← Chapters

လရောင် ရေစင် ဓား။

Vol. 24 Ch. 323

လရောင် ရေစင် ဓား။

Vol. 24 Ch. 323

ထို့နောက် စကား ဝိုင်းမှာ၊ ကျင့်ကြံ ခြင်းနှင့် ပတ်သက်၍၊ ရှင်းဂျူ ထံမှ အကြံ ညာဏ်များ ရယူ သွားခဲ့သည်။

အကျိုး အမြတ် အဖြစ်၊ 'လရောင် ရေစင်'၌၊ ထိုထွင်း သိမြင်မှု အချို့ ရရှိ လာစေသည်။

ဓားနန်းတော် ဂိုဏ်းကို၊ တောင်တန်းများ နောက်ခံ ပြုကာ၊ ဖွဲ့တည် ထားသည်။

၎င်းကို 'အဆုံးမဲ့ တောင်တန်း' ဟု ခေါ်ဆိုကာ၊ 'ကောင်းကင်ဘုံ ချင် နိုင်ငံ' တွင်၊ ကျော်ကြားလှသည်။

အခြားသော ဂိုဏ်းကြီး (၃)ဂိုဏ်း သည်လည်း ထိုတောင်တန်း ကြီးကို အမှီ သဟဲ ပြုကာ၊ တည်ဆောက် ထားသည်။

တစ်ခု တည်းသော ခြားနားချက် အဖြစ် တည်နေရာ တစ်ခုသာ ကွာခြားခြင်း ဖြစ်ပေသည်။

အဆုံးမဲ့ တောင်တန်း ကြီးတွင်၊ နတ်ဆိုး သားရဲ များနှင့် ပြည့်နှက် နေပြီး၊ အလွန် ကြီးမား လှသောကြောင့်၊ ပတ်ဝန်းကျင်ရှိ အင်ပါယာ အချို့ နှင့်ပင် ထိဆက် နေပေသည်။

တပည့်များက ထိုတောင်တန်း များတွင်၊ နတ်ဆိုး သားရဲ များကို အမဲ လိုက်ခြင်း၊ ကျင့်ကြံခြင်း နှင့်၊ သွေးသလင်း ကျောက်များ စုဆောင်းခြင်း တို့အား၊ ပြုလုပ် တက်ကြသည်။

သို့သော် အများစုမှာ တောင်တန်း အတွင်းရှိ၊ အန္တရာယ် များကြောင့်၊ တိုးဝင် ရဲခြင်း မရှိ ကြဘဲ၊ တောင်ခြေ အစပ် များတွင်သာ သွားလာပြုမူ တတ်သည်။

တောင်တန်း၏ အနက် ရှိုင်းဆုံး နေရာ များမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ အကြီးအကဲ များကပင်၊ မ၀င်ရောက် ရဲသော နေရာ ဖြစ်သည်။

ထို့အပြင်၊ အဆိပ်မြူများ ရစ်သိုင်းလျက်၊ နှစ်ပေါင်း များစွာ ဖုံးအုပ် နေခဲ့သည်။ အခါအား လျော်စွာ၊ သားရဲ အော်သံများ ရံဖန် ရံခါ ကြားနေရ တက်သည်။

အဆိပ်မြူများ အပေါ် နေရောင်ခြည်များဖြန်းပက် လာသည့် အချိန်တွင်၊ လှပသော မြင်ကွင်း တစ်ခု ဖြစ်လာ ခဲ့သည်။

အဆိပ် ငွေ့များ ပါဝင်သော အနက်ရောင် မြူများမှာ၊ လူသူ အရောက် အပေါက် နည်းရသည့်၊ အကြောင်းရင်း များထဲမှ တစ်ခု ဖြစ်သည်။

ကျင့်ကြံမှု နိမ့်ကျသော သူများမှာ၊ ထိုမြူများ ထဲ၌ အချိန် အကြာကြီး နေမိ ပါက၊ အသက် သေဆုံး နိုင်လိမ့်မည်။

