← Chapters

ငါ့ကို ထိုးလှည့်ပါ။

Vol. 24 Ch. 325

ငါ့ကို ထိုးလှည့်ပါ။

Vol. 24 Ch. 325

လင်းယွန်က ရတနာ တောင်ကုန်းသို့ ပြန်ရောက်သည့် အခါတွင် မွေးနေ့ပွဲ ကျင်းပရန် တစ်ညသာ ကျန်တော့သည်။

ခုနစ်ရက်တာ ခရီးစဉ် အတွင်း၊ ကြီးကြီး မားမား ရိတ်သိမ်း နိုင် ခဲ့သည်။ 'လရောင် ရေစင် ဓား' ကို ပိုမို ကျွမ်းကျင် လာကာ၊ ၎င်း၏ အနှစ် သာရ ကိုလည်း၊ ဆုပ်ကိုင် ထားနိုင်၏။

ထို့အပြင်၊ သူ၏ ကျင့်ကြံမှုမှာ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကြောင့်၊ တိုးတက်လာ ခဲ့သည်။

နောက်ဆုံးတွင်၊ သူ၏ မွေးရာပါ ခန္ဓာကိုယ် ဖွဲ့စည်း ပုံမှာ၊ အဋ္ဌမ အဆင့် အဝါရောင် ဝိညာဉ် ခန္ဓာကိုယ် ဖြစ်ပြီး၊ ဓားနန်းတော် ၌ပင် ရှားပါး လှသော ဖွဲ့တည် မှုမျိုး ဖြစ်ပေသည်။

ဓားသုတ္တန်ဖြင့်၊ လုံလောက်သော အရင်း အမြစ်များ ရရှိ နေသရွေ့၊ ကျင့်ကြံခြင်း အဟုန်မှာ၊ တဟုန်ထိုး တိုးတက်လာ နိုင်သည်။

သို့သော် လွန်ခဲ့သော ခုနစ်ရက် အတွင်း ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၂၀၀၀) ကို၊ သူ အသုံးပြု ခဲ့ရသည်။

ဂိုဏ်း၏ အကြီးအကဲများ ပင်လျှင်၊ ဤမျှ များပြားသော ဖြုန်းတီး မှုကို သိလိုက် ရပါက၊ တုန်လှုပ် သွားမည် ဖြစ်သည်။

မနက်ဖြန်၌ မွေးနေ့ ပွဲသို့၊ ထွက်ခွာ ကြပေမည်။ အကယ်၍ ထိုပွဲသို့ လိုက်ပါခွင့် ရရှိ သူသည်၊ အခြား တစ်ယောက် ယောက်သာ ဖြစ်ခဲ့မည် ဆိုပါလျှင်၊ ထိုသူက စိတ်လှုပ်ရှား နေမည်မှာ သေချာ၏။

ထို့နောက်တွင်၊ အဆိုပါ ပွဲသို့ ဂုဏ်သိက္ခာ ကြီးမားသော ဂိုဏ်းလေး ဂိုဏ်း၊ ကောင်းကင်ဘုံ ချင် အင်စတီကျုနှင့် မြို့တော်၏ မှူးမတ်များ တက်ရောက်မည် ဖြစ်သည်။

ဤပွဲသည် အင်ပါယာကို လှုပ်ခတ်သွား စေမည့် ခမ်းနားသော ပွဲတစ်ပွဲ ဖြစ်လာ နိုင်ပေ၏။

ကံကောင်း ပါလျှင်၊ မင်းသမီး လေး၏ အာရုံကို ဖမ်းစား နိုင်မည်။ အလား အလာမှာ၊ အများ ကြီးဟု မဆိုသာ သော်လည်း၊ စိတ်ကူးရုံဖြင့်၊ ထိခိုက်မည် မဟုတ်ပေ။

လင်းယွန်တွင် ထိုသို့သော အတွေးမျိုး မထားရှိပေ။ ကာကွယ်သူ မက်မွန်သာ သူ့ကို လိုက်ပါ သွားစေ လိုခြင်း မရှိ ပါက၊ သွားဖို့ရန် ဆန္ဒ မရှိနိုင်။

