မင်းသမီး မွေးနေ့။
Vol. 23 Ch. 322
" ဒါဆို ဘယ်လို ပြုမူ နေထိုင် ရမလဲ ဆိုတာ၊ မင်းက ငါ့ကို သင်ပေး ဦးမှာလား။ "
ပြုံးစစဖြင့် မျက်ခုံး ပင့်လျက်၊ မိုးကြိုး ရှစ်ဖော်အား မေးမြန်း လိုက်လေသည်။
အလံငယ်ကို ရမ်းခါ လိုက်ရုံဖြင့်၊ ပြင်းထန်သော ရောင်ဝါ တစ်ခု ထွက်ပေါ် လာသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန်၏ တိုက်ခိုက် မှု များက၊ တိုက်ရိုက် တိုးဝင် သွားခဲ့၏။
မိုးကြိုး ရှစ်ဖော်မှာ မျက်နှာများ ပျက်ယွင်း သွားပြီးနောက်၊ မဆိုင်း မတွ ဆုတ်ခွာသွား ကြသည်။
လကွေး နှစ်စင်း မြေပြင် ပေါ်သို့၊ ထိုးစိုက် မိသွားသော အခါ မီးတောက် တစ်ခု ထွက်ပေါ် လာသည်။
ဤတိုက်ခိုက် မှုကြောင့် မီးတောင်ကြီး ပေါက်ကွဲ လာ သကဲ့သို့၊ မြေပြင်၌ မီးလျှံများ တောင်လောင် သွား လေသည်။
မိုးကြိုး ရှစ်ဖော်က လျင်မြန်စွာ ဆုတ်ခွာ သွားသော်လည်း၊ သူတို့ ရှစ်ယောက် လုံး၏ နှုတ်ခမ်းတွင် သွေးစများ စီးကျ လာကာ၊ ညည်းတွား သွားကုန် ကြ၏။
စကြာဝဠာ လက်နက်၏ စွမ်းအားကို မည်သူကမျှ မတားဆီး နိုင်ခဲ့ပေ။
" စကြာ ဝဠာ လက်နက်။ "
သူတို့ ရှစ်ယောက်၏ မျက်လုံးများ ထဲတွင်၊ ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာသည်။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် ချန်ပီယံ တစ်ဦး အဖြစ် အနိုင်ရ ပြီးနောက်၊ လင်းယွန်၌ စကြာဝဋ္ဌာ အဆင့်၊ လက်နက် တစ်ခု ရရှိ ထားကြောင်း၊ ရုတ်တရက် သတိ ရသွား ကြသည်။
လင်းယွန်ကို သင်ခန်းစာ ပေးရန် ရည်ရွယ် ချက်မှာ အိမ်မက် တစ်ခုသာ ဖြစ်ပေ တော့မည်။
" ဒါက စကြာဝဠာ လက်နက်ရဲ့ စွမ်းအားလား။ "
" ကြောက်စရာ ကောင်းလွန်းတယ်၊ လင်းယွန်က သူ့ကိုယ်သူ ယုံကြည်မှု ရှိနေတာ မဆန်း ပါဘူး။"
“ ဟဲဟဲ အခု ပြဇာတ် တစ်ပုဒ်လောက် ကြည့်ရအောင်၊ မိုးကြိုး ရှစ်ဖော်က မောက်မာ လွန်းတယ်၊ သူတို့က အနိုင်ကျင့် တက်တဲ့ သူတွေပဲ၊ ဒါပေမယ့် ဒီနေ့ မှာတော့ သူတို့က ခက်ခဲတဲ့ ပြိုင်ဘက်ကို ရွေးချယ် မိသွား ပုံရတယ်။ ''
ပတ်ဝန်းကျင်ရှိ ရပ်ကြည့် နေသူ များမှာ၊ တစ်စ တစ်စ များပြား လာပြီး၊ စိတ်လှုပ်ရှား စွာဖြင့်၊ ရပ်ကြည့် လာမိ ကြသည်။