အဆိပ် ပြင်းသော အနက်ရောင် မြူ များကို နတ်ဆိုး စွမ်းအင် များဟုလည်း၊ ခေါ်ဆို ကြ၏။

တစ်ခု တည်းသော တောင်ထွတ် တစ်ခု ပေါ်တွင်၊ လက် နှစ်ဖက်ကို နောက်ပစ် လျက်ဖြင့်၊ ထိုအနက်ရောင် မြူများ ထဲ၌၊ လူတစ်ယောက် ငြိမ်သက်စွာ ရပ်နေ ခဲ့သည်။

ထိုသူမှာ လင်းယွန် ဖြစ်၏၊ ရှင်းယန်တို့ မောင်နှမအား နှုတ်ဆက် ပြီးနောက်၊ နဂါးသွေး မြင်းဖြင့် ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။

မွေးနေ့ပွဲ ကျင်းပရန် ခုနစ်ရက် လိုပေ သေးသည်။ ထို့ကြောင့် 'လရောင် ရေစင် ဓား' တွင် တိုးတက်မှု အချို့ ပြုလုပ် လိုလျှင်၊ သာမန် နည်းလမ်း များဖြင့်၊ နားလည်မှု ရယူရန် မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် ဓား နည်းစနစ်ကို လေ့ကျင့် ဖို့ရန်၊ အန္တရာယ် ရှိသော နေရာ နယ်မြေ အတွင်းသို့၊ ရောက်ရှိ လာရခြင်း ဖြစ်သည်။

သုံးရက်ခန့် ကုန်ဆုံး သွားခဲ့ ပြီနောက်၊ လင်းယွန်မှာ အနား ယူခြင်း မရှိဘဲ၊ လရောင် ရေစင် ဓား ကို လေ့ကျင့် ခဲ့သည်။

အထွတ် အထိပ် ဝိညာဉ် အဆင့် သိုင်းနည်းစနစ်သည် စွဲမက်ဖွယ် ကောင်းလှပြီး၊ ကနဦး ကျွမ်းကျင် မှုကို ရရှိ လာသော အခါတွင်၊ အံ့အား သင့်ဖွယ် စွမ်းအားကို ပြသ ခဲ့သည်။

သို့သော် တန်တုံ ပြောသလို ပေပင်။ ဤဓားနည်းစနစ်တွင်၊ အဟုန်ကို ထိန်းချုပ် နိုင်ခြင်း မရှိချေ။

ထူးဆန်းစွာပင် ခွန်အားမှာ အတက် အကျ ဖြစ်နေသည်။ အခြား မည်သူ မဆို ဤအခြေ အနေနှင့် ကြုံတွေ့ ရသော အခါတွင်၊ အစားထိုး ဓား နည်းစနစ်ကို ရှာဖွေရန် ကြိုးစား ကြမည် ဖြစ်သည်။

သို့သော် လင်းယွန် မှာမူ လွန်ခဲ့သော သုံးရက်ကပင်၊ လျှို့ဝှက်ချက် အချို့ကို နားလည် ထားခဲ့သည်။

“ လေမှာ အဆင်း မရှိဘူး၊ တိမ်မှာလည်း အဆုံး မရှိဘူး၊ တောင်တန်းက ကြီးကျယ် ခမ်းနားတယ်၊ ရေက သဏ္ဍာန် မဲ့တယ်။ ”

လရောင် ရေစင် ဓား၏ အတက် အကျမှာ၊ ၎င်း၏ ချို့ယွင်းချက် မဟုတ်ကြောင်း၊ ယောင်ဝါးဝါး သဘောပေါက် သွားသည်။ ဤသည်ပင် အားသာချက် ဖြစ်လာ နိုင်သည်။

ရေကဲ့သို့ သဏ္ဍာန် ကင်းမဲ့သော တောင်တန်းကြီး တစ်ခု ဖြစ်တည် နေ၏။ ၎င်း တောင်တန်း ကြီးကို မည်သည့် အရာဖြင့်၊ မဆို ဖွဲ့တည် နိုင်မည်။

လရောင်ရေစင် ဓား၏ နောက်ကွယ်တွင် လှည့်ကွက် တစ်ခု ရှိရ ပေမည်၊ ၎င်းသည် တန်တုံ ယူဆထား သလိုမျိုး မဟုတ် နိုင်ပေ။

