← Chapters

မည်သို့ ပြုမူ ရမည်ကို သင်ပေးပါ။

Vol. 23 Ch. 321

မည်သို့ ပြုမူ ရမည်ကို သင်ပေးပါ။

Vol. 23 Ch. 321

"အစ်ကိုကြီး မင်းဘာလို့ သူနဲ့ အချိန် ဖြုန်းနေ ရတာလဲ၊ သူ့ကို သင်ခန်းစာ ပေးလိုက်ပါ။ ”

ကြံ့ခိုင်သော ရုပ်သွင်ကို ပိုင်ဆိုင် ထားသူ တစ်ယောက်က သူ့ လက်ဖဝါးအား ပွတ်သပ်ကာ၊ သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ပြ လိုက်လေသည်။

ပြေးဝင် တိုက်ခိုက် လာသူမှာ နက်နဲ နယ်မြေ၏ ဆဋ္ဌမ အဆင့်တွင် ဖြစ်သည်။ လင်းယွန်ထက် အဆင့် တစ်ခုလုံး မြင့်မား လှ၏။

လေတိုး သံများ နှင့်အတူ သူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းများ ထွက်လာသည်။

သူ့ခြေကို ဆောင့်နင်းလျက်၊ ပြေးဝင် လာ သည်ကြောင့်၊ မြေပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ် လာခဲ့သည်။

လက်ဖဝါးက လေဟာ နယ်ကို ထိုးခွဲ လာစဉ်၊ လင်းယွန်၏ မျက်လုံး များ၌၊ အေးစက်သော အလင်း ရောင်များ လင်းလက် သွားသည်။

တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ရန်၊ ဆုံးဖြတ် လိုက်သည် ဖြစ်ရာ၊ သူ့ ခန္ဓာ ကိုယ်ရှိ မူလ စွမ်းအင် အတက် အကျမှာ၊ ပြောင်းလဲ သွား၏။

ကျား-နဂါး အရှိန် အဝါမှာ ပွင့်ထွက် လာပြီး၊ ကြီးစိုး နိုင်လွန်းသော အငွေ့ အသက်ကို ပြသ လာခဲ့သည်။

လက်သီးတွင် မူလ စွမ်းအင်များ ပို့လွှတ် လိုက်ပြီး၊ လေခွင်းလျက် တိုးဝင် လာသော လက်ဖဝါးကို ရင်ဆိုင်ရန်၊ သားရဲကောင် တစ်ကောင် ကဲ့သို့၊ ပြုမူ လိုက်သည်။

" သနား စရာ ကောင်းတဲ့ လှည့်ကွက်တွေ။ "

လင်းယွန်က သူ့ လက်သီးကို တွန်းထုတ် လိုက်သည်။

" လင်းယွန်က ဘယ်လိုမျိုး နည်းစနစ်ကို ကျင့်ကြံ နေတာလဲ။ "

ခိုက်ရန် ဖြစ်ပွား မှုအား စောင့်ကြည့် နေမိသော တပည့် များမှာ၊ လင်းယွန်၏ မူလ စွမ်းအင် များကြောင့်၊ ထိတ်လန့်သွား ခဲ့သည်။

မိုးကြိုး ရှစ်ဖော် အတွင်းမှ တိုက်ခိုက်လာ သူသည်၊ ကျင့်ကြံမှု အဆင့် အားဖြင့်၊ လင်းယွန်ထက် မြင့်မားသည်။

နက်နဲ နယ်ပယ်တွင် အဆင့် ဆယ်ဆင့် ရှိပြီး၊ အဆင့် တိုင်းသည် မူလ စွမ်းအင်ကို၊ အဆ များစွာ အားကောင်း စေမည် ဖြစ်သည်။

ပဉ္စမ အဆင့် ပြီးနောက်၊ အဆင့် တိုင်းတွင် ကွာခြားချက်မှာ ကြီးမား လှ၏။

သို့သော် လင်းယွန်မှာ ထိုသူ၏ လက်ဖဝါးကို ရင်ဆိုင် နိုင်ရုံ သာမက၊ အဝေး သို့ပင် တွန်းလွှတ် နိုင်ခဲ့သည်။

