟောင်းယူနှင့် ချွင်းဝူ တို့ကို အနိုင်ယူ နိုင်ခဲ့ ပုံကို၊ လူတိုင်း နီးပါး သိရှိ သွားကြသည်။
လူ များစွာ၏ အမြင်၌၊ လင်းယွန်၏ ကျင့်ကြံ မှုမှာ၊ နက်နဲသော ပဉ္စမ အဆင့် တွင်သာ ရှိခဲ့ သော်လည်း၊ သူ၏ ခွန်အားမှာ မြေကြီး အဆင့် သတ်မှတ် ချက်၌၊ အနည်းဆုံး ထိပ်တန်း နှစ်ရာ အတွင်း၊ ဝင်ရောက် နိုင်မည်ဟု ယူဆ ထားသည်။
သူ၏ အောင်မြင်မှုမှာ တစ်ချိန်က ဘိုင်လိရွှမ်ထက် နိမ့်ကျသည် မဟုတ် ခဲ့ပေ။
တပည့်များ ထံမှ ရရှိသော ရိုသေ လေးစား မှုအား အနည်းငယ် ကြေနပ် သွားမိ၏။
သို့သော် နှစ်ကုန်တွင် ကျင်းပမည့် 'နဂါး တံခါး တိုက်ပွဲ' ကို၊ သတိရ သွားမိသော အခါ၊ ပြန်လည် ငြိမ်သက် သွားသည်။
သိုင်းခန်းမသို့ ရောက်ရှိ သည်နှင့်၊ ကျန်သောသူများကို လျစ်လျူရှုကာ၊ အကြီးအကဲ ဆီသို့ ဦးတည် လိုက်သည်။
“ တပည့် လင်းယွန်က၊ အကြီးအကဲကို ဂါဝရပြုပါတယ်။ ”
ဟု လင်းယွန်က တလေး တစား ဦးညွှတ် လိုက်သည်။
အကြီးအကဲက လင်းယွန်ကို မော့ကြည့် ပြီးနောက်၊ ကျေနပ်သော အပြုံးဖြင့်၊ မျက်ဝန်း၌ အလင်း ရောင်များ တောက်ပ လာကာ၊
“ ငါတို့ ပြန်ဆုံ ကြပြီ၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ မင်း တောက်ပ ခဲ့တယ်လို့ ငါကြားမိ ပါတယ်။ "
သူက လင်းယွန်အား 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ပေးအပ် ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် လင်းယွန်မှာ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ အတွင်း၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို အသုံးပြု လိုက်သော အခါတွင်၊ အကြီးအကဲအား ကြေနပ်မိ စေသည်။
" ဒီတပည့်က ရွှေကျီးကန်း တံဆိပ်ကို ဖွဲ့စည်း ပြီးပြီ၊ နောက်ပိုင်းမှာ ပြီးပြည့် စုံတဲ့ ကျွမ်းကျင် မှုကို ရရှိ ပါလိမ့်မယ်။ "
လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း မှာ၊ ကျင့်ကြံရန် ခက်ခဲ လှသော်လည်း၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့၊ ရောက်ရှိ နိုင်မည်ဟု သူ ယုံကြည် ထားသည်။
“ ကောင်း တယ် ... ''
သိုင်းခန်းမ အကြီးအကဲက ဝမ်းသာ သွားသည်။ ဤလူငယ်သည် တစ်ချိန်က သူ့ကြောင့်၊ ကြီးစွာသော ဝေဒနာကို ခံစား ခဲ့ရပြီး၊ ဒွါရ အပေါက် များမှပင်၊ သွေးများ ယိုစိမ့် ခဲ့သည်။
သေရှင် တိုက်ပွဲ၌၊ ယီလျူယွင်အား သတ်ပစ် မည်ဟု ရှင်းယန်ကို ကတိပေး ထားသောကြောင့်၊ ခေါင်းမာ ခဲ့ခြင်း ဖြစ်ကြောင်း နောက်ပိုင်း၌ သူ သိခဲ့သည်။
ယင်းက အကြီး အကဲကို ထိမိ သွားခဲ့ပြီး၊ နောက်ဆုံးတွင် စည်းမျဉ်း အချို့ကို ဖြေလျှော့ ပေးမိ၏။
ထိုသို့ ဆုံးဖြတ် ချက်မှာ မှန်ကန် ကြောင်းကို၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' အား အသုံး ပြုကာ၊ လင်းယွန်က သက်သေ ပြခဲ့သည်။