အဆင့်မြင့် ကျွမ်းကျင် လာပြီးနောက်၊ အဟုန် အတက် အကျကို တန်တုံက တည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့ သော်လည်း၊ အခြားသော ဝိညာဉ် အဆင့် ဓားနည်းစနစ် များထက် အားနည်း နေဆဲဟု ဆိုဖူး၏။

ဆိုလိုသည်မှာ တန်တုံသည် တစ်နေ ရာရာ၌ အမှား လုပ်မိ သွားပေ လိမ့်မည်။

လင်းယွန်၏ အကြည့် များက မီတာ တစ်ထောင် အကွာ အဝေးရှိ၊ အနက်ရောင် မြူများအတွင်းသို့၊ ကျရောက် သွားသည်။

ယင်နေရာတွင် စားကျက် မြေပြင် တစ်ခု ရှိပြီး၊ ထိုမျက်ခင်း ပြင်၌ ပုံရိပ် နှစ်ရိပ် ပြင်းထန်စွာ၊ တိုက်ခိုက် နေခဲ့သည်။

နတ်ဆိုးသားရဲ တစ်ကောင်က အဆိပ် ရှိသော အနက်ရောင် မြူများကို စုပ်ဖြဲကာ၊ ပြိုင်ဘက် သားရဲကို ဖိနှိပ်ရန် အရှိန် အဝါကို လုံးလုံး လျားလျား ထုတ်လွှတ် လိုက်သည်။

ဤနတ်ဆိုး သားရဲမှာ အနက်ရောင် အမွေးများဖြင့် ဖုံးအုပ် ထားသော၊ ကြံခိုင်သည့် ခန္ဓာ ကိုယ်ကို ပိုင်ဆိုင် ထားသည်။

အရပ် အမောင်းမှာ၊ မီတာ သုံးဆယ်ခန့် ရှိပြီး၊ အလွန် ဆိုးရွားသော အသွင် အပြင် ရှိ၏။ သူ့၌ ကြက်သွေးရောင် အစွယ် တစ်စုံနှင့်၊ ခရမ်းရောင် မျက်လုံးများ ပါရှိ ပေသည်။

" ဒါက ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေပဲ၊ ဆဋ္ဌမ အဆင့်- အထွတ် အထိပ် သားရဲ။ "

လေ အဝှေ့တွင် မြေပြင် တစ်ခုလုံး တုန်ခါ သွားပြီး၊ ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေထက် ပိုကြီးသော သားရဲ တစ်ကောင် ထွက်ပေါ် လာသည်။

ဝံပုလွေကို စိုက်ကြည့် နေသော မျက်လုံးများတွင် မီးလျှံများ တောက်ပ နေ၏။

မိစ္ဆာ နတ်ဆိုး မှော်ကျားသစ်။ အဆိုပါ သားရဲက၊ ဟောက်သံ ထုတ်လွှတ် လိုက်သည်နှင့်၊ လေထု ထဲ၌ မီးစွမ်းအင် များ ရုန်းကြွ လာ၏။

အနီး တိုးကပ် လာမိ သည်နှင့်၊ ပြင်းရှသော အပူလှိုင်း များကို ခံစားလိုက် ရသည်။

မီးစွမ်းအင်ကို ထိန်းချုပ် ထားနိုင်သော နတ်ဆိုး သားရဲ များမှာ ရှားပါး လှပေ၏။ ထို့ကြောင့်ပင် ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေမှာ၊ အနိုင် မယူနိုင် ခဲ့ခြင်း ဖြစ်သည်။

" မင်း ငါ့ကို ဒီမီး စွမ်းအင်နဲ့ ခြိမ်းခြောက် ချင်နေ တာလား။ "

ရုတ်တရက် ရောက်ရှိ လာသော လင်းယွန်ကို နတ်ဆိုး မိစ္ဆာ မှော်ကျားသစ်က ဟိန်းဟောက်လျက်၊ လောင်ကျွမ်း နေသော မီးတောက်ဖြင့်၊ပါးစပ် ဟကာ၊ ပစ်ထုတ် ဟန့်တား လာသည်။

