လှိုင်းထန်ခြင်း။
Vol. 24 Ch. 326
သူတို့ ရောက်ရှိ လာချိန်တွင်၊ လျိုဖန်းက လင်းယွန် ခွန်အား အပေါ်၊ စမ်းသပ်ရန် လုပ်ဆောင် နေသည့် အချိန်၊ ဖြစ်ပေသည်။
ထို့ကြောင့်ပင် ဝေဖန်သံ များမှာ သဘာဝ အတိုင်း ဆူညံ နေပေ၏။
လူတိုင်း၏ အကြည့် များက လင်းယွန် ပေါ်သို့ ကျဆင်း သွားသည် ။
လျိုဖန်းက တည်ငြိမ် မှုကို ထိန်းသိမ်း ထားသော်လည်း၊ သူ့စိတ် ထဲတွင် မသက် မသာ ခံစား နေရသည်။
လင်းယွန်ကို လက်သီးဖြင့်၊ ထိုးခိုင်း ရသော အကြောင်း ရင်းမှာ၊ စမ်းသပ် ဖို့ရန် ဖြစ်သည်။
အစီ အစဥ်များ မချ မှတ်မီ၊ လင်းယွန်၏ အခြေခံ အုတ်မြစ်မှာ၊ တည်ငြိမ်ခြင်း ရှိ မရှိ၊ သူ သိချင်သည်။
ဓားနန်းတော်တွင် လင်းယွန်ထက် သန်မာသော အတွင်း တပည့် များစွာ ရှိသည်။
ဥပမာအားဖြင့်၊ သူတို့ ချန်ထား ရစ်ခဲ့သော တပည့်များ ထဲတွင်၊ သတ္တမ အဆင့် အတွင်း တပည့် အများ အပြား ကျန်ရှိ လေသည်။
ထိုတပည့်များ ထဲရှိ၊ မည်သူ မဆို ဤပွဲသို့ တက်ရောက် ချင်ကြ၏။ သို့သော် ခွဲတမ်းမှာ အကန့် အသတ် ရှိသည်။
ကာကွယ်သူ မက်မွန်က လင်းယွန်ကို ပွဲတက် ခွင့် အတွက်၊ သတ်မှတ် ပေးခဲ့သော် ငြားလည်း၊ ထိုက်တန်ကြောင်း လူအုပ်ကို ပြသရန် လိုအပ်နေ သေးသည်။
လျိုဖန်း အမြင် အရ၊ မနေ့ ညက အဆင့် ချိုးဖြတ် ထား နိုင်သော လင်းယွန်သည်၊ ဆဋ္ဌမ အဆင့် ခွန်အားကို ပြသ နိုင်ရုံဖြင့်၊ လုံလောက် သည်ဟု ယူဆ နိုင်ပေမည်။
ကနဦး ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ တူညီသော အဆင့်၌ ရှိနေသူ များကို၊ ရင်ဆိုင် နိုင်ခြင်း မရှိ မည်မှာ၊ သာမာန် ဖြစ်သည်။
သို့သော် ပြဿနာ မရှိပေ။ လင်းယွန်မှာ ကောင်းမွန်သော အရည် အချင်း များကို ပိုင်ဆိုင် ထားသူ ဖြစ်သည်။
ထို့ပြင် အဋ္ဌမတန်း အဝါရောင် ဝိညာဉ် ခန္ဓာ ကိုယ်သည်၊ ဓားနန်းတော် ၌ပင် ရှားပါး ပေသည်။
“ စလိုက် ရအောင်။ ”
လျိုဖန်းက စိတ်မသက် မသာ ဟန်ဖြင့် ခေါင်းညိတ် ပြလိုက်၏။
