ရန်သူ များနှင့် တွေ့ဆုံခြင်း။
Vol. 23 Ch. 320
သိုင်းခန်းမတွင် အဆင့် ကိုးဆင့် ရှိပြီး၊ အထပ်မြင့်တက် လာသည် နှင့်အမျှ လူ အရေ အတွက် မှာ၊ လျော့နည်း သွားမည် ဖြစ်သည်။
ဓားနန်းတော်တွင် ဂိုဏ်းသား တံဆိပ် ပြားကို အဆင့် မြှင့်တင်ရန် လွယ်ကူမည် မဟုတ်ပေ။
အတွင်း တပည့် အများစု၏ ကျောက်စိမ်းပြား များ ပင်လျှင် ပဉ္စမ တန်း၌သာ ရှိနေ သေးကာ၊ ထပ်မံ တိုးမြှင့်ရန် လိုအပ်သော စွမ်းဆောင်ရည် ရမှတ် များမှာ၊ များစွာသော ပမာဏ တစ်ခု ဖြစ်သည်။
သာမာန် အခြေ အနေ များအရ၊ မစ်ရှင် များကို အဆက် မပြတ် ဆောင်ရွက် ရန်သာ အားကိုးနိုင် ကြသည်။
ဆိုလို သည်မှာ ဂိုဏ်း၏ အကျိုးကို ဆောင်ခြင်း ဖြင့်သာ၊ ဂိုဏ်းက သူ၏ ရတနာ သိုက်အား ဖွင့်ပေး နိုင်ပေမည်။
ပဉ္စမ အထပ်တွင် လူဆယ်ယောက် ခန့်သာ ရှိ၏။ လင်းယွန် ရောက်ရှိ လာသည်ကို မြင်သည်နှင့်၊ ယဉ်ကျေးစွာ ခေါင်းညိတ် နှုတ်ဆက် လိုက်ကြသည်။
ပဉ္စမ အထပ်သို့ တက်လှမ်း နိုင်သူ များမှာ၊ အထက်တန်းလွှာ အတွင်း တပည့်များ ဖြစ်သည်၊ ၎င်းတို့၏ ခွန်အားမှာ သာမာန် တပည့် များနှင့်၊ နှိုင်းယှဉ် နိုင်သည့် အရာ မဟုတ်ပေ။
ခြောက်ထပ် မြောက်တွင်မူ၊ သင်းထောက် တစ်ယောက်သာ ရှိ၏။
သတ္တမထပ် တွင်မူ သင်းထောက် တစ်ဦးပင် မရှိ တော့ခြေ။ စင်မြင့် ပေါ်၌ ကျောက်စိမ်းတုံး အနည်းငယ်သာ ထားရှိ ထားသည်။
အဆိုပါ အထပ်ရှိ ဓားနည်း စနစ်များ ထားရှိရာ၊ စင်ရှေ့သို့ အရောက်တွင်၊ သူ အံ့သြ သွား၏။
ခြောက်လွှာတွင် ကျောက်စိမ်း တုံးပေါင်း ရာနှင့်ချီ ရှိသော်လည်း၊ ခုနစ်လွှာ၌ ဆယ်ဂဏန်း အရေ အတွက် မျှသာ ရှိပေသည်။
၎င်းတို့အား ဓား နည်းစနစ်များ အဖြစ် အမျိုးအစား ခွဲလိုက်သော အခါတွင်၊ ကျောက်စိမ်းတုံး ခုနစ် တုံးသာ ကျန်ရှိ ပေတော့၏။
" မင်းက ဂျူနီယာ လင်းလား။ "
ကျောက်စိမ်းတုံး များကို ကြည့်နေ ချိန်တွင် ရုတ်တရက် အသံ တစ်သံ ထွက်ပေါ် လာသည်။
ဤနေရာတွင် မည်သူမျှ မရှိ သည်ကို၊ သူ ရှင်းရှင်း လင်းလင်း သိရှိထား သော်လည်း၊ တစ်စုံ တစ်ယောက်၏ အသံကြောင့်၊ အံသြစွာ လှည့်ကြည့် လိုက်မိသည်။