လင်းယွန်၏ မျက်ဝန်းများ တောက်ပ သွား၏၊ ထို့နောက် ခေါင်းခါ ယမ်းလိုက် ကာ၊

" ငါ ဒီမှာ ရိတ်သိမ်းဖို့ လာတာ မဟုတ်ဘူး။ "

နတ်ဆိုး မိစ္ဆာ မှော်ကျားသစ်က လင်းယွန်ကိုမြင်သည်နှင့်၊ ၎င်း၏ သားကောင်အား လုယူရန် လာရောက် ကြိုးပမ်း နေသည်ဟု၊ တွေးယူ ထားပုံ ရသည်။

လင်းယွန်မှာမူ ဓား နည်းစနစ်၏ နားလည် နိုင်စွမ်းကို စမ်းသပ်ရန် ဤနေရာသို့၊ ရောက်ရှိ လာခြင်း ဖြစ်သည်။

ရုတ်တရက် နဂါးနှင့် ကျား ဟောက်သံများ ထွက်ပေါ် လာပြီး၊ မူလ စွမ်းအင် များကို လှည့်ပတ် လိုက်၏။

သူ့ လက်သီးကို ဆုပ်ကိုင် လိုက်ကာ၊ မီးလုံးအား ထိုးခွဲပစ် လိုက်သည်။ မီးလုံး ကွဲသွားသော အခါ မီးရှူး မီးပန်းများ ကဲ့သို့၊ ပေါက်ကွဲ ထွက်လာ၏။

လင်းယွန်က ပြန်မော့ ကြည့်လိုက်ရာ၊ နတ်ဆိုး သားရဲ နှစ်ကောင်မှာ တုန်လှုပ် သွားပုံ ရသည်။

တောင်ထိပ်တွင် ရပ်နေသော လူငယ်ကို၊ 'ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေ' က၊ ကြောက်ရွံ့စွာ မော့ကြည့် မိသည်။

ဤလူငယ်သည် သူ၏ ရန်သူ ဖြစ်သော၊ 'မိစ္ဆာ နတ်ဆိုး မှော်ကျားသစ်' ထက်ပင်၊ ပို၍ အန္တရာယ် ပေးနိုင်ကြောင်း၊ သူ့ဗီဇ သိစိတ်က ပြောပြ နေခဲ့သည်။

အစောပိုင်း အချိန်၌ အထင် အမြင် သေးခဲ့သော၊ မိစ္ဆာ နတ်ဆိုး မှော်ကျားသစ် ပင်လျှင်၊ အလေး အနက်ထား ဟန်ဖြင့်၊ ပြန်ကြည့် လာသည်။

ထို့နောက်တွင် နှစ်ကောင်သား ဘုံရန်သူကိုတွေရှိ သွားဟန်ဖြင့်၊ တိတ်တဆိတ် မဟာမိတ် ဖွဲ့လိုက် ကြသည်။

မှော်ကျားသစ်၏ အမွှေး များတွင်၊ မီးလျှံများ တောက်လောင် လာခဲ့သည်။ အဝေးမှ ကြည့်ပါက၊ အနီရောင် သိုင်းခြုံ ထားသော ကျားသစ်ကြီး တစ်ကောင် ကဲ့သို့ ထင်မြင် ရစေသည်။

အခြား တစ်ဖက်တွင်၊ ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေ သည်လည်း၊ လျှပ်စီးများ လက်သကဲ့သို့၊ အပြာရောင် အလင်း ရောင်များ တဖျပ်ဖျပ် ခတ်လာသည်။

" မင်းတို့ အတူ လာမှာလား။ "

ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက် ပြီးနောက်၊ မှော် ကျားသစ်ထံ လွှဲခုတ် လိုက်၏။

ဤတိုက်ခိုက် မှုကြောင့် လေပြင်းများ တိုက်ခတ် လာကာ၊ မြေပြင် ပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ် လာသည်။

လင်းယွန်၏ အာရုံမှာ မှော်ကျားသစ် ထံ၊ ရောက်ရှိ နေသည်ကို အခွင့် အရေး ယူကာ၊ ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေက၊ ခြေသည်း များကို ကုပ်လျက်၊ အားယူ ပြေးဝင် လိုက်သည်။