သို့သော် သူ သွားဖို့ရန် ဆုံးဖြတ် လိုက်ပြီးနောက်၊ ပေါ့ပေါ့ တန်တန် သဘော မထား လိုပေ။

အနီရောင် ဖီးနစ်ကို အသံ မြည်စေ ပြီးနောက်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ၏ ချန်ပီယံ တဖြစ်လည်း၊ မဟာချင် အင်ပါယာ လူငယ်မျိုးဆက် ထဲ၌၊ မီးမောင်း ထိုးပြ ခံထား ရသော လင်းယွန်ကို၊ နင်းခြေ လိုကြ ပေမည်။

ဉာဏ်ကြီးရှင် များစွာ စုရုံး ထားခြင်းဖြင့်၊ မည်သူ့ ကိုမျှ စိန်ခေါ် ခြင်း မပြု လျှင်ပင်၊ စိန်ခေါ်ခံရမည် ဖြစ်သည်။

သူကိုယ် တိုင်ပင် ပါရမီရှင် များစွာဖြင့်၊ တိုက်ပွဲ ဝင်ရန် မျှော်လင့် မိသည်။ ရှုံးလျှင် ရှက်စရာ ကောင်းပေ လိမ့်မည်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ဒါဇင်ကို ထုတ်ယူကာ ခြံဝင်း ထဲတွင်၊ စတင် ကျင့်ကြံ လိုက်သည်။

သူ၏ ကျင့်ကြံမှုသည် နက်နဲ နယ်မြေ၏၊ ပဉ္စမအဆင့် အထွတ် အထိပ်တွင် ရှိပြီး၊ ဆဋ္ဌမ အဆင့်သို့ တက်လှမ်းရန်၊ ခြေ တစ်လှမ်းသာ ကွာဝေး တော့သည်။

အဆုံးမဲ့ တောင်တန်း အတွင်း၌၊ အောင်မြင်မှုများ မရ ရှိခဲ့သော်လည်း၊ ထပ်မံ စမ်းကြည့်ချင် နေဆဲ ပေပင်။

အမှန်တော့၊ သူ့တွင် ရှိသော ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များသည် အခြား သူများနှင့် နှိုင်းယှဉ် နိုင်မည့် အရာ မဟုတ်ပေ။

ထို့ပြင် သူ၏ ကျင့်ကြံမှု နိမ့်ကျ ခြင်းမှာ၊ အခြားသော အတွင်း တပည့် များနှင့် ယှဉ်လျှင်၊ အားနည်းချက် အဖြစ် ထင်ရှား လွန်းသည်။

ဓားသုတ္တန်ဖြင့် သတ္တမ အဆင့်ရှိ၊ တပည့် များကို၊ ခုခံ ကာကွယ် နိုင်သော်လည်း၊ ဆဋ္ဌမအဆင့်သို့ ရောက်ရှိ ထားပါလျှင်၊ အနိုင် ရရန် အခွင့် အလမ်း ပိုများမည် ဖြစ်သည်။

သိပ်မကြာခင် မှာပင်၊ လက်ထဲရှိ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များမှာ၊ ကြေမွှ သွား ကုန်သည်။

ညင်သာစွာ သက်ပြင်း မောကို ချလိုက်၏။ တစ်စုံ တစ်ရာမှာ အနည်းငယ် ကွဲလွဲ နေသည်ဟု၊ ခံစား ရမိသည်။

ဓားသုတ္တန်၏ အဋ္ဌမ အဆင့်တွင်၊ အသွင်ပြောင်းလာ သည့် အတွက်၊ သူ ပျော်မိသည်။ သို့သော် သူ ရရှိ ထားသော ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ၊ ကုန်ဆုံး သွားမည်ကို စိုးရိမ် လာမိ၏။