အပြာရောင် ဝတ်ရုံကို ၀တ်ဆင် ထားသော၊ လူငယ် တစ်ဦးက ဖော်ရွေစွာ ပြုံးလျက်၊ လျှောက်လှမ်း လာခဲ့သည်။
" ငါပါပဲ၊ မင်း ဘယ်သူလဲ ဆိုတာ ငါသိရ မလား"
သတ္တမ ထပ်သို့ တက်ရောက် လာနိုင် သူမှာ၊ မြင်သလောက် မရိုးရှင်း နိုင်ပေ။ သူသည်ပင် ကာကွယ်သူ မက်မွန်၏ မျက်နှာကြောင့်၊ တက်ရောက်ခွင့် ရရှိခြင်း ဖြစ်သည်။
“ အိုး ငါက တန်တုံ ပါ၊ မင်းငါ့ကို မသိ ပေမယ့်၊ မဟာမိတ် တိုက်ပွဲကြောင့်၊ မင်းကို ငါသိ ပါတယ်၊ ဒါကြောင့် မင်းနဲ့ ပတ်သက်ပြီး ငါ့မှာ အမြင် ကောင်းတွေ ရှိတယ်။ ”
တန်တုံက ပြုံးကာ ဆိုလိုက်သည်။
“ မင်္ဂလာပါ စီနီယာ အစ်ကိုတန်။ ”
လင်းယွန်က ပြန်လည် နှုတ်ဆက် လိုက်၏။
လင်းယွန်၏ တုံ့ပြန်မှုက တန်တုံကို အံ့အားသင့် စေခဲ့သည်။ လင်းယွန်သည် သူ့ မာနကြောင့်၊ မောက်မာသူ တစ်ယောက် အဖြစ်၊ နာမည်ကြီး ပေသည်။
သူက နှုတ်ဆက် လိုက် သော်လည်း၊ ဤသို့ ပြန်လည် အသိ အမှတ် ပြုလာ လိမ့်မည်ဟု ထင်မထား မိပေ။
သူ တက်လာ ချိန်တွင် လင်းယွန်မှာ ကျောက်စိမ်း တုံးများကို ကြည့်နေချိန် ဖြစ်သည်။
“ ဂျူနီယာလင်း၊ မင်း ဓား နည်းစနစ်ကို ရွေးနေ တာလား။ ”
ဟု မေးလိုက်သည်။
“ အင်း ... ဒါပေမယ့် သူတို့က ခုနစ်ခုပဲ ရှိတယ်။ ''
လင်းယွန် ခေါင်းညိတ်ကာ တုန့်ပြန် လိုက်သည်။
“ နည်းစနစ် ခုနစ်ခု ဆိုတာ နည်းပါးတဲ့၊ အရေ အတွက်တော့ မဟုတ် ပါဘူး၊ တခြား ဂိုဏ်းတွေမှာ၊ 'ဝိညာဉ် အဆင့်' ဓား နည်းစနစ်တွေ ရှိနေ ရင်တောင်၊ အထင်ကြီး စရာ ကောင်းနေပြီ ဆိုတာ မင်းသိလား။ "
တန်တုံက ပြုံးကာ ဆို လိုက်သည်။ တန်တုံ၏ ရှင်းပြ ချက်ကို နားထောင် ပြီးနောက်၊ ဝိညာဉ် အဆင့် နည်းစနစ်များ တန်ဖိုးကို၊ နားလည် သွားခဲ့သည်။
စျေးကွက်တွင် 'အလယ် အလတ် နက်နဲနည်းစနစ်' များကို ကြုံတွေ့ ရနိုင် သော်လည်း၊ 'အဆင့်မြင့် နက်နဲ နည်းစနစ်' များကို၊ ရရှိ ရန်မှာ၊ မလွယ် ကူချေ။
'ဝိညာဉ် အဆင့် နည်းစနစ်' များမှာမူ၊ သာ၍ ခက်ခဲ ပေသည်။
လက်ရှိ ဝိညာဉ် အဆင့် ဓားနည်းစနစ် များသည်၊ သာမန် မြေကြီး အဆင့် ဓားနည်းစနစ် များထက်၊ အားနည်းမည် မဟုတ်ပေ။
