ဓားနည်း စနစ် လေ့ကျင့်ခြင်း။
Vol. 24 Ch. 324
" မင်းကို ထွက်သွားခွင့် ငါပေး လို့လား၊ "
လင်းယွန်က သူ့ဓားကို မှော်ကျားသစ် ဆီသို့၊ ဆက်ခနဲ့ ထိုးသွင်း ပြီးနောက်၊ ဓားသေတ္တာထဲ ပြန်ရုတ် သိမ်းလိုက်၏။
ပန်းသင်္ချိုင်း ဓား ထံမှ၊ ထွက်သွားသော ဓားရောင်ဝါမှာ၊ မိစ္ဆာ နတ်ဆိုး မှော် ကျားသစ်ကို အော်ဟစ်ခွင့် မပြု တော့ဘဲ၊ ချက်ခြင်း ဝါးမျို သွားခဲ့ လေသည်။
ကြက်သွေးရောင် သွေးမိစ္ဆာ ဝံပုလွေကို နှစ်ပိုင်း ခွဲပစ် ပြီးနောက်၊ မိစ္ဆာ နတ်ဆိုး မှော်ကျားသစ်အား အပိုင်းပိုင်း ကြေမွှ သွားစေ ခဲ့၏။
သားရဲ အသေကောင် နှစ်ကောင်ကို ကြည့်ကာ၊ အတွေးထဲ နစ်မျော သွား၏။
'' ကြည့်ရတာ အစ်ကို ရှင်းဂျူ ပြောတာ မှန်ပုံပဲ၊ ဓားရဲ့ အတက် အကျက၊ လရောင် ရေစင်ဓားရဲ့ အားနည်းချက် ဆိုပေမယ့်၊ ဒါကို အားသာချက် အဖြစ်လည်း၊ အသုံးပြု နိုင်ပုံ ရတယ်။ ''
တဟုန်ထိုး လှိုင်းလုံးများ ရှိသော ပင်လယ်ကြီးကဲ့သို့၊ လှိုင်း ကြီးနိုင်သည်၊ သို့မဟုတ် မိုးဖွဲဖွဲ ရွာနေ သကဲ့သို့၊ အားနည်း နေနိုင်သည်။
ဆိုလို သည်မှာ လရောင် ရေစင် ဓားသည် ပြောင်းလဲမှု များနှင့်၊ ပြည့်နှက် နေသော ဓားရေး တစ်ရပ် ဖြစ်ပေ၏။
'' အပြောင်း အလဲ တွေနဲ့ ပြည့်နေတဲ့ ဓားချက်ကို၊ ပြိုင်ဘက် တွေက ဘယ်လိုလုပ်၊ ခုခံ ကာကွယ် နိုင်မှာလဲ။ ''
လင်းယွန်က ခပ်တိုးတိုး ရေရွတ်ကာ၊ သူ့ကိုယ်သူ ပြိုင်ဘက် နေရာ၌၊ အစားဝင် တွေးတော လိုက် ပြီးနောက်၊ ခေါင်းကိုက် သွားသည်။
ဤသည်မှာ အထွတ် အထိပ် ဝိညာဉ် အဆင့်၊ ဓား နည်းစနစ်၏ စစ်မှန်သော စွမ်းအား ဖြစ်သည်။
လရောင် ရေစင် ဓားသည် မပျော့ ညံ့ပေ။ ဆန့်ကျင်ဘက် အနေနှင့်၊ ၎င်းသည် ဓားနန်းတော်၌၊ ကြောက်စရာ အကောင်း ဆုံးသော၊ ဝိညာဉ် အဆင့် ဓား နည်းစနစ်၊ ဖြစ်လေသည်။
တန်တုံမှာ ဤမျှ နားလည် နိုင်မှု မရှိဘဲ၊ မှားယွင်းသော လမ်းကြောင်းကို လျှောက်ခဲ့ ခြင်း ဖြစ်မည်။
" လေးရက် ကျန်သေးတယ်၊ လရောင် ရေစင်ဓားကို ငါအပြည့် အဝ ထိန်းချုပ် နိုင်ဖို့ ကြိုးစား ရမယ်။ ''
မရေတွက် နိုင်သော လမ်းကြောင်းများ ကြားတွင်၊ မှန်ကန်သော လမ်းကြောင်းကို ရှာဖွေ နေရ သလို ပေပင်။