လင်းယွန်၏ မျက်လုံးများ တောက်ပ လာပြီးနောက်၊ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင်များ ပြောင်းလဲ သွားကာ၊ လေးနက်သော သွေးပြန်ကြော ခြောက်ခု ဖြစ်ပေါ် လာသည်။
သူ့ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင်များ တိုးလာ သောအခါ လင်းယွင်၏ စိတ်နေစိတ်ထားပါ ပြောင်းလဲ သွား၏။
သူ၏ မူလ စွမ်းအင် စီးဆင်း သံများ ကျယ်လောင် လာပြီး၊ ပေါက်ကွဲ သွားနိုင်သော ဓားတစ်လက် ကဲ့သို့ ဆူပွက် လာသည်။
" ဘယ်လောက်တောင် သိပ်သည်း လိုက်တဲ့ အရှိန် အဝါလဲ။ "
အဖွဲ့ အတွင်းရှိ စေလွှတ် ခံရသော တပည့် များက၊ ဤမြင်ကွင်းကို မြင်လိုက် ရသော အခါတွင် သိသိ သာသာ ပြောင်းလဲ သွားသည်။
နဂါးမီး လျှံသစ် သီးဖြင့် သန့်စင် ပြီးနောက်၊ လင်းယွန်၏ အရှိန် အဝါမှာ ယခင် ကထက် ပိုမို သန့်ရှင်း လာသည်။
မူလ စွမ်းအင် များက၊ ခန္ဓာကိုယ် အတွင်း စီးဆင်း နေချိန်တွင်၊ သူ့ခန္ဓာ ကိုယ်၌ အလင်းရောင် ဖျော့ဖျော့များ ထွတ်ပေါ် လာသည်။
လက်သီးဖြင့် ထိုးလိုက်စဉ် ခရမ်းရောင် အလင်း ဖျော့ဖျော့များက၊ သူ့ ခန္ဓာကိုယ်မှ ပြေးထွက် သွားသည်။
လက်သီး ချက်သည် လေထဲ၌ ပြင်းထန်စွာ ပေါက်ကွဲ သွား ပြီးနောက်၊ လူတိုင်း၏ အကြား အာရုံကို ခဏတာ ပိတ်စို့ သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ခရမ်းရောင် အရှိန် အဝါများက၊ လှိုင်းအဖြစ် ပြောင်းလဲ ပြေးထွက် သွား၏။ လှိုင်းလုံးကြီးက ဖုန်မှုန့်များ နှင့်အတူ လျိုဖန်းထံ တိုးဝင် သွားသည်။
လေထဲတွင် ဆံနွယ်များ မျောလွင့် နေသော လူငယ်ကို ကြည့်ကာ၊ လူတိုင်းက ထိတ်လန့် နေကြသည်။
အဆိုပါ ခွန်အား မျိုးသည် နက်နဲ သတ္တမ အဆင့် သိုင်းသမား များပင်၊ မပြသ နိုင်သော လက်သီးချက် ပေပင်။
လင်းယွန်၏ မူလ စွမ်းအင်သည် အလွန် သန့်စင်ပြီး၊ သူ့အား နက်နဲ သိုင်း နယ်ပယ်၏၊ ဆဋ္ဌမ အဆင့် တွင်သာ၊ ရှိနေ သည်ဟု၊ မထင်မှတ် မိတော့ပေ။
သာမန် လက်သီးချက် တစ်ချက် အဖြစ်၊ ထင်ထင် ရှားရှား မြင်လိုက် ရသော်လည်း၊ ၎င်းတွင် ပါဝင်သော မူလ စွမ်းအင်များ အရ၊ သူ့အပေါ် သံသယ ရှိနေသူ များ၏ ပါးစပ်အား၊ ပိတ်ပစ် လိုက်လေသည်။
မြေကြီး အဆင့် ရှစ်၌ ရပ်တည် ထား နိုင်သော တန်တုံ သည်လည်း၊ အသက်ရှူ ကြပ်သွား၏။
လင်းယွန်ကို လျှော့တွက် ထားမိကြောင်း၊ သူ သဘော ပေါက်လိုက်သည်။ သည်လက်သီးကို ပေါ့ပေါ့ တန်တန် မမှတ် ယူလိုခြေ။
ရှင်းယန် ကမူ ထိတ်လန့်ပုံ မပေါ် ခဲ့ဘဲ၊ ပြုံးလျက် ရပ်ကြည့် နေခဲ့သည်။
နဂါး မီးလျှံ သစ်သီးကို သန့်စင် ပြီးနောက်၊ လင်းယွန်၏ မူလ စွမ်းအင် သိပ်သည်း ဆကို သူမ မအံ့သြ မိပေ။
လင်းယွန်၏ မူလ စွမ်းအင်မှာ၊ သတ္တမ အဆင့်သို့၊ ရောက်ရှိ နေပြီဟု၊ ခန့်မှန်း နိုင်သည်။
သူ၏ ကျင့်ကြံ နည်းစနစ် သည်သာ နဂါး မီးလျှံ သစ်သီးကို အပြည့် အဝ သန့်စင်ပြီး ပါက၊ နက်နဲ အဋ္ဌမ အဆင့်ရှိ တန်တုံ ပင်လျှင်၊ ဖိနှိပ် နိုင်တော့မည် မဟုတ်ပေ။
နဂါး မီးလျှံ သစ်သီး နှင့် ထောင်ပေါင်း များစွာသော ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တို့ကို သန့်စင် ပြီးနောက်၊ လင်းယွန်အား ယုံကြည်ချက်များ မြင့်တက် လာစေသည်။
တစ်ဖက်တွင် ရှင်းဂျူက လင်းယွန်ကို ကြည့်ကာ၊ အတွေးနက် သွားခဲ့၏။ တစ်ခုခုကို မှန်းဆ နိုင် သော်လည်း၊ လင်းယွန်ကို သူထုတ် မမေး ခဲ့ပေ။
ထိတ်လန့်ခြင်းနှင့် ပတ်သက် ၍မူ လျိုဖန်းမှာ၊ အလွန် တုန်လှုပ်သွား ခဲ့သည်။ လင်းယွန်၏ ခွန်အားကို အခြား သူများ သိရှိ နိုင်စေ ရန်သာ စမ်းသပ်ခြင်း ဖြစ်သည်။
လင်းယွန်၏ လက်သီးမှာ၊ နက်နဲ သိုင်းနယ်ပယ် ဆဋ္ဌမ အဆင့် ကိုပင်၊ ကျော်တက် သွားလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားမိပေ။
" အဆင်ပြေ ပါတယ်။ "
လျိုဖန်က ပြုံးလိုက်သည်။ မျက်နှာ ပေါ်တွင် အေးဆေး တည်ငြိမ် နေပုံ ရသော်လည်း၊ စိတ်အတွင်း၌ ရွှင်မြူး သွား၏။
လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။ လျိုဖန်း၏ စမ်းသပ် မှုကို အောင်မြင်သော လင်းယွန်ကို ကြည့်ကာ၊ ရှင်းဂျူက ပြုံးလိုက်ပြီး၊
“ ဒါက လုံလောက်တဲ့ လက်သီး ချက်ပဲ၊ ပွဲတော်မှာ မင်း တောက်ပ လာနိုင် မယ်လို့၊ ငါ ယုံကြည်တယ်။ "
" သိုင်းခန်းမမှာ လရောင် ရေစင် ဓားကို၊ ရွေးခဲ့တာ ငါကြားတယ်။"
လျိုဖန်းက ဆိုသည်။
" ဟုတ်ပါတယ်၊ ဒီဓား နည်းစနစ် ကိုလည်း၊ အောင်မြင် ခဲ့ပါတယ်။ ''
လင်းယွန်က ခေါင်းညိတ် ပြန်ဖြေ လိုက်သည်။
သူ့ အဖြေကြောင့် ရပ်ကြည့် နေမိ သူတိုင်းက၊ ရယ်မော လိုသော အပြုံးများ၊ ထုတ်ဖော် လာကြသည်။
လရောင် ရေစင် ဓားသည်၊ တိုက်ပွဲ အတွင်း အဟုန် အတက် အကျ များကြောင့်၊ ဓားနန်းတော်၌ လူသိ များသည်။
၎င်းတွင် အရန် အင်အား မျှသာ၊ ရရှိ နိုင်သော၊ အထွတ် အထိပ် 'ဝိညာဉ် အဆင့်' ဓားရေး တစ်ရပ် ဖြစ်သည်။ အဆင့်မြင့် ဝိညာဉ် အဆင့် နည်းစနစ် များထက်ပင် အားနည်း၏။
“ ငါတို့ ဒီပွဲ ပြီးသွားရင် နောက်တစ်ခု သွားရွေး လိုက်ပါ၊ လရောင် ရေစင် ဓားက၊ ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူး၊ တန်တုံ ကိုပဲ ကြည့်။ ”
လျိုဖန်းက ခေါင်းယမ်းကာ ဆို လိုက်သည်။ လင်းယွန်၏ စကားကို သူ မယုံနိုင်။
ဥပမာပြ ခံရသော တန်တုံက ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးပြ လိုက်သည်။
လင်းယွန်က 'လရောင် ရေစင် ဓား' အပေါ်၊ ကျွမ်းကျင် မှုကို ပြသ လိုသော်လည်း၊ လျိုဖန်းကို ကြည့်ပြီးနောက်၊ ၎င်းကို စွန့်လွှတ် ခဲ့သည်။
သူက အလျင်လို စရာ မရှိပေ၊ အနှေးနှင့် အမြန် ဆိုသလို၊ လျိုဖန်း တွေ့လာ ရပေ လိမ့်မည်။
လရောင် ရေစင် ဓားကို၊ အဆင့်မြင့် ကျွမ်းကျင်မှု အထိ၊ ရရှိ နေပြီ ဖြစ်ပြီး၊ ၎င်းကို ပြောင်းလဲရန် နည်းလမ်း မရှိနိုင်။
" သွားကြ ရအောင်။ "
အားလုံးက မြင်းပေါ် ခုန်တက် လိုက်ကြကာ၊ အားကျ နေသော အကြည့်များ အောက်၌ပင်၊ မြို့တော်သို့ ဦးတည် လိုက်ကြသည်။
လျိုဖန်းနှင့် ရှင်းဂျူတို့က ရှေ့ဆုံးမှ ဦးဆောင် ခဲ့ပြီး၊ လင်းယွန်က တန်တုံ နှင့်အတူ၊ နောက်မှ လိုက်ပါ လာခဲ့သည်။
" လင်းယွန်၊ ငါ မင်းကို မိတ်ဆက် ပေးမယ်၊ သူက စီနီယာ အစ်ကို ဝမ်ဇင်၊ မြေကြီး အဆင့် (၉)၊ ဒီဘက်က အဋ္ဌမ အဆင့်၊ စီနီယာ အစ်ကို ရန်ဒင်ပဲ။ ''
ထိပ်တန်း အဆင့်၊ အထက် တန်းစား များမှာ၊ ရိုးရှင်းသော အသွင် အပြင် ကိုသာ၊ ပြသ ထားသည် ကြောင့်၊ လင်းယွန်က အံ့သြ သွားသည်။
ဝမ်ဇင်က လင်းယွန်၏ မျက်နှာ ပေါ်ရှိ၊ အမူ အရာကို မြင်သော အခါ၊ အံသွားခြင်း မရှိ ခဲ့ပေ။
“ ဒါက ပုံမှန် ပါပဲ၊ မြေကြီး အဆင့် တပည့် တွေရဲ့၊ အတွေ့ အကြုံက ပြင်ပ တပည့်တွေ ရနိုင်တဲ့ အရာ မဟုတ် ပါဘူး၊ ငါတို့လို လူတွေရဲ့ အမြင်က၊ ဂိုဏ်းကို ကျော်လွန်ပြီး၊ မဟာချင် အင်ပါယာမှာ၊ ပန်းတိုင်တွေ ချမှတ် လာကြ လိမ့်မယ်။ ''
ဝမ်ဇင်၏ စကား များမှာ အဓိပ္ပါယ် ရှိပေသည်။ ပြင်ပ တပည့် များက အလွန် အားနည်း ကြပြီး၊ သေမျိူး အဆင့် ပေါ်တွင်သာ၊ သဘာဝ အတိုင်း အာရုံစိုက် ထားကြသည်။
အခြား တစ်ဖက်တွင်၊ ဂိုဏ်း၏ အတွင်း တပည့် များက၊ အားကောင်း လာပြီး၊ အတွေ့ အကြုံများ ပိုမို ရရှိခဲ့ ကြသည်။
သူတို့ မျက်လုံးများ ထဲတွင် ချင် အင်ပါယာ ကြီးသာ ရှိပေ တော့သည်။ ထိုအယူ အဆကို လင်းယွန်က လက်မခံ နိုင်စရာ မရှိခြေ။
ရှင်းဂျူက မွေးနေ့ပွဲ အတွက်၊ ဝမ်ဇင်တို့ နှစ်ယောက်ကို ရွေးချယ်ခဲ့ သည်မှာ၊ အကြောင်း ပြချက် တစ်ရပ် ရှိရ ပေမည်။
တန်တုံ က လင်းယွန်ကို ကြည့်ပြီး ပြုံးလိုက်ကာ၊
" လူတိုင်းရဲ့ အာရုံစိုက် မှုက၊ မဟာချင် အင်ပါယာ ကြီးရဲ့၊ အဆင့် သတ်မှတ် ချက်ပဲ။ "
" ဂျူနီယာလင်း၊ မဟာချင် အင်ပါယာရဲ့ အလွှာ လေးလွှာ အကြောင်း၊ မင်းသိလား။ "
" အင်း အားလုံး သိထား ပါတယ်။ "
ဘိုင်ချူးဟွေက မဟာချင် အင်ပါယာရှိ အထက်တန်း လွှာများ အပေါ်၊ အဆင့် သတ်မှတ်ပုံ အကြောင်း၊ အတိုချုံး ပြောပြ ခဲ့ဖူးသည်။
ပထမ အလွှာတွင် သဘာဝ အားဖြင့်၊ ပါရမီရှင် ရှစ်ပါး ရှိပြီး၊ ၎င်းတို့သည် လူတိုင်း၏ စံပြများ ဖြစ်လေသည်။
ဒုတိယ အလွှာတွင် ဂိုဏ်း ပေါင်းစုံမှ၊ အမာခံ တပည့် များကို ကိုယ်စား ပြုသည်။ သူတို့ ထဲရှိ အများ စုမှာ၊ နက်နဲ နယ်မြေ နဝမမြောက် အဆင့်၌ ရှိနေကြ ပေ၏။
လူ အများ၏ အမြင်တွင်၊ ဒုတိယ အလွှာသည် ပါရမီရှင် ရှစ်ပါးနှင့်၊ အနီးစပ်ဆုံး အင်အားကို ပိုင်ဆိုင်ထား နိုင်ပြီး၊ နဂါး တံခါး ပြိုင်ပွဲ၌ ပါရမီရှင် ရှစ်ပါးအား၊ ဖြတ်ကျော်ရန် အခွင့် အရေး တစ်ရပ် ရှိနေ ပေသည်။
တတိယ အလွှာ၌ မဟာချင် အင်ပါယာ၏ နက်နဲ သတ္တမ အဆင့် ကျင့်ကြံ သူများ ဖြစ်သည်။
ဝမ်ဇင်က အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊
“ ဂျူနီယာ လင်းသာ၊ လရောင် ရေစင် ဓားကို မရွေးချယ် ခဲ့ဖူး ဆိုရင်၊ အခု အချိန်မှာ တတိယ အဆင့် အတွက်၊ အရည် အချင်း ပြည့်မီ နိုင်ပါတယ်။ ''
" ဒါတော့ မှန်တယ်၊ ဂျူနီယာ လင်းရဲ့ မူလ စွမ်းအင်က၊ သတ္တမ အဆင့် တစ်စုံ တစ်ယောက်ထက်၊ အားနည်းတာ မဟုတ်ဘူး၊ အခြား ဓား နည်းစနစ် တစ်ခုခု ကိုသာ ရွေးချယ် ထားရင်၊ တတိယ အလွှာထဲ ဝင်ရောက် နိုင်ပြီ။ "
ရန်ဒင်းက ခေါင်းညိတ်ကာ ထောက်ခံ လိုက်သည်။
မဟာချင် အင်ပါယာ တစ်လျှောက်တွင်၊ နက်နဲ နယ်ပယ်၏ သတ္တမ အဆင့်သို့၊ ရောက်ရှိ နိုင်သူ သုံးထောင် ခန့်သာ ရှိသည်။
ထိုသုံးထောင် အနက် တတိယ အလွှာ အတွက်၊ အရည် အချင်း ပြည့်မီသူ တစ်ရာခန့်သာ ရှိ၏။
လင်းယွန်၏ ကျင့်ကြံမှု အဆင့် အရ၊ တတိယ အလွှာ အတွင်း၊ ဝင်ရောက်နိုင် မည်ဟု ဆိုခြင်းသည်၊ မြင့်မားသော အကဲ ဖြတ်မှု တစ်ခု ပေပင်။
သူက အပြုံး ဖြင့်သာ တုန့်ပြန် လိုက်၏။ နောက်ထပ် ဓားနည်းစနစ် တစ်ရပ်ကို ရွေးချယ် ခဲ့လျှင်ပင်၊ တတိယ အလွှာ ၌သာ ရှိနေပေ ဦးမည်။
ထို့ကြောင့် တတိယ အလွှာတွင် ပါရှိသော၊ သူများ၏ ခွန်အားကို စူးစမ်း လိုစိတ်များ ဖြစ်လာ ခဲ့သည်။
"တတိယ အလွှာရဲ့ အသန်မာဆုံး သူတွေ အကြောင်း ပြောပြ လို့ရ မလား။ ''
လင်းယွန်က မေး လိုက်သည်။ ဤသည်မှာ ဂိုဏ်း အသီးသီး၏ ပါရမီ ရှင်များ အကြောင်းကို၊ လေ့လာရန် အခွင့် အရေး တစ်ရပ်လည်း ဖြစ်သည်။
“ တတိယ အလွှာမှာ၊ နာမည် ဆိုးနဲ့ ကျော်ကြားတဲ့သူ လေးယောက် ရှိတယ်၊ သူတို့က လနတ်ဆိုး ဗိမ္မာန်က ဖန်ဟိုယု၊ ရှေးဟောင်း တာအို ဂိုဏ်းက ယုဝမ်ဘိုနဲ့၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက ဝမ်ဟန် တို့ပဲ၊ ပြီးတော့… ”
တန်တုံက သူ့ စကားကို ဖြတ်ကာ၊ နတ်ဆိုး သားရဲ မြင်းပေါ်ရှိ၊ ညို့အား ပြင်းသော ရှင်းယန်ကို ကြည့်ကာ ပြုံးလိုက်သည်။
( ဒါဆို အစ်မ ရှင်းယန်လား။ )
လင်းယွန်က တိတ်ဆိတ် သွားသည်။ ဤမျှမြင့်မားသော အဆင့်၌၊ ရှင်းယန်က ရပ်တည် ထားနိုင် လိမ့်မည်ဟု သူ မမျှော်လင့် ထားပေ။
ဝမ်ဇင် ၏ မျက်လုံး များတွင် ကြောက်ရွံ့မှု များ ဖြစ်ပေါ် လာသည်။ သူက၊
“ တတိယ အလွှာမှာ လူသစ်တွေ အများကြီး ရှိတယ်၊ ပြီးတော့ တစ်ယောက် ယောက်က၊ စီနီယာ အစ်မ ရှင်းယန်ရဲ့၊ နေရာ အတွက် စိန်ခေါ်ဖို့ ကြိုးစား လိမ့်မယ်၊ ဒါကြောင့် အစ်ကိုကြီး ရှင်းဂျူက စိတ်ပူလို့ လိုက်လာ တာပဲ။ ”
" ဟုတ်တယ် တတိယ အလွှာရဲ့ 'သခင် လေးပါး' အကြောင်း၊ လူတိုင်း ကြားသိ ထားတော့၊ သူတို့ကို သေချာပေါက် အာရုံ စိုက် လာကြ လိမ့်မယ်။ "
ရန်ဒင်း၏ အမူ အရာမှာ ဆိုးရွား သွားသည်။ ပထမ အလွှာနှင့် ဒုတိယ အလွှာမှာ၊ ခွန်အားအရ၊ သိပ်မကွာ ခြားပေ။
ရှင်းဂျူလို တစ်စုံ တစ်ယောက်သည် နဂါးတံခါး ပြိုင်ပွဲတွင်၊ နောက် တဆင့်သို့ တက်လှမ်း နိုင်မည်။
ထို့ကြောင့် မွေးနေ့ပွဲ ကဲ့သို့၊ တွေ့ဆုံပွဲ မျိုးမှာ၊ ပထမ အလွှာနှင့် ဒုတိယ အလွှာရှိ၊ အထက် တန်းစား များကို၊ ဆွဲဆောင် နိုင်ခြင်း မရှိပေ။
စင်မြင့်ပေါ် တက်ရောက်လို သူများမှာ၊ တတိယ အလွှာရှိ အထက် တန်းစား များသာ ဖြစ်သည်။
“ စီနီယာ အစ်မ အတွက် ဒုက္ခ ဖြစ်စေတဲ့ နေရာ တစ်ခု လိုပါပဲ။ ”
ဟု လင်းယွန်က မှတ်ချက် ပေးလိုက်၏။ တန်တုံက လင်းယွန်၏ ပခုံးကို ပုတ်ကာ၊
“ ညီလေး၊ မင်း ကိုယ့်ကို ကိုယ်ပဲ ဂရု စိုက်ပါ၊ မကြာ သေးခင် ကမှ၊ မင်းက မီးမောင်း ထိုးပြ ခံခဲ့ ရတယ် မဟုတ်လား၊ ဓားနန်းတော်မှာ မင်းလို အစွမ်း ထက်တဲ့ သူတစ်ယောက် ရှိနေတယ် ဆိုတာ လူတိုင်း သိထား ပါတယ်။ "
သူတို့ အမြင်၌ လင်းယွန်၏ ဒုက္ခမှာ ရှင်းယန်ထက် ပိုပေမည်။ ရှင်းယန်ကို ကူညီရန် သူတို့ သုံးယောက် ရှိသည်။
ဆန့်ကျင်ဘက် အနေဖြင့်၊ အဋ္ဌမ အဆင့်ရှိ၊ စီနီယာ အစ်ကို များ၏ အကူ အညီအား၊ လင်းယွန်က တောင်းခံရန် နည်းလမ်း မရှိ နိုင်ပေ။
မွေးနေ့ ပွဲမှာ မငြိမ်းချမ်း နိုင်ဟု၊ သူတို့ ခံစား လိုက်မိသည်။
***