တိုက်ခိုက် လာသူ၏ မျက်နှာမှာ ဒေါသ အမျက် ထွက်ကာ၊ ရှက်ရွံ့ သွားဟန် ရှိ၏။

" ငါ့ကို ကိုင်တွယ်ခွင့် ပြုပါ။ "

ဖူလင်တန်၏ မျက်နှာ ပေါ်ရှိ ရယ်မော နေသော အမူ အရာများ၊ ပျောက်ကွယ် သွားပြီး၊ ရှေ့တစ်လှမ်း တိုးလိုက်သည်။

တိုက်ခိုက်ရန် ဟန်ပြင် စဉ်တွင်၊ အေးစက်သော ရောင်ဝါများ ပေါက်ကွဲ လာလေသည်။

ဖူလင်တန်မှာ နက်နဲ ဆဋ္ဌမ အဆင့် အထွတ် အထိပ်တွင် ရှိနေပြီး၊ သတ္တမ အဆင့်သို့ တက်ရောက်ရန်၊ ခြေတစ်လှမ်း မျှသာ လိုပေ တော့သည်။

" ဓားနန်းတော်က ချင်အင်ပါယာ ကြီးကို အုပ်စိုးသူ မဟုတ်ကြောင်း၊ တစ်ချိန်က ငါပြောခဲ့ ဖူးတာကို မှတ်မိ သေးရဲ့လား၊ ဒီမှာ မင်း ဘယ်လောက်ပဲ တောက်ပ နေပါစေ၊ အထက်တန်းစား ပြည်နယ်ကို စော်ကား ပြီးတဲ့နောက်၊ မင်းရဲ့ အဆုံး သတ်က သေခြင်းပဲ။ ”

တစ်ချိန် တုန်းက ဖူလင်တန် စကား များ၏ အဓိပ္ပါယ်ကို နားမလည် ခဲ့ပေ။

သို့သော် ကာကွယ်သူ မက်မွန် ထံမှ အသူရာ အဖွဲ့ အစည်း အကြောင်း သိရှိ ပြီးနောက်၊ အိမ်ရှေ့ မင်းသားသည် အထက်တန်းစား ပြည်နယ်၏ နောက်ကွယ်၌ ရှိနေကြောင်း သူ သိခဲ့သည်။

သည်လူများမှာ ဓားနန်းတော် ထဲတွင်၊ သူ့ကို သတ်ဝံ့မည် မဟုတ်ပေ။ အဖြစ် နိုင်ဆုံးမှာ သင်ခန်းစာ တစ်ခု သင်ပေး ရန်သာ ဖြစ်ပေမည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ကွပ်မျက် ခဲ့ပြီး၊ ဖူလင်တန်၏ တိုက်ခိုက် မှုအား၊ အလွယ် တကူ ရှောင်ရှား နိုင်ခဲ့သည်။

( ကွပ်မျက်= အကောင် အထည် ဖော်သည်။ )

" ရှောင်နိုင်မယ် ထင်လား"

ရိပ်ခနဲ ပြေးထွက် သွားသော လင်းယွန်ကို ကြည့်ကာ၊ ဖူလင်တန်က ရယ်သည်။

လင်းယွန်၏ လည်မျိုကို ဖမ်းဆုပ် ရန်အတွက် သူ့ လက်ဖဝါးကို စွန်ကုပ် သဏ္ဍာန် အဖြစ်သို့၊ ပြောင်းလဲ လိုက်၏။

လည်မျိုထံ တိုးဝင် လာသော လက်သည်း များကြောင့်၊ လင်းယွန်က ရပ်တန့် လိုက်ရကာ၊ နဂါး ပန်းချီအား ထုတ်ဖော် ခုခံ လိုက်သည်။

လက်သီးနှင့် လက်သည်း တိုက်မိ ပြီးနောက်၊ မူလ စွမ်းအင် များက၊ လျှပ်စီးလက် သလို ပေါက်ကွဲ သွား၏။