ဓား နောက်ကွယ်ရှိ ရည်ရွယ် ချက်ကို ဆုပ်ကိုင်ကာ၊ အထဲ၌ ပိတ်မိ မနေ ဖို့ရန်၊ ကြိုးစား ရပေမည်။
သားရဲ အမြုတေ နှစ်ခုကြောင့် နဂါးသွေး မြင်းမှာ၊ ပြုံးလျက် ပြေးဝင် လာသည်။
အထူး သဖြင့် သားရဲ အမြုတေ နှစ်ခုသည်၊ နဂါးသွေး မြင်းအတွက် ပြည့်စုံသော၊ အာဟာရ ဖြစ်စေ နိုင်မည်။
နဂါးသွေး မြင်းသည် စစ်မှန်သော နဂါး၏ သွေးမျိုး ဆက်ကို ပိုင်ဆိုင် ထားသည်။
ဆိုလို သည်မှာ ၎င်း၏ ကျင့်ကြံမှု နှုန်းသည်၊ လင်းယွန် ထက်ပင်၊ ပို၍ လျင်မြန်ကာ၊ ကြောက်စရာ ကောင်းပေ၏။
၎င်းမှာ နက်နဲ နယ်မြေ၏ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး၊ သားရဲ အမြုတေ နှစ်ခုကို ဝါးမြို ပြီးနောက်၊ သတ္တမ အဆင့်သို့ ရောက်ရှိ နိုင်မည်။
သားရဲ အမြုတေကို ကိုက်ဝါး နေသော နဂါးသွေး မြင်းကို မနှောက်ယှက် လိုတော့ဘဲ၊ ဓားကို ရုတ်သိမ်းကာ၊ အဆုံးမဲ့ တောင်တန်း၏ အလယ် ဗဟိုသို့ မျှော်ကြည့် လိုက်သည်။
ယင်းဗဟို ဒေသ ဆီမှ ပြင်းထန်သော ဖိအားများကို သူ ခံစား နိုင်သည်။ ထိုနေရာ၌ 'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်'၌ ရှိသော၊ နတ်ဆိုး သားရဲများ ရှိနေကြောင်း၊ ကောလ ဟာလ များလည်း ရှိသည်။
'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' ရှိ နတ်ဆိုး သားရဲ များမှာ၊ လင်းယွန် အတွက် စိတ်ကူး မယဉ် နိုင်သော တည်ရှိ မှုများ ဖြစ်သည်။
သူတို့ဖြင့် ရင်ဆိုင် ရပါက၊ သူ့အတွက် သေချာမည်မှာ၊ သေခြင်း တရားသာ ဖြစ်ပေမည်။
သူ့ တင် မကဘဲ၊ ဂိုဏ်းရှိ အကြီး အကဲ များပင်၊ သတိ မထား ပါလျှင်၊ သေဆုံး ခြင်းမှ၊ မလွတ် မြောက်နိုင်ပေ။
သို့သော် ကြက်သွေးရောင် စစ်ပွဲ အလံငယ်ကို၊ ပိုင်ဆိုင် ထားပြီး နောက်တွင်၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ နတ်ဆိုး သားရဲ များနှင့် တွေ့ဆုံ လျှင်ပင်၊ လွတ်မြောက် နိုင်စွမ်း ရှိသည်။
နဂါးသွေး မြင်းကို တစ်ချက် ကြည့်ကာ၊ ထားရစ် ခဲ့ရန် ဆုံးဖြတ် လိုက်သည်။ သူ့ကိုယ်သူ ဖိအား ပေးရန်၊ ဤနေရာသို့ ရောက်ရှိ လာခြင်း ဖြစ်ရာ၊ တစ်ကိုယ်တည်း လှုပ်ရှားခြင်း သည်သာ၊ ပို၍ ထိရောက် နိုင်ပေမည်။