'' အု ဝူး....... ''

လင်းယွန်က လက်တုံ့ ပြန်ရန်၊ ညင်သာစွာ လှုပ်ရှားလိုက် ပြီးနောက်၊ သွေးမိစ္ဆာ ဝံပုလွေကို ဟန့်တား နောက်ဆုတ်စေ လိုက်၏။

ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေ၏ တိုက်ခိုက်မှုကို ဖြေရှင်း ပြီးနောက်တွင်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ ခုန်လွှား ပြေးဝင် လိုက်သည်။

ဝှစ် ။

လင်းယွန်၏ ဓားမှာ မုန်တိုင်း တစ်ခု ကဲ့သို့၊ ဖြစ်တည် လာခဲ့ပြီး၊ နောက်ဆုတ် သွားသော သွေးမိစ္ဆာ ဝံပုလွေကို၊ အငိုက်ဖမ်း တိုက်ခိုက် လိုက်၏။

နောက်ပြန် ဆုတ်ခွာ နေသော သွေးမိစ္ဆာ ဝံပုလွေမှာ၊ ပြင်းထန်သော တိုက်ခိုက်မှုကို၊ မခုခံနိုင် ခဲ့ဘဲ၊ ခန္ဓာကိုယ် ပေါ်တွင် ကြီးမားသော ပြတ်ရှရာ တစ်ချက်ကို ခွင့်ပြုလိုက် ရသည်။

သွေးဝံပုလွေကို ဓားဖြင့် ခုတ်ပိုင်း ပြီးနောက်၊ လင်းယွန်က မြေပြင် ပေါ်သို့၊ ညင်သာစွာ ဆင်းသက် လိုက်၏၊ သူ့ ပတ်ဝန်း ကျင်ရှိ၊ ကြွေကျ နေသော သစ်ရွက် ခြောက်များမှာ၊ ဟုတ်ခနဲ လွင့်ပျံ သွားတော့သည်။

ဤအခိုက် အတန့်တွင်၊ မိစ္ဆာ နတ်ဆိုး မှော် ကျားသစ်က၊ မီးတောက်လောင် နေသော အမွှေး များနှင့် အတူ၊ နောက်ထပ် တစ်ကြိမ် ထပ်မံ အားသွင်း နေခဲ့သည်။

မီးလျှံ များက လေထု ထဲရှိ အောက်ဆီဂျင် များကို လောင်ကျွမ်း လိုက်ခြင်းကြောင့်၊ လေဟာနယ်မှာ ပုံပျက် သွားပြီး၊ အသက်ရှူရ ခက်ခဲသွား စေခဲ့သည်။

လင်းယွန်က ထိုအပူ ရှိန်ကို လစ်လျူရှုကာ၊ ဓားဖြင့် ပြန်လှည့် ပက် လိုက်သည်။ သို့သော် ဓား၏ အဟုန်မှာ၊ ပြောင်းလဲ သွားတော့သည်။

မှော်ကျားသစ်၏ တိုက်ခိုက် မှုမှာ ပြင်းထန်သော လှိုင်းလုံးများ ကဲ့သို့၊ ကြမ်းတမ်း လှသော်လည်း၊ သူ၏ ဓားချက်က စမ်းချောင်း ငယ်လို တသွင်သွင် တိုးဝင် သွားသည်။

ထိုဓားချက်သည် တန်တုံ ပြောခဲ့ ဖူးသော ထိန်းချုပ် မရသည့် အခြေ အနေမျိုး ဖြစ်၏။

ပြိုင်ဘက်ကို အရှိန် အဟုန်ဖြင့်၊ တိုက်ခိုက်နေလျက်မှ၊ ရုတ်တရက် အငွေ့ အသက်များ ပျောက်ကွယ် သွားခြင်းသည်၊ အသုံးပြု သူကို ထိတ်လန့် သွားစေ မိမည်မှာ၊ ဧကန်ပင် ဖြစ်သည်။