အနီး ကပ်ဆုံး သူ အချို့က အလံငယ် ထံမှ၊ အပူ ရှိန်ကို ခံစား လိုက်ရသော အခါတွင်၊ ကြောက်ရွံ့ခြင်း များနှင့် အတူ၊ ခြေလှမ်းများစွာ နောက်ပြန် ဆုတ်သွား ရသည်။
" သူ့ရဲ့ ခွန်အား အရ၊ စကြာဝဠာ လက်နက်ရဲ့ စွမ်းအားကို အသုံးချ နိုင်မယ် ဆိုတာ ...ငါ မယုံဘူး။ "
ဖူလင်တန်က ခပ်တိုးတိုး ရေရွတ်ကာ၊ မျက်လုံး များတွင် ရက်စက် ကြမ်းကြုတ်သော၊ အငွေ့ အသက်များ တောက်ပ လာသည်။
'' အတူတူ သွားရအောင်၊ ဒီအထိ ရောက်လာပြီ ဆိုမှတော့၊ ငါတို့ရဲ့ ဒေါသကို သူနဲ့ အတူ၊ ရှင်းထုတ် ရမယ်။ ”
“ သတ်.... ။ ”
မိုးကြိုး ရှစ်ဖော်သည် ဂိုဏ်းထဲတွင် မာန ထောင်လွှား လေ့ ရှိပြီး၊ ဤမျှလောက် အရှက် ရခြင်းမျိုး၊ တစ်ကြိမ်မျှ မခံစား ခဲ့ရ ဖူးပေ။
အထူး သဖြင့် အထက်တန်းစား ပြည်နယ်၏ အဖွဲ့ ဝင်များ မဟုတ်သည့်၊ အခြားသော မဟာမိတ် တပည့်များ ရှေ့တွင် ဖြစ်သည်။
ကနဦး ထိတ်လန့်မှု များမှ ပြန်လည် ကောင်းမွန် လာ ပြီးနောက်၊ ပြင်းထန်သော သတ်ဖြတ် လိုခြင်း ဆန္ဒ များကို၊ ထုတ်ဖော် ပြသ လိုက်သည်။
မိုးကြိုး ရှစ်ဖော်က လင်းယွန်ကို ဖြန့်ကျက်ပြီး ဝိုင်းရံ တိုက်ခိုက် လိုက်သည်။
'' ဝှစ် ။ ''
လင်းယွန်က ၎င်းတို့၏ တိုက်ခိုက်မှု များကို တည်ငြိမ်စွာ ရင်ဆိုင်၏။
'စစ်မှန်သော ကြက်သွေး မီးတောက်' ကို အသုံးချ ဖို့ရန်၊ သူ့အတွက် အနည်းငယ် များလွန်း နေသေးသည်။
( စစ်မှန်သော ကြက်သွေး မီးတောက် ဆိုသည်မှာ အဝေးပစ် တိုက်ခိုက် ခြင်းကို ဆိုလို၏။ )
သို့သော် အနီးကပ် တိုက်ခိုက်ရေး ပုံစံကိုမူ ထိန်းသိမ်းရန် အခက် အခဲ မရှိပေ။ အနည်းဆုံးတော့ သည်လူ ရှစ်ယောက်အားရင်ဆိုင်ရန် လုံလောက် သည်ထက် ပိုနေ၏။
မိုးကြိုး ရှစ်ဖော်က လျင်မြန်စွာ ပြေးဝင် လာ ကြသည်။ အခြား တစ်ဖက်တွင်၊ လင်းယွန်က 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' ကို ကိုင်ကာ၊ မြေပြင် ပေါ်တွင် မြဲမြံစွာ ရပ်စောင့် နေ ခဲ့၏။
ထို့နောက်တွင် လက်ထဲရှိ၊ စကြာဝဠာ လက်နက်၏ စွမ်းအားကို အပြည့် အ၀ ထုတ်ဖော် လိုက်ပြီး၊ သူ့ထံ ဦးတည် တိုက်ခိုက်သော တိုက်ခိုက်မှု များအား၊ အလွယ် တကူ ချေဖျက် ပစ်လိုက်သည်။
မိုးကြိုး ရှစ်ဖော်က တတ်နိုင် သမျှ အပြင်းထန်ဆုံးသော တိုက်ခိုက်မှု များကို ထုတ်ဖော် ခဲ့ကြ သော်လည်း၊ အသာစီး မရခဲ့ ကြပေ။