သို့သော် လက်တွေ့ လေ့ကျင့်ရန် လိုအပ် ချက်မှာ၊ မြေကြီး အဆင့် ဓား နည်းစနစ် များထက်၊ နည်းပါး လေသည်။
တန်တုံက ကျောက်စိမ်းတုံး ခုနစ်တုံးကို ကြည့်ပြီး၊
“ ဂျူနီယာ လင်းက ငါ့ကို ယုံကြည်ရင်၊ မင်းကို အကြံဉာဏ် တစ်ခု ပေးချင် ပါတယ်။ ”
" ကျေးဇူးတင် ပါတယ် စီနီယာ။ "
လင်းယွန်က ဝမ်းသာ အားရ လက်ခံ လိုက်သည်။
ထို့နောက် ထန်ထန်က ကျောက်စိမ်းတုံး များကို ကောက်ယူပြီး လင်းယွန်နှင့် မိတ်ဆက် ပေးလာ၏။
ဓားနည်းစနစ် များမှာ၊ မိုးကြိုးဓား၊ ကြယ်အလင်း ဓား၊ သွေးမီးလျှံ ဓား၊ နှင်းခွဲ ဓား၊ တိမ်မြူ ကင်းသော လေညှင်း ဓား၊ ဒေါသ နေမင်း ဓားနှင့်၊ လရောင် ရေစင် ဓား၊ တို့ ဖြစ်သည်။
တန်တုံက လင်းယွန် အတွက် ဓားနည်းစနစ် လေးခုကို၊ ရွေးချယ် ပေးလိုက်သည်။ ၎င်းတို့မှာ မိုးကြိုး ဓား၊ ကြယ်အလင်း ဓား၊ နှင်းခွဲ ဓားနှင့် ဒေါသ နေမင်း ဓား၊ တို့ ဖြစ်သည်။
၎င်းတို့မှာ သင်ယူရ လွယ်ကူပြီး၊ အစွမ်းထက်လှပေသည်။ သူတို့ လေးမျိုးသည် အတွင်း တပည့်များ၊ အများဆုံး ရွေးချယ် ကြသော နည်းစနစ် များပေပင်။
အရေး အကြီး ဆုံးမှာ၊ ဓားထမ်း အကြီးအကဲ ဆယ့်ရှစ် ယောက်သည် ထိုဓားရေး နည်းစနစ်များကို ကျွမ်းကျင် ကြသည် ကြောင့်၊ ၎င်းတို့ ထံမှ လမ်းညွှန် မှုကို ရယူ နိုင်သည်။
ထို့အပြင်၊ အကယ်၍ တစ်စုံ တစ်ယောက် သည်၊ ဓားထမ်း အကြီးအကဲ များနှင့် လုံလုံ လောက်လောက် သိကျွမ်း ခဲ့ပါက၊ အရင်း အမြစ်များ ဆိုင်ရာ၊ အကျိုး ကျေးဇူး များကိုပင်၊ ရရှိ နိုင်သည်။
သို့သော် လင်းယွန်က ထိုလေးမျိုး အပေါ် အကြိုက် တွေ့ပုံ မရခြေ။
“ ဒါဆို 'တိမ်မြူ ကင်းသော လေညှင်း ဓား'နဲ့၊ 'လရောင် ရေစင် ဓား' ပဲ ကျန်တော့တယ်၊ ဒါပေမယ့် ... ငါတို့ 'သွေးမီးလျှံ ဓား' ကို အရင်ဆုံး ကြည့်သင့်တယ် ထင်တယ်။ ”
" ဘာ လို့ လဲ။ "
'' ဂျူနီယာ လင်း၊ ကိုယ်တိုင် ကြည့်ရုံနဲ့ သိပါ လိမ့်မယ်။ ”
တန်တုံက ပြုံးကာ ကျောက်စိမ်း တုံးကို ကမ်းပေး လိုက်၏။ လင်းယွန်က လက်ခံ ယူပြီး၊ သူ့ နဖူးဖြင့်၊ ကပ်ကြည့် လိုက်သည်နှင့်၊ စူးရှသော အလင်းများ ထွက်ပေါ် လာသည်။