သို့သော် လင်းယွန်၏ မျက်နှာတွင် အပြောင်း အလဲ တစ်စုံ တစ်ရာ မရှိ ခဲ့ပေ။

တိုက်ပွဲတွင် 'လရောင် ရေစင် ဓား'ကို၊ နားလည်ရန် ကြိုးစားသော အခါတွင်၊ သူ၏ ခန္ဓာ ကိုယ်၌၊ ဒဏ်ရာ များကို ခွင့်ပြုရ မည်မှာ သဘာဝ ပေပင်။

လွန်ခဲ့သည့် သုံးရက် အတွင်း၊ သူ့ဓား၏ အတက် အကျကို၊ လိုက်ပါ စီးမျော ပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ယခု အချိန်တွင် သူသင်ယူ နိုင်မိ သမျှကို၊ စမ်းသပ် ကြည့်နေခြင်း ဖြစ်သည်။

လက်သည်း ကုပ်ချက်မှာ ထိမှန်လာ သကဲ့သို့၊ ဓားသွား သည်လည်း၊ မိစ္ဆာ နတ်ဆိုး မှော်ကျားသစ် ပေါ်၊ ညင်သာစွာ ပြုတ်ကျ သွားသည်။

ဤဓားချက်သည် ယခင် ကထက်၊ များစွာ အားနည်း သောကြောင့်၊ မှော်ကျားသစ်မှာ နဝေ တိန်တောင်ဖြင့်၊ ရှုပ်ထွေး သွားသည်။

အသက် လုပွဲ အတွင်း၌၊ ရန်သူ ထံမှ ရယ်စရာ ကောင်းသော တိုက်ခိုက်မှု များကြောင့်၊ မှင်တက် နေဆဲတွင်၊ ညင်သာသော ဓားချက် များမှာ အဆက် မပြတ် ကျရောက်လာ တော့သည်။

ဓားချက်များ နောက်ကွယ်ရှိ ခွန်အားမှာ အားနည်း နေသော်လည်း၊ ကျားသစ်အား ဒဏ်ရာများ ရရှိရန်၊ စွမ်းဆောင် နိုင်ခဲ့သည်။ သို့သော် မပြင်း ထန်ပေ။

တိုက်ခိုက်မှု များမှာ အဆုံး မရှိ တိုးဝင် လာပြီး၊ ထိုကဲ့သို့ ထူးဆန်းသော ဓားချက် ဆယ်ကြိမ်ခန့် ထိမှန် ခံရ ပြီးနောက်၊ မှော်ကျားသစ် ၏ ခန္ဓာ ကိုယ်တွင် ကျန်ရစ် ခဲ့သော ဓားစွမ်းအင် များမှာ၊ တစ်နေရာ ထဲသို့ စတင် စုဝေး လာတော့သည်။

ထိုစွမ်းအင် အစု အဝေးကြောင့်၊ ကြီးမားသော ပြတ်ရှ ရာကြီး အဖြစ် စတင် လောင်ကျွမ်း လာသည်။ ကျားသစ်က နာကျင်မှု ကြောင့်၊ မြေပြင် ပေါ်တွင်၊ လူးလှိမ့် အော်ဟစ် လိုက်၏။

ခပ်လှမ်းလှမ်းသို့ တွန်းပို့ ခံထား ရသောကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေက၊ ရုတ်တရက် ပြင်းထန်သော အရှိန်အဝါများ ထုတ်လွှတ် လာသည်။

" ကောင်းကင်မှာ နူးညံ့ လွန်းတဲ့ မိုးရေ စက်တွေ အပြည့်ပဲ၊ တိမ်နဲ့ လမင်း ကြီးက၊ အဲ့ဒီ မိုးရေတွေ ထဲမှာ၊ ဓား တစ်လက်လို စီးဆင်းသွားတယ်။ ”

လင်းယွန်က သူ့ဓားကို လွှဲလိုက်ပြီး၊ ဓားသွား လမ်းပေါ်ရှိ အရာ အားလုံးကို ချေမှုန်း ပစ်လိုက်သည်။

ထိုဓားသည် ရေထဲ၌ ရောင်ပြန်ဟပ် နေသော လနှင့် တိမ်များလို တိတ်ဆိတ် လွန်းပေ၏။

ယခင်က တသွင်သွင် စီးဆင်း နေသော ဓားချက်နှင့် နှိုင်းယှဉ် ပါက၊ ဤတစ်ကြိမ်၌ ကြီးစိုး နိုင်စွမ်းများ ပြသ လာခဲ့သည်။