သူ့တို့၏ တိုက်ခိုက်မှု များအား ခုခံ လိုက်နိုင် သည်ကို မြင်သော အခါ၊ ဖူလင်တန်က မူလ စွမ်းအင် များကို အကန့် အသတ် အထိ တွန်းပို့ လိုက်ပြီး၊ ထပ်မံ တိုက်ခိုက်ရန် အမိန့်ပေး ဟိန်းဟောက် လိုက်သည်။
'' ဟိတ်...... ''
သို့သော် လင်းယွန်က အေးစက်စွာ ဟစ်အော်လျက် တိုက်ခိုက်မှု များကို အတင်း အကျပ် ဖြိုခွင်း လိုက်၏။
ထို့နောက် စစ်ပွဲ အလံငယ်၏ ဓားဖျားက၊ ဖူလင်တန်၏ ရင်ဘတ် ပေါ်သို့ ကျရောက် သွားပြီးနောက်၊ အဝတ် အစားများ ဆုတ်ပြဲကာ၊ အနက်ရောင် ချပ်ဝတ်အား ထွက်ပေါ် လာစေသည်။
ဖူလင်တန်က စကြဝဠာ လက်နက်၏ အကျိုး သက်ရောက် မှုကို လျစ်လျူရှုကာ၊
“ မင်း ငါ့ကို ဘာလုပ် နိုင်မလဲ၊ ဒါက အထွတ် အထိပ် တော်ဝင် ချပ်ဝတ် တစ်ခုပဲ၊ မင်းရဲ့ စကြာဝဋ္ဌာ လက်နက်ကို ဆယ်ကြိမ် တိုင်တိုင် ခုခံ နိုင်တယ်။ ”
လင်းယွန်၏ တိုက်ခိုက်မှုသည် သူ၏ ချပ်ဝတ်ကို၊ ထိုးဖောက် ဝင်ရောက် နိုင်ခြင်း မရှိ သည်အား၊ တွေ့မြင် လိုက်ရ သည်ကြောင့်၊ ဖူလင်တန်၏ ယုံကြည်မှုမှာ၊ တိုးပွားလာ ခဲ့သည်။
လင်းယွန်ထံ အတင်း တိုးဝင်ပြီး၊ သူ့အဖော်များ အတွက်၊ အခွင့် အရေး ဖန်တီးရန် ထပ်မံ ကြိုးစား လိုက်၏။
ချပ်ဝတ်ကို မြင်သော အခါ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ဝမ်ယန်၏ အစောင့်ခွေး များမှာ အတော် ဆိုးသွမ်း နေပုံ ပင်။
ခုခံ ကာကွယ်ခြင်း ဆိုင်ရာ 'တော်ဝင် ချပ်ဝတ်' များကို ရှာတွေ့ရန် ရှားပါးသည်။ သို့သော် ခွေးတစ်ကောင်မှာ ယင်းကို ပိုင်ဆိုင်ထား ပေသည်။
အထွတ် အထိပ် 'တော်ဝင် ချပ်ဝတ်' ဖြစ်သော် ငြားလည်း၊ မထိုးဖောက် နိုင်ဟု မဆို လိုချေ။
အထူး သဖြင့် 'ကြက်သွေး မီးလျှံ အလံငယ်' နှင့် တွေ့ဆုံ ပြီးနောက်၊ နောက်ထပ် မေးခွန်း တစ်ခု ရှိလာ လေသည်။
'' မင်း သေချာ ပြီလား။ ''
လင်းယွန်က အနက်ရောင် ချပ်ဝတ်ကို အလံငယ်ဖြင့်၊ ထပ်မံ ထိုးသွင်း လိုက်၏။
ယခု တစ်ကြိမ် တိုက်ခိုက် မှုတွင် ချပ်ဝတ်အား၊ အပိုင်းပိုင်း ကွဲကြေ စေရန်၊ လုံလောက်သော စွမ်းအင်များ ပါရှိ သွားလေသည်။
တစ်ချိန်တည်း မှာပင်၊ နံရိုး ကျိုးသံ များနှင့် အတူ၊ သွေးတစ်လုတ် အန်လျက်၊ ဖူလင်တန်မှာ လွင့်စင် သွားတော့၏။
“ ထပ် လာ မယ်။”
လင်းယန်၏ အရှိန်အဝါမှာ ပေါက်ကွဲ သွားပြီး၊ နောက်ဆက်တွဲ ပုံရိပ် ခုနစ် ရိပ်ကို လေထဲ၌ ဖြစ်ပေါ် လာစေ၏။