တောင်တန်း အတွင်းတွင် အစွမ်း ထက်သော နတ်ဆိုး သားရဲကောင် များစွာ ရှိ၍၊ ခြေလှမ်း တစ်လှမ်း စီတိုင်း၌ အန္တရာယ် များနှင့် ပြည့်နှက် နေပေမည်။
ထိုအကြောင်းကို သိပ်ပြီး မစဉ်းစား တော့ဘဲ၊ သူ့ အတွက် သွေးစွမ်းသော လမ်းကိုသာ ရွေးချယ်ရန် ဆုံးဖြတ် လိုက်သည်။
လမ်း တစ်လျှောက်တွင် သန်မာသော နတ်ဆိုးသားရဲ များနှင့် ရင်ဆိုင် ရပါက၊ လွတ်မြောက်ရန်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း'ကို၊ အသုံးပြု ခဲ့ရသည်။
ပြီးပြည့် စုံသော ကျွမ်းကျင်မှု ဆီသို့၊ ချဉ်းကပ်လာနေသည့် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ဖြင့်၊ ခရမ်းရောင် နန်းတော် နယ်ပယ် အောက်ရှိ၊ မည်သည့် သားရဲ ကိုမျှ ကြောက်ရွံ့ နေစရာ မရှိပေ။
သူ ထွက်သွားဖို့ စိတ်ပိုင်း ဖြတ်ထား ပါလျှင်၊ နတ်ဆိုး သားရဲများ လိုက်မှီရန်၊ နည်းလမ်း မရှိနိုင်။
တစ်ရက်ခွဲ ကြာသော အခါတွင် အမြင့် သုံးကီလို မီတာ ကျော်ခန့် ရှိသော ရေတံခွန် တစ်ခုအား တွေ့မြင် လိုက် ရသည်။
ရေတံခွန် အောက်ခြေ၌ ကြည်လင်သော ရေကန် တစ်ကန် ဖြစ်တည် နေသည်။
ဤသည်မှာ အဆုံးမဲ့ တောင်တန်းတွင် ရက်အတန် ကြာအောင် နေထိုင် ပြီးနောက်၊ ရေကန် တစ်ကန်ကို ပထမဆုံး အကြိမ် တွေ့မြင် လိုက်ရခြင်း ဖြစ်လေသည်။
"ဒါဆို ဒီမှာပဲ နေရအောင်။"
လင်းယွန်၏ မျက်လုံးများ တောက်ပ လာခဲ့ကာ၊ လက် နှစ်ဖက်ကို ခွဲပြီး၊ လျော်ရွက်ဝါ တစ်ရွက် ကဲ့သို့ ရေကန်ပေါ် ဆင်းသက် လိုက်သည်။
ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင်များ လှုပ်ရှား လာပြီး၊ အတက် အကျ လှိုင်းများ ဖြစ်ပေါ် လာကာ၊ ရေကန်၏ မျက်နှာပြင် ပေါ်သို့၊ လျှောက်လှမ်း သွားလိုက်သည်။
၎င်းဖြစ်စဉ်သည် ထူးခြားသော မြင်ကွင်း တစ်ခု မဟုတ် ခဲ့ပေ။
နက်နဲ နယ်ပယ် ကျင့်ကြံသူ များမှာ၊ ၎င်းတို့၏ မူလ စွမ်းအင်ကို ထုတ်ဖော် ရုံဖြင့် ယင်းသို့၊ အလွယ် တကူ လုပ်ဆောင်နိုင် ကြသည်။
“ ဓား တစ်လက်က ရေထဲက လမင်း ကြီးနဲ့ တူတယ်၊ စမ်းရေ လေးလို နူးညံ့ပြီး၊ လမင်း ကြီးလို အေးမြတယ် …”
မျက်လုံး များကို မှိတ်လိုက်ပြီး၊ ဓားနည်းစနစ်၏ အချက် အလက် များအား ပြန်တွေး လိုက်မိသည်။