လင်းယွန်က မူလ နေရာတွင်၊ မြဲမြံစွာ ရပ်နေ သေးသည် ကြောင့်၊ ဖူလင်တန်မှာ အံ့သြ သွားလေသည်။

" ကောင်းကင် ဓား။ "

ဖူလင်တန်က သူ့ လက် နှစ်ဖက်ကို ဓားပုံ သဏ္ဍာန်ဖြင့်၊ လင်းယွန်၏ ရင်ဘတ်အား ခုတ်ပိုင်းရန်၊ ကြိုးစား လိုက်သည်။

လက်ဖဝါး စောင်းဖြင့် လွှဲယမ်း ခုတ်ပိုင်း နေစဉ် အတွင်း၊ ဖူလင်တန်၏ အရှိန် အဝါမှာ မီးတောင် တစ်လုံး ကဲ့သို့၊ ပေါက်ကွဲ လာသည်။

ကောင်းကင်ဓား နည်းစနစ်သည် ဓားနန်းတော်တွင် တားမြစ် ထားသော နည်းစနစ် များထဲမှ တစ်ခု ဖြစ်၏။

တားမြစ် ထားသော နည်းစနစ်ကို၊ အောင်မြင်စွာ လေ့ကျင့် ထား နိုင်သော ဖူလင်တန်မှာ၊ အတွင်း တပည့် ဖြစ်ရန်၊ အမှန် တကယ် ထိုက်တန် ပေသည်။

လေထဲ ၌ပင် လက်ဖဝါး စောင်းမှာ သုံးနေရာ ခွဲလျက် တိုးဝင် လာသည်။ ပထမ လမ်းကြောင်း မှာ၊ ဦးခေါင်း ထံသို့ ဦးတည်ပြီး၊ ဒုတိယသည် လည်မျိုအား ထိုးသွင်း လိုက်ခြင်း ဖြစ်သည်။

တတိယမြောက် တိုက်ခိုက်မှု မှာမူ လင်းယွန် ၏ ရင်ဘတ်သို့ ဦးတည် လိုက်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှု တိုင်းတွင် သေကွင်း သေကွက် များထံသို့ ရည်ရွယ် ထား၏။ အသက် မဆုံးရှုံး လျှင်ပင်၊ ပြင်းထန်သော ဒဏ်ရာများ ရရှိ နိုင်သည်။

သို့သော် လင်းယွန်က တည်ငြိမ်စွာ ရင်ဆိုင် ခဲ့သည်။ သူ့ မျက်လုံး များမှ အလင်းရောင် နှစ်စ လင်းလက် လာပြီး၊ လက်များ အချိုး ကျကျ လှုပ်ယမ်း လိုက် သည်နှင့်၊ လေထု ထဲ၌ ရွှေရောင် နဂါး ပုံရိပ်ကြီး ဖြစ်ပေါ် လာသည်။

လက်သီးကို ဆုပ်ကိုင် လိုက်ချိန်တွင်၊ နဂါးထံမှ ဟောက်သံ ပြုလာ၏။

ချက်ချင်းပင် လက်သီး ထံသို့၊ သန့်စင်သော မူလ စွမ်းအင်များ၊ ပို့လွှတ်ကာ တွန်းထုတ် လိုက်သည်။

လမ်းကြောင်း သုံးသွယ်မှ၊ ဝင်ရောက် လာသော ဓားသုံးလက် သဏ္ဍာန်၊ မူလ စွမ်းအင် များကို၊ ရွှေရောင် နဂါးကြီးက ဒေါသတကြီး ပြေးဝင် ကိုက်ဖြတ် လိုက်၏။

တမဟုတ် ချင်းမှာပင် မြေပြင်၌၊ ပင့်ကူ မျှဉ်များ သဖွယ် အက်ကြောင်းများ၊ ထင်ဟပ် လာလေသည်။