၎င်းတို့ အားလုံး ကုန်ဆုံး သွားပါလျှင်၊ သူ၏ ကျင့်ကြံမှုမှာ တိုးတက်ရန်၊ ပိုမို ခက်ခဲ လာမည် ဖြစ်သည်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ရာ ခန့် စုပ်ယူ ပြီးနောက်၊ ပဉ္စမ အဆင့် အထွတ် အထိပ် ၌သာ၊ ပိတ်မိ နေဆဲပင်။

အကယ်၍ အခြားသော တစ်စုံ တစ်ယောက်သာ ဆိုပါလျှင်၊ ဤမျှ ပမာဏကို အသုံးပြု ပြီးနောက်၊ ၎င်းတို့သည် ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ သွားပေ လိမ့်မည်။

“ ဒီလိုတော့ အဆင် မပြေ သေးဘူး၊ မနက်ဖြန် မိုး မလင်းခင် ဆဋ္ဌမ အဆင့်ကို ရောက်မှ ရမယ်။ "

ဆုံးဖြတ် လိုက် ပြီးနောက်၊ ကြက်သွေးရောင် သစ်သီး တစ်လုံးကို ထုတ်ယူ လိုက်သည်။ ၎င်းမှာ နဂါး မီးလျှံ သစ်သီး ဖြစ်၏။

မဟာချင် အင်ပါယာရှိ ပါရမီရှင် ရှစ်ပါး အနက် လေးပါးမှာ၊ နဂါး မီးလျှံ သစ်သီး အတွက် စုဝေး ခဲ့ကြ သော်လည်း၊ နောက်ဆုံးတွင် မထင်မှတ် ထားသော အခြေ အနေဖြင့်၊ လင်းယွန်က ပိုင်ဆိုင် ခွင့် ရခဲ့သည်။

ပါရမီရှင်ရှစ်ပါး အနက် တစ်ဦး တစ်ယောက် သည်သာ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့ရောက်ရှိ သွားပါက၊ မဟာချင် အင်ပါယာ၏ အသန်မာဆုံး မျိုးဆက် ဖြစ်လာမည် ဖြစ်သည်။

ရှင်းဂျူအား ပေးချင် ခဲ့သော်လည်း၊ ရှင်းယန်က ၎င်းကို ပြန်ပေး လာသည်။

ဤသစ်သီးသည် ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်ရှိရန်၊ အခွင့် အရေး (၃၀%) တိုးလာ စေသော သဘာဝ ရတနာ ဖြစ်သည်။

ဤသို့ ဆိုရသော် နက်နဲ ဆဋ္ဌမ အဆင့်ကို ရောက်ဖို့ရန်၊ ရာနှုန်းပြည့် အခွင့် အရေး ရှိသင့် လေသည်။

သို့သော် ပါရမီရှင် ရှစ်ပါးသာ သိရှိ သွားပါက၊ သူ၏ ဖြုန်းတီးခြင်း အတွက်၊ နှမျော စိတ်ကြောင့် သွေးအန် ကျပေ လိမ့်မည်။

" လိုအပ်ရင်တော့ သုံးသင့်တယ် မဟုတ်လား။ "

မျက်လုံးများ မှေးစင်းလျက် နဂါး မီးလျံ သစ်သီးကို ပါးစပ်ထဲ ပစ်ထည့် လိုက်သည်။

သစ်သီးက အစာချေ စနစ်ထဲ ဝင်ရောက် သွားသည်နှင့်၊ ကြက်သွေးရောင် အရည်များ အဖြစ် ပြောင်းလဲ စိမ့်ဝင် သွား၏။

ရုတ်တရက် ပြင်းရှသော အပူဒဏ်ကို ခံစား လိုက်ရ သည်ကြောင့်၊ အနည်းငယ် အံ့သြ သွားသည်။

ဤအတိုင်းသာ ဆက်လက် ဖြစ်ပွား နေမည် ဆိုပါလျှင်၊ နဂါး မီးလျှံ သစ်သီး၏ ဝိညာဉ် စွမ်းအင် များက၊ သူအား ဖုံးအုပ် သွား ပေလိမ့်မည်။