ပတ်ဝန်း ကျင်မှာ ရုတ်တရက် တိတ်ဆိတ် သွား၏။ လေပြေညှင်း များနှင့် အတူ၊ ရေကျ သံများ ကိုသာ၊ ကြားနေ ရသည်။
ခဏ အကြာတွင် လုံးလုံး ငြိမ်သက် သွားပြီးနောက်၊ ပြိုကျ လာနေသော ရေသံ များပင်၊ ပျောက်ကွယ် သွား၏။
'' လမင်း ကြီးက တိတ်ဆိတ် လွန်းတယ်။ ''
ရုတ်တရက် မျက်လုံးများ ပြန်ဖွင့် လိုက်ပြီး ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်သည်နှင့်၊စူးရှသော ဓား ရောင်ဝါက၊ ရေ မျက်နှာပြင် တစ်လျှောက်၊ လွင့်ထွက် သွား၏။
ထို့နောက် ရေကန် မျက်နှာ ပြင်ပေါ် နင်းလျက်၊ ပန်းသင်္ချိုင်း ဓားကို ထပ်ခါ ထပ်ခါ လွှဲယမ်း လိုက်တော့သည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ရက် ကုန်ဆုံး သွားသည်။ ထိုရက် နှစ်ရက် အတွင်း သူ့ကိုယ်သူ မေ့လျော့ သွားကာ၊ 'လရောင် ရေစင် ဓား' ထံ၌ အပြည့် အဝ နစ်မြုပ် နေခဲ့သည်။
သဏ္ဍာန်မဲ့ ဓားရောင်ဝါ များနှင့် အတူ 'လရောင် ရေစင် ဓား' တွင်၊ အေးစက်စက် အငွေ့ အသက်များ ကပ်ညိ ပါဝင် လာသည်။
လရောင် ရေစင် ဓားကို အပြည့် အ၀ နားလည်နိုင်ခဲ့ သော်လည်း၊ လက်တွေ့ အသုံးပြု ရာ၌ အနည်းငယ် ချို့တဲ့ နေဆဲ ဖြစ်သည်။
“ မလုံလောက် သေးဘူး…”
ပန်းသင်္ချိုင်း ဓားအား၊ မည်၍ မည်မျှ လွှဲခဲ့ သည်ကို၊ သူ မသိပေ။ လေ့ကျင့်ခြင်း ဖြင့်သာ၊ လုံးလုံး လျားလျား ပျော်ဝင် နေမိသည်။ သို့သော် ယင်းမှာ မလုံလောက် သေးပေ။
ပွင့်ပွင့် လင်းလင်း ဆိုရ ပါမူ၊ သူ၏ ဓားနည်းစနစ်မှာ လွန်ခဲ့သော နှစ်ရက် အတွင်း များစွာ တိုးတက် လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အငွေ့ အသက် ကိုပင်၊ ထုတ်လွှတ် နိုင်လာသည်။
ဓားသုတ္တန်ကို ဖွင့်လိုက် ပြီးနောက်တွင်၊ အေးစက် နေသော ဓား ရောင်ဝါမှာ၊ ပို၍ ကြောက်မက်ဖွယ် ကောင်းပေ၏။
ရေတံခွန်မှာ နှင်းများ ကဲ့သို့ အဆက်မပြတ် ကျဆင်း လာနေဆဲ ဖြစ်သည်။
'' ရွှပ်...... ''
ပန်းသင်္ချိုင်း ဓားကို ဆွဲကာ၊ လရောင် ရေစင် ဓား နည်းစနစ်၏ အေးစက် နေသော အငွေ့ အသက်ကို လွှတ်ပေး လိုက်သည်။ ပြီးနောက် ထပ်ခါ ထပ်ခါ ခုတ်ပိုင်း လိုက်တော့သည်။