ဖူလင်တန်၏ မျက်လုံး များက ထိတ်လန့် မှုများကြောင့် ပြူးကျယ် သွား၏။

လင်းယွန်၏ လက်သီးနှင့် သူ့ လက်ဖဝါးတို့ ထိကပ် ချိန်တွင်၊ လက်သီး မှတဆင့်၊ တိုးဝင် လာသော မူလ စွမ်းအင် များကို၊ အလျင် အမြန် ပိတ်ဆို့ ထားလိုက်သည်။

လက်သီး နောက်ကွယ်ရှိ မူလ စွမ်းအင်များမှာ၊ များစွာ သိပ်သည်း လှပေ၏။

ထို့ကြောင့် ၎င်းစွမ်းအင် များကို မဟန့်တား နိုင်ခဲ့ဘဲ၊ ဖူလင်တန် နှုတ်ခမ်းမှ သွေးများ စီးကျ လာကာ၊ ခြေလှမ်း အနည်းငယ် ဆုတ်ခွာလျက်၊ ဟန်ချက်ထိန်း လိုက်ရသည်။

'' ငါ မင်းကို သတ်မယ်။ ''

ဆုတ်ခွာ ပေးလိုက် ရသည့် အခြေ အနေကြောင့်၊ ဒေါသ တကြီး ကြုံးဝါးကာ၊ ဖူလင်တန်က ကောင်းကင် ပေါ်သို့ ခုန်တက် သွားသည်။

'' အစ်ကိုကြီး၊ ငါတို့ ကူညီမယ်။ ''

ဖူလင်တန်၏ ရလာဒ် ကြောင့်၊ မိုးကြိုး ရှစ်ဖော် ထဲမှ နောက်ထက် နှစ်ယောက်က၊ ဘယ်ညာ ခွဲလျက်၊ လင်းယွန် ဆီသို့ ပြေးဝင် တိုက်ခိုက် လိုက်သည်။

'' တောင်ပြို လက်သီး။ ''

'' သွေး ဝံပုလွေ၏ အမျက် ဒေါသ။ ''

'' တိမ်လွှာ ခွဲဖွင့်မယ့် လက်။ ''

တိုက်ခိုက်မှု သုံးခုမှာ၊ တစ်ပြိုင် နက်တည်း ရောက်ရှိ လာပြီး၊ သတ်ဖြတ် လိုသော ဆန္ဒများကို၊ ထုတ်ဖော် ထားခဲ့သည်။

လင်းယွန်က ဖူလင်တန်ကို လက်သီးဖြင့်၊ ထိုးလွှတ် လိုက်သော်လည်း၊ မိုးကြိုး ရှစ်ဖော်မှာ နောက်ဆုတ် လိုခြင်း မရှိ ခဲ့ပေ။

ဆန့်ကျင်ဘက် အားဖြင့် အခြေ အနေကို ပိုဆိုးစေ ခဲ့သည်။ တိုက်ခိုက်မှု သုံးခု ထိမှန် ခံရ ပါက၊ လင်းယွန်မှာ အပိုင်းပိုင်း ကွဲသွား နိုင်သည်။

" အချိန် ကောင်းပဲ။ "

နဂါး တစ်ကောင်နှင့် ကျား တစ်ကောင်ကို လက် တစ်ဖက် စီ၌၊ ဖြစ်ပေါ် လာစေ လိုက်သည်။ ပွင့်ချပ်လေး ဆယ့်ခုနစ် ချပ်မှာ၊ ဒါန်တမ်၌ ပွင့်လာ၏။

တိုက်ခိုက်မှု သုံးခုက သူ့ဆီ ရောက်ခါ နီးတွင်၊ လက်သီး များကို တပြိုင် နက်တည်း၊ ထိုးထုတ် လိုက်သည်။

နဂါးနှင့် ကျား ပုံရိပ် ကြီးမှာ ပေါင်းစည်း သွားပြီးနောက်၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ တိုးထွက် သွား၏။

'' ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား။ ''

လင်းယွန် အပေါ် တိုက်ခိုက် မှုများ ကျရောက် လာချိန်တွင်၊ ပတ်ဝန်း ကျင်၌၊ လေဖိ အားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ် လာကာ၊ လေပြင်းများ တိုက်ခတ် လာခဲ့သည်။