လင်းယွန်က ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ကျောက်စိမ်း တုံးကို ပြန်ချ ထားလိုက်သည်။
" တကယ်တော့ ဒါက ငါ့ အတွက် မသင့် တော်နိုင်ဘူး။ "
သွေးမီးလျှံဓားသည် အလွန် ကြမ်းကြုတ်သော နည်းစနစ် တစ်ခု ဖြစ်ကာ၊ မုန်းတီး မှုအား သတ်ဖြတ် ရာ၌၊ ထည့်သွင်း အသုံးပြု ရမည် ဖြစ်သည်။
ဤဓား နည်းစနစ်ကို အသုံး ပြုရန်၊ အပျက် သဘော ဆောင်သော စိတ်ခံစား မှုများ လိုအပ် ပေသည်။
အစွမ်းထက် သော်လည်း၊ ၎င်းကို သင်ယူရန်၊ အမုန်း တရား များနှင့်၊ ရန်လိုသော ဆန္ဒ များအား၊ တစ်ချိန်လုံး မွေးမြူ ထားရ ပေမည်။
တန်တုံက အနည်းငယ် တုန့်ဆိုင်း သွားပြီးနောက်၊
“ ငါသိထား သလောက် ဆိုရင်၊ မင်းရဲ့ စီနီယာ အစ်မ ရှင်းယန်က ဒီဓား နည်းစနစ်ကို လေ့ကျင့် ထားတယ်။ ”
ရှင်းယန်။
တန်တုံ၏ စကား ကြောင့် လင်းယွန် နှလုံးသားမှာ နစ်မြုပ် သွား ခဲ့သည်။ ရှင်းယန်သည် သူ့ အပေါ်၌၊ နူးညံ့ စွာ ဆက်ဆံ နေခဲ့ သည်ကြောင့်၊ 'သွေးမီးလျှံ ဓား' ကို လေ့ကျင့်ထား သူ တစ်ယောက်ဟု မထင် ထားမိပေ။
သို့သော် ရှင်းယန်၏ သွေးနှင်းဆီ ဟူသော ဒုတိယ နာမည်ကို၊ ပြန် သတိ ရသော အခါတွင်၊ သံသယ စိတ်များ၊ ပျောက်ကွယ် သွားခဲ့သည်။
“ ဒါဆို ငါတို့မှာ ဓားရေး နည်းစနစ် နှစ်ခုပဲ ကျန်တော့တယ်၊ 'တိမ်မြူ ကင်းသော လေညှင်း ဓား'ကို အကြံ ပြုချင် ပါတယ်၊ ပေါ့ပါးပြီး အသံ တစ်ချက် မထွက်ဘဲ၊ ပြိုင်ဘက် သတ်ဖြတ် နိုင်တယ်.... ''
''ဒါပေမယ့် ဒီဓား နည်းစနစ်ရဲ့ တစ်ခု တည်းသော ချို့ယွင်းချက် ကတော့ ... မြင့်မား လွန်းတဲ့ ထိုးထွင်း နားလည်မှု ရှိဖို့၊ လိုအပ် တာပဲ။ ”
တန်တုံက ကျောက်စိမ်းတုံးကို လှမ်းယူ လိုက်ပြီး၊
“ ဒါပေမယ့် ဂျူနီယာ လင်းက သခင့်ဓား ကိုတောင် ...၊ သင်ယူ နိုင်ခဲ့တဲ့ အတွက် 'တိမ်မြူ ကင်းသော လေညှင်း ဓား'က၊ မင်းအတွက် ပြဿနာ မဟုတ် နိုင်ဖူးလို့၊ ငါ ယုံကြည်တယ်။”
ဤသည်မှာ ကောင်းမွန်သော ဓား နည်းစနစ် ဖြစ်ပြီး၊ လင်းယွန်အား သွေးဆောင် နိုင်ခဲ့သည်။
သို့သော် သူ အလျင် စလို မဖြစ် ခဲ့ပေ။ သူက နောက်ဆုံး ကျောက်စိမ်း တုံးကို ကြည့်ကာ၊ " လရောင် ရေစင် ဓားက ဘာလဲ" ဟု၊ မေးလိုက်သည်။