ရုတ်တရက် သတိ မထား နိုင်ခင်၊ ပန်းသင်္ချိုင်း ဓားမှာ လှုပ်ခါ လာပြီး၊ ဓား အလင်း များကို သိပ်သည်းစွာ စုရုန်း လာစေ တော့သည်။
သည်ဖြစ်စဉ်ကို တွေးဆ ထားနိုင်ခြင်း မရှိသည် ဖြစ်ရာ၊ ထိတ်လန့် သွားပြီး၊ အဆက် အပြတ် တိုးဝင် လာသော ဓားအလင်း များအား၊ ထိန်းချုပ်ရန် မျက်လုံးများ၊ မှိတ်ထား လိုက်ရသည်။
သူ့ မျက်လုံး များ ပြန်ဖွင့် လာချိန်တွင်၊ အချိန် လေးနာရီ ခန့် ကြာညောင်း သွားခဲ့ လေပြီ။
တစ်ဆက် တည်းမှာပင်၊ မျက်လုံးများ အတွင်း၌ စူးရှသော အလင်း တစ်စ တောက်ပ လာပြီး၊
“ ငါ သိပြီ …”
ဟု ဆိုကာ၊ ပန်းသင်္ချိုင်း ဓားကို ထပ်မံ လွှဲယမ်း လိုက်၏။
ပန်းသင်္ချိုင်း ဓားမှာ တုန်ခါ လာပြီး၊ ဓားအလင်း များကို စုရုံးလာ စေသော လျှို့ဝှက်ချက်ကို၊ သိမြင် လိုက်ပြီ ဖြစ်သည်။
ဓား လှုပ်ခါ နေချိန် အတွင်း၊ မိုးခြိမ်းသံ တစ်သံ ထွက်ပေါ် လာသည်။ ထို့နောက်တွင် ပန်းသင်္ချိုင်း ဓားမှာ၊ ပတ်ဝန်း ကျင်နှင့် အပြည့် အ၀ ပေါင်းစပ် သွားတော့သည်။
ရေကန် မျက်နှာပြင် တစ်ခုလုံး တုန်ခါ လာပြီး၊ ရေစက် များမှာ မြှားများ ကဲ့သို့၊ ကောင်းကင်ကို ပျံတက် သွား၏။
နောက်တစ်ကြိမ် ဓားကို လွှဲခုတ် လိုက်နှင့် ထိုရေစက် များမှာ၊ လေထု၌ အေးခဲ သွားပြီး၊ ရေခဲ ပန်းဆွဲများ အဖြစ်သို့၊ ရောက်ရှိ သွားသည်။
နောက်ဆုံးတွင် လရောင် ရေစင် ဓားအား၊ ကနဦး ကျွမ်းကျင်မှု မှသည်၊ အလတ် အလတ် ကျွမ်းကျင် မှုသို့၊ တက်လှမ်း နိုင်ခဲ့ လေပြီ။
အဆင့်မြင့် ကျွမ်းကျင် မှုကို ရရှိရန်၊ သူ့ အတွက် အချိန် အနည်းငယ် ယူရ ပေမည်။
လွန်ခဲ့သော ရက် အနည်းငယ် အတွင်း၊ ရရှိ ထားသော ထိုးထွင်း နားလည် မှုကို၊ ချေဖျက်ရန် လိုအပ် နေသေးသည်။
အကယ်၍ လင်းယွန်၏ နေရာ၌ အခြားသော၊ သူ တစ်ယောက် သာ ဆိုပါက၊ ဤအဟုန်ကြောင့် ဝမ်းမြောက် နိုင် ကြမည် ဖြစ်သည်။
သည်မည်မျှ အထိ ရောက်ရှိ လာသည်ကို ကျေနပ် နေသင့်သည်။
သို့သော် လင်းယွန် အတွက်မူ၊ အချိန် နည်းလွန်း နေကြောင်း၊ ရှင်းရှင်း လင်းလင်း နားလည် ထားသည်။
ကာကွယ်သူ မက်မွန်က သခင့်ဓားကို မပေးအပ် လာမီ၊ လရောင် ရေစင် ဓားမှာ၊ သူ့အတွက် အသုံးဝင် သင့်သည်။