သို့သော် လင်းယွန်က မြေပြင်တွင် ခိုင်မြဲစွာ မတ်တပ် ရပ်နေ ဆဲဖြစ်သည်။ သူတို့ သုံးယောက်၏ ရိုက်ချက်များ ဆင်းသက် မလာမီ၊ လင်းယွန်၏ အရှိန် အဝါများ ပေါက်ကွဲ ထွက်လာ၏။

မျက်လုံး မှိတ်ထားသော ကျားကြီး တစ်ကောင်၏ နောက်ကွယ်တွင်၊ ကြီးမားသော နဂါး တစ်ကောင် နောက်ထပ် ပေါ်လာ သကဲ့သို့၊ သူ့ မျက်လုံး များက တောက်ပ လာသည်။

လက်ကို တစ်ချက် ထိုးပစ် လိုက်သော အခါတွင်၊ ကျားမှာ ရုတ်တရက် မျက်လုံးပွင့် လာပြီး၊ ဘုရင် တပါးကဲ့သို့ တော်ဝင် ရောင်ဝါကို လွှတ်လိုက်၏။

'' ဝေါင်း ........''

ဤလက်သီး ချက်တွင် ဓား ရည်ရွယ်ချက်၊ မူလ စွမ်းအင်နှင့် ဒရာကိုဖီ စွမ်းအင် တို့ကို လောင်းထည့် လိုက်ခြင်းဖြင့် ဘုရင် တစ်ပါး၏ အရှိန် အဝါကို မြှင့်တင် ပေးလိုက်သည်။

ရိုးရှင်းသော လက်သီး ချက်ဟု၊ ထင်ရ သော်လည်း၊ ၎င်းတွင် သားရဲ တစ်ရာ၏ အရှိန် အဝါမျိုး ပါဝင် နေသည်။

တိုက်ခိုက်သူ သုံးဦးမှာ၊ လေထဲမှ မဆင်းသက် နိုင်ခင်တွင်၊ သွေးများ အန်ချကာ ပျံသန်း သွားတော့သည်။

မြေပြင် ပေါ်သို့ ဆင်းသက်သော အခါတွင် သူတို့၏ မျက်လုံး များ၌ အံသြ ကြောက်ရွံ့မှု များဖြင့် ပြည့်နှက် နေလေသည်။

တစ်ဖက်တွင် လင်းယွန်က သူ၏ တိုက်ခိုက် မှုကို ရပ်လိုက်ပြီး၊ အရှိန်အဝါကို ဟုန်းခနဲ ထုတ်လွှတ် လိုက်၏။

ပတ်ပတ် လည်ရှိ တောက်ပသော ရောင်ဝါများကို တွေ့မြင် လိုက်ရသော သူများမှာ၊ ထိတ်လန့် သွားကြသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ …”

" အိုး ရှစ်ထ် ... လင်းယွန်က အတွင်း တပည့် ဖြစ်တာမှ ရက်ပိုင်းပဲ ရှိသေးတယ်၊ အစွမ်းထက် နေပြီ။ ”

" နည်းနည်းတော့ ကြောက်စရာ ကောင်းလွန်းတယ်၊ မိုးကြိုး ရှစ်ဖော်က 'မြေကြီး အဆင့်' နှစ်ရာ အတွင်း ရှိတယ်၊ ချွင်းဝူ တို့တောင် သူတို့နဲ့ နှိုင်းယှဥ် နိုင်စရာ နည်းလမ်း မရှိဘူး။

'' ရှင်း ပါတယ်၊ သူက ဓားနန်းတော်ရဲ့ ဘီလူးတစ်ကောင်ပဲ။ ''

"မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကြောင့်၊ အတော် များများ ရိတ်သိမ်း ထားနိုင် ပုံပဲ။ ''

မိုးကြိုး ရှစ်ဖော်မှာ လင်းယွန်ကို အမှန်တကယ် ရှုံးလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။ ဤအရာက လင်းယွန် အတွက် စိုးရိမ် နေသော သူများကို၊ စိတ် သက်သာရာ ရစေ ခဲ့သည်။