“ အဲဒါကို မစဉ်းစားတာ အကောင်းဆုံး ပါပဲ၊ ဒီဓား နည်းစနစ်က ထူးဆန်း လွန်းတယ်၊ မာကျောမှု အပေါ် မူတည်ပြီး၊ အပြောင်း အလဲ တွေ ရှိတယ်၊ သန်မာ အားကောင်း လာတဲ့ အခါ၊ အခြား ဓားနည်းစနစ် တွေနဲ့ နှိုင်းယှဉ် နိုင်တယ် ... ''
'' ဒါပေမယ့် မင်းက အားနည်း လာတဲ့ အခါ၊ နက်နဲ ဓား နည်းစနစ်တွေ ထက်ကို၊ နိမ့်ကျ သွားတယ်။ ”
တန်တုံက သူ့လက်ကို ဝှေ့ယမ်း လိုက်၏။
ဤသို့ ဆိုပါလျှင် 'လရောင် ရေစင် ဓား' သည်၊ အန္တာရာယ် ရှိသော လှည့်စားမှု တစ်ခု ပေပင်။
အကယ်၍ တိုက်ပွဲတွင် ဓား နည်းစနစ်မှာအတက် အကျ ရှိနေ ပါက၊ အသေ သတ်ရန် လွယ်ကူမည် မဟုတ်ပေ။
" ဒါကို ဘယ်သူမှ လိုက်မမီ ပုံရတယ်"
“ ငါ ရွေးခဲ့ ဖူးတယ် … နောက်တော့ တခြား ဓားရေး နည်းစနစ်ကို ပြောင်းလဲလိုက်တယ်၊ အဖိုးအခက စျေးကြီး လွန်းတယ်။ ”
တန်တုံက အဆင် မပြေသော သူ့ ခံစားချက်ကို၊ ဖုံးကွယ်ရန် ချောင်းဆိုးကာ၊ ရှက်ပြုံး ပြုံးလိုက်သည်။
" ငါ ဒါကို အရင် ကြည့်ရအောင်"
လင်းယွန်က အလိုက် တသိဖြင့်၊ အကြောင်း အရာကို လမ်းကြောင်း ပြောင်းပေး လိုက်၏။ 'လရောင် ရေစင်' သည် ရေ၊ လ၊ ယင်နှင့် ယန် စွမ်းအင်တို့ ပါရှိသော ဓားနည်းစနစ် တစ်ခုဖြစ်သည်။
ဓားသုတ္တန်မှာ အေးစက်သော သဘာဝ စွမ်းအင် များနှင့် လိုက်ဖက် လှသည် ဖြစ်ရာ၊ ၎င်း နည်းစနစ်ကို စိတ်ဝင်စား သွားမိသည်။
" အစ်ကိုတန်၊ မင်း အဲဒါကို ကျွမ်းကျင်အောင် လေ့ကျင့် ဖူးလား"
" လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်ထဲက ငါ 'အဆင့်မြင့် ကျွမ်းကျင်မှု' အထိ၊ ဆုပ်ကိုင်ထား နိုင်ခဲ့ ပြီးပြီ၊ ဒါပေမယ့် တခြားသော 'ဝိညာဉ် အဆင့်' ဓားနည်းစနစ် တွေနဲ့ ယှဉ်ရင်၊ အရမ်း အားနည်း နေတုန်းပဲ။ "
တန်တုံ ခေါင်းညိတ် ဝန်ခံ လိုက်သည်။
" ဒါဆို ငါယူ သွားလိုက်မယ်။ "
ခဏ အကြာတွင် လင်းယွန်က သူ့ ဆုံးဖြတ် ချက်ကို ထုတ်ပြော လိုက်သည်။
“ ညီငယ် လင်း၊ မင်း အဲဒါကို ပြန်စဉ်းစား ရမယ်၊ ဒီလိုမှ မဟုတ်ရင် နောင်မှာ တခြား ဓားနည်းစနစ်ကို ပြောင်းချင်တယ် ဆိုရင်၊ စွမ်းဆောင်ရည် ရမှတ် တစ်သိန်း လိုအပ် လိမ့်မယ်။ ”