အနည်း ဆုံးတော့ 'လရောင် ရေစင် ဓား'သည်၊ 'ကျား- နဂါး လက်သီး' ထက်၊ ပို သန်မာ၏။ အရေး အကြီး ဆုံးမှာ၊ ၎င်းသည် ဓားသုတ္တန် နှင့်၊ ပြီးပြည့် စုံသော ကိုက်ညီမှု ရှိသည်။
ဓား ရည်ရွယ် ချက်ကို လက်သီးဖြင့်၊ ပေါင်းစပ် နိုင် သော်လည်း၊ ဓားသုတ္တန်၏ စွမ်းအား အစစ် အမှန်အား၊ ထုတ်လွှတ် ဖို့ရန်၊ ဓားတစ်လက် လိုအပ် နေဆဲ ဖြစ်သည်။
မင်းသမီး မွေးနေ့ပွဲ ရောက်ရန် နှစ်ရက်လို သေးပေသည်။ 'လရောင် ရေစင် ဓား' နည်းစနစ်ကို ကျင့်ကြံ ခြင်းမှာ၊ သူ ထင်ထား သည်ထက် ပို၍ ချောမွေ့ နေ၏။
ဂိုဏ်းသို့ ပြန်ရောက် သည်နှင့် 'မိုးပြာ မှတ်တမ်း' ကို ရှာဖွေ ခဲ့သည်။ 'မိုးပြာ မှတ်တမ်း' မှာ၊ အစွမ်းထက် လွန်းသူ တစ်ဦး ထံမှ ဆင်းသက် လာခြင်း ဖြစ်သည်။
( မိုးပြာ မှတ်တမ်း= ချင်းဇီအန် မှတ်တမ်း)
ဝိညာဉ်ရေး ရူရ် များဖြင့်၊ ရေးထွင်း ထားသော စာမျက်နှာ သုံးဆယ့်ခြောက် မျက်နှာ ရှိသည်။ ဝိညာဉ်ရေး ရူရ် များသည် နက်နဲ လှပြီး၊ ၎င်းတို့အား နားမလည် နိုင်ပေ။
သို့သော် ၎င်းကို နားလည်ရန် ကြိုးစား ရပေမည်။ သို့မှသာ ကျောက်စိမ်း စာလိပ် ထဲရှိ ဓားသမား၏ လျှို့ဝှက်ချက် များကို ရှာဖွေ နိုင်ပေမည်။
စီနီယာ ဟောင် ပေးခဲ့သော 'ကျောက်စိမ်း ပန်းချီကား' ထဲရှိ အရာ များကို၊ ပို၍ လေးနက်သော ဝိညာဉ်ရေး ရူရ် များဖြင့်၊ ရေးဖွဲ့ ထားသောကြောင့်၊ ဖြစ်သည်။
ဆိုလို သည်မှာ 'နှင်းဆီ ပန်းချီကား' အား၊ နားလည် လိုပါက 'မိုးပြာ မှတ်တမ်း' ကို၊ အလုံးစုံ သိမြင် နိုင်ဖို့ လိုပေမည်။
***
မဟာချင် အင်ပါယာ၏ အတွင်း မြို့တော်၌ ရှိသော လျှို့ဝှက် ခန်းမ တစ်ခုတွင်။
ဝမ်ယန်က ကန့်လန့်ကာ နောက်ကွယ်ရှိ လျှို့ဝှက်သော လူငယ်ကို ကြည့်ကာ၊ စိတ်လှုပ်ရှား နေပုံ ရသည်။
သူ့ကို သည်နေရာသို့ ဆင့်ခေါ် ထားသော်လည်း၊ ထိုလူငယ်က တစ်နာရီ ကြာသည့်တိုင်၊ စကား မပြောဘဲ၊ တိတ်ဆိတ် နေခဲ့သည်။
ကုလားကာ နောက်ကွယ်တွင်၊ သလင်း ကျောက် စားပွဲကြီး တစ်လုံး ရှိသည်။ စားပွဲ ဘေးတွင် နုပျိုသော လူငယ် တစ်ယောက် ထိုင်နေပြီး၊ စားပွဲ ပေါ်၌ ဝိုင်ခွက် တစ်ခွက် ရှိနေသည်။