ထို့ကြောင့် သတိ လက်လွတ် မခံ ဝံ့ဘဲ၊ ဓားသုတ္တန်ကို လှည့်ပါတ် ဖိနှိပ် လိုက်ရသည်။

ခဏ အကြာတွင် ဆဋ္ဌမ အဆင့်သို့၊ အလွယ် တကူ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့သည်။

ဆဌမမြောက် သွေးပြန် ကြောကို ဖွဲ့စည်း ပြီးနောက်၊ နဂါး မီးလျှံ သစ်သီး ထံမှ ထွက်လာသော စွမ်းအင် များမှာ၊ လျော့နည်း သွားခြင်း မရှိဘဲ၊ ခန္ဓာကိုယ် အနှံ့ ဖြတ်သန်း သွားနေ ဆဲပင်။

သူ၏ မူလ စွမ်းအင် များကို၊ ဓားတစ်လက် ကဲ့သို့ အကြိမ်ကြိမ် သန့်စင်နေ ခဲ့သည်။ အချိန်အနည်းငယ် အကြာတွင်၊ မူလ စွမ်းအင် အတက် အကျမှာ၊ တည်ငြိမ် သွားပြီ ဖြစ်၏။

မိုးလင်း ခါနီးတွင် လင်းယွန်၏ မျက်လုံးများ ပွင့်လာကာ၊ အသက်ရှူ ထုတ် လိုက်သည်။

နက်ရှိုင်းသော တွင်းနက်ကြီး ထံမှ၊ အကန့် အသတ် မရှိ၊ ထွက်ပေါ် နေသော အလင်းရောင် များကဲ့သို့၊ မျက်ဝန်း တစ်စုံက တောက်ပ နေပေသည်။

ကြည့်မိ သူများ အတွက် နားမလည် နိုင်သော ခံစား ချက်များ၊ ပေးစွမ်း နေမည် ဖြစ်သည်။

နက်နဲ ဆဋ္ဌမ အဆင့် အထွတ် အထိပ်။

နဂါး မီးလျှံ သစ်သီးကို စားသုံး ပြီးနောက်၊ ကျင့်ကြံ မှုမှာ၊ ပဉ္စမ အဆင့် အထွတ် အထိပ် မှသည်၊ ဆဋ္ဌမ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ လာစေ ခဲ့သည်။

ပါရမီရှင် လေးပါးကို စိတ်လှုပ်ရှား လာစေသော သဘာဝ ရတနာမှာ၊ အမှန် တကယ် အစွမ်းထက် လေသည်။

နက်နဲ နယ်ပယ် နှောင်းပိုင်း၌ ပိတ်မိ နေသော သူများ အတွက်၊ အကျိုး သက်ရောက် မှုမှာ ပိုကောင်း လာနိုင် မည်ဟု မှန်းဆ နိုင်သည်။

လင်းယွန်၏ တည်ငြိမ်မှု ဖြင့်ပင်၊ မယုံနိုင် စရာ ကောင်းနေ သေးသည်။

" မောင်ငယ်လင်း သွားဖို့ အချိန် တန်ပြီ။ "

ရှင်းယန်၏ အသံကြောင့်၊ လင်းယွန်က အိပ်ရာမှ၊ နိုးထ လာခဲ့သည်။ ရှင်းယန်ကို အသံပြု လိုက် ပြီးနောက်၊ ရေချိုး သန့်စင် လိုက်သည်။

တံခါးကို တွန်းဖွင့် လိုက်သော အခါတွင်၊ အနီရောင် ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင် ထားသော ရှင်းယန်၏ ရင်သပ် ရှုမောဖွယ် ခန္ဓာ ကိုယ်ကို တစ်ချက် ငေးကြည့် လိုက်မိသည်။

" ငါတို့ရဲ့ ဂျူနီယာ လေးက ပိုကြည့် ကောင်းလာ တာပဲ။ "

ရှင်းယန်က လင်းယွန်ကို စစ်ဆေးကာ၊ ဆိုလိုက်သည်။ နုနယ် လွန်းသော အသွင်ဖြင့် အပြာရောင် အ၀တ် အစား များကို၊ ၀တ်ဆင် ထားသော လင်းယွန်မှာ၊ တစ်မျိုးလေး ကြည့်ကောင်း နေပေသည်။ သူမက ပြုံးပြီး၊