ဓားအလင်းနှင့် ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေ၏ ခြေသည်းများ၊ တပြိုင် နက်တည်း တိုက်မိ သွားသည်။

နောက်တစက္ကန့်တွင် လင်းယွန်၏ ဓား နောက်ကွယ်ရှိ စွမ်းအားက၊ အနက်ရောင် ခြေသည်း များကို ထိုခွဲ ပစ်လိုက်ကာ၊ သွေးမိစ္ဆာ ဝံပုလွေအား ထက်ခြမ်း ကွဲသွား စေတော့သည်။

အခြား တစ်ဖက်တွင်၊ မိစ္ဆာ နတ်ဆိုး မှော်ကျားသစ်က၊ မြေပြင်မှ လူးလဲ ထလိုက် ပြီးနောက်၊ သွေးမိစ္ဆာ ဝံပုလွေကို မြင်သော အခါတွင်၊ ကြောက်လန့်ပြီး ထွက်ပြေး ဟန်ပြင်၏။

၎င်းတွင် မာကျောသော ခုခံ ကာကွယ်မှု အလွှာ အဖြစ်၊ မီးလျှံ များကို ပိုင်ဆိုင် ထားသည် ဖြစ်ရာ၊ သာမန် ဓားအလင်း များက၊ သူကို အန္တရာယ် ပြုနိုင်သော နည်းလမ်း မရှိပေ။

သို့သော် လင်းယွန်၏ ဓား ရောင်ဝါမှာ ထူးဆန်း လှပေသည်။ ဆိုင်းမဆင့် ဗုံမဆင့် ရွာကျ လာသော၊ မိုးရေများ ကဲ့သို့၊ အဆုံး မရှိခဲ့ခြေ။

အန္တရာယ် မရှိ နိုင်ဟု ထင်ထား မိသော်လည်း၊ သူ သတိပြု မိချိန်တွင်၊ သွေးချင်းချင်း နီလျက်၊ အရမ်း နောက်ကျ နေပေပြီ။ မာယာ များလှသော ရန်သူဖြင့်၊ ရင်မဆိုင် လိုတော့ခြေ။

ဤသို့သော တိုက်ခိုက်မှု မျိုးကို တစ်ကြိမ် တစ်ခါမျှ မမြင်ဖူး ခဲ့ဘဲ၊ သွေးမိစ္ဆာ ဝံပုလွေ၏၊ သနား စရာ ကောင်းသော သေခြင်း မျိုးအား၊ မြင်သော အခါတွင်၊ ထွက်ပြေး လိုခဲ့ခြင်း ဖြစ်သည်။

" မင်းကို ထွက်သွားခွင့် ငါပေး လို့လား၊ 'ဆုံစည်း သွားသော မြစ်'။ "

လင်းယွန်က လျင်မြန်စွာ လှုပ်ရှား လိုက် သည်နှင့်၊ သူ၏ ဓားရောင်ဝါ များမှာ၊ သမုဒ္ဒရာ ကြီး တစ်စင်း ကဲ့သို့၊ အကန့် အသတ် မရှိ လွှမ်းခြုံ သွားကာ၊ ပတ်ဝန်း ကျင်ရှိ သစ်ပင် များအား ဖျက်ဆီး ပစ်လိုက် လေသည်။

သူ့ဓားကို မှော်ကျားသစ် ဆီသို့၊ ဆက်ခနဲ့ ထိုးသွင်း ပြီးနောက်၊ ဓားသေတ္တာထဲ ပြန်ရုတ် သိမ်းလိုက်၏။

ပန်းသင်္ချိုင်း ဓား ထံမှ၊ ထွက်သွားသော ဓားရောင်ဝါမှာ၊ မိစ္ဆာ နတ်ဆိုး မှော် ကျားသစ်ကို အော်ဟစ်ခွင့် မပြု တော့ဘဲ၊ ချက်ခြင်း ဝါးမျို သွားခဲ့ လေသည်။

***

All Chapters