ကန့်လန့်ကာ တစ်ဖက်ရှိ ဝမ်ယန်ကို လစ်လျူရှု ထားပြီး၊ လူငယ်က စားပွဲ ပေါ်ရှိ ဝိုင်ခွက်အား၊ လေးလေး နက်နက် စိုက်ကြည့် နေ၏။
" မင်းက စိတ်ပျက် စရာပဲ။ "
ထွက်ပေါ် လာသော စကား သံကြောင့်၊ မျက်နှာ တစ်ပြင်လုံး နီရဲ သွားသည်။ ဒူးထောက် လိုက်ပြီး၊
“ အရှင် မင်းမြတ်၊ ဒီကိစ္စ အတွက် ကျုပ်ကို အပြစ် မတင် ပါပဲ၊ သူ့ကို ဒီလောက် အစွမ်း ထက်မယ်လို့ ဘယ်သူက မျှော်လင့် နိုင်မှာလဲ၊ချူဟောင်းယူနဲ့ ချွင်းဝူ ကိုတောင် သူ့က အနိုင်ယူ နိုင်ခဲ့တယ်…”
ကန့်လန့်ကာ နောက်ကွယ်ရှိ လူငယ်က သက်ပြင်း ချကာ၊ ဝိုင်ခွက်ကိုကောက်ကိုင်လျက်၊ အဓိပ္ပါယ်မဲ့ လှည့်ပတ် ကြည့်နေ လိုက်သည်။
ထို့နောက် သူက ပြုံးလာပြီး၊
“ စွန့်ပစ် နယ်မြေက လာတဲ့ ဓားကျွန် တစ်ယောက် အကြောင်းကို၊ မနှစ်တုန်းက မင်း ပြောခဲ့ ဖူးတယ် ... မဟုတ်လား၊ သူက ငါ့ အတွက် ဒုက္ခ ပေးနိုင် စရာ မရှိဖူး လို့ထင် ခဲ့တယ်၊ ဒါပေမယ့် ငါ မျက်စိမှောက် သွားပုံ ရတယ်၊ အခု ချူဟောင်းယူက 'ဆွံ့အ' သွားပြီ၊ 'အသူရာ အဖွဲ့ အစည်း' က၊ ဒီလို ဆိုးရွားတဲ့ ဆုံးရှုံးမှုကို၊ ပထမဆုံး အကြိမ် ကြုံခဲ့ ရတာပဲ။ ”
လူငယ်၏ အသံတွင် ပေါ့ပါးသော ခံစား ချက်များ ပါဝင်နေ သော်လည်း၊ ကန့်လန့်ကာကို လှမ်းကြည့် နေသော ဝမ်ယန်မှာ ကျောရိုး တစ်လျှောက် အေးစိမ့် လာခဲ့သည်။
သူက အံကြိတ် လိုက်၏၊ အရာ အားလုံးမှာ လင်းယွန်က အစ ပြုခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ကြောင့်သာ မဟုတ် ပါလျှင်၊ အိမ်ရှေ့စံ အရှေ့၌၊ သနား ဖွယ်ရာ လူတစ်ယောက် အဖြစ်၊ ရှိနေမည် မဟုတ်ပေ။
" မေ့လိုက်ပါ၊ ဒီကိစ္စကို မင်းတာဝန် ယူဖို့ မလို တော့ဘူး၊ 'အသူရာ အဖွဲ့ အစည်း' ထဲက တစ်ယောက် ယောက်ကို နစ်နာအောင် လုပ်ခဲ့ပြီးမှတော့...၊ သူ ဘယ်လောက်ထိ စွမ်းဆောင် နိုင်မလဲ ဆိုတာ ငါ မြင်ချင်ပါ သေးတယ်။ ”
လူငယ်က ပြုံးပြီး သူ့ လက်ကို ဝှေ့ယမ်းကာ ဝိုင်ခွက်ပိုမော့ချလိုက်၏၊
'' ဒေါက်..... ''
ဝိုင်ခွက် ဖင်နှင့် သလင်း ကျောက်စားပွဲ ထိခတ် သံကို ကြားလိုက် ရ သည်ကြောင့်၊ ဝမ်ယန်က အလွန် စိတ် သက်သာရာ ရသွားသည်။
သူက ချက်ချင်းပင် ခေါင်းငုံ့ လျက်ဖြင့်၊