" ဟီးဟီး၊ မင်း သမီးလေး ကတော့ မင်းကို သဘောကျ တော့မယ် ထင်တယ်။ "

ခြောက်လ ကြာ ပြီးနောက်၊ ပြတ်သား လာသော လင်းယွန်၏ အကြည့် များက၊ တစ်ဖက် လူကို အဟန့် ဖြစ်သွား စေသည်။

“ စီနီယာ အစ်မ၊ မင်းငါ့ကို မရှုပ် ပါနဲ့ တော့။ ”

မဟာချင် အင်ပါယာ၏ မင်းသမီး သည်၊ မရေတွက် နိုင်သော ကျင့်ကြံသူ များ၏ အိပ်မက် ဖြစ်သည်။

သူမ၏ အလှမှာ ပြိုင်ဘက် ကင်းကြောင်း၊ ကောလ ဟာလများ ရှိသည်။

သို့သော် လင်းယွန် အတွက်မူ ဆုစီယာနှင့် ယွဲ့ဝေဝေ သည်သာ၊ ပြိုင်ဘက်ကင်း အလှ ပိုင်ရှင်များ ဖြစ်ပေသည်။

မဟာချင် အင်ပါယာ မင်းသမီး လေး၏ အလှသည်၊ ထို နှစ်ယောက်ထက် သာလွန် နိုင် မည်ဟု သူ မထင်ပေ။

“ နေ ဦး .... ''

ရှင်းယန်က လေထု ထဲတွင်၊ တစ်စုံ တစ်ရာ ရှိနေ သည်ကို ခံစား လိုက် ရပြီး၊ အနည်းငယ် ပြုံးကာ၊

" ဂျူနီယာ မောင်လေး၊ မင်း အောင်မြင်မှု တစ်ခု ရယူ နိုင်ခဲ့ တာလား။ "

လင်းယွန်က ပြန်လည် ခေါင်းညိတ်ပြ လိုက်သည်။

“ ငါ မအံ့သြ တော့ပါဘူး၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲမှာ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၆၀၀၀) ရခဲ့ တာပဲ၊ ဒီအရင်း အမြစ် တွေရဲ့ ပမာဏက၊ အောင်မြင်မှု တစ်ခု ရဖို့ လုံလောက် ပါတယ်။ ”

ရှင်းယန်က ပြုံးလျက် ဆိုသည်။ လင်းယွန်က ခေါင်းညိတ်လျက်၊ ရှင်းယန်ကို ဝန်ခံ လိုက်သည်။

“ နဂါး မီးလျှံ သစ်သီးကို၊ သန့်စင် ထား သေးတယ်။ ”

ထိုစကားကြောင့် ရှင်းယန်က အံ့အားသင့် သွားသည်။ သို့သော် ဖြုန်းတီးခြင်း အတွက် လင်းယွန်ကို သူ အပြစ် မတင်ပေ။ သူက ပြုံးရုံသာ ပြုံးပြီး၊

“ အိုး ...၊ အဲဒါက အရေး မကြီး ပါဘူး၊ သွားကြ ရအောင်၊ အစ်ကိုကြီး ငါတို့ကို စောင့်နေတယ်။”

နှစ်ယောက်သား ဆုံရပ် ဆီသို့ ထွက်ခွာ လာခဲ့သည်။ သူတို့ ရောက်လာ ချိန်တွင်၊ လူငါးယောက်က အသင့် စောင့်နေသည်။

လျိုဖန်းနှင့် ရှင်းဂျူ တို့က၊ ရှင်းယန်ထက် အားနည်းသော တပည့် သုံးယောက်အား၊ ခြံရံလျက် လှမ်းကြည့် လာသည်။

ထိုတပည့် သုံးယောက်သည် မြေကြီး အဆင့် သတ်မှတ် ချက်တွင်၊ အထက်တန်း စားများ ဖြစ်ကြပြီး၊ ထိုထဲမှ တစ်ယောက်က လင်းယွန်ကို ပြုံးလျက် နှုတ်ဆက် လာ၏။