ဟု တန်တုံက သတိ ပေးလာ၏။
ထိုစကားကို ကြားသော အခါ လင်းယွန်က နှုတ်ခမ်းကို လျာဖြင့် သပ်လိုက်သည်။ စွမ်းဆောင်ရည် ရမှတ် တစ်သိန်း ရရှိရန်၊ သူ့အတွက် တစ်နှစ်တာ လုပ်ယူ ရပေမည်။ သို့သော်။
“ အဆင်ပြေ ပါတယ်၊ ဒီဓားရေး နည်းစနစ်ကို သဘော ကျတယ်၊ အထွတ် အထိပ် စွမ်းအားကို ရဖို့၊ အကြောင်းရင်း တစ်ရပ် ရှိရ မယ်လို့ ...၊ ငါထင် ပါတယ်၊ သူ့လျှို့ဝှက် ချက်ကို ရှာမတွေ့ ဖူးဆိုရင် တောင်မှ၊ ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှုကို ရရင် ကိုပဲ သင့်တော် နေပါပြီ။ ”
သွေးဆောင်ရန် ကြိုးစား လိုသော်လည်း၊ လင်းယွန်၏ မျက်လုံး များရှိ၊ ဆုံးဖြတ် ချက်ကို မြင်သော အခါတွင်၊ တန်တုံက ဆက်မပြော ခဲ့တော့ပေ။
“ ငါက ရွေ့လျားမှု နည်းစနစ် ကိုပဲ ရွေးလိုက်တော့မယ်၊ နောက်တော့ တွေ့ကြ တာပေါ့။ ”
တန်တုံက လက်ဝှေ့ ယမ်းကာ ဆိုသည်။
“ မင်းရဲ့ ရှင်းပြချက် အတွက် ကျေးဇူးတင် ပါတယ်၊ ပြန်ဆုံ ကြတဲ့ အခါ သောက်ကြ ရအောင်။ "
တန်တုံ၏ ရှင်းပြ ချက်ကြောင့်၊ ဓား နည်းစနစ်ကို ရွေးချယ်နိုင် ခဲ့ပြီး၊ ကောင်းမွန်သော အမြင် ရှိပေသည်။
" ဟား ဟား ဟား၊ ကောင်းပြီ ...၊ ငါ မင်းကို လိုက် မပို့ တော့ဘူး။ "
“ နှုတ်ဆက် ပါတယ်။ ”
လင်းယွန်က ကျောက်စိမ်း တုံးကို ကိုင်ဆောင်ကာ၊ အကြီးအကဲထံ ကမ်းပေး ပြီးနောက်၊ တိတ်တဆိတ် စောင့်ဆိုင်း နေခဲ့သည်။
အကြီးအကဲက ကျောက်စိမ်း တုံးကို မြင်သော အခါ မျက်မှောင်ကြုတ် သွားသည်။ အချိန် အတော်ကြာ ငြိမ်သက် နေ ပြီးနောက်၊ သူက သက်ပြင်း ချကာ၊
“ တစ်နှစ်ခွဲ လောက် ကျလို့ ... အဆင် မပြေဖူးထင်ရင် ပြန်လာပါ။ ”
လင်းယွန်၏ စိတ်နေ စိတ်ထားကို ကောင်းကောင်း သိပြီး ဖြစ်ရာ၊ 'လရောင်ရေစင် ဓား' အပြည့် အစုံကို၊ ပေးအပ် လိုက်သည်။
" ကျေးဇူးတင် ပါတယ်။ "
သူ့ နှလုံးသား ထဲတွင် နွေးထွေး မှုများ တစ်ဟုန်ထိုး ခံစား လိုက်ရသည်။ သည် အကြီးအကဲမှာ သူ့ အပေါ် ကောင်းမွန်စွာ ဆက်ဆံ ခဲ့ပြီး၊ အခြားသော တစ်စုံ တစ်ယောက် ထံမှ၊ ဤသို့ ဂရုစိုက် မှုများ ရရှိမည် မဟုတ်ပေ။