ပုံရိပ် တစ်ရိပ် ချင်းစီက၊ ကျန်ရှိ နေသော မိုးကြိုး ခုနစ်ဖော်ထံ၊ ရောက်ရှိ သွားခဲ့ကာ၊ လက်သီး ချက်များ ပစ်လွှတ် လာသည်။
နောက်ဆုံး ပုံရိပ်မှာ မတ်တပ် ပြန်ရပ်ရန် ကြိုးစား နေဆဲ ဖြစ်သော ဖူလင်တန်ထံ ချဉ်းကပ် သွား၏။
“ ဂျူ ..... ဂျူနီယာ ညီလေးလင်း၊ ငါတို့ ဆွေးနွေး ကြရအောင်…”
မောက်မာမှု ကင်းသော လေသံဖြင့်၊ ဖူလင်တန်က ထိတ်လန့်စွာ ဆိုသည်။
လင်းယွန်က တုန့်ခနဲ့ ရပ်လိုက် သည်နှင့်၊ 'ကြက်သွေးရောင် စစ်ပွဲ အလံငယ်' မှာ၊ မူလ ပုံစံသို့ ပြန်ရောက် သွား ခဲ့သည်။
ပြီးနောက် ဖူလင်တန်ကို ကြည့်ကာ၊
" မဟာချင် အင်ပါယာကို ဓားနန်းတော်က မအုပ်ချုပ်တာ အမှန်ဘဲ၊ ဒါပေမယ့် မင်းလို ခွေးတစ်ကောင်က ငါ့ရှေ့မှာ မာနကြီး ပိုင်ခွင့် မရှိဘူး။ "
ထို့နောက် လင်းယွန်က ဖူလင်တန်၏ ဒူးနှစ်ဖက်ကို ကန်ချိုး လိုက်ပြီး၊
“ ကောင်း ကောင်း ဒူးထောက် နေပါ။ ”
ဟု ဆိုကာ၊ နောက်ပြန် မလှည့်ကြည့် တော့ဘဲ၊ ထွက်ခွာ သွားတော့သည်။
" အကိုကြီး "
ဖူလင်တန်မှ ခြေထောက်ပေါ် ပြန်ရပ်ရန် ကူညီချင်သော အမူအယာ များဖြင့်၊ တခြားသောမိုးကြိုး ခုနှစ်ဖော်က ပြေးဝင် လိုက်သည်။
သို့သော် လင်းယွန်က ထွက်ခွာ သွား နေရာမှ၊ ကျောခိုင်းလျက် အနေ အထားဖြင့်၊ လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက်၏။
ရုတ်တရက် အေးစိမ့်သော အငွေ့ အသက် များကို ခံစားလိုက် ရသောကြောင့်၊ မိုးကြိုး ခုနစ်ဖော်က တုန့်ခနဲ ရပ်လိုက် ရလေသည်။
ကျောရိုး တစ်လျှောက် တုန်တက် လာသော ကြောက်ရွံ့မှု များကို ဖိနှိပ်ကာ၊ လင်းယွန် ထွက်သွားမည့် အချိန် အထိ၊ စောင့်ဆိုင်း နေ လိုက် ကြသည်။
ထိုမြင်ကွင်း ကြောင့် ပတ်ဝန်း ကျင်ရှိ၊ ရပ်ကြည့် နေသူ များက၊ ရယ်မော လိုက်ကြသည်။ အတော် များများက ကျေနပ် သွား၏။
" အဲဒါက ကောင်းတယ်၊ လင်းယွန်က သူတို့ကို တကယ်ပဲ ဖယ်ထုတ် ပစ်လိုက် တာပဲ။ ”
" ဟား ဟား ဟား၊ သူတို့ ဘယ်လောက် တောင် ကြောက်နေလဲ ကြည့်စမ်း။ "
“ သူတို့ကို အပြစ်ပေး သင့်တာ ကြာပါပြီ၊ အရင်တုန်း ကတော့ အထက်တန်းစား ပြည်နယ်ကြောင့်၊ ဒီလူ တွေကို ဘာမှ မလုပ်ရဲ ကြဘူး၊ ဒါပေမယ့် လင်းယွန် ကတော့ မတူဘူး၊ သူက ဝမ်နင် ကိုတောင် သတ်ခဲ့သေး တာပဲ၊ မလုပ် ဝံ့တာ မရှိ ပါဘူး။ ”