တန်တုံ။ လင်းယွန်က ပြုံးလျက် အသိ အမှတ် ပြုလိုက်သည်။

"မင်္ဂလာပါ အကြီးအကဲ လျိုဖန်းနဲ့၊ စီနီယာ အစ်ကို ရှင်းဂျူ။ "

လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ အရို အသေ ပြုလိုက်သည်။ လျိုဖန်းက သူ့ မုတ်ဆိတ် မွေးကို ပွတ်သပ်ကာ၊ ပြုံးလျက် ခေါင်းညိတ် လိုက်ပြီး၊

" လင်းယွန်၊ လွန်ခဲ့တဲ့ ခုနှစ်ရက်က မင်းရဲ့ ကျင့်ကြံမှု အခြေအနေ ဘယ်လိုလဲ။ "

ဟု မေးလိုက် သည်နှင့် အားလုံးသော အကြည့် များက လင်းယွန် ဆီကို၊ ကျရောက် လာခဲ့သည်။

လင်းယွန်၏ အမည်ကို ကြာမြင့်စွာ ကြားသိ ခဲ့ရပြီး၊ လွန်ခဲ့သည့် ရက် အနည်းငယ် ကပင်၊ မိုးကြိုး ရှစ်ဖော်ကို အနိုင်ယူ နိုင်ခဲ့ပုံ တို့ကို၊ သိရှိ ထားကြ လေသည်။

“ ဒီတပည့်က ဓား နည်းစနစ်နဲ့ အတူ၊ ကျင့်ကြံ မှုကို တိုးတက်အောင် လုပ်နိုင် ခဲ့ပါတယ်၊ ”

ဟု လင်းယွန်က ဆိုသည်။

" မင်းရဲ့ ကျင့်ကြံ မှုမှာ သိသိ သာသာ တိုးတက်မှု ရှိတယ်လား။ "

လျိုဖန်းက ပြုံးလိုက်ပြီး၊

" ကောင်းပြီ၊ ရက် အနည်း ငယ်သာ ရှိသေး ပေမယ့်၊ မင်းက ဆဋ္ဌမ အဆင့်ကို ရောက် နေပြီ။ ”

သူ့ စကားက တန်တုံနှင့်၊ တခြား သူများကို ထိတ်လန့် သွားစေ ခဲ့သည်။

ဤတစ်ကြိမ် လင်းယွန် ထံမှ၊ ယခင် အကြိမ် များနှင့်၊ မတူသော ခံစား ချက်များကို၊ ပေးစွမ်း လာသည့် အကြောင်း ရင်းအား၊ နားလည် သွားမိ ကြသည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင်၊ လင်းယွန် ရရှိ နိုင်မည့်၊ အကျိုး အမြတ် များကို၊ ပြန် သတိ ရသွား ပြီးနောက်၊ တုန်ယင်စွာ လက်ခံ လိုက်ရသည်။

အကယ်၍ ၎င်းတို့တွင် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၆၀၀၀) ရှိပါလျှင်၊ ဆဋ္ဌမ အဆင့်သို့၊ အလွယ် တကူ တက်လှမ်း နိုင်မည် ဖြစ်သည်။

ထိတ်လန့် တုန်လှုပ်ခြင်း၊ အစား ဝန်တို စိတ်များ အပြေး အလွှား ဝင်ရောက်လာ ကြသည်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၆၀၀၀) သည်၊ အကြီးအကဲ တစ်ဦး အတွက်ပင်၊ အနည်း ငယ်သော ပမာဏ မဟုတ်ပေ။

လျိုဖန်းက မအံ့သြ တော့ပေ။ လင်းယွန်မှာ အခြေခံ အုတ်မြစ် ချို့တဲ့ နေသည်ကို၊ သတိ ပြုမိ သောကြောင့်၊ လင်းယွန်အား ပေးအပ် လိုက်ခြင်း ဖြစ်သည်။

“ ကောင်းတယ်.... အရမ်း ကောင်းတယ် လာ၊ ငါ့ကို လက်သီးနဲ့ ထိုး။ ”