ထွက်ခွာ သွားဖို့က မခက်ခဲ သော်လည်း၊ မိုးကြိုး ရှစ်ဖော်လုံး လှုပ်ရှား လာပါက၊ လင်းယွန်မှာ ဒုက္ခ ဖြစ်ပေ လိမ့်မည်။

လင်းယွန်ကို အကဲခတ် လိုက်သော အခါ လင်းယွန်က ပြောင်းလဲမှု မရှိဘဲ၊ ယခင် အတိုင်းပင် တည်ငြိမ်စွာ ရပ်လျက်၊ ထွက်ခွာ သွားလိုသော အရိပ် အယောင် မပြ သပေ။

လက်ညိုး ထိုးပြလျက် ဝေဖန် နေ ကြသော ပတ်၀န်းကျင်ရှိ တပည့်များကို ကြည့်ကာ၊ ဖူလင်တန်၏ မျက်နှာမှာ ဆိုးရွားစွာ ပျက်ယွင်း သွားသည်။

ယနေ့ ရန်ပွဲ အတွက် အရှက်စရာ ပေပင်။ လင်းယွန်က မည်သည့် နည်းစနစ်ကို ကျင့်ကြံ ထား သည်အား သူ မသိပေ။

ဓားနန်းတော်သို့ ရောက်ရှိ လာ သည်မှာ ခြောက်လ ခန့်သာ ရှိခဲ့ သော်လည်း၊ ၎င်းတို့ထက် သာလွန် နေပြီ ဖြစ်သည်။

သည်နေ့ လင်းယွန်အား ထွက်သွားရန် ခွင့်ပြုမိ ပါက၊ မိုးကြိုး ရှစ်ဖော်၏ ဂုဏ် သတင်းမှာ၊ အနာဂါတ်၌ ပျက်ယွင်း သွားလိမ့် မည်ကို၊ ဖူလင်တန်က သိသည်။

" လင်းယွန် မင်းက အရှက် မရှိဘူး။ "

ရုတ်တရက် ပြောင်လဲ သွားသော ဖူလင်တန်၏ လေသံကြောင့်၊ ရပ်ကြည့် နေသူ များက အံ့သြ သွားသည်။

“ မင်းက အတွင်း တပည့် တစ်ယောက် ဖြစ်လာ တာကြောင့်၊ ငါတို့ရဲ့ အင်အားကို ထိန်းထား ခဲ့တာပဲ၊ သုံးဆယ် ရာခိုင် နှုန်းသာ ထုတ်ဖော် ခဲ့တယ်၊ ဒါပေမယ့် မင်း ....၊ မင်းရဲ့ တိုက်ခိုက်မှု တွေက ရက်စက် ကြမ်းကြုတ် လွန်းတယ်၊ မင်း ဒီမှာ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ဟမ် ....''

'' မင်းမျက်လုံး ထဲမှာ ဂိုဏ်းရဲ့ စည်းမျဉ်းတွေ မရှိဘူးလား၊ ဒီပတ်ဝန်း ကျင်မှာ ဓားထမ်း အကြီးအကဲတွေ ရှိပါ သလား၊ ငါတို့က မင်းကို သတ်ဖို့ အတွက် မသန်မာ ဖူးလို့ ထင်နေ တာလား ဟမ်။ ”

ဖူလင်တန်၏ အရှက်မဲ့ သော အပြုအမူ များကို၊ သူတို့ မှင်တက်စွာ ငေးကြည့် နေမိသည်။ တကယ်တော့ ဓားနန်းတော်တွင် ဖူလင်တန် ကဲ့သို့၊ အရှက် ကင်းမဲ့ သူမျိုး၊ တစ်ယောက်မျှ မမြင်ဖူး ခဲ့ပေ။

“ ဒူးထောက်ပြီး တောင်းပန်ပါ၊ မဟုတ်ရင် ဒီနေ့ မင်းကို ဘယ်လို ပြုမူ နေထိုင် ရမယ် ဆိုတာ၊ ငါတို့က သင်ပေး ရလိမ့်မယ်။ "