" လင်းယွန်က သူ့ဒဏ်ရာ တွေကနေ၊ မြန်မြန် သက်သာ လာနိုင် ပုံပဲ၊ အခု သူ့ အောင်မြင် မှုက ဘိုင်လိရွှမ်ထက်၊ မနိမ့် ကျတော့ဘူး၊ ဘိုင်လိရွှမ် ထွက်လာ ရင်တော့ ..၊ ဘီလူး နှစ်ကောင်ရဲ့ တိုက်ပွဲကို ငါတကယ် မျှော်လင့် မိပါတယ်။ "
“ တကယ်တော့ တောင်တစ်လုံးက ကျား နှစ်ကောင်ကို ထိန်းထား နိုင်တဲ့ နည်းလမ်း မရှိ ပါဘူး၊ သူတို့ကြား တိုက်ပွဲ ဖြစ်မယ် ဆိုတာ သေချာ ပါတယ်။ ''
လင်းယွန် ထွက်သွား ပြီးသည့်တိုင်၊ တပည့်များက ထွက်ခွာ သွားခြင်း မရှိဘဲ၊ ဆက်လက် ဆွေးနွေး နေကြသည်။
လင်းယွန်၏ ခွန်အားကို နောက်ဆုံး၌ တွေ့မြင် လိုက်ရ၏။ စကြဝဠာ လက်နက်များ မပါဘဲ၊ မိုးကြိုး ရှစ်ဖော်မှ သုံးဦးကို အနိုင် ယူနိုင် ခဲ့သည်။
ဆိုလို သည်မှာ၊ သူ၏ ခွန်အားသည် မြေကြီး အဆင့် သတ်မှတ် ချက်တွင်၊ ထိပ်တန်း တစ်ရာ အတွင်း၊ ဝင်ရောက် နိုင်ရုံသာ မက၊ ထို့ထက်ပင် မြင့်မား နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
မြေကြီး အဆင့် ထိပ်တန်း တစ်ရာတွင်၊ အချိန် အတော် ကြာအောင်၊ နေရာ ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိ ခဲ့ဖူးပေ။
လင်းယွန်က အတွင်း တပည့် အဖြစ် တိုးမြှင့် ခံရ ပြီးနောက်၊ စိတ်ဝင်စား စရာ ကောင်းလာ နိုင်ပေမည်။
ထိုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ခြင်း အတွက်၊ အံ့သြ စရာ ပေပင်။ လင်းယွန်ကို ကြည့်မြင် ရခြင်းဖြင့်၊ ဘိုင်လိရွှမ်ကို သတိရ သွားစေ ခဲ့သည်။
လင်းယွန်က ရတနာ တောင်ကုန်းသို့၊ ပြန်ရောက်သော အခါတွင်၊ သူနှင့် ရင်းနှီးသော သူများကို နှုတ်ဆက်ပြီး၊ ရှင်းယန်၏ နေအိမ်သို့ သွားခဲ့သည်။
သို့သော် တိုက်ဆိုင် စွာပင်၊ ရှင်းဂျူ သည်လည်း ရောက်ရှိ နေသည် ဖြစ်ရာ၊ မောင်နှမနှစ်ယောက် ပေါ့ပေါ့ ပါးပါး စကား စမြည်ပြောဆို နေကြသည့် အတွက်၊ နှောက်ယှက်ရန် မသင့်လျော် သောကြောင့်၊ သဘာဝ အတိုင်း ပြန်လည် ထွက်ခွာ လိုက်သည်။
" မင်း ဘာလို့ ပြန်ထွက် သွားတာလဲ၊ လာ ... အခုတင် အစ်ကိုကြီးက မင်းအကြောင်း ပြောနေတာပဲ။ ”
လင်းယွန်ကို သတိ ထားမိ သွားသော ရှင်းယန်က ရယ်မော ကာဖြင့်၊ လှမ်းခေါ် လိုက်သည်။
သူ့ အကြောင်း ပြောဆိုနေ ကြသည်ဟု ဆိုလာ သောကြောင့်၊ စူးစမ်းချင် စိတ်ကို မထိန်း နိုင်ခဲ့ဘဲ၊ ရှင်းဂျူအား လှမ်းကြည့် လိုက်သည်။