အောင်မြင်မှုကို ရယူ နိုင်သော်လည်း၊ လျိုဖန်းမှာ စိတ်မချ နိုင်သေးပေ။ ဤဖြစ်စဉ် အတွင်း လင်းယွန်၏ အခြေခံ အုတ်မြစ်၊ ထိခိုက် သွားခြင်း ရှိ မရှိကို၊ စစ်ဆေးကာ၊ ကျေနပ်ချင်း မရှိ ပါက လင်းယွန်ကို ပွဲမ၀င် စေလိုခြေ။

လင်းယွန်၏ ကျော်ကြား မှုသည် မျိုးဆက် တူချင်း၊ လွှမ်းမိုး လာပြီ ဖြစ်ရာ၊ ဂိုဏ်းအသီး သီးရှိ လူငယ် ပါရမီရှင် များက၊ သူ့ကို စိန်ခေါ် လာကြ ပေလိမ့်မည်။

အခြေခံ အုတ်မြစ် သည်သာ လုံလောက်အောင် မခိုင်မာ ခဲ့ပါက၊ နင်းချေ ခံရ နိုင်သည်။

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး အသက် ပြင်းပြင်း ရှူလိုက်သည်။ သူတို့ လူအုပ်၏ အခင်း အကျင်းကြောင့်၊ အနည်း ငယ်သော တပည့် အချို့မှာ၊ လာရောက် ကြည့်ရှု နေကြသည်။

အားလုံးက သူ့ကို ဝိုင်းကြည့် လာ၏။ လူများစွာ တို့က အချင်းချင်း ဆွေးနွေး လာကြပြီး၊ လင်းယွန်အား မနာလို စိတ်ဖြင့် ကြည့်နေ ကြသည် ။

“ သူ့ရဲ့ ကျင့်ကြံမှု အဟုန်က မြန်လွန်းတယ်၊ အခု ဆဌမ အဆင့်ကို ရောက်နေပြီ…”

“ ဒါက သူ့ အခြေခံ အုတ်မြစ်ကို ပျက်ပြား စေမှာ မဟုတ် ဖူးလား။ ”

“ ဟုတ်တယ် နည်းနည်း မြန်လွန်းတယ်၊ အကြီးအကဲ လျိုဖန်းက၊ စိုးရိမ် နေပုံ ရတယ်။ ''

" အကြီးအကဲ လျိုဖန်းက ကျေနပ် စရာ မရှိရင် ...၊ သူ့ကို ပွဲတက်ခွင့် မပေး ဖူးလို့ ဆိုလို တာပဲ။ "

" ကြည့်ကြ ရအောင်။"

မွေ့နေ့ပွဲ သွားမည့် လူ စာရင်းကို၊ တပည့် များက သိထား ကြပြီ ဖြစ်ရာ၊ ဆုံမှတ် နေရာသို့ စူးစမ်း လိုကြ ဟန်ဖြင့်၊ လူ အတော်တော် များများ ရောက်ရှိလာ ကြသည်။

သူတို့ ရောက်ရှိ လာချိန်တွင်၊ လျိုဖန်းက လင်းယွန် ခွန်အား အပေါ်၊ စမ်းသပ်ရန် လုပ်ဆောင် နေသည့် အချိန်၊ ဖြစ်ပေသည်။

ထို့ကြောင့်ပင် ဝေဖန်သံ များမှာ သဘာဝ အတိုင်း ဆူညံ နေပေ၏။

လင်းယွန်က တည်ငြိမ်စွာ ပြုံးရယ် လိုက်သည်။ ဝေဖန်သံ များကို သူ ကြားနေသည်။ သူတို့ နေရာ၌ မည်သူ မဆို၊ သံသယ ရှိလာ နိုင်သည်။

သို့သော် နဂါးမီးလျှံ သစ်သီးဖြင့် အဆင့် ချိုးဖြတ် လာခြင်း အကြောင်း ကိုမူ၊ သူတို့ မသိနိုင် ကြပေ။

***

All Chapters