အကြီး အကဲက ပြုံးပြီး၊
“ မင်းအတွက် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ရဲ့၊ နောက်ဆက် တွဲကို၊ ပေးဖို့ ဆုံးဖြတ် ထားတယ်၊ လက်ရှိ ကိုပဲ... ပြီးပြည့် စုံအောင် ဆုပ်ကိုင် နိုင်တဲ့ အခါ၊ ငါ့ကို လာရှာပါ။ "
" ကျေးဇူးတင် ပါတယ်၊ အကြီးအကဲ။ "
လင်းယွန်က ဝမ်းသာ အားရ ခေါင်းညိတ် ပြလိုက်သည်။ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း၏ ဆင့်ကဲ နည်းစနစ်ကို ရရှိရန် လွယ်ကူမည် မဟုတ်ကြောင်း သူ သိသည်။
၎င်းကို အကြီးအကဲ များသာ ရရှိ နိုင်သည်၊ သို့မဟုတ် ပါက၊ များပြား လှသော စွမ်းဆောင်ရည် ရမှတ် များဖြင့်၊ ၎င်းကို လဲလှယ် ရပေမည်။
"ဆက်လုပ်ပါ၊ မင်းက ဝိညာဉ် အဆင့် ဓားနည်းစနစ်ကို ရွေးဖို့ ဒီကို လာလိမ့် မယ်လို့ ကာကွယ်သူ မက်မွန်က ငါ့ကို ပြောထား ပါတယ်။”
လင်းယွန်က ဦးညွှတ် နှုတ်ဆက် လိုက်ပြီး၊ သိုင်း ခန်းမ၏ သတ္တမ အဆင့်သို့၊ ချက်ချင်း တက်ရောက် သွားခဲ့သည်။
သာမာန် အားဖြင့်၊ သူ၏ ဆဌမ အဆင့် ဂိုဏ်းသား တံဆိပ် ပြားမှာ၊ ဆဋ္ဌမ အထပ် ကိုသာ တက်ရောက် ခွင့် ရှိသည်။
သို့သော် ချွင်းချက် အနေဖြင့် ကာကွယ်သူ မက်မွန်က ခွင့်ပြု ခဲ့သည်။
ပတ်ဝန်းကျင်ရှိ တပည့် များက လင်းယွန်ကို မနာလို ဖြစ်မိသော မျက်ဝန်း များဖြင့် မော့ကြည့်လာ ကြသည်။
" ကောင်းလိုက်တာ၊ အကြီး အကဲက 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ရဲ့ ဆင့်ကဲ နည်းစနစ်ကို ပေးဖို့တောင် ဆန္ဒရှိ နေတယ်"
“ သိုင်းခန်းမမှာ ခရမ်းရောင် နန်းတော် အဆင့်၊ သိုင်း နည်းစနစ်တွေ မရှိ ဖူးလို့ ငါကြား ထားတယ်၊ အဲဒါ တွေက အလွန် အဖိုး တန်တဲ့ နည်းစနစ် တွေပဲ၊ တပည့်တွေ မပြောနဲ့၊ အကြီးအကဲ တွေတောင် ရဖို့ ခက်လိမ့်မယ်။ ”
“ဒါတင်မကဘူး၊ ကာကွယ်သူ မက်မွန်က ဝိညာဉ် အဆင့် နည်းစနစ် ကိုတောင် ရွေးချယ်ခွင့် ပေးခဲ့တယ်၊ သတ္တမ အထပ်ကို သူ သေချာပေါက် သွားမှာ။ ”
“ ငါ့ တစ်သက်မှာ သတ္တမ အထပ်ကို မရောက်နိုင်တော့ဘူး…”
“ ညည်းညူ မနေနဲ့၊ လင်းယွန်က မဟာမိတ် ပြည်ထောင်စု တိုက်ပွဲရဲ့ ချန်ပီယံလေ၊ သူ ဖြတ်သန်း ခဲ့ရ သမျှကို တွေးကြည့် လိုက်ဦး .. မင်းနဲ့ ဘယ်လိုလုပ် တူမှာလဲ။ "
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် လင်းယွန်၏ ခွန်အား အပေါ် သတိရ သွားကာ၊ လူတိုင်း စိတ်လှုပ်ရှား လာသည်။
ယင်းကို တွေးကြည့် မိသည်နှင့်၊ သူတို့၏ သွေးများ ဆူပွက် လာသည်ကို၊ ခံစား မိ၏။ ၎င်းမှာ ကမ္ဘာတုန် စေသော တိုက်ပွဲ ဖြစ်ခဲ့ ပေသည်။
ချူဟောင်းယူနှင့် ချွင်းဝူ တို့က သူတို့၏ သိုင်းဝိဉာဉ် များကို ဆင့်ခေါ်ခဲ့ သော်လည်း၊ ရှုံးနိမ့်ဆဲ ဖြစ်သည်။
လင်းယွန် ပင်လျှင် သွေးဖြင့် ရေချိုး ထား သကဲ့သို့၊ တိုက်ပွဲက ပြင်းထန် ခဲ့လေသည်။
***