ကောင်းကင် အဆင့်ရှိ ဤသူကို သူ လေးစားပေ၏။ ထို့ကြောင့် ထိုသူမှ အရေး တယူ ပြောလာသော၊ သူ၏ အကြောင်း အရာ ဆိုသည်ကို၊ သိချင် နေမိသည်။
ရှင်းဂျူ၏ အရိပ် အယောင်မှာ၊ သူ့အတွက် နား မလည်နိုင် လောက်အောင် ခံစား နေရဆဲ ဖြစ်သော်လည်း၊ ယခင် ကနှင့် နှိုင်းယှဉ် ပါက၊ ကွဲပြား နေသည်ဟု ခံစား မိသည်။
ကြီးမားသော ဖိအားကို ပေးစွမ်း လာသည့် ရှင်းဂျူ၏ အရှိန် အဝါမှာ၊ ယခုထက် ပို၍ ပြင်းထန် သင့်ပေသည်။
" အစ်ကိုကြီး ရှင်းဂျူ၊ မင်း အောင်မြင်မှု တစ်ခု လုပ်နိုင် ခဲ့တာလား။ "
မူလ စွမ်းအင် အတက် အကျ၊ လှိုင်းများအား သိုသိပ်စွာ ကွယ်ဝှက် ထားနိုင် ခဲ့သော ရှင်းဂျူက၊ လင်းယွန်ကို ပြန်ပြုံး ပြလိုက်ကာ၊
" လွန်ခဲ့တဲ့ လဝက် လောက်က၊ နက်နဲ ဒဿမ အဆင့်ကို၊ ရောက်ခဲ့ တာပဲ၊ ငါက ပါရမီရှင် ရှစ်ပါးထက် နိမ့်ကျ တယ်လို့၊ ကောလ ဟာလတွေ၊ အမြဲ ရှိခဲ့ ဖူးတယ်၊ ဒါပေမယ့် အခု အချိန် မှာတော့ ...၊ ငါ သူတို့ကို ရင်ဆိုင် နိုင်ပါပြီ။ ”
ဟု ဆိုလာသည်။
ပါရမီရှင် ရှစ်ပါးကို နှိမ့်ချ နေသည်ဟု၊ ထင်ရသော်လည်း၊ ရှင်းဂျူ၏ ယုံကြည်မှုအား မျက်လုံးများ မှတဆင့်၊ မြင်နေ ရပေသည်။
" ဒါနဲ့ မင်း အခု ရန်ဖြစ် လာတာလား။ "
လင်းယွန်ကို တစ်ချက် ကြည့်ကာ၊ ရှင်းဂျူက မျက်မှောင်ကြုတ် သွားသည်။ လင်းယွန်၏ အငွေ့ အသက် များတွင်၊ စိတ်အနှောင့် အယှက် ဖြစ်ဖွယ် များကို သူ ခံစား နိုင်၏။
လင်းယွန်က ခေါင်းညိတ် ပြပြီး၊ ဖြစ်ပျက် ခဲ့သည် များကို ရိုးရှင်းစွာ ပြန်ပြော ပြမိသည်။
အဖြစ် အပျက် များကို ကြားလိုက် ရသည်နှင့်၊ ရှင်းယန်၏ မျက်နှာ ညှိုးနွမ်း သွားကာ၊
"သူတို့ကို သင်ခန်းစာ သင်ပေးတာ ကောင်းပါတယ်၊ မဟုတ်ရင် မင်းကို အနိုင် ကျင့်လို့ ရတဲ့၊ သူတစ်ယောက် အဖြစ် မြင်နေကြ လိမ့်မယ်။ ”
ပြီးနောက် ရှင်းယန်၏ မျက်လုံးများ တောက်ပ လာပြီး၊ ရှင်မြူးစွာ လှမ်းကြည့် လာသော၊ သူမ မျက်ဝန်း များတွင်၊ အံ့သြသော အရိပ် အယောင်များ၊ ထွက်ပေါ် လာသည်။
အချိန် အတော် ငြိမ်သက် သွားရာမှ၊ နောက်ဆုံးတွင် သူက၊
“ ငါ မင်းကို စောစောက စိတ်ပူ နေသေးတယ်၊ ဒါပေမယ့် မင်း အတွက်၊ ငါ စိတ်ပူ နေစရာ မရှိ တော့ဖူးလို့ ထင်ပါတယ်။ "
" ငါ့ကို စိတ်ပူတယ်။ "