" ဒူး ထောက် ။ ''

မိုးကြိုး ရှစ်ဖော်က တပြိုင် နက်တည်း ဟောက်လိုက်သည်။

လင်းယွန်က ပြုံးရယ် လိုက်ပြီး၊ 'မင်းတို့က ငါ့ကို ဘယ်လို ပြုမူ ရမလဲ သင်ပေး ချင်တာလား။' ဟု ပြန်မေး လိုက်သည်။

ဖူလင်တန်က စကားဆက် မဆို တော့ဘဲ၊ သူ့ဓားကို ဆွဲထုတ် လိုက်၏။ ၎င်းသည် 'အထွတ် အထိပ် အဆင့်' တော်ဝင် လက်နက် များထက်၊ ကျော်လွန် နေသော ဓားတစ်လက် ဖြစ်ကြောင်း၊ ထင်ရှားသည်။

ကျန်ခုနစ်ယောက် သည်လည်း၊ ဓားရှည် များကို ဆွဲထုတ်ကာ၊ လင်းယွန်အား ဝိုင်းရံ လိုက်ကြသည်။

ဓားရှစ်လက် လုံးမှာ 'အထွတ် အထိပ် တော်ဝင် လက်နက် အဆင့်' ကို ကျော်လွန်ပြီး၊ ဝိညာဉ်ရေး 'ရူရ်'များ ပါရှိ နေကာ၊ ၎င်းတို့ ထံမှ ထွက်ပေါ် လာသော အတက် အကျ လှိုင်းများက၊ ကြောက်မက်ဖွယ် ကောင်းလှ လေသည်။

တနည်းအားဖြင့် ဆိုသော် စကြာဝဋ္ဌာ တပိုင်း ဓားရှည်များ ဖြစ်ပေသည်။

ဖူလင်တန်က ပြုံးလိုက်သည်။ လင်းယွန်မှာ ဆယ်ဆမျှ သတ္တိရှိ လျှင်ပင်၊ သူတို့ ရှစ်ယောက် လုံးကို ရင်ဆိုင် ဝံ့မည် မဟုတ်ပေ။

သို့သော် လင်းယွန်က သဘော ကျစွာ ပြုံးရယ် လိုက်ပြီး၊ လက်ကို ဝှေ့ယမ်းကာ 'ကြက်သွေးရောင် စစ်ပွဲ အလံငယ်' ကို ထုတ်ယူ လိုက်သည်။

အနည်းငယ် လှုပ်ခါ လိုက်ရုံဖြင့်၊ အနီးကပ် တိုက်ပွဲဝင် လက်နက် အဖြစ်သို့၊ ပြောင်းလဲ သွားသည်။

'လ'ကွေး သဏ္ဍာန် ဓားမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထုတ်လွှတ် လာသည်။

" ငါ့ကို ဘယ်လို ပြုမူ နေထိုင် ရမလဲ ဆိုတာ သင်ပေးချင် တာလား။ "

လင်းယွန်က ရယ်မော လိုက်ပြီး၊ အလံငယ် ဝင်ရိုးကို မြေပြင်၌ ထိုးစိုက် လိုက်သည်။

ထိုမြင်ကွင်းကို မြင်သော အခါ မိုးကြိုး ရှစ်ဖော်၏ မျက်နှာများ ပြောင်းလဲ သွား၏။

သူတို့၏ နှလုံးသား များတွင် ကြောက်ရွံ့ မှုများ စီးဝင် လာပြီး၊ ခြေထောက်များ တုန်ယင် လာသည်။

" ဒါဆို ဘယ်လို ပြုမူ နေထိုင် ရမလဲ ဆိုတာ၊ မင်းက ငါ့ကို သင်ပေး ဦးမှာလား။ "

ပြုံးစစဖြင့် မျက်ခုံး ပင့်လျက်၊ မိုးကြိုး ရှစ်ဖော်အား မေးမြန်း လိုက်လေသည်။

***

All Chapters