ထို့နောက်တွင် 'လရောင် ရေစင်ဓား' နည်းစနစ်ကို လက်ခံ ယူကာ၊ ရတနာ တောင်ကုန်း ဆီသို့ ၊ ပြန်လာ ခဲ့သည်။
ရတနာ တောင်ကုန်းသို့ မရောက်ခင် လူ တစ်စုသည်၊ သူ့ လမ်းကြောင်း အတိုင်း မျက်နှာချင်း ဆိုင်မှ လမ်းပိတ်လျက်၊ လျှောက်လှမ်း လာနေ သည်ကို တွေ့လိုက် ရသည်။
သူတို့နှင့် မျက်နှာ ချင်းဆိုင် တွေ့ဆုံ မိသော တပည့် များက၊ ၎င်းတို့ အဖွဲ့ကို ကြောက်ရွံ့ စွာဖြင့်၊ ရှောင်ရှား သွား ကြသည်။
ထိုလူအုပ်မှာ အထက်တန်းစား ပြည်နယ် အဖွဲ့ ဝင်များ ဖြစ်ကြောင်း၊ ချက်ချင်း သိရှိ လိုက်သည်။
၎င်းတို့မှာ အထက်တန်းစား ပြည်နယ်၏ မိုးကြိုး ရှစ်ဖော် ဖြစ်သည်။
သူတို့၏ ခွန်အား အရ၊ ဝမ်ယန်၏ အဓိက ထောက်တိုင်များ ဖြစ်ကာ၊ မာန ကြီးလှပြီး၊ ၎င်းတို့ ရှစ်ဦးကို တစ်ဦးတည်း၊ ရင်ဆိုင် ဝံ့သူ မရှိပေ။
လင်းယွန်သာ အမှတ် မမှား ပါက၊ ယီလျူယွင်ကို သတ်ပြီးနောက်၊ ရတနာ တောင်ကုန်းသို့ ပြန်သည့် လမ်းတွင်၊ ဖူလင်တန်က သူ့အား လက်ဖဝါး တစ်ချက် ပေးခဲ့ ဖူးလေသည်။
ထိုသူမှာ မြင့်မား လှသော ကျင့်ကြံမှုကို၊ အရှက်မဲ့စွာဖြင့် အသုံးချ လာခြင်း ဖြစ်သည်။
“ ဒီမှာ ဘယ်သူ များလဲလို့ ....၊ ငါတို့ရဲ့ ဂျူနီယာ ညီလေးလင်း ပါလား၊ ဟား ဟား ဟား အံ့သြ စရာ ပါပဲ။ "
ဖူလင်တန်က ရယ်မောကာ နှုတ်ဆက် လိုက်သည်။
သိုင်းခန်းမသို့ သွားရာ လမ်း၌ လင်းယွန်နှင့်ထိပ်တိုက် တွေ့ဆုံ လိုက်ရ သည်ကြောင့်၊ သူက ဝမ်းသာ သွား ပုံရသည်။
" မင်းနဲ့ ဘာဆိုင်လဲ။ "
လင်းယွန်က မေးလိုက်သည်။
“ ဘယ်လို မာန ကြီးတဲ့ ကောင်လဲ၊ မင်းက ချန်ပီယံ ဖြစ်တာ နဲ့ပဲ၊ ငါတို့နဲ့ အဆင့်တူ နေပြီလို့၊ မင်းထင် တာလား ... ထွက်သွားစမ်း။ ''
ဖူလင်တန်က ခြိမ်းခြောက် ရယ်မော လိုက်သည်။
" မင်းဘာလို့ သူနဲ့ စကား ပြောနေ ရတာလဲ၊ သူ့ကို သင်ခန်းစာ ပေးလိုက်ပါ။ ”
ကြံ့ခိုင်သော ရုပ်သွင်ကို ပိုင်ဆိုင် ထားသူ တစ်ယောက်က သူ့ လက်ဖဝါးအား ပွတ်သပ်ကာ၊ သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ပြ လိုက်လေသည်။
( ဒီလူ တွေက၊ ငါ့ကို နက်နဲ ဒုတိယ အဆင့်မှာ၊ ရှိနေ ခဲ့တဲ့ လင်းယွန်လို့၊ ထင်နေတုန်း ပါလား။ )
***