လင်းယွန်က ရှင်းယန် စကားကြောင့်၊ နားမလည် ဟန်ဖြင့်၊ ရှုပ်ထွေး သွားသည်။
" အင်း ဟုတ်တယ်၊ ငါ မင်းကို ရှာဖို့ ဒီမှာ ရောက်နေတာ၊ 'ဖီးနစ် ပန်းကလေး' ရဲ့မွေးနေ့ကို၊ ခုနစ်ရက် နေရင် ကျင်းပ လိမ့်မယ်၊ ဂိုဏ်းကြီး အားလုံး ဖိတ်ကြား ခံထား ရတယ်၊ စီနီယာ အစ်ကို ယီက တံခါးပိတ် ကျင့်ကြံ နေတာကြောင့်၊ ငါက ဓားနန်းတော်ကို ဦးဆောင် တက်ရောက်မယ်။ ”
ဟု ဆိုကာ၊ ရှင်းဂျူက ဝင်ရောက် ရှင်းပြ လိုက်သည်။
စီနီယာ အစ်ကိုယီသည် ကောင်းကင် အဆင့်တွင်၊ ပထမ နေရာ၌ ရပ်တည်ထား နိုင်သော၊ အထက် တန်းစား တစ်ဦး ဖြစ်ကြောင်း၊ လင်းယွန် သိသည်။
သို့သော် မဟာချင် အင်ပါယာ မင်းသမီး၏ မွေးနေ့ပွဲ ကျင်းပ ခြင်းမှာ၊ သူနှင့် သက်ဆိုင်ခြင်း မရှိပေ။
" ကာကွယ်သူ မက်မွန်က မွေ့နေ့ပွဲ အတွက် မင်းကို ခေါ်သွား စေချင် နေတယ်၊ မင်းကို အမြင်ကျယ် စေချင် ပုံပဲ၊ ဒီပွဲကို မဟာချင် အင်ပါယာမှာ ရှိတဲ့၊ အထက်တန်းလွှာ ကျွမ်းကျင် သူတွေ၊ အများကြီး တက်ရောက် လာလိမ့်မယ်၊ ....''
'' .... ဒါကြောင့် မင်း ဒုက္ခ ရောက်သွား မှာကို၊ ငါ စိတ်ပူတယ်၊ ဒါပေမယ့် ငါက အစိုးရိမ် လွန်သွား ပုံပါပဲ။ ”
ဟု ရှင်းယန်က ရှင်းပြ လိုက်သည်။
“ ဒါနဲ့ ဖီးနစ် ပန်းကလေးက မွေးနေ့ပွဲ မလုပ်တာ ငါးနှစ် ရှိပြီ၊ အခုတော့ ဘယ်လို ပုံစံ ဖြစ်နေ မလဲလို့ တွေးမိတယ်။ ”
ရှင်းယန်က ပြုံးကာ ဆိုလိုက်သည်။
ဖီးနစ် ပန်းကလေးကို မဟာချင် အင်ပါယာ၏ အဆိပ်ပန်း တစ်ပွင့် အဖြစ် လူသိ များသည်။
ထိုပွဲကို တက်ရောက် ခြင်းဖြင့်၊ လင်းယွန် အတွက် ကောင်းမွန်သော အတွေ့ အကြုံများ ရနိုင် ပေမည်။
သို့သော် ရှင်းယန် ပြောသလို ပင်။အထက်တန်း လွှာများ စုဝေး ပြီးနောက်၊ ဖြစ်ပေါ်လာ နိုင်မည့် ပဋိ ပက္ခများ အတွက် ရှောင်လွှဲ၍ မရ နိုင်ပေ။
စင်စစ် သော်ကား၊ မဟာချင် အင်ပါယာရှိ အထက်တန်း လွှာများမှာ၊ ထင်ပေါ်လို ကြပြီး၊ ယင်းသည်ပင် လူ့ သဘာဝ ဖြစ်ပေ၏။
မွေးနေ့ ပွဲက စိတ်ဝင် စားဖွယ် ကောင်းနိုင် မည်ဟု၊ လင်းယွန် ခံစား မိသည်။
ထို့နောက် စကား ဝိုင်းမှာ၊ ကျင့်ကြံ ခြင်းနှင့် ပတ်သက်၍၊ ရှင်းဂျူ၏ အကြံဉာဏ် များထံရောက်ရှိ သွားသည်။
အကျိုး အမြတ် အဖြစ်၊ 'လရောင် ရေစင်'၏၊ ထိုထွင်း သိမြင်မှု အချို့ကို၊ ရိပ်ဖမ်း သံဖမ်း ခံစား လာမိ စေသည်။
***