" ဒါက ငါ့အမှားပါ၊ အပြစ်ပေး ခံရဖို့ လိုလားပါတယ်။ ”
ခွက်ကို ချလိုက်ပြီး လူငယ်က ကန့်လန့်ကာ တစ်ဖက်ရှိ ဝန်ယမ်ထံ ဖြတ်ကျော် လှမ်းကြည့်သည်။ ထို့နောက် သူက လေးနက်သောအမူ အရာဖြင့်၊
" ဘိုင်လိရွှမ် အခြေ အနေရော မင်းသိလား။ "
“ အကြီးအကဲတွေ ဆီက ကြားရ တာက၊ ဘိုင်လိရွှမ်က သူတော်စင် ခန္ဓာကို အောင်မြင်ဖို့ အခွင့် အလမ်း များပါတယ်၊ သူ အပြင် မထွက် ရတဲ့ အကြောင်း အရင်းက၊ သူ့ကိုယ်သူဖြည့်တင်း နေတာ ကြောင့်ပါ၊ ဒါကြောင့် သူထွက်လာတာနဲ့ ကောင်းကင်ကို ပျံတက် သွားလိမ့် မယ်လို့ ယုံကြည်ပါတယ်”
ဟု ဝမ်ယန်က ပြန်ဖြေသည်။
" ရှင်းဂျူ ကရော ဘယ်လိုလဲ။"
ရှင်းဂျူ နာမည်ကို ကြား သည်နှင့် ဝမ်ယန် ၏ မျက်နှာမှာ ဆိုးရွား သွားခဲ့သည်။
“ မကြာခင် ကပဲ ဒဿမ အဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်၊ အကြီးအကဲ တွေက သူ့ကို တန်ဖိုး ထားလာ ပုံပဲ၊ နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ချန်ပီယံ ဖြစ်ဖို့ သူတို့က မျှော်လင့်နေ ကြတယ်။ ”
" ချန် ပီ ယံ လား။ "
လူငယ်၏ မျက်လုံး များတွင် သတ်ဖြတ် လိုသော ဆန္ဒများဖြင့်၊ နစ်မြုပ် သွားလေသည်။
“ ဒါဆို သူက လက်လျှော့ ချင်ပုံ မရဘူး၊ နဂါးတံခါး ပြိုင်ပွဲရဲ့ ချန်ပီယံက တောင်းဆိုခွင့် တစ်ခုကို ပြုလုပ် နိုင်တယ်၊ ဒီမောင်နှမ နှစ်ယောက်က ချန်ပီယံဆု ရယူဖို့ အိပ်မက် မက်နေ ကြတယ် ထင်တယ်။ ”
“ အရှင် မင်းမြတ် ရှိတဲ့ နောက်တော့၊ သူ ချန်ပီယံ ဖြစ်ဖို့ ဘယ်လိုမှ မဖြစ် နိုင်ပါဘူး၊ ဓားနန်းတော်က ထောက်ပံ့ပေး နေတာ နဲ့ပဲ၊ အရှင် မင်းမြတ်ရဲ့ ထိန်းချုပ်မှု အောက်ကနေ၊ လွတ်မြောက် ချင်တာ ကတော့၊ နုံအ လွန်းတဲ့ အတွေးပါပဲ၊
ဝမ်ယန်က ပြုံးကာ ဆိုသည်။
“ ငါလုပ်ချင်တာကို ဘယ်သူ ကမှ တားလို့ မရ ပါဘူး။ ”
ဟု လူငယ်က ဆိုလိုက် ပြီးနောက်၊
" မင်းသမီးရဲ့ မွေးနေ့ အတွက်၊ ရှင်းဂျူက အဖွဲ့ကို ဦးဆောင်မယ် မဟုတ်လား။ "
" ဟုတ်ပါတယ်၊ ဓားကျွန်လည်း လိုက်လာ မယ်လို့ ကြားပါတယ်။ "
" ဟုတ်လား၊ ဒါဆိုရင် ဓားနန်းတော်ရဲ့ ဘီလူး အသစ်ကို ငါကြည့်မယ်။ "
လူငယ်က ရယ်ကာ မောကာဖြင့် ပြုံးလျက် ဆိုလိုက